ချစ်မေတ္တာ၌ တည်နေသည်
ကျွန်မအမေနှင့် အတူနေပြီး သူမအား ပြုစုရန် ကင်ဆာပြုစုစောင့်ရှောက်ရေး စင်တာသို့ ကျွန်မရောက်လာခဲ့သည်။ မိုင်ပေါင်း ၇၅၀ ကျော် အဝေး၌ ကျွန်မမိသားစု၊ အသိုင်းအဝိုင်း၏ ထောက်မမှုတို့ကို ချန်ရစ်ပြီး ထွက်လာခဲ့ရခြင်းကြောင့် ကျွန်မအထီးကျန်၍ ကြောက်ရွံ့သကဲ့သို့ ခံစားနေရသည်။ ကျွန်မ၏လက်ဆွဲအိတ်ကို မဆွဲမမီမှာပင် အားပါးတရပြုံးတတ်သူ ဖရန့်ခ်က ကူညီရန် ကမ်းလှမ်းခဲ့သည်။ (၆) လွှာရှိ အဆောင်သို့ ကျွန်မတို့ရောက်သော် ဖရန့်ခ်ဆေးကုသမှုခံယူစဉ် သူ့အားစောင့်ရှောက်ခဲ့သည့် သူ့ဇနီးသည် လိုရီနှင့်တွေ့ရန် ကျွန်မဆုံးဖြတ်လိုက်သည်။ ကျွန်မတို့သည် ဘုရားသခင်နှင့် အချင်းချင်းအပေါ် အမှီသဟဲပြုလျက် သူတို့ဇနီးမောင်နှံနှင့် မိသားစုသဖွယ် ဖြစ်လာသည်။ ကျွန်မတို့အတူတကွ ရယ်မောကြ၊ ရင်ဖွင့်ကြ၊ ငိုကြ၊ ဆုတောင်းကြသည်။ ကျွန်မတို့သည် အိမ်ကို ချန်ရစ်ခဲ့ရ၍ ခံစားရသော်လည်း အချင်းချင်းကို အားပေးကူညီရင်း ဘုရားသခင်နှင့်အကျွမ်းဝင်မှု၊ အချင်းချင်းကြား အကျွမ်းဝင်မှုက ကျွန်မတို့ကို မေတ္တာ၌တည်စေခဲ့သည်။
ရုသသည် သူ၏ယောက္ခမနောမိအား ပြုစုရန်…
ဖယောင်းတိုင်များ ထွန်းညှိခြင်း
နေ့လည်ဖြစ်သော်လည်း နေကိုမမြင်ရပါ။ နယူးအင်္ဂလန်ဒေသ၏ အမှောင်နေ့သည် ၁၇၈၀ ပြည့်နှစ် မေလ (၁၉) ရက်နေ့ မနက်မှ စတင်ကာ နာရီအနည်းငယ် ကြာခဲ့သည်။ ဤနားလည်ရခက်သော အမှောင်ထုကြီးသည် ကနေဒါနိုင်ငံတွင် တောမီးလောင်ရာမှ ထွက်လာသောမီးခိုးထုကြီး ဖြစ်နိုင်ပါသည်။ သို့သော် လူအများက တရားစီရင်ရာနေ့ရောက်ပြီလောဟု တွေးထင်ခဲ့ကြသည်။
ထိုစဥ်က ကွန်နက်တီကပ်ပြည်နယ်အထက်လွှတ်တော်အစည်းအဝေးပြုလုပ်နေစဥ်ဖြစ်၍ အချို့က ရွှေ့ဆိုင်းမှုပြုရန် ဆွေးနွေးကြရာ Abraham Davenport (အာဗြံဟံဒေဗန်ပေါ့ထ်)က “ရွှေ့ဆိုင်းမှုကို ကျွန်တော်ကန့်ကွက်ပါတယ်။ တရားစီရင်ရာနေ့ ရောက်လာတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရွှေ့ဆိုင်းစရာမလိုပါဘူး။ ဟုတ်တယ်ဆိုရင်လည်း ဘုရားသခင် ကျွန်တော့်ကို တာဝန်ထမ်းရွက်နေရင်းပဲ တွေ့စေချင်ပါတယ်။ ဒါကြောင့် ဖယောင်းတိုင်တွေ ယူလာဖို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောခဲ့သည်။
