ယေရှုပြန်ကြွလာခြင်းကို တောင့်တခြင်း
ကျွန်မငယ်စဥ်က အမေရိကန်အခြေစိုက် Chick-fil-A စားသောက်ဆိုင်၌ အာလူးကြော်နှင့် လက်ဖက်ရည်အေး သွားသောက်ရသည်ကို နှစ်သက်ခဲ့သည်။ အရွယ် ရောက်ပြီး အခြားပြည်နယ်သို့ ပြောင်းသွားသောအခါ မိုင်ရာချီသော နေရာတစ်လျှောက်ထိ ထိုဆိုင်မရှိခဲ့၍ အံ့သြခဲ့ရသည်။ကျွန်မတို့က မိသားစုခရီးထွက်လျှင် Chick-fil-A ၌ ရပ်နားနိုင်အောင် လမ်းကြောင်းများပင် ဆွဲခဲ့ဖူးပြီး၊တစ်နေ့နေ့တွင် အိမ်အနီး၌ ဆိုင်တစ်ဆိုင်ဖွင့်လေမလားဟု မျှော်လင့်ခဲ့သည်။
တစ်စုံတစ်ရာကို တောင့်တခြင်းကို ကျွန်မတို့အားလုံး ကြုံတွေ့ဖူးသည်။ တစ်ခါတရံ၌ အကြိုက်ဆုံး စားသောက်ဆိုင်ကို တောင့်တခြင်းကဲ့သို့သောအရာမျိုးက အမှန်တကယ်မလိုအပ်ပါ။ တစ်ဖန် အခြားအချိန်များတွင် ပိုမိုနက်နဲသော ကျွန်မတို့အရူးအမူး တောင့်တမှုများလည်း ရှိတတ်ပြန်သည်။
ဖိလိပ္ပိယုံကြည်သူများထံ စာရေးရာတွင် ပေါလုက ခရစ်တော်ပြန်ကြွလာခြင်းနှင့် နိုင်ငံတော်တည်လျက်ကြွလာခြင်းဟူသည့် ၎င်းတို့၏အနက်ရှိုင်းဆုံးသော တောင့်တမှုကို အခြေခံ၍ အသက်ရှင်ရန် သတိပေးခဲ့သည်(ဖိ ၃:၂၀)။ ယေရှုကြွလာခြင်းသည် အရာခပ်သိမ်းကို ပြီးပြည့်စုံစေပြီး ယုံကြည်သူများကို ကိုယ်တော်နှင့်တူစေရန် ပြောင်းလဲပေးလိမ့်မည်(:၂၁)။
တည်မြဲသော ကျေနပ်မှုကို မပေးနိုင်သောအရာကို…
ဒေးဗစ်၏လွတ်မြောက်ခြင်း
အထက်တန်းကျောင်း နပန်းပြိုင်ပွဲ၏ဆီမီးဖိုင်နယ်တွင် ဒေးဗစ်(ဒါဝိဒ်)သည် သူ၏ ညာဘက်နံရိုးကျိုးသွားသည်။ သူသည် ပွဲစဉ်တွင် အနိုင်ရခဲ့သော်လည်း နံရိုးကျိုးသည့်ဒဏ်ရာနှင့် ချန်ပီယံဆုလုပွဲကို ကျော်ဖြတ်နိုင်ခဲ့၍ အံ့ဩမိနေသည်။ဗိုလ်လုပွဲတွင် ဒါဝိဒ်သည် ထိခိုက်ဒဏ်ရာရခြင်းမရှိသော ဘယ်ခြေကိုသာ သုံးခဲ့သည်။ ထို့ကြောင့် သူ့ပြိုင်ဘက်က ပွဲစဉ်တစ်လျှောက်လုံးတွင် ဒေ့ဗ်၏ဘယ်ခြေကိုသာ ပစ်မှတ်ထားခဲ့သည်။ သို့နှင့် ဒါဝိဒ်သည် သူ၏ညာဘက်နံရိုးကို ကာကွယ်ပြီး အနိုင်ရခဲ့သည်။
အခြားသော “ဒါဝိဒ်”တစ်ဦးမှာမူ ခက်ခဲသောအခြေအနေမှ လွတ်မြောက်ရန် လှည့်စားမှုကို အသုံးချခဲ့သည်။ ဒါဝိဒ်သည် သတ်ချင်ဖြတ်ချင်နေသူရှောလုမင်း ရန်ကြောင့် ထွက်ပြေးနေရပြီး၊ ဣသလေလူမျိုး၏ ရန်သူများကြားတွင် ခိုလှုံရာ ရှာတွေ့ခဲ့သော်လည်း၊ မကြာမီမှာပင် သူသည် ဟေဗြဲစစ်သူရဲဖြစ်ကြောင်း ရန်သူဘုရင်ထံသို့ သတင်းရောက်သွားသည်(၁ ရာ ၂၁:၁၁)။ အသက်အန္တရာယ်အတွက် စိုးရိမ်ပြီး၊ ဒါဝိဒ်သည် “ရူးသွပ်ဟန်ဆောင်ပြီး ... တံခါးရွက်ပေါ်၌ ရေးသား၍၊ မိမိတံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏”(:၁၃)။ ထိုပရိယာယ်က အောင်မြင်ခဲ့သည်(:၁၄-၁၅)။
ဂုဏ်အသရေရှိသူများအနေဖြင့်…
စစ်မှန်သောဘဏ္ဍာ
ဂျိမ်းစ်သည် အားကောင်းသော သံလိုက်တစ်ခုကို ကြိုးရှည်ဖြင့် ချည်နှောင်ကာ၊ ၎င်းကို နယူးယောက်မြို့ရှိ ရေကန်တစ်ခုထဲသို့ ပစ်ချခဲ့သည်။ ရွှံ့များနှင့်ညစ်ပတ်နေသော ဒေါ်လာတစ်ရာတန် ငွေစက္ကူများအပြည့်နှင့် သေတ္တာတစ်လုံးကို သံလိုက်တုံးမှ ဆွဲယူလာသောအခါ “သံလိုက်တံငါသည်”မှာ အံ့ဩသွားခဲ့သည်။ ရဲက ငွေများသည် ရာဇဝတ်မှုနှင့် မသက်ဆိုင်သဖြင့် သိမ်းဆည်းထားနိုင်ကြောင်း ဂျိမ်းစ်အား ပြောခဲ့သည်။ ငွေစက္ကူအချို့မှာ အခြေအနေ အလွန်ဆိုးနေ၍ ငွေစက္ကူအစစ်ဖြစ်ကြောင်း အထောက်အထား မပြနိုင်သော်လည်း အိမ်တစ်လုံးဝယ်ယူနိုင်ရန်မျှော်လင့်လျက် ငွေများကို တတ်နိုင်သမျှ သူသန့်စင်ခဲ့သည်။
ဝှက်ထားသောဘဏ္ဍာကို ရှာဖွေခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ထိုအတိုင်းလုပ်ဆောင်ခဲ့သော လူတစ်ဦးအကြောင်းကို ယေရှုက ပုံဥပမာဖြင့် ပြောပြခဲ့သည်။ “တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။” (မ ၁၃:၄၄)။ ထိုသူသည် မိမိတွေ့ရှိသောဘဏ္ဍာ၏တန်ဖိုးကို သိရှိပြီးသကာလ၊ လယ်ကိုဝယ်ယူရန်…
ငြိမ်ဝပ်ခြင်းထဲမှာ
ကျွန်မငယ်စဥ်က ညသန်းခေါင်ယံ နိုးထလာချိန်၌ ဧည့်ခန်းအတွင်း အမေထိုင်နေသည်ကို မကြာခဏတွေ့ရသည်။ မီးအိမ်အလင်းရောင်ကြောင့် သူ့ပေါင်ပေါ်၌ တင်ထားသည့် သမ္မာကျမ်းစာအုပ်ကို မြင်ရသည်။ ကျွန်မမိခင်မှာ အိပ်မပျော်ခြင်းရောဂါနှင့် နာတာရှည်နာကျင်မှုကြောင့် အိပ်ရာဝင်ရန် ခက်ခဲသော်လည်း အချိန်ကို သူအကောင်းဆုံး အသုံးချခဲ့သည်။ ထိုညများ၌ ကျွန်မတို့ စကားမပြောဖြစ်ပါ။ ကျွန်မမှာ အိပ်ငိုက်လွန်းသဖြင့် ခေါင်းတညိတ်ညိတ်နှင့် လေးပင်စွာ လမ်းလျှောက်နေရုံသာ။ သို့သော် အမေက တိတ်ဆိတ်ငြိမ်သက်သော နံနက်စောစောအချိန်များတွင် ဘုရားသခင်နှင့် ဆက်သွယ်ပြီး၊ ဘုရားရှင်က သူ့ကို စကားပြောကြောင်း ကျွန်မသိပါသည်။
ဘုရားသခင်ကို ပိုပြီး အပြည့်အဝ သိကျွမ်းနိုင်မည့်အချိန်များကို မည်သို့ရှာရမည်နည်း။ အိပ်မပျော်သည့်ညတစ်ညကို စောင့်နေစရာ မလိုပါ။ သခင်ယေရှုသည် သူ၏အပေါင်းအဖော်များကို ထားခဲ့ပြီး၊ ခမည်းတော်နှင့်တစ်ဦးတည်း စကားပြောရန် အချိန်ယူခဲ့သည်(မာ ၁:၃၅)။
သမ္မာကျမ်းစာက “ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ် သည်ဟု သိမှတ်ကြလော့”(ဆာ ၄၆:၁၀)ဟု ဆိုထားသည်။…
စာနာနားလည်မှု
ကျွန်တော့်ယောက္ခမ ဂျင်မ် သည် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပ၌ ဗုံးကြဲလေယာဉ်မှ သေနတ်သမားတစ်ဦးဖြစ်ခဲ့သည်။ လေယာဉ် ပစ်ချခံရပြီးနောက် စစ်သုံ့ပန်းအဖြစ် လပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ဂျင်မ်သည် သူ၏အတွေ့အကြုံများကို ပြောခဲသော်လည်း သူ့ကို သိကျွမ်းသူများက စစ်မက်မတိုင်မီက သူသည် အပူပင်မဲ့ ပြုံးပြုံးပျော်ပျော်နေတတ်သော လူငယ်လေးဟု ဆိုကြသည်။ စစ်ပွဲအတွေ့အကြုံ များက သူ့အား စိတ်ခံစားမှုထိခိုက်လွယ်ပြီး အထီးကျန်သူအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
သူ့အတွေ့အကြုံကို နားလည်ရန်ကြိုးစားရင်း ဒေါ်နယ်မေလာ (Donald Miller) ၏ Masters of the Air ဥရောပလေကြောင်းစစ်ပွဲအကြောင်းစာအုပ်ကို ကျွန်တော်ဖတ်ကြည့်ခဲ့သည်။ ထိုစာအုပ်က ဝေဟင်စစ်သည်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပေးဆပ်ခဲ့ရသောတန်ဖိုးများကို နားလည်စေခဲ့ပြီး၊ ကျွန်တော့်ယောက္ခမအပေါ်စာနာမှုကို တိုးပွားစေခဲ့သည်။
ဟေဗြဲဩဝါဒစာရေးသူက ကျွန်ုပ်တို့၏ရုန်းကန်ရမှုများကို နားလည်ရုံသာမက များစွာတွေ့ကြုံခဲ့သူ ကျွန်ုပ်တို့၏ “ယဇ်ပုရောဟိတ်မင်းကြီး” (၄:၁၄) ယေရှုအကြောင်း ရေးသားခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အလယ်တွင် နေထိုင်ခဲ့ပြီး…
ဘုရားသခင်အတူညှိနှိုင်းခဲ့သော ပန်းတိုင်များ
ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခံရပြီးနောက် ဝီလ်သည် အလွန်စိတ်ဓာတ်ကျလာသဖြင့် စိတ်ကျန်းမာရေးဌာနတွင် ကုသမှုခံယူခဲ့သည်။ ရက် သတ္တပတ်အတန်ကြာထိ တိုးတက်မှုမရှိခဲ့ဘဲ၊ တစ်နေ့လမ်းလျှောက်နေစဉ် သူ၏ ကုထုံးပညာရှင်ဆရာက သူ့ကိုမြင်ပြီး ပြုံးကာ “ငါ မင်းထက်အရင် အခန်းထဲရောက်ပြီး အနိုင်ယူပြမယ်”ဟု အော်ပြောလိုက်သည်။ “အဲဒီဘာမဟုတ်တဲ့ အရာက ကျွန်တော့်အတွင်းစိတ်က တစ်စုံတစ်ခုကို နှိုးဆွပေးခဲ့တယ်”ဟု ဝီလ် ပြန်ပြောပြသည်။ ရုတ်တရက် သူ၌ ရည်ရွယ်ချက်တစ်ခုရှိသည်ဟု ခံစားလိုက်ရပြီး၊ အခန်းသို့ အမြန်ပြေးကာ၊ ဆရာကို အနိုင်ရခဲ့သည်။ အံ့ဩစရာမှာ လှုံ့ဆော်မှုဖြစ်စေသော ရည်မှန်းချက်နှင့် ထိုပန်းတိုင်ကို အောင်နိုင်ခဲ့ခြင်းက သူ့အား မျှော်လင့်ချက်ကို ပေးခဲ့ပြီး၊ ၎င်းသည် သူ့အား ပြန်လည်ကျန်းမာလာစေသည့် သော့ချက်ပင်ဖြစ်သည်။
တမန်တော်ပေါလုသည် ရှင်းလင်းသောရည်မှန်းချက်ပန်းတိုင်၏စွမ်းအားကို သိနားလည်လျက်၊ “ငါသည် ခရစ်တော်ကို သိလိုသည်”ဟုအသင်းသားများအား ပြောကြားခဲ့သည်(ဖိ ၃:၁၀)။ ထမြောက်တော်မူသော ယေရှု၏တန်ခိုးတော်ကို သူသိလိုခဲ့သည်။ ထိုတန်ခိုးသည် တမန်တော်အား ကိုယ်တော်နှင့်…
ဘုရားသခင်၏မစမှုဖြင့် ညင်သာသောအဖြေ
“အဖုံးပြန်ပိတ်လိုက်ပါ။ ဒါမျိုးတွေ့ရလွန်းလို့ ရိုးနေပြီ”။ ဤစကားမှာ ပျားအုံကို မည်သို့ပြုစုပျိုးထောင်ရမည်ကို ကျွန်တော် သင်ယူနေခိုက် အတွေ့အကြုံရင့် ပျားမွေးမြူရေးသမားတစ်ယောက်က ကျွန်တော့်ကို ပြောခဲ့သောစကားဖြစ်သည်။ကျွန်တော်က အားနှင့် မြန်မြန်ဆန်ဆန်လုပ်သောကြောင့် ပျားအုံရှိသည့်ပုံးမှာ တုန်ခါသွားပြီး ပျားတို့ကို ထိတ်လန့်စေခဲ့၍ ပျားများထွက်လာကာ ကျွန်တော့်ခေါင်းတစ်ဝိုက်တွင် ပျားအုပ်ကြီးအုံဝိုင်းနေခဲ့သည်။ ကျွန်တော်က ၎င်းတို့ကို ဂရုစိုက်ရန် ကြိုးစားနေသော်လည်း သူတို့ကို ဒေါသထွက်အောင်သာ လုပ်ခဲ့မိသည်။ ကျွန်တော့်မိတ်ဆွေက ပျားများကို အနှောင့်အယှက်မဖြစ်စေအောင် ညင်သာစွာ လှုပ်ရှားလျက်၊ “ဖြည်းညင်းစွာ”လှုပ်ရှားရန် အရေးကြီးကြောင်း ပြသခဲ့သည်။ (နှစ်အတော်ကြာပြီးနောက်) ယခုကျွန်တော် ပျားအုံကို ကိုင်တွယ်ရာ၌ ကျွန်တော့် လှုပ်ရှားမှုများက အလွန်သိမ်မွေ့နေသောကြောင့် ကျွန်တော့်ဇနီးက ကနေသကဲ့သို့ပဲဟု ပြောပါသည်။
တစ်ခါတစ်ရံ ပြောရဆိုရခက်ခဲသော စကားဝိုင်းများသည် ပျားများနှင့် ကနေသကဲ့သို့ ဖြစ်သည်။ အခြားသူများ စိတ်ဆိုးပြီး စိတ်ခံစားမှုများ တင်းမာနေချိန်တွင် ဒေါသတကြီး တုံ့ပြန်ခြင်းက အခြေအနေကို ပိုဆိုးစေပါသည်။…
ရိုးရာအစဉ်လာ၌မဟုတ်၊ ခရစ်တော်၌သာ အပ်နှံရာ
နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖေးမြို့တွင် နှစ်စဉ်လူထောင်ပေါင်းများစွာသည် ၎င်းတို့၏စိုးရိမ်ပူပန်မှုများ၊ ငွေတောင်းခံလွှာများနှင့် နောင်တများကို သိပ်ထည့်ထားသည့် ပေ ၅၀ မြင့် ဇိုဇိုဘရာ(Zozobra)ရုပ်သေးရုပ်ကို မီးရှို့ရန် စုဝေးကြသည်။ မီးလျှံများက ၎င်းတို့၏စိုးရိမ်ပူပန်မှုများနှင့် ဒုက္ခများကို လောင်ကျွမ်းပြီး ဘဝကို ပြန်လည်စတင်စေနိုင်လိမ့်မည်ဟု မျှော်လင့်ကာ “သူ့ကို မီးရှို့လိုက်”ဟု အော်ဟစ်ကြသည်။ ဤအစဉ်အလာသည် ကြောက်ရွံ့မှု၊ ရှက်ရွံ့မှု၊ ကျရှုံးမှုများနှင့် ကင်းဝေးလိုသော လူသားများ၏ အလွန်ပြင်းပြသောဆန္ဒကို ထင်ဟပ်စေသည်။ ၎င်းသည် ထူးခြားအံ့ဖွယ်ဖြစ်သော်လည်း မည်သည့်တန်ခိုးမျှ မရှိပါ။ မီးသည် စက္ကူနှင့်ပြာများကို ဖျက်ဆီးနိုင်သော်လည်း အပြစ်ကို မဖျက်ဆီးနိုင်ပါ။ ရှက်ရွံ့မှုကို မဖယ်ရှားနိုင်ပါ။
တမန်တော်ပေါလုက “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့”ဟု ရေးသားကာ(ကော ၂:၈)၊ သခင်ယေရှုကို တန်ဖိုးမရှိသောအရာများနှင့် မလဲလှယ်သင့်ကြောင်း သတိပေးသည်။ အကြောင်းရင်းမှာ…
ဘုရားသခင်၏စကားကို နာယူခြင်း
တက်ဒ်တော့ခ် (TED Talk) အစီအစဉ်တွင် ဆယ်လက်စတဲဟက်ဒ်လီ (Celeste Headlee) က “ပိုမိုကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်သည့်နည်းလမ်း ၁၀ ခု”ကို ဖော်ပြခဲ့သည်။ ထိုနည်းလမ်းများအနက်တစ်ခုမှာ ပုံမှန်အတွေးအမြင်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။ ၎င်းမှာ ကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်ရန်အတွက် နားထောင်ရန် လိုအပ်သည်ဟူ၍ဖြစ်သည်။ အခြားသူတစ်ဦး စကားပြောစဥ်၊ ကျွန်ုပ်တို့သည် အမှန်တကယ်နားထောင်ခြင်းမဟုတ်ဘဲ နောက်ထပ်မိမိပြောမည့်အရာကို စိတ်ထဲတွင် စဉ်းစားနေတတ်သည်။ ဟက်ဒ်လီက “ကျွန်ုပ်တို့ အများစု၏ရည်ရွယ်ချက်မှာ နားလည်ဖို့ နားထောင်ခြင်းမဟုတ်ဘဲ ပြန်ဖြေပြန်ပြောဖို့ နားထောင်ကြခြင်းဖြစ်သည်”ဟူ၍ စာရေးဆရာစတီဖင်ကိုဗီ (Steven Covey)၏ စကားကို ကိုးကားပြောဆိုခဲ့သည်။
သမ္မာကျမ်းစာ၌ အထူးသဖြင့် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးတွင် နားထောင်ခြင်းကို များစွာဖော်ပြထားသည်။ NLT ကျမ်းစာတွင် “နားကို ဖွင့်၍ နှုတ်ကို ပိတ်ထားပါ”ဟူ၍ ရှင်းလင်းစွာ ဖော်ပြထားသည် (ဒေ ၅:၁)။ “ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ”သောကြောင့် ကျွန်ုပ်တို့ထက် ပို၍သိမြင်သည့်အတွက် ကိုယ်တော်၏စကားနားထောင်ခြင်းသည် အမြော်အမြင်ရှိခြင်းဖြစ်ကြောင်း…
ဘုရားသခင်၏လက်ခံမှု
ဟာရိုးလ် မူဒီ (Harold Moody)သည် မည်သည့်လူနာကိုမှ ငြင်းပယ်လေ့မရှိသော ဆရာဝန်တစ်ဦးဖြစ်သည်။ လူနာအချို့က ဆေးကုခ မပေးနိုင်လည်း၊ လူ့အသိုင်းအဝိုင်း၏ ငြင်းပယ်ခြင်းကို သူကိုယ်တိုင် ကြုံခဲ့ရသော်လည်း၊ သူသည် လူနာများကို ကျောမခိုင်းခဲ့ပါ။ သူသည် ဆေးပညာလေ့လာမှုတွင် ထူးချွန်သော မှတ်တမ်းရှိသော်လည်း သူ၏အသားအရေကြောင့် လန်ဒန်မြို့ရှိ ဆေးရုံများတွင် အလုပ်ခန့်အပ်မခံခဲ့ရပေ။ ထို့ကြောင့် ၁၉၁၃ ခုနှစ်တွင် သူ၏အိမ်၌ ကိုယ်ပိုင်ဆေးခန်းဖွင့်ခဲ့ပြီး၊ မကြာခဏ ဆင်းရဲသားများကို အခမဲ့ကုသပေးလေ့ရှိသည်။ ဒေါက်တာဟာရိုးလ်မူဒီသည် သူ့ဘဝတစ်လျှောက်လုံး ခွဲခြားဆက်ဆံခံရသူများကို ကူညီပေးခဲ့သဖြင့် “ဗြိတိန်နိုင်ငံ၏မာတင်လူသာကင်း”ဟု ကင်ပွန်းတပ်ခံခဲ့ရသည်။
အခြားသူများ၏ငြင်းပယ်မှုအတိုင်း မိမိ၏ဘဝကို မသတ်မှတ်သင့်ကြောင်း ဒေါက်တာမူဒီက ပြသခဲ့သည်။ သမ္မာကျမ်းစာမှ ယေဖသ၏အကြောင်းက ဤအမှန်တရားကို ပြသသည်။ ယေဖသသည် ခွန်အားကြီးသောစစ်သည်တော် တစ်ဦးဖြစ်သော်လည်း၊ ဖအေတူမအေကွဲ ညီအစ်ကိုများ၏ငြင်းပယ်ခြင်းကိုခံရပြီး မြို့မှနှင်ထုတ်ခံခဲ့ရသည်။ သူတို့က “သင်သည် အခြားတစ်ပါးသောမိန်းမ၏သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရ”ဟု…