ဇာတ်လမ်း မပြီးသေးပါ
‘Line of Duty’ (တာဝန်ထမ်းဆောင်နေစဥ်) အမည်ရှိ ဗြိတိသျှဒရာမာဇာတ်လမ်း အဆုံးတွင် စနစ်တကျ ပြစ်မှုကျူးလွန်သည့်အဖွဲ့ကို တွန်းလှန်တိုက်ခိုက်မှု မည်သို့မည်ပုံ ဖြစ်သွားမည်ကို စောင့်ကြည့်သူဉီးရေ စံချိန်တင်ခဲ့သည်။ နောက်ဆုံး၌ ထိုလူဆိုးများ အနိုင်ရသွားသည့်အခါ ကြည့်ရှုသူအများစုသည် အလွန်စိတ်ပျက်သွားကြသည်။ “ကျွန်တော်ဖြစ်ချင်တာက လူဆိုးတွေကို တရားစီရင်ဖို့ပဲ။ သင်ခန်းစာယူလို့ရတဲ့ အဆုံးသတ်မှုကို ကျွန်တော်တို့လိုအပ်တယ်” ဟုပရိသတ်တစ်ဦးက ပြောပါသည်။
တစ်နေ့တွင် အဆိုးကိုအနိုင်ရပြီး ပြုခဲ့သည့်အပြစ်အတွက်ပြန်လည်ပေးဆပ်ရမည်ဟူသော မျှော်လင့်ချက်နှင့် တရားမျှတမှုတို့ကို ကျွန်ုပ်တို့ဆာငတ် တောင့်တကြသည်ဟု လူမှုဗေဒပညာရှင် Peter Berger (ပီတာဘာဂါ)က မှတ်ချက်ချခဲ့ဖူးသည်။ ဆိုးသွမ်းသူများအနိုင်ရနေသည့် ကမ္ဘာကြီးသည် ကျွန်ုပ်တို့မျှော်လင့်ထားသော ဖြစ်တည်သင့်သည့်ကမ္ဘာကြီးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထိုအချက်ကိုသတိမမူမိဘဲ စိတ်ပျက်နေသော ပရိသတ်ကြီးသည် တရားမျှတပြီး စစ်မှန်သည့်လူမှုအခွင့်အရေးများနှင့် ပြည့်မည့် ကမ္ဘာလောကကြီးအား ဖော်ပြတောင်းဆိုနေကြခြင်းဖြစ်သည်။
ပတ္ထနာတော်တွင် မကောင်းမှုနှင့်ပတ်သက်၍ လက်တွေ့ကျကျပင် သခင်ယေရှု ဖော်ပြသည်။ ကျွန်ုပ်တို့အကြားတွင် ဆိုးညစ်မှုများရှိနေပြီး ခွင့်လွှတ်ခြင်း…
လူသားအချင်းချင်းကို လိုအပ်သောလူသား
ထင်ပေါ်ကျော်ဇောသည့် အားကစားသတင်းဆောင်းပါးရှင် Dave Kindred (ဒေ့ဗ် ကင်းဒြက်)သည် အထင်ကရအားကစားပွဲစဉ်များ၊ ချန်ပီယံများ၏မှတ်တမ်းများကို ရာနှင့်ချီ၍ မှတ်တမ်းပြုစုထားသူဖြစ်ပြီး မိုဟာမက်အလီ၏အတ္ထုပ္ပတ္တိကို ရေးသား ပြုစုသူလည်းဖြစ်သည်။ ထိုအလုပ်မှ သူအနားယူပြီးနောက် အလုပ်မရှိသဖြင့် ပျင်းပျင်းနှင့် ဒေသခံကျောင်းတစ်ကျောင်း၏ မိန်းကလေးဘတ်စကက်ဘောပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည်။ မကြာမီ ထိုပြိုင်ပွဲတစ်ခုစီအကြောင်းကို သူရေးသား ပြုစုပြီး အွန်လိုင်းပေါ်၌ မျှဝေခဲ့သည်။ ထို့နောက် သူ့မိခင်နှင့်မြေးယောင်္ကျားလေး ဆုံးပါးသွားပြီး သူ့ဇနီးလည်း လေဖြတ်၍ချိနဲ့နေစဉ် သူရေးနေသည့် အားကစားအသင်းသည် သူ့ကို စည်းလုံးသောအသိုင်းအဝိုင်းနှင့် ရည်ရွယ်ချက်ရှိသောအသက်တာကို သိမြင်ခံစားစေခဲ့သည်။ သူတို့ သူ့ကိုလိုအပ်သကဲ့သို့ သူကလည်း သူတို့ကို လိုအပ်ခဲ့သည်။ “ဒီအသင်းအဖွဲ့က ကျွန်တော့်ကို ကယ်ခဲ့တယ်။ ကျွန်တော့်ဘဝက မှောင်မိုက်အတိဖြစ်ချိန်မှာ သူတို့က အလင်းဖြစ်တယ်”ဟု ကင်းဒြက် ပြောခဲ့သည်။
