အမျိုးအစား  |  odb

ကျွန်ုပ်တို့၏လုံခြုံခိုလှုံရာ

အငြိမ်းစားဆရာမ Debbie Stephens Browder (ဒယ်ဘီ စတီဖန်စ် ဘရောက်ဒါ)သည် သစ်ပင်စိုက်ရန် စည်းရုံးနိုင်သမျှ လူတိုင်းကို လိုက်လံစည်းရုံးနေသည်။ အကြောင်းပြချက်မှာ အပူရှိန်ကြောင့်ဖြစ်သည်။ လွန်ကဲသောအပူချိန်သည် အမေရိကန်နိုင်ငံတွင် ရာသီဉတုနှင့်ဆက်နွယ်သည့် လူသေဆုံးမှု၏ ထိပ်ဆုံးအကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် သူမက “သစ်ပင်စိုက်ခြင်းနှင့် အစပြုမည်” ဟု ဆိုခဲ့သည်။ အပူရှိန်ကာကွယ်ပေးသော အမိုးအကာဖြစ်သည့် သစ်ပင်များသည် ပတ်ဝန်းကျင်ကို ကာကွယ်ရန် အရေးပါသည့်နည်းတစ်ခု ဖြစ်သည်။ “ဒါက သေရေး ရှင်ရေးကိစ္စပါ။ ပတ်ဝန်းကျင်ကို အလှဆင်တာပဲ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အပူရှပ်နိုင်ခြေအမြဲတမ်းရှိသည့် အရှေ့အလယ်ပိုင်းဒေသမှ ဆာလံကျမ်း ၁၂၁ ကို ရေးသားခဲ့သည့်ဆာလံဆရာက အရိပ်အာဝါသသည် အားပြည့်လန်းဆန်းစေရုံမျှမက အသက်ကယ်နိုင်သည် ဟူသောအချက်ကို ကောင်းစွာသိလိမ့်မည်။ “နေ့အချိန်၌ နေအားဖြင်လည်းကောင်း၊ ညဉ့်အချိန်၌ လအားဖြင့်လည်းကောင်း၊ အထိအခိုက်မရှိ”အောင် (:၆) ဂရုစိုက်တော်မူသောဘုရားသခင်ကို ကျွန်မတို့၏အားအထားရဆုံး ခိုလှုံရာအဖြစ်…

ဒုက္ခဆင်းရဲများမှတစ်ဆင့် ကြံ့ခိုင်သန်မာခြင်း

ကျွန်မ စာအိတ်အချို့ကို လှန်လှောပြန်ဖွင့်ကြည့်မိစဉ် “သားမျက်လုံးစစ်ပြီးပြီ” ဟု ရေးထားသောကပ်ခွာကို တွေ့ရာ၊ အမှတ်တရများ ပြန်ပေါ်လာသည်။ ကျွန်မ၏ (၄) နှစ်အရွယ်သားလေးက စပ်ဖျဉ်းဖျဉ်းဖြစ်စေသည့် မျက်စဉ်းခတ်ပြီးနောက် ထိုကပ်ခွာအား ဂုဏ်ယူစွာ ကပ်ထားခဲ့ပုံကို ကျွန်မပြန်မြင်ယောင်လာသည်။ မျက်လုံးကြွက်သားအားနည်းသဖြင့် အားနည်းသည့်မျက်လုံး အားကောင်းလာစေရန် သူသည် အားမနည်းသည့်မျက်လုံးတွင် မျက်လုံးကာကို နေ့စဉ် နာရီများစွာ တပ်ခဲ့ရသည်။ ခွဲစိတ်မှုလည်းပြုခဲ့ရသည်။ အားပေးနှစ်သိမ့်မှုအတွက် မိဘများဖြစ်သော ကျွန်မတို့ကို သူမျှော်ကြည့်လျက်၊ ကလေးသူငယ်တစ်ဦး၏ယုံကြည်မှုမျိုးဖြင့် ဘုရားသခင်ကို အားကိုးလျက် သူသည် စိန်ခေါ်မှုများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့သည်။ ထိုစိန်ခေါ်မှုများမှတစ်ဆင့် သူ၏ကြံ့ကြံ့ခံနိုင်ရည်တိုးလာခဲ့သည်။

