အမျိုးအစား  |  odb

မဟုတ်မမှန် အတင်းအဖျင်းပြောဆိုခြင်း

Pep (ပက်)သည် ပြည်နယ်အုပ်ချုပ်ရေးမှူးဇနီး၏ကြောင်ကို သေစေခဲ့သည်ဟု သတင်းစာမှကြေညာခဲ့သော်လည်း ထိုအမှုကို ပက် မကျူးလွန်ခဲ့ပါ။ ဖြစ်နိုင်ခြေရှိသည့် တစ်ခုတည်းသောပြစ်မှုမှာ အုပ်ချုပ်ရေးမှူးအိမ်ရှိ ဆိုဖာကို ကိုက်ဖြဲမိခြင်းသာ ဖြစ်နိုင်သည်။ ပက်သည် ၁၉၂၀ ပြည့်နှစ်ကာလများတွင် အမေရိကန်နိုင်ငံ၊ ပန်ဆယ်ဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gifford Pinchot (ဂစ်ဖော့ပင်ရှို)၏အားမာန် အပြည့် တက်ကြွဆော့ကစားတတ်သော လဘရာဒေါ ရီထရီဗာ ခွေးလေးဖြစ်သည်။ အမှန်တွင် ထိုခွေးသည် အရှေ့ပိုင်းပြည်နယ်အကျဥ်းထောင်သို့ အပို့ခံခဲ့ရပြီး၊ ထိုနေရာ၌ ၎င်း၏မျက်နှာ မှတ်တမ်းကို အကျဥ်းသားနံပါတ်နှင့်အတူ ဓာတ်ပုံရိုက်ခံခဲ့ရသည်။ သတင်းထောက်တစ်ဦးက ထိုအကြောင်းကို ကြားရာမှ ကြောင်ဇာတ်လမ်းကို လုပ်ကြံရေးသားခဲ့ခြင်းဖြစ်သည်။ သတင်းစာ၌ သူရေးသားသည့်သတင်းပါလာခြင်းကြောင့် ပက်သည် ကြောင်ကို သတ်ခဲ့သည်ဟု လူများစွာက ယုံကြည့်ခဲ့ကြသည်။

ဣသရေလဘုရင် ရှောလမုန်သည် သတင်းအမှား၏ ကြီးမားသည့် အန္တရာယ်ကို ကောင်းစွာ သိနားလည်ခဲ့သည်။ “ကုန်းတိုက်သောသူ၏စကားသည် မြိန်သောခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏”ဟု သူရေးသားခဲ့သည်…

အစဥ်အမြဲယုံကြည်ကိုးစားထိုက်သော

ကျွန်မသည် စိုးရိမ်ပူပန်တတ်သူတစ်ဦး ဖြစ်သည်။ မနက်စောစောအချိန်ဆိုလျှင် မိမိအတွေးများနှင့် တစ်ဦးတည်းဗျာများနေခြင်းကြောင့် အဆိုးဆုံးဖြစ်သည်။ ထို့ကြောင့် “အသက်ရှင်သော ဘုရားတစ်ပါးရှိတယ်။ သမ္မာကျမ်းစာထဲမှာ သူစကားပြောခဲ့တယ်။ သူ့စကားတော်များကို သူပြောတဲ့အတိုင်း အလေးနက်ဆိုလိုပြီး၊ သူကတိပေးထားတဲ့အရာအားလုံးကိုလည်း လုပ်ဆောင်မှာဖြစ်တယ်” ဟူသည့် သာသနာပြုဆရာကြီး Hudson Taylor (ဟဒ်ဆန်တေလာ)၏ စကားကို ကျွန်မ စိုးရိမ်ကြောက်ရွံ့မှုခံစားရချိန်၌ မြင်နိုင်မည့်နေရာဖြစ်သည့် ရေချိုးခန်းကြည့်မှန်၌ ကပ်ထားလိုက်သည်။

ဆရာကြီးတေလာ၏စကားများသည် နှစ်ပေါင်းများစွာ ဘုရားရှင်နှင့်လျှောက်လှမ်းခဲ့သည့် အသက်တာမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘုရားသခင် မည်သူမည်ဝါဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ဖျားနာခြင်း၊ ဆင်းရဲမွဲတေခြင်း၊ အထီးကျန်ခြင်းနှင့် ဝမ်းနည်းရခြင်း စသည့်အချိန်များ၌ ကိုယ်တော်မစပေးနိုင်သည့် အရာများအကြောင်း သတိပေး လျက်ရှိသည်။ ဘုရားရှင်သည် ယုံကြည်ကိုးစားထိုက်ကြောင်းကို သူ‘သိ’ရုံမျှမက၊ ယုံကြည်ကိုးစားထိုက်မှုကို သူ‘တွေ့ကြုံခံစား’ခဲ့ရသည်။ ဘုရားကတိတော်များအား သူယုံကြည်လျက် နာခံလိုက်လျှောက်ခြင်းကြောင့် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးတို့သည် သခင်ယေရှုထံ သူတို့၏အသက်တာကို ယုံကြည်အပ်နှံခဲ့ကြသည်။

ဘုရားသခင်နှင့် ကိုယ်တော်၏နည်းလမ်းများကို တွေ့ကြုံခံစားခဲ့ရခြင်းက…

ကျယ်လောင်စွာ ရယ်မောခြင်း

“ရယ်မောခြင်းကို ကျွန်ုပ်တို့ မဖန်တီးသလို ကျွန်ုပ်တို့ရဲ့အကြံဉာဏ်လည်း မဟုတ်ပါဘူး။ ဘဝခရီးကို ဖြတ်သန်းရာမှာ ရယ်မောခြင်းကို ကျွန်ုပ်တို့ လိုအပ်မယ်ဆိုတာကို သိတဲ့သူ(ဘုရားသခင်)က ရယ်မောခြင်းကို ပေးခဲ့ခြင်းဖြစ်တယ်။ အခက်အခဲ တွေ ရင်ဆိုင်ရမယ်၊ ရုန်းကန်မှုတွေ ကြုံရမယ်၊ ဒီလိုကိစ္စတွေ ဖြစ်လာမယ် ဆိုတာကို ကိုယ်တော်သိလို့ ရယ်မောခြင်းကို လက်ဆောင်ဖြစ် ကျွန်ုပ်တို့ကို သူပေးခဲ့တာဖြစ်တယ်” ဟု ဟာသပညာရှင် John Branyan (ဂျွန်ဘရန်ယန်)က ဆိုသည်။

ဘုရားသခင်ဖန်ဆင်းသည့်သတ္တဝါများကို ဖြတ်ကနဲ ကြည့်လိုက်ပါက သူတို့၏ ထူးခြားဆန်းကြယ်မှုများ (ဘဲတူ ဖျံတူလေးများ) (သို့) ဟာသလုပ်ရပ်များ (အဆော့သန်သည့် ဖျံလေးများ)က ရယ်ရွှင်စရာများ ပေးနိုင်သည်။ သမုဒ္ဒရာထဲရှင်သန်သည့် နို့တိုက်သတ္တဝါများနှင့် မပျံသန်းနိုင်သည့် ခြေတံရှည်ငှက်များကို ဘုရားရှင် ဖန်ဆင်းခဲ့သည်။ ဘုရားရှင်သည် ရွှင်မြူးဖွယ်ရာများပြုလုပ်ခဲ့သလို သူ့သဏ္ဌာန်တော်အတိုင်းဖန်ဆင်းထားသော ကျွန်ုပ်တို့သည်လည်း ရယ်မောပျော်ရွှင်မှုကို ပိုင်ဆိုင်ထားသည်။

