အမျိုးအစား  |  odb

ဘုရားသခင်၏စောင့်ရှောက်မှုအကွယ်အကာ

မိသားစုဖြင့် သွားသည့်ခရီးရှည်တစ်ခုတွင် လူနေမထူထပ်သော မွန်တာနားပြည်နယ်နှင့် တောင်ဒါကိုတာပြည်နယ်များတွင် ကြာမြင့်စွာ ကားမောင်းခဲ့ရသည်။ ကားမောင်းနှင်နေရင်းမှ ကျယ်ပြန့်သော လယ်ကွင်းပြင်တစ်လျှောက်တွင် သစ်ပင်အစုနှင့် အိမ်တစ်လုံးစီကို နေရာချထားသည့်ပုံစံကို ကျွန်မ သတိထားမိသည်။ ကားမောင်းနေသည့်တစ်လျှောက်၊ လေပြင်းများကြောင့် ယာဥ်ကြောမှ ချော်မသွားအောင် ထိန်းပြီးမောင်းနေစဉ်တွင် သစ်ပင်များသည် အလှသက်သက်ထက် ပို၍အရေးပါကြောင်း နားလည်လာသည်။ သစ်ပင်များသည် အိမ်နှင့်အိမ်အတွင်း နေထိုင်သူများကို ကွင်းပြင်၌ တိုက်ခတ်သည့် လေပြင်းရန်မှ ကာကွယ်ရန် တမင်စိုက်ပျိုးထားသောလေကာများဖြစ်ပေသည်။

ဘုရားသခင်၏စောင်မမှုအောက်တွင် ရှိသောအနာဂတ်ကို လေပြင်းနှင့်မုန်တိုင်းများရန်မှ ခိုလှုံရာအဖြစ် တစ်ချိန်က ပရောဖက်ဟေရှာယ ဖော်ပြခဲ့သည်။ ဘုရားလူမျိုးတော်ကို နောင်တရရန် မိန့်ကြားပြီးနောက် (ဟေရှာ ၃၁:၆-၇)၊ ရှေ့အနာဂတ်တွင် “တရားသဖြင့် အုပ်စိုးသော ရှင်ဘုရင်တစ်ပါးပေါ်ထွန်းတော် မူလိမ့်မည်” (၃၂:၁)၊ ထိုမင်းနှင့် အတူစိုးစံသောသူတိုင်းသည် “လေလုံ၍ မိုးသက် မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့” ဖြစ်မည်ဟုရေးသားခဲ့သည်(:၂)။ ထိုအခါ ရလဒ်ကောင်းအဖြစ် ငြိမ်သက်ခြင်း၊ လုံခြုံခြင်းကို…

ဘုရားသခင်ကို ထောမနာသီချင်းဆိုခြင်း

ဒိုင်ယာနာ(Diana)၏ အမြင်အာရုံများယိုယွင်းလာသောအခါ သူစိတ်ပူလာသည်။ သူမသည် အာရုံမစိုက်နိုင်ခြင်း၊ မေ့‌လျော့ခြင်း၊ ချီတုံချတုံဖြစ်ခြင်းစသည့် အခက်အခဲများကို ကြုံတွေ့ခံစားနေရပြီး၊ တစ်ခုခုကို ထပ်တလဲလဲ ပြောနေလုပ်နေမိသည်။ ဆရာဝန်များက သူမ၏ရောဂါလက္ခဏာများကိုကြည့်ပြီး မျက်လုံး ပြဿနာမဟုတ်ဘဲ၊ သူမ၏ဦးနှောက်တွင် အကျိတ်ကြီးတစ်ခု ရှိနေကြောင်းနှင့် ၎င်းကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်ကြောင်း သူတို့သိလိုက်ရသည်။ ခွဲစိတ်မှုကြောင့် သူမ ဝါသနာပါသော၊ မိသားစုနှင့်အတူ ချီးမွမ်းသည့် သီချင်းဆိုနိုင်စွမ်းကို ထိခိုက်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ခွဲစိတ်ဆရာဝန်က ထုံဆေးဖြင့် ခွဲစိတ်ကာ လူနာကို အသိသတိရှိစေလျက်၊ ခွဲစိတ်မှုပြုနေစဥ်အတွင်း သူမကို သီချင်းဆိုစေခြင်းဖြင့် သူမ၏ အာရုံကြောပတ်လမ်း ပုံမှန်အလုပ်လုပ်နေကြောင်း သူသိရှိနိုင်သည်။ ခွဲစိတ်နေစဥ်အတွင်း သူတို့နှစ်ဦးအတူတွဲ၍ သီချင်းဆိုရာ၊ ၎င်းကိုပင် အသံဖမ်းထားခဲ့သည်။

ဒိုင်ယာနာကဲ့သို့ပင်၊ သမ္မာကျမ်းစာ၌ ဆာလံသီချင်းများစွာကို ရေးသားခဲ့သူ ဒါဝိဒ်မင်းကြီးသည် သီချင်းဆိုခြင်းကို နှစ်သက်ပြီး၊ ဝမ်းနည်းချိန်နှင့် ရွှင်လန်းဝမ်းမြောက်ချိန်နှစ်မျိုးလုံးတွင် ဘုရားသခင်ထံ မကြာခဏသီချင်းဆိုလေ့ရှိသည်။…

ဘုရားသခင်၏သမ္မာတရားအားဖြင့်

မေရီအမ်-ဝက်ဘ်စတာ အဘိဓာန် (Merriam-Webster)၏ ၂၀၂၃ တစ်နှစ်တာ ရှာ‌ဖွေမှုအများဆုံးစကားလုံးမှာ ‘authentic - အစစ်အမှန်’ ဆိုသောစကားလုံးဖြစ်သည်။ ၎င်းသည် “အတုအယောင်၊ အတုခိုးခြင်း မဟုတ်၊ လူတစ်ဦး၏ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဓာတ်၊ စရိုက် အစစ်အမှန်ဖြစ်ခြင်း” ဟု အဓိပ္ပာယ်ရသည်။ အမှန်တရားကို လူတို့ ရှာဖွေကြလည်း အချက်အလက်များမှ (အတုလား၊ အစစ်လား) အမှန်တရားကို ပိုင်းခြားသိမြင်ရန် ခက်ခဲလှသည်။ အယ်ဒီတာပီတာ ဆိုကိုလိုစကီး (Peter Sokolowski)က “ကျောင်းသားတစ်ဦးက ဒီစာတမ်းကို ရေးခဲ့လား။ ... ဒါမှ မဟုတ် နိုင်ငံရေးသမားက ဒီထုတ်ပြန်ချက်ကို ပြောခဲ့သလား။ ယုံလို့ရလား။ ကိုယ်မြင်ရတဲ့အရာကိုလည်း အမြဲယုံလို့ မရတော့ဘူး။ တစ်ခါတစ်ရံမှာ ကိုယ့်မျက်စိ၊ ကိုယ့်နားကိုတောင် မယုံရတော့ဘူး။ အစစ်အမှန်ဆိုတာ ပြုလုပ်ဆောင်ရွက်ချက်ပဲလို့ ကျွန်တော်တို့ အခုအသိအမှတ်ပြုနေရတယ်”ဟုပြောခဲ့သည်။

စစ်မှန်သောအရာက မထင်မရှားဖြစ်လာသည်နှင့်အမျှ အစစ်အမှန်ကို လူတို့လိုလားတောင့်တလာကြသည်။ “‌ပြောင်းလဲပြီး အတုအယောင်ဘဝဖြင့် ရှင်သန်ရန်…

ဘုရားသခင်၏အကြံအစည်နှင့် သူ၏လူများ

ကျမ်းစာကျောင်းတစ်ခု၏ အုပ်ချုပ်စီမံရေးအဖွဲ့တွင် ကျွန်မပါဝင်ပြီးနောက် ကြာမြင့်စွာ ဦးဆောင်ခဲ့သော ခေါင်းဆောင်က အငြိမ်းစားယူမည့်အကြောင်းကို ကြေညာခဲ့သည်။ ဥက္ကဋ္ဌသစ်ကို ရှာဖွေရန် တာဝန်ပေးခံရသူများထဲတွင် ကျွန်မလည်းပါဝင်ခဲ့ပြီး၊ အံ့မခမ်းသောအရည်အချင်းစာရင်းကို ကျွန်မတို့အတူတကွ ပြုစုခဲ့ကြသည်။ ဤကဲ့သို့ ရှုပ်ထွေးပြီး အရေးကြီးသောအခန်းကဏ္ဍနှင့် သင့်တော်မည့်သူကို ကျွန်မတို့မည်ကဲ့သို့ရှာတွေ့နိုင်မည်နည်း။

ထိုနည်းတူ တဲတော်၏မီးခုံများကို ရွှေစင်ဖြင့် ထုလုပ်ရန်၊ ခွက်၊ ဘူးသီး၊ ကြာပွင့်များ၊ အလက်ခြောက်လက်တို့ကို တစ်စပ်တည်းထုရန် ဘုရားသခင်၏ အသေးစိတ်ဖော်ပြချက်များကို ဖတ်ရသည်နှင့်ပင် အံ့သြမိသည် (ထွ ၂၅:၃၁-၃၆)။ ပြီးလျှင် တဲတော်ဝင်း ကာရန် “ကုလားကာ(တပ်ဆင်ရန်) တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်” ပြီးစေရမည် (၂၇:၉-၁၀)။ ဤကဲ့သို့တာဝန်များကို မည်သူ ဆောင်ရွက်ပေးနိုင်မည်နည်း။

ဘုရားသခင်က “ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။. . . သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်…

သခင်ယေရှုကို အချစ်ဆုံး

ဘုရားကျောင်းမှ ခေါင်းလောင်းစင်ဝယ်သည့်ကိစ္စနှင့်ပတ်သက်၍ အသင်းသားများက ဘာလို့ဝယ်တာလဲ၊ ဒါက ဘုရားသခင်၏အရင်းအမြစ်များကို အကောင်းဆုံး အသုံးပြုတာလား၊ ဆင်းရဲသားကို ကျွေးမွေးတာက ပိုမကောင်းဘူးလား စသည်ဖြင့် မေးခွန်းထုတ်ကြရာ၊ သင်းအုပ်မှ အလှူရှင်များ၏ဆန္ဒအတိုင်း အသုံးပြုခြင်းပါဟု ပြန်လည်ဖြေရှင်းခဲ့သည့်အပြင်၊ သူက “ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏”ဟူသောသခင်ယေရှု၏စကားကို ကိုးကားခဲ့သည်(ယော ၁၂:၈)။

ပြီးမှ သင်းအုပ်ဆရာက သူ၏ပေါ့ပေါ့ဆဆ မဆီလျော်စွာ ကိုးကားပြောဆိုမှုကို အလျင်အမြန်တောင်းပန်ခဲ့သည်။ ထိုကိုးကားချက်ကြောင့် “မည်သည့်အခြေ အနေတွင် သခင်ယေရှု ထိုစကားကို ပြောခဲ့သနည်း”ဟု ကျွန်တော်တွေးမိသည်။ သခင်ယေရှု မသေဆုံးမီ ၆ ရက်အလိုတွင် အမျိုးသမီးတစ်ဦးသည် တန်ဖိုးကြီးသောနာဒုဆီမွှေးဖြင့် သခင့်အား လိမ်းပေးခဲ့ရာ၊ တပည့်တော်များက ထိုဆီမွှေးကိုရောင်း၍ ဆင်းရဲသူတို့အား အဘယ်ကြောင့် မပေးသနည်းဟု ဆိုသည်။ သခင်ယေရှုသည် (တရား ၁၅:၁၁) ကို ကိုးကား၍ “ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား အစဥ်ရှိသည်မဟုတ်”ဟု…

