အမျိုးအစား  |  odb

ငါဘယ်သူမို့လို့ ...

ဒေ့ဗ်သည် သူ့အလုပ်၌ ပျော်ရွှင်သော်လည်း တစ်စုံတစ်ရာက သူ့ကို ဆွဲခေါ်နေသကဲ့သို့ သူခံစားရသည်မှာ ကြာပြီဖြစ်သည်။ ယခုတွင် သူ့အိမ်မက်ကို အကောင်အထည်ဖော်ရန် သာသနာပြုလုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ သူ၌ သံသယစိတ် ဆိုးဆိုးဝါးဝါးဝင်ရောက်လာသည်။

‘‘ဒီအလုပ်က ငါနဲ့မတန်ဘူး၊ သာသနာပြုအဖွဲ့ရဲ့ ဘုတ်လူကြီးတွေက ငါ့အကြောင်း တကယ်မသိပါဘူး၊ ငါဟာ ကောင်းတဲ့လူ မဟုတ်ဘူး’’ ဟု သူ့သူငယ်ချင်းကို သူပြောပြသည်။

ဒေ့ဗ်နှင့် တူသူများ ရှိပါသည်။ မောရှေဟု ဆိုလျှင် ခေါင်းဆောင်နိုင်မှု၊ အားသာချက်များ၊ ပညတ်တော် ၁၀ ပါး စသည်ဖြင့် ကျွန်ုပ်တို့ အတွေးထဲ ဝင်လာမည်။ သို့သော် မောရှေသည် လူသတ်ပြီး ကန္တာရထဲ ထွက်ပြေးခဲ့သူဖြစ်ကြောင်း ကျွန်ုပ်တို့ မေ့နေတတ်သည်။ အနှစ် ၄၀ လုံး တော၌ သူသိုးကျောင်းခဲ့ရသည့်အဖြစ်ကို မျက်ခြေပြတ်နေသည်။ ဘုရားသခင် သူ့ကို ခေါ်သည့်အခါ…

ရုံးခန်းမျှသာလော

အင်္ဂလန်နိုင်ငံမြောက်ပိုင်း လန်ကက်ရှိုင်းယားဒေသတွင် စိမ်းစိုသော တောင်တန်း များကို ငေးမောကြည့်ရင်း တောင်ပတ်လည်ရှိ ကျောက်တုံးများဖြင့် ဝင်းခတ်ထားသော သိုးခြံများကိုလည်း သတိပြုမိသည်။ တောက်ပသော ကောင်းကင်၌ တိမ်စိုင်များ လွှင့်မျော နေသည်။ အသက်ပြင်းပြင်း ရှုသွင်းလိုက်ရင်း ဤမြင်ကွင်း၌ ကျွန်မခံစားမျောပါမိသည်။ ကျွန်မတည်းခိုသည့် အပန်းဖြေစခန်း၌ အလုပ် လုပ်နေသည့် အမျိုးသမီးအား ဤလှပသောရှုခင်းအကြောင်းကို ပြောပြရာသူက ‘‘လာတည်းခိုတဲ့ ဧည့်သည်တွေ မပြောပြရင် ကျွန်မ ဒီရှုခင်းတွေကို တစ်ခါမှ သတိမထားမိဘူး။ ကျွန်မတို့က ဒီမှာနေလာတာကြာလှပြီ။ ကျွန်မတို့ တောင်ယာလုပ် လယ်စိုက်တုံးက ဒီနေရာကို ကျွန်မတို့ အလုပ်လုပ်တဲ့နေရာ ရုံးခန်းတစ်ခုလို့ပဲ သဘောထားခဲ့တယ်’’ ဟု ပြန်ဖြေသည်။

မိမိတို့ရှေ့၌ ရှိသည့် ဆုမင်္ဂလာများ၊ အထူးသဖြင့် ဘဝ၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် အလှတရားကို ကျွန်မတို့ လွတ်သွားတတ်သည်။ နေ့စဉ် ကျွန်မတို့အတွင်း၌၊ ကျွန်မတို့ဝန်းကျင်ပတ်လည်၌ လှပသောနည်းလမ်းဖြင့် ဘုရားပြုသည့်အမှုများကိုလည်း အလွယ်တကူ…

သခင်ယေရှု လာတော့မည်သကဲ့သို့ အသက်ရှင်ပါ

ကျေးလက်ဂီတအဆိုတော်တင်းမ်မက်ဂရော်၏ ‘‘Live Like You Were Dying - ယနေ့ပင် သေဆုံးတော့မည်သကဲ့သို့ အသက်ရှင်ပါ ’’ ဟူသည့် သီချင်းကို ကျွန်တော် သဘောကျသည်။ ထိုသီချင်း၌ လူတစ်ဦးသည် မိမိ၏ကျန်းမာရေးနှင့်ပတ်သက်၍ သတင်းဆိုးကြားလိုက်ရပြီးနောက် သူလုပ်ဆောင်သည့် အမှုအရာများကို ဖော်ပြစပ်ဆို ထားသည်။ လူများကို ချစ်ရန်၊ ခွင့်လွှတ်ရန် ရွေးချယ်ခဲ့ပြီး ကြင်နာစွာ စကားဆိုခဲ့သည်။ မိမိဘဝ နေဝင်တော့မည်ကို သိလျှင် ကျွန်ပ်တို့ကောင်းမွန်စွာ ဘဝရှင်သန်ကြကြောင်း ထိုသီချင်းက ထောက်ခံနေသည်။

ထို့ပြင် ကျွန်ုပ်တို့၏ဘဝအသက်တာသည် အကန့်အသတ်ရှိကြောင်း သီချင်းလေးက သတိပေးနေ သည်။ ကျွန်ုပ်တို့အနေနှင့် ယနေ့ပြုရမည့်ကိစ္စကို မနက်ဖြန်အထိ မရွေ့ဆိုင်းရန် အရေးကြီးသည်။ ကျွန်ုပ်တို့အတွက် မနက်ဖြန်သည် ရှိချင်မှ ရှိလိမ့်မည်။ သခင်ယေရှု အချိန်မရွေး ပြန်ကြွလာမည်ကို ယုံကြည်သူ သခင်ယေရှု၏နောက်တော်လိုက်များအတွက်လည်း ဤအချက်သည် အရေးပေါ် သတိပေးချက် ဖြစ်သည်…

ယုံကြည်ခြင်းအတွက် ရပ်တည်မှု

တိုက်ပွဲမဝင်ရသည့် ရဲမက်အဖြစ် ဒက်စမွန်ဒေါ့စ်သည် ဒုတိယကမ္ဘာစစ်၌ ပါဝင်ခဲ့ရသည်။ ဘာသာရေးသွန်သင်ချက်များအရ လက်နက်ကိုင်ဆောင်ခွင့်မရသော်လည်း ဆေးတပ်သားအဖြစ် သူအမှုထမ်းခဲ့သည်။ တိုက်ပွဲတစ်ခုတွင် ရန်သူဘက်မှ ပြင်းထန်စွာ အဆက်မပြတ် ထိုးနှက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရစစ်သည် ၇၅ ဦးကို လုံခြုံရာသို့ သူရွေ့ပြောင်းခဲ့ရသည်။ သူ့အကြောင်းကို The Conscientious Objector သတင်းမှတ်တမ်း၌ ဖော်ပြထားပြီး Hacksaw Ridge ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးခဲ့သည်။

ခရစ်ယာန်ယုံကြည်ခြင်း သူရဲကောင်းစာရင်းတွင် အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊ ဧလိယ၊ ပေတရု၊ ပေါလု စသည့် ရဲရင့်သော ဇာတ်ကောင်များ ပါဝင်သည်။ သို့သော် ချီးမွမ်းမခံရသည့် အရိမဿဲ မြို့သားယောသပ်၊ နိကောဒင် စသည့် သူရဲကောင်းများလည်း ရှိပါသေးသည်။ သူတို့က ဂျူးဘာသာရေးခေါင်းဆောင်များနှင့် ပြဿနာတက်မည့် အရေးကို စွန့်စားလျက်၊ ၎င်းတို့၏ ရာထူးရာခံထိပါးမည့် အရေးကို စွန့်စားလျက် ကားတင်သတ်ခံရသည့် ခရစ်တော်၏အလောင်းတော်ကို…

လွဲမှားသော လုံခြုံရာအရပ်

ကျွန်တော့်၏ခွေးလေးရူးပတ် ခွေးပေါက်စအရွယ်က အပြင်ထွက်ရမည်ကို ကြောက်နေပြီး၊ ပန်းခြံသို့ သွားမည့်အရေး သူ့ကို ဒရွတ်တိုက်ဆွဲခေါ်ရသည်။ တစ်နေ့တွင် ပန်းခြံထဲရောက်ပြီးမှ ကျွန်တော် သူ့ကို လွတ်ပေးမိရာ သူ့အတွက် လုံခြုံရာ အိမ်သို့ တစ်ချိုးတည်း ပြန်ပြေးဝင်သွားတော့သည်။

ထိုအဖြစ်လေးကြောင့် တစ်ချိန်က လေယာဉ်စီးရင်း ကြုံတွေ့ခဲ့သည့် လူတစ်ဦးကို အမှတ်ရမိသည်။ လေယာဉ် စပြေးချိန်တွင် ‘‘လေယာဉ်ပေါ်မှာ ကျွန်တော် အရက် သောက်မယ်နော်’’ ဟု သူက ကျွန်တော့်ကို စခွင့်ပန်သည်။ ‘‘ခင်ဗျား သောက်ချင်ပုံမရပါဘူး’’ ဟု ကျွန်တော်ပြောရာ၊ ‘‘ဟုတ်တယ် မသောက်ချင်ဘူး။ ဒါပေမဲ့ ဒီလိုပဲ၊ သောက်ဖြစ် နေတာ’’ ဟု ပြောပြသည်။ အတိုချုံးပြောရလျှင် သူသောက်ပြီး မူးကာ လေယာဉ်ပေါ်မှဆင်းချိန်တွင် သူ့မိန်းမက နံစော်နေ သည့်ခင်ပွန်းကို တွဲပြီးဆင်းကာ၊ နောက် သူ့ကို တွန်းထုတ် ပစ်သည့်မြင်ကွင်းက စိတ်မချမ်းမြေ့ဖွယ်ပါ။ အသောက်အစားက…

ဘုရားသခင်၏အမြင်၌ အရည်အချင်း ပြည့်မီသည်

ကောလိပ်ကျောင်းအောင်ပြီးနောက် ကွန်ပြူတာကုတ်သင်္ကေတလည်း မရေးတတ်၊ စီးပွားရေးအသိ မဆိုစလောက်သာရှိသော ကျွန်မကို နည်းပညာဆိုင်ရာ အကြံပေး လုပ်ငန်းတစ်ခုမှ အလုပ်ခန့်ခဲ့သည်။ အလုပ်ဝင်ရန် တွေ့ဆုံမေးမြန်းချိန်၌ ထိုကုမ္ပဏီ သည် အလုပ်အတွေ့အကြုံရှိခြင်းကို အဓိကမထားကြောင်း သိလိုက်ရသည်။ စင်စစ် ပြဿနာကို ထိုးထွင်းဆန်းသစ်စွာ ဖြေရှင်းနိုင်မှု၊ မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု၊ အဖွဲ့နှင့်အလုပ်လုပ်ကိုင်နိုင်မှု စသည့် ပုဂ္ဂိုလ်ရေး အရည်အသွေးရှိခြင်းက အလေးသာပါသည်။ ကုမ္ပဏီမှ ဝန်ထမ်းသစ်ခေါ်ယူပြီး ၎င်းတို့ လိုချင်သည့် ဝန်ထမ်း အဖြစ် ပုံစံဝင်လာသည်အထိ လိုအပ်သောကျွမ်းကျင် စွမ်းရည်ရှိလာအောင် လေ့ကျင့်သင်ကြားပေးလျှင် ရသည် ဟု ယူဆသည်။

နောဧ၌လည်း သင်္ဘောကြီးဆောက်လုပ်ရန် အရည်အချင်းရှိကို မရှိပါ။ သူသည် လှေလည်း မဆောက်တတ်၊ လက်သမားလည်း မဟုတ်ခဲ့ပါ။ သူသည် မြေကြီးကို ထွန်ယက်လျက် စိုက်ပျိုးလုပ်ကိုင်လျက် ဘဝကိုကျေနပ်နေသူဖြစ်သည်။ သို့သော် ထိုခေတ်ကာလ၏ဆိုးညစ်မှုကို ဖြေရှင်းရန် ဘုရားရှင် ဆုံးဖြတ်ချက်ချသည်တွင်…

ကျွန်ုပ်ပတ်လည်ရှိ အကွယ်အကာဒိုင်းလွှား

ကျွန်ုပ်တို့အသင်းတော်မှ ဝတ်ပြုကိုးကွယ်ခြင်းကဏ္ဍကို ဦးဆောင်သူ ပေါလ်သည် အသက် ၃၁ နှစ်အရွယ်၌ လှေမှောက်ပြီး ဆုံးပါးသွားသဖြင့် ထိုဆုံးရှုံးမှုအတွက် အသင်းတော်မှ နာကျင်ခံစားခဲ့ရပါသည်။ ပေါလ်နှင့် သူ၏ဇနီး ဒူရွန်ဒါတို့အတွက် နာကျင်ခြင်းဝေဒနာသည် အစိမ်းသက်သက် မဟုတ်ပါ။ ကိုယ်ဝန်ပျက်ကျမှုကို အကြိမ်ကြိမ် ကြုံခဲ့ရသည်။ ဘဝကို အစိတ်စိတ်အမွှာမွှာ ကြေမွစေသည့်အမှုအရေးများ ကြုံရသည်။ ၎င်းတို့ မိသားစုကို ချစ်မြတ်နိုးသူများအနေဖြင့် ဦးခေါင်းကို တစ်ချက်တည်းအပိုင် ထိုးချလိုက်သကဲ့သို့ ခံစားရစေသည်။

ဒါဝိဒ်အတွက် ကိုယ်ရေးကိုယ်တာကိစ္စ၊ မိသားစု အရေးကိစ္စများက အဆန်းမဟုတ်။ ဆာလံ ၃ တွင် သူ့ကို ပုန်ကန်သည့် သားတော်အဗရှလုံကြောင့် သူသောကရောက် ရသည်။ သားကို ပြန်တိုက်ရန်ထက် အိမ်စွန့် ထီးနန်းစွန့်ကာ သူထွက်ပြေးခဲ့သည် (၂ ရာ ၁၅း၁၃-၂၃)။ လူအများက သူ့ကို ဘုရားသခင် စွန့်ပစ်ပြီဟု ထင်မှတ်ယူဆကြသော်လည်း (ဆာ ၃း၂)။…

သိကျွမ်းခြင်းအမှု တိုးပွားစေ

‘‘မင်းကို ပညာတော်သင်ကျောင်းသားအဖြစ် စေလွှတ်ဖို့ ရွေးလိုက်ပြီ။’’ ထိုစဉ်က ကျွန်တော့် အသက် ၁၇ နှစ်သာရှိသေးပြီး ဂျာမနီသို့ ပညာတော်သင်သွားရမည်ဖြစ်၍ အလွန် ပျော်သွားသည်။ သို့သော်အချိန် ၃ လအတွင်း သွားရမည်ဖြစ်၍ ဂျာမန်စာနှင့် စကားလည်း မသင်ရသေးပါ။

ထို ၃ လတာကာလအတွင်း နာရီပေါင်းများစွာ ဂျာမန်စာကို လေ့လာပြီး အချို့စကားလုံးများဆိုလျှင် ကျွန်တော် ရေးကျက်ခဲ့ရသည်။

နောက် ၃ လအကြာတွင် ဂျာမနီ၌ ကျောင်းတက်နေရပြီး ဂျာမန်စကားကောင်းကောင်း နားမလည်သဖြင့် စိတ်ပျက်အားလျော့ ဖြစ်ခဲ့ရသည်။ ထိုနေ့တွင် ဆရာမက ‘‘ဘာသာစကားကို လေ့လာတဲ့အခါ သဲတွင်းကိုယက်ပြီး တက်ရသလိုမျိုးပဲ၊ တစ်ခါတစ်လေ ဘာမှအရာမထင်ဘူးလို့ ထင်ရပေမဲ့ ဆက်ပြီးကြိုးစားပါ။ အကျိုးရှိလာပါလိမ့်မယ်’’ဟု အမြော် အမြင်နှင့် ပြည့်စုံသည့် အကြံဉာဏ်ပေးခဲ့သည်။

ရံဖန်ရံခါ ထိုစကားကို ကျွန်တော်ဆင်ခြင်လျက် သခင်ယေရှု၏ နောက်တော်လိုက်တစ်ဦးအနေဖြင့် ကြီးထွားရင့်ကျက်ခြင်းသည် မည်သည့်…

နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမ

တေးဂီတလောက၌ အန်တိုနီယို စတြာဒီဗာရီ (၁၆၄၄-၁၇၃၇) ၏ အမည်ကား အံ့မခန်းကျော်ဇောလှသည်။ သူဖန်တီးသော တယော၊ စယ်လို၊ ဗွိုင်အိုလာများသည် လက်ရာမြောက်လှပြီး ကြည်လင်သောအသံကို ပေးစွမ်းနိုင်သည်။ ၎င်းတို့ကို ကိုယ်ပိုင် နာမည်များပေးထားသေးသည်။ ဥပမာ - တယောတစ်လုံး၏အမည်မှာ မေရှိယ- စလာဘူစတြာဒီဗာရီ ဟူ၍ဖြစ်သည်။ တယောပညာရှင် ဂျိုးဇက် ဂျိုဟာလိမ် (၁၈၃၁-၁၉၀၇) က ထိုတယောကို ထိုးပြီးနောက် ‘‘စတြာ့တယောသံက အံ့မခန်းပဲ၊ မှတ်ဉာဏ်ထဲမှာကို ထပ်တလဲလဲ ပြန်ပေါ်လာတယ်။ သာယာနာပျော်ဖွယ် ချိုမြိန်ပြီး ခန့်ညားလှပေတယ်’’ ဟု ရေးခဲ့ဖူးသည်။

စတြာဒီဗာရီ၏ အမည်နှင့် သူ့တယောသံများက သာ၍ကြီးမြတ်သော အရင်းအမြစ်ရှင်ကြီးနှင့် နှိုင်းယှဉ်ရန်ပင် မထိုက်ပါ။ မောရှေခေတ်မှ သခင်ယေရှုခေတ်တိုင် ဘုရားတကာတို့၏ဘုရားသခင်သည် သူ့ကိုယ်သူ နာမတကာ တို့ထက် မြတ်သောနာမဖြင့် သမုတ်ခဲ့သည်။ သူ၏ ပညာတော်နှင့် လက်တော်ဖြင့် ပြုသောအမှုများကို အသိအမှတ်ပြုရန်၊…

စပျစ်နွယ်ပင်၌

ထိုင်းမှိုင်းအုံ့ဆိုင်းသည့် ဆောင်းတွင်းတစ်လျှောက်လုံး ရောဂါကြာရှည်စွာခံစားရသူ မိသားစုဝင်တစ်ဦးကို ကူညီခဲ့ပြီးနောက်၊ နွေဦးရာသီ၌ အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်ခ်ျမြို့ သူ့အိမ်အနီးရှိ ချယ်ရီပင်အနား ဖြတ်လျှောက်တိုင်း အဲမာသည် ခွန်အားပေးနှစ်သိမ့်မှုကို ခံစားခဲ့ရသည်။ အပန်းရောင်ပန်းပွင့်များ အထက်တွင် အဖြူရောင်ပန်းပွင့်များ ပွင့်လန်း နေသည်။ ကျွမ်းကျင်သည့်ဥယျာဉ်မှူးက အဖြူရောင်ပန်းကိုင်း ကို အပန်းရောင်ပင်၌ ကိုင်းကူးထားခြင်းဖြစ်၏။ တစ်မူထူး သည့် ချယ်ရီပင်အနီး ဖြတ်လျှောက်စဉ် သူသည် စပျစ် နွယ်ပင်ဖြစ်ပြီး သူ့နောက်တော်လိုက်များသည် အကိုင်း အခက်များ ဖြစ်ကြောင်း မိန့်ကြားသည့် ရှင်ယေရှု၏စကားကို အဲမာ ဆင်ခြင်မိသည် (ယော ၁၅း၁-၈)။

မိမိကိုယ်ကို စပျစ်နွယ်ပင် ဟု ခေါ်ဆိုခြင်းအားဖြင့်၊ ဣသရေလလူတို့နှင့် ကျွမ်းဝင်ပြီးသား ပုံရိပ်ဖြစ်သည့် ဓမ္မဟောင်းကျမ်းပါ ဘုရားလူမျိုးတော်၏ သင်္ကေတဖြစ်သည့် စပျစ်နွယ်ပင်ကို ရှင်ယေရှု ပြောနေခြင်းဖြစ်သည် (ဆာ ၈၀း၈-၉၊ ဟော ၁၀း၁)။ ဤအမှတ်သင်္ကေတကို သခင်ယေရှုကိုယ်စားပြုပြီး…