အသင်းတော်ဖြစ်နေခြင်း
နေသာသောနေ့လည်ခင်းတစ်ခုတွင် လျှောက်လမ်းပေါ်၌ အိမ်နီးချင်းဆူဒန်မိသားစုနှင့်အတူ ရောင်စုံမြေဖြူခဲများဖြင့် ကျွန်မတို့ ပုံရေးဆွဲခဲ့ကြသည်။ သူတို့အိမ်၏ဘေးအိမ်၌ လူတစ်စုသည် ဝတ်ပြုကိုးကွယ်နေကြရာ ထိုအိမ်မှသီချင်းဆိုသံများကို ကျွန်မတို့ကြားရသည်။ ကျွန်မနှင့်စကားပြောနေသည့် မိခင်မှာ သိချင်စိတ်ကြောင့် သူနှင့်ကျွန်မ ထိုအိမ်နားသို့လျှောက်သွားပြီး နားထောင်သဖြင့် ဝတ်ပြုသူများက ကျွန်မတို့ကို ခေါ်ဖိတ်ခဲ့သည်။ နှစ်ခြင်းခံရန် ရေဖြည့်ထားသည့်ကန်ထဲတွင် ရပ်နေသည့်လူငယ်က သူ့အပြစ်များအတွက် ခွင့်လွှတ်ခြင်းခံယူပြီး ယေရှုရှင်နောက်သို့ လိုက်ရန် မိမိကိုယ်ကိုအပ်နှံကြောင်း ပြောခဲ့သည်။
ဘေးအိမ်ခြံဝင်းအတွင်း၌ပင် ကယ်တင်ခြင်းသက်သေခံချက်ကို ကြားရခြင်းက ကျွန်မတို့အတွက် ထူးမြတ်သောအခွင့်အရေးဖြစ်သည်။ ဤအဖွဲ့သည် ကျွန်မတို့ရပ်ကွက်၌ရှိသည့် အသင်းတော်ပင်ဖြစ်သည်။
သခင်ယေရှုသည် ကမ္ဘာတစ်ဝန်းတွင် သူ၏အသင်းတော်ကို တည်ဆောက်နေပါသည်။ သခင်ယေရှုပြန်လည်မတက်ကြွမီနေ့ရက်များတွင် သူ့နောက်တော် လိုက်များအား သူတို့အထဲ၌ ကျိန်းဝပ်မည့်သန့်ရှင်းသောဝိညာဉ်ကို စေလွှတ်တော်မူမည်၊ သူတို့သည် “မြေကြီးစွန်းတိုင်အောင်” သူ၏သက်သေဖြစ်မည့်အကြောင်း သခင်မိန့်ကြားခဲ့သည်(တ ၁:၈)။ ဝိညာဉ်တန်ခိုးဖြင့် သူတို့ဟောပြောသွန်သင်မှုများအားဖြင့် သခင်သည် သူ၏အသင်းတော်ကို တည်ဆောက်မည်ဖြစ်သည်။ ထိုခဏခြင်းတွင် ဘုရားသခင်သည် “ကယ်တင်ခြင်းခံရသောသူတို့ကို…
စေတနာစိတ်ဖြင့် ဧည့်ဝတ်ကျေပွန်ခြင်း
လွန်ခဲ့သောနှစ်အနည်းငယ်က နိုင်ငံရေးအပြောင်းအလဲကြောင့် ထွက်ပြေးလာ သည့် ဒုက္ခသည်များကို ကျွန်ုပ်တို့၏ဘုရားကျောင်းက လက်ခံခဲ့သည်။ မိသားစု များသည် အိတ်ငယ်လေး၌ ဆန့်သလောက်သာ ပစ္စည်းများသယ်လာခဲ့ရသည်။ အသင်းတော်မှ မိသားစုများတွင် အချို့က အခန်းကျဥ်းသာ ရှိသော်လည်း
၎င်းတို့၏ အိမ်များတွင် လက်ခံကာ နေရာထိုင်ခင်းပေးခဲ့သည်။
