နှစ်သိမ့်မှုပေးသော ဘုရားသခင်၏ကတိတော်
လွန်ခဲ့သည့်နှစ်များက ကျွန်မတို့မိသားစုသည် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်လေးခု ဆက်နေသော တစ်ခုတည်းသော နေရာဖြစ်သည့် Four Corners (ထောင့်စွန်းလေးခု) သို့ သွားရောက်လည်ပတ်ခဲ့သည်။ ကျွန်မခင်ပွန်းက အာရီဇိုးနားပြည်နယ် အမှတ်အသား ပြုထားသည့်နေရာတွင် ရပ်နေပြီး၊ ကျွန်မ၏အကြီးဆုံးသား အေဂျေ က အူထာပြည်နယ်တွင်းသို့ ခုန်ဝင်လိုက်သည်။ အငယ်ဆုံးသား ဇေဗီယာ က ကျွန်မ၏လက်ကို ဆုပ်ကိုင်ကာ ကော်လိုရာဒိုပြည်နယ်၌ ခြေချစဥ် ကျွန်မက နယူးမက်ဆီကိုပြည်နယ်ဘက်သို့ ပြေးသွားသောအခါ ဇေဗီယာက “အမေ၊ ကျွန်တော်ကို ကော်လိုရာဒိုမှာ ထားခဲ့တာ မယုံနိုင်ဘူး” ဟုပြောသဖြင့် ကျွန်မတို့အတူရှိနေရင်းမှ ကွဲကွာနေသည့်အဖြစ်ကြောင့် ကျွန်မတို့၏ရယ်သံများကို မတူညီသောပြည်နယ်လေးခုမှနေ၍ ကြားနေရသည်။ ယခုတွင် အရွယ်ရောက်လာသော သားများက အိမ်မှထွက်ခွာသောအခါ သူ၏လူများ ‘အားလုံး’ ဘယ်နေရာသွားသွား အနီးတွင်ရှိနေမည့် ဘုရားသခင်၏ကတိတော်ကို ကျွန်မ ပို၍တန်ဖိုးထားမြတ်နိုးမိပါသည်။
မောရှေသေဆုံးပြီးနောက် ဘုရားသခင်သည် ယောရှုအား ဦးဆောင်ဦးရွက်ပြုရန်စေစားပြီး၊ က္ကသရေလနယ်မြေ…
အမှောင်ရိပ်နှင့် ဘုရားသခင်၏အလင်းတော်
အီလိန်း ၌ ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိသောအခါ သိပ်မကြာမီ သခင်ယေရှုနှင့်သူမအတူရှိရမည့်အချိန် ရောက်လာတော့မည်ဟု သူမနှင့် ခင်ပွန်း ချက်ခ် တို့ သိရှိခဲ့သည်။ (၅၄) နှစ်တာ သူတို့အတူရှိသည့်ကာလအတွင်း အနက်ရှိုင်းဆုံးနှင့် အခက်ခဲဆုံးချိုင့်ဝှမ်းကို ဖြတ်သန်းခဲ့ကြစဥ် သူတို့နှင့်အတူ ဘုရားရှင်အတူရှိမည်ဟူသည့် ဆာလံ ၂၃ ၏ကတိတော်ကို သူတို့နှစ်ဦးစလုံး တန်ဖိုးထားကိုင်စွဲခဲ့သည်။ အီလိန်း သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် သခင်ယေရှုကိုယုံကြည်ခဲ့ပြီဖြစ်၍ အီလိန်းသည် သခင်ယေရှုနှင့် တွေ့ဆုံရန် အသင့်ဖြစ်နေပြီဟူသောအချက်၌ သူတို့အားယူမျှော်လင့်ခဲ့ကြသည်။
သူ့ဇနီး၏ အောက်မေ့ဖွယ်ဝတ်ပြုစည်းဝေးတွင် ချက်ခ် က သူသည် “သေမင်း၏ အရိပ်လွှမ်းမိုးသောချိုင့်ထဲ၌” ခရီးဆက်နေရဆဲဖြစ်ကြောင်း ဝေမျှပြောခဲ့သည် (ဆာ ၂၃:၄)။ သူ့ဇနီးသည်က ကောင်းကင်ဘုံတွင် အသက်တာစတင်နေပြီဖြစ်သည်။ သို့ရာတွင် “သေမင်း၏အရိပ်”သည် အီလိန်း ကို အလွန်ချစ်သော ချက်ခ် နှင့်အတူ၊ အခြားသူများနှင့်အတူ ရှိနေဆဲဖြစ်သည်။
အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ ကျွန်မတို့လျှောက်သွားရစဥ်…
