အမျိုးအစား  |  odb

သခင်ယေရှု၌ သက်သာချမ်းသာရာကို တွေ့ရှိခြင်း

မတည်ငြိမ်သောစိတ်ဝိညာဥ်သည် စည်းစိမ်ဥစ္စာနှင့် အောင်မြင်မှုအားဖြင့် မည်သည့် အခါတွင်မှ မရောင့်ရဲနိုင်ပေ။ သေဆုံးသွားသော ကျေးလက်ဂီတအကျော်အမော် တစ်ဦးသည် ဤအမှန်တရားကို သက်သေပြနိုင်ခဲ့သည်။ သူ၏သီချင်းအယ်လ်ဘမ် ပေါင်း (၄၀) နီးပါးသည် Billboard (ဘေလ်ဘော့) တေးဂီတမဂ္ဂဇင်း၏ ကျေးလက်ဂီတ ထိပ်တန်းသီချင်း အမှတ်စဥ် ၁ မှ ၁၀ စာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပြီး အကောင်းဆုံး တစ်ကိုယ်တော်သီဆိုသူဟုလည်း ကြိမ်ဖန်များစွာ ချီးမြှင့်ခြင်းခံရသည်။ သို့သော် သူသည် အိမ်ထောင်ပေါင်းများစွာရှိခဲ့ပြီး ထောင်ကျခဲ့ဖူးပါသည်။ အောင်မြင်မှုများရှိလျက်နှင့်ပင် “လုပ်ကိုင်လှုပ်ရှားမှု၊ အိမ်ထောင်ရေး ဒါမှမဟုတ် ရည်မှန်းချက်များနဲ့ ဘယ်တော့မှ နိုင်အောင်မထိန်းနိုင်ခဲ့တဲ့ စိတ်မငြိမ်မသက်မှုတစ်ခု ကျွန်တော့်မှာရှိတယ်။ အခုထိလည်း အတိုင်းအတာတစ်ခုအထိ ရှိနေဆဲပဲ။ ကျွန်တော်သေတဲ့နေ့အထိ ရှိလိမ့်မယ်” ဟု သူမြည်တမ်းခဲ့ဖူးသည်။ ဝမ်းနည်းစရာပင်၊ သူ့အသက်မကုန်ဆုံးမီ သူ့စိတ်ဝိညာဉ်အတွက် ငြိမ်သက်ခြင်းကို သူတွေ့ရှိသင့်သည်။

ဤဂီတပညာရှင်ကဲ့သို့ အပြစ်တရားနှင့် အပြစ်၏အကျိုးဆက်များ၌ ဝန်လေး ပင်ပန်းလာသူများအား…

ဘာဘွန်းမျောက်၊ မြည်းတစ်ကောင်နှင့် ကျွန်ုပ်

ရထားတွဲအား လမ်းကြောင်းမှန်ပေါ်သို့ရောက်ရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို Jack (ဂျက်) သိသည်။ (၉) နှစ်တာအတွင်း တောင်အာဖရိကနိုင်ငံရှိ Uitenhage (အီတင်ဟိတ်) ဘူတာအနီးသို့ ချဥ်းကပ်လာသော ရထားတွဲများ၏ ခရာမှုတ်သံကြားတိုင်း သူတို့ဦးတည်သွားလိုသော လမ်းကြောင်းသို့ရောက်အောင် တစ်ခါမျှ အမှားအယွင်းမရှိဘဲ ရထားလမ်းကြောင်းကို ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

ဂျက် သည် Chacma Baboon (ချက်ခမာဘာဘွန်း) မျောက်တစ်ကောင်လည်းဖြစ်သည်။ သူ့ကို ရထားလမ်း အချက်ပြလုပ်သား James Wide (ဂျိမ်းစ်ဝိုက်)က ကြည့်ရှုစောင့်ရှောက်ပေးပြီး သူကလည်း ဂျိမ်းစ်ကို ပြန်ပြုစုသည်။ ဂျိမ်းစ်သည် ရွေ့လျားနေသောရထားတွဲကြား ခြေချော်ကျ၍ ခြေနှစ်ဘက်လုံး ဆုံးရှုံးခဲ့ရသည်။ သူ့အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ဂျက်အား လေ့ကျင့်ပေးထားပြီး မကြာမီတွင် ဂျက်သည် ဂျိမ်းစ်၏အလုပ်ဖြစ်သည့် ချဉ်းကပ်လာသောရထားများအား လမ်းကြောင်း ပြောင်းပေးရန် လီဗာတံဆွဲသည့်အလုပ်ကိုပါ ကူညီလုပ်ဆောင်ပေးခဲ့သည်။