ဒုက္ခဆင်းရဲခြင်းကို ရင်ဆိုင်ကျော်လွှားခဲ့သူများသည် ထိုအတွေ့အကြုံများ အားဖြင့် ပြောင်းလဲသွားတတ်ကြသည်။ သို့သော် တမန်တော်ရှင်ပေါလုက ထိုထက်မက “ဒုက္ခဆင်းရဲခြင်းကို ခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိ”ရန် ဆိုသည်။ အကြောင်းမှာ ဒုက္ခဆင်းရဲခြင်းမှတစ်ဆင့် ကျွန်မတို့သည် သည်းခံခြင်းစိတ် တိုးလာပါသည်။ သည်းခံခြင်းမှတစ်ဆင့် သက်သေထင်ရှားခြင်း၊…

ချစ်ခင်စွာ သတိပေးခြင်း

၂၀၁၀ ပြည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းဆွယ်ကို tsunami (ဆူနာမီ)ရေလှိုင်းတိုက်ခတ်ခဲ့ပြီး လူ (၄၀၀) ကျော် သေဆုံးခဲ့သည်။ သို့သော် ဆူနာမီသတိပေးစနစ်ကသာ ကောင်းကောင်း အလုပ်လုပ်ခဲ့ပါက သေဆုံးမှုများကို ကာကွယ် (သို့) လျှော့ချနိုင်ခဲ့လိမ့်မည်။ ဆူနာမီထောက်လှမ်းရေးကွန်ယက်ဖြင့် ချိတ်ဆက်ထားသည့် ရေကြောင်းပြဗော်ယာများ ပြုတ်သွားပြီး ပင်လယ်ထဲ မျောပါသွားသည်။

အပြစ်မှနောင်တမရခြင်း အပါအဝင် ဝိညာဉ်ရေးကို ထိခိုက်နိုင်သည့်အရာများအတွက် အချင်းချင်းကို သတိပေးရန် တပည့်တော်များ၌ တာဝန်ရှိကြောင်း သခင်ယေရှုက ဆိုပါသည်။ ပြစ်မှားခံရသော ယုံကြည်သူသည် နှိမ့်ချစွာ၊ တစ်ဦးချင်းတွေ့ဆုံပြီး၊ ဆုတောင်းလျက် ပြစ်မှားသောယုံကြည်သူ၏အပြစ်ကို “ပြ”ရမည့်နည်းလမ်းကို သခင်ယေရှု ပြသခဲ့သည် (မ ၁၈:၁၅)။ ပြစ်မှားသူက နားထောင်ပါက ပဋိပက္ခပြေလည်ကာ ချစ်ခင်ရင်းနှီးမှုကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ အကယ်၍ ထိုသူက နားမထောင်ပါက “လူနှစ်ဦးသုံးဦး” သက်သေခံ၍ ပဋိပက္ခကို ဖြေရှင်းနိုင်ပါသည် (:၁၆)။ သည့်တိုင် အပြစ်ကျူးလွန်သူသည်…

