အမျိုးအစား  |  odb

စောင့်ဆိုင်းရုံမျှမကသော

အမျိုးသမီးတစ်ဦးသည် လမ်းမပေါ် ကားမောင်းထွက်လာစဉ် ကျောင်းသားများ ဆင်းနေသည့် ကျောင်းကြိုပို့ယာဉ်ကို မစောင့်လိုဘဲ ပရမ်းပတာ မောင်းပြီး လမ်းဘေး လူသွားလမ်းပေါ်တက်သွားကာ ပြန်ဆုတ်လာသည်။ သူ့ကို ရဲဌာနမှ အရေးယူခဲ့သည်။

စောင့်ဆိုင်းရခြင်းက စိတ်မရှည်စရာဖြစ်သည် မှန်သော်လည်း စောင့်ဆိုင်းနေစဉ် လုပ်စရာ၊ သင်ယူစရာများရှိနေပါသည်။ ယေရုရှလင်မြို့မှ မထွက်သွားရန် တပည့်တော်များကို မိန့်ကြားစဉ် (း၎) ဤအချက်ကို သခင်ယေရှု သိမှတ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံခံယူရန် သူတို့စောင့်ဆိုင်းနေရခြင်း ဖြစ်သည် (း၅)။

အထက်ခန်း၌ သူတို့ စုရုံးနေကြစဉ် သူတို့ စိတ်လှုပ်ရှားလျက် မျှော်လင့်တကြီး စောင့်စားနေကောင်း စောင့်နေမည်။ သခင် သူတို့ကို စောင့်စားရန် မိန့်ကြားစဉ် သခင်က ဘာမှမလုပ်ဘဲ စောင့်ရန် မဆိုလိုကြောင်း သူတို့ နားလည်ပုံရသည်။ သူတို့ဆုတောင်းလျက် စောင့်သည် (း၁၄)။ နှုတ်ကပတ်တော်အလိုအရ ယုဒကို အစားထိုးရန် တပည့်တော်…

အိမ်နီးချင်းနယ်ပယ်ကို ကျော်၍

၂၀၁၇ ခုနှစ် နွေရာသီက ကျရောက်ခဲ့သည့် ဟာရီကိန်းဟာဗီးမုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စု ပင်လယ်ကွေ့ကမ်းခြေတစ်လျှောက်၌ အသက်အိုးအိမ်စည်းစိမ်များ ကြီးမားများပြားစွာ ဆုံးရှုံးပျက်စီးခဲ့ရသည်။ ထို့နောက် အရေးပေါ် လိုအပ်မှုအတွက် အဝတ်အထည်၊ အစားအသောက်နှင့် သောက်သုံးရေများကို လူများစွာတို့ ထောက်ပံ့ ပေးကမ်းခဲ့ကြသည်။

မေရီလဲန်းပြည်နယ်မှ စန္ဒယားဆိုင်ပိုင်ရှင်တစ်ဦးမှာ ထိုထက်မက တစ်ခုခုကို လုပ်ဆောင်ရန် နှိုးဆော်ခံခဲ့ရသည်။ အရာရာဆုံးရှုံးခဲ့ရသူများအတွက် တေးဂီတသည် မည်သို့သော ထူးခြားသည့် နှစ်သိမ့်သက်သာမှု၊ အနာငြိမ်းစေမှုများ ဖြစ်စေပြီး ပုံမှန်နဂိုအခြေအနေ ဖြစ်စေနိုင်မည်နည်းဟု သူတွေးသည်။ သို့နှင့် သူနှင့် သူ၏ဝန်ထမ်းများက စန္ဒယားအဟောင်းများကို ပြန်လည်ပြုပြင်ပြီး အလိုအပ်ဆုံးနေရာသည် မည်သည့်နေရာဖြစ်မည်ကို စုံစမ်းကြ သည်။ ထိုနောက် နွေဦးရာသီအချိန်၌ ဒိန်းကရာမာနှင့် သူ့ဇနီးလောဣတို့သည် တက္ကဆက်ပြည်နယ် ဟူစတန်ဒေသသို့ စန္ဒယားများ တင်ဆောင်လာသည့်ယာဉ်ကို မောင်းနှင်လျက် ထွက်ခွာခဲ့သည်။ ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ထိုဒေသ၌ မိသားစုများ၊ အသင်းတော်များ၊ ကျောင်းများသို့…

ဆုတောင်းခြင်း၏ လက်တစ်ကမ်းမှာ

ကီဗင်သည် သူ့မျက်လုံးမှမျက်ရည်များကို သုတ်ရင်း ကျွန်တော့်ဇနီး ကာရီထံ စာရွက် တစ်ရွက် ကမ်းပေးလိုက်သည်။ ကျွန်တော်တို့ဇနီးမောင်နှံမှာ ကျွန်တော်တို့၏ သမီးလေး သခင်ယေရှုထံ ယုံကြည်ခြင်းဖြင့် လှည့်ပြန်လာရန် ဆုတောင်းနေခြင်းကို ကီဗင် သိသည်။ ‘‘ဒီစာကို အမေဆုံးပြီးမှ သူ့ကျမ်းစာအုပ်ထဲမှာ တွေ့ခဲ့တာ၊ ဒီစာက မင်းတို့ အတွက် အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်’’ ဟု ဆိုသည်။ စာရွက်အပိုင်း၏အပေါ်ဆုံးတွင် ‘‘သား ကီဗင်အတွက်’’ ဟု ရေးထားပြီး သူ၏ကယ်တင်ခြင်းအတွက် သူ့မိခင် ဆုတောင်း ပေးသော ဆုတောင်းချက်ဖြစ်သည်။

‘‘အခု ဒီစာရွက်အပိုင်းလေးကို ကျွန်တော့် ကျမ်းစာအုပ်ထဲမှ ညှပ်ပြီး သွားလေရာရာ ယူသွားတယ်။ အမေက ကျွန်တော့်ကယ်တင်ခြင်းအတွက် ၃၅ နှစ်ထက် မနည်း ဆုတောင်းပေးခဲ့ရတယ်။ ကျွန်တော်က ဘုရားနဲ့ အဝေးကြီးဝေးခဲ့ပြီး အခုတော့ ယုံကြည်သူ ဖြစ်နေပါပြီ’’ ဟု ရှင်းပြသည်။ သူက…

ကျမ်းစာမှပေးသော ဆေးညွှန်း

ဂရက်နှင့် အဲလိဇဘက်တို့ မိသားစု၌ ကျောင်းသားအရွယ် ကလေး ၄ ယောက်နှင့်အတူ ‘‘ရယ်စရာ ဟာသည’’ကို ပုံမှန်လုပ်ဆောင်သည်။ တစ်ယောက်စီတိုင်းက တစ်ပတ်တာ အတွင်း သူတို့ကြားခဲ့ ဖတ်ခဲ့ရသည့်ဟာသ (သို့) သူတို့ဘာသာ လံကြုတ် (လုပ်ကြံ) ဖန်တီးထားသည့် ဟာသရယ်စရာကို ညစာစားချိန်တွင် ပြောကြရသည်။ ဤ အစဉ်အလာလေးက ပျော်ရွှင်ဖွယ် အမှတ်တရများကို ဖန်တီး ပေးသည်။ ထိုရယ်မောစရာများက သားသမီးများအတွက် ကောင်းပြီး ခက်ခဲချိန်များတွင် သူတို့အား စိတ်ဓာတ် မြှင့်တင် ပေးကြောင်း ဂရက်နှင့် အဲလိဇဘက်တို့ သတိပြုမိသည်။

ထိုသို့ ထမင်းဝိုင်း၌ ဝမ်းမြောက်သည့် စကားဝိုင်း၏ အကျိုးကျေးဇူးကို ဆရာကြီး စီအက်စ်လူးဝစ်က မှတ်သား မိပြီး ‘‘အတူစားသောက်ချိန်မှာ ရယ်မောပျော်ရွှင်နေတဲ့ မိသားစုရဲ့ ပျော်စရာတစ်ချို့တစ်ဝက်ကို ကြည့်ရင်း ညအချိန် ကုန်ဆုံးနေဝင်သွားတာ၊ ဒီလောက်ကောင်းတဲ့အရာ ဘာရှိမှာလဲ’’ ဟု ရေးသားခဲ့သည်။…

သန့်ရှင်းသူနှင့် အပြစ်သား

ဗတ္တိဇံဆရာယောဟန်၏ခြေရာအတိုင်း တောအရပ်၌ ရှင်သန်သကဲ့သို့ လိုက်လျှောက် မကျင့်ကြံမီ အီဂျစ်ပြည်မှ မေရီသည် (အေဒီ ၃၄၄-၄၂၁) ယောက်ျားများကို ဖြားယောင်း သွေးဆောင်လျက် ဥပဒေအရ တားမြစ်ထားသည့် အပျော်အပါးများ၌ ပျော်မွေ့လျက် နုပျိုသောသူ့ဘ၀ကို ရှင်သန်ခဲ့သည်။ ယုတ်ညံ့သော အသက်မွေးမှုနှင့် သူ့ဘဝ အထွတ်အထိပ်ရောက်ချိန်တွင် ဘုရားဖူးဧည့်သည်များကို ဖျက်ဆီးရန် အကြံဖြင့် ယေရုရှလင်မြို့သို့ ခရီးပြုခဲ့သည်။ သို့သော် သူမ၏အပြစ်များကို နက်ရှိုင်းစွာ သိမြင်ဝန်ခံစေသည့် အတွေ့အကြုံကို ရင်ဆိုင်ရရှိခဲ့ပြီး နောင်တဖြင့် လူသူဝေးရာ တောအရပ်၌ တစ်ဦးတည်း နေထိုင်ခဲ့တော့သည်။ မေရီ၏ လက်တွေ့ကျကျ ပြောင်းလဲမှုက ဘုရားသခင့် ကျေးဇူးတော် ပမာဏနှင့် ပြန်လည်ငြိမ်ဝပ်တည်ဆောက်ပေးသည့် ကားတိုင်၏တန်ခိုးတော်ကို သရုပ်ဖော်ပြနေတော့သည်။

တပည့်တော် ရှင်ပေတရုသည် သခင်ယေရှုကို သုံးကြိမ် ငြင်းပယ်ခဲ့သည်။ ထိုသို့မငြင်းပယ်မီ နာရီပိုင်း အလိုတွင် သခင် ယေရှုအတွက်အသေခံရန် အသင့်ရှိကြောင်း သူကြွေးကြော် ခဲ့သည်(လု…

ဘဝလောကဓံများကို ဆင်ခြင်နားလည်ခြင်း

ကျွန်မမိတ်ဆွေ၏ဖခင်သည် ကင်ဆာဟူသည့် ကြောက်မက်ဖွယ် ဆေးစစ်ချက် အဖြေကိုရရှိခဲ့သည်။ သို့သော် ကီမိုဆေးသွင်း ကုသနေသည့်အတောအတွင်း သူသည် သခင်ယေရှု ကို ယုံကြည်သူတစ်ဦးဖြစ်လာပြီး သူ့ရောဂါမှာလည်း တဖြည်းဖြည်း ပျောက်ကင်းသွားခဲ့ သည်။ သူသည် ၁၈ လ တာမျှ ကင်ဆာကင်းစင်သည့် အံ့သြဖွယ်အချိန်ကို ခံစားခဲ့ရ ပြီးနောက် တစ်ဖန် ရောဂါပြန်ကြွလာသဖြင့် ယခင်ကထက် ပိုဆိုးဝါးစွာ ခံစားရသည်။ သူနှင့်သူ့ဇနီးတို့သည် ကင်ဆာ ရောဂါပြန်ဖြစ်သည့် အမှန်တရားကို ရင်ဆိုင်လျက် သောက ရောက်ခဲ့သည်။ မေးခွန်းများ သံသယများရှိခဲ့လည်း ပထမ တစ်ကြိမ်က ဘုရားသခင်ကို သူတို့ မြည်းစမ်းခဲ့ရ ခြင်းကြောင့် ယခုတွင် ကိုယ်တော်ကို သစ္စာတည်စွာ ကိုးစား ခဲ့သည်။

စုံစမ်းခြင်းများကို အဘယ်ကြောင့် ကြုံရခြင်းကို ကျွန်ုပ်တို့ အစဉ်နားလည်မည် မဟုတ်ပါ။ ယောဘ၏အဖြစ် ကလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ အလွန့်အလွန်…

ဘုရားသခင် ပြင်ဆင်သော အငြိမ်းစားယူမည့်အစီအစဉ်

ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ ဝါးရစ်ရော့ဒ်ဝဲလ်သည် အင်္ဂလန်နိုင်ငံ လိခ်ျဖီးလ် ကသီဒြယ် ