အမှောင်ထုထဲမှ
နိုင်ဂျီးရီးယားနိုင်ငံကမ်းခြေမှ မိုင် ၂၀ အကွာတွင် ဆွဲသင်္ဘောတစ်စီး နစ်မြှုပ်သွားပြီး၊ မှောက်ခုံအနေအထားဖြင့် ပင်လယ်ကြမ်းပြင်သို့ကျသွားသည်။ သင်္ဘောသား ၁၁ ယောက် ပါသွားသော်လည်း စားဖိုမှူး ဟာရီစန် အိုဂျက်ဘ အိုကီနေး (Harrison Odjegba Okene) သည် လေခိုနေသောနေရာတစ်ခုကို တွေ့ရှိပြီး၊ ထိုနေရာတွင် ကယ်ဆယ်မည့်သူများကို စောင့်နေခဲ့သည်။ သူလက်၌ ကုတ်(Coke)အချိုရည်ဘူးသာရှိပြီး၊ အသက်ကယ်အင်္ကျီမှ အရေးပေါ်မီးနှစ်ပွင့်မှာ ပထမ၂၄ နာရီအတွင်း အားကုန်ပြီး မီးမလင်းတော့ပါ။ အလွန်ကြောက်မက်ဖွယ်သော သုံးရက်တာအတွင်း အိုကီနေးသည် ပင်လယ်ကြမ်းပြင်၏အမှောင်ထု၌ တစ်ယောက်တည်း ပိတ်မိနေခဲ့သည်။ အလောင်းများကို ရှာဖွေရန် တာဝန်ဖြင့် ကယ်ဆယ်ရေး ရေငုပ်သမားများရောက်ရှိလာချိန်တွင် အိုကီနေးသည် သူ၏မျှော်လင့်ချက်ကို လက်လျော့စပြုနေချိန်ဖြစ်ပြီး၊ ကယ်ဆယ်ရေးသမားများ ရောက်လာချိန်တွင် သင်္ဘောဝမ်းဗိုက်ခန်းတွင် ဆောင့်ကြောင့်ထိုင်လျက် ခိုက်ခိုက်တုန်နေသည့်သူ့ကို တွေ့ရှိခဲ့ကြသည်။
နာရီပေါင်း ၆၀ မျှ အမှောင်ထုထဲတွင် တစ်ဦးတည်းနေခဲ့ရ၍ အိုကီနေး၏ပုံစံမှာ အလွန်ချောက်ချားနေပုံရသည်။ အလွန်ကြောက်မက်ဖွယ်အဖြစ်အပျက်ကို…
ယုံကြည်ခြင်းခြေတစ်လှမ်း
ပြင်သစ်သင်္ဘောသားတစ်ဦးသည် သူ၏ကြောင်နှင့်အတူ အလာ့စ်ကာ (Alaska) ပြည်နယ် တောင်ဘက်ပိုင်း ကျွန်းတစ်ကျွန်းရှိ ဒတ်ချ် (Dutch)ဆိပ်ကမ်းမှ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့သို့ ရွက်လွှင့်နေစဉ် ကြီးမားသောလှိုင်းလုံးကြီးကြောင့် ရွက်လှေတိမ်းမှောက်သွားခဲ့သည်။ လှေသည် သူ့ဘာသာသူ တည့်မတ်သွားသော်လည်း သူ၏လက်မှ တက်မလွတ်ထွက်သွားပြီး ပြင်းထန်သော လှိုင်းရိုက်ခတ်မှုဒဏ်ကိုခံခဲ့ရသည်။ သူသည် အားကိုးရာမဲ့ဖြစ်လျက် ထိန်းချုပ်နိုင်စွမ်းမရှိ၊ လှေလှော်၍ မရ၊ ရေထဲ၌ ဘာမှမလုပ်နိုင်ဘဲ ပိတ်မိနေပြီဟု ဆိုးရွားသော အခြေအနေကို ကမ်းခြေစောင့်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ နောက်ဆုံးတွင်၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် အနီးအနားရှိ ရေနံတူးသင်္ဘောတစ်စင်းကို ဆက်သွယ်ခဲ့ပြီး သူ့ကို ကယ်ဆယ်ခဲ့သည်။ သူသည် အပေါ်အင်္ကျီအတွင်း ထည့်ထားသည့်ကြောင်ကိုပိုက်ကာ ကယ်ဆယ်ရေးသင်္ဘောပေါ်သို့ အမှန်တကယ်ပင် ယုံကြည်ခြင်းခြေလှမ်းဖြင့် တက်လှမ်းခဲ့ရပါသည်။
ဧဖက် ၂ တွင် ပေါလုသည် ရေထဲတွင် ပိတ်မိလျက်၊ ဝိညာဉ်ရေးအရ သေဆုံးသွားပြီး ဘုရားသခင်နှင့် ကွဲကွာနေသည့် (:၁) လူသား၏အပြစ်နှင့်မျှော်လင့်ချက်မဲ့သောအခြေအနေကို ဖော်ပြသည်။ ထို့အပြင်၊…
ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုတွင် ဘတ်ဖလိုဘေးလ်စ် (Buffalo Bills) အဖွဲ့မှ ဒါမာ ဟမ်လင်း (Damar Hamlin) သည် ပုံမှန် ဘောလုံး သယ်လာသူကို ဝင်လုရာမှ လဲကျသွားရာ၊ ပရိသတ်များ ကြက်သေသေသွားခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ကစားသမားသည် ရုတ်တရက် နှလုံးရပ်သွားခဲ့သည်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ ကုသပေးမှုဖြင့် ကစားကွင်းထဲ၌ပင် ပြန်လည်နှလုံးခုန်လာခဲ့သည်။ အံ့ဩစရာမှာ ဟမ်လင်းသည် ကွင်းထဲမှာပင် သေမလိုဖြစ်ခဲ့ပြီး၊ သတိပြန်လည်လာကာ၊ သုံးလအကြာတွင် ဘောလုံးပြန်ကစားနိုင်ပြီဟု ရှင်းလင်းသောအဖြေရခဲ့သည်။
ဟမ်လင်းက ဘုရားသခင်နှင့် သူ၏အသက်ကို ကယ်တင်ခဲ့သော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး၊ သူသည် အခြားသူများကို အားပေးလှုံ့ဆော်သူဆက်ဖြစ်နေရန် စီစဉ်လုပ်ဆောင်ခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး(၁၁)တွင် လာဇရုသည် မှတ်မှတ်ရရ အံ့ဩဖွယ် ပြန်လည်ကျန်းမာလာခဲ့သည်။
ဗေသနိရွာသို့ သခင်ယေရှုရောက်ရှိချိန်တွင် လာဇရုသေသည်မှာ၄ ရက်ပင် ရှိနေပြီးဖြစ်သည်။ ကြေကွဲနေသော မာရိနှင့်မာသ…
ဘုရားသခင်၏အိမ်ပြန်လမ်း
ကားရပ်နားရန်နေရာသို့ မတ်စောက်သောဆင်ခြေလျှောအတိုင်း မောင်းချလာစဥ် ကျွန်မတစ်ကိုယ်လုံး စိုးရိမ်စိတ်များလွှမ်းသွားသည်။ ဤနေရာသို့ ကျွန်မအရင်က ရောက်ခဲ့ဖူးပြီး ထိုအချိန်က လမ်းပျောက်ခဲ့သည်။ သို့သော် ဓာတ်လှေခါးအနီးရှိ တံခါးသို့ လျှောက်သွားရင်း ကျွန်မနှလုံးသား၌ ငြိမ်သက်သောခံစားချက် ဖုံးလွှမ်းသွားသည်။ လမ်းသိပါပြီ။ တံခါးပေါက်မှဝင်ပြီး ဖြတ်လျှောက်ကာ ကျွန်မရှာနေသော ဓာတ်လှေခါးကို တွေ့လိုက်ရပြီးနောက် မကြာခင်မှာပင် ကျွန်မသွားရမည့်နေရာသို့ ရောက်ရှိခဲ့သည်။
ထိုကားပါကင်၏ဝင်္ကပါလမ်းဖွဲ့စည်းပုံကို ဖြတ်လျှောက်ပြီး၊ လမ်းရှာရသော အတွေ့အကြုံက လမ်းပျောက်ခြင်းသည် တစ်ခါတစ်ရံ လမ်းရှာတွေ့အောင် အကူအညီပေးနိုင်သည်ကို သတိပေးသည်။ ပထမအကြိမ် ရောက်ခဲ့စဉ် လမ်းပျောက်ခဲ့ခြင်းကြောင့် အမှားကိုပြန်တွေးကာ မိမိသွားမည့်နေရာသို့ရောက်အောင် ထွက်ရမည့် တံခါးပေါက်ကို သတိရခဲ့တော့သည်။
ပျောက်သောလမ်းကို တွေ့ရှိခြင်းသည် အလွန်ဝမ်းမြောက်ဖွယ်ရာဖြစ် ကြောင်း၊ ၎င်းသည် မှန်ကန်ကြောင်း ယနေ့ဖတ်ရန်ကျမ်းချက်မှ “ပျောက်သောသား” ပုံဥပမာ
အားဖြင့် သိရသည် (လု ၁၅:၂၄)။ နောက်ဆုံးတွင် လောကလမ်းမ၌ လမ်းပျောက်နေသော သားငယ်သည်…
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့်
ဂျော်ဒန်မြစ်အနောက်ဘက်ဒေသ သန့်ရှင်းသောပြည် (Holy Land)ရှိ သခင်ယေရှုလျှောက်ခဲ့သောနေရာ၌ လမ်းလျှောက်ခြင်းကို ကျွန်မတို့နှစ်သက်သည်။ ယခုမှ ကိုယ်တော်၏လောကီအသက်တာ မြင်ကွင်းများနှင့်အသံများကို ပို၍ လွယ်ကူစွာ ကျွန်မစိတ်ကူးမြင်ယောင်နိုင်ခဲ့ပါပြီ။ သို့သော် ဘုရားကျောင်းနှင့် ကျေးလက်ဒေသရှိ မညီညာသော ကျောက်တုံးများပေါ် တက်လိုက်ဆင်းလိုက် လုပ်ခြင်းကြောင့် ဒူးနာလျက် အိမ်ပြန်ခဲ့သည်။ ကျွန်မ၏ဝေဒနာက ရာစုနှစ်များစွာက ခရီးနှင်ခဲ့ကြသူများနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲမျှသာ ဖြစ်သည်။ ထိုသူများသည် အဆစ်အမြစ် နာကျင်မှုကို ပြင်းထန်စွာခံစားရသည်သာမက သေဆုံးသည်အထိဖြစ်ခဲ့လည်း ဘုရားသခင်သည် သူတို့နှင့်အတူရှိခဲ့သည်။
ဘုရားသခင်သည် သူ၏လူများကို သူ့နောက်သို့လိုက်ရန် ခေါ်ခဲ့ပြီး “နို့နှင့် ပျားရည်စီးပြီး သာယာသောပြည်” (ထွက် ၃:၈) တွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့သည် ကတိထားရာပြည်သို့ဝင်ရောက်ရာ ဆန့်ကျင်ဘက် စစ်တပ်များ၏ အန္တရာယ်နှင့် မြို့ရိုးကဲ့သို့သောအတားအဆီးများ ရင်ဆိုင်ရနိုင်သည်ကို ကိုယ်တော် သိသည်။ အနှစ် ၄၀ ပတ်လုံး ကန္တာရထဲ…
ကြေကွဲစရာထဲမှအလှတရား
အင်္ဂလန်နိုင်ငံ၏လှပသော လိတ်ခ် ခရိုင်(Lake District)ရှိ ခေါ်နစ်(စ်)တန် ဝေါထာ (Coniston Water) သည် ယူကေ (UK) နိုင်ငံရှိ မိသားစုများ၏ အနှစ်သက်ဆုံး အပန်းဖြေနေရာတစ်ခုဖြစ်ပြီး၊ လှေစီးခြင်း၊ ရေကူးခြင်းနှင့် အခြားသော ရေပြင်အားကစားနည်းများလုပ်ဆောင်ရန် သင့်လျော်ကောင်းမွန်သည်။ သို့သော် ထိုလှပသောနေရာသည် ကြေကွဲစရာနေရာတစ်ခုလည်းဖြစ်သည်။ ၁၉၆၇ ခုနှစ် တွင် ဒေါ်နယ်ခန့်ဘယ် (Donald Campbell)သည် သူ၏ ရေပေါ်ရှပ်ပြေးယာဉ် ဘလူးဘတ်ဒ်ကေဆဲဗင်း (Bluebird K7)ကို မောင်းနှင်ပြီး ကမ္ဘာ့ရေလွှာအမြန်နှုန်းစံချိန်ကိုချိုးရန် ကြိုးစားခဲ့သည်။ သူသည် အမြင့်ဆုံးမြန်နှုန်း ၃၂၈ မိုင်နှုန်း (၅၂၈ ကီလိုမီတာနှုန်း)သို့ ရောက်ရှိခဲ့သော်လည်း ရှပ်ပြေးယာဥ်တိုက်မိပြီး သေဆုံးသွားခြင်းကြောင့် အောင်မြင်မှုအတွက် ဂုဏ်မယူနိုင်ခဲ့ပေ။
လှပသောနေရာများတွင် ကြေကွဲဖွယ်အခိုက်အတန့်များ ဖြစ်ပေါ်နိုင်သည်။ ကမ္ဘာဦးကျမ်း ၂ တွင် ဖန်ဆင်းရှင်သည် “လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုနေစေခြင်းငှာ ထားတော်မူ၏”(:၁၅)။ ဥယျာဉ်သည် လက်ရာမြောက်သော်လည်း ဤသုခဘုံတွင် နေရာကျသော ယောက်ျားနှင့်မိန်းမသည်…
ယုံကြည်ကိုးစားထိုက်သောခိုလှုံရာ ဘုရားသခင်
ကျွန်မသမီး၏တန်ဖိုးအရှိဆုံး ကလေးဘဝအမှတ်တရများထဲမှတစ်ခုမှာ သူမဖခင်က သူမကို လေ့ကျင့်ရေးဘီးမပါဘဲ စက်ဘီးစီးသင်ချိန်များဖြစ်သည်။ တစ်ကြိမ်တွင် သူ့ဖခင်က စက်ဘီး၏နောက်ဘီး၌ ရပ်ပြီး သမီးနှင့်အတူ စက်ဘီးလက်ကိုင်နှစ်ဘက်ကိုကိုင်ကာ ကုန်းဆင်းပြေသည့် ဆင်ခြေလျှောမှ ညင်သာစွာ ဆင်းခဲ့ကြသည်။ ထိုအခိုက်အတန့်၌ သူမသည် အလွန်ကြောက်ရွံ့ထိတ်လန့်ခဲ့သော်လည်း ဖခင်မှာမူ အလွန်သဘောကျကာ ရယ်မောခဲ့သည်ကို သူမသတိရသည်။ ထိုအချိန်က အလွန်တိုတောင်းသော်လည်း ဖခင်သည် သူမ၏ခံစားချက်ကို မျှဝေခံစားပေးခဲ့သည်။ ယခုတွင် ဖခင်နှင့်သူမ၏ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောတိုင်း ထိုအကြောင်းက အမြဲပါသည်။ ထိုအချိန်မျိုးတွင် သူမ၏ အမှတ်တရများနှင့်ပတ်သက်၍ အရာအားလုံး သူ့အလိုလို အဆင်ပြေသွားမှာ အဖေသိနေခြင်းကို သမီးစိတ်ချရန် ဖခင်က ကြင်နာစွာ အားပေးခဲ့သည်။
ထိုအကြောင်းအရာသည် ဘဝ၌ ကျွန်မတို့ ကြောက်ရွံ့ထိတ်လန့်သည့်အခိုက်အတန့်များတွင် ဖြစ်တတ်သည့်သဘောကိုပြသည့် သာဓကတစ်ခုပင်ဖြစ်သည်။ အပေါ်စီးအမြင်၌ “တောင်ကုန်း”က ကြီးမားပြီး ထိတ်လန့်စရာပါ။ အန္တရာယ်ဖြစ်နိုင်ခြေများသည်ဟု ထင်စရာရှိသည်။ သို့သော် သမ္မာကျမ်းစာ၌ “ထာဝရဘုရားသည်…
တိုက်ဆိုင်မှုနှင့်ဘုရားသခင်၏ကရုဏာတော်
မနီလာမြို့ရှိ ဒန်တီ(Dante)၏ အိမ်အနီးဝန်းကျင်တစ်ဝိုက်တွင် မိုးကြီးပြီး ရေကြီး ရေလျှံလေ့ရှိသည်။ မိုးရွာသောနေ့များတွင် ကလေးများသည် အိမ်နီးချင်းတစ်ဦး၏ လမ်းညွှန်ကူညီမှုဖြင့် ယာယီသစ်သားတံတားကို ဖြတ်ကျော်ပြီး၊ ကျောင်းသွားကြရသည်။ “မစ္စတာသောမတ်စ်ဟာ ပတ်ဝန်းကျင်အနီးအနားက လူတွေကို အကူအညီပေးတယ်။ ကျွန်တော့်ကိုလည်း တံတားပေါ်မှာ လမ်းညွှန်ကူညီပေးခဲ့သလို မိုးရေမစိုအောင်လည်း ကာကွယ်ပေးခဲ့ပါတယ်”ဟု ဒန်တီက ပြောသည်။
နှစ်များကြာပြီးနောက်၊ ဒန်တီသည် မနီလာမြို့မြောက်ဘက်ရှိ အသင်းတော် တစ်ပါး၌ ပါဝင်ခဲ့ပြီး၊ ကျမ်းစာလေ့လာခြင်းအဖွဲ့ခေါင်းဆောင် လီယိုက သူလိုအပ်သော အကြံဉာဏ်ကောင်းများပေးခဲ့သည်။ ငယ်ဘဝအကြောင်းများကို သူတို့အချင်းချင်း အပြန်အလှန်ပြောဆိုကြရင်း လီယို မှာ မစ္စတာသောမတ်စ်၏သားဖြစ်မှန်း ဒန်တီသိခဲ့ရသည်။ ဒန်တီက “ဒီလောက် တိုက်ဆိုင်တာမျိုး မရှိနိုင်တော့ဘူး။ လေးစားဖွယ်ကောင်းပြီး ကျွန်တော့်ကို ကူညီပေးခဲ့သူရဲ့သားဟာ အခုလည်း ကျွန်တော်ရဲ့ ဝိညာဉ်ရေးရာ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အကူအညီပေးဖို့ ဘုရားအသုံးပြုခဲ့တယ်”ဟု ပြောခဲ့သည်။
ရှုနင်မြို့မှ အမျိုးသမီးတစ်ဦးသည်လည်း ဘုရား၏ပံ့ပိုးဖြည့်ဆည်းပေးမှုကို ထိုကဲ့သို့ပင် တွေ့ကြုံခံစားခဲ့ရသည်။ သူမသည်…
လူ့အသက်များကို ကယ်တင်ခြင်း
အဒေါလ်ဖိုကမင်စကီး(Adolfo Kaminsky)သည် စာရွက်ပေါ်မှ မဖျက်နိုင်သော မင်များကို မည်သို့ဖယ်ရှားရမည်ကို ကောင်းစွာသိသူဖြစ်သည်။ သူသည်ပြင်သစ်နိုင်ငံမှ နာဇီဆန့်ကျင်ရေးအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ အကျဉ်းစခန်းများ၌ ရာနှင့်ချီရှိသူများကို ကယ်တင်နိုင်ရန် မှတ်ပုံတင်ကဒ်များကို ပြောင်းလွှဲပြင်ဆင်ပေးခဲ့သည်။ တစ်ကြိမ်တွင် မွေးစားရင်းနှင့် နှစ်ခြင်းမင်္ဂလာခံယူပြီးလက်မှတ် ၉၀၀၊ ဂျူးကလေးငယ် ၃၀၀ အတွက် ရိက္ခာထုတ်ကတ်တို့ကို သုံးရက်အတွင်း အတုပြုလုပ်ပေးရန် တာဝန်ပေးခံရသည်။ သူသည် မအိပ်ဘဲ နှစ်ရက်ဆက်တိုက် မနားမနေ အလုပ်လုပ်ခဲ့သည်။ သူ့ကိုယ်သူလည်း “ငါ ၁ နာရီကို အခု ၃၀ ပဲ ထုတ်နိုင်တယ်။ အကယ်၍ ငါ ၁ နာရီအိပ်ခဲ့ရင် လူအယောက် ၃၀ သေသွားလိမ့်မယ်”ဟု ပြောခဲ့သည်။
တမန်တော်ရှင်ပေါလုသည်လည်း ထိုသို့သော အရေးပေါ်အခြေအနေကို ခံစားခဲ့ရသည်။ သူက ဧဖက်မြို့၌ရှိသောအသင်းတော်အား “အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည် ကျလျက်၊ ...စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏အမှုတော်ကို ငါဆောင်ရွက်သည်ကို သင်တို့သိကြ၏”ဟု(တ ၂၀:၁၉)…
သခင်ယေရှုကို သိခြင်း
ရစ်ချက်ဂရစ်ဖင်(Richard Griffin)သည် ဒုတိယမြောက် ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II)၏ ကိုယ်ရေးရဲအရာရှိအဖြစ် (၁၄)နှစ်တာမျှ ထမ်းဆောင်ခဲ့သည်။ တစ်နေ့တွင် ဘာမိုရာ(Balmoral)ရဲတိုက်အနီးရှိ တောင်ကုန်းပေါ်သို့ ပျော်ပွဲစားထွက်သည့် ဘုရင်မကြီးအား အဖော်ပြုလိုက်ပါပေးစဥ် အမေရိကန်နိုင်ငံသား ခြေလျင်ခရီးသွားနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသူနှစ်ဦးက သာမန်အရပ်သားဝတ်စုံဝတ်ဆင်ထားသော သက်ဦးဆံပိုင်ဘုရင်မကြီးကို မသိဘဲ “ဘုရင်မကြီးကို တွေ့ဖူးသလား”ဟုမေးရာ၊ ဘုရင်မကြီးက အရွှန်းဖောက်လျက် “ကျွန်မတော့ မတွေ့ဘူးပါဘူး။ ဒါပေမယ့် ဟောဒီရစ်ချတ်ကတော့ သူမကို အမြဲတွေ့နေကြပါ”ဟု ပြန်ဖြေခဲ့သည်။ ထိုသူနှစ်ဦးမှာ မင်းဧကရာဇ်နှင့် နီးစပ်စွာ နေရသူတစ်ဦးကို တွေ့ရ၍ အလွန်စိတ်လှုပ်ရှားကာ၊ ဘုရင်မကြီးအား ကင်မရာပေးပြီး၊ ရစ်ချက်ဘေးတွင် ဟန်ပန်အပြည့်ဖြင့်ရပ်လျက် “ဓါတ်ပုံတစ်ပုံလောက်ရိုက်ပေးပါ”ဟု ဆိုလိုက်သည်။
ထိုသို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို ရှေ့မှာထားပြီး မသိခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ပါ။ ယာကုပ်သည် ဗေသေလအရပ်တွင် အိပ်မက်ထဲ၌ ထာဝရဘုရားနှင့် တွေ့ဆုံပြီးနောက် “အိပ်ပျော်ရာမှ နိုးလျှင်၊ အကယ်စင်စစ် ထာဝရဘုရားသည်…