ပျော်မွေ့ရာနေရာများ

ခရီးသွားအကြုံပြုချက်တစ်ချို့ရှိပါသည်။ သင်နောက်တစ်ကြိမ် အမေရိကန်နိုင်ငံ၊ Wisconsin (ဝစ္စကွန်ဆင်)ပြည်နယ်၊ Middleton (မစ်ဒယ်လ်တန်)မြို့ကို သွားသည့်အခါ ‘National Mustard Museum’ (အမျိုးသား မုန်ညှင်းပြတိုက်)သို့ သွားလည်သင့်သည်။ မုန်ညှင်းတစ်မျိုးနှင့်လုံလောက်ပြီဟု ထင်ကြသူများအတွက် တစ်ကမ္ဘာလုံးမှ မုန်ညှင်းအမျိုးပေါင်း ၆,၀၉၀ ရှိသော ဤနေရာသည် အံ့ဩဖွယ် ကောင်းလှသည်။ Texas (တက္ကဆက်)ပြည်နယ်၊ မက်ခလန် (McLean)မြို့၌ ‘Barbed Wire Museum’ (သံဆူးကြိုးပြတိုက်) သို့ရောက်သော် သံဆူးကြိုးခတ်သည့် ဝါသနာမျိုး ရှိနေသည်ကိုပင် သင်အံ့ဩပါလိမ့်မည်။

၎င်းသည် မိမိအတွက် မည်သည့်အရာက အရေးပါသည်ဟု သဘောထားကြသည်ကို ပြနေပါသည်။ ငှက်ပျောသီးပြတိုက်တွင် နေ့လည်ခင်း အချိန်သွားဖြုန်းခြင်းထက် ပိုဆိုးသည့်အရာကိုပင် သင်လုပ်နိုင်သည်ဟု စာရေးဆရာတစ်ယောက်က ဆိုသည် (ကျွန်တော်တို့သဘောတူချင်မှ တူပါမည်)။

ကျွန်တော်တို့က အပျော်အပျက်ရယ်ကြသော်လည်း မိမိလုပ်သည့်အရာအချို့ကို ခင်းကျင်းပြသသည့် မိမိ၏စိတ်နှလုံးပျော်မွေ့ရာပြတိုက်များကို ကျွန်တော်တို့ထိန်းသိမ်းတတ်ကြောင်း ဝန်ခံရန်မှာ အလေးထားဆင်ခြင်စရာကိစ္စ ဖြစ်သည်။…

ရာသီဥတုများ

မကြာမီက “ဆောင်းခိုခြင်း” ဟူသည့် အ‌ထောက်အကူပြု စကားလုံးကို ကျွန်တော်တွေ့ရှိခဲ့သည်။ ဆောင်းရာသီသည် သဘာဝလောက၏အရှိန်ကို နှေးစေသည့်အချိန်ဖြစ်သောကြောင့် စာရေးဆရာမ Katherine May (ကက်သရင်းမေ)က ဘဝ၏ “အေးစက်စက်နိုင်၍ခက်ခဲသော” ရာသီများတွင် အနားယူရန်နှင့် ပြန်လည်အားဖြည့်ရန် လိုအပ်မှုကို ဖော်ပြရန် ဤစကားလုံးကို သုံးခဲ့သည်။ ကင်ဆာရောဂါကြောင့် အဖေ့ကို ဆုံးရှုံးခဲ့ရပြီးနောက် လများစွာ ကျွန်တော်အားအင်မဲ့စွာခံစားခဲ့ရ၍ ထိုနှိုင်းယှဥ်ချက်က အထောက်အကူဖြစ်ခဲ့သည်။ ဤသို့အရှိန်လျှော့ရခြင်းကို မကျေမချမ်းဖြစ်ပြီး၊ နွေရာသီဘဝ ပြန်ရောက်လာရန်ဆုတောင်းရင်း ကျွန်တော်၏ ဆောင်းရာသီကို တွန်းလှန်ခဲ့သည်။ သို့သော် ကျွန်တော်သင်ယူစရာများစွာ ရှိခဲ့သည်။

စိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်၊ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်၊ ညဥ်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန် စသည်ဖြင့် “မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ”ကြောင်း ဒေသနာကျမ်း၏ဖော်ပြချက်က (၃:၁-၄) ထင်ရှားလှသည်။ ထိုကျမ်းပိုဒ်ကို ကျွန်တော်နှစ်ပေါင်းများစွာ ဖတ်ခဲ့သော်လည်း ကျွန်တော့်ဘဝ၏ ဆောင်းခိုချိန်တွင်မှ ၎င်းကို နားလည်သဘောပေါက်ခဲ့သည်။ ထိုအရာများအပေါ်…