သခင်ယေရှုထံသို့ အပ်နှံခြင်း
၁၉၅၁ တွင် Joseph Stalin (ဂျိုးဇက်စတာလင်)၏ ဆရာဝန်က သူ၏ကျန်းမာရေးအခြေအနေကို ထိန်းရန်အတွက် သူ၏အလုပ်တာဝန်များကို လျှော့ချရန် အကြံပေး ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု၏အာဏာရှင်က ဆရာဝန်ကို သူလျှိုလုပ်သည်ဟုစွပ်စွဲပြီး သူ့အား ဖမ်းဆီးစေခဲ့သည်။ အလိမ်အညာမုသာများဖြင့် လူများစွာကို ဖိနှိပ်ခဲ့သော အာဏာရှင်သည် အမှန်တရားကိုလက်မခံနိုင်ဘဲ အကြိမ်ပေါင်းများစွာ သူပြုခဲ့သည့်အတိုင်း အဖြစ်မှန်ကို ပြောပြခဲ့သူအား ဖယ်ရှားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ အမှန်တရားက အောင်နိုင်ခဲ့သည်။ ၁၉၅၃ တွင် စတာလင် ကွယ်လွန်ခဲ့သည်။
ပရောဖက်ယေရမိသည် သူ၏ကြောက်မက်ဖွယ်ကောင်းသော ဟောကိန်းကြောင့် ဖမ်းဆီးခံရပြီး သံကြိုးဖြင့် ချည်နှောင်ခြင်းခံရသည် (ယေ ၃၈:၁-၆၊ ၄၀:၁)၊ ယေရုရှလင်မြို့မည်သို့ဖြစ်မည်ကို ယုဒရှင်ဘုရင်အား သူအတိအကျ ပြောပြခဲ့သည်။ “အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင်တော်မူပါ” ဟု ဇေဒကိမင်းအား ပြောခဲ့သည် (၃၈:၂၀)။ မြို့ကို ဝိုင်းထားသည့်စစ်တပ်ထံ လက်နက်မချခြင်းက အခြေအနေကို ပို၍ဆိုးရွားသွားစေမည်သာဖြစ်သည်။ “ကိုယ်တော်၏…
စေတနာစိတ်ထားခြင်း
အကောင်းဆုံး စီးပွားရေးအလေ့အထဟု ကျွန်ုပ်တို့စဥ်းစားရာတွင် ကြင်နာမှုနှင့် ရက်ရောမှုကဲ့သို့သော အရည်အချင်းများမှာ အရင်ဆုံး စိတ်ထဲပေါ်လာသော အရာများ မဟုတ်ပေ။ သို့သော် လုပ်ငန်းရှင် James Rhee (ဂျိမ်းစ်ရီး)၏ အဆိုအရမူ ထိုအရာများ ပါဝင်သင့်သည်။ ငွေကြေး အကျပ်အတည်းဆိုက်နေသည့် ကုမ္ပဏီတစ်ခု၏ အမြင့်ဆုံးသောအရာရှိ CEO အဖြစ် ရီး ၏ အတွေ့အကြုံအရ သူသည် “စေတနာ” ဟု ခေါ်သော “ကြင်နာမှု”နှင့် ပေးကမ်းခြင်းစိတ်ဓာတ်ကို
ဦးစားပေးကာ ကုမ္ပဏီကို ကယ်တင်ခဲ့ပြီး ကြီးပွားတိုးတက်စေခဲ့သည်။ ဤအရည်အချင်းများကို ဗဟိုပြုခြင်းသည် လူတို့အား စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ပြဿနာဖြေရှင်းရန် လိုအပ်သော မျှော်လင့်ချက်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုကို ပေးစွမ်းသည်။ ရီး က “စေတနာသည် ပေါင်းစည်း၍ ချဲ့ထွင်နိုင်သည့် စစ်မှန်သော အဖိုးတန် အရည်အချင်းတစ်ခုဖြစ်သည်”ဟု ရှင်းပြသည်။
နေ့စဥ်ဘဝတွင်လည်း အခြားဦးစားပေးအရာများ၏နောက်မှ စဥ်းစားမိသည့် ကြင်နာမှု…
အားလုံးအတွက် ဘုရားသခင်၏နှလုံးသား