ကျွန်ုပ်တို့၏အကျင့်များနှင့် သန့်ရှင်းသောဝိညာဉ်တော်

“ရှင် ဒီမှာကြီးပြင်းလာတာလား”ဟု သွားသန့်ရှင်းရေးဆရာဝန်ကမေးရာ၊ ကျွန်မ၏ ပါးစပ်ထဲ၌ သွားသန့်ရှင်းရေးကိရိယာများရှိနေ၍ ဖြေရန် ခက်ပြီ။ ၁၉၄၅ ခုနှစ်က ကျွန်မတို့မြို့သည် အများသုံး သောက်သုံးရေထဲသို့ ဖလူအိုရိုက်ဒ်ထည့်သည့် ကမ္ဘာ့ပထမဆုံးမြို့ဖြစ်ကြောင်း သူမက ရှင်းပြသည်။ (သွား)ခေါင်းပေါက် ရောဂါများကို ကာကွယ်ရန်အတွက်ဟု ယူဆရပြီး၊ အခြားဘာမှ မလိုအပ်ဘဲ ရေ ၁ လီတာတွင် ဖလူအိုရိုက်ဒ် ၀.၇ မီလီဂရမ် ရှိရုံဖြင့် ကာကွယ်နိုင်သည်။ ကျွမ်းကျင်ပညာရှင်များအတွက် ၎င်း၏အကျိုးသက်ရောက်မှုက သိသာနေသော်လည်း ထိုရေကို တစ်သက်လုံး သောက်သုံးခဲ့သည့် ကျွန်မမှာမူ ဘာဆိုဘာမှ မသိပါ။

ကျွန်မတို့ နေ့စဉ်စားသုံးသောအရာများက အချိန်ကြာလာသည်နှင့်အမျှ အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ အစားအသောက်များသာမက ဖျော်ဖြေရေး၊ သူငယ်ချင်းများနှင့် ဆိုရှယ်မီဒီယာမှ စာများ၊ သတင်းများလည်း အကြုံးဝင်သည်။ တမန်တော်ပေါလုက “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ...စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” (ရော…

သခင်ယေရှု၏ဆုတောင်းချက်များ

ကျွန်တော်၏သူငယ်ချင်း Lou(လူး)သည် သူ၏ခွန်အားအစွမ်းထက် ဉာဏ်ပညာနှင့်ခွန်အား ပိုမိုလိုအပ်သော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသောအခါ၊ ခရစ်တော်ထံ ကျိုးပဲ့သောနှလုံးသားဖြင့် သူအော်ဟစ်ဆုတောင်းသည့် အတွေ့အကြုံ ဝေမျှချက်ကို မကြားရခင်အထိ “သခင်ယေရှု၊ ကျွန်ုပ်အတွက် ကိုယ်တော် ဘယ်လိုဆုတောင်းပေးသလဲ”ဟူသည့် မေးခွန်းကိုမေးရန် ကျွန်တော်မတွေးခဲ့မိပေ။ သူ၏ဆုတောင်းခြင်းတွင် မှတ်သားဖွယ် ထိုမေးခွန်းကို ကြားရသောအခါ ဆုတောင်းခြင်းနှင့်ပတ်သက်သည့် ကျွန်တော်၏နားလည်မှုနှင့် ဆုတောင်းခြင်းအလေ့အကျင့်သို့ ပုံစံသစ်တစ်ခု ထပ်ထည့်ရန် အထောက်အကူဖြစ်စေပါသည်။

ရှင်လုကာခရစ်ဝင် ၂၂ တွင်၊ သခင်ယေရှု၏ “ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်း သည်ဖြစ်၍၊ သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ၊ ငါသည် သင့်အဖို့ ဆုတောင်းလေပြီ”(:၃၁-၃၂)ဟု မိန့်တော်မူချက်တွင် ရှိမုန်ပေတရုအတွက် သခင်၏ဆုတောင်းချက်မှာ မည်သည့်လျှို့ဝှက်ချက်မရှိပေ။ ပေတရုသည် စစ်ကြောမှုနှင့် ရင်ဆိုင်ရသည့်အခါ၊ သူ၏ယုံကြည်ခြင်းသည် တုန်လှုပ်သွားခဲ့သော်လည်း ခရစ်တော်၏ ကျေးဇူးတော်ကြောင့် မကျရှုံးခဲ့ပေ။

စိတ်အားကြီးသော်လည်း…

ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်း

ကျွန်တော်တို့၏ခွေးကလေး ဝင်စတန်မှာ အရိုးကိုက်လိုက်၊ အိပ်လိုက်စားလိုက်နှင့်၊ အခြားအရာများလည်း လုပ်သည်။ ၎င်းသည် မြေတူးဆွရခြင်းကို နှစ်သက်သော်လည်း၊ သူက ပုံမှန်မဟုတ်၊ ထောင်ပြေးများကဲ့သို့ လိုဏ်ခေါင်း တူးသည်။ အငမ်းမရ ဂနာမငြိမ်စွာ မြေကို တူးယက်သဖြင့် ညစ်ပေကုန်သည်။

မကြာမီက ဒီကောင် ဘာ့ကြောင့် ဒီလောက်တူးဆွတာလဲဟု ကျွန်တော်တွေးမိရာမှ၊ ကျွန်တော်သည် မိမိကို ပျော်ရွှင်စေမည်ဟု မျှော်လင့်ထားသည့်အရာများကို “တူး”လေ့ရှိသော တွင်းတူးသမားဖြစ်ကြောင်း သိလိုက်သည်။ ၎င်းသည် အမြဲတစေ မကောင်းသောအရာ မဟုတ်သော်လည်း၊ ဘုရားသခင်မှလွဲ၍ အခြားတစ်စုံတစ်ရာမှ စိတ်ကျေနပ်မှုကို ရှာဖွေခြင်း၌ စိတ်စွဲသောအခါ ကျွန်တော်သည် တွင်းတူးသမားဖြစ်လာသည်။ ဘုရားသခင်နှင့် ကင်းကွာလျက် ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်းက ကျွန်တော့်ကို အညစ်အကြေးဖြင့်ဖုံးလွှမ်းစေပြီး၊ ထပ်၍ထပ်၍ပင် ပိုလိုချင်တောင့်တစိတ်ကို ဖြစ်စေသည်။

ပရောဖက်ယေရမိအားဖြင့် ဘုရားသခင်က “လူတို့သည် အသက်စမ်းရေ တွင်းတည်းဟူသော၊ ငါ့ကိုစွန့်ပစ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်းတို့ကို တူးသောအားဖြင့်…

ခရစ်တော်နှင့်အတူ ပြေးပွဲဝင်ခြင်း

၇ နှစ်သားအရွယ် Tom(တွမ်) သည် နံရံကပ်စင်ပေါ်ရှိ ဖခင်၏ကျောင်းအားကစားပွဲများမှ ဆုဖလားများကို သဘောကျခဲ့သည်။ သူက “သားအိပ်ခန်းမှာထားဖို့ ဖလားတစ်ခုကို လိုချင်တယ်”ဟု တွေးပြီး “အဖေရဲ့ ဆုဖလားတွေထဲက တစ်ခုယူလို့ ရမလား”ဟု မေးခဲ့သည်။ ဖခင်က အံ့အားသင့်စွာဖြင့် “မရဘူး သား၊ အဲဒါတွေက အဖေကိုယ်တိုင်ကြိုးစားပြီးရခဲ့တာ။ သားလည်း ကိုယ်တိုင် ကြိုးစားပြီး ရနိုင်ပါတယ်”ဟု ပြန်ပြောခဲ့သည်။ ထို့နောက် ရပ်ကွက်တစ်ပတ်ကို အချိန်မည်မျှနှင့်ပြေးနိုင်ခဲ့လျှင် သူ့သားကို ကိုယ်ပိုင်ဆုပေးမည်ဟု အစီအစဥ် ဆွဲခဲ့သည်။ (သူ့သား ပြေးနိုင်သည်ကို သူသိပြီးသားဖြစ်သည်)။ တွမ်သည် သူ့ဖခင်၏လမ်းညွှန်မှုဖြင့် လေ့ကျင့်ခဲ့ပြီး၊ တစ်ပတ်အကြာတွင် သတ်မှတ်ချိန်အတွင်း တွမ်ကြိုးစားပြေးရာ၊ သူ့ဖခင်က သူ့ကို အားပေးခဲ့သည်။ တွမ်သည် မိမိကိုယ်ကို စည်းကမ်းကြပ်မတ်ခြင်း၊ ကြိုးစားအားထုတ်ရန်လိုခြင်းဟူသည့် သင်ခန်းစာများရခဲ့ပြီး ဖခင်က သူ့ကို ဆုတစ်ခုဖြင့် ဂုဏ်ပြုခဲ့သည်။

သုတ္တံကျမ်း ၁:၈ က “အဘ၏နည်းဥပဒေသကို…

အချိန်ရာသီတိုင်း ဘုရားသခင်ကို အစေခံခြင်း

မာ့ခ်သည် ကာလက်ကို သူကိုယ်တိုင် နှစ်ပေါင်းများစွာ သွန်သင်လေ့ကျင့်ပေးခဲ့ ပြီးနောက်၊ အသင်းတော်ခေါင်းဆောင်တစ်ဦးက ကာလက်ကို လေ့ကျင့်ပေးရန် အခြားဆရာတစ်ဦးကို တာဝန်ပေးထားကြောင်း သိရသောအခါ သူစိတ်ပျက်သွားသည်။ “နောက်ဆုံးတော့ ကာလက်မှာ ဆရာတစ်ယောက် ရှိလာပြီ” ဟု ခေါင်းဆောင်က ပြောရာ၊ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ငါဘာလုပ်နေတယ်လို့ သူတို့ထင်နေပါလိမ့် ဟု မာ့ခ်သိချင်ခဲ့သည်။ မည်သည့် ဆုချီးမြှင့်မှု၊ အသိအမှတ်ပြုမှုကိုမျှ သူ မမျှော်လင့်ခဲ့သော်လည်း သူ၏နာကျင်မှုကို မထိန်းနိုင်ခဲ့ပါ။

သို့သော် နှစ်ပေါင်းများကြာပြီးနောက်၊ ကာလက်က သူဝိညာဉ်ရေးရာလမ်းညွှန်မှု အလိုအပ်ဆုံးအချိန်၌ မာ့ခ် သည် သူ၏ဘဝထဲသို့ဝင်ရောက်ခဲ့ကြောင်း သူ့အား ပြောခဲ့သည်။ ဤအားပေးစကားများကို ကြားသောအခါ၊ မာ့ခ်က ဘုရားသခင်သည် သခင်ယေရှုကို ယုံကြည်သူများအား အခြားသူနှင့်နှိုင်းယှဉ်မှုမရှိဘဲ အသီးသီး တစ်မျိုးစီ အစေခံရန် ထူးခြားသောဆုကျေးဇူးများကို ပေးထားပြီး အချိန်ကိုလည်း အစိုးတရစီမံနေကြောင်း သူသဘောပေါက်ခဲ့သည်။

၁ ကော ၁၂:၄-၃၁…