အိမ်ကိုလွမ်းဆွတ်ခြင်း
အီသဲလ်နှင့် အက်ဒ်တို့သည် ရော့ကီတောင်တန်းများ၏ကုန်းမြင့်ပိုင်းကန္တာရတွင် နေထိုင်ကြသည်။ အမှတ်တရပစ္စည်းများပြည့်သော ၎င်းတို့၏ခြံသို့ ကျွန်ုပ်တို့ သွားရောက်လည်ပတ်စဉ် စကားစမြည်ပြောရင်း မြောက်ဒါကိုတာ ပြည်နယ်၏ မြက်ခင်းပြင်များတွင် မြင်းစီးခြင်းနှင့် မွန်တာနာပြည်နယ်တွင် နွားကျောင်းခြင်းအကြောင်း ငယ်ဘဝပုံပြင်များ ပြောဖြစ်ခဲ့ကြသည်။ ၎င်းတို့မှာ အသက်ရလာပြီဖြစ်၍ သူတို့၏အသံတွင် အိမ်လွမ်းဆွတ်မှုကို အတိုင်းသားကြားရသည်။
ဆာလံ ၁၃၇ သည် အလားတူခံစားချက်ကို ရေးသားထားသည်။ ဣသရေလလူမျိုးများသည် သုံ့ပန်းအဖြစ် ကျွန်ပြုခံရပြီး အိမ်ကို လွမ်းဆွတ်နေကြသည်။ “ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည် ထိုင်၍ ငိုကြွေးကြ၏။”... ထိုအရပ်၌ ငါတို့ကို ညှဥ်းဆဲသောသူတို့က ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု...” (:၁၊၃) ၊တောင်းဆိုမှုအပေါ် သူတို့က “တစ်ကျွန်းတစ်နိုင်ငံ၌ ထာဝရဘုရား၏သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း” (:၄) ဟုတုံ့ပြန်ခဲ့သည်။
ပြည်နှင်ဒဏ်ခံရခြင်းမှ ဇာတိပြည်သို့ပြန်လိုသော တောင့်တမှုသည် ဓမ္မဟောင်းပရောဖက်ကျမ်းများတွင် ပါရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။ နောက်ဆုံးတွင် သူတို့အမှန်ပြန်လာခဲ့ရပြီး၊ ယေရုရှလင်မြို့ကို…
ယေရှု၌ ဝမ်းမြောက်ခြင်း
ဖျပ်ခနဲမြင်သည့်အရာကို မဖမ်းဆုပ်လိုက်နိုင်၊ ထိုအရာကို သင်တမ်းတနေပါသလား။ ဆရာကြီး စီအက်စ်လူးဝစ်စ် (C.S. Lewis) သည် ဝမ်းမြောက်မှုကို တောင့်တခဲ့သည်။ သူက “စကြဝဠာ၌ရှိသည့် ယခု ဖြတ်တောက်ခံရသည်ဟု ခံစားရသည့် အရာ(ဘုရား)နှင့်ပြန်လည်ပေါင်းစည်းရန်၊ အပြင်မှသာ အမြဲမြင်ခဲ့ရသည့် တံခါး၏အတွင်းပိုင်းသို့ ရောက်ရှိရန်မှာ ကျွန်ုပ်တို့၏ အခြေအနေမှန် ဖြစ်သည်။ အဆုံး၌ အတွင်းသို့ ဆင့်ခေါ်ခံလိုက်ရခြင်းက အနာဟောင်းကို ကုစားခြင်းဖြစ်ပြီး၊... ဝမ်းမြောက်ခြင်းရေပန်းမှစီးထွက်သည့် ဝမ်းမြောက်ခြင်းရေကို သောက်ရခြင်းက လူသား၏ပြီးပြည့်စုံမှုပင် ဖြစ်သည်”ဟု ရေးသားခဲ့သည်။
ဆရာကြီးလူးဝစ်စ်က ယေရှုကို မျက်နှာချင်းဆိုင်တွေ့သောအခါ အပြည့်အဝခံစားရမည့် ပျော်ရွင်မှုအကြောင်းကို ရေးခဲ့သည်။ ယေရှုကို ယုံကြည်သူများအနေဖြင့် ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးအားဖြင့်၊ ကျွန်ုပ်တို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုအားဖြင့် ခရစ်တော်၏ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ရရှိသည်။ သို့သော် ဝမ်းနည်းစရာမှာ အပြစ်နှင့်သေခြင်း၊ မကောင်းမှု၏ တွန်းအားများနှင့် ပျက်စီးသောလောကကြီးက ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းကို နှောင့်နှေးစေခဲ့သည်။ ရှင်ပေါလုက “ယခုအခါ ငါတို့သည် ကြေးမုံတွင်…
ဘုရားသခင်ထံ အပြည့်အဝ အပ်နှံပါ
အားလုံးသော စင်္ကာပူအမျိုးသားများကဲ့သို့ပင် ကျွန်ုပ်အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ နိုင်ငံ၏တပ်မတော်၌ စစ်မှုထမ်းခဲ့သည်။ အမှန်အတိုင်းဝန်ခံရလျှင်၊ နှစ်နှစ်ခွဲကြာသောစစ်မှုထမ်းကို စိတ်မပါဘဲ ဥပဒေအရ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ အခြားသောလူငယ်များစွာကဲ့သို့ပင်၊ အထူးအားထုတ် ကြိုးစားမှုမရှိဘဲ အမိန့်ကို အပိုအလိုမရှိ၊ သာမန်နာခံခဲ့သည်။
သို့သော် အချို့သူများက စိတ်ပါဝင်စားစွာ အမှုထမ်းလျက်၊ နောက်ဆုံးတွင် သူတို့၏အတွေ့အကြုံများမှ များစွာသော ခေါင်းဆောင်မှုစွမ်းရည်၊ ဇွဲလုံ့လနှင့် ခံနိုင်ရည်အကြောင်းကို သင်ယူရရှိခဲ့သည်။ ဤသို့သော ကြိုးစားအားထုတ်မှုနှင့် အပြုသဘောဆောင်သည့်စိတ်ထားသည် သမ္မာကျမ်းစာတွင် ယောသပ် ပြသခဲ့သည့် အမှုအရာနှင့် တူပြီး ဘုရားသခင်အား နှစ်သက်စေမည်ဟု ကျွန်ုပ်သိလာရသည်။
ကျွန်အဖြစ်ရောင်းစားခံရပြီး နောက်ပိုင်းတွင် အကျဉ်းချခံရသော်ငြားလည်း သူသည် သတ်မှတ်တာဝန်များကို အကြီးမားဆုံးသော ပေးဆပ်အပ်နှံမှုဖြင့် ပြီးမြောက်စေခဲ့သည်။ သူ့အခြေအနေအပေါ် နာကျည်းနေမည့်အစား လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို မည်မျှအလေးအနက်ထားပြီး ထမ်းဆောင်ခဲ့သနည်းဆိုလျှင် “ပေါတိဖာသည် မိမိ၌ရှိသမျှကို ယောသပ် လက်သို့အပ်”သည့်အထိဖြစ်သည်(က ၃၉:၆)။ ယောသပ်သည် ထောင်ကို ဦးစီးသူ…
ဘုရားသခင်ထံ အပြည့်အဝ အပ်နှံပါ
အားလုံးသော စင်္ကာပူအမျိုးသားများကဲ့သို့ပင် ကျွန်ုပ်အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ နိုင်ငံ၏တပ်မတော်၌ စစ်မှုထမ်းခဲ့သည်။ အမှန်အတိုင်းဝန်ခံရလျှင်၊ နှစ်နှစ်ခွဲကြာသောစစ်မှုထမ်းကို စိတ်မပါဘဲ ဥပဒေအရ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ အခြားသောလူငယ်များစွာကဲ့သို့ပင်၊ အထူးအားထုတ် ကြိုးစားမှုမရှိဘဲ အမိန့်ကို အပိုအလိုမရှိ၊ သာမန်နာခံခဲ့သည်။
သို့သော် အချို့သူများက စိတ်ပါဝင်စားစွာ အမှုထမ်းလျက်၊ နောက်ဆုံးတွင် သူတို့၏အတွေ့အကြုံများမှ များစွာသော ခေါင်းဆောင်မှုစွမ်းရည်၊ ဇွဲလုံ့လနှင့် ခံနိုင်ရည်အကြောင်းကို သင်ယူရရှိခဲ့သည်။ ဤသို့သော ကြိုးစားအားထုတ်မှုနှင့် အပြုသဘောဆောင်သည့်စိတ်ထားသည် သမ္မာကျမ်းစာတွင် ယောသပ်ပြသခဲ့သည့် အမှုအရာနှင့် တူပြီး ဘုရားသခင်အား နှစ်သက်စေမည်ဟု ကျွန်ုပ်သိလာရသည်။
ကျွန်အဖြစ်ရောင်းစားခံရပြီး နောက်ပိုင်းတွင် အကျဉ်းချခံရသော်ငြားလည်း သူသည် သတ်မှတ်တာဝန်များကို အကြီးမားဆုံးသော ပေးဆပ်အပ်နှံမှုဖြင့် ပြီးမြောက်စေခဲ့သည်။ သူ့အခြေအနေအပေါ် နာကျည်းနေမည့်အစား လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို မည်မျှအလေးအနက်ထားပြီး ထမ်းဆောင်ခဲ့သနည်းဆိုလျှင် “ပေါတိဖာသည် မိမိ၌ရှိသမျှကို ယောသပ် လက်သို့အပ်”သည့်အထိဖြစ်သည် (က ၃၉:၆)။ ယောသပ်သည် ထောင်ကို ဦးစီးသူ…
မာကျောသောနှလုံး၏ခန္ဓာဗေဒ
မိမိနှလုံးကို ကြည့်ရခြင်းက အလွန်စိတ်ဝင်စားစရာပါ။ မကြာမီက ရင်ဘတ်အောင့်သဖြင့် ဆရာဝန်နှင့် တွေ့ကာ၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ကျွန်ုပ်၏နှလုံးတွင် ကယ်လ်စီယမ်ဓာတ် တိုးလာသည်ကို တွေ့ခဲ့ရသည်။ ရှိသင့်သည်ထက် ပို၍များနေခြင်းဖြစ်သည်။ ဆရာဝန်က အသီရိုစကလိုရိုစစ် (Atherosclerosis)ဟုခေါ်သည့် သွေးလွှတ်ကြောများတင်းမာခြင်းဟု ခေါ်သည်။
သို့နှင့် အစားအသောက်ကို ချင့်ချိန်စားပြီး လေ့ကျင့်ခန်းလုပ်ခဲ့သည်။ ကျွန်ုပ်၏နှလုံးပြဿနာသည် နေ့ချင်းညချင်းပေါ်လာခြင်း မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်သဘောပေါက်ခဲ့သည်။ ကျွန်ုပ်ရောဂါသည် မမှန်ကန်သော ရွေးချယ်မှုများ၏ရလဒ်ဖြစ်ပြီး၊ ထိုအကျင့်များ၏ သက်ရောက်မှုက နှလုံးကျန်းမာရေးအပေါ် မလွဲမသွေကျရောက်ခဲ့သည်။
သမ္မာကျမ်းစာက ဝိညာဉ်ရေး မကျန်းမာခြင်းကို ဖော်ပြရန် အလားတူစကားကို အသုံးပြုထားသည်။ ကျွန်ုပ်တို့၏နှလုံးသားများသည် တစ်နေ့တစ်မျိုး ရွေးချယ်မှုများအားဖြင့် ဘုရားသခင်အပေါ် တဖြည်းဖြည်း မာကျောလာနိုင်သည်။ (ဆာ ၉၅:၇-၈ ကို ရည်ညွှန်းလျက်) ဟေဗြဲ ၃:၇-၈ ၌ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက်ရှိသည်ဖြစ်၍၊…
နက်ရှိုင်းသောအမြစ်များ
ရှုခင်းဗိသုကာပညာရှင် ဒေါက်ကလပ်စ်ခန့်ထ် (Douglas Kent) သည် ၂၀၂၅ခုနှစ် တောမီးလောင်ခဲ့ပြီးနောက် မီးကျွမ်းနေသော လော့စ်အိန်ဂျလိစ် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုစဉ် အရည်ပျော်နေသော ကားများနှင့် မီးလောင်ထားသော အဆောက်အအုံဘေးတွင် ရှင်သန်စိမ်းလန်းသော သစ်ပင်များကို အံ့ဩဖွယ်တွေ့ခဲ့ရသည်။ အပင်များစွာမှာ ခိုင်ခံ့သောပင်စည်နှင့် အကိုင်းအခက်များရှိပြီး၊ ထန်းပင်၌ ထန်းရွက်များစိမ်းလန်းလျက် အသီးများက အပြွတ်လိုက်သီးနေသည်။
နှစ်ကြိမ်ဆက်တိုက် မိုးရွာသည့် ဆောင်းအကုန်တွင် အမြစ်များက မြေဆီလွှာထဲသို့ နက်စွာတိုးဝင်သွားပြီး အစိုဓာတ်ရယူကာ အကိုင်းအခက်အရွက်များသို့ အစိုဓာတ်ကို ပို့ဆောင်ပေးသည်။ ဤသို့ဖြင့် မီးဒဏ်ကို ခံနိုင်ရည်ရှိကြောင်း သက်သေပြခဲ့သည်။ “တကယ်လို့ ကိုယ်က နက်ရှိုင်းစွာအမြစ်တွယ်နေမယ်ဆိုရင် ကိုယ်ရှင်သန် မယ်ဆိုတာ ကျွန်တော်မြင်ခဲ့ရတယ်”ဟု ခန့်ထ်က ပြောခဲ့သည်။
ဘဝ၏ပြင်းထန်သောစုံစမ်းစစ်ကြောမှုများအတွင်း ကျွန်ုပ်တို့ယုံကြည်ခြင်းသည် ထိုကဲ့သို့ဖြစ်နိုင်သည်။ ခရစ်တော်နှင့် သူ၏ချစ်ခြင်းမေတ္တာ၌ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအမြစ်ကို နက်ရှိုင်းစွာ အမြစ်တွယ်စေသည်နှင့်အမျှ ကျွန်ုပ်တို့သည် “ရေရှိရာအရပ်၌ စိုက်၍ မြစ်နားမှာ…
ကောင်းသောသိုးထိန်း၏စကားကို နားထောင်ခြင်း
ဖုန်းမှတစ်ဆင့် ငွေလွှဲငွေထုတ်လုပ်ဆောင်သည့် ကျွန်မ၏အွန်လိုင်းဘဏ်အက်ပ်ကိုဖွင့်ကြည့်ရာ ကျွန်မ မထုတ်ဘဲ ဒေါ်လာ ၅၀၀ ကျော် ငွေထုတ်သည့် လုပ်ဆောင်မှုနှစ်ခုကို တွေ့လိုက်ရသည်။ ထိတ်လန့်စွာနှင့် ဘဏ်သို့ဖုန်းဆက်ရာ၊ ကျွန်မ၏အထောက်အထားများ အခိုးခံရသည်ကို တွေ့ရှိခဲ့သည်။ ဘဏ်၏အကူအညီဖြင့် မူလအနေအထားအတိုင်း ပြန်လည်ရရှိသော်လည်း နောင်တွင် ထိုသို့သောခိုးယူမှုများကို သတိရှိရန် အတွေ့အကြုံက သင်ပေးခဲ့သည်။
ယော ၁၀:၁၀ တွင် ယေရှုက “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏”ဟုသတိပေးထားသည်။ ဥပုသ်နေ့တွင် လူနာများအား ကုသ ပေးခြင်း (၉:၁၃-၁၅)ကို ဆန့်ကျင်သည့် ဘာသာရေးခေါင်းဆောင်များအား သခင်ယေရှုက ပြင်းထန်စွာ အပြစ်တင်ဆုံးမလျက် ခိုးခြင်း၊ သတ်ခြင်းနှင့် ဖျက်ဆီးခြင်းဟူသည့် ထိုသူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ခဲ့သည်။ ကျွန်မတို့၏ဝိညာဉ်ရေးရန်သူစာတန်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ကျွန်မတို့နားလည် လက်ခံခြင်း၊ ယေရှု၏သေခြင်းက ယူဆောင်လာသည့် လွတ်မြောက်ခြင်းတို့ကို ခိုးယူရန် ကြံစည်နေသည်။ ထိုကျမ်းပိုဒ်၏ အစပိုင်းတွင်…
ဘုရားသခင်၏ ကြီးမြတ်ခမ်းနားမှုကို မြင်တွေ့ခြင်း
၁၉ ရာစု ကဗျာဆရာနှင့် စာပေပညာရှင် ဂျရတ် မန်လေ ဟော့ပ်ကင်းစ် (Gerard Manley Hopkins)၏ “ဘုရားသခင်၏ကြီးမြတ်မှု”(God’s Grandeur)အမည်ရှိ ၁၄ ကြောင်းကဗျာတွင် ဖန်ဆင်းခြင်း၌ “ဘုရားသခင်၏ကြီးမြတ်မှု”များ ပြည့်နှက်စွာ “အားဖြည့်ထားခြင်း”ကို နည်းလမ်းပေါင်းစုံဖြင့် ချီးမွမ်းဂုဏ်ပြုထားသည်။ ဟော့ပ်ကင်းက ဘုရားသခင်၏အံ့မခန်းဘုန်းတော်သည် “လှုပ်ယမ်းလိုက်သော သတ္တုပြားမှ ထွက်ပေါ်လာသည့် အလင်းရောင်ကဲ့သို့” တောက်ပလျက်ရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဘုရားသခင်၏အလှတရားသည် ဤမျှထင်ရှားတောက်ပနေပါလျက်နှင့် လူများစွာတို့ အဘယ်ကြောင့် သတိမထားမိဘဲ လွဲချော်နေကြသနည်း။ လူသားဘဝတွင် အရာရာကို “လူ၏အညစ်အကြေး”၊ “လူ၏အနံ့အသက်”များဖြင့် ဖုံးလွှမ်းထားသောကြောင့် မိမိတို့ကိုယ်တိုင်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မမြင်နိုင်တော့ခြင်း ဖြစ်သည်ဟု ဟော့ပ်ကင်းက အကြောင်းပြခဲ့သည်။
ဆာလံကျမ်း ၁၀၄ သည်လည်း ဖန်ဆင်းခြင်းလောကရှိ ဘုရားသခင်၏တင့်တယ်ခြင်းကို ချီးမွမ်းထားသည်။ ဆာလံဆရာက ဘုရားသခင်သည် “ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်”လျက်(:၁)၊ လေ၊ မီးလျှံ (:၄)၊ မိုးချိန်းသံနှင့် လှိုင်းတံပိုးများ…
ဘုရားသခင်၌ ကောင်းသောမြေဖြစ်ခြင်း
နှစ်စဉ် နွေဦးနှောင်းပိုင်းတွင် ခြံထဲ၌ သခွားစေ့များကို ကျွန်မပျိုးခဲ့သည်။ အစေ့များမအရွက်များ အလျင်အမြန် ထွက်လာတတ်သော်လည်း အသီးသီးရန်မှာမူ အချိန်ယူရသည်။ စင်စစ်၊ နွေရာသီတွင် အစေ့များကို ရေလောင်းပြီး စောင့်ဆိုင်းနေရင်း “သခွားသီး သီးပါ့မလား”ဟု သံသယဖြစ်ခဲ့မိပြီး၊ “အစေ့တွေကို စိပ်စိပ်လေး စိုက်မိလို့လား၊ ဒါမှမဟုတ် စိုက်တဲ့အချိန်တုန်းက မြေကြီးက မနွေးသေးလို့လား”ဟု တွေးနေခဲ့မိသည်။ သို့သော် တစ်နေ့တွင် အစိမ်းရောင် အဖူးအငြှောင့်လေးတစ်ခုကို စတင်တွေ့လိုက်ရသည်။ နောက်အပတ်တွင် အငြှောင့်လေးများ တစ်ခုပြီးတစ်ခု ထွက်လာသည်။ ဤနောက်တွင် အပင်ကြီးထွားလာပြီး၊ နွယ်ချည်းသာ ရှိနေရာမှ တစ်ပတ်စာ သုပ်စားရန် လောက်ငသော အသီးများခူးဆွတ်ခဲ့ရသည်။
ဝိညာဉ်ရေးရာ ကြီးထွားမှုသည်လည်း တစ်ခါတစ်ရံ ထိုသို့ပင် ဖြစ်သည်။ စိတ်ရှည်ခြင်း၊ ကိုယ်ကိုကိုယ် ချုပ်တည်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ချစ်ခြင်းမေတ္တာ (ဂလာ ၅:၂၂-၂၃ ကိုကြည့်ပါ) စသည့် ကျွန်မတို့ ဆုတောင်းသောအရာများကို အမြဲတမ်း…
ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းခြင်း
၁၉၆၂ ခုနှစ်တွင် ဂျိုအန် ရှက်တလာ (Joanne Shetler) နှင့် အန်း ဖက်ဇာ (Anne Fetzer) တို့သည် ယေရှုအကြောင်း တစ်ခါမျှ မကြားဖူးသူများထံ ဧဝံဂေလိတရား ဝေငှရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ကြမ်းတမ်းသော တောင်တန်းများဆီသို့ ဘတ်စ်ကားဖြင့်တစ်မျိုး၊ ခြေကျင်ဖြင့်တစ်ဖုံ ခက်ခဲပင်ပန်းစွာ ခရီးနှင်ခဲ့ကြသည်။
ထိုဒေသခံဘာသာစကားဖြင့် ငါးနှစ်တိုင်တိုင် ကျမ်းစာကို သူတို့ ဘာသာပြန်ဆိုခဲ့ကြသော်လည်း ဘာလန်ဂါအို (Balangao) ရွာသားများက စိတ်ဝင်စားမှု မရှိပါ။ သို့သော်လည်း လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်ဖြင့် ပို့ဆောင်နိုင်ရန် ရိုးရှင်းသော လေယာဉ်ကွင်းငယ် ဆောက်လုပ်ရာတွင်မူ ရွာသားများက ကူညီခဲ့ကြသည်။ တစ်နေ့တွင် “အခြားကမ္ဘာမှမှော်အတတ်”ဟု ရွာသားများ တင်စားခေါ်ဆိုသော လေယာဉ်ဖြင့်၊ အသက်အန္တရာယ် စိုးရိမ်ဖွယ် ဖျားနာနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အဝေးရှိ ဆေးခန်းတစ်ခုသို့ ပျံသန်းပို့ဆောင်ပေးခဲ့သည်။ ထိုအမျိုးသမီးသည် ကျန်းမာစွာဖြင့် မွေးကင်းစကလေးငယ်ကို ပိုက်လျက်…