အမျိုးအစား  |  odb

ပျက်စီးသူများကို ပြန်လည်တည်ဆောက်ခြင်း

သူ၏ခိုးဝှက်တတ်ခြင်းနှင့်မူးယစ်ဆေးစွဲခြင်းကြောင့် တောင်အာဖရိကနိုင်ငံ ကိတ်ထောင်းမြို့၊ မဲန္နာဘတ် ရပ်ကွက်ရှိ မိသားစုအိမ်ကို အသက် ၁၇ နှစ်တွင် ဒေါင်းဝိန်း စွန့်ခွာခဲ့ရသည်။ သို့သော် ဝေးဝေးမသွားဘဲ မိခင်၏ခြံနောက်တွင် တဲရုံဆောက်၍ နေခဲ့ပြီး မကြာမီ မူးယစ်ဆေးသုံးစွဲသောနေရာ ကာစီနိုဟူ၍ ကျော်ကြားလာခဲ့သည်။ သို့သော်လည်း အသက် ၁၉ နှစ်တွင် ယေရှုခရစ်တော် အားဖြင့် ကယ်တင်ခြင်းကို ဒေါင်းဝိန်း ခံစားခဲ့ရသည်။ မူးယစ်ဆေးဖြတ်သည့် သူ့ဘဝခရီးက ရှည်လျား ပင်ပန်းခဲ့သော်လည်း ယေရှုကိုယုံကြည်သူ မိတ်ဆွေ များ၏အထောက်အမနှင့် ဘုရားသခင်၏ကူညီမှုအားဖြင့် သန့်ရှင်းလျက် လွတ်မြောက်ခဲ့သည်။ ကာစီနိုကို သူတည်ဆောက်ပြီး ဆယ်နှစ်အကြာတွင် သူနှင့် အခြားသူများက ၎င်းကို အိမ် အသင်းတော်အဖြစ်ပြောင်းလဲခဲ့သည်။ တစ်ချိန်က မှောင်မိုက်၍ စိတ်ချည်နှောင် ခံရသောနေရာသည် ယခုအခါ ဝတ်ပြုဆုတောင်းရာနေရာဖြစ်လာခဲ့သည်။

ထိုအသင်းတော်ကိုဦးဆောင်သူများက ယေရမိ ၃၃ ကို မျက်မှောက်ပြု လျက် ဒေါင်းဝိန်းနှင့်…

ညနက်ထဲမှ သီချင်းတစ်ပုဒ်

နေဝင်ပြီးအချိန်အတော်ကြာမှ လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် ကျွန်တော့် သားသမီးငယ်နှစ်ဦးနှင့် အိမ်တွင်ရှိနေခဲ့ပြီး ၎င်းတို့မှာ လျှပ်စစ်မီးပျက်ခြင်းကို ပထမဆုံးတွေ့ကြုံရခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားဖြန့်ဝေသည့်ကုမ္ပဏီသို့ မီးပျက်ခြင်းကို အကြောင်းကြားလိုက်ပြီး ဖယောင်းတိုင်ထွန်းညှိကာ မှိတ်တုတ် မှိတ်တုတ် လင်းနေသည့် မီးတောက်ပတ်လည်တွင် ကျွန်တော်နှင့်ကလေးများ စုပြုံတိုးဝှေ့နေလိုက်ကြသည်။ သူတို့ ကြောက်ရွံ့ပြီး ဂနာမငြိမ်ဖြစ်နေသဖြင့် ကျွန်တော်တို့ သီချင်းစတင်ဆိုကြသည်။ မကြာမီ သူတို့မျက်နှာပေါ်မှစိုးရိမ်ပူပန်မှုများတွင် အပြုံးများက အစားထိုးဝင်လာသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့၏ အမှောင်ဆုံးအချိန်များအတွက် သီချင်းတစ်ပုဒ်လိုအပ်ပါသည်။

ဆာလံ ၁၀၃ သည် တိုင်းတစ်ပါးမှ စွန့်ပစ်ခံအမိမြေသို့ ဘုရားသခင်၏ လူများ ပြန်ရောက်သည့်နောက်တွင် ဆုတောင်းသီဆိုသောဆာလံသီချင်း ဖြစ်သည်။ အကြပ်အတည်းနှင့်ကြုံရချိန်တွင် သူတို့သီချင်းသီဆိုရန် လိုအပ် သည်။ ဆိုချင်ရာဆိုရန် မဟုတ်ဘဲ ဘုရားသခင်မည်သူဖြစ်သည်၊ ကိုယ်တော် မည်သည့်အရာများ ပြုသည်ကို သီဆိုရန်ဖြစ်သည်။ ကိုယ်တော်သည် သနား ကြင်နာကြောင်း၊ ကရုဏာကြွယ်ဝကြောင်း၊ စိတ်ရှည်ပြီး သစ္စာတည်‌သော မေတ္တာနှင့်ပြည့်ဝကြောင်းကို ကျွန်ုပ်တို့သတိရရန်…

မည်သူကျွန်ုပ်ကို လိုအပ်သနည်း

ဝါရှင်တန်ဒီစီသို့ ပျံသန်းနေသောခရီးစဉ်အတွင်း သက်ကြွယ်အမျိုးသမီးတစ်ဦးက သူမ၏ခင်ပွန်းအား “ရှင့်ကို မလိုအပ်တော့ဘူးဆိုတာ မဟုတ်ဘူး” ဟု တီးတိုးပြောဆိုသံကို စာရေးဆရာ အာသာဘရွတ်(Arthur Brooks) ကြားလိုက်သည်။ အမျိုးသားက သေချင်သည်ဟု ညည်းညူရာ ဇနီးသည်က “အဲလိုပြောတာ ရပ်တော့”ဟု ပြန်ပြောခဲ့သည်။ ခရီးဆုံးရောက်သော် ဘရွတ် လှည့်ကြည့်လိုက်ပြီး ထိုသူကို ချက်ချင်းမှတ်မိသည်။ ထိုသူမှာ ကမ္ဘာကျော်သူရဲကောင်းတစ်ဦးဖြစ်သည်။ အခြားခရီးသည်များက သူ့အား လက်ဆွဲနှုတ်ဆက်ကြပြီး လေယာဉ်မှူးက လွန်ခဲ့သည့်အချိန်များက သူ၏စွမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ထိုသူရဲကောင်းကြီး အဘယ့်ကြောင့် စိတ်ပျက်အားငယ်နေပါသနည်း။

ပရောဖက်ဧလိယသည် ဗာလပရောဖက် ၄၅၀ ကို သတ္တိရှိစွာနှင့် တစ်ကိုယ်တော် ချေမှုန်းအောင်မြင်ခဲ့သည် (၃ ရာ ၁၈)။ စင်စစ် သူတစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းကြောင့်မဟုတ်ဘဲ ဘုရားသခင် အစဉ်ပါရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် သူတစ်ဦးတည်းဖြစ်နေသည်ဟု ခံစားရပြီး သူ့ အသက်ကို နှုတ်ယူရန်…

လောကဝမ်းမြောက်

ကမ္ဘာတစ်ဝန်း၌ ခရစ္စမတ်ရောက်တိုင်း အိမ်များတွင် ခရစ်တော်ဖွားမြင်ခြင်း ရုပ်ပုံများဖြင့် အလှဆင်လေ့ရှိသည်။ ကျွန်မတို့အိမ်တွင် ဂျာမန် ရိုးရာဓလေ့အတိုင်း ပိရမစ်ပုံတဲနှင့် ဗက်လင်မြို့ထွက်သံလွင်သားနှင့်ပြုလုပ်ထားသည့် နွားစားခွက်ပုံ၊ မက္ကဆီကန် ကျေးလက်ပုံစံ တောက်ပသောအရောင်များနှင့် သရုပ်ဖော်ထားသည့် ဖွားမြင်ခန်း စသည်ဖြင့်ရှိသည်။ ကျွန်မတို့မိသားစုအနှစ်သက်ဆုံးပုံမှာ တစ်မျိုးတစ်ဘာသာဆန်းသစ်သော အာဖရိကစတိုင် ဖွားမြင်ခန်းဖြစ်သည်။ ပုံတွင် ရှေးအစဉ်အလာအတိုင်း သိုးနှင့်ကုလားအုတ်များအစား ရေမြင်းကိုထည့်ထားပြီး ထိုရေမြင်းက သူငယ်ယေရှုကို အားရကျေနပ်စွာ ကြည့်နေသည်။

ဤတစ်မူထူးသောယဉ်ကျေးမှုများဖြင့် ဆင်ယင်ထားသည့် ခရစ်တော်ဖွားမြင်တော်မူခြင်းမြင်ကွင်းက သခင်ယေရှုမွေးဖွားခြင်းသည် နိုင်ငံတစ်နိုင်ငံ (သို့) ယဉ်ကျေးမှုတစ်ခုတည်းအတွက် မဟုတ်ကြောင်း လှပသောသတိပေးချက် တစ်ခုချင်းစီကို တစိမ့်စိမ့်တွေးပြီး ကျွန်မနှလုံးသား၌ နွေးထွေးစွာ ခံစားရသည်။ ၎င်းသည် တစ်လောကလုံးအတွက် သတင်းကောင်းဖြစ်သည်။ နိုင်ငံတိုင်း၊ လူမျိုးစုတိုင်းအတွက် ၀မ်းမြောက်စရာအကြောင်းရင်းဖြစ်သည်။

နိပါတ်တော်ဇာတ်ဝင်ခန်းတစ်ခုချင်းတွင် ရေးဆွဲထားသော ဤသူငယ်သည် တစ်လောကလုံးအတွက် ဘုရားသခင်၏နှလုံးသား သမ္မာတရားကို ဖော်ပြနေသည်။ စေ့စေ့ပေါက်ပေါက်စူးစမ်းလာသော ဖာရိရှဲနိကောဒင်အား ခရစ်တော်…

ငြိမ်သက်ခြင်းဖြစ်ပေါ်လာသောအခါ

၁၉၁၄ ခုနှစ် ၏အေးသောခရစ္စမတ်အကြိုညတွင် ဘယ်လ်ဂျီယမ်နိုင်ငံ၌ စစ်သားများခိုနေသည့် ကတုတ်ကျင်းမှ သီချင်းဆိုသံများ ပျံ့လွှင့်ခဲ့သည်။ “တိတ်ဆိတ်ည” သီချင်းသည် ဂျာမန်ဘာသာ၊ ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ နေ့ခင်းဘက်၌ အချင်းချင်းပစ်ခတ်နေသောစစ်သားများသည် သူတို့၏ လက်နက်များကိုချပြီး နယ်မြေနှစ်ခုစပ်ကြားတွင် လက်ဆွဲနှုတ်ဆက်ရန် သူတို့၏ ကတုတ်ကျင်းမှ ထွက်လာကြသည်။ ခရစ္စမတ်နှုတ်ခွန်းဆက်လျက် သူတို့၏ရိက္ခာများမှ အပြန်အလှန်လက်ဆောင်ပေးကြသည်။ နောက်တစ်နေ့ထိ အပစ်အခတ်ရပ်လျက် စစ်သားများသည် စကားစမြည်ပြောကြ၊ ရယ်မောကြပြီး ဘောလုံးကန်ရန်ပင် စီစဉ်ခဲ့ကြသည်။

ပထမကမ္ဘာစစ်၏ အနောက်ဘက်နယ်စပ်တစ်လျှောက် ဖြစ်ပေါ်ခဲ့သော ၁၉၁၄ ခုနှစ်၏ ခရစ္စမတ်နေ့အပစ်အခတ်ရပ်စဲရေးသည် လွန်လေသော ပထမဆုံးသော ခရစ္စမတ်အကြိုညတွင် ကောင်းကင်တမန်များပြောကြားသည့် ငြိမ်သက်ခြင်း၏မြင်ကွင်းကို လှစ်ကနဲဖော်ပြနေသည်။ ကောင်းကင်တမန်က ကြောက်လန့်နေသောသိုးထိန်းများအား “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလို့ငှာ ဘွားမြင်ခြင်းကို…

လင်းလက်တောက်ပမှုမလို၊ ဘုန်းတော်သာလို

ကျွန်မ၏သား နှစ်များစွာပြုလုပ်ခဲ့သော ခရစ္စမတ်အဆင်တန်ဆာလက်မှုများနှင့် နှစ်စဉ်သူ့အဖွားပေးပို့သော မလိုက်ဖက်သည့် အဆင်တန်ဆာမျိုးစုံကိုကြည့်ပြီး အဘယ်ကြောင့် ကျွန်မကျေနပ်မှုမရှိပါလိမ့်ဟု စဉ်းစားမရပါ။ လက်မှုတစ်ခု ချင်းစီ၏ပုံဆောင်ချက်နှင့် ဖန်တီးမှုအမှတ်တရများကို ကျွန်မအမြဲ တန်ဖိုးထားခဲ့သည်။ သို့သော် စျေးဆိုင်များ၌ ခင်းကျင်းပြသထားမှုများက လိုက်ဖက်လှပသောမီးလုံးများ၊ တလက်လက်နှင့်တောက်ပသောဘောလုံးလေးများ၊ ပြောင်လက်သောဖဲပြားများဖြင့် ဆင်ယင်ထားသော ခရစ္စမတ်သစ်ပင်ကို ဆင်ရန် ကျွန်မကို အဘယ့်ကြောင့် ဆွဲဆောင်နေသနည်း။

ကျွန်မတို့၏အညတရအပြင်အဆင်မှ မျက်နှာလွှဲလိုက်စဉ် အနီရောင် အသဲနှလုံးပုံပေါ် ရိုက်နှိပ်ထားသော “ယေရှု - ကျွန်ုပ်၏ကယ်တင်ရှင်” ဟူသော ရိုးရှင်းသောစာကြောင်းကို ဖြတ်ခနဲမြင်လိုက်သည်။ ကျွန်မနှင့် ကျွန်မမိသားစုတို့၏ ခရစ်တော်၌ရှိသောမျှော်လင့်ခြင်းသည် ခရစ္စမတ်ကို နှစ်ခြိုက်စွာကျင်းပရသည့် အကြောင်းရင်းဖြစ်ကြောင်း ကျွန်မအဘယ့်ကြောင့် မေ့သွားပါလိမ့်။ ကျွန်မတို့၏ အပင်ရိုးရိုးလေးက ဆိုင်မှသစ်ပင်နှင့်မယှဥ်သာသော်လည်း အပြင်အဆင် တစ်ခုစီ၌ရှိသော ချစ်ခြင်းမေတ္တာသည်သာ အလှတရားကို ဖြစ်စေပါသည်။

ကျွန်ုပ်တို့၏မထယ်ဝါသောသစ်ပင်ကဲ့သို့ မေရှိယသည် လောကမှ မျှော်လင့်ထားသောအချက်များနှင့်တစ်ခုမျှ မကိုက်ညီပါ (ဟေရှာ ၅၃:၂)။…

ကောင်းမွန်သောစာအုပ်တစ်အုပ်နှင့် ခွေနေခြင်း

အိုက်စ်လန်နိုင်ငံငယ်လေးသည် စာဖတ်သူများ၏နိုင်ငံဖြစ်သည်။ အစီရင်ခံတင်ပြမှုများအရ ဤနိုင်ငံသည် နှစ်စဉ် စာအုပ်ပုံနှိပ်ထုတ်‌ဝေမှုနှင့် လူတစ်ယောက်၏ စာဖတ်သည့်အုပ်ရေက အခြားနိုင်ငံများထက် ပိုများကြောင်း တင်ပြထားသည်။ အိုက်စ်လန် နိုင်ငံသားများ၏အလေ့အထမှာ ခရစ္စမတ်အကြိုနေ့တွင် မိသားစု၀င်နှင့်သူငယ်ချင်းများကို စာအုပ်များပေးလေ့ရှိပြီး ညသန်းခေါင်ထိ စာဖတ်ကြသည်။ ဤအလေ့အထသည် သွင်းကုန်များကို ကန့်သတ်ထားပြီး စက္ကူများ စျေးပေါပေါနှင့်ရသော ဒုတိယကမ္ဘာစစ် အချိန်ကတည်းက ရှိခဲ့သည်။ ဆောင်းဦးနှောင်းပိုင်းတွင် အိုက်စ်လန်မှ ပုံနှိပ်ထုတ်‌ဝေသူများသည် အသစ်သောစာစဉ်များဖြင့် စျေးကွက်ကျဆင်းအောင် စတင်လုပ်ခဲ့သည်။ ယခုအခါ နိုင်ငံ၏အသစ်ထွက်ရှိသော စာအုပ်စာရင်းကို နိုင်ငံတွင်းရှိအိမ်တိုင်းသို့ နို၀င်ဘာလလယ်ခန့်တွင် ပေးပို့ကြသည်။ ဤအလေ့အထကို ခရစ္စမတ်စာအုပ်ပွဲတော်ဟုခေါ်ကြသည်။

အခြားသူများကို ပညာပေးရန်၊ တွန်းအားပေးရန်၊ လှုံဆော်ပေးရန်၊ ကောင်းမွန်သောပုံပြင်၊ အကြောင်းအရာ၊ ဇာတ်လမ်းကို ဖန်တီးနိုင်စွမ်းရှိသူများကို ဘုရားသခင် ကောင်းချီးပေးထားခြင်းအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်သင့်သည်။ စာအုပ်ကောင်းတစ်အုပ်နှင့် တူသောအရာဘာမှမရှိပါ။ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာ၌ စာရေးသူများစွာတို့က “ကဗျာ၊ စကားပြေ၊ ဇာတ်လမ်းကောင်းများ၊…

ကလေးနာမည်ကို မည်သို့မှည့်ခေါ်မည်နည်း

မာရိသည် သူလွယ်ထားသောကိုယ်ဝန်မှ ကလေးမွေးဖွားမည့်အချိန်ကို စောင့်စားစဉ် “ယောသပ်၊ ကျွန်မတို့ကလေးရဲ့နာမည်ကို ဘယ်လိုမှည့်ကြမလဲ” ဟူသည့်အကြောင်းကို ယောသပ်နှင့် ပြောစရာမလိုခဲ့ပါ။ ကလေးမွေးမည့်အချိန်ကို စောင့်စားသည့်လူအများစုနှင့်မတူဘဲ သူတို့အတွက် ဤမေးခွန်း မရှိခဲ့ပါ။

မာရိနှင့်ယောသပ်တို့ထံ ရောက်လာခဲ့သော ကောင်းကင်တမန်က ကလေး၏အမည်ကို ယေရှုဟုမှည့်ရမည်ဟု သူတို့နှစ်ဦးကိုပြောခဲ့သည် (မ ၁:၂၀-၂၁၊ လု ၁:၃၀-၃၁)။ ယောသပ်ထံ ကိုယ်ထင်ပြသောကောင်းကင်တမန်က ထိုသူငယ်သည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည်အကြောင်း ထိုနာမည်က ဖော်ညွှန်းသည်ဟု ရှင်းပြခဲ့သည်။

ထိုသူငယ်သည် ‘ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်’ ဟုအဓိပ္ပာယ် ရှိသည့် ‘ဧမာနွေလ’ဟု ခေါ်ဝေါ်ခြင်းကိုခံရမည် (ဟေရှာ ၇:၁၄)။ အဘယ်ကြောင့်ဆိုသော် သူသည် အနှီးဖြင့်ထုပ်ပိုးထားသော လူဇာတိခံသောဘုရား - လူသဏ္ဌာန် ဆောင်ထားသောဘုရားဖြစ်သည်။ ပရောဖက်ဟေရှာယက နောက်ထပ်အမည်နာမများအဖြစ် အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင် (၉:၆) ဟု ဖော်ထုတ်ခဲ့သည်။ ထိုသူငယ်သည်…

စိမ်းလန်းသောအရပ်ကို ရှာဖွေခြင်း

လေယာဥ်မှူး၏တည်ငြိမ်သောအသံနှင့်ကြေညာပြီးသွားသော်လည်း နှောင့်နှေးပြန်ပါပြီ။ ခရီးသည်အပြည့်ဖြစ်သော်လည်း ၂ နာရီ ကြာသည်အထိ လေယာဥ်မရွေ့ သေး၍ ကျွန်မစိတ်မရှည်တော့ပါ။ တစ်ပတ်တာလုံး အလုပ်လုပ်ခဲ့ပြီးနောက် အိမ်ပြန်ပြီး အနားယူလိုလှပါပြီ။ မည်မျှကြာဦးမည်နည်း။ ပြူတင်းပေါက်နားရှိထိုင်ခံုကိုရထား၍ မိုးစက်လေးများတင်နေသည့် ပြူတင်းမှန်မှတစ်ဆင့်လှမ်းကြည့်စဥ် ကွန်ကရစ်လေယာဥ်ပြေးလမ်းကြားမှ တြိဂံပံုအကွက်၌ မြက်ပင်စိမ်းစိမ်းကိုသတိပြုမိလိုက်သည်။ ကွန်ကရစ်များကြားမှ ထိုမြင်ကွင်းလေးက ထူးဆန်းနေပါသည်။

အတွေ့အကြုံရင့်ကျက်သည့် သိုးထိန်းတစ်ဦးအနေဖြင့် ဒါဝိဒ်သည် သိုးများနားနေရန် စိမ်းလန်းသောစားကျက်ကို ရှာဖွေပေးရန်လိုအပ်ကြောင်း ကောင်းစွာသိသည်။ ဆာလံ ၂၃ တွင် အရေးကြီးသော သင်ခန်းစာတစ်ခုကို သူရေးသားခဲ့သည်။ ၎င်းသည် ဣသရေလလူတို့၏ဘုရင်အဖြစ်ဦးဆောင်ရင်း ပင်ပန်းနွမ်းလျချိန်များတွင် သူ့အား ရှေ့ဆက်တက်လှမ်းစေမည့် သင်ခန်းစာဖြစ်သည်။ “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၍ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏”(:၁-၃)။

နိုင်လွန်ကတ္တရာ လေယာဥ်ပြေးလမ်းရှိ ကွန်ကရစ်များကြားတွင် မိမိသွားလိုသည့်ခရီးက ကြန့်ကြာနေပြီး နှစ်သိမ့်မှုမဲ့လျက် အနားမရသကဲ့သို့ ခံစားနေရချိန်၌…

သင်မည်သူ့ကို ယူတင်ဝတ်ဆင်ထားသနည်း။

အာဂျင်တီးနားအမျိုးသမီးဘစ်စကတ်ဘောအသင်းသည် ပြိုင်ပွဲတွင် ယူနီဖောင်းမှားပြီးဝတ်ဆင်လာမိခဲ့ကြသည်။ ၎င်းတို့၏ရေတပ်ပြာအရောင်အင်္ကျီသည် ကိုလံဘီယာအသင်း၏နက်ပြာရောင်အင်္ကျီနှင့် ဆင်တူယိုးမှားဖြစ်နေပြီး စင်စစ် ဧည့်သည်အသင်းအနေဖြင့် သူတို့က အဖြူရောင်ဝတ်ကြရမည်ဖြစ်သည်။ အစားထိုးလဲဝတ်ရန်အတွက် အင်္ကျီရှာရန် အချိန်မရှိတော့သည့်အတွက် ပြိုင်ပွဲကို အရှုံးခံလိုက်ရသည်။ နောက်ပိုင်းတွင် အာဂျင်တီးနားအဖွဲ့သည် ၎င်းတို့ ဘာဝတ်ရမည်ကို နှစ်ခါပြန် ပြန်စစ်မည်မှာ အသေချာပင်ဖြစ်သည်။

ပရောဖက်ဇာခရိခေတ်က အမြင့်ဆုံးသော ယဇ်ပရောဟိတ်ယောရှုသည် ဘုရားသခင်၏ရှေ့တော်မှောက်သို့ ညစ်ညူးသောအဝတ် ဝတ်ပြီး ဝင်လာသည်ကို သူ့အား ဘုရားသခင်ရူပါရုံဖွင့်ပြသည်။ စာတန်သည် လက်ညိုးထိုးလျက်သရော်သည်။ ယဇ်ပရောဟိတ်ယောရှုသည် သတ်မှတ်အရည်အချင်း မပြည့်မီဘဲ ပွဲပြီးသွားသည်။ သို့သော် အဝတ်လဲလှယ်ချိန်ရှိခဲ့ပြီး၊ ဘုရားသခင်သည် စာတန်အား ပြစ်တင်မောင်းမဲကာ ယောရှု၏ညစ်ညူးသောအဝတ်ကိုလဲပေးရန် ကောင်းကင်တမန်အား မိန့်ကြားသည်။ ထိုနောက် ယောရှုအား “သင့်အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သောအဝတ်ကို ငါဝတ်စေမည်” ဟု မိန့်တော်မူသည် (ဇာ ၃:၄)။

ကျွန်ုပ်တို့သည် အာဒံ၏အပြစ်အပေါ်တွင် မိမိ၏ကိုယ်ပိုင်အပြစ်များနှင့် ထပ်ဖုံးပြီး ညစ်ညူးသောအရာများကို…