ဘုရားသခင်ပြန်ကြွလာသောနေ့တွင် သူပေးအပ်ထားသောတာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်လျက်ရှိကြောင်း ဒေဗန်ပေါ့ထ် အမြင်ခံလိုခြင်းမှာ သခင်ယေရှုမိန့်တော်မူခဲ့သော “သင်တို့သည် အဆင်သင့်ဖြစ်ရန် ခါးကိုစည်းလျက်၊ ဆီခွက်များကို…
အတူတကွ စုဝေးကြသောအခါ
ကမ္ဘာ့ပျော်ရွှင်ခြင်းအစီရင်ခံစာအရ ဒိန်းမတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ အပျော်ရွှင်ဆုံးနိုင်ငံများထဲမှတစ်နိုင်ငံဖြစ်သည်။ ဒိန်းမတ်နိုင်ငံသားများသည် မိတ်ဆွေများနှင့် စုဖွဲ့ကာသောက်စရာပူပူနွေးနွေး (သို့) အရသာရှိသောစားစရာများ သုံးဆောင်ကြကာ ရှည်ကြာ၍ မှောင်မိုက်သောဆောင်းရာသီကို ကျော်ဖြတ်ကြသည်။ ထိုအချိန်များနှင့်ပတ်သက်သော ခံစားမှုများကို သူတို့က hygge (ဟူးဂါ) ဟုခေါ်သည်။ ကမ္ဘာ့တောင်ပိုင်းမှမိတ်ဆွေများထက် နေရောင်နည်းပါးစွာရခြင်းကြောင့် ဖြစ်လာသော အကျိုးဆက်များကို ဟူးဂါက လျော့ကျစေသည်။ စားပွဲတစ်ခုတည်းတွင် ချစ်ခင်သူများနှင့်ဝိုင်းဖွဲ့ထိုင်ခြင်းဖြင့် သူတို့၏နှလုံးသားများ အားပြည့်ရွှင်လန်းကြသည်။
ဟေဗြဲဩဝါဒစာရေးသူက လူအချင်းချင်းစုရုံးစည်းဝေးကြရန် တိုက်တွန်းနှိုးဆော်သည်။ ရာသီဥတုထက် ပိုမိုပြင်းထန်သော စိန်ခေါ်မှုများရှိနိုင်သည့် ခက်ခဲသောနေ့ရက်များ ရင်ဆိုင်ရနိုင်ကြောင်း သူသိပြီး ခရစ်တော်၏နောက်လိုက်များအနေဖြင့် ယုံကြည်ခြင်းဖြင့် ကြံ့ကြံ့ခံရန်လိုသည်။ ကယ်တင်ရှင်ကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်သည် ကျွန်မတို့အား လက်ခံကြောင်း သခင်ယေရှုက သေချာစေပြီ ဖြစ်သော်လည်း ကျွန်မတို့သည် ရှက်ကြောက်မှု၊ သံသယ၊ အတိုက်အခံများနှင့် ရင်ဆိုင်ရုန်းကန်ရနိုင်ပါသည်။ ကျွန်မတို့အတူတကွစုဝေးကြသောအခါ အချင်းချင်း တိုက်တွန်းခွန်အားပေးနိုင်သည့် အခွင့်အရေးရရှိပြီး၊ အဖော်အသင်းရှိမှသာ ကျွန်မတို့သည်…
နာကျင်ခံစားရသည့် သိခြင်းဝေဒနာ
ဇက်ခ်အယ်လ်ဒါနှင့်သူငယ်ချင်းများသည် အမေရိကန်နိုင်ငံရှိ Grand Canyon (ဂရန်းကင်ယွန်) ချောက်ကြီးကိုဖြတ်၍ (၂၅)ရက်ကြာ ဖောင်စီးခရီးနှင်ခဲ့ပြီး ကမ်းကပ်ခဲ့ကြသည်။ ဖောင်ပြန်သိမ်းရန်ရောက်လာသူက ကိုဗစ်-၁၉ ရောဂါအကြောင်း ပြောပြသောအခါ သူရယ်စရာပြောနေခြင်းဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် ထိုနေရာမှထွက်ခွာလာသောအခါ သူတို့ဖုန်းထဲသို့ မိဘများပို့လာသည့် အရေးတကြီးသတင်းများ ဝင်လာသည်။ ဇက်ခ်နှင့်သူငယ်ချင်းတို့ ကြက်သေသေသွားသည်။ ယခုသိထားသောသတင်းကို လွှဲရှောင်ရန် သူတို့လာလမ်းဖြစ်သော မြစ်ဆီသို့ပြန်သွားနိုင်လျှင် အကောင်းသားဟု သူတို့တောင့်တမိသည်။