လူတစ်ဦးကို အံ့သြစရာကောင်းလောက်အောင် ကူညီပေးခဲ့သည့် အခြား တိရစ္ဆာန်တစ်ကောင်ကို ကျမ်းစာတွင်…

လိုအပ်ချက်ကို တွေ့မြင်ခြင်း

ကျွန်မဖခင်၏ဘဝနောက်ဆုံးနေ့ အနည်းငယ်တွင် သူနာပြုဆရာမတစ်ယောက်က သူ့အခန်းသို့ရောက်လာပြီး သူ့အား မုတ်ဆိတ်မွှေးညှင်းများ ရိပ်ပေးလို့ရမလားဟု ကျွန်မကို မေးသည်။ “ဒီအသက်အရွယ်လူကြီးတွေက သပ်သပ်ရပ်ရပ်နဲ့ နေ့တိုင်း မုတ်ဆိတ်ရိတ်တာကို နှစ်သက်ကြတယ်” ဟု ရေချယ်က သူ့၏မုတ်ဆိတ်ရိတ်ဓါးနှင့် အဖေ့မျက်နှာပေါ်၌ ညင်သာစွာ ရိတ်ပေးရင်း ရှင်းပြသည်။ ရေချယ်သည် လိုအပ်မှုကို မြင်ပြီး သူ့ပင်ကိုယ်စိတ်ရင်းနှင့် သူတစ်ပါးအပေါ် ကြင်နာမှု၊ ဂုဏ်သိက္ခာကို လေးစားမှုဖြင့် ပြုမူလုပ်ဆောင်သည်။ သူမ၏သိမ်မွေ့စွာပြုစုမှု‌ကြောင့် ကျွန်မ၏ သူငယ်ချင်းဂျူလီကို ပြေးမြင်မိသည်။ သူမ၏မိခင်ကြီး “လှနေဖို့”က အရေးကြီးသည်ဖြစ်၍ သက်ကြွယ်မိခင်အား သူမလက်သည်းနီဆိုးပေးနေဆဲ ဖြစ်သည်။

တမန်တော်ဝတ္ထု ၉ တွင် ဒေါ်ကာအမည်ရှိ (တဗိသဟုလည်း လူသိများသော) တပည့်တော်သည် ဆင်းရဲသားများအား မိမိလက်မှုအတတ်ပညာဖြင့် ချုပ်လုပ်သောအဝတ်အထည်များ ပေးကမ်းခြင်းအားဖြင့် မိမိ၏ကြင်နာမှုကို ပြသခဲ့သည် (:၃၆၊ ၃၉)။ သူမ သေဆုံးချိန်တွင် သူတစ်ပါးအား ကူညီမစတတ်သူဖြစ်၍ သူ့အတွက်…

အခြေအနေပေးလာသည့် လက္ခဏာလား

ကမ်းလှမ်းလာသည့်အလုပ်က ပီတာ၏လိုအပ်ချက်နှင့် ကွက်တိဖြစ်သည်။ ဝန်ထမ်းလျှော့ချရာ၌ သူပါသွားပြီး အလုပ်ပြုတ်ပြီးနောက်၊ မိသားစုကို သူ၏ဝင်ငွေတစ်ခုတည်းနှင့်သာ လုပ်ကျွေးပြုစုနေရခြင်းကြောင့် နောက်အလုပ်တစ်ခုရရှိရန် အပြင်းအထန် သူဆုတောင်းခဲ့သည်။ “ဒါက မင်းရဲ့ဆုတောင်းချက်ကို ဘုရားသခင်အဖြေပေးတာ” ဟု သူ့သူငယ်ချင်းများက အားပေးသည်။