သခင်ယေရှုအတွက် သတ္တိရှိခြင်း

အေဒီ ၁၅၅ တွင် ကနဦး အသင်းတော်ဖခင်ကြီး Polycarp (ပိုလီခ့ါ)သည် ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် သူ့အား မီးရှို့သတ်မည်ဟုခြိမ်းခြောက် ခံရသည်။ “ကျွန်ုပ်သည် (၈၆) နှစ်လုံးလုံး ခရစ်တော်၏အစေခံဖြစ်လာခဲ့ပြီး၊ ကိုယ်တော်သည် ကျွန်ုပ်အပေါ် မမှန်ကန်သောအရာများ မပြုခဲ့ပါ။ ကျွန်ုပ်ကို ကယ်တင်ခဲ့သောရှင်ဘုရင်ကို ကျွန်ုပ်မည်သို့ ပြစ်မှားနိုင်မည်နည်း”ဟု တုံ့ပြန်ခဲ့ သည်။ ကျွန်ုပ်တို့၏ရှင်ဘုရင် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းကြောင့် ပြင်းထန်သော စုံစမ်းခြင်းများ ကြုံတွေ့ရသည့်အခါ ပိုလီခါ့ ၏တုံ့ပြန်မှုက ကျွန်ုပ်တို့အတွက် လှုံဆော်အားပေးမှုဖြစ်စေနိုင်ပါသည်။

သခင်ယေရှုမသေဆုံးမီ နာရီပိုင်းအလိုတွင် ပေတရုက “ကိုယ်တော်အဖို့ အကျွန်ုပ်၏ အသက်ကို စွန့်ပါမည်” ဟု (ယော ၁၃:၃၇)၊ ခရစ်တော်ကို သစ္စာခံရန် ရဲဝံ့စွာ ကတိပြုခဲ့သည်။ ပေတရုက သူ့ကိုယ်သူသိသည်ထက် သခင်ယေရှုက သူ့ကို ပိုသိသည်။ “ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု…

ဘုရား၏လက်လှမ်းမီမှုအတွင်း

အရာရှိတစ်ဉီးက ကျွန်မကိုစစ်ဆေးရှာဖွေပြီးနောက် ခရိုင်ထောင်တွင်းသို့ ကျွန်မ ဝင်သွားကာ ဧည့်သည်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး လူပြည့်ကြပ်နေသော ဧည့်သည်စောင့်ခန်းတွင် ထိုင်နေလိုက်သည်။ ကလေးများက စောင့်ဆိုင်းနေရခြင်းကို ညည်းညူနေချိန်၊ လူကြီးများက ယောက်ယက်ခတ်နေကာ သက်ပြင်းချနေကြသည်ကို ကြည့်ပြီး ကျွန်မတိတ်တဆိတ် ဆုတောင်းနေမိသည်။ တစ်နာရီကျော်ကြာပြီးနောက် လက်နက်ကိုင်အစောင့်တစ်ယောက်က ကျွန်မနာမည်အပါအဝင် နာမည်စာရင်းကိုခေါ်ပြီး၊ ကျွန်မတို့အဖွဲ့ကို အခန်းတစ်ခုထဲ ခေါ်သွားကာ မိမိထိုင်ရမည့်နေရာကို ပြသည်။ ကျွန်မခင်ပွန်း၏သား (လင်ပါသား)သည် မှန်ထူထူပြတင်းပေါက်၏တစ်ဘက်၌ ထိုင်ပြီး တယ်လီဖုန်းလက်ခံစက်ကို ကိုင်လိုက်စဥ် နက်ရှိုင်းသောအကူအညီမဲ့မှုက ကျွန်မကို လွှမ်းခြုံသွားတော့သည်။ သို့သော် ကျွန်မငိုနေစဥ် သားသည် ဘုရားသခင်၏လက်လှမ်းမီမှုတွင် ရှိနေဆဲဖြစ်ကြောင်း ကိုယ်တော်က ကျွန်မကို ယုံကြည်စိတ်ချစေခဲ့သည်။