သမ္မာကျမ်းစာ၌ ‘ရယ်မောခြင်း’ ဟူသည့်…

ပေါင်းပင်များကို ရေလောင်းခြင်း

ဒိုင်နိုဆောရုပ်ရှင်ဇာတ်ကား ‘Jurassic Park’ မှ မြင်ကွင်းကဲ့သို့ ယခုဆောင်းဦးရာသီ၌ ကျွန်ုပ်တို့၏ခြံနောက်ဖေးတွင် ပေါင်းပင်များပေါက်လာသည်။ ပေါင်းပင်တစ်ပင်မှာ အလွန်ကြီးနေ၍ ထိုအပင်ကို နှုတ်ရန် ကြိုးစားချိန်၌ မိမိဒဏ်ရာရသွားမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ အပင်ခုတ်ပစ်ရန် ဂေါ်ပြားတစ်ချပ် ရှာမတွေ့မီတွင် သမီးက ထိုအပင်အား ရေလောင်းနေသည်ကို သတိထားမိသည်။ “ပေါင်းပင်တွေကို ဘာလို့ရေလောင်းနေတာလဲ” ဟု အလန့်တကြားမေးရာ၊ “ဒီအပင် ဘယ်လောက်ထိ ကြီးလာနိုင်မလဲဆိုတာ သမီးတွေ့ချင်လို့” ဟု သူပြောင်ချော်ချော်နှင့် ပြန်ဖြေသည်။

ပေါင်းပင်များသည် ကျွန်ုပ်တို့ ‘တမင်တကာ’ ပျိုးထောင်ချင်သည့် အပင်မျိုးမဟုတ်ပါ။ သို့သော် ထိုအကြောင်းကို ဆင်ခြင်ရင်း၊ တစ်ခါတစ်ရံ မိမိဝိညာဥ်အသက်တာ၏ကြီးထွားမှုကို ချုပ်ကိုင်ဖျစ်ညှစ်သည့် စိတ်အလိုဆန္ဒများအား အစာကျွေးလျက် ဝိညာဥ်ရေး၌ “ပေါင်းပင်များ”ကို ရေလောင်းနေသည်ကို နားလည်မိပါသည်။

ရှင်ပေါလုသည် ဂလာတိဩဝါဒစာ ၅:၁၃-၂၆ တွင် ထိုအကြောင်းကို ရေးသားထားပြီး ဇာတိပကတိအတိုင်း အသက်ရှင်ခြင်းနှင့် ဝိညာဥ်ပကတိအတိုင်းအသက်ရှင်ခြင်းကို…

ခွန်အားကြီးလျက် ကောင်းမြတ်သော

ဒုက္ခတွေ့နေသော ကောလိပ်သာသနာတာဝန်ခံ လူရွယ်အမှုတော်ဆောင်ကို ဘုရား သခင်ထံမှ လမ်းညွှန်မှုနှင့်မစကူညီမှုအတွက် ဆုတောင်းပါသလားဟု ကျွန်မအရဲစွန့်မေးလိုက်သည့်အခါ သူစိတ်ရှုပ်သွားပုံရသည်။ ရှင်ပေါလုတိုက်တွန်းထားသကဲ့သို့ မခြားမလပ် ဆုတောင်းရပါမည်။ “ဆုတောင်းခြင်းကို ကျွန်တော် ယုံကြည်သေးလား၊ ဒါမှမဟုတ် ဘုရားသခင် နားထောင်နေတယ်ဆိုတာကို ယုံသေးရဲ့လားဆိုတာ မသေချာတော့ဘူး” ဟု မျက်မှောက်ကြုတ်ကာ သူဝန်ခံသည်။ သူသည် အမှုတော်လုပ်ငန်းတစ်ခုကို သူ၏ခွန်အားအစွမ်းနှင့် “တည်ထောင်”နေခြင်းဖြစ်ပြီး၊ ဝမ်းနည်းစရာမှာ ထိုလုပ်ငန်း ကျရှုံးနေသည်။ ဘုရားသခင်ကို သူ ငြင်းပယ်နေ၍ ဖြစ်သည်။

အသင်းတော်၏ တိုက်ထောင့်အထွတ်ကျောက်ဖြစ်သော သခင်ယေရှုသည် အစဥ်အမြဲ ငြင်းပယ်ခံရပြီး၊ စင်စစ် ပထမဆုံး သူ့လူမျိုး၏ငြင်းပယ်ခြင်းကို ခံခဲ့ရသည် (ယော ၁:၁၁)။ ယနေ့တွင်လည်း လူများစွာတို့သည် သူ့အား ငြင်းပယ်လျက်ရှိပြီး၊ ခိုင်ခံ့မှုအားနည်းသော အုတ်မြစ်များဖြစ်သည့် မိမိတို့၏ ကိုယ်ပိုင်အကြံအစည်၊ စိတ်ကူးအိပ်မက်များနှင့် အားကိုးအားထားမပြုနိုင်သော အခြားအရာများအပေါ် အခြေပြုလျက် သူတို့၏ဘဝ၊ အလုပ်အကိုင်နှင့် အသင်းတော်ကိုပင်…