ဝန်ထမ်းရပိုင်ခွင့် အကျိုးအမြတ်နှင့်ပတ်သက်သည့် စာချုပ်ပါအချက်များကို ဖတ်ပြီးသော်လည်း ပီတာ၏စိတ်၌ မသက်မသာခံစားနေရသည်။ ထိုကုမ္ပဏီသည် မသင်္ကာဖွယ်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားပြီး လာဘ်စားလာဘ်ယူမှုဖြင့် နာမည်ပျက်သတ်မှတ်ခံထားရသည်။ နောက်ဆုံးတွင် ရင်နာနာဖြင့်ပင် ကမ်းလှမ်း လာသောအလုပ်ကို ပီတာငြင်းခဲ့သည်။ “ကျွန်တော်မှန်တာကို လုပ်ဖို့ ဘုရားသခင် အလိုရှိတယ်လို့ ယုံတယ်။ ကျွန်တော့်အတွက် ကိုယ်တော် ပြင်ဆင်ပေးမယ်ဆိုတာ ကျွန်တော် စိတ်ချထားဖို့ပဲ လိုတယ်” ဟု သူက ကျွန်ုပ်ကို ဝေမျှပြောခဲ့သည်။

ပီတာ၏အဖြစ်က ဒါဝိဒ်နှင့်ရှောလုမင်းတို့ ဂူထဲတွင် ဆုံကြသည့်အကြောင်း အရာကို ကျွန်တော်အား သတိပေးခဲ့သည်။ ဒါဝိဒ်သည် သူ့ကို လိုက်‌နေသူအား သတ်ဖြတ်ရန်…

သခင်ယေရှုအကြောင်း ပြောမြဲပြောပါ

ခရစ်တော်ကိုယုံကြည်သူ ဂီတပညာရှင်တစ်ဦးက “ယေရှုခရစ်တော်အကြောင်းပြောဆိုခြင်းကို ရပ်တန့်ရန်” တိုက်တွန်းခံခဲ့ရကြောင်း လူတွေ့မေးမြန်းခန်းတစ်ခုတွင် ပြောခဲ့သည်။ အဘယ့်ကြောင့်နည်း။ သူလုပ်သမျှအရာအားလုံးသည် ခရစ်တော်အတွက်သာ၊ ခရစ်တော်ကြောင့်သာဟု ပြောဆိုမှုကို ရပ်တန့်လိုက်ပါက သူ၏တေးဂီတအဖွဲ့သည် ပိုမိုကျော်ကြားလာနိုင်ပြီး ဆင်းရဲသားများအတွက် ရန်ပုံငွေများစွာ မြှင့်တင်နိုင်မည်ဟု အကြံပြုကြသည်။ သူဆင်ခြင်စဥ်းစားပြီးနောက် “ကျွန်တော့်ရဲ့ ဂီတဘဝတစ်ခုလုံးရဲ့ အဓိကအချက်က သခင်ခရစ်တော်၌ ကျွန်တော်ရဲ့ ယုံကြည်ခြင်းကို အခြားသူတွေနဲ့ မျှဝေဖို့ဖြစ်တယ်။ တိတ်တဆိတ်‌နေစရာ ဘာအကြောင်းမှ မရှိဘူး” ဟု သူဆုံးဖြတ်ချက်ချခဲ့ပြီး “ကျွန်တော့်အတွက် ‘တောက်လောင်နေတဲ့ ဘုရားပေးတာဝန်’ က သခင်ယေရှုရဲ့ သတင်းကောင်းကို ဝေမျှဖို့ပဲ” ဟုပြောခဲ့သည်။

ခြိမ်းခြောက်နေသောအခြေအနေများထဲ၌ တမန်တော်များသည် အလားတူ အပြောခံခဲ့ရသည်။ သူတို့သည် အကျဥ်းချခံရပြီး၊ ကောင်းကင်တမန်တစ်ပါးက သူတို့ကို အံ့ဩဖွယ် ကယ်တင်လျက်၊ ခရစ်တော်၌ရှိသော သူတို့၏အသက်တာသစ် ကို အခြားသူများအား ဆက်လက်ဝေမျှရန် မိန့်မှာခဲ့သည် (တ ၅:၁၉-၂၀)။ သူတို့…