ထိုကဲ့သို့ပျူငှာသောဧည့်ဝတ်ပြုခြင်းသည် ကတိတော်ထားရာပြည်သို့ မဝင်ရောက်မီ ဣသရေလလူမျိုးများအား မိန့်မှာခဲ့သည့် ဘုရားသခင်၏ ပညတ်တော်ကို ထင်ဟပ်စေသည်။ စိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်၍ သီးနှံရိတ်သိမ်းခြင်း၏အရေးပါမှုကို သူတို့နားလည်ကြသည်။ နောင်နှစ်သီးနှံ မပေါ်မီအထိ အသက်ဆက်ရန် မရှိမဖြစ် အစားအစာများ လိုအပ်နေမည်ပင်။ သို့သော် ရိတ်သိမ်းချိန်အတွင်း ကျန်ခဲ့သည့်ကောက်နှံများကို ပြန်၍မရိတ်သိမ်းရန် “တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ချန်ထားခဲ့ရမည်”(တရား ၂၄:၁၉)ဟု ဣသရေလလူမျိုးများကို ဘုရားရှင်မိန့်မှာခဲ့သည်။ သူတို့တွင် လုံလောက်စွာရှိပြီဟု သိပြီးမှပေးကမ်းခြင်းမျိုး မဟုတ်ဘဲ “သင်ပြုလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူမည်”ဟူသော ဘုရား၏ထောက်ပံ့မှုအပေါ် ယုံကြည်စိတ်ချလျက် ရက်ရောစွာ…
သင့်စိတ်နှလုံး၌ ရှိသည့်အတိုင်း ဆုတောင်းပါ
ဘရန်ဒါ နှင့် အက်ဒီတို့ ကားပေါ်ရောက်သော်၊ သူတို့၏ကြာသပတေးနေ့ ညနေခင်းထုံးစံကို စလိုက်ကြသည်။ “မင်းဘယ်မှာ စားချင်လဲ”ဟု အက်ဒီမေးရာ၊ “အိုး ကိစ္စမရှိဘူး။ ဘယ်နေရာဖြစ်ဖြစ် ငါအဆင်ပြေတယ်”ဟု ဘရန်ဒါက ပြန်ဖြေသည်။ ယခင်က ဤနေရာသို့ အက်ဒီ ရောက်ဖူးသဖြင့် “ကောင်းပြီ။ The Windmill (လေရဟတ်)ဆိုင်ဆိုရင်ရော ဘယ်လိုလဲ”ဟု ထပ်မေးရာ၊ ဘရန်ဒါမှာ ဆတ်ခနဲ ဖြစ်သွားပြီး၊ “မဟုတ်ဘူး။ အဲ့နေရာကလွဲပြီး ဘယ်နေရာဖြစ်ဖြစ်ရတယ်”ဟု ပြောသဖြင့် အက်ဒီသက်ပြင်းချမိသည်။ “ကဲ၊ ဒါဆိုဘယ်သွားချင်လဲ”ဟုမေးရာ၊ ဘရန်ဒါက “တကယ်ပါဆို၊ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်”ဟု ထပ်မံပြောဆိုပြန်သည်။
ဟာသကားများကဲ့သို့ပင် ထိုအခိုက်အတန့်က မည်မျှစိတ်ကသိကအောင့် ဖြစ်ရသည်ကို သိနေသောကြောင့် ကြည့်ရုံနှင့်ပင် ရယ်စရာကောင်းနေသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဆုတောင်းခြင်းအသက်တာ၌လည်း ထိုသို့ဖြစ်နိုင် သည်။ ကျွန်ုပ်တို့သည် ဇဝေဇဝါဖြစ်တတ်လွန်းကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဒံယေလအနာဂတ္တိကျမ်း ၉ ပါဆုတောင်းချက်တွင် သူအလိုရှိရာကို ဒံယေလ ရဲဝင့်စွာ ပြောဆိုကြောင်း…
ကျွန်ုပ်ကို ဘုရားသခင် တွေ့သည်