အသက်ကိုးနှစ်အရွယ် Dan Gill (ဒန်ဂေးလ်) သည် သူ၏အချစ်ဆုံးသူငယ်ချင်း အာရ်ချီ နှင့်အတူ သူတို့အတန်းဖော်၏ မွေးနေ့ပွဲသို့ ရောက်လာခဲ့သည်။ သို့သော် မွေးနေ့ရှင်ကောင်လေး၏မိခင်က အာရ်ချီကိုတွေ့သောအခါ ဝင်ခွင့် မပေးခဲ့ပေ။ “ထိုင်ခုံမလောက်ဘူး” ဟု သူမပြောခဲ့သည်။ လူမည်းဖြစ်သော သူ့သူငယ်ချင်း နေရာရရန်အတွက် ဒန်က သူကြမ်းပြင်၌ ထိုင်မည်ဟု အတန်တန်ဆိုသော်လည်း သူမကငြင်းခဲ့သည်။ စိတ်မချမ်းမြေ့ဖြစ်သော ဒန်သည် သူတို့၏လက်ဆောင်များကို သူမအား ပေးခဲ့ပြီး အာရ်ချီနှင့်အတူအိမ်သို့ပြန်ခဲ့သည်။ သူ့သူငယ်ချင်း ငြင်းပယ်ခံရခြင်း၏နာကျင်မှုသည် သူ၏နှလုံးသားကို လောင်မြိုက်စေသည်။
ဆယ်စုနှစ်များကြာပြီးနောက် ယခုတွင် ဒန်သည် ကျောင်းဆရာတစ်ဦးဖြစ်လာပြီး သူ၏စာသင်ခန်းတွင် ကုလားထိုင်အလွတ်တစ်လုံးကို ထားရှိသည်။ ကျောင်းသားများက ဘာကြောင့်လဲဟု မေးသောအခါ ဒန်က “စာသင်ခန်းထဲတွင် မည်သူအတွက်မဆို အမြဲနေရာလွတ် ထားရှိပေးရန်” သူအတွက် သတိပေးချက်ဖြစ်ကြောင်း ရှင်းပြသည်။
ယေရှု၏ကြိုဆိုခြင်းအသက်တာတွင် လူတိုင်းအတွက်နှလုံးသားကို တွေ့မြင် နိုင်သည်။ “ဝန်လေး၍…
ဘုရားသခင်ကို ယုံကြည်ခြင်း
ဆေးဝါးနှစ်ခုကို ကျွန်မ အရေးတကြီး လိုအပ်ခဲ့သည်။ တစ်ခုက အမေ၏ ဓာတ်မတည့်မှုအတွက်ဖြစ်ပြီး၊ နောက်တစ်ခုက တူမလေး၏နှင်းခူနာအတွက်ဖြစ်သည်။ သူတို့၏ မသက်မသာဖြစ်မှုက ပိုဆိုးလာပြီး ဆေးဆိုင်တွင်လည်း ထိုဆေးဝါးများ ပြတ်နေခဲ့သည်။ စိုးရိမ်ပြီး ကူကယ်ရာမဲ့စွာနှင့် “အရှင်ဘုရား၊ သူတို့ကို ကယ်မတော်မူပါ” ဟု ကျွန်မ ထပ်ခါထပ်ခါဆုတောင်းနေခဲ့မိသည်။
ရက်ပေါင်းများစွာကြာပြီးနောက် သူတို့၏အခြေအနေများသည် ထိန်းချုပ်နိုင်သည့်အနေအထားသို့ ရောက်လာသည်။ “ဆေးဝါးတွေကို အသုံးပြုပြီး ငါကုသပေးနေတဲ့ အချိန်တွေရှိတယ်။ ဒါပေမဲ့ ဆေးဝါးက နောက်ဆုံးအဖြေ မဟုတ်ဘူး။ ရလဒ်ကိုပေးတာ ငါပဲ။ ဆေးဝါးကိုပဲ အားကိုးမနေနဲ့။ ငါ့ကိုပဲ ယုံကြည်ပါ” ဟု ဘုရားရှင် ကျွန်မကို ပြောနေသယောင်ပင်။
ဆာလံ ၂၀ တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်အပေါ်ယုံကြည်ကိုးစားနိုင်မှုမှ နှစ်သိမ့်သက်သာမှုကို ရယူခဲ့သည်။ ဣသရေလလူမျိုးတွင် ခွန်အားကြီး သောစစ်တပ်ရှိသော်လည်း သူတို့၏အကြီးမားဆုံးသောခွန်အားသည် “ထာဝရ ဘုရား၏နာမတော်” မှလာကြောင်း သူတို့သိသည်…