ခက်ခဲသောအချိန်များ၌ ဆုတောင်းခြင်း

စာရေးဆရာနှင့် ဓမ္မပညာရှင်ဖြစ်သူ Russell Moore (ရာဆယ်လ်မော)သည် သူ့မွေးစားသားများနေထိုင်ခဲ့သည့် မိဘမဲ့ဂေဟာ၌ ‌ခြောက်ခြားဖွယ်တိတ်ဆိတ်မှုကို သတိထားမိသည်။ ကလေးသူငယ်များသည် ငိုသော်လည်း သူတို့ငိုသည်ကို ဂရုတစိုက်ချော့မည့်သူ မည်သူမျှ မရှိသည်ကို သိသောအခါ မငိုကြတော့ဟု နောက်ပိုင်းမှ လူတစ်ဦးက ရှင်းပြသည်။

ခက်ခဲသောအချိန်များကို ရင်ဆိုင်ရသောအခါ မိမိကို မည်သူမျှမကြား၊ နားမလည်ဟု ကျွန်ုပ်တို့ခံစားရကြသည်။ အဆိုးဆုံးမှာ ကျွန်ုပ်တို့အော်ဟစ်ငိုကြွေးသံကို ဘုရားသခင်မကြား၊ မျက်ရည်များကိုမမြင်ဟု ခံစားရနိုင်သည်။ သို့သော် ဘုရားသခင် ကြားပါသည်၊ မြင်ပါသည်။ ထို့ကြောင့်ပင် အထူးသဖြင့် ဆာလံကျမ်းတွင်ပါဝင်သော အသနားခံခြင်းနှင့် အခိုင်အမာပြောဆိုဟစ်ခေါ်ခြင်း ဘာသာစကားကို ကျွန်ုပ်တို့လိုအပ်ခြင်းဖြစ်သည်။ ဆာလံသီချင်းရေးသူများသည် ဘုရားသခင်၏ မစမှုရရှိရန်အတွက် အသနားခံကြပြီး၊ ကိုယ်တော်အား ဟစ်ခေါ်လျက် ၎င်းတို့ ကြုံရသည့်အခြေအနေကို ပြောဆိုကြသည်။ ဆာလံကျမ်း ၆၁ တွင် ဒါဝိဒ်သည် “စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌…

သက်စမ်းရေ

အန်ဒရီယာ၏မိသားစုဘဝက မတည်မငြိမ်ဖြစ်ခဲ့သည်။ အသက် (၁၄) နှစ်အရွယ်တွင် သူမ အိမ်မှထွက်ခွာခဲ့ပြီး အလုပ်ရှာကာ သူငယ်ချင်းများနှင့်အတူ နေထိုင်ခဲ့သည်။ သူ့အပေါ် ချစ်ခင်မှုနှင့် အားပေးမစမှုကို သူမ တမ်းတသည်။ နောက်ပိုင်းတွင် သူမကို မူးယစ်ဆေးဝါးနှင့် မိတ်ဆက်ပေးသူတစ်ဦးနှင့်အတူ ပြောင်းရွှေ့နေထိုင်သည်။ ထိုမျှမက သူမသည် ပုံမှန်အရက်သောက်ပြီး အရက်ပါစွဲခဲ့သည်။ သို့သော်လည်း ထိုပေါင်းသင်းဆက်ဆံရေး၊ မူးယစ်ဆေးနှင့် အရက်များက သူမ၏ မျှော်လင့်တမ်းတမှုကို ကျေနပ်နှစ်သိမ့်မှု မပေးနိုင်ပေ။ နှစ်အတန်ကြာမျှ ကျေနပ်နှစ်သိမ့်မှုပေးမည့်အရာကို သူမဆက်လက်ရှာဖွေပြီးနောက် သူမကို ဆုတောင်းပေးရန် ကမ်းလှမ်းပြီး ကူညီသည့် သခင်ယေရှုကို ယုံကြည်သူအချို့နှင့် တွေ့ဆုံခဲ့သည်။ လအနည်းငယ်အကြာ နောက်ဆုံးတွင် သူမ၏မေတ္တာငတ်နေမှုကို အမွတ်အသိပ်ပြေစေမည့် သခင်ယေရှုနှင့် သူမတွေ့ရှိခဲ့သည်။