အဘယ့်ကြောင့် အထင်ကရဆောင်းပါးရှင်က လူငယ်အဖွဲ့၏စုစည်းမှုအပေါ် အမှီပြုခဲ့ရသနည်း။ ထိုနည်းတူ အထင်ကရဖြစ်သည့် တမန်တော်တစ်ဦးက သူ၏ သာသနာခရီးစဉ်များတွင်…
သက်စမ်းရေ
တောင်အမေရိကတိုက်ရှိ အက်ကွေဒေါနိုင်ငံ (Ecuador)မှ ဖြတ်ထားသောပန်းစည်း ရောက်ရှိလာသည်။ ကျွန်မအိမ်သို့ရောက်ခါစက ပန်းပွင့်များသည် ခရီးဝေးပြီးပင်ပန်းမှုကြောင့် ညှိုးနွမ်းကာ ငိုက်စိုက်ကျနေသည်။ အညွှန်းတွင် ထိုပန်းများပြန်လည် လန်းဆန်းစေရန် အေးမြသောရေ တိုက်ကျွေးရမည်ဖြစ်သည်။ သို့သော် ရေမတိုက်ကျွေးမီ ပန်းပွင့်များ ရေများများရစေရန် ၎င်းတို့၏ရိုးတံများကို တိပေးရမည်။ သို့သော် ၎င်းတို့အမှန် ပြန်ရှင်သန်နိုင်မည်လော။
နောက်တစ်နေ့မနက်တွင် ကျွန်မသိချင်သည့်အဖြေကို တွေ့ပါပြီ။ အက်ကွေဒေါပန်းစည်းသည် ကျွန်မလုံးဝမထင်ထားသည့် တင့်တယ်လှပမှုနှင့် ပွဲဝင်နိုင်သည့်အင်္ဂါရပ်နှင့်ပြည့်စုံနေပါသည်။ အေးမြသောရေက တစ်မူထူးခြားမှုကို ဖြစ်စေပြီး၊ သခင်ယေရှုမိန့်ကြားသည့် သက်စမ်းရေနှင့် ယုံကြည်သူများအတွက် မည်သို့သော အဓိပ္ပာယ် သက်ရောက်မှုရှိသည်ကို သတိပေးနေသည်။
ရှမာရိအမျိုးသမီးကိုယ်တိုင် ရေတွင်းမှခပ်ပေးသည့်ရေကို သောက်သုံးရန် သခင်ယေရှု တောင်းခဲ့ပြီးနောက် သူမ၏အသက်တာကို ပြောင်းလဲစေခဲ့သည်။ ကိုယ်တော်၏တောင်းဆိုမှုအပေါ် သူမအံ့သြခဲ့သည်။ ယုဒလူမျိုးတို့သည် ရှမာရိလူမျိုးအပေါ် အထင်အမြင်သေးကြသည်။ သို့သော် သခင်ယေရှုက “ဘုရားသခင် ၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ ရေပေးပါဟု…
မဆင်မခြင် ဆုံးဖြတ်ချက်များ
ဆယ်ကျော်သက်အရွယ်က အထက်တန်းကျောင်း ဘတ်စကတ်ဘောလေ့ကျင့်မှုအပြီး ကျွန်တော့်သူငယ်ချင်းအိမ်သို့ လိုက်လည်ရန် အရှိန်ပြင်းပြင်းနှင့် သူ့ကားကိုအမီ ကြိုးစားလိုက်မောင်းခဲ့သည်။ မိုးသည်းနေသဖြင့် သူ့ကားကိုမီရန် ခက်နေသည်။ ရုတ်တရက် ကားရေသုတ်တံက ရေစိုနေသည့်လေကာမှန်ကို ရှင်းလင်းလိုက်စဉ် သူငယ်ချင်း၏ နောက်ဖုံးဖွင့်ဆီဒင်ကားသည် ကျွန်တော့်ကားရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရပြီး၊ ဘရိတ်ကို ဆောင့်နင်းလိုက်သော်လည်း လမ်းချော်ကာ သစ်ပင်ကြီးတစ်ပင်ကို တိုက်မိပြီး ကျွန်တော့်ကား ပျက်စီးသွားသည်။ သည့်နောက်တွင် ဒေသခံဆေးရုံ၏ သတိမေ့မြောသူများထားရာအဆောင်၌ ကျွန်တော်နိုးလာခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် အသက်ရှင်ခဲ့ပြီး၊ ကျွန်တော်၏ မဆင်မခြင် လုပ်ရပ်သည် အဖိုးအခကြီးကြောင်း သက်သေပင်ဖြစ်သည်။
မောရှေ၏ မဆင်မခြင်ဆုံးဖြတ်ချက်တစ်ခုက သူ့အား အလွန်နစ်နာစေခဲ့သည်။ ၎င်း၏ညံ့ဖျင်းသောရွေးချယ်မှုတွင် (ကျွန်ုပ်ကိစ္စကဲ့သို့) ဘာမှမဟုတ်သည့် ရေမရှိခြင်းပြဿနာကြောင့်ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် ဇိနတော၌ ရေမရှိ၍ မောရှေကို ဆန့်ကျင်ဘက်ပြု၍ စုဝေးခဲ့ကြသည် (တော၂၀:၂)။ ဘုရားသခင်သည် ခြေကုန်လက်ပန်းကျနေသော ခေါင်းဆောင်အား ကျောက်တုံးကို အမိန့်ပေးရန်၊ ထို့နောက် ကျောက်သည်…
စိတ်ကူးယဉ်ယုံကြည်မှု
“ကြည့်ပါဦးဘိုးဘိုးရယ်။ အဲဒီသစ်ပင်တွေက ဘုရားသခင်ကို ဝှေ့ယမ်းပြနေတယ်” မုန်တိုင်းမလာမီ လေထဲ၌ ကွေးညွတ်နေသည့်သစ်ပင်ငယ်များကို ကြည့်ပြီး မြေးလေး၏ စိတ်လှုပ်ရှားစူးစမ်းမှုကို ကျွန်ုပ်ပြုံးမိသည်။ မိမိကိုယ်ကိုလည်း “ငါ့မှာအဲ့လိုစိတ်ကူးယဥ်တဲ့ ယုံကြည်ခြင်းမျိုး ရှိသလား” ဟုပြန်မေးမိသည်။
မောရှေနှင့် မီးလောင်နေသောချုံပုတ်ဇာတ်လမ်းကို ဆင်ခြင်ကာ ကဗျာဆရာမ Elizabeth Barrett Browning (အဲလိဇဘက် ဘာရတ် ဘရောင်းနင်း)က “ကမ္ဘာမြေသည် ဘုရားဘုန်းနှင့်ပြည့်နှက်နေပြီး/ ချုံပင်တိုင်း၌ ဘုရားဘုန်းအလင်း ထွန်းလင်းနေလည်း/ မြင်သောသူသာ ပြပ်ဝပ်စိတ်ဖြင့် ခြေနင်းချွတ်၏” ဟုရေးခဲ့သည်။ ဘုရားသခင်ဖန်ဆင်းသည့် အံ့ဖွယ်အရာများဖြင့် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ဘုရားသခင်၏လက်ရာများ ထင်ရှားပေါ်လွင်နေပြီး၊ တစ်နေ့တွင်၊ မြေကြီးသစ်ကို ဖန်ဆင်းသောအခါ၊ တစ်ခါမျှမမြင်ဖူးသော အရာများကို ကျွန်ုပ်တို့မြင်ရလိမ့်မည်။
