အမျိုးအစား  |  odb

ဝမ်းမြောက်ရွှင်လန်းလျက် ခံနိုင်ရည်ရှိခြင်း

သိပ္ပံပညာရှင်များက ကနေဒါနိုင်ငံ ယူခွန်ဒေသ(Yukon)နှင့် ဩစတြေးလျတိုက်ရှိ လူမနေသောကုန်းတွင်းပိုင်းဒေသအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူ့အသိုင်းအဝိုင်း ၁၆ခု ၏ ခံနိုင်ရည်အားရှိမှုကို လေ့လာခဲ့သည်။ ၎င်းတို့သည် နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းသုတေသနမှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာလျက်၊ အစာခေါင်းပါးမှု၊ စစ်ပွဲများနှင့် ရာသီဥတု၏သက်ရောက်မှုများကို ခြေရာကောက်ခဲ့ပြီး၊ “ကြိမ်ဖန်များစွာသော ကျဆင်းမှု”ဟူသည့် ထင်ရှားသောအချက်တစ်ချက်ကိုတွေ့ရှိခဲ့သည်။ ၎င်းကျဆင်းမှုများသည် လူမှုအဖွဲ့အစည်းများကို အားနည်းဆုတ်ယုတ်စေသည်ဟု ယူဆနိုင်သော်လည်း၊ ဆန့်ကျင်ဘက်ဖြစ်စဥ်ကသာ မှန်ကန်ကြောင်း၊ လူမှုအသိုင်း အဝိုင်းများသည် မကြာခဏကြုံတွေ့ရသော အခက်အခဲများအပေါ် ခံနိုင်ရည်ရှိလာကာ၊ ကြုံရမည့်စိန်ခေါ်မှုများ၌လည်း ပုံမှန်အခြေအနေသို့မြန်ဆန်စွာ ပြန်ရောက်နိုင်သည့်တိုးတက်မှုဖြစ်စဥ်ကို သုတေသီများက တွေ့ရှိခဲ့သည်။ ထို့ကြောင့်ဖိနှိပ်ဖိစီးမှုများက ခံနိုင်ရည်အားရှိအောင် ဖန်တီးပေးနိုင်ပုံပေါ်နေပါသည်။

ပရောဖက်ဟဗက္ကုတ်သည် ဤခံနိုင်ရည်ကို သိနားလည်ခဲ့သည်။ ယုဒပြည်ပျက်စီးတော့မည့်အကြောင်းဆင်ခြင်ရင်း “အသီးအနှံ မပွင့်မသီးရ၊ သိုးကုန်၍ ...နွားမရှိရ”ဟု မျှော်လင့်ချက်မဲ့သောပုံရိပ်ကို ရေးခဲ့သည်(၃:၁၇)။ သို့ရာတွင် လောကမှပေးသောလုံခြုံမှုများ ဆုံးရှုံးခဲ့သော်လည်း၊ သူက “ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသောဘုရားသခင်ကို အမှီပြုလျက်…

စိတ်နှလုံးများကို ပြောင်းလဲပေးသောဘုရားသခင်

ရပ်ဆဲလ်(Russell)သည် လူများစွာတို့ကဲ့သို့ပင် ညစ်ညမ်းရုပ်ရှင်စွဲလမ်းမှုပြဿနာကို ငယ်ရွယ်ချိန်မှာပင် တွေ့ကြုံခဲ့ရသည်။ စွဲလမ်းစိတ်က ပြင်းထန်ပြီး သူ၏နှလုံးသားဖျက်ဆီးခံခဲ့ရပုံကို “ကျွန်တော့်ဘဝ၌ ထိုအရာများနှင့်သာ ပြည့်နေခဲ့ပြီး၊ ကင်ဆာရောဂါကဲ့သို့ပင် ကျွန်တော့်အသွေးအသား၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်”ဟု ရေးသားခဲ့သည်။ ရပ်ဆဲလ်သည် သခင်ယေရှုအားဖြင့် ကယ်တင်ခြင်းကို လက်ခံရရှိပြီး၊ အသက်တာပြောင်းလဲလာသောအခါ၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ညစ်ညမ်းရုပ်ရှင်နှင့် အခြားစွဲလမ်းမှုများမှ လွတ်မြောက်ခဲ့ကြောင်း “ယေရှုခရစ်က ကျွန်တော့်ကို ကယ်တင်ခဲ့သောကြောင့် ကိုယ်တော်သာ ဂုဏ်ပြုခြင်းအလုံးစုံကို ခံထိုက်ပါတယ်”ဟု ပြောခဲ့သည်။