ယိုယွင်းပျက်စီးသောကမ္ဘာ၌ အသိပညာက နာကျင်မှုကို မကြာခဏ ယူဆောင်လာတတ်သည်။ အမြော်အမြင်ရှိသော ဒေသနာကျမ်းဆရာက “ပညာများလျှင်၊ ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ်တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏” (၁:၁၈)ဟု တွေ့ရှိနားလည်ခဲ့သည်။ ဘာမှမသိ၊ အပူအပင်မရှိဘဲ ပျော်ရွှင်စရာကောင်းသောကလေးဘဝကို အားမကျသူ မည်သူရှိသနည်း။ လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုနှင့် ကင်ဆာရောဂါအကြောင်းများ သူမသိသေး ပါ။ ကျွန်ုပ်တို့အရွယ်မရောက်မီ၊ မိမိတို့၏အားနည်းချက်များနှင့် အကျင့်ဆိုးများကို ပိုင်းခြား၍ မသိမြင်လာမီက၊ ဦးလေးဘာကြောင့် အရက်…
မီးဖွင့်ကာ အလင်းချန်ခဲ့ပါ
ဟိုတယ်ခွဲတစ်ခု၏ကြော်ငြာ၌ မှောင်မိုက်သောညအလယ်တွင် အဆောက်အအုံငယ်တစ်ခုကို ဖော်ပြထားသည်။ ဘေးပတ်ဝန်းကျင်တွင် မည်သည့်အရာမျှမရှိပါ။ အဆောက်အအုံ၏ ဆင်ဝင်တံခါးနားရှိ မီးခွက်ငယ်လေးမှ တစ်ခုတည်းသော အလင်းရောင်ထွက်ပေါ်လာပြီး၊ မီးသီးအလင်းက တည်းခိုသူဧည့်သည်တစ်ဦးအတွက် လှေကားထစ် တစ်လျှောက်တက်၍ အဆောက်အအုံထဲသို့ ဝင်လာရန် လုံလောက်သောအလင်းဖြစ်သည်။ ကြော်ငြာက “သင့်အတွက် အလင်းချန်ထားခဲ့မည်” ဟူသည့်စာသားနှင့် အဆုံးသတ်သည်။
ဆင်ဝင်မီးသည် ကြိုဆိုဆိုင်းဘုတ်တစ်ခုနှင့်ဆင်တူပြီး မောပန်းနေသောခရီးသွားများအတွက် တစ်ထောက်နား၍ သက်တောင့်သက်သာ အနားယူနိုင်မည့်နေရာဖြစ်ကြောင်း အသိပေးသည်။ မောပန်းစွာခရီးနှင်သွားလာသူများအတွက် အမှောင်ထုမှထွက်၍ ဝင်ရောက်တည်းခိုရန် အလင်းက ဖိတ်ခေါ်နေသည်။
သခင်ယေရှုက သူ့ကိုယုံကြည်သောသူတို့၏အသက်တာသည် ကြိုဆိုသောအလင်းရောင်နှင့် တူသည်ဟုမိန့်တော်မူသည်။ “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်” (မ ၅:၁၄)ဟု သူ၏နောက်တော်လိုက်များအား မိန့်တော်မူသည်။ ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် အမှောင်ကမ္ဘာသို့ အလင်းထွန်းလင်းရန်ဖြစ်သည်။