လက်လွှတ်လိုက်ပါ

ဆရာကြီး Augustine (ဩဂတ်စတင်း)၏ ကိုယ်ရေးအထ္ထုပ္ပတ္တိ ‘Confessions’ (ဝန်ခံချက်)စာအုပ်တွင် သူ သခင်ယေရှုထံသို့ ‌ရောက်ရန်အ‌ရေး ရှည်လျားကွေ့ကောက်စွာ လှမ်းခဲ့ရသည့်ခရီးကို ဖော်ပြထားသည်။ တစ်ကြိမ်တွင် သူသည် အင်ပါယာဧကရာဇ်မင်းအား မြှောက်ပင့်ချီးမွမ်းခန်းဖွင့်ရန် နန်းတော်သို့မြင်းစီးခရီးပြုခဲ့သည်။ လှည့်ဖြားမြှောက်ပင့်ရမည့်အရာအတွက် သူစိတ်ထင့်နေစဥ် “ဟာသလုပ်ပြီး ရယ်မော နေသည့်” အရက်သမား သူတောင်းစားတစ်ဦးကို သူသတိထားမိသည်။ သူက ကလိမ်ကကျစ် အသက်မွေးမှရရှိမည့် ပျော်ရွှင်မှုသည် ခဏသာတည်စေဦးတော့၊ ထိုအမူးသမားက အားစိုက်ထုတ်ရမှုမရှိဘဲ ပျော်ရွှင်ရယ်မောနေသည်။ သို့နှင့် ဩဂတ်စတင်းသည် လောကအောင်မြင်မှုကို ကြိုးစားရယူနေခြင်းအား ရပ်တန့်ခဲ့သည်။

သို့သော် သူသည် တဏှာရာဂ၏ ကျေးကျွန်ဖြစ်နေဆဲဖြစ်ပြီး၊ အပြစ်ဆက်ပြုနေပါက သခင်ယေရှုထံ လာ၍မရနိုင်မှန်းသိလျက် လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုနှင့် ရုန်းကန်ရဆဲဖြစ်သည်။ သူက “သီလကို ပေးတော်မူပါ။ သို့သော် ယခုမဟုတ်သေးပါ” ဟုဆုတောင်းခဲ့သည်။

ဩဂတ်စတင်းသည် တောက်လျှောက် အမှားများပြုခဲ့ပြီး ကယ်တင်ခြင်းနှင့် ဒုစရိုက်ကြား ရုန်းကန်လျက်…

အသုံးပြုရန်အတွက် တိုလွန်းသောကြိုး

အန်တီမာဂရက်၏ ချွေတာမှုက ပြောစမှတ်ပြုထိုက်သည်။ သူမကွယ်လွန်ပြီးနောက် သူမနှင့်သက်ဆိုင်သည့်အရာများကို ရှင်းထုတ်ရသည့်အလုပ်ကို သူမ၏တူမများက လွမ်းမောတသသနှင့် ခါးသီးချိုမြစွာ စတင်လုပ်ဆောင်ခဲ့ကြသည်။ အံဆွဲထဲရှိ ပလပ်စတစ်အိပ်ငယ်တစ်ခုတွင် သပ်ရပ်စွာ ထည့်ထားသည့် ကြိုးငယ်အပိုင်းအစများကို သူတို့တွေ့ရှိခဲ့ပြီး၊ “အသုံးပြုရန် တိုလွန်းသောကြိုး” ဟူ၍ စာရေး၍ မှတ်သားထားသည်။

တစ်စုံတစ်ရာသည် အသုံးမဝင်တော့သည်ကို သိပြီး ၎င်းကို အသေအချာ ခွဲခြားသိမ်းထား‌အောင် မည်သည့်အရာက လူကို စေ့ဆော်သနည်း။ ဤသူသည် တစ်ချိန်က အလွန်အမင်းချို့တဲ့ဆင်းရဲမှုကို ခံစားခဲ့ရခြင်းကြောင့်ဖြစ်နိုင်သည်။

ဣသရေလလူမျိုးတို့သည် အီဂျစ်ပြည် ကျွန်ဘဝမှ လွတ်မြောက်လာသော အခါ ခက်ခဲသည့်ဘဝကို သူတို့နောက်ချန်ထားရစ်ခဲ့ကြသည်။ သို့သော် မကြာပါ။ သူတို့ထွက်မြောက်စေရန် ပို့ဆောင်သည့် ဘုရားသခင်ပြုသော အံ့ဩဖွယ်နိမိတ်များကို မေ့ပြီး အစားအစာအတွက် စောဒကတက်ကြတော့သည်။

သူ့ကို ယုံကြည်အားကိုးရန် ဘုရားသခင် အလိုရှိသည်။ သူတို့အတွက် ကန္တာရ အစာ မန္နမုန့်ကို ကိုယ်တော်ချပေးခဲ့ပြီး “လူတို့သည်…

သခင်ယေရှုကဲ့သို့ ချစ်ခြင်း

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီရာပြည်နယ်ရှိ အတ်တလန်တာမြို့ ဘူတာရုံတွင် ကျွန်မရထားစောင့်နေစဥ် ရှပ်အင်္ကျီလက်ရှည်နှင့်ဘောင်းဘီရှည် ဝတ်ဆင်ထားသည့် လူငယ် တစ်ဦးသည် ခုံတန်းပေါ်ထိုင်ကာ သူ၏လည်စည်းနက်ထိုင်း (tie) ချည်မရဖြစ်နေစဥ် သက်ကြွယ်အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းအား လူငယ်ကို ကူညီပေးရန် တိုက်တွန်း သည်။ သက်ကြွယ်အမျိုးသားက လူငယ်ထံ ခါးကိုင်း၍ နက်ထိုင်းကို မည်ကဲ့သို့ချည်ရမည်ကို သင်ပေးနေပုံကို တစ်စိမ်းတစ်ယောက်က ဓာတ်ပုံရိုက်ခဲ့သည်။ ထိုဓာတ်ပုံသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီး ဤကဲ့သို့ အလျင်းသင့်သလိုပြုသော ကြင်နာမှု အပြုအမူများ၏အစွမ်းတန်ခိုးကို ကြည့်ရှုသူများက အမျိုးမျိုးမှတ်ချက်ပေးကြသည်။

သခင်ယေရှုကို ယုံကြည်သူများအတွက် သူတစ်ပါးတို့အား ကြင်နာမှုပြုခြင်းသည် ကျွန်ုပ်တို့ကဲ့သို့သောသူများအတွက် မိမိကိုယ်ကို တင်လှူပူဇော်သည်အထိ သခင်ပြခဲ့သည့် အလေးထားဂရုပြုမှုကို ပေါ်လွင်ထင်ဟပ်စေခြင်း ဖြစ်သည်။ ထိုကြင်နာမှုအပြုအမူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖော်ပြချက်ဖြစ်ပြီး၊ “ငါတို့သည် အချင်းချင်းချစ်ကြရမည်” (၁ ယော ၃:၁၂) ဟူသည့် အချက်ကို သူ၏ တမန်တော်များ လက်တွေ့လုပ်ဆောင်ရန်…

ခွင့်လွှတ်ခြင်းတန်ခိုး

၂၀၂၁ ခုနစ် သတင်းမှတ်တမ်းများတွင် သာသနာပြု (၁၇)ဦးကို လူဆိုးဂိုဏ်းမှ ပြန်ပေးဆွဲခဲ့ကြောင်း ဖော်ပြထားသည်။ ထိုလူဆိုးဂိုဏ်းသည် သူတို့တောင်းသည့်ငွေ မရရှိပါက ဖမ်းဆီးထားသောအဖွဲ့ကို (ကလေးများအပါအဝင်) သတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ မယုံနိုင်စရာကောင်းလောက်အောင် သာသနာပြုများအားလုံး လွတ်မြောက်ခဲ့သည်။ လုံခြုံရာနေရာသို့ ရောက်သောအခါ သူတို့သည် သူတို့ကို ဖမ်းဆီးချူပ်နှောင်ခဲ့သူများအား “ခွင့်လွှတ်ခြင်းမေတ္တာသည် ရုန်းရင်းဆန်ခတ် အကြမ်းဖက်သည့် မုန်းတီးမှုထက် ပို၍အားကြီးကြောင်း၊ သခင်ယေရှုသည် ကိုယ်တိုင် ပုံသက်သေပြခဲ့သည်သာမက တရားစကားများဖြင့်လည်း သွန်သင်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သင့်တို့ကို ခွင့်လွှတ်သည်” ဟူသော သတင်းစကား ပေးပို့ခဲ့သည်။

သခင်ယေရှုက “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်” (မ ၆:၁၄) ဟုဆိုကာ ခွင့်လွှတ်ခြင်းသည် တန်ခိုးကြီးကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် ပေတရု၏မေးခွန်းကိုဖြေကြားစဥ် “အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင် လွှတ်ရမည်…

ဖန်ဆင်းခြင်းကို ရှာဖွေတွေ့ရှိခြင်း

ဥရောပ-အာရှတိုင်းပြည်ဖြစ်သည့် ဂျော်ဂျီရာနိုင်ငံရှိ Krubera-Voronja (ခရူဘရာ ဗရော်န်ဂျာ) လှိုဏ်ဂူသည် ကမ္ဘာဂြိုဟ်တွင် လေ့လာတွေ့ရှိရသမျှသော အနက်ဆုံးဂူများထဲမှ ဂူတစ်ဂူဖြစ်သည်။ စူးစမ်းလေ့လာသူ အဖွဲ့တစ်ဖွဲ့သည် မှောင်မဲ၍ ကြောက်စရာကောင်းသော ကမ္ဘာမြေကြီးနက်နဲရာထဲသို့ ၂,၁၉၇ မီတာ (၇,၂၀၈ ပေ) မတ် စောက်၍ တိုးဝင်သွားသော ထိုလှိုဏ်ဂူကြီးကို ချင်းနင်းကရိယာစမ်းတံဖြင့် ထောက်စမ်းရှာဖွေကြသည်။ အလားတူ လှိုဏ်ဂူများ လေးရာခန့်ရှိပြီး၊ ထိုတိုင်းပြည်၏အခြားဒေသများနှင့် ကမ္ဘာတစ်ဝန်းတွင် အသီးသီးရှိကြသည်။ လှိုဏ်ဂူကြီးများစွာကို ထပ်မံလေ့လာတွေ့ရှိကြပြီး လှိုဏ်ဂူအနက်ပေသစ် စံချိန်များကိုလည်း ချမှတ်နိုင်ကြသည်။

ဖန်ဆင်းခြင်း၏အံ့ဩဖွယ်ရာများသည် စူးစမ်း၍ မကုန်နိုင်အောင်ရှိနေပြီး ကျွန်ုပ်တို့အသက်ရှင် နေထိုင်သော စကြဝဠာကြီးအပေါ် ကျွန်ုပ်တို့၏နားလည်မှုကို ထပ်လောင်းဖြည့်စွက်ပေးလျက်၊ ကမ္ဘာပေါ်ရှိ နှိုင်းယှဥ်ရာမဲ့ဖြစ်သော ဘုရားသခင်၏ လက်ရာတော်ဖြစ်သည့် ဖန်ဆင်းခြင်းအပေါ် အံ့ဩမှုကို ဖြစ်စေသည်။ ဘုရားသခင်သည် ကြီးမြတ်တော်မူခြင်းကြောင့် သူ့အား “ရွှင်လန်းစွာ သီချင်းဆိုကြရန်” နှင့် “ကြွေးကြော်ကြရန်” ဆာလံဆရာက ကျွန်ုပ်တို့အားလုံးကို…