တစ်နေ့တွင် “[ထာဝရဘုရား၏]ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်”ဟု ဘုရားသခင်၏အမိန့်တော်ကို ဣသရေလလူမျိုးတို့အား ယေရမိ ပြောကြားခဲ့သည် (၃၁:၃၃)။ ခရစ်တော်၌ ပြီးပြည့်စုံခဲ့သည့် (ဟေဗြဲ ၈:၆-၁၃)၊ ဤပဋိညာဉ်တရားသစ်အောက်တွင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် လူအပေါင်းတို့သည် ပြောင်းလဲနိုင်ပါသည်။ ယခုမူကား “ဝိညာဉ်တော်သည် [ကျွန်ုပ်တို့]အထဲ၌ ကျိန်းဝပ်တော်မူ”၍(ရော ၈:၁၁)၊ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်တရားကို ကျွန်ုပ်တို့နှလုံးသား၌…

ချစ်နှစ်သက်ဖွယ်သော ကျွန်ုပ်တို့၏ကယ်တင်ရှင်

တောမီးလောင်ကျွမ်းချိန်တွင် သစ်တောကယ်ဆယ်ရေးလုပ်သားတစ်ဦးသည် ဝက်ဝံပေါက်လေးတစ်ကောင်ကို ကယ်ခဲ့ပြီး၊ တောမီးငြိမ်းသတ်သူများနှင့်ဝေးရာ ဘေးကင်းသည့်နေရာတွင် ဝက်ဝံလေးကို ချထားခဲ့သည်။ ဝက်ဝံပေါက်လေးသည် ခြေဖဝါးသေးသေးပေါ် ရပ်ပြီး၊ သူ၏ခြေသလုံးကို ပွေ့ဖက်ထားသဖြင့် ထိုလူက ညင်သာစွာ တွန်းထုတ်လိုက်သည်။ ဝက်ဝံပေါက်လေးသည် စိတ်အားငယ်နေသည့်ပမာ ပါးစပ်ကျယ်ကျယ်ဖွင့်ပြီး အော်နေကာ၊ သူ့အားကိုးရာကယ်တင်ရှင်၏ ဆက်လက်ပွေ့ဖက်ပေးမှု ရရှိစေရေး ကြိုးစားကုတ်ခြစ်တွယ်ခဲ့သည်။ သူ့လက်ပေါ်သို့ ဝက်ဝံလေး တွယ်တက်သည့်အခါ၊ ကြင်နာတတ်သော ထိုသူမှာ နောင်တရပြီး သူ့မိတ်ဆွေလေး၏ခေါင်းကို ပွတ်သပ်ပေးခဲ့သည်။

ဝက်ဝံပေါက်လေးကဲ့သို့ ၎င်းကို သေခြင်းမှကယ်ခဲ့သူအား ဖက်တွယ်သည့်ပမာ ကျွန်ုပ်တို့သည်လည်း တူညီသော ကူရာကယ်ရာမဲ့ အခြေအနေတွင် အတုမရှိသောကယ်တင်ရှင်သခင်ယေရှုကို ယုံကြည်ပြီး နောက်တော်သို့လိုက်ပါက မည်သို့ဖြစ်မည်နည်း။

ဘုရားရှင် ဖန်ဆင်းထားသူအားလုံး ကယ်တင်ခြင်းလိုအပ်သည်။ ဆာလံ ဆရာဒါဝိဒ်က သူ၏ဆုတောင်းချက်များကို ကြားပြီးအဖြေပေးသည့် ဘုရား-တစ်နည်းအားဖြင့် ကယ်တင်ရှင်ကိုလိုအပ်ကြောင်း ဝန်ခံခဲ့သည် (ဆာ ၅၅:၁-၂)။ သူသည် ဆင်းရဲဒုက္ခများ၊ ခြိမ်းခြောက်မှုများနှင့် ကြောက်ရွံ့မှုများ…

