အမျိုးအစား  |  odb

ကျေးဇူးပြု၍ တိတ်ဆိတ်စွာ နေပေးပါ

အနောက်ဗာဂျီးနီးယားပြည်နယ်၊ ကြမ်းတမ်းသော Appalachian (အပလေရှင်) တောင်တန်းကျောက်ကမ်းပါးဒေသရှိ ‘Green Bank’ (ဂရင်းဘဲန့်ခ်)သည် သေးငယ်သောမြို့လေးဖြစ်သည်။ ထိုမြို့လေးသည် အနီးအနားရှိ အခြားဒါဇင်ပေါင်းများစွာသော မြို့ငယ်များနှင့် ဆင်တူပြီး အဓိကခြွင်းချက်အနေဖြင့် ထိုမြို့၌ အခြေချနေထိုင်သူ အိမ်ထောင်စုပေါင်း (၁၄၂) စုသည် အင်တာနက် အသုံးပြု၍ မရကြပါ။ ဂရင်းဘဲန့်ခ် အာကာသစူးစမ်းလေ့လာရေးစခန်းရှိ မှန်ဘီလူးကြီးကို စူးစမ်း လေ့လာမှုအတွက် ဆက်တိုက် လှုပ်ရှားအသုံးပြုနေရသဖြင့် ပတ်ဝန်းကျင်ရှိ ဝိုင်ဖိုင်နှင့်ဆဲလ်လျူလာဖုန်းတိုင်များမှ အနှောင့်အယှက်ပေးခြင်းကို မခံရလေအောင် ပိတ်ပင်ထားခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဂရင်းဘဲန့်ခ်သည် မြောက်အမေရိကတွင် နည်းပညာပိုင်းဆိုင်ရာ တိတ်ဆိတ်ငြိမ်သက်ဆုံးသောနေရာတစ်ခုဖြစ်ခဲ့ရသည်။

တစ်ခါတစ်ရံ ငြိမ်သက်ခြင်းသည် ရှေ့ဆက်လုပ်ရမည့်အရာများ အထူးသဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ ဆက်ဆံရေးအတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်အခြေအနေတစ်ရပ် ဖြစ်သည်။ သခင်ယေရှုကိုယ်တိုင် သူ၏အဘ ခမည်းတော်နှင့် စကားပြောရန် တိတ်ဆိတ်ငြိမ်သက်သည့် နေရာကိုသာ ရွေးချယ်ခြင်းဖြင့် ကျွန်ုပ်တို့အတွက် စံနမူနာပြခဲ့သည်။ ရှင်လုကာခရစ်ဝင် ၅:၁၆…

ရှည်ကြာသော ကစားပွဲ

ဒေးဗစ်၏နိုင်ငံ၌ ခရစ်တော်ကိုယုံကြည်သူများ ဖိနှိပ်ညှဥ်းပန်းမှုခံရစဥ်က သူတို့၏ လယ်ယာသုံး တိရစ္ဆာန်များ သတ်ပစ်ခြင်းခံရသည်။ ဒေးဗစ်၏မိသားစုမှာ ဘဝပျက်ပြီး အခြားနိုင်ငံအသီးသီးသို့ ထွက်ပြေးရသဖြင့် မိသားစုဝင်များ တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်သည်။ ဒေးဗစ်သည် မိသားစုနှင့်ဝေးကွာလျက် ဒုက္ခသည်စခန်းတွင် (၉) နှစ်ကြာ နေထိုင်ခဲ့ရသည်။ သူနှင့်အတူ ဘုရားသခင်ရှိကြောင်း သူသိသော်လည်း ထိုသို့ ကွဲကွာနေချိန်တွင် မိသားစုဝင်နှစ်ဦး ဆုံးပါးသွား၍ သူ၌ မျှော်လင့်ချက်ကင်းမဲ့ခဲ့ရသည်။
‌ရှေးလူမျိုးတစ်စုသည် ရက်စက်စွာ ဖိနှိပ်ညှဥ်းပန်းခံခဲ့ရဖူးသည်။ ထိုဣသရေလ လူမျိုးကို အဲဂုတ္တုပြည်မှ ကယ်ထုတ်ရန် မောရှေအား ဘုရားသခင်ရွေးချယ်ခဲ့သည်။ မောရှေသည် ထိုခိုင်းစေမှုကို တွန့်ဆုတ်စွာ သဘောတူခဲ့သည်။ သူသည် ဖါရောဘုရင်ထံ ချဥ်းကပ်သောအခါ ဖိနှိပ်မှုများက ပိုဆိုးဝါးပြင်းထန်လာပြီး (ထွက် ၅:၆-၉)၊ ဘုရင်က “ထာဝရဘုရားကို ငါမသိ၊ ဣသရေလ အမျိုးသားတို့ကို ငါမလွှတ်” ဟု ဆို၏ (:၂)။ လူတို့က မောရှေအား…

