အမျိုးအစား  |  odb

ဘုရားသခင် စောင့်ဆိုင်းကြိုဆိုနေသည်

မိုင်ယာမီ (Miami) တက္ကသိုလ်၏ အမေရိကန်ဘောလုံး အားကစားသမားအတွက် Deland McCullough (ဒီလန်မက်ခေါလာ)ကို Sherman Smith (ရှားမန်းစမစ်သ်) စည်းရုံးခဲ့ပြီးနောက် ရှားမန်းသည် ဒီလန်အား သားတစ်ဦးကဲ့သို့ ချစ်လာခဲ့ပြီး၊ ဖခင်မရှိသည့် ဒီလန်အတွက် ဖခင်ဖြစ်လာခဲ့သည်။ ဒီလန် ကလည်း ရှားမန်းအား အလွန်လေးစားအားကျခဲ့ပြီး သူ့လိုလူမျိုးဖြစ်လာရန် ရည်မှန်းကြိုးစားခဲ့သည်။ ဆယ်စုနှစ်များကြာခဲ့ပြီးနောက် ဒီလန်သည် သူ၏မွေးမိခင်ကို ရှာဖွေတွေ့ရှိခဲ့ရာ၊ “မင်းအဖေရဲ့နာမည်က ရှားမန်းစမစ်သ် ပဲ” ဟူသည့် မိခင်၏စကားက သူ့ကို အံ့အားသင့်စေခဲ့သည်။ ထို ရှားမန်းစမစ်သ် ပင် ဖြစ်ပါသည်။ နည်းပြ စမစ်သ် က သူ၌ သားတစ်ဦးရှိမှန်းသိလိုက်ရ၍ အလွန်အံ့ဩသွားသလို ဒီလန်ကလည်း ဖခင်အဖြစ် သူသဘောထားသူက အမှန်ပင် သူ့ဖခင်ဖြစ်နေ၍ အလွန်အံ့ဩခဲ့သည်။

နောက်တစ်ခေါက် သူတို့တွေ့သောအခါ ရှားမန်း က ဒီလန်အား ပွေ့ဖက်ကာ “အဖေ့သား” ဟုခေါ်ခဲ့သည်။…

ဘုရားသခင်၏ကယ်တင်ခြင်း

စိတ်စေတနာကောင်းသော လုပ်အားပေးတစ်ဦးသည် သူ၏ကြိုးပမ်းလုပ်ဆောင်မှုများကြောင့် “ကိုယ်စောင့်နတ်သား” ဟု အခေါ်ခံရသည်။ Jake Manna (ဂျိတ်ခ်မန်နာ)သည် လုပ်ငန်းခွင်တစ်ခု၌ ဆိုလာပြားများတပ်ဆင်နေစဉ် (၅) နှစ်အရွယ် ကလေးမလေးတစ်ဦး ပျောက်သွား၍ သူမအား အပူတပြင်းရှာဖွေမှု၌ သူပါဝင်ကူညီခဲ့သည်။ အိမ်နီးချင်းများက ကားဂိုထောင်များနှင့် ခြံနောက်ဖေးမြေကွက်များ၌ ရှာဖွေနေကြစဉ် မန်နာက အနီးအနားရှိ သစ်ပင်ထူထပ်ရာနေရာသို့ ဦးတည်နေသောလမ်းသို့ လျှောက်သွားသည်။ ထိုတောရှိ စိမ့်မြေထဲ၌ ခါးထိအောင်မြှုပ်နေသော ထိုကလေးမလေးကို သူရှာတွေ့ခဲ့သည်။ စေးကပ်သောရွှံ့မြေထဲသို့ သူသတိနှင့် ကူးဖြတ်ကာ သူမကို နွံထဲမှ ဆွဲထုတ်ခဲ့ပြီးနောက် စိုရွှဲနေသော်လည်း ထိခိုက်မှုမရှိသော သူမအား ကျေးဇူးတင်မဆုံးဖြစ်နေသော သူမ၏မိခင်ထံသို့ ပြန်အပ်ခဲ့သည်။

ထိုကလေးမလေးကဲ့သို့ပင် ဒါဝိဒ်လည်း ကယ်တင်ခြင်းခံခဲ့ရသည်။ ဆာလံ ဆရာက ကရုဏာတော်အား သူ၏စိတ်နှလုံးထဲမှ လိုလားစွာ တောင်းလျှောက်ဟစ်ခေါ်သံကို ဘုရားသခင်တုံ့ပြန်ရန် “စေ့စေ့မျှော်လင့်”ခဲ့ပါသည် (ဆာ ၄၀:၁)။ ဘုရားရှင်ကလည်း တုံ့ပြန်တော်မူခဲ့ပါသည်။ ဘုရားရှင်သည်…

သားတော်ဘုရား၏အလင်းကို ထင်ဟပ်စေခြင်း

ကျွန်မအမေနှင့် ပြဿနာဖြစ်ပြီးနောက် အမေသည် ကျွန်မအိမ်မှ (၁) နာရီခန့် သွားရသည့် နေရာ၌ တွေ့ဆုံရန် သဘောတူခဲ့သည်။ သို့သော် ကျွန်မ်ထိုနေရာသို့ ရောက်သောအခါ ကျွန်မ မရောက်မီ အမေပြန်သွားသည်ကို သိလိုက်ရသည်။ ဒေါသတကြီးဖြင့် အမေ့ထံပို့ရန် ကျွန်မ ဖုန်းမက်ဆေ့ဂျ် စာတစောင်ရေးလိုက်သည်။ သို့သော် မေတ္တာဖြင့်တုံ့ပြန်ရန် ဘုရားသခင် ကျွန်မကို လှုံ့ဆော်နေသည်ဟု ခံစားရပြီး စာကို ပြန်ပြင်လိုက်သည်။ ပြန်ပြင်ထားသောစာကို အမေဖတ်ပြီးနောက် ကျွန်မအား ဖုန်းခေါ်၍ “သမီးပြောင်းလဲသွားတယ်” ဟု ဆိုသည်။ ကျွန်မအမေ သခင်ယေရှုအကြောင်း မေးမြန်းလာစေရန်နှင့် နောက်ဆုံးတွင် သခင့်အား သူမ၏ ကယ်တင်ရှင်အဖြစ် လက်ခံလာစေရန် ဘုရားက ကျွန်မ၏စာကို အသုံးပြုခဲ့သည်။

ရှင်မဿဲခရစ်ဝင် ၅ တွင် သခင်ယေရှုက သူ၏တပည့်တော်များသည် ဤလောက၏အလင်းဖြစ်ကြောင်း မိန့်မြွက်လျက် (:၁၄)၊“ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌…

လူတိုင်း ကိုးကွယ်သည်

မကြာမီက ဂရိပြည်၊ အေသင်မြို့သို့ ကျွန်တော် သွားလည်ခဲ့သည်။ ရှေးခေတ် ဒဿန ပညာရှင်များက သွန်သင်မှုပြုပြီး အေသင်မြိုသားတို့ ဝတ်ပြုခဲ့သည့် အဂိုရာ (Agora) အရပ်ရှိ ဈေးနေရာ၌ ကျွန်တော်လျှောက်သွားစဉ် တစ်ချိန်က နတ်ဘုရားမ အသီနာ (Athena) ရုပ်တု ရှိခဲ့ဖူးသည့် အခရိုပိုလစ် (Acropolis) ရဲတိုက်တွင် နတ်သား အပိုလို (Apollo)နှင့် နတ်မင်းကြီးဇု(စ်) (Zeus) တို့အတွက် ယဇ်ပလ္လင်များကို တွေ့ခဲ့သည်။

ယနေ့ခေတ်တွင် အပိုလို သို့မဟုတ် ဇု(စ်) အား ကျွန်တော်တို့ဝတ်မပြုတော့သော်လည်း လူ့အသိုင်းအဝိုင်း၏ ကိုးကွယ်လိုစိတ်က လျော့မသွားပါ။ ဝတ္ထုရေးဆရာ David Foster Wallace (ဒေးဗစ် ဖော်စတာ ဝေါလေ့စ်)က “လူတိုင်းဟာ ကိုးကွယ်ကြတာပါပဲ။ သင်က ‌ငွေနဲ့ရုပ်ပစ္စည်းတွေကို ကိုးကွယ်နေရင် အဲဒါတွေကို အမြဲလိုနေပြီး လုံလောက်တယ်လို့ သင်မခံစားရတော့ဘူး။ ခန္ဓာကိုယ်နဲ့ အလှတရားကို…

သခင်ယေရှုနောက်သို့လိုက်ရန် ထိုက်တန်ပါသည်

ခရစ်ယာန်မဟုတ်သော ဘာသာရေးကိုင်းရှိုင်းသည့်မိသားစုမှ Ronit (ရွန်းနစ်) မွေးဖွားကြီးပြင်းလာခဲ့သည်။ ဝိညာဉ်ရေးရာကိစ္စရပ်များ ဆွေးနွေးကြသည့်အခါ ပျော်ရွှင်မှုမရှိဘဲ ပညာရှင်ဆန်သည်။ “ကျွန်မ ဆုတောင်းစာတွေအကုန် တောက်လျှောက် ရွတ်နေခဲ့ပေမယ့် (ဘုရားသခင်ထံက) အဖြေမရခဲ့ဘူး” ဟု သူမက ဆိုသည်။

သူမသည် သမ္မာကျမ်းစာကို စတင်လေ့လာခဲ့သည်။ ဖြည်းဖြည်းနှင့် မှန်မှန်ဖြင့် သူမသည် သခင်ယေရှုအား ကယ်တင်ရှင်အဖြစ် ယုံကြည်လာခဲ့သည်။ ဆုံးဖြတ်ချက်ချဖြစ်သွားသည့် အခိုက်အတန့်ကို ရွန်းနစ် ပြန်ပြောင်းသတိရလျက် “ ‘မင်း ကြားသိသင့်တာကို အလုံအလောက် ကြားခဲ့ပြီးပြီ၊ မြင်သင့်တာ မြင်ခဲ့ပြီးပြီ၊ အခုက ယုံကြည်လိုက်ဖို့အချိန်ပဲ’ လို့ ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့ အသံတစ်ခုကို ကျွန်မနှလုံးသားက ကြားခဲ့ရတယ်” ဟု ပြောပြသည်။ သို့သော် ပြဿနာတစ်ခုမှာ သူမ၏ဖခင်ဖြစ်သည်။ “ကျွန်မအဖေရဲ့ တုံ့ပြန်မှုက အီတလီက ဗက်ဆူးဗီးယက် (Vesuvius) မီးတောင် ပေါက်ကွဲသလိုမျိုးပဲ” ဟု သူမက…

ဘုရား၏အတောင်တော်အရိပ်အောက်၌

ကျွန်မတို့ တိုက်ခန်းအနီးရှိ ရေကန်တွင် ငန်းပေါက်လေးများနှင့် ကနေဒါငန်းမိသားစုများရှိသည်။ ထိုငန်းပေါက်စလေးများသည် စုတ်ဖွားဖွားနှင့် အလွန် ချစ်စရာကောင်းသည်။ ရေကန်တစ်ပတ် လမ်းလျှောက်တိုင်း (သို့) သွားပြေးတိုင်း သူတို့ကို ကျွန်မ မကြည့်မိဘဲ မနေနိုင်ပေ။ သို့သော် မျက်လုံးချင်း မဆုံအောင်နေပြီး ငန်းများကို ရှောင်ရမည်ကို ကျွန်မသင်ယူသိရှိခဲ့သည်။ မဟုတ်ပါက ငန်းအမေကြီးက ကျွန်မကို အန္တရာယ်အမှတ်နှင့် အော်ပြီး လိုက်ထိုးဆိတ်မည်ဖြစ်သည်။

သမ္မာကျမ်းမှ သူ့သားသမီးများအပေါ်ထားသည့် ဘုရား၏နူးညံ့၍ ကာကွယ်ပေးလိုသော ချစ်မေတ္တာကို သူမ၏ကလေးငယ်များအား ကာကွယ်ပေးနေသည့် ငှက်အမေကြီးနှင့် ခိုင်းနှိုင်းထားသည် (ဆာ ၉၁:၄)။ ဆာလံကျမ်း ၆၁ တွင် ဒါဝိဒ်သည်လည်း ထိုကဲ့သို့သော ဘုရား၏ဂရုပြုမှုကို ခံစားရရန် ရုန်းကန်နေခဲ့ရပုံ‌ ပေါ်သည်။ ဘုရားသခင်ကို သူ၏ “ခိုလှုံရာ၊ ခိုင်ခံ့သော ရဲတိုက်” အဖြစ် တွေ့ကြုံခဲ့ရသော်လည်း (:၃) ယခုတွင် သူက “မြေကြီးစွန်းမှ…

စမတ်ဖုန်းကရုဏာ

မှာထားသည့် အစားအသောက် ပို့လာရန် နောက်ကျနေသလား။ ဖုန်းဖြင့် အစာပို့သူအား ကြယ်တစ်လုံးအဆင့် သတ်မှတ်လိုက်၍ရသည်။ ဆိုင်ရှင်က မချေမငံ ဆက်ဆံ နေသလား။ သူမနှင့်ပက်သက်၍ ဝေဖန်စာ ရေးနိုင်သည်။ စမတ်ဖုန်းများသည် ကျွန်ုပ်တို့ ဈေးဝယ်ထွက်နိုင်ရန်၊ သူငယ်ချင်းများနှင့် အဆက်အသွယ်ရှိနေရန် ကူညီပေး သည်သာမက ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦး လူသိရှင်ကြား အဆင့်သတ်မှတ်နိုင်သည့် အာဏာကိုပါ ပေးထားသည်။ ထိုအရာသည် ပြဿနာဖြစ်လာနိုင်ပါသည်။

ထိုသို့ တစ်ဦးနှင့်တစ်ဦး အဆင့်သတ်မှတ်ခြင်းက အခြေအမြစ်မရှိသော ဝေဖန် ဆုံးဖြတ်မှုများ ဖြစ်လာနိုင်ခြင်းကြောင့် ပြဿနာဖြစ်သည်။ အစားအသောက် ပို့သူက သူထိန်းချုပ်၍မရသည့် အခြေအနေကြောင့် နောက်ကျခဲ့၍ ကြယ်တစ်ပွင့်သာ ရခဲ့သည်။ ဆိုင်ရှင်သည် ကလေးနေမကောင်းသဖြင့် တစ်ညလုံး‌စောင့်ကြည့်ခဲ့ရ၍ မကောင်းသည့်ဝေဖန်စာကို ရခဲ့သည်။ ဤကဲ့သို့ အခြားသူများအပေါ် မတရား သဖြင့် အဆင့်သတ်မှတ်ခြင်းကို ကျွန်ုပ်တို့ မည်သို့ ရှောင်ရှားနိုင်မည်နည်း။

ဘုရားရှင်၏သဘောလက္ခဏာများကို အတုယူခြင်းဖြင့်…

ဘုရားသခင်ကို ယုံကြည်၍ ရသည်

ကျွန်မ၏ကြောင်လေး Mickey (မစ်ကီ) မျက်လုံးထဲပိုးဝင်စဉ်က သူ့ကို နေ့စဥ် မျက်စဉ်း ခတ်ပေးရသည်။ သူ့ကို ရေချိုးဘေစင်ပေါ် တင်လိုက်တိုင်း ထိတ်လန့်နေသည့် မျက်လုံးများနှင့် ကျွန်မကိုကြည့်ကာ မျက်စဉ်းဆေး တစ်စက်အတွက် သူ့ကိုယ်သူ အားတင်းထားပုံပေါ်သည်။ “တော်လိုက်တဲ့ ကောင်လေး” ဟု ကျွန်မချီးကျူးမိသည်။ ကျွန်မ ဘာလုပ်ပေးနေသည်ကို သူနားမလည်သည့်တိုင် ကျွန်မအပေါ် ဘယ်တော့မှ ခုန်အုပ်၊ ရန်လိုကာ ကုတ်ခြစ်ခြင်းမျိုး မရှိပေ။ ထိုအစား သူ့အား အနေခက်အောင် လုပ်တော့မည့် ကျွန်မဆီသို့သာ ပိုမိုတိုးကပ်လာသည်။ ကျွန်မကို ယုံကြည်၍ရကြောင်း သူသိသည်။

ဒါဝိဒ်သည်လည်း ဆာလံကျမ်း ၉ ကို ရေးသားခဲ့စဉ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားတို့ကို ကြုံတွေ့ခဲ့ရပြီးဖြစ်လိမ့်မည်။ ရန်သူများ၏အန္တရာယ်မှ လွတ်ကင်း‌အောင် ဘုရားရှင်ထံ ခိုဝင်ခဲ့ပြီး၊ ကိုယ်တော်သည်လည်း ဒါဝိဒ်ကိုယ်စား တုံ့ပြန်လုပ်ဆောင်ပေးခဲ့သည် (:၃-၆)။ ဒါဝိဒ် လိုအပ်ချိန်တိုင်း ဘုရားသခင် ရှိနေပေးခဲ့သည်။…

ရွှေထက်သာ၍အဖိုးထိုက်သော

ပစ္စည်းဟောင်းများကို လျှော့ဈေးနှင့်ရောင်းချသည့်နေရာတွင် ဈေးနည်းသော ပစ္စည်းများကို လှန်လှောရှာဖွေရင်း အလွန်တန်ဖိုးရှိသည့်ပစ္စည်းကို တွေ့မိလိမ့်မည် ဟု စိတ်ကူးယဉ်မိဖူးပါသလား။ အမေရိကန်နိုင်ငံ၊ ကွန်နက်တီကက်ပြည်နယ်တွင် လျှော့ဈေးဆိုင်မှ (၃၅) ဒေါ်လာဖြင့် ဝယ်ယူခဲ့သော ရှေးဟောင်း တရုတ်ကြွေပန်းအိုးကို ၂၀၂၁ ခုနှစ်တွင် လေလံတင်ခဲ့ရာ ဒေါ်လာ ၇ သိန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့သည်။ ထိုပန်းအိုးသည် ရှားပါးပြီး ထူးခြားသည့် (၁၅) ရာစုနှစ်မှ သမိုင်းဝင်ပစ္စည်း ဖြစ်နေသည်။ တန်ဖိုးမရှိဟု လူအများ ထင်ထားသည့် ပစ္စည်းသည် တန်ဖိုးကြီးနေခြင်းမှာ အံ့ဩဖွယ် နှိုးဆော်မှုတစ်ရပ်ဖြစ်သည်။

သခင်ယေရှုကို ယုံကြည်ခြင်းသည် လူအများက ငြင်းပယ်သည့် ပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ကြောင်း ကမ္ဘာ့နေရာအနှံ့သို့ ပျံ့နှံ့သွားသည့် ယုံကြည်သူများထံ ရှင်ပေတရုက စာရေးပေးပို့ခဲ့သည်။ ခရစ်တော်သည် ဂျူးဘာသာရေးခေါင်းဆောင်များ၏မုန်းတီးမှုကို ခံရပြီး ရောမအစိုးရ၏ကားစင်တင်သတ်ခြင်း ခံခဲ့ရသည်။ သူသည် လောကီသားတို့၏ မျှော်လင့်ချက်နှင့် အလိုဆန္ဒတို့ကို မဖြည့်ဆည်းပေးသောကြောင့် ခရစ်တော်သည်…

ဘုရင်သုံးပါး

‘Hamilton’ (ဟာမဲလ်တန်) တေးဂီတပြဇာတ်တွင် အင်္ဂလန်နိုင်ငံ၏တတိယမြောက် ဂျော့ဂျ် ဘုရင် (King George III)ကို စိတ်မနှံ့သည့် ဗီလိန်လူပျက်ဇာတ်ကောင်အဖြစ် ရုပ်လုံးဖော်ထားသည်။ သို့သော် ဂျော့ဂျ် ဘုရင်၏ အတ္ထုပတ္တိအသစ်အရ ဂျော့ဂျ် ဘုရင်သည် ‘Hamilton’ (သို့) အမေရိကန်တို့၏ ‘Declaration of Independence’ (လွတ်လပ်ရေးရကြောင်း ကြေငြာချက်)တွင် ဖော်ပြထားသလိုမျိုး မင်းဆိုးမင်းညစ် မဟုတ်ပါ။ အမေရိကန်လူမျိုးများ ပြောသကဲ့သို့ ဂျော့ဂျ် ဘုရင်သည် ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်ဖြစ်ခဲ့လျှင် သူတို့ လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့မှုကို အပြင်းအထန် တားဆီးခဲ့ပေမည်။ သို့သော် သူ၏“ယဉ်ကျေးကောင်းမွန်သော” စိတ်အခံက သူ့ကို ထိန်းချုပ်ထားခြင်းသာဖြစ်သည်။

ဂျော့ဂျ် ဘုရင်သည် နောင်တစိတ်နှင့် သေဆုံးသွားခဲ့လေသလား။ သူ၏ နိုင်ငံသားများအပေါ် ပိုမိုကြမ်းကြုတ်ခဲ့လျှင် သူ၏အုပ်ချုပ်မှု ပိုမိုအောင်မြင်ခဲ့မည်လား။ မည်သူသိနိုင်မည်နည်း။
ထိုသို့ ဖြစ်ချင်မှဖြစ်မည်။ သမ္မာကျမ်းစာ၌ ညီတော်အပေါင်းနှင့် ဣသရေလ…