ဤနေ့ရက်အကြောင်းကို ဘုရားသခင်သည် ပရောဖက်ဟေရှာယအားဖြင့် “သင်တို့သည် ဝမ်းမြောက်သောစိတ်နှင့်ထွက်၍ ချမ်းသာစွာပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်တို့သည် သင့်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍ တော၌ရှိသမျှသောအပင်တို့သည် လက်ခုတ်တီးကြလိမ့်မည်”ဟု ဖော်ပြထားသည်…
သင်ယူခြင်းနှင့် ချစ်ခြင်း
စကော့တလန်နိုင်ငံ၊ Greenock (ဂရင်းနော့ခ်)မြို့ရှိ မူလတန်းကျောင်းတွင် မီးဖွား ခွင့်ယူထားသည့် ဆရာမသုံးဦးသည် သူတို့၏ လသားအရွယ်ကလေးငယ်များကို ကျောင်းသူကျောင်းသားများနှင့် ထိတွေ့ဆက်ဆံရန် နှစ်ပတ်တစ်ကြိမ် ကျောင်းသို့အမြဲ ခေါ်ဆောင်ခဲ့သည်။ လသားကလေးနှင့်ကစားချိန်က ကလေးသူငယ်များအား စာနာတတ်ရန် (သို့) အခြားသူများအား ဂရုပြုသည့် ခံစားချက်ကိုရရှိရန် သင်ပေးသည်။ ဆရာမတစ်ဉီးပြောသကဲ့သို့ အများအားဖြင့် သင်ကြားမှုပိုင်း၌ “အနည်းငယ်ခက်ခဲမှု”ရှိသည့်ကျောင်းသားများမှာ ၎င်းကို လက်ခံရန် အသင့်ရှိသူများဖြစ်ပြီး“တစ်ခါတစ်ရံ ကလေးနှင့်နှစ်ယောက်တည်း သီးသန့်ရှိနေချိန်၌ ကျောင်းသားများသည် ပို၍ တုံ့ပြန်တတ်ကြသည်။” “ကလေးငယ်တစ်ဦးကို ပြုစုစောင့်ရှောက်ရန် မည်မျှကြိုးစားအားထုတ်သည်”ကို သူတို့သင်ယူရသည်။ “အချင်းချင်း၏ခံစားချက်ကို သူတို့ ပို၍ သိရှိသည်”ဟု ပြောပါသည်။
အခြားသူများကို ဂရုပြုရန် မွေးကင်းစကလေးထံမှသင်ယူခြင်းသည် ရှင်ယေရှုကို ယုံကြည်သူများအတွက် အဆန်း မဟုတ်ပေ။ သူငယ်တော်ယေရှုအဖြစ် ကြွလာသောအရှင်ကို ကျွန်ုပ်တို့သိသည်။ သူ၏မွေးဖွားလာခြင်းသည် အချင်းချင်းဂရုပြုသော ဆက်ဆံရေးနှင့်ပတ်သက်၍ ကျွန်ုပ်တို့နားလည်ထားသော အရာအားလုံးကို ပြောင်းလဲခဲ့သည်။ ခရစ်တော်မွေးဖွားခြင်းကို…
ရေနက်ရာမှ ကယ်ဆယ်ခြင်း
၂၀၂၁ ခုနှစ် ဩဂုတ်လ၌ အမေရိကန်နိုင်ငံ၊ Tennessee (ထဲနစီ)ပြည်နယ်၊ Waverly (ဝေဗာလီ)တောင်ကုန်းတွင် ခန့်မှန်းထားသည်ထက် စံချိန်တင်ပြီး မိုးရွာသွန်းမှု သုံးဆတိုးခဲ့သည်။ အားပြင်းသော မုန်တိုင်းနောက်ပိုင်းတွင် လူ (၂၀) အသက်ဆုံးရှုံးပြီး၊ ရာနှင့်ချီသော အိုးအိမ်များ ပျက်စီးခဲ့သည်။ ရဟတ်ယာဉ်မှူး Joel Boyers (ဂျိုးဝဲလ်ဘွိုင်ရာ)၏ စာနာရိုင်းပင်မှုနှင့် ကျွမ်းကျင်မှုကြောင့်သာ မဟုတ်ခဲ့လျှင် လူအသေအပျောက် ပို၍ပင်များနိုင်သည်။