ကျေးဇူးတော်အပို လိုအပ်သည်

အသင်းတော်တွင် အထူးအစီအစဉ်တစ်ခုပြုလုပ်ရန် ပြင်ဆင်နေစဉ် အမျီုးသမီး ခေါင်းဆောင်တစ်ဦးက ကျွန်မ၏အတွေ့အကြုံနည်းမှုအပေါ် လာ၍ဆရာ လုပ်သည်။ သူမ ထွက်သွားသည့်အခါ အခြားအမျိုးသမီးတစ်ဦး ထပ်ရောက်လာပြီး “အဲဒီအမျိုးသမီးကို စိတ်မရှိပါနဲ့နော်။ သူက ကျွန်မတို့အခေါ် E.G.R. ‌(Extra Grace Required)‌လေ။ ကျေးဇူးတော်အပို လိုနေတဲ့သူပေါ့” ဟု ပြောသည်။

ကျွန်မရယ်မိသည်။ မကြာပါ။ တစ်ယောက်ယောက်နှင့် အဆင်မပြေဖြစ်တိုင်း ထိုသူကို အထက်ပါအတိုင်း ကင်ပွန်းတပ်ခဲ့သည်။ နှစ်အတန်ကြာပြီးနောက် ထိုအသင်းတော်၏ ခုံတန်းပေါ်ထိုင်လျက် ကျေးဇူးတော်အပို လိုအပ်သူ ထိုအမျိုးသမီး၏စျာပနဝတ်ကို တက်ရောက်ခဲ့သည်။ သင်းအုပ်ဆရာက မြင်ကွင်းနောက်ကွယ်တွင် ဘုရားသခင်ကို သူမ မည်မျှအစေခံခဲ့သည်၊ အခြားသူများအပေါ် မည်မျှရက်ရောစွာ ပေးကမ်းကြောင်းတို့ကို ဝေငှပြောပြသည်။ ယခင်က သူမနှင့် သူတစ်ပါးတို့အား E.G.R. တံဆိပ်တပ်လျက် စီရင်ခြင်း၊ အတင်း ပြောခြင်းတို့အတွက် ကျွန်မကိုခွင့်လွှတ်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခဲ့ပါသည်။ တစ်ကယ်တော့ ကျွန်မသည်လည်း…

ရေမျောကမ်းတင် ယုံကြည်ခြင်း

၁၉၆၅ ခုနှစ်၊ ဇွန်လတွင် သမုဒ္ဒရာအတွင်း ပျံ့ကြဲနေသော ကျွန်းများဖြင့် ဖွဲ့စည်းထားသည့် Polynesia (ပိုလီနီးစီးယား) နိုင်ငံတစ်ခုဖြစ်သော Tonga (တုန်ဂါ) ကျွန်းမှ Tongan (တုန်ဂန်) လူငယ် (၆) ယောက်သည် စူးစမ်း စွန့်စားလျက် သူတို့နေထိုင်ရာကျွန်းမှ ထွက်ခွာလာခဲ့သည်။ သို့သော် ပထမညတွင်ပင် လေမုန်တိုင်းဒဏ်ကြောင့် သူတို့လှေ၏ ရွက်တိုင်နှင့်တက်မ ကျိုးသွားကာ အစားအစာနှင့်သောက်ရေ ပြတ်လပ်ပြီး လူမနေသော ‘Ata (အာတာ) ကျွန်းသို့ မရောက်မီ ရက်ပေါင်းများစွာ ရေထဲတွင် မျောနေသည်။ (၁၅) လကြာပြီးမှ သူတို့ကို ရှာတွေ့ခဲ့သည်။

လူငယ်လေးများသည် အာတာကျွန်းပေါ်တွင် ဆက်လက်အသက်ရှင်နိုင်ရန် စိုက်ပျိုးရေးခြံလေးတစ်ခုဖန်တီး၍ သစ်လုံးထွင်းပြီး မိုးရေသိုလှောင်ခဲ့ကြသည်။ ယာယီ အားကစားလေ့ကျင့်ရုံတစ်ခုကိုပင် ဆောက်လုပ်ခဲ့ကြသည်။ လူငယ်တစ်ဦး ချောက်ကမ်းပါးမှ လိမ့်ကျပြီး ခြေကျိုးသွားရာ၊ သူ့သူငယ်ချင်းများက သစ်ချောင်း၊ သစ်ရွက်များဖြင့် ဆေးကုပေးခဲ့ကြသည်။ အငြင်းပွားမှုများ…

ဝမ်းနည်းပူဆွေးမှုတိုင်း၌

၁၉ ရာစုနှစ် ကဗျာဆရာမ Emily Dickinson (အမ်မလီဒစ်ကင်ဆန်)က “ကြုံတွေ့ရသည့် ပူဆွေးမှုတိုင်းကို ကျွန်မတိုင်းတာမိ၊ စူးစမ်းတဲ့မျက်လုံးကျဥ်းတစ်စုံနဲ့ အဲဒီပူဆွေးမှုဟာ မိမိခံစားခဲ့ရတာနဲ့ ထပ်တူကျလား ဒါမှမဟုတ်၊ မိမိပူဆွေးမှုလောက် ပြင်းထန်မှုမရှိဘူးလားလို့ ကျွန်မ‌တွေးမိတယ်”ဟု ကဗျာ ရေးဖွဲ့ခဲ့သည်။ ဘဝ၌ ကြုံတွေ့ခဲ့ရသည့် နာကျင်ပူဆွေးမှုများကို ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်နည်းလမ်းဖြင့် လူတို့ ကြံ့ကြံ့ခံကြသည်ကို ထိုကဗျာက စိတ်လှုပ်ရှားဖွယ် ထင်ဟပ်ပြနေသည်။ ကရာနီကုန်း၌ ရရှိခံစားခဲ့ရသော ကယ်တင်ရှင်၏ ဒဏ်ချက်တော်၌ သူ၏ဒဏ်ရာဒဏ်ချက်ကို မြင်ရခြင်းက တစ်ခုတည်းသော၊ ‘စိတ်နှလုံးကို ထိုးခွင်းသော နှစ်သိမ့်သက်သာမှု’ ဖြစ်ကြောင်း “ဒဏ်ချက်တော် အချို့ဟာ ကျွန်မဒဏ်ရာတွေလိုပဲလို့ ခံယူယုံကြည်ရတာ နှစ်သက်စွဲမက်ဖွယ်ပါပဲ” ဟု သူ၏ကဗျာကို နှစ်သိမ့်မှုဖြင့် အဆုံးသတ်ထားသည်။

ဗျာဒိတ်ကျမ်းတွင် ကယ်တင်ရှင် သခင်ယေရှုကို “အသေသတ်ပြီးသကဲ့သို့ သော သိုးသူငယ်” အဖြစ် ဖော်ပြထားပြီး (၅:၆၊ ၁၂ ကိုရှု)၊…

ဝမ်းနည်းခြင်းထဲက မျှော်လင့်ခြင်း

Louise (လူးဝိစ်)သည် သူနှင့်ဆုံတွေ့သူတိုင်းအား ပြုံးပျော်စေသည့် တက်ကြွပျော်ရွှင်သော မိန်းကလေးငယ်လေးဖြစ်သည်။ သူ့အသက် (၅) နှစ်အရွယ်၌ ရှားပါးရောဂါတစ်ခုဖြင့် ဆုံးပါးသွားခြင်းက ဝမ်းနည်းစရာဖြစ်သည်။ သူမရုတ်တရက်ကွယ်လွန်သွားခြင်းကြောင့် မိဘများဖြစ်သည့် ဒေးဒေးနှင့် ပီတာတို့ အပါဝင် သူတို့၏လုပ်ဖော်ဆောင်ဖက်များဖြစ်သည့် ကျွန်တော်တို့လည်း အလွန် စိတ်ထိခိုက်ခဲ့ရပြီး၊ သူတို့နှင့်အတူ ဝမ်းနည်းပူဆွေးခဲ့ရသည်။

ထိုသို့သောအခြေအနေကြားမှပင် ဒေးဒေးနှင့် ပီတာတို့သည် အသက်တာခရီးရှေ့ဆက်နိုင်ရန် ခွန်အားကို တွေ့ရှိခဲ့သည်။ ထိုအခြေအနေကို မည်ကဲ့သို့ ရင်ဆိုင်ကျော်ဖြတ်နေသနည်းဟု ဒေးဒေးအား မေးရာ၊ လူးဝိစ် သည် ချစ်မေတ္တာဖြင့် ထွေးဖက်ထားသည့် သခင်ယေရှု၏လက်တော်၌ ရှိနေသည်ဟူသည့် အချက်အပေါ်၌ အာရုံပြုလျက် ခွန်အားယူသည်ဟု ပြန်ပြောခဲ့သည်။ “ထာဝရအသက်ကိုဝင်စားဖို့ အချိန်ကျခဲ့ပြီဖြစ်တဲ့ သမီးအတွက် ကျွန်မတို့ဝမ်းမြောက်ရပါတယ်။ ... ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ခွန်အားကို အမှီပြုပြီး ဝမ်းနည်းခြင်းထဲမှာ ကျွန်မတို့ အားယူလျှောက်လှမ်းနိုင်ကာ ကျွန်မတို့ကို ဘုရားသခင်အပ်နှံထားတဲ့အရာတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်” ဟု ဒေးဒေးက ပြောသည်။…

ဆုတောင်းခြင်းဖြင့် သတိရပါ

၂၀၂၁ ခုနှစ်တွင် ဒုတိယမြောက် အဲလိဇဘက်ဘုရင်မက Malcolm Cloutt (မယ်လ်ခမ်ခလောက်) ကို ‘Maundy Money’ ဟုခေါ်သည့် ဗြိတိသျှ အမျိုးသားအမျိုးသမီးများအား နှစ်စဥ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ အသက် (၁၀၀) ရှိပြီဖြစ်သော ခလောက်သည် သူ့ဘဝတစ်လျှောက်လုံး၌ သမ္မာကျမ်းစာ အုပ်ရေ ၁,၀၀၀ ပေးကမ်းခဲ့ခြင်းကြောင့် ထိုသို့ဂုဏ်ပြုခံရခြင်းဖြစ်သည်။ ကျမ်းစာအုပ် ရရှိခဲ့သူတိုင်းကို သူရေးမှတ်ထားပြီး ထိုသူတို့အတွက် ပုံမှန်ဆုတောင်းပေးခဲ့သည်။

ခလောက်၏ ဆုတောင်းခြင်း၌သစ္စာရှိမှုသည် ဓမ္မသစ်ကျမ်းရှိ ရှင်ပေါလု ရေးသားခဲ့သောကျမ်းစာစောင်များ၌ တွေ့ရသည့် တန်ခိုးပါသော ချစ်ခြင်းမေတ္တာ၏ ပုံသက်သေပင်ဖြစ်သည်။ သူ့စာစောင်များကို လက်ခံရရှိသူတိုင်းအတွက် သူပုံမှန်ဆုတောင်းပေးနေကြောင်းကို ရှင်ပေါလု မကြာခဏ အားပေးပြောကြားခဲ့သည်။ သူ့မိတ်ဆွေ ဖိလေမုန်ထံ “ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဖို့အလိုငှာ ဆုတောင်းပတ္ထနာပြုလျက်နေ၏” (ဖိလေ ၁:၅) ဟု ရှင်ပေါလုရေးသားခဲ့သည်။ တိမောသေထံ “နေ့ညဉ့်မပြတ် ဆုတောင်းပတ္ထနာပြုသည်တွင်၊…