ဘုရားသခင်ဖွင့်ပေးသောမျက်လုံးများ

တစ်နေ့သောနေ့လည်ခင်း၊ ကော်ဖီဆိုင်တစ်ခုတွင် ကျွန်တော့်ကပ်လျက်စားပွဲမှ လမ်းလျှောက်တတ်ခါစ ကလေးငယ်တစ်ဦးနှင့် သူမ၏မိဘများကို သတိထားမိ သည်။ မိဘများက သူတို့၏သူငယ်ချင်းများနှင့် စကားပြောနေစဉ်၊ ခိုတစ်ကောင်သည် ကြမ်းပြင်မှပေါင်မုန့်အပိုင်းစများကို စတင်ကိုက်နေသည်။ ထိုမြင်ကွင်းကို အံ့သြမှ အပြည့်ဖြင့် ကလေးမလေးက ဝမ်းသာအားရအော်ဟစ်ပြီး လူကြီးများ၏ အာရုံစိုက်မှုကိုရရှိရန် ကြိုးစားခဲ့သည်။ သို့သော် သူမမြင်သည့်အရာကို သူတို့လုံးဝမမြင်ဘဲ၊ သူမကို ပြုံးပြပြီး စကားသာဆက်ပြောခဲ့ကြသည်။

သခင်ယေရှုသည် တပည့်တော်များအား သာသနာပြုလုပ်ငန်းအတွက်စေလွှတ်ခဲ့ရာ၊ အလွန်အောင်မြင်ခဲ့သောကြောင့် (လု ၁၀:၁၇)၊ “ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော်မူသည်ဖြစ်၍” (:၂၁)၊ “အဘကို အကျွန်ုပ်ချီးမွမ်းပါ၏”ဟု သခင်ယေရှု ဆုတောင်းခဲ့သည်။ ဤနေရာတွင် “သူငယ်” ဆိုသည်မှာ အသက်အရွယ်ကိုမဆိုဘဲ အဆင့်အတန်းကို ရည်ညွှန်းခြင်းဖြစ်သည်။ “ဖာရိရှဲနှင့် ကျမ်းတတ်တို့”သည် ဧဝံဂေလိတရားကို လျစ်လျူရှုကြချိန်တွင်(၇:၂၉-၃၄)၊ “အခွန်ခံသူမှစ၍ လူအပေါင်း”တို့သည် နှိမ့်ချစွာဖြင့် ဧဝံဂေလိတရားကို…

အကြီးမြတ်ဆုံးသောလက်ဆောင် ‘ယေရှု’

“ကောင်းကင်ဘုံရှင်ဘုရင် ဖွားမြင်ခြင်းအတွက်၊ ချီးမွမ်းသီဆိုခြင်းထက် သာယာချိုမြိန်သောဂီတရှိနိုင်မည်လား”ဟူသည့် ၁၇ ရာစုမှ ရော်ဘတ်ဟာရစ်ခ် (Robert Herrick) ရေးသားခဲ့သည့် “What Sweeter Music” ကဗျာစာသားကို ခေတ်သစ်တေးရေးဆရာ ဂျွန်ရတ်ထာ(John Rutter)က ခရစ္စမတ်ပွဲ မတိုင်မီကာလတွင် ဆင်ခြင်ရန် အကောင်းဆုံးတေးသီချင်းအဖြစ် ပြန်လည်ပုံဖော်ထားသည်။ ၎င်း၏နူးညံ့သောသံစဥ်သည် ပူနွေးသော သခင်ယေရှုဆင်းကြွလာခြင်း နွေဦးရာသီက အေးခဲသောစောင့်ဆိုင်းရခြင်းရာသီကို ပြောင်းလဲပေးခဲ့ကြောင်းဖော်ပြသည်။ အဆိုတော်များက ခရစ္စမတ်သီချင်းဖြင့် ကိုယ်တော်ကို ချီးမွမ်းနေပြီး၊ နားဆင်သူများကိုလည်း စိတ်နှလုံးဖြင့်နားထောင်ရန် ဖိတ်ခေါ်ခဲ့သည်။

ရတ်ထာ၏တေးသွားသည် ဘုရားကျောင်း၌ ဖတ်ကြားသော ပညာရှိများက ရွှေ၊ လောဗန်နှင့် မုရန်တို့ကို ယူဆောင်လာခြင်းအကြောင်းကို တုံ့ပြန်သီဆိုရန် ရေးစပ်ခဲ့ခြင်းဖြစ်သည်။ ပညာရှိများသည် သူငယ်တော်ယေရှုအား ဖူးတွေ့ပူဇော်ရန် အလွန်ဝေးသောခရီးကို နှင်ခဲ့ကြသည်(မ ၂:၁-၂)။ အဆုံး၌ သူငယ်ကို တွေ့သောအခါ၊ “အလွန်ဝမ်းမြောက်ဝမ်းသာခြင်း”ရှိ၍ ပြပ်ဝပ်ကိုးကွယ်ကာ၊ ခြေတော်ရင်း၌ “မိမိတို့ဘဏ္ဍာဥစ္စာတို့ကိုဖွင့်”ပြီး ဆက်ကပ်ပူဇော်ကြ၏ (:၁၀-၁၁)။ နောက်မှ…

ကြောက်ရွံ့ခြင်းမှ ဝမ်းမြောက်ခြင်းသို့

သမိုင်းပညာရှင်များက ၁၉၀၆ ခုနှစ် ခရစ္စမတ်အကြိုနေ့တွင် ပထမဆုံးထုတ်လွှင့်သော တေးဂီတနှင့် မိန့်ခွန်းများကို အတ္တလန်တိတ်ရှိ အမေရိကန်ရေတပ်နှင့် အခြားသင်္ဘောများမှ ရေဒီယိုအော်ပရေတာတို့ နားဆင်ခဲ့ရသည်ဟု ယုံကြည်ကြသည်။ ပေးပို့နေကျ တတီတီမြည်သံနှင့် အချက်ပြကုဒ်များအစား၊ ရေဒီယိုအသံတီထွင်သူ ရယ်ဂျီနယ်ဖက်စီဒန် (Reginald Fessenden) တယောဖြင့် တီးခတ်ထားသော “အိုသန့်ရှင်းည”(O, Holy Night) ခရစ္စမတ်တေးကို နားဆင်ခဲ့ကြရသည်။ ဖက်စီဒန်သည် “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း”(လု ၂:၁၄)ဟူ၍ ကောင်းကင်တမန်များ၏ချီးမွမ်းခြင်းပဲ့တင်သံဖြင့် သူ၏ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့သည်။ သခင်ယေရှုမွေးဖွားခြင်းကို ချီးမွမ်းထောမနာပြုသောတေးဂီတနှင့် ဖော်ပြချက်များကြောင့် နားထောင်နေသူများ အံ့ဩတုန်လှုပ်သွားပေမည်။

သခင်ယေရှုမွေးဖွားခြင်းကြောင့် ဦးဆုံးအံ့ဩရသူများမှာ ပုံမှန်ညဘက်၌ သိုးများကို ထိန်းကျောင်းသော သိုးထိန်းများဖြစ်သည်။ ထိုအခါ၊ ဘုရားသခင်၏ ဘုန်းတော်ဖြင့် ထွန်းလင်းထင်ရှားလာသည့် ကောင်းကင်တမန် တစ်ပါးကြောင့် သိုးထိန်းတို့ ထိတ်လန့်ခဲ့ရသည်။ ကောင်းကင်တမန်ကလည်း “မကြောက်ကြနှင့်၊ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။…

မျက်နှာသာပေးခြင်း မရှိ

၁၈၇၂ ခုနှစ်တွင် သမ္မတယူလက်ဇီး အက်စ်ဂရန့်(Ulysses S. Grant)သည် ဝါရှင်တန်ဒီစီ၌ သူ၏မြင်းရထားလုံးကို မဆင်မခြင်မောင်းနှင်မှုကြောင့် တားဆီးခံခဲ့ရသည်။ သတင်းစာတစ်ခုအရ အာဖရိကန်-အမေရိကန်ကပြားဖြစ်သည့် ဝီလျံဝက်စ် (William West) ဆိုသည့် အရာရှိက “သင်၏အမြန်မောင်းနှင်မှုက လမ်းဖြတ်ကူးသူများအတွက် အသက်အန္တရာယ်ဖြစ်စေနိုင်သည်”ဟု ဂရန့်အား သတိပေးခဲ့သည်။ ဂရန့်က တောင်းပန်ခဲ့သော်လည်း၊ နောက်တစ်နေ့ညတွင် ရထားလုံးကို အပြိုင်မောင်းနှင်ပြန်သဖြင့်၊ ဝက်စ်က ဂရန့်၏မြင်းများကိုတားကာ၊ “သမ္မတကြီးကို ဒီလိုလုပ်ရတာတော့ စိတ်မကောင်းပေမဲ့၊ သင်ဟာ နိုင်ငံတော်အကြီးအကဲဖြစ်ပြီး၊ ကျွန်တော်က ဘာမှမဟုတ်တဲ့ ရဲသားဖြစ်ပေမဲ့လို့ တာဝန်က တာဝန်ပါပဲ”ဟုပြောကာ သမ္မတကို ဖမ်းဆီးခဲ့သည်။