ကျွန်ုပ်တို့အား သခင်ယေရှုလမ်းပြပြီး ခွန်အားအစွမ်းပေးထားသည့်အတိုင်း “သူတစ်ပါးတို့သည် (ကျွန်ုပ်တို့)၏ ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော…
အချိန်မျိုးစေ့များ
၁၈၇၉ ခုနှစ်က William Beal (ဝီလီယမ်ဘီးလ်) ကိုကြည့်ပြီး သူ့ကိုစိတ်မနှံ့သူဟု လူတို့ထင်ကောင်းထင်ကြလိမ့်မည်။ ရုက္ခဗေဒပါမောက္ခက ပုလင်းအလုံး (၂၀) တွင် အစေ့မျိုးစုံထည့်ပြီး၊ မြေကြီးနက်နက်တွင် မြှုပ်နေသည်ကို လူတို့တွေ့မြင်ခဲ့သည်။ သက်တမ်းရာစုနှစ်များစွာ ရှင်သန်နိုင်မည့် မျိုးစေ့စမ်းသပ်မှုကို ဘီးလ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကို လူတို့မသိပါ။ အနှစ် (၂၀) ပြည့်တိုင်း ပုလင်းတစ်လုံးကို တူးယူပြီး မည်သည့်အစေ့များက အပင်ပေါက်မည်ကို ကြည့်သည်။
သခင်ယေရူသည် မျိုးစေ့စိုက်ခြင်းနှင့်ပတ်သက်သော အကြောင်းအရာများစွာကို ပြောဆိုခဲ့ပြီး မျိုးစေ့ကြဲခြင်းကို နှုတ်ကပတ်တော်ပြန့်ပွားခြင်းနှင့် နှိုင်းယှဉ်လေ့ရှိသည် (မာ ၄:၁၅)။ မျိုးစေ့အချို့သည် စာတန်၏လုယူခြင်းကို ခံရပြီး အချို့မှာ အခြေခံအုတ်မြစ်မရှိ၍ အမြစ်မစွဲ၊ အချို့မှာ ပတ်ဝန်းကျင်ကြောင့် အဟန့် အတားဖြစ်ပြီး အသီး မသီးနိုင်ဟု သခင်ယေရှု သွန်သင်ခဲ့သည် (:၁၅-၁၉)။ သတင်းကောင်းကို ကျွန်ုပ်တို့ကြဲဖြန့်သောအခါ မည်သည့်မျိုးစေ့ ရှင်သန်မည်က ကျွန်ုပ်တို့အပေါ်…
ဘုရားသခင်ကိုချစ်ပြီး အမှီပြုအားကိုးပါ
ဇက်ခ်သည် ထက်မြက်၊ လူကြိုက်များပြီး ဟာသဉာဏ်ရွှင်သူဖြစ်သည်။ သို့သော် သူသည် စိတ်ဓာတ်ကျခြင်း ဝေဒနာနှင့် လူမသိသူမသိ ရုန်းကန်တိုက်နေခဲ့ရပြီး၊အသက် (၁၅)နှစ် တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ သူ၏မိခင် လိုရီ က “ဘဝရဲ့စိတ်လှုပ်ရှားဖွယ်ရာများစွာရှိတဲ့သူအနေနဲ့ သူဒီအခြေအနေအထိ ဘယ်လိုဖြစ်သွားတာလဲဆိုတာ နားလည်ရခက်လို့နေပါတယ်။ သေကြောင်းကြံစည်မှုက ဇက်ခ်ကိုလည်း အလွတ်မပေးခဲ့ဘူး” ဟု ပြောပြသည်။ လိုရီသည် သူမ၏ဝမ်းနည်းကြေကွဲမှုကို ဘုရားသခင်ထံ တိတ်တဆိတ်သွန်းလောင်းခဲ့ရချိန်များလည်း ရှိခဲ့သည်။ သေကြောင်းကြံစည်မှုဖြစ်ပြီးနောက် နက်နက်ရှိုင်းရှိုင်းဝမ်းနည်းရသည်မှာ “နောက်ထပ် ပူဆွေးမှုအဆင့်တစ်ခုလုံးဖြစ်သည်”ဟု သူမက ဆိုသည်။ သို့သော် လည်း သူမနှင့်မိသားစုသည် ဘုရားသခင်နှင့်အခြားသူများပေါ် အားကိုးတတ်ရန် သင်ယူခဲ့ကြပြီး ယခုအခါ စိတ်ဓာတ်ကျမှုနှင့် နပန်းလုံးနေရသူများကို ချစ်တတ်ရန် သူတို့၏အချိန်များကို အသုံးပြုနေကြသည်။
