အမျိုးအစား  |  odb

သင်မည်သူဖြစ်သည်...

ဆယ်နှစ်ကြာမျှ ကလေးမရဘဲ နေခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကျွန်ုပ်တို့ဇနီးမောင်နှံသည် နိုင်ငံသစ်တစ်ခုတွင် ဘဝပြန်လည်စတင်ရန် ရွေးချယ်ခဲ့သည်။ အပြောင်းအရွေ့ ကြောင့် စိတ်လှုပ်ရှားရသလို ကျွန်ုပ်၏ရုပ်သံလွှင့် အသက်မွေးဝမ်းကြောင်းအလုပ်ကိုလည်း ထားခဲ့ရသဖြင့် ဆုံးရှုံးသွားသလိုခံစားရ၍ သူငယ်ချင်းလီယမ်အား အကြံဉာဏ်တောင်းခဲ့သည်။ “ငါ့ကိုဘုရားသခင်က ဘာလုပ်စေချင်မှန်းတောင် မသိတော့ဘူး”ဟု လီယမ်ကို စိတ်ပျက်လက်ပျက်နှင့်ပြောရာ၊ “မင်းဒီမှာ အသံမလွှင့်ဘူးလား”ဟု သူမေးသဖြင့် “မလွှင့်ဘူး”ဟု ပြန်ဖြေလိုက်သည်။ “ဒါနဲ့မင်းရဲ့အိမ်ထောင် ရေးကော ဘယ်လိုလဲ”ဟု သူအကြောင်းအရာပြောင်းပြီးမေးသဖြင့် အံ့ဩသွားပြီး ကျွန်ုပ်တို့ အခြေအနေကောင်းကြောင်း ပြန်ပြောလိုက်သည်။ ကြေကွဲမှုကိုနှစ်ဦးအတူရင်ဆိုင်ခဲ့ရငြားလည်း အတွေ့အကြံုများကြား ကျွန်ုပ်တို့ ပိုမိုနီးကပ်လာသည်။

“ကတိသစ္စာတည်ခြင်းဟာ ဧဝံဂေလိတရားရဲ့ ဗဟိုချက်ဖြစ်တယ်။ မင်းတို့လို ကတိသစ္စာတည်တဲ့ အိမ်ထောင်မျိုးကို ကမ္ဘာကြီး မြင်‌စေချင်တယ်။ မင်းဘာလုပ်တယ်ဆိုတာကို ကျော်ပြီး မင်းရဲ့ဖြစ်တည်မှုအတိုင်း ရှိနေဖြစ်နေတာက ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲဆိုတာ မင်းသိချင်မှသိမယ်”ဟု သူကပြုံးလျက် ပြောသည်။

အလုပ်အခြေအနေခက်ခဲမှုကြောင့် တိမောသေ စိတ်ပျက်အားလျော့သောအခါ…

အပြန်အလှန်အားပေးမှု

နောက်ထပ်တစ်ပတ် ဆေးကုသမှုခံယူပြီး နောက်ဆက်တွဲပြဿနာများကြောင့် ခြေကုန်လက်ပန်းကျလျက် ဆိုဖာပေါ်သို့ ကျွန်မပစ်လှဲချလိုက်သည်။ မည်သည့်အရာမျှ မစဉ်းစားချင်။ မည်သူတစ်ဦးတစ်ယောက်နှင့်မျှလည်း စကားမပြောလို။ ဆုပင်မတောင်းနိုင်တော့ပါ။ စိတ်ဓာတ်ကျခြင်းနှင့်သံသယစိတ်များက ဖိစီးလျက် ကျွန်မ ရုပ်မြင်သံကြားကို ဖွင့်လိုက်သည်။ ကျွန်မကြည့်မိသည့် ကြော်ငြာတစ်ခုတွင် မိန်းကလေးငယ်တစ်ဦးက သူ့မောင်ငယ်လေးကို “မင်းက ချန်ပီယံ တစ်ယောက်ပါ” ဟုပြောနေသည်။ သူမက ဆက်ပြီး အခိုင်အမာ ထပ်ပြောသောအခါ သူ့မောင်လေးနှင့်အတူ ကျွန်မ၏အပြုံးလည်း နားရွက်တက်ချိတ်လေပြီ။

ဘုရားသခင်၏လူများသည် စိတ်ဓာတ်ကျခြင်း၊ သံသယများနှင့် အစဥ်ရုန်းကန်ခဲ့ရသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏အသံကိုကြားနိုင်သည်ဟု အခိုင်အမာပြောသည့် ဆာလံကျမ်း ၉၅ ကို ကိုးကား၍ ဟေဗြဲဩဝါဒစာရေးသူက သခင်ယေရှုကို ယုံကြည်သူများအား ကန္တာရ၌လှည့်လည်စဉ် ဣသရေလူမျိုးတို့ပြုခဲ့သော အမှားများကို ရှောင်ကြဥ်ရန် (ဟေဗြဲ ၃:၇-၁၁)၊ “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြု(ရန်) ...…

သတိပေးချက်အသံ

ခလောက်မြွေနှင့် နီးနီးကပ်ကပ် သင်ရင်ဆိုင်ဖူးပါသလား။ ရင်ဆိုင်ဖူးပါက ခလောက်မြွေ၏မြည်သံသည် ၎င်းအနီးသို့ သင်တိုးသွားမိလျှင်ပို၍ ပြင်းထန်စွာမြည်လာသည်ကို သင်သတိပြုမိလိမ့်မည်။ ‘Current Biology’ (မျက်မှောက်ဇီဝဗေဒ)သိပ္ပံနည်းကျဂျာနယ်တွင် သုတေသနပြုချက်အရ ၎င်းတို့အနီးသို့ အန္တရာယ်တစ်စုံတစ်ရာချဥ်းလာပါက မြွေသည် ခလောက်မြည်သံနှုန်းကို မြှင့်ကြကြောင်း ဖော်ပြထားသည်။ ဤမြန်နှုန်းမြင့်ခလောက်သံကြောင့် ၎င်းတို့ရှိသည့်နေရာထက် ပိုနီးစွာရှိနေသည်ဟု ကျွန်ုပ်တို့ ထင်မိစေသည်။ သုတေသီတစ်ဦးက “ကြားရသူအတွက် အကွာအဝေးကို လွဲမှားခန့်မှန်းမိခြင်းက ... ၎င်းတို့အတွက် ပို၍လုံခြုံစိတ်ချရသည့် အကွာအဝေးကို ဖြစ်စေသည်” ဟုဆိုပါသည်။

လူတို့သည်လည်း ပဋိပက္ခဖြစ်ပြီဆိုလျှင် ဒေါသထွက်ပြ၊ အော်ဟစ်လျက် အသံကိုမြှင့်ပြီး ကြားရသူများကို အဝေးသို့ပြေးစေသည့် ပြင်းထန်သောစကားလုံးများကို သုံးတတ်ကြသည်။ သုတ္တံကျမ်းကို ရေးသူက “ဖြည်းညင်းသောစကားသည် စိတ်ကို ဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏” (သု ၁၅:၁)ဟု ထိုအချိန်မျိုး၌ လုပ်ဆောင်သင့်သည့် ပညာသတိနှင့်ပြည့်စုံသည့်အကြံဉာဏ်ကို ပေးထားသည်။ ဆက်လက်၍လည်း “ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏”…

ပူပူနွေးနွေး စားစရာတစ်နပ်

အေးစိမ့်သည့် အောက်တိုဘာလတစ်ရက်တွင် (၅၄) နှစ်မြောက် မွေးနေ့အမှတ်တရ အဖြစ် အမျိုးသမီးတစ်ဦးကျွေးမွေးသည့် ကြက်ကင်၊ ပဲစိမ်း၊ စပါကတီခေါက်ဆွဲနှင့် ပေါင်မုန့်လုံးစသည့် ပူပူနွေးနွေးအစားအစာတို့ကို အနည်းဆုံး အိမ်ခြေမဲ့ လူ(၅၄) ဦး တို့ လက်ခံရရှိခဲ့သည်။ ထိုအမျိုးသမီးနှင့်သူ၏မိတ်ဆွေများက စားသောက်ဆိုင်၌ ခါတိုင်းကဲ့သို့ မွေးနေ့ပွဲဆင်နွဲရန် မလုပ်ဘဲ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့လမ်းမထက်မှလူများအတွက် ချက်ပြုတ်ကျွေးမွေးရန် ဆုံးဖြတ်ခဲ့ကြသည်။ အွန်လိုင်းလူမှုမီဒီယာတွင်လည်း အစီအစဥ်မရှိလည်း မွေးနေ့လက်ဆောင်အဖြစ် ထိုသို့ကြင်နာသောလုပ်ရပ်လေးများ လုပ်ဆောင်ကြရန် သူမ အားပေးထားသေးသည်။

ဤအဖြစ်အပျက်လေးက ရှင်မဿဲခရစ်ဝင် ၂၅ မှ “ငါအမှန်ဆိုသည်ကား သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ” (:၄၀) ဆိုသည့် သခင်ယေရှု၏စကားကို သတိရစေသည်။ သူ၏သိုးများသည် ၎င်းတို့၏အမွေကို ခံယူရန် ထာဝရကောင်းကင်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရမည် (:၃၃-၃၄)ဟု မိန့်ကြားပြီးနောက်တွင် သခင်က အထက်ပါအတိုင်း မိန့်တော်မူခြင်းဖြစ်သည်။ ထိုသူတို့သည်…

ကျွန်ုပ်နှင့်အတူ လျှောက်လှမ်းပါ

လွန်ခဲ့သောနှစ်အတန်ကြာက ဧဝံဂေလိဓမ္မသံစုံတေးအဖွဲ့တစ်ဖွဲ့၏ ‘Jesus walks with me’ (သခင်ယေရှု ကျွန်ုပ်နှင့်အတူလျှောက်လှမ်းသည်) ဟူသည့် ထပ်ဆိုရန် သီချင်းစာသားလေးက အအောင်မြင်ဆုံးသီချင်းအဖြစ် ပေါက်သွားသည်။ ထိုစာသား ၏နောက်ကွယ်တွင် အကျိုးသက်ရောက်မှုကြီးမားသည့် ဇာတ်လမ်းရှိနေခဲ့သည်။

ဂျက်ဇ်ဂီတပညာရှင် Curtis Lundy (ကားတစ်လန်ဒီ)သည် ကိုကင်းမူးယစ်ဆေးဖြတ်ရန် ကုသမှုခံယူချိန်၌ ထိုဓမ္မတေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သူကဲ့သို့ပင် ဆေးစွဲနေသူဘော်ဒါများကို ဆွဲခေါ်ပြီး ဓမ္မသီချင်းတစ်ပုဒ်အားဖြင့် တို့ထိနိုးဆော်မှုခံရသည့်အတိုင်း ထိုထပ်ဆိုရန်သီချင်းစာသားကို မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေး‌ ဂေဟာ၌ ရှိသူများအတွက် မျှော်လင့်ခြင်းသီချင်းအဖြစ် သူရေးစပ်ခဲ့သည်။ ထိုသီချင်းနှင့်ပတ်သက်၍ အဖွဲ့ဝင်တစ်ဦးက “ကိုယ့်အသက်တာအတွက် ကိုယ်ဆိုနေတာပါ။ ကျွန်တော်တို့ကို ကယ်ဖို့၊ မူးယစ်ဆေးနွံထဲကရုန်းထွက်နိုင်အောင် မစဖို့ သခင်ယေရှုကို ကျွန်တော်တို့ တောင်းလျှောက်နေတာ” ဟု ပြောသည်။ အခြားသူတစ်ဦးကလည်း ထိုသီချင်းကို သူဆိုနေလျှင် နာကျင်မှုများ လျော့သွားသည်ဟုဆိုသည်။ ထိုဓမ္မတေးအဖွဲ့သည် စာရွက်ပေါ်မှ စာသားများကို ဆိုရုံဆိုနေခြင်းမဟုတ်ဘဲ ဘုရားကယ်နှုတ်ပါမည့်အကြောင်း…

အလွန်လှပပေသည်

ဆေးရုံ၌ မွေးကင်းစကလေးငယ်များ ထားသည့်အခန်းကို ပထမဆုံး ချောင်းကြည့်ခဲ့ဖူးစဥ်က ကျွန်မ အတော်ငယ်သေးသည်။ ဆံပင်မရှိသည့် ပိုးအိမ်ပုံစံ ခေါင်းလုံးလုံးနှင့် ကလေးသေးသေးလေးကိုကြည့်ပြီး ကျွန်မစိတ်ပျက်မိသည်။ သို့သော် ကျွန်မတို့အနီး၌ရပ်နေသည့် ကလေးမိခင်က သူချောတယ်မဟုတ်လားဟု လူတိုင်းကို တတွင်တွင် မေးနေတော့သည်။ ကျွန်မကြည့်ခဲ့ရသည့် ဗီဒီယိုတစ်ခုတွင်လည်း ဖခင်ငယ်တစ်ဦးက “မင်းက အရမ်းလှတာပဲ” ဟု သူ့သမီးငယ်လေးအား ကြင်နာစွာ သီချင်းဆိုပြနေသည်ကိုလည်း ပြန်သတိရမိသည်။ စိတ်လှုပ်ရှားမှုဖြင့် ပီတိဖြာနေသည့် ဖခင်အတွက် သူ့သမီးငယ်လေးက ဖန်ဆင်းထားသမျှတွင် အလှဆုံးပင်ဖြစ်သည်။

၎င်းသည် ဘုရားသခင် ကျွန်မတို့အပေါ် ရှုမြင်သည့်ပုံစံ ဟုတ်ပါသလား။ ဧဖက် သြဝါဒစာ ၂:၁၀ တွင် ကျွန်မတို့သည် ကိုယ်တော်၏ “ဖန်ဆင်းတော်မူရာ”၊ သူ၏မူလလက်ရာဖြစ်ကြောင်း ဆိုထားသည်။ မိမိ၏အားနည်းမှုများ၌သာ အာရုံစိုက်သောအခါ ကိုယ်တော် ကျွန်မတို့ကို မည်မျှချစ်သည်ကို လက်ခံရန်ခက်သွားနိုင်ပါ သည်။ (သို့) ကိုယ်တော်အတွက် မိမိသည် အဖိုးတန်သူ…

မင်္ဂလာရှိသောနောင်တ

ဂရေဒီသည် သူ့ကို ‘ငမွဲ’ ဟုခေါ်မှ ထူးသည့်လူ။ ကားလိုင်စင်ကတ်ပြားပေါ်တွင်ပင် ‘ငမွဲ’ ဟူ၍ ရေးထားသေးသည်။ သူ၌ ကိုးကွယ်ယုံကြည်မှုက သတ်သတ်မှတ်မှတ် မရှိ။ ‘ငမွဲ/မွဲကြီး’ ဟု အလွယ်ခေါ်ကြခြင်းကို သူအသားကျသွားဟန်တူပြီး သက်လတ်ပိုင်း လောင်းကစားသမား၊ မိန်းမပွေပြီး ကလိမ်ကကျစ်နိုင်သူ လူလည် ဂရေဒီနှင့် လွန်စွာပနံသင့်သော နာမည်ဖြစ်နေတော့သည်။ ဒေဝါလီခံခဲ့ပြီး မွဲတေ ချွတ်ခြုံကျရင်း ဘုရားနှင့်ဝေးခဲ့သော ထိုသူသည် ဟိုတယ်ခန်းတစ်ခုတွင်ရှိနေစဥ် တစ်ခဏချင်း ဘုရား၏ဝိညာဉ်တော် တို့ထိမှုခံရပြီး အသက်တာပြောင်းလဲခဲ့သည်။ သူ့ဇနီးအား “မိန်းမရေ၊ ငါတော့ ကယ်တင်ခြင်းရပြီထင်တယ်” ဟုဆိုကာ ထိုညနေမှာပင် သေသည့်အထိ လျှို့ဝှက်ထားရန် တွေးထားသည့် သူ့အပြစ်များကိုဝန်ချကာ သခင်ယေရှု၏ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့သည်။ သူ့ကိုယ်သူ အသက် (၄၀) ထိ နေရရန် မထင်ထားသူသည် နောင်နှစ်ပေါင်း (၃၀) အထိ ပြောင်းလဲလာသည့် သခင်ယေရှုကိုယုံကြည်သူအဖြစ် ရှင်သန်နေထိုင်ခဲ့ပြီး ဘုရားရှင်ကို…

တည်မြဲသောမျှော်လင့်ခြင်း

ဆရာဝန်များက (၄) နှစ်သားလေး ဆော်လမွန်တွင် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် Duchenne (ဓူးရှန်)ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်နှစ်အကြာ တွင် ဆရာဝန်များက မိသားစုနှင့် ဘီးတပ်ကုလားထိုင်သုံးရမည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ သို့သော် ဆော်လမွန်က ၎င်းကို အသုံးမပြုလိုဟု ကန့်ကွက်ခဲ့သည်။ မိသားစုနှင့် သူငယ်ချင်းများက သူ့အတွက် ဆုတောင်းပြီး ဘီးတပ်ကုလားထိုင်မလိုအောင် ကူညီပေးမည့် ကျွမ်းကျင်စွာ လေ့ကျင့်ထားသော ဝန်ဆောင်မှုပေးသည့် ခွေးတစ်ကောင်ရရှိရန် တတ်နိုင်သမျှ ရန်ပုံငွေ ရှာဖွေခဲ့သည်။ ကျွန်မကိုဝန်ဆောင်မှုပေးသည့် ခွေးလေး Callie (ခယ်လီ)ကို လေ့ကျင့်ပေးသော အဖွဲ့အစည်းဖြစ်သည့် ‘Tails for Life’ (အသက်အတွက်အမြီးများ)သည် လက်ရှိတွင် ဆော်လမွန်ကို ကူညီရန်အတွက် ခွေးလေး Waffles (ဝါဖလ်) ကို ပြင်ဆင်လေ့ကျင့်ပေးနေပါသည်။

ဆော်လမွန်သည် ကုသမှုကိုလက်ခံကာ မကြာခဏဆိုသလို ဘုရားသခင်ကိုချီးမွမ်းသီချင်းဆိုသော်လည်း အချို့သောနေ့ရက်များက သူ့အတွက် ပိုခက်ခဲသည်။ ထိုခက်ခဲသောနေ့များတွင်…

မျှော်လင့်ချက်များနှင့် ဆန္ဒများ

ကျွန်မ အင်္ဂလန်သို့ ပြောင်းလာသည့်အခါ အမေရိကန်ဓလေ့ ‘ကျေးဇူးတော်ချီးမွမ်းခြင်း’အားလပ်ရက်သည် နိုဝင်ဘာလ၏ ကြာသပတေးနေ့တစ်နေ့မျှသာ ဖြစ်လာသည်။ စနေတနင်္ဂနွေပိတ်ရက်တွင်မှ စားသောက်ပွဲကိုပြုလုပ်ခဲ့သော်လည်း ထိုနေ့တွင် မိသားစုနှင့်အတူ၊ သူငယ်ချင်းများနှင့်အတူ ရှိချင်ခဲ့သည်။ ကျွန်မဆန္ဒများသည် ကျွန်မအတွက် တစ်မူထူးနေခြင်း မဟုတ်သည်ကို ကျွန်မနားလည်သည်။ ကျွန်မတို့အားလုံးသည် အထူးပွဲတော်များနှင့် အားလပ်ရက်များတွင် မိမိချစ်ခင်ရသူများနှင့် အတူရှိချင်ကြသည်။ စားသောက်ပွဲဆင်နွှဲနေချိန်တွင်ပင် မိမိနှင့်အတူ မပါဝင်နိုင်သူကို လွမ်းဆွတ်တတ်သကဲ့သို့ ပြိုကွဲနေသောမိသားစုများလည်း ငြိမ်းချမ်းပါစေဟု ဆုတောင်းပေးတတ်ကြသည်။

ဤအချိန်အတောအတွင်း၊ ဆုတောင်းခြင်းနှင့် “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏” (သု ၁၃:၁၂) ဟူသည့် ရှောလမုန်မင်းကြီး၏သုတ္တံစကား အပါအဝင် သမ္မာ ကျမ်းစာ၏ဉာဏ်ပညာကို တွေးတောဆင်ခြင်ခြင်းက ကျွန်မအတွက်ခွန်အား ဖြစ်ခဲ့သည်။ ဤသုတ္တံကျမ်းတွင် ရှောလမုန်ဝေမျှသည့် အမြော်အမြင်မှာ “မျှော်လင့်သောအရာဖင့်နွှဲခြင်း”ကြောင့် ဖြစ်နိုင်ခြေသက်ရောက်မှုနှင့် အလွန်တောင့်တသောအရာကို မရဘဲ နှောင့်နှေးခြင်းသည် ဒေါသနှင့်နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ခြင်း ဟူသည့်အနှစ်ချုပ်ကို…

ဘုရားသခင်၌ ကျွန်ုပ်တို့၏အနာဂတ်ကို ပုံအပ်ခြင်း

၂၀၁၀ ခုနှစ်တွင် Laszlo Hanyecz (လက်ဇလို ဟန်ရက်ချ်)သည် (တစ်ပြား ၏တစ်စိတ်တစ်ပိုင်း တန်ဖိုးရှိသော ဒစ်ဂျစ်တယ်ငွေကြေး) bitcoin (ဘစ်ကွိုင်) ဖြင့် ပထမဆုံး စျေးဝယ်ခဲ့ပြီး (၂၅) ဒေါ်လာတန် ပီဇာနှစ်ခုအတွက် ဘစ်ကွိုင် ၁၀,၀၀၀ ပေးချေခဲ့သည်။ ၂၀၂၁ ခုနှစ်တွင်၊ တစ်နှစ်တာအတွင်း ၎င်း၏အမြင့်ဆုံးတန်ဖိုးဖြင့်၊ ထိုဘစ်ကွိုင်များသည် ဒေါ်လာ သန်း (၅၀၀) ကျော် တန်ဖိုးရှိမည်ဖြစ်သည်။ တန်ဖိုး တစ်ဟုန်ထိုးတက်မလာမီ သူသည် ပီဇာဖိုးကို အကြွေစေ့များဖြင့် ဆက်လက်ပေးချေခဲ့ပြီး ဘစ်ကွိုင် စုစုပေါင်း ၁၀၀,၀၀၀ သုံးခဲ့သည်။ အကယ်၍ အဆိုပါ ဘစ်ကွိုင်များကို သူသိမ်းဆည်းထားမည်ဆိုပါက ၎င်းတို့၏တန်ဖိုးသည် သူ့ကို ဘီလျံနာ (၆၈) ကြိမ်မက ဖြစ်လာစေပြီး၊ Forbes (ဖော့ဘ်စ်) ဝဘ်ဆိုဒ် ၏ “ကမ္ဘာ့အချမ်းသာဆုံးလူများ” စာရင်းတွင် သူပါဝင်လာမည်ဖြစ်သည်။ ဖြစ်လာမည့်အရာကို သူသိခဲ့မည်…