သူ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သည့် ဤရဲရင့်သောသူအတွက် ဂုဏ်ယူမိသည်။ ဂရန့်လည်း ထိုနည်းပင်ဖြစ်သည်။ သူက ဝက်စ်ကို ချီးကျူးပြီး သူ့ကို အလုပ်မဖြုတ်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ ဘုရားသခင်သည်လည်း မတရားမှုကို မုန်းတီးခြင်းကြောင့် ဝက်စ် အပေါ်နှစ်သက်ကျေနပ်ပေလိမ့်မည်။ “ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊…

ကျွန်ုပ်ထံသို့ ကိုယ်တော်၏လူများကို ပို့ပေးပါ

ကျွန်မ၏သူငယ်ချင်း မာရီဇာ(Maritza)သည် မတူညီသောမြို့များသို့ ခရီးသွားရသည့်အလုပ်ကို လုပ်ကိုင်သောအခါ၊ သူမသည် အထီးကျန်မှုကို မကြာခဏခံစား ရခဲ့ရသည်။ သို့သော်လည်း၊ တစ်ညတွင် ညစာစားပြီးနောက် သူမက “ဂျဲန်ရေ၊ ကျွန်မကို ယုံကြည်သူတွေနဲ့ ပေးတွေ့ဖို့ ဘုရားသခင်ဆီမှာ ကျွန်မဆုတောင်းခဲ့တယ်” ဟု ကျွန်မကို မှီပြီး ပြောပြခဲ့သည်။ “မကြာခင်မှာပဲ၊ သခင်ယေရှုကို ယုံကြည်သူများနဲ့ ပုံမှန်တွေ့ဆုံခဲ့တယ်။ တစ်ခါတလေဆို တစ်နေ့ထဲမှာပင် လူသုံးဦးနဲ့ ဆုံခဲ့တယ်”ဟု သူဆက်လက်ပြောပြခဲ့သည်။

သခင်ယေရှုကို ယုံကြည်သည့် အခြားသူများနှင့် တွေ့ဆုံရသောအခါ၊ ကျွန်မတို့သည် ခရစ်တော်၌ ဝိညာဉ်ရေးအရ ချိတ်ဆက်မိကြသည်။ ရှင်းပြရခက်သော်လည်း၊ ၎င်းသည် ကျွန်မတို့အတွင်း၌ ခံစားမှုတစ်စုံတစ်ရာကို အစပြုပေးသည်။ အရေးကြီးဆုံးတူညီသောအချက်မှာ ခရစ်တော်နှင့်ပတ်သက်သော သမ္မာကျမ်းစာ၏မိန့်ကြားချက်များနှင့်၊ ယေရှုအားဖြင့် ဘုရားသခင်နှင့်ဆက်ဆံရေးရှိနိုင်သည်ကို ယုံကြည်ခြင်းဖြစ်သည် (ရော ၁၀:၉)။

အရေးကြီးဆုံးမှာ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ယုံကြည်သူများအထဲ၌ ကျိန်းဝပ်လျက်၊ တစ်ဦးနှင့်တစ်ဦးကို အားကောင်းစွာ ပေါင်းစည်းထားပြီး၊…

သတင်းကောင်းသယ်ဆောင်လာခြင်း

အီကွေဒေါ(Ecuador)နိုင်ငံသာသနာပြုခရီးတွင် ကျွန်မတို့လုပ်ဆောင်နေကျ အိမ်များသို့ လှည့်လည်သွားစဉ်၊ ကြက်သွန်နီရိတ်သိမ်းနေသော အမျိုးသားတစ်ဦးထံသို့သွားပြီး၊ စပိန်စကား မတောက်တခေါက်ဖြင့် ကျွန်မတို့ သူငယ်ချင်းများက သူ့အား သမ္မာကျမ်းစာအကြောင်း တိုတိုတုတ်တုတ် ပြောပြလိုကြောင်း ဆုတောင်းလျက် ပြောရာ၊ သူနားထောင်ပေးခဲ့သည်။ သူ့ကို သက်သေခံဝေမျှပြီးနောက် ကျွန်မတို့ အဖွဲ့မှတစ်ဦးက သမ္မာကျမ်းစာကို အင်္ဂလိပ်လိုဖတ်ပြရာ၊ သူကလည်း ကျွန်မတို့ပေးသော စာအုပ်ငယ်မှ စပိန်ဘာသာဖြင့်ဖတ်သည်။ အင်ဒိစ်(Andes)တောင်တန်း၌ သတင်းကောင်းဖတ်ရွတ်သံကို ကြားရခြင်းက ထူးမြတ်သောအခိုက်အတန့်ဖြစ်ခဲ့သည်။ မနီးမ‌ဝေးတွင် အလုပ်လုပ်နေသော သူ၏မိသားစုနှင့်လည်း စကားပြော ဆုတောင်းပေးပြီးနောက် အခြားတစ်အိမ်သို့ ဆက်သွားခဲ့သည်။

သမ္မာကျမ်းစာကို ရွတ်ဖတ်၊ လူများအား ခရစ်တော်အကြောင်း ပြောပြနှင့်၊ တောင်စောင်းတစ်လျှောက်ခရီးဆက်ရင်း၊ လောက၌ ကျင်လည်ခဲ့စဥ် သခင်ယေရှုနှင့် တပည့်တော်များသည်လည်း ဣသရေလတောင်တန်းများနှင့် ချိုင့်ဝှမ်းများ၌ သွားလာခဲ့‌ကြောင်း ဆင်ခြင်မိသည်။

ဟေရှာယအနာဂတ္တိကျမ်း ၅၂:၇ တွင် “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏…

ကျွန်ုပ်တို့၏အထီးကျန်မှု၌ ကျွန်ုပ်တို့နှင့်အတူရှိသူ

ဟင်နရီဒေးဗစ်သရိုး(Henry David Thoreau)က မြို့တစ်မြို့ဆိုသည်မှာ “အတူအထီးကျန်နေကြသူ များစွာရှိသည့်နေရာ”ဟု ဖော်ပြခဲ့သည်။ ဤစကားများကမှန်နေသယောင်ပင်။ ကျွန်ုပ်လူငယ်ဘဝက “Mr. Lonely”, “Only the Lonely”, “Eleanor Rigby” စသည့်သီချင်းများတွင် အထီးကျန်မှုနှင့် အဖော်မဲ့မှုကို အလေးပေး ရေးစပ်ထားသည်။ မကြာမီက ကိုဗစ်ကပ်ဘေးကာလသည် ကမ္ဘာ့အထီးကျန်ဆုံး အချိန်များအနက် တစ်ခုဖြစ်ခဲ့ပြန်သည်။ လူမှုကွန်ရက်များသည်လည်း ရင်းနှီးမှုမပါသော ဆက်ဆံရေးများသာဖြစ်သောကြောင့် အထီးကျန်မှုကို ပို၍ဖြစ်စေနိုင်သည်။ အထီးကျန်မှုကို ခေတ်သစ်ကပ်ရောဂါတစ်ခုဟုပင် ဆိုနိုင်ပါသည်။

ရှင်မဿဲက ယေရှုမွေးဖွားခြင်းအကြောင်းကို ဖော်ပြရာ၌ (၁:၁၈-၂၅)၊ “ထာဝရဘုရားသည် ပရောဖက်(ဟေရှာယ)အားဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည်အကြောင်းတည်း။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း”(:၂၂-၂၃) ဟု ဖော်ပြထားသည်။ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား”ဟူသည့်အချက်ကို ဆင်ခြင်ကြည့်ပါ။

ယေရှုကို…