ချစ်ခင်ရသူများအတွက် စိတ်ပူနေသော အမျိုးသမီးတစ်ဉီးက သူ့ထံဖုန်းခေါ်ခဲ့သဖြင့် လေယာဉ်မှူးသည် လေယာဉ်မောင်းထွက်ခဲ့သည်။ မီးလောင်နေသောအိမ်နှင့် ကားများ သစ်ပင်၌ညှိနေတင်နေသည်ကို မြင်ရသည့်အပြင်၊ “အောက်မှာက အရှိန်ပြင်းပြင်းနဲ့စီးေနေတဲ့ ရွံ့ရေတွေချည်းပဲ”ဟု ဘွိုင်ရာ မှတ်ချက်ချခဲ့သည်။ သို့သော်လည်း သူသည် နေအိမ်ခေါင်မိုးပေါ်မှ လူ (၁၂) ဦးကို ကယ်တင်ရန် ရဲ့ဝံ့စွာဆက်လုပ်ခဲ့သည်။
မကြာခဏဆိုသလို မုန်တိုင်းဝဲဂယက်များကဲ့သို့ ဘဝ၌ လက်တွေ့အဖြစ်မှန်များကို ကျွန်ုပ်တို့ ကြံုကြရသည်။ မသေချာမရေရာမှုများနှင့် မတည်ငြိမ်သောနေ့ရက်များတွင်…
ဟာလေလုယာ
ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ဖျော်ဖြေရသော၊ ယနေ့ကမ္ဘာ့အကျော်ကြားဆုံး သမ္မာကျမ်းလာဇာတ်လမ်းကို တေးဂီတဖြင့်သရုပ်ဖော်ထားသည့် ‘Messiah’ (မေရှိယ - ကယ်တင်ရှင်) တေးသွားကို ဆရာကြီး Handel (ဟန်ဒယ်လ်) ရေးစပ်ရေးရာ၌ အချိန် (၂၄) ရက်သာ ကြာခဲ့သည်။ အံ့ဩစရာပင်။ ကြီးကျယ်ခမ်းနားသော တီးခတ်မှုစတင်ပြီး (၂) နာရီနီးပါးအကြာတွင် တေးသွား၏အကျော်ကြားဆုံး အထွတ်အထိပ် ‘Hallelujah Chorus’ (ဟာလေလုယာသံပြိုင်)ကို တီးခတ်သီဆိုပါသည်။
တံပိုးခရာနှင့်ဗုံများမှ သံပြိုင်အပိုဒ်၏အစကို တီးခပ်စဉ် သီချင်းသည်အဖွဲ့မှ “သူသည် ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်” ဟူသော ဗျာဒိတ်ကျမ်း ၁၁:၁၅ မှ စာသားကို သီဆိုရာ သီချင်းသံက အမြင့်သံ၊ အနိမ့်သံများဖြင့် တစ်လွှာပေါ် တစ်လွှာထပ်ကာ ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်နိုင်ငံ၌ သခင်ယေရှုနှင့်အတူ ထာဝရရှိမည့်မျှော်လင့်ချက်၏အောင်ပွဲခံကြေညာချက်ဖြစ်သည်။
‘Messiah’ သီချင်းစာသားများစွာသည် ဗျာဒိတ်ကျမ်းမှစာသားများဖြစ်သည်။ ထိုကျမ်းကို တမန်တော်ရှင်ယောဟန်၏ ဘဝနောက်ဆုံးအချိန်များတွင်…
ကျွန်ုပ်နှင့်သက်ဆိုင်သည့်နေရာ
ကြီးမြတ်သောဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို အောက်မေ့လျက် ချီးမွမ်းပွဲဆင်နွဲသည့် ဂျူးလူမျိုးတို့၏ရိုးရာ ပဿခါစားသောက်ပွဲအပြီး၌ အသင်းတော်မှအသင်းသားတို့သည် ပတ်လည်ဝိုင်းကာ ကခုန်ခြင်းဖြင့် ၎င်းတို့၏ဝမ်းမြောက်မှုကို ဖော်ပြကြသည်။ ဘာရီသည် အနောက်နား၌ရပ်လျက် ပြုံးကာကြည့်နေသည်။ “အခုတော့ ဒါဟာ ကျွန်တော့်မိသားစုပဲ။ ကျွန်တော့်အသိုင်းအဝန်းပဲ။ ကျွန်တော်မေတ္တာပြနိုင်တဲ့နေရာ၊ မေတ္တာခံယူနိုင်တဲ့နေရာ၊ ကျွန်တော်နဲ့သက်ဆိုင်တဲ့နေရာကို ကျွန်တော်တွေ့ခဲ့ပြီ” ဟုပြောရင်း ဤအစီအစဥ်ကို သူအလွန်သဘောကျကြောင်း မှတ်ချက်ပေးခဲ့သည်။