ဆာလံကျမ်း ၁၃၉ တွင် ဒါဝိဒ်က “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။ ... အကျွန်ုပ်ကျင့်သောအကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏” (:၁-၃) ဟုဆိုသည်။ အကြွင်းမဲ့သိတော်မူသောဘုရားသခင်ဖြစ်ကြောင်း…

နိုင်ငံများကို စည်းလုံးစေခြင်း

ကမ္ဘာ့အရှည်ဆုံး နိုင်ငံတကာနယ်စပ်မျဉ်းသည် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ တို့ကြားတွင်ရှိပြီး မယုံနိုင်စရာ ကုန်းမြေနှင့်ရေပြင် ၅,၅၂၅ မိုင် ရှည်သည်။ နယ်နမိတ်မျဥ်း မမှား‌အောင် အလုပ်သမားများက နယ်နမိတ်မျဥ်း နှစ်ဘက်စလုံးတွင် (၁၀) ပေ အကျယ်ထိ သစ်ပင်များကို ပုံမှန်ခုတ်လှဲရသည်။ “နယ်နိမိတ်ခြား” ဟုခေါ်သော ရှည်လျားသည့် ခုတ်ထွင်ရှင်းလင်းပြီး မြေနေရာကို ကျောက်အမှတ်အသားပေါင်း ၈,၀၀၀ ကျော်ဖြင့် အမှတ်သားပြုထားခြင်းကြောင့် လာရောက်လည်ပတ်သူများက နယ်နိမိတ်ခြား မျဥ်းကျရောက်သည့် နေရာကို အမြဲသိနေသည်။

“နယ်နိမိတ်ခြား” သဘာဝသစ်တောရှင်းလင်းမှုသည် အစိုးရများနှင့် ယဥ်ကျေးမှု ခွဲခြားခြင်းကို ကိုယ်စားပြုဖော်ပြနေသည်။ သခင်ယေရှုကို ယုံကြည်သူများ အနေဖြင့် ဘုရားသခင်သည် ထိုအရာကို ပြောင်းပြန်ဖြစ်စေပြီး ကိုယ်တော်၏ အုပ်ချုပ်မှုအောက်တွင် ကမ္ဘာတစ်ဝန်းရှိ လူမျိုးအားလုံးကို စည်းလုံးစေမည့်အချိန်ကို ကျွန်မတို့ စောင့်မျှော်နေသည်။ ပရောဖက်ဟေရှာယက ဗိမာန်တော်ကို ခိုင်မြဲစွာတည်ထောင်မည့် အနာဂတ်ကာလကို ဟောပြောခဲ့သည် (ဟေရှာ ၂:၂)။…

ဘုရားသခင်၏လက်တော်ထဲတွင်

အသက် (၁၈) နှစ် ပြည့်သွားသော ကျွန်မသမီးလေး၏ဘဝတွင် ဘဝသစ်စတင်လာပါပြီ။ ယခု တရားဝင်အသက်ပြည့်ပြီဖြစ်၍ သူမသည် နောင်လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြီး အထက်တန်းကျောင်းပြီးလျှင် ဘဝကို စတင်တော့မည်ဖြစ်သည်။ လောကကြီးကို သူမဘာသာရင်ဆိုင်ရသည့်အခါ ငွေရေး ကြေးရေးစီမံရန်၊ ကမ္ဘာ့ရေးရာများကို နိုးနိုးကြားရှိရန်နှင့် ခိုင်မာသော ဆုံးဖြတ်ချက်ချရန် စသည်တို့အတွက် လိုအပ်မည့်ဉာဏ်ပညာများကို သူ့အားမျှဝေရန် ကျွန်မနှင့်အတူ တစ်မိုးအောက်တည်း၌ သူရှိနေမည့် အဖိုးတန်အချိန်များစွာမရှိတော့ဟု ဤပြောင်းလဲမှုက ကျွန်မ၏စိတ်၌ အရေးတကြီးခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။