ဝိညာဥ်တော်နှင့်ပြည့်ဝခြင်း

စာရေးဆရာ Scot McKnight (စကော့မက်နိုက်)သည် အထက်တန်းကျောင်းသားဘဝ၌ “ဝိညာဥ်တော်နှင့် ပြည့်ဝသောအတွေ့အကြုံ” ဟု သူခေါ်ဆိုသည့် သူ့အတွေ့အကြံုတစ်ကို ဝေမျှခဲ့သည်။ သင်တန်းတစ်ခု၌ ဝိညာဥ်တော်ထံ အလုံးစုံအပ်နှံခြင်းဖြင့် ခရစ်တော်အား မိမိဘဝ၏အရှင်သခင်အဖြစ် နေရာပေးရန် ဟောပြောသူက သူ့အား စိန်ခေါ်ခဲ့သည်။ ထိုနောက် သူသည် သစ်ပင်အောက်၌ထိုင်လျက် “အဘဘုရား၊ ကျွန်ုပ်အပြစ်များကို ခွင့်လွှတ်တော်မူပါ။ သန့်ရှင်းသောဝိညာဥ်တော်ဘုရား၊ ကျွန်ုပ်အထဲ၌ ကိန်းဝပ်လျက် ဝိညာဥ်တော်နှင့် ပြည့်စေတော်မူပါ” ဟု သူဆုတောင်းခဲ့သည်။ အားကြီးသောတစ်စုံတစ်ခုဖြစ်ပျက်ခဲ့ပြီး၊ “အဲဒီအချိန်ကစပြီး ကျွန်ုပ်ဘဝလုံးဝခြားနား ပြောင်းလဲသွားတယ်။ ပြီးပြည့်စုံသွားတာမျိုး မဟုတ်ပေမဲ့ အရင်ကနဲ့မတူဘဲ ခြားနားသွားခဲ့တယ်” ဟု သူက ပြောသည်။ သမ္မာကျမ်းစာဖတ်ရန်၊ ဆုတောင်းရန်၊ သခင်ယေရှု၌ယုံကြည်သူများနှင့် မိတ်သဟာယဖွဲ့ပြီး ဘုရားသခင်ကိုအစေခံရန် စိတ်ဆန္ဒ သူ့၌ ရုတ်ချည်းဖြစ်ပေါ်လာခဲ့သည်။

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပြန်မတက်ကြွမီ “ယေရုရှလင်မြို့မှမထွက်ခွာဘဲ ခမည်းတော်၏ကတိကို ငံ့နေမည်အကြောင်း” သူ၏မိတ်ဆွေများအား…

တိတ်ဆိတ်ခြင်းအတွက်နေရာ

အကယ်၍ ငြိမ်သက်တိတ်ဆိတ်မှုကို သင်နှစ်သက်သည်ဆိုလျှင် အမေရိကန်နိုင်ငံ၊ Minnesota (မင်နီဆိုတာ ပြည်နယ် )၊ Minneapolis (မင်နီယာပိုလစ်)မြို့၌ သင်နှစ်သက်မည့် အခန်းတစ်ခန်းရှိသည်။ ထိုအခန်းသည် ဝင်လာသမျှအသံ၏ ၉၉.၉၉%ကို စုပ်ယူသည်။ Orfield Laboratories (အော်ဖီး ဓာတ်ခွဲစမ်းသပ်ခန်းများ)ရှိ ကမ္ဘာကျော် ပဲ့တင်သံကင်းမဲ့သောအခန်းကို “ကမ္ဘာ့ဆိတ်ငြိမ်ဆုံးနေရာ” ဟု သတ်မှတ်‌ခေါ်ဆိုကြသည်။ ထိုအသံဗလံကင်းမဲ့သောနေရာကို တွေ့ကြုံခံစားလိုသူတို့အနေဖြင့် ထိုင်နေဖို့ လိုအပ်သည်။ ဆူညံသံမရှိသဖြင့် ဇဝေဇဝါဖြစ်မှုကို ရှောင်ရှားနိုင်ရန်ဖြစ်သည်။ ထိုအခန်းထဲ၌ (၄၅) မိနစ်ကျော်သည်ထိ မည်သူ တစ်ဦးတစ်ယောက်မှ နေနိုင်ခဲ့ခြင်း မရှိသေးပါ။

ထိုမျှလောက်သော တိတ်ဆိတ်မှုမျိုးကို လူမဆိုစလောက်ကသာ လိုအပ်သည်။ ဆူညံကျယ်လောင်ပြီး ပျားပန်းခတ်လှုပ်ရှားနေသည့် ကမ္ဘာကြီးထဲတွင် အနည်းငယ်သော တိတ်ဆိတ်ငြိမ်သက်မှုကို တစ်ခါတစ်ရံ ကျွန်မတို့ တောင့်တမိ တတ်ကြသည်။ ကျွန်မတို့ကြည့်ရှုသည့် သတင်းများနှင့် အသုံးပြုသည့် လူမှုမီဒီယာများက ကျွန်မတို့၏စိတ်အာရုံကို ဆွဲဆောင်လျက် ရှုပ်ထွေးကျယ်လောင်သော “ဆူညံမှု”ကို…

နှိမ့်ချခြင်းကို ယူတင်ဝတ်ဆင်ခြင်း

‘Undercover Boss’ (ရုပ်ဖျက်ထားသော ဘော့စ်) တီဗီစီးရီးတွင် ရေခဲမုန့်စားသောက်ကုန်လုပ်ငန်း၏ အမှုဆောင်အရာရှိသည် ငွေရှင်းကောင်တာ ဝန်ထမ်းဝတ်စုံဖြင့် ရုပ်ဖျက်ကာ သရုပ်ဆောင်ထားသည်။ ဆံပင်အတုနှင့် မိတ်ကပ်များဖြင့် သူမ၏သရုပ်မှန်ကို ဖုံးကွယ်ကာ ဆိုင်ခွဲတစ်ခွဲတွင် ဝန်ထမ်းသစ်အဖြစ် အလုပ်ဝင်လုပ်သည်။ သူမ၏ရည်ရွယ်ချက်မှာ အတွင်းကျကျနှင့်လက်တွေ့၌ ဖြစ်ပျက်သော အခြေအနေမှန်များကို သိရှိရန်ဖြစ်သည်။ သူမ၏လေ့လာတွေ့ရှိချက်များကြောင့် ဆိုင်တွင် ကြုံတွေ့ရသော ပြဿနာအချို့ကို ဖြေရှင်းနိုင်ခဲ့သည်။

သခင်ယေရှုသည် ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းရန် “အစေခံကျွန်၏ သဏ္ဌာန်”ကို ယူတင်ဝတ်ဆောင်ခဲ့သည် (ဖိ ၂:၇)။ ကိုယ်တော်သည် လူသားတစ်ယောက်အဖြစ် ကမ္ဘာမြေတွင် ကျင်လည်လျက် ဘုရားသခင်အကြောင်း သွန်သင်ပေးပြီး နောက်ဆုံး ကျွန်ုပ်တို့၏အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့သည်(:၈)။ နာခံမှုဖြင့် သူ့အသက်ကို ကျွန်ုပ်တို့၏အပြစ်ဖြေရာယဇ်အဖြစ် တင်လှူခြင်းက ခရစ်တော်၏နှိမ့်ချခြင်းကို ဖော်ကျူးနေသည်။ သူသည် လူသားအဖြစ် လောကတွင် ကျင်လည်ခဲ့ပြီး၊ ကျွန်ုပ်တို့အမှန်တကယ် ရင်ဆိုင်တွေ့ကြုံရသည့် အရာများကိုလည်း တွေ့ကြုံခဲ့ရသည်။…