ဘာရီသည် ငယ်စဥ်ကလေးဘဝက စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ရက်စက်စွာအကြမ်းဖက်မှုကို ခံစားခဲ့ရသဖြင့် သူ၌ ဝမ်းမြောက်ခြင်းမရှိခဲ့ပါ။ သို့သော် ဒေသခံအသင်းတော်မှ သူ့ကိုကြိုဆိုပြီး သူ့အား သခင်ယေရှုနှင့် မိတ်ဆက်ပေးခဲ့သည်။ ၎င်းတို့၏စည်းလုံးမှုနှင့် ဝမ်းမြောက်မှုတို့ကူးစက်ကာ ခရစ်တော်နောက်တော်သို့ သူစတင်လိုက်လျှောက်ပြီး သူ့ကိုချစ်သည်၊ လက်ခံကြသည်ဟု သူခံစားခဲ့ရသည်။
ဆာလံကျမ်း ၁၃၃ တွင် ‘အလွန်ကောင်းသော၊ အလွန်တင့်တယ်လျောက်ပတ်သော’ ဘုရားလူများ တစ်စိတ်တစ်ဝမ်းတည်းရှိမှု၏ သက်ရောက်မှု အကျိုးကိုသရုပ်ဖော်ရန် ဒါဝိဒ်မင်းသည် ထိရောက်သည့်ပုံရိပ်ကို အသုံးပြုခဲ့သည်။ ၎င်းသည်…
မကွဲပြားသောအိမ်
အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်၏ အထက်လွတ်တော် အမတ်လောင်းနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ရန် Republican (ရီပါပလစ်ကန်)ပါတီမှ အဆိုပြုထောက်ခံသူ အသစ်စက်စက် ကိုယ်စားလှယ်လောင်း Abraham Lincoln (အာဗြံဟံလင်ကွန်း)သည် ‘House Divided’ (ကွဲပြားသောအိမ်) ဟူသည့် သူ၏ ထင်ရှားသောမိန့်ခွန်းကို ၁၈၅၈ ခုနှစ်၊ ဇွန်လ (၁၆) တွင် ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် ကျွန်စနစ်နှင့်ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေမှုကြားရှိ တင်းမာမှုပြဿနာများကို အထူးအလေးပေး ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းက လင်ကွန်း၏ မိတ်ဆွေနှင့်ရန်သူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ ရှင်မဿဲခရစ်ဝင် ၁၂:၂၅ တွင် သခင်ယေရှု သုံးစွဲခဲ့သည့် ‘ကွဲပြားသောအိမ်’ တင်စားချက်ကို လူတို့အကျယ်တဝင့်သိရှိပြီး ရိုးရှင်းစွာ ဖော်ပြထားခြင်းကြောင့် ၎င်းကိုအသုံးပြုရန် အရေးကြီးသည်ဟု လင်ကွန်းအနေဖြင့် ခံစားခဲ့ရသည်။ “သူ့ရည်ရွယ်ချက်ပေါက်မြောက်အောင် ခေတ်အခြေအနေ၏ အလွန်ကြီးမားသောအန္တရာယ်ကို လူတို့၏ စိတ်၌ နှိုးဆွအသိပေးရန်” ၎င်းတင်စားချက်ကို လင်ကွန်းအသုံးပြုခဲ့သည်။
ကွဲပြားသောအိမ်သည်…