တီးတိုးလေသံမျှသာ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Grand Central ဘူတာရုံရှိ တီးတိုးနံရံ (whispering wall)သည် ဆူညံသည့် ထိုဧရိယာ၏ အသံအိုအေစစ်ဖြစ်သည်။ ထူးခြားသည့်ထိုနေရာသည် လူတစ်ဦးနှင့်တစ်ဦး ပေ (၃၀) အကွာမှပင် အသံတိုးတိုးဖြင့် ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးသည်။ ကျောက်ဖျာဝင်ပေါက်၌ ရပ်ပြီး နံရံ၌ နူးညံ့စွာစကားပြောလိုက်လျှင် ခုံးနေသည့်ကျောက်တုံးမှတစ်ဆင့် အသံလှိုင်းများသည် အခြားတစ်ဘက်ရှိ နားထောင်နေသူထံ ရောက်သွားသည်။
ယောဘ၏ဘဝ၌ အရာအားလုံးနီးပါး ဆုံးရှုံးခဲ့ရသည့်အဖြစ်ဆိုး ဆူညံသံတို့ဖြင့် ပြည့်နေချိန် သူသည် တိုးညင်းသော သတင်းစကားကို ကြားခဲ့သည် (ယောဘ ၁:၁၃-၁၉၊ ၂:၇)။ သူ့မိတ်ဆွေများက သူတို့၏အမြင်များကို ဇွတ်တရွတ်ပြောကြသည်။ ယောဘ၏ကိုယ်ပိုင်အတွေးများ အတိုင်းအဆမဲ့ပြိုလဲကုန်သည်။ သူ၏ဘဝကဏ္ဍတိုင်း၌ ဒုက္ခပြဿနာများဝင်ရောက်လာသည်။ သို့သော် သဘာဝတရားကြီးက ဘုရားသခင်၏ အံ့ဖွယ်တန်ခိုးတော်အကြောင်း သူ့အား တီးတိုးပြောဆိုခဲ့သည်။
ကောင်းကင်၏ထည်ဝါမှု၊ အာကာသတွင် ချိတ်ဆွဲခံထားရသည့် ကမ္ဘာဂြိုဟ်၏ဆန်းကြယ်မှု၊ မိုးကုတ်စက်ဝိုင်း၏တည်ငြိမ်မှုတို့က ကမ္ဘာကြီးသည် ဘုရားသခင်၏လက်ထဲတွင်ရှိကြောင်း…
ကရုဏာအရာ၌ကျွမ်းကျင်မှု
“ဆူးတစ်ချောင်း ခြေမှာ နှစ်ဝင်သွား၍၊ ညတိုင်း ငိုနေရပါ၏။ ဤကမ္ဘာမြေမှာ လူအချို့သာ ဆူးကို ထုတ်နိုင်၏။ ဆူးထုတ်ကျွမ်းသည့်စွမ်းရည်ကို (ဘုရားရှင်ထံမှ) သင်ယူကြ၏” ဟု အီတလီနိုင်ငံ၊ စီနန်မြို့မှ သူတော်စင် ကက်သရင်း (Catherine of Siena) က ၁၄ ရာစုတွင် ရေးသားခဲ့သည်။ ထိုကဲ့သို့သောကျွမ်းကျင်မှုမျိုးကိုရရှိရန် ကက်သရင်း သည် သူမ၏ဘဝတစ်လျှောက်လုံး လေ့ကျင့်ပျိုးထောင်ခဲ့ရပြီး၊ နာကျင်မှုခံစားနေရသူများအပေါ် သူမ၏ကိုယ်ချင်းစာတရားနှင့် ကရုဏာတရားတို့ကြောင့် သူမကို ယနေ့တိုင် လူတို့အမှတ်ရဆဲဖြစ်သည်။
ထိုနက်ရှိုင်းစွာ နစ်ဝင်နေသည့်ဆူးပုံရိပ်က ၎င်းကို ဖယ်ထုတ်ရန် နူးညံ့မှုနှင့်ကျွမ်းကျင်မှုတို့ လိုအပ်ကြောင်း ကျွန်မအသိ၌ စွဲကပ်နေသည်။ ထိုပုံရိပ်က ကျွန်မတို့ မည်မျှရှုပ်ထွေးပြီး ကျိုးပဲ့နေကြောင်းနှင့်၊ မိမိကိုယ်တိုင်နှင့် အခြားသူများအတွက် စစ်မှန်သောကရုဏာကို ပျိုးထောင်ရန် နက်ရှိုင်းစွာ တူးထုတ်ရန်လိုကြောင်း သတိပေးချက်ဖြစ်သည်။
သို့မဟုတ် တမန်တော်ရှင်ပေါလု ပြောသကဲ့သို့ပင် သခင်ယေရှုလို အခြားသူများကိုချစ်ရန် ကောင်းသောစေတနာစိတ်ဆန္ဒတို့ထက်…
ဘုရားအတွက်အစေခံခြင်း
အင်္ဂလန်ပြည် ရှင်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်သွားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စျာပနအခမ်းအနား၌ ခြေလျင်ချီတက်ရန် ထောင်ပေါင်းများစွာသော စစ်သားများ တာဝန်ပေးအပ်ခံရသည်။ သူတို့တစ်ဦးချင်းစီ၏ ကဏ္ဍသည် ကြီးမားသည့်လူအုပ်တွင် သတိပြုမိစရာ မဖြစ်သော်လည်း အများစုက ထိုအရာကို ဂုဏ်ယူစရာအဖြစ် ခံယူကြသည်။ “ဘုရင်မကြီးအတွက် နောက်ဆုံးတာဝန်ကို ထမ်းရွက်ရမည့်အခွင့်အရေးပဲ” ဟု စစ်သားတစ်ဦးက ပြောကြားခဲ့သည်။ သူ‘လုပ်ရသည့်အရာ’ထက် ‘မည်သူ့အတွက်’ သူလုပ်ပေးရသည် ဆိုသည့်အချက်ကသာ သူ့အလုပ်ကို အရေးကြီးသည့်အလုပ် ဖြစ်စေသည်။
လေဝိလူတို့သည်လည်း တဲတော်တန်ဆာများကို ထိန်းသိမ်းစောင့်ရှောက်ရန် ခန့်အပ်ခံရသည်။ ယဇ်ပုရောဟိတ်များနှင့်ကွဲပြားစွာ ဂေရရှုန်၊ ကောဟတ်နှင့် မေရာရိတို့သည် ပရိဘောဂ၊ မီးတိုင်များ၊ ကုလားကာများ၊ တိုင်များ၊ တဲငုတ်များနှင့် ကြိုးများကို သန့်ရှင်းခြင်းဟူသည့် သာမန်အလုပ်များကို လုပ်ရန် တာဝန်ခန့်အပ်ခံရသည် (တော ၃:၂၅-၂၆၊ ၃၁၊ ၃၆-၃၇)။ သို့သော် သူတို့၏အလုပ်များသည် ဘုရားသခင် အထူးခန့်အပ်သည့်…
ငါဘယ်သူလဲ
ဒေသန္တရသာသနပြုအဖွဲ့အစည်း၏ ဦးဆောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကျွန်မ၏တာဝန်မှာ အခြားသူများကို ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်များအဖြစ် ကျွန်မတို့နှင့် လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်ရခြင်းပင်။ ဖိတ်ခေါ်စာတွင် သတ်မှတ်ထားသည့်အချိန်တွင် ပါဝင်ရန်၊ ၎င်းတို့၏အဖွဲ့ငယ်မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစည်းဝေးခြင်း၊ ဖုန်းခေါ်ဆိုခြင်းများတွင် ခေါင်းဆောင်အနေနှင့် အဖွဲ့ဝင်များကို ပြောဆိုဆက်ဆံရမည့်နည်းလမ်းများကို ဖော်ပြထားသည်။ ခေါင်းဆောင်တစ်ဦးဖြစ်လာရန် သူတို့ပေးဆပ်အနစ်နာခံရမည်ကို သိသည့်အတွက် သူတို့အပေါ်ဖိအားပေးရန် ကျွန်မတွန့်ဆုတ်မိသည်။ သို့သော် တစ်ခါတစ်ရံ သူတို့က “လုပ်ပေးရလို့ ဂုဏ်ယူမိတယ်”ဟု တုံ့ပြန်လာကြ၍ ကျွန်မအံ့ဩမိသည်။ ငြင်းမည်ဆိုလျှင် ငြင်းဆိုရန် အကြောင်းပြချက်များစွာ ပေးနိုင်ပါလျက်နှင့် သူတို့၏ဘဝတွင် ဘုရားသခင် ပြုပေးခဲ့သည့် အရာများအတွက် ပြန်လည်ပေးဆပ်ရန် စိတ်အားထက်သန်ခြင်းဖြင့် ကျေးဇူးတင်မှုကို သူတို့ပြသခဲ့သည်။
ထိုနည်းတူ ဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ရန် အလှူဥစ္စာများကို ရရှိသည့်အခါ ဒါဝိဒ်က “သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင်အောင် အကျွန်ုပ်နှင့်အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း” (၅ ရာ ၂၉:၁၄) ဟု တုံ့ပြန်ခဲ့သည်။…