ခင်ပွန်းဖြစ်သူ လေဖြတ်သွားပြီးနောက် ဆန်(Sun)၏ဘဝသည် တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။ ခင်ပွန်း၏နေ့စဉ်ဝေယျာဝစ္စများကို ကူညီပေးရပြီး၊သူ၏ စိတ်ပိုင်းဆိုင်ရာပေါက်ကွဲမှုများနှင့်လည်း အသားကျအောင် ရင်ဆိုင်နေထိုင်ခဲ့ရသည်။ ၁၇ နှစ်တိုင် ခင်ပွန်းသည်အား သစ္စာရှိရှိပြုစုစောင့်ရှောက်ခဲ့သည်။ သို့သော် ခင်ပွန်းသည် ချော်လဲခြင်းကြောင့် သူ၏ကျန်းမာရေး ပိုဆိုးလာသည့်အခါ၊ ပြုစုစောင့်ရှောက်ရခြင်းသည် သူမအတွက် အလွန်လေးသောဝန်ဖြစ်လာခဲ့ပြီး စိတ်ကျဝေဒနာကို ခံစားခဲ့ရသည်။ “ကျွန်မရဲ့ယုံကြည်ခြင်းတွေ ပျောက်ကုန်ပြီလို့ ခံစားခဲ့ရပြီး ဘုရားကို မမြင်နိုင်ခဲ့ဘူး”ဟု သူမဝန်ခံခဲ့သည်။
သို့သော် ပြန်ပြောင်းကြည့်လျှင် ဘုရားသခင်သည် သူမကို တွေ့မြင်ခဲ့ကြောင်း ယခု ဆန် ယုံကြည်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ခင်ပွန်းဖြစ်သူ၏နာတာရှည်ရောဂါအတွက် အိမ်တွင်းဆေးဘက်ဆိုင်ရာပြုစုစောင့်ရှောက်မှုနှင့် သူနာပြုအကူတို့ကို ပြင်ဆင်ပေးကာ၊ ခင်ပွန်းသည်ကို ပြုစုနေရသည့် ဆန်၏စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများအတွက်လည်း ဆန်ကို ပံ့ပိုးပေးရန် လူမှုဝန်ထမ်းများကို စေလွှတ်ပေးခဲ့သည်။
ဟာဂရ၏ဇာတ်လမ်းတွင် ဘုရားသခင်သည် မြင်သောဘုရားသခင်အဖြစ် ကိုယ်ထင်ရှားခဲ့သည်။ ကမ္ဘာဦးကျမ်း ၁၆ တွင် သခင်မ၏ညှဉ်းပန်းမှုကြောင့် ကျွန်မ…
ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း
အင်္ဂါနေ့ဖြစ်၍ အားကစားရုံတွင် လမ်းကြောင်းအတိုင်း ပတ်လျှောက်နေသူများသည် လက်ယာရစ်အတိုင်းလျှောက်ရန် ဖြစ်သည်။ ကျွန်တော့်ဇနီးပါဝင်သော ပထမအသုတ်က လက်ယာရစ်အတိုင်း လျှောက်ကြသည်။ ထို့နောက် အခြားသူတစ်ဦးက လက်ဝဲရစ်လမ်းကြောင်းကို လျှောက်သည်။ သူမ၏သူငယ်ချင်းအချို့က သူနှင့်အတူလိုက်လျှောက်ပြီး၊ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် သူမနောက်ကို လိုက်သဖြင့် ရုတ်တရက်လမ်းကြောင်းမှာ ပရမ်းပတာဖြစ်သွားပြီး၊ ပုံမှန်ပြန်ဖြစ်ရန် မိနစ်အနည်းငယ်ကြာခဲ့သည်။
လမ်းကြောင်းမှားအတိုင်း လျှောက်သူများသည် ထိခိုက်နစ်နာစေလိုသောဆန္ဒမရှိသော်လည်း ၎င်းတို့၏လွှမ်းမိုးနိုင်စွမ်းကို မတွေးဘဲ မနေနိုင်တော့ပါ။ လမ်းမှားသို့ ဦးတည်သွားနေသူက လူတစ်ဦးမက လူတစ်ဦးပြီးတစ်ဦးကို ဦးဆောင် သွားသည်။ ၎င်းသည် သုတ္တံ ၁၃:၂၀ မှ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏” ဟူသောဖော်ပြချက်နှင့် ခပ်ဆင်ဆင်ဖြစ်သည်။ လမ်းမှားလျှောက်နေသူနောက် လိုက်ခြင်းသည် ပြဿနာသို့ ဦးတည်နေသည်။