သို့နှင့် “ချစ်ခြင်းနှင့်အားကိုးခြင်း”သည် လိုရီ၏ ဘဝဆောင်ပုဒ်ဖြစ်လာသည်။ ဤအတွေးအခေါ်မျိုးကို ဓမ္မဟောင်းကျမ်းမှ ရုသဝတ္ထုတွင်လည်း တွေ့ရသည်။ နောမိသည် ခင်ပွန်းနှင့်သားနှစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်…
အစီအစဥ်နှင့် ပံ့ပိုးစောင့်ရှောက်မှု
၂၀၀၀ ခုနှစ်တွင် အင်တာနက်မှ ရုပ်ရှင်အငှားစနစ်လုပ်ဆောင်နေသော ထင်ပေါ်ကာစ ကုမ္ပဏီတစ်ခုသည် သူတို့၏လုပ်ငန်းကို ထိုအချိန်က ဘုရင်တစ်ဆူဖြစ်နေသော ရုပ်ရှင်နှင့် ဗီဒီယိုဂိမ်းငှားရမ်းခြင်း လုပ်ငန်းရှင် Blockbuster (ဘလော့ဘာစတာ) ကုမ္ပဏီအား ဒေါ်လာသန်းငါးဆယ်နှင့် ရောင်းချရန် ကမ်းလှမ်းခဲ့သည်။ Netflix (နက်ဖလစ်) ကုမ္ပဏီတွင် အမည်စာရင်းသွင်းသူ သုံးသိန်းခန့်သာရှိပြီး ဘလော့ခ်ဘာစတာတွင် စာရင်းသွင်းသူ သန်းနှင့်ချီ၍ရှိခဲ့သည်။ ဘလော့ခ်ဘာစတာ သည် ၎င်းတို့၏ သေးငယ်သောပြိုင်ဘက်အား ထိုလုပ်ငန်းကို ဝယ်ယူစေခဲ့သည်။ ရလဒ်မှာ ယနေ့တွင် နက်ဖလစ်သည် စာရင်းသွင်းသူ သန်း (၁၈၀)ကျော်ရှိပြီး ဒေါ်လာဘီလီယံ (၂၀၀)နီးပါး တန်ကြေးရှိသည့် ကုမ္ပဏီဖြစ်လာပြီး၊ ဘလော့ခ်ဘာစတာကုမ္ပဏီကမူ ပြိုကွဲသွားသည်။ အနာဂတ်ကို မည်သူကမျှ မခန့်မှန်းနိုင်ပါ။
ကျွန်ုပ်တို့၏အနာဂတ်အစီအစဉ်များ အောင်မြင်ပြီး မိမိဘဝကို ထိန်းချုပ်နိုင်မည်ဟုယုံကြည်မှုရှိရန် ကျွန်ုပ်တို့ သွေးဆောင်ခံရသည်။ သို့သော် ရှင်ယာကုပ်က “သင်တို့ အသက်သည် ... ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော…
တောင်းသာ တောင်းပါ
ကျွန်ုပ်တို့၏အိမ်မြေအောက်ခန်းမှ ဇနီးသည်ရှယ်လီ၏ ရွှင်မြူးသောအော်သံများ ထွက်ပေါ်လာသည်။ သူမသည် သတင်းလွှာစီမံကိန်းတစ်ခုနှင့် နာရီပေါင်းများစွာ နပန်းလုံးခဲ့ရပြီး အလုပ်ကို အပြီးသတ်ရန် အဆင်သင့်ဖြစ်နေပါပြီ။ မည်ကဲ့သို့ရှေ့ဆက်လုပ်ရမည်ကို မသိဖြစ်နေ၍ စိုးရိမ်မှုနှင့်မရေရာမှုများကြောင့် ဘုရားသခင်မစကူညီရန် သူဆုတောင်းခဲ့သည်။ ဖေ့စ်ဘွတ်ခ်မှ သူငယ်ချင်းများနှင့်လည်း ဆက်သွယ်ခဲ့ပြီး မကြာမီတွင် အဖွဲ့သားများပါဝင်ကြိုးပမ်းမှုဖြင့် သူမ၏လုပ်ငန်းစီမံကိန်း ပြီးစီးခဲ့သည်။
သတင်းလွှာစီမံကိန်းသည် ဘဝ၌ ဘာမှမဟုတ်သော်လည်း သေးငယ်သောအမှုများသည်လည်း စိုးရိမ်မှု (သို့) သောကများကို ယူဆောင်လာနိုင်သည်။ သင်သည် ပထမဆုံးအကြိမ် ကလေးပြုစုပျိုးထောင်သော မိဘတစ်ဦး၊ ပညာရေး၌ စိန်ခေါ်မှုအခက်အခဲအသစ် ကြုံနေရသည့်ကျောင်းသား၊ ချစ်ရသူဆုံးရှုံး၍ ဝမ်းနည်းကြေကွဲနေသောသူ၊ သို့မဟုတ် အိမ်၊ လုပ်ငန်း၊ အမှုတော်သာသနာတွင် စိန်ခေါ်မှုများကြုံတွေ့နေရသူ ဖြစ်ကောင်းဖြစ်မည်။ ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ မလိုအပ်ဘဲ ပူပန်နေတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်ထံ အကူအညီ မတောင်းခံခြင်းကြောင့်ဖြစ်သည် (ယာ ၄:၂)။
မစမှုလိုအပ်ချိန်များတွင် ဖိလိပ္ပိမြို့ရှိ သခင်ယေရှုနောက်တော်လိုက်များနှင့်ကျွန်ုပ်တို့အား “အဘယ်အမှုကိုမျှ…
သင်အကူအညီလိုသောအခါ
တနင်္လာနေ့မနက်ဖြစ်သော်လည်း ကျွန်မသူငယ်ချင်း ချီယာမင်း ရုံးမတတ်ပါ။ သူ အိမ်မှာနေ၍ သန့်ရှင်းရေးလုပ်နေပါသည်။ သူအလုပ်မရှိသည်မှာ (၁)လခန့်ရှိပြီ။ အလုပ်ရနိုင်မည့်လမ်းစလည်း မရှိပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သူ့အလုပ်လုပ်သည့်ကုမ္ပဏီ ပိတ်လိုက်ရပြီးနောက် အနာဂတ်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများက ချီယာမင်းကို ကြောက်ရွံ့စေသည်။ “ငါ့မိသားစုကို ငါထောက်ပံ့ရမယ်။ ငါဘယ်မှာ အကူအညီရှာရမလဲ” ဟု သူတွေးမိသည်။
ဆာလံကျမ်း ၁၂၁:၁ တွင် ယေရုရှလင်မြို့သို့လာသော ဘုရားဖူးများသည်လည်း အကူအညီရှာရန် အလားတူမေးခွန်းမျိုး မေးခဲ့ကြသည်။ ဇိအုန်တောင်ပေါ်ရှိ သန့်ရှင်းသောမြို့တော်သို့ သွားရသောခရီးသည် ရှည်လျား၍ ခက်ခဲကြမ်းတမ်းစွာ တက်ရသောကြောင့် အန္တရာယ်များလှသည်။ သူတို့ရင်ဆိုင်ခဲ့ကြရသော အခက်အခဲများသည် ယနေ့တိုင် ဘဝတွင် ရောဂါဘယ၊ ဆက်ဆံရေးပြဿနာများ၊ ဆွေမျိုးသားချင်းများကို ဆုံးရှုံးရခြင်း၊ လုပ်ငန်းခွင်စိတ်ဖိစီးမှု အစရှိသဖြင့် ကျွန်မတို့ရင်ဆိုင်ရသည့် ခက်ခဲသော ခရီးရှည်များကဲ့သို့ဖြစ်ပါသည်။ ချီယာမင်းအတွက်မူ ငွေကြေးအခက်အခဲနှင့် အလုပ်အကိုင်မရှိခြင်းများကြားမှ ရုန်းကန်နေရသည်။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော…