ရေပွက်ပမာ အသက်တာ
ဘော်ဘီ၏သေခြင်းက ဘဝ၏တိုတောင်းမှုနှင့် သေခြင်းတရားကို အမှန်အတိုင်းရှုမြင် ဆင်ခြင်မိစေသည်။ ကျွန်မ၏ငယ်သူငယ်ချင်းသည် ရေခဲနေသောလမ်းမပေါ်တွင် မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်သွားချိန်၌ အသက် ၂၄ နှစ်သာ ရှိသေးသည်။ မိသားစုပြိုကွဲသည့်အိမ်ထောင်မှ ကြီးပြင်းလာသောသူမကို မကြာမီက တွေ့ခဲ့စဉ် သူရှေ့ဆက် ရုန်းကန်နေရပုံ ပေါ်ပါသည်။ သူသည် ယေရှုကို ယုံကြည်လက်ခံကာစ ယုံကြည်သူအသစ်လေးဖြစ်ပြီး အဘယ်ကြောင့် စောစောစီးစီး ဆုံးပါသွားရသနည်း။
တစ်ခါတစ်ရံ ဘဝသည် တိုတောင်းပြီး ဝမ်းနည်းမှု များနှင့် ပြည့်နှက်နေသည်ဟု ထင်ရသည်။ ဆာ ၃၉ တွင် ဆာလံဆရာ ဒါဝိဒ်က ‘‘အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သောသဘောကို သိရပါမည်အကြောင်း၊ အကျွန်ုပ်၏လမ်းဆုံးကို လည်းကောင်း၊ အကျွန်ုပ်၏အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။ အကျွန်ုပ်အသက်တာကို တစ်မိုက်မျှသာ ခန့်ထားတော်မူပြီး အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ် လူမည်သည်ကား၊ လူ၏အထွတ်သို့ ရောက်သော်လည်း၊ အနတ္တသက်သက်…
ဝါကြွားရမည့်အရာ
‘‘စစ်မှန်ခြင်း’’၏ ဆိုလိုရင်းကား အဘယ်နည်း။ ထိုမေးခွန်းကို ‘‘ကတ္တီပါယုန်လေး’’ ဆိုသော ကလေးပုံပြင်စာအုပ်မှ အဖြေပေးထားသည်။ ကတ္တီပါယုန်လေး၏ဇာတ်လမ်းမှာ သူငယ်လေးတစ်ယောက်၏ အရုပ်များအကြောင်း ဖြစ်ပြီး ထိုအရုပ်များထဲမှ ကတ္တီပါသားနှင့် ချုပ်လုပ်ထားသော ယုန်ရုပ်လေးသည် သူငယ်လေး၏ ချစ်မြတ်နိုးမှုကို ခံရခြင်းဖြင့် သူ၏ဖြစ်တည်မှုအမှန်နှင့် ရှင်သန်နိုင်တော့သည်။ ပညာရှိ မြင်းရုပ်အဟောင်းကြီးက စက်တပ်အရုပ်လေး များသည် ဝင့်ကြွားစွာ ရောက်ရှိလာပြီး၊ မကြာမီ တစ်စတစ်စ ပျက်စီးပျောက်ကွယ်သွားခဲ့သည်ကို မြင်ခဲ့ရသည်။ ထိုအရုပ် များမှာ အထင်ကြီးလောက်စရာဖြစ်သော်လည်း ၎င်းတို့၏ ဝါကြွားမှုမှာ ချစ်ခြင်းမေတ္တာနှင့် နှိုင်းယှဉ်လာလျှင် ဘာမျှ မပြောပလောက်တော့ပါ။
ကိုယ့်ကိုယ်ကို အမွန်းတင် ဝါကြွားခြင်း၏အရှိန်အဝါ သည် ကြီးမားသော်လည်း အဆုံးတွင် တစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသည်။ ယေရမိအနာဂတ္တိကျမ်း ၉း၂၃ တွင် ယေရမိက ဝါကြွားဂုဏ်ယူစရာ ပညာ၊ ခွန်အားအစွမ်းသတ္တိနှင့် ဥစ္စာ စည်းစိမ် စသည့် အချက်…
နောက်ကွယ်မှမျက်လုံးများ
ကလေးဘဝအရွယ်က ကျွန်မသည် အခြားသောကလေးများနည်းတူ ဆိုးခဲ့ပြီး ကျွန်မ၏ မကောင်းသောအကျင့်စရိုက်ကို ဖုံးကွယ်ခြင်းဖြင့် ပြဿနာမဖြစ်အောင် ရှောင်ကြဉ် ခဲ့သည်။ သို့လင့်ကစား ကျွန်မလုပ်ခဲ့သောအရာကို အမေသိလေ့ရှိသည်။ ကျွန်မ မည်ကဲ့သို့ ကိုးယိုးကားယား လုပ်ခဲ့သည်ကို အမေက လျင်မြန်မှန်ကန်တိကျစွာ သိ၍ ကျွန်မ အမြဲအံ့သြရသည်။ ‘‘အမေဘယ်လိုသိသလဲ’’ ဟု မေးလျှင် အမေက ‘‘ငါ့ခေါင်းနောက်မှာ မျက်လုံးရှိတယ်’’ ဟု ပြန်ဖြေသည်။ ကျွန်မက အဟုတ်ထင်၍ အမေ့ ခေါင်းနောက်မှ မျက်လုံးကို ရှာဖွေစူးစမ်းခဲ့သည်။ ကိုယ်ပျောက်မျက်လုံးလား၊ဆံပင်အောက်မှာ ရှိနေခြင်းလား။ ကျွန်မကြီးပြင်းလာချိန်တွင် ရှာဖွေခြင်းကို ကျွန်မလက်လျော့ခဲ့ရသည်။ အမေ၏ စောင့်ကြည့်မှုသည် သူမ၏သားသမီးအပေါ် ဂရုစိုက် ချစ်မြတ်နိုးခြင်း ၏ သက်သေပင်ဖြစ်သည်။
ရံဖန်ရံခါ အမေ့ကို စိတ်ပျက်စေမိသော်လည်း အမေ၏ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်မိသကဲ့သို့၊ လူသားအပေါင်းတို့ကို ကောင်းကင်ဘုံက ကြည့်မြင်သော ဘုရားသခင်ကို(ဆာ ၃၃း၁၃) ပို၍ပင် ကျေးဇူးတင်မိပါသည်။…
ချုပ်နှောင်ခံရချိန်၌ သစ္စာရှိခြင်း
၁၉၄၈ ခုနှစ် နံနက်စောစော တစ်နေ့တွင် တံခါးခေါင်းလောင်းသံမြည်လာစဉ် ဟာရာလန် ပိုဖော့ သည် သူ့ဘဝအပြောင်းအလဲဖြစ်သွားလိမ့်မည်လို့ သူမထင်ခဲ့ပါ။ ဘယ်ဂျီရီယန်ရဲတပ်ဖွဲ့မှ တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ သူ၏ယုံကြည်ချက်ကြောင့် ဟာရာလန်ကို ဖမ်းဆီးသွားခဲ့သည်။ သူသည် ခွန်အားနှင့် သတ္တိရှိရန် ဆုတောင်းလျက် ထောင်ထဲတွင် အချိန် ၁၃ နှစ်တာ ကုန်လွန်ခဲ့ရသည်။ ဆိုးရွားသော နှိပ်စက်မှုကို ခံရသော်လည်း ဘုရားသခင်သည် သူနှင့်အတူရှိသည်ကို ယုံကြည်လျက် အခြားထောင်သား များကို ယေရှု၏သတင်းကောင်းကို ဝေငှခဲ့ပြီး လူများစွာတို့ ယုံကြည်လက်ခံခဲ့သည်။
ကမ္ဘာဦးကျမ်း ၃၇ တွင် အစ်ကိုများက အကြင်နာမဲ့စွာ ယောသပ်ကို ကုန်သည်များထံ ရောင်းချခဲ့ပြီး၊ ထိုမှတစ်ဆင့် အီဂျစ်အရာရှိ ပေါတိဖာထံ ထပ်ဆင့်ရောင်းစားခံရပြီးနောက် သူ့ဘဝ မည်ကဲ့သို့ ဖြစ်လာမည်ကို ယောသပ်မသိနိုင်ပါ။ သူသည် အခြားဘုရားပေါင်းများစွာကို ကိုးကွယ်သူများနှင့် တိုင်းတစ်ပါးယဉ်ကျေးမှု အသိုင်းအဝိုင်းသို့ ရောက်သွားသည်။ ပို၍ဆိုးသည်က…
အချိန်နှောင်းသည်မရှိ
ကျွန်တော့်ယောက္ခမနေမကောင်းဖြစ်ပြီး နှလုံးရောဂါဖောက်လာရာ ဆေးကုသမှုကို ချက်ခြင်းခံယူခဲ့ရသည်။ ထိုနောက်မှ သူမ၏ဆရာဝန်က နှလုံးရောဂါဖောက်ပြီး ဆယ့်ငါးမိနစ်အတွင်း ဆေးကုသမှုကို ခံယူနိုင်ခဲ့၍ အသက်ရှင်နှုန်း ၃၃% ခန့်အထိ ရှိခဲ့ကြောင်း၊ ထိုအချိန်ထက်ကျော်လွန်သွားပါက အသက်ရှင်နှုန်း ၅% ခန့်သာ ရှိကြောင်း ပြောပြသည်။
အသည်းအသန်ဖျားနာနေသော တရားဇရပ်မှူး ယာဣရု၏သမီးကို ကုသပေးရန် ယေရှုကြွလာစဉ် လမ်း၌ ရပ်၍(မာ ၅း၃၀) သူ့ကိုတို့သောသူကို ရှာဖွေကာ ညင်သာစွာ စကားပြော ခဲ့သည်။ သခင်ယေရှု၏လုပ်ရပ်က မတွေးတတ်အောင်ပင် ဖြစ်သည်။ ထိုအခိုက်အတန့်လေးတွင် ယာဣရု မည်ကဲ့သို့ တွေးနေမည်ကို သင်စိတ်ထဲ မြင်ယောင်ကြည့်ပါ။ ‘‘သမီး အသက်ဆုံးတော့မယ်။ ဒီအတွက် အချိန်မရှိဘူး’’ ဟု စိတ်ထဲ၌ ပြောကောင်းပြောနေမည်။ ယေရှုအရောက်နောက်ကျ သောကြောင့် အမှန်တကယ်လည်း သမီးသေဆုံးသွားခဲ့ လေသည် (း၃၅)။
သို့သော်လည်း သခင်ယေရှုက ယာဣရုဘက်သို့ လှည့်၍ ‘‘မကြောက်နှင့်။…
လက်တွေ့သင်ယူခြင်း
ကျွန်မ၏ ၆ နှစ် အရွယ် သားလေး အိုဝင်သည် စားပွဲပေါ်တင်၍ ကစားနိုင်သည့် ကစားစရာ အသစ်တစ်ခုကို ရရှိသောကြောင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် နာရီဝက်ခန့်မျှ စည်းကမ်းများကိုဖတ်ပြီး သူစိတ်ရှုပ်သွားသည်။ ၎င်းကို မည်သို့ကစား ရမည်ကို သူမသိပါ။ သိပ်မကြာပါ။ ထိုကစားနည်းကို သိသော၊ သူငယ်ချင်းတစ်ယောက် ရောက်လာသောအခါ၊ အိုဝင်သည် သူ၏လက်ဆောင်ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကစားနိုင်ခဲ့ တော့သည်။
သူတို့ကစားနေသည်ကိုကြည့်ရင်း၊ အသစ်အဆန်း တစ်ခုကို သင်ယူရာ၌ အတွေ့အကြုံရှိသော ဆရာသမား ရှိပါက၊ ပို၍လွယ်ကူစွာ သင်ယူနိုင်ကြောင်း၊ ကျွန်မ သတိပေး ခံရသည်။ သင်ယူမှုပြုစဉ် လမ်းညွှန်ချက်များကို ဖတ်ရှုခြင်းက အထောက်အကူဖြစ်သော်လည်း သေချာစွာ ညွှန်ပြပေးမည့် မိတ်ဆွေရှိပါက အနေအထားက အကွာကြီး ကွာသွားမည်။
ရှင်ပေါလုသည်လည်း ဤအချက်ကို သဘောပေါက်ခဲ့သည်။ အသင်းတော်ကို ယုံကြည်ခြင်းအရာ၌ ကြီးထွားအောင် သူမည်သို့မစပေးနိုင်သည်ကို တိတုထံ…
သူဘယ်သူလဲ
ကျွန်မတို့၏ ဟန်းနီးမွန်းခရီးမှ အိမ်အပြန်တွင်၊ ကျွန်မ၏ခင်ပွန်းနှင့်ကျွန်မသည် လေဆိပ်၌ လေယာဉ်ပေါ်တင်မည့် ခရီးဆောင်အိတ်များအပ်ရန် စောင်းဆိုင်းနေကြစဉ် ခင်ပွန်းသည်အား တံတောင်နှင့်တို့ပြီး၊ မလှမ်းမကမ်းတွင် ရပ်နေသူတစ်ယောက်ကို ညွှန်ပြ လိုက်သည်။ ခင်ပွန်းသည်က ကြည့်လိုက်ပြီး၊ “ဘယ်သူလဲ” ဟု မေးသည်။
ရုပ်ရှင်သရုပ်ဆောင်ဖြစ်ပါသည်။ ထိုမင်းသား၏ ပြောင်မြောက်သော သရုပ်ဆောင်မှုများကို စိတ်လှုပ်ရှားစွာ ပြောပြပြီးနောက်၊ သူ့ထံသွားကာ ကျွန်မတို့အတူ ဓာတ်ပုံ ရိုက်ခဲ့သည်။ ၂၄ နှစ် ကြာပြီးနောက်၊ နာမည်ကျော် ရုပ်ရှင်မင်းသားနှင့် တွေ့ဆုံခဲ့သည့်နေ့ အကြောင်းကို ပြန်ပြောပြတိုင်း ကျွန်မပျော်ရွှင်နေဆဲ ဖြစ်သည်။
နာမည်ကျော် မင်းသားတစ်ဦးနှင့် သိခွင့်ရခြင်းထက်ပိုအရေးကြီးသောပုဂ္ဂိုလ်နှင့် ကိုယ်တိုင်ကိုယ်ကျသိကျွမ်းခွင့် ရခြင်းအတွက် ကျွန်မ ကျေးဇူးတင်မဆုံးဖြစ်ရသူတစ်ဦး ရှိပါ သည်။ “ဘုန်းကြီးသောရှင်ဘုရင်ကား၊ အဘယ်သူနည်း” (ဆာ ၂၄း၈)။ ဆာလံဆရာ ဒါဝိဒ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ဖန်ဆင်းရှင်၊ ထောက်မ ကျွေးမွေးသူ၊ အရာခပ်သိမ်း၏အုပ်စိုးရှင်အဖြစ်…
ပညာအမြော်အမြင်ဖြင့် မစမှု
မီးပွိုင့်မီးနီသွား၍၊ ကျွန်တော်ကားကိုရပ်လိုက်စဉ်၊ လမ်းဘေး၌ရပ်နေသူကို ထပ်တွေ့ရ ပြန်သည်။ သူသည် “အစာဝယ်စားရန် ငွေလိုအပ်သည်။ ဘာပဲဖြစ်ဖြစ် ကူညီပါ” ဟု ရေးထားသော ကတ်ထူဆိုင်းပုဒ်ကို ကိုင်ထားသည်။ ကျွန်တော်အဝေးသို့ ငေးကြည့်ပြီး၊ သက်ပြင်းချမိသည်။ ကျွန်တော်သည် လိုအပ်သူကို လျစ်လျူရှုတတ်သည့် လူစားမျိုးလား။
အချို့လူများသည် လိုအပ်မှုများရှိနေဟန်ဆောင် တတ်သော်လည်း စင်စစ် ၎င်းတို့သည် လူလိမ်များဖြစ်သည်။ အချို့က အမှန်တကယ်လိုအပ်မှုများ ရှိနေသော်လည်း၊ အခက်အခဲများကို ရင်ဆိုင်ပြီး၊ လက်ဖြန့်တောင်းတတ်သည့် အကျင့်ဆိုးကို ကြိုးစားကျော်လွှားနေကြသည်။ လူမှုရေးရာ ဝန်ထမ်းများက မြို့ရှိ အကူအညီ ထောက်ပံ့ပေးသည့် သာသနာ့အဖွဲ့အစည်းများသို့ အလှူငွေပေးခြင်းက ပိုကောင်းသည်ဟု အကြံပေးသည်။ ကျွန်တော် သက်မချရင်း ထိုသူကိုဖြတ်ပြီး ကားမောင်းထွက်လိုက်သည်။ ကျွန်တော် စိတ် မကောင်းပါ။ သို့သော် အမြော်အမြင်နှင့်လုပ်ဆောင်ရပါမည်။
“မတရားစွာပြုသောသူတို့ကို သတိပေးရန်၊ စိတ်ငယ်သောသူတို့ကို အားပေးရန်၊ အားနည်းသောသူတို့ကို ထောက်မရန်” (၁သက်…
အောင်ပွဲခံလျက် စီတန်းလှည့်လည်ခြင်း
၂၀၁၆ ခုနှစ်တွင် ချီကာဂိုကလပ် ဘေ့စ်ဘောအသင်းသည် နှစ်တစ်ရာကျော်မှ ပထမဆုံးအကြိမ် ကမ္ဘာ့စီးရီးပွဲ၌ အနိုင်ရရှိသောအခါ စီတန်းလှည့်လည်ပြီး ချန်ပီယံ အောင်ပွဲခံရန် မြို့ထဲ၌ စုရုံးကြသည့် လူပေါင်း ၅ သန်းခန့် ရှိသည်ဟုဆိုသည်။
စီတန်းလှည့်လည်အောင်ပွဲခံခြင်းသည် ခေတ်သစ်ဖန်တီးမှုတစ်ခု မဟုတ်ပါ။ ရှေးခေတ်က ရောမတို့၏အောင်ပွဲဆင်လှည့်လည်ခြင်းက ကျော်ကြားသောပွဲဖြစ်သည်။ အောင်ပွဲဆင်ဗိုလ်ချုပ်များသည် လူပြည့်ကျပ်နေသောလမ်းမထက်တွင် သူတို့၏စစ်တပ်ကို ဦးဆောင်လျက် ဖမ်းဆီးခဲ့သောစစ်ရှုံးသုံ့ပန်းများနှင့်တကွ စီတန်းလှည့်လည်ခြင်းခဲ့သည်။
“ခရစ်တော်၏အောင်ပွဲ၌ ယုံကြည်သူများကို ခရစ်တော်၏အကျဉ်းသားများအဖြစ်” (၂ ကော ၂:၁၄)၊ ဦးဆောင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်း လျက် ကောရိ နသုအသင်းတော်သို့ ရှင်ပေါလုစာရေးခဲ့စဉ် ထိုစီတန်းလှည့်လည်ခြင်းပုံရိပ်သည် သူ၏စိတ်ထဲ၌ ရှိနေပုံ ရသည်။ ဤပုံရိပ်တွင် ခရစ်တော်၏နောက်တော်လိုက်များသည် အချုပ်ခံရသော အကျဉ်းသားများ ဖြစ်နေခြင်းက အလွန်စိတ်ဝင်စားစရာကောင်းသည်။ သို့သော်လည်း ယုံကြည်သူများသည် အတင်းအကျပ် တောင်းဆိုစေခိုင်းခြင်းကြောင့် ထိုအောင်ပွဲတွင် ပါဝင်ခြင်း မဟုတ်ဘဲ အောင်မြင်သော…
အဖိုးတန်သောအရာ
စာရေးဆရာ တော်ကိန်း၏ Lord of the Ring ရုပ်ရှင်ဇာတ်လမ်းတွဲ၌ “ငါ့ရဲ့ အဖိုးတန်လေး” ဆိုသော စကားကို ပထမဆုံးမိတ်ဆက်ပေးခဲ့သူမှာ အစွမ်းထက်အဖိုးတန် မှော်လက်စွပ်ကို အရူးအမူးလိုချင်နေသည့် သံသေးသံကြောင်နှင့် ပိန်ပိန်ပါးပါး ဂေါ်လန် ဆိုသည့် သတ္တဝါ ဖြစ်သည်။ ၎င်းသည် လောဘစိတ်၊ မဖွယ်မရာအတွေးများစိုးမိုးခြင်း၊ မိုက်မဲ ရူးသွပ်ခြင်းတို့အတွက် အထင်ကရ လက္ခဏာတစ်ခု ဖြစ်လာ သည်။
၎င်းသည် စိတ်ပျက်ဖွယ်ပုံရိပ်နှင့်လည်း ဆက်စပ်နေ သည်။ သူ့ကိုယ်သူ ချစ်လိုက်မုန်းလိုက်၊ လက်စွပ်ကို ချစ်လိုက် မုန်းလိုက်နှင့် သူ့စိတ်ခံစားချက်က စိတ်ဆင်းရဲစရာ ပင်။ ဂေါ်လန်၏အသံက ကျွန်မတို့၏ စိတ်နှလုံးအတွင်းမှ ဆာလောင်တောင့်တမှုကို ထင်ဟပ်ပြနေသည်။ တစ်စုံ တစ်ရာကို အတိအကျ တောင့်တသည်ဖြစ်စေ၊ မရေမရာ ရှိနေသည့် တပ်မက်တောင့်တမှုအများဖြစ်စေ၊ မိမိ၏ ကိုယ်ပိုင် အဖိုးတန်အရာကို ရရှိသည်နှင့် စိတ်ကျေနပ်မှု ခံစားရလိမ့်မည်ဟု…