ဂလာတိသြဝါဒစာ ၅ တွင် ပေါလုက ထိုသို့သောအမှားသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးတိုးတက်မှုကို မည်သို့ရပ်တန့်စေနိုင်ကြောင်း ရှင်းပြထားသည်။ “အထက်က…
မြင်ရသည်ထက် ပို၍ယုံကြည်ခြင်း
၁၉ ရာစုနှောင်းပိုင်းတွင်၊ အမေရိကန်ပြည်ထောင်စုရှိ ကြီးမားသော စခွိုင်းယား[sequoia](အသက်ရှည်အလွန်မြင့်သောအပင်) တောအုပ်များသို့ ဝင်ရောက်နိုင်သူ မဆိုစလောက်သာရှိပြီး၊ ထုထည်ကြီးမားသောအပင်များ၏မှတ်တမ်း၊ အစီရင်ခံစာများကို လူများစွာတို့ မယုံကြည်ခဲ့ကြပေ။ သို့သော် ၁၈၉၂ ခုနှစ်တွင် သစ်ခုတ်သမားလေးဦးသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိဘေ့ဂ်စတန့်မ်(Big Stump) သစ်တောထဲသို့ သွားရောက်ပြီး မာ့ခ်ထဝိန်း(Mark Twain) အမည်ရှိ ဧရာမသစ်ပင်ကို ၁၃ ရက်ကြာ ခုတ်လှဲခဲ့သည်။ ထိုအပင်သည် သက်တမ်း ၁၃၄၁ နှစ်ရှိပြီး၊ အမြင့်ပေ ၃၀၀၊ လုံးပတ်ပေ ၅၀ ရှိသည်။ လေ့လာသူတစ်ဦးက ထဝိန်းအပင်ကို “ခန့်ညားသောအချိုးအစားရှိသည့်အပင်၊ တောအုပ်ရှိ အကောင်းဆုံးအပင်များအနက်တစ်ပင်”ဟု ဖော်ပြခဲ့သည်။ ယခုအခါတွင် ပျက်စီးသွားပြီဖြစ်သော ဤထူးခြားသောအလှတရား စခွိုင်းယား တစ်စိတ်တစ်ပိုင်းကို လူတိုင်း မြင်ရရန် အမေရိကန်သဘာဝသမိုင်းပြတိုက်သို့ ပို့ဆောင်ခဲ့ကြသည်။
အမှန်တရားတိုင်းကို မျက်စိအမြင်နှင့်သာ သက်သေမပြနိုင်ခြင်းက အမှန်ပါ။ ဟေဗြဲဩဝါဒစာက ယုံကြည်ခြင်းသည် “မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။…
နာကျင်မှုအားဖြင့် ကြီးထွားလာခြင်း
ဦးနှောက်သည် ထူးထူးခြားခြားသေးငယ်သော်လည်း စိတ်ဖိစီးမှုကြောင့် ပို၍ သေးသွားနိုင်သည်။ မကြာမီက သုတေသနပြုချက်အရ စိတ်ခံစားမှုများ၊ လှုံ့ဆော်မှုများနှင့် လူမှုရေးဆိုင်ရာ အပြန်အလှန်အကျိုးပြုမှုများကို စီမံခန့်ခွဲရန် တာဝန်ရှိသော ဦးနှောက်အရှေ့ခြမ်းအပိုင်းသည် စုပုံလာသောစိတ်ဖိစီးမှုကြောင့် ကျုံ့သွားနိုင်သည်ဟု ထုတ်ဖော်ပြောခဲ့သည်။ ဤကျုံ့သွားမှုသည် စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းများနှင့် ဆက်စပ်နေပြီး၊ တစ်သက်တာ စိတ်ဖိစီးမှု ခံစားရနိုင်ကြောင်းကို မီးမောင်းထိုးပြသည်။ သို့သော် သတင်းကောင်းမှာ ဦးနှောက်၏ ပျော့ပျောင်းမှုက ကိုယ်လက်လှုပ်ရှားခြင်း၊ တရားထိုင်ခြင်း၊ လေးနက်သော ဆက်ဆံရေးများရှိခြင်း စသည်တို့ကို ရည်ရွယ်ချက်နှင့် လေ့ကျင့်ပေးမှုများအားဖြင့် ပျောက်ကင်းနိုင်သည့်အခွင့်ရှိပေသည်။
ဆာလံ ၁၁၉ တွင် ဆာလံဆရာသည် စိတ်ဖိစီးမှုနှင့် အခက်အခဲများကို ရင်ဆိုင်ရပြီးနောက် ကြီးထွားခြင်းနှင့်ကုစားခြင်းသဘောတရားကို နားလည်ကာ၊ “အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှာ၊ အကျွန်ုပ်ဆင်းရဲခံရသောကျေးဇူးသည်ကြီးပါ၏”(:၇၁)ဟု ဆိုခဲ့သည်။ နာကျင်ရသော်လည်း၊ ဆင်းရဲဒုက္ခသည် ဆာလံဆရာ၏ဆရာဖြစ်ပြီး၊ ဘုရားရှင်ထံမှ “လမ်းလွဲ”ခြင်း မှသည် “နှုတ်ကပတ်တော်ကို နာခံရန်”ရွေးချယ်ခြင်းသို့(:၆၇) ကျွန်ုပ်တို့ကို ပို့ဆောင်သည်။…
အပြုသဘောဆောင်သော နံရံပန်းချီ
လူငယ်တစ်ယောက်အနေနှင့် သတင်းထောက် စဘက်ရှန်းယန်းဂါး(Sebastian Junger)သည် အမေရိကန်နိုင်ငံတစ်ခွင်သို့ ခရီးထွက်ခဲ့ပြီး ထိုနိုင်ငံအကြောင်းကို ရေးသားခဲ့သည်။ ၁၉၈၀ ခုနှစ်များအတွင်း တစ်နေ့တွင် သူသည် ဖလော်ရီဒါကီးစ်(Florida Keys)အပန်းဖြေစခန်း၏သန့်စင်ခန်းတစ်ခုရှိ နံရံပေါ်၌ အမုန်းပွားစေသောစာများရေးခြစ်ထားသည်ကိုတွေ့ခဲ့ပြီး၊ အများစုမှာ ကျူးဘားနိုင်ငံမှရွှေ့ပြောင်းလာသူများကို ပစ်မှတ်ထားခဲ့သည်။ သို့သော် ကျူးဘားလူမျိုးတစ်ဦးထံမှ ဖြစ်ပုံရသော သတင်းစကားတစ်ခုက အလွန်သိသာခဲ့သည်။ “ဒီနိုင်ငံမှာ ကျန်တဲ့လူအများစုက နွေးထွေးပြီး ဂရုစိုက်ကြပါတယ်။ ၁၉၆၂ ခုနှစ်တုန်းက ကျွန်တော့်ကို ကြိုဆိုပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်”ဟု ရေးထားသည်။ ယန်းဂါးက “အဲဒီအမျိုးသားသန့်စင်ခန်းနံရံက အမေရိကန်နိုင်ငံရဲ့အဆိုးဆုံးအရာနဲ့ အကောင်းဆုံး အရာတွေပဲ”ဟု မှတ်ချက်ချခဲ့သည်။
မကြာခဏ ကြုံတွေ့နေရသော အဆိပ်သင့်သတင်းစကားများကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်မည်နည်း။ သုတ္တံကျမ်းက ဆီလျော်သောအကြံဉာဏ်ကို ပေးထားသည်။ ကျမ်းစာစောင်အများစုကိုပြုစုခဲ့သူ ရှောလမုန်သည် သုတ္တံကျမ်း ၁၅ တွင် “မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏”(:၂)၊ “မတရားသောသူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏”(:၂၈)…
တစ်ယောက်တည်း မလုပ်ပါနဲ့
ကျွန်မရှေ့ရှိ ပြန့်ကျဲနေသောပျဉ်ချပ်အပုံနှင့် ကိရိယာအစုံအလင်ရှိနေသည်။ စာအုပ်စင်တပ်ဆင်နည်း လမ်းညွှန်စာအုပ်ကို ဖွင့်ဖတ်ရာ လုပ်ရမည့်အရာ၊ မလုပ်ရမည့်အရာများ ပါဝင်ပြီး၊ စာမျက်နှာတစ်ခုတွင် ကြီးမားသော ကြက်ခြေခတ်(X)နှင့်၊ လွန်ခဲ့သည့်မိနစ်အနည်းငယ်က ကျွန်မပုံစံနှင့်တူသည့် စိတ်ရှုပ်ထွေးမှုနှင့် ပျဉ်ချပ်နှင့်ကိရိယာများကို မျက်မှောင်ကြုတ်စိုက်ကြည့်နေသူတစ်ဦးပုံကို တွေ့ရသည်။ ညာဘက်ခြမ်းတွင် “မှန်ကန်သော တပ်ဆင်နည်း”ကို ဖော်ပြထားသည်။ တစ်ခုတည်းသောကွာခြားချက်မှာ ထိုနေရာတွင် ဒုတိယလူတစ်ယောက် ရှိနေပြီး၊ ထိုလူနှစ်ဦးစလုံးသည် စင်ကို အတူတကွတပ်ဆင်ရင်း သူတို့၏မျက်နှာ၌အပြုံးပန်း ပွင့်နေပြီဖြစ်သည်။
သို့နှင့် ကျွန်မခင်ပွန်းကို ခေါ်လိုက်ကာ “အညွှန်းအရဆို ရှင့်အကူအညီကို ကျွန်မလိုအပ်တယ်”ဟု သူ့အား ပုံကိုပြပြီး ပြောလိုက်သည်။ သူက ရယ်မောပြီး ကျွန်မတို့အတူတကွ တပ်ဆင်လိုက်သည်။ ကျွန်မက နည်းလမ်းရှာပြီး ခေါင်းမာမာနှင့် ကိုယ့်ဘာသာကိုယ် တပ်ဆင်ရန် ကြိုးစားနိုင်သည်။ သို့သော် တစ်ယောက်တည်း တပ်ဆင်ရန်မဟုတ်ဟူသည့် လမ်းညွှန်စာအုပ်ဖော်ပြချက်က မှန်ကန်ပေသည်။
ရောမသြဝါဒစာ ၁၂ တွင် ပေါလုက ယုံကြည်သူလူသစ်များအား…
မည်သို့ ကောင်းမွန်စွာ အသက်ရှင်မည်နည်း
ပီဒြို (Pedro)သည် အသက် ၅၀ အရွယ်တွင် ခရစ်တော်၏နောက်လိုက်တစ်ဦးဖြစ်လာခဲ့သည်။ သူသည် ဒေါသကြီးသော၊ အငြိုးကြီးသောသူတစ်ဦးဖြစ်ပြီး သူ့အနီးနားရှိ လူများကို နာကျင်စေခဲ့သည်။ သူ၏အသင်းတော်မှ နှစ်သိမ့်ဆွေးနွေးမှုကို ခံယူခဲ့ပြီးနောက်၊ သူသည် သူ၏အတိတ်နှင့်ပတ်သက်၍ နောင်တကြီးစွာ ရခဲ့သည်။ “အတိတ်ထက် အခုငါအသက်ရှင်ဖို့ ရှေ့မှာ နှစ်အနည်းငယ်ပဲ ကျန်တော့တယ်။ အဲ့ဒီနှစ်တွေကို ငါကောင်းကောင်းအသက်ရှင်ချင်တယ်။ ဒါပေမဲ့ ဘယ်လိုအသက်ရှင်ရမလဲ ”ဟု ဆိုသည်။
ပီဒြိုသည် မထင်မှတ်သော အရင်းအမြစ်တစ်ခုဖြစ်သည့် သမ္မာကျမ်းစာမှ မျိုးရိုးစဥ်ဆက်ဇယားတစ်ခု၌ အဖြေကို ရှာတွေ့ခဲ့သည်။ သူသည် မောရှေရေးသားသော အာဒံမှဆင်းသက်လာသည့် မျိုးရိုးစဥ်ဆက် စာရင်းတွင် “နာမည်၊ အသက်နှင့် သေဆုံးသောနှစ်”ဟူသည့်ပုံစံဖြင့် ထပ်တလဲလဲ မှတ်တမ်းတင်ထားသည်ကို သတိပြုမိသည် (က ၅:၈၊ ၁၁၊ ၁၄၊ ၁၇၊ ၂၀၊ ၂၇၊ ၃၁)။ သို့သော် လူတစ်ယောက်အကြောင်းကိုမူ ထူးခြားစွာ ဖော်ပြထားသည်။
ဧနောက်ကို…