သမီးလေးက သူ့ဘဝကို ကိုင်တွယ်နိုင်ရန်အတွက် ပြင်ဆင်ပေးရမည့်ကျွန်မ၏တာဝန်ကို နားလည်နိုင်ပါသည်။ တကယ်တော့ ကျွန်မ သူမကို ချစ်ပြီး သူမကို တိုးတက်အောင်မြင်စေချင်သည်။ သို့သော် အရေးကြီးသည့်အခန်းကဏ္ဍ၌ ကျွန်မရှိနေသော်လည်း ၎င်းသည် ကျွန်မ၏တစ်ခုတည်းသော (သို့) အဓိကအလုပ်မဟုတ်မှန်း ကျွန်မသိသည်။ သခင်ယေရှုအကြောင်းကို သူသင်ပေးခဲ့၍ ယုံကြည်ခြင်း၌ သူ၏သားသမီးများသဖွယ်ဖြစ်သည့် သက်သာလောနိတ်မြို့သားများအား မိန့်ကြားသောစကားတွင် အချင်းချင်းကို…

ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း

Angela (အန်ဂျလာ)၏မိသားစုသည် ရက်သတ္တပတ် လေးပတ်တာကာလအတွင်း ဆွေမျိုးအရင်းအချာ (၃) ဦး သေဆုံးသွားသောကြောင့် ဝမ်းနည်းပူဆွေးမှုကို ဆက်တိုက်တွေ့ကြုံခံစားရခဲ့ရသည်။ သူ၏တူ ရုတ်တရက်သေဆုံးပြီးနောက် သူနှင့် သူ့ညီအစ်မနှစ်ဦးသည် အရိုးအိုးဝယ်ရန်၊ အစားအသောက်ဝယ်ရန်နှင့် ဈာပနအခမ်းအနား တတ်ရောက်ရန် အပြင်ထွက်ခြင်းမှလွဲ၍ သုံးရက်တာမျှ မီးဖိုချောင်စားပွဲပတ်လည်တွင် တွေ့ဆုံခဲ့ကြသည်။ တူလေးဆုံးပါးခြင်းအတွက် သူတို့ဝမ်းနည်းခဲ့သော်လည်း ညီမ‌ထွေး၏ဝမ်းတွင်း၌ ရှင်သန်ကြီးထွားနေသော အသက်သစ်ကို အယ်လ်ထရာစောင်း ဓာတ်မှန်ရိုက်ထားသည့်ရုပ်ပုံများကို ကြည့်ပြီး ပျော်ခဲ့ကြသည်။

ဤအချိန်တွင် အန်ဂျလာသည် ဓမ္မဟောင်းကျမ်းရှိ ဧဇရမှတ်စာမှ သက်သာရာနှင့် မျှော်လင့်ခြင်းကို တွေ့ရှိခဲ့သည်။ ဗာဗုလုန်လူတို့သည် ဗိမာန်တော်ကို ဖျက်ဆီးပြီး ဣသရေလလူမျိုးတို့ကို ၎င်းတို့ချစ်သောမြို့တော်မှဆွဲထုတ် ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက်၊ လူမျိုးတော်တို့ ယေရုရှလင်မြို့သို့ ပြန်လာသည့်အကြောင်းကို ဖော်ပြထားသည် (ဧဇ ၁)။ ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကို ဧဇရကြည့်ရှုစဥ် ဘုရားသခင်အား ဝမ်းမြောက်စွာ ချီးမွမ်းသံကို ကြားခဲ့သည် (၃:၁၀-၁၁)။ သို့သော် ဖမ်းဆီးခေါ်ဆောင်မခံရမီက…