ရေတောင်းသောက်ရန် သခင်ယေရှုချဥ်းကပ်ခဲ့သည့် ရှမာရိအမျိုးသမီးသည်လည်း ဆာငတ်မှု ပြေခဲ့သည်။ နေပြင်းချိန်၌ သူမရေခပ်ဆင်းခြင်းမှာ (ယော ၄:၅-၇) ခင်ပွန်းများစွာကို ယူထားခြင်းနှင့် လက်ရှိအခြေအနေတွင်…

နှိမ့်ချသောနေ့

လူတို့ဖန်တီးသော တရားဝင်ရုံးပိတ်ရက်မဟုတ်သည့် အားလပ်ရက်များကို ကျွန်ုပ်မကြာခဏ သဘောကျမိသည်။ ဖေဖော်ဝါရီတစ်လတည်းမှာပင် ကပ်စေးပေါင်မုန့်နေ့၊ ဓားရှည်မြိုချသူများနေ့၊ ခွေးဘီစကစ်မုန့်ကို အားပေးထောက်ခံသည့်နေ့ ဟူ၍ ပင် ရှိသည်။ ယနေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ကို ‘နှိမ့်ချသောနေ့’ ဟူ၍ သတ်မှတ်ကြသည်။ စကြဝဠာတစ်ခုလုံး၌ နှိမ့်ချမှုကို ကောင်းသောကိုယ်ကျင့်သိက္ခာအဖြစ် ဆင်နွှဲခြင်းသည် သေချာပေါက်လုပ်သင့်လုပ်ထိုက်ပါသည်။ သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ ဤကိစ္စသည် အစဥ်အမြဲ ဤကဲ့သို့ ဖြစ်မနေပါ။

ရှေးခေတ်က နှိမ့်ချခြင်းကို ကောင်းသောကိုယ်ကျင့်သိက္ခာအဖြစ် မမြင်ဘဲ၊ အားနည်းချက်အဖြစ် ယူဆကြပြီး၊ ထိုအစား ‘ဂုဏ်အသရေ’ကို တန်ဖိုးထားကြသည်။ တစ်စုံတစ်ဦး၏အောင်မြင်မှုကို ထုတ်ဖော်ကြွားဝါရန် လူတို့မျှော်လင့်ကြပြီး မိမိ၏အဆင့်အတန်းကို မနိမ့်ကျစေဘဲ မြှင့်တင်ရန်သာ ရှာကြံကြသည်။ နှိမ့်ချခြင်း ဆိုသည်မှာ သခင်ရှေ့မှ ကျွန်ပမာ သိမ်ငယ်နိမ့်ကျခြင်းဖြစ်သည်။ သို့သော်လည်း သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်းအမှုက အရာခပ်သိမ်းကို ပြောင်းလဲစေ သည်ဟု သမိုင်းပညာရှင်များက ပြောကြသည်။…

သင်၏နှလုံးကို ကာကွယ်စောင့်ရှောက်ပါ

ဟန်ဂေရီလူမျိုး သင်္ချာပညာရှင် Abraham Wald (အေဘရာဟမ်ဝဒ်)သည် ၁၉၃၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီးနောက် သူ၏ကျွမ်းကျင်မှုစွမ်းရည်များကို ဒုတိယကမ္ဘာစစ်တွင် အားဖြည့်အသုံးချခဲ့သည်။ တပ်မတော်သည် ရန်သူတိုက်ခိုက်မှုမှ လေယာဥ်ကိုကာကွယ်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိပြီး စစ်လေယာဥ်များအတွက် ပိုမိုကောင်းမွန်သော ကာကွယ်ရေးနည်းလမ်းများကို ရှာဖွေ‌ပေးရန် ဝဒ်နှင့့် အပေါင်းအပါများ၏ Statistical Research Group (စာရင်းအင်း အချက်အလက်များဆိုင်ရာ သုတေသနအဖွဲ့)ကို တောင်းဆိုခဲ့သည်။ သူတို့သည် တိုက်ခိုက်ရာမှ ပြန်ရောက်လာသောလေယာဥ်၏ ပျက်စီးမှုအများဆုံးအပိုင်းကို စတင်စစ်ဆေးကြသည်။လေယာဥ်၏ပျက်စီးမှုက လေယာဥ်၏မည်သည့်အပိုင်းသည် အပစ်ခံရပြီး မပျက်ကျဘဲ ပြန်ရောက်လာနိုင်သည့်အချက်ကို ပြသနေကြောင်း ဝဒ်၏ စူးရှထက်မြက်သည့် ထိုးထွင်းဉာဏ်က မှတ်ကျောက်တင်ဂုဏ်ပြုခံရသည်။ ထိခိုက်ပျက်စီးသောလေယာဥ်ပေါ်တွင် အပိုဆောင်းအကွယ်အကာ အလိုအပ်ဆုံးအပိုင်းကို ရှာဖွေတွေ့ရှိနိုင်ကြောင်း သူသဘောပေါက်ခဲ့သည်။ လေယာဥ်၏အကာအကွယ်အမဲ့ဆုံး အင်ဂျင်ပိုင်း အပစ်ခံရပါက လေယာဥ်ပျက်ကျသွားခြင်းကြောင့် စစ်ဆေး၍ မရနိုင်ပေ။

ကျွန်ုပ်တို့၏အားအနည်းဆုံး စိတ်နှလုံးကို ကာကွယ်ရန် ရှောလမုန်မင်းကြီးသွန်သင်ထားသည်။ “နှလုံးသည်…

အမှန်တကယ် လိုအပ်နေသောအရာ

ငယ်ရွယ်သောမိခင်တစ်ဦးသည် အိုး၌ပြုတ်ကြော်လုပ်ထားသည့် အသားဟင်းကို တစ်ဝက် လှီးဖြတ်ပြီးမှ အိုးကြီးထဲ ပြောင်းထည့်သည်။ သူ့ခင်ပွန်းက “ဘာလို့အဲလိုလုပ်တာလဲ” ဟုမေးရာ၊ သူက “ကျွန်မအမေက အဲလိုပဲလုပ်လို့လေ” ဟုဖြေခဲ့သည်။

ခင်ပွန်း၏မေးခွန်းက သူမ၏သိချင်စိတ်ကို နှိုးဆွခဲ့ပြီး၊ သူ့မိခင်အား ထိုသို့လုပ်ရသည့် အလေ့အထကို မေးမြန်းခဲ့သည်။ သူ့မိခင်က သူချက်ပြုတ်သည့် အိုးသေးနှင့်ဆန့်အောင် အတုံးသေးလှီးဖြတ်ရခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူအံ့ဩသွားသည်။ သူမ၌ အိုးကြီးများစွာရှိခြင်းကြောင့် အသားကို အတုံးသေးတုံးရန် မလိုအပ်ပါ။

အစဉ်အလာ ထုံးတမ်းများစွာကို မလိုအပ်တော့သော်လည်း “အဲလိုပဲလုပ်ခဲ့တာလေ” ဟူ၍ မမေးမြန်းမစူးစမ်းဘဲ လုပ်ဖြစ်နေသည်။ ဖာရိရှဲတို့ ခေတ်အချိန်က လူသားတို့၏ရိုးရာအစဥ်အလာများကို ထိန်းသိမ်းတည်စေခြင်းက သဘာဝဖြစ်သည်။ ထို့ကြောင့် ဘာသာရေးစည်းကမ်းတစ်ချက်ကို ချိုးဖောက်သည့်ပုံပေါ်သည့် အမှုအရာကြောင့် သူတို့ အာရုံနှောက်နေသည် (မာ ၇:၁-၅)။

“သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသောနည်းဥပဒေသကို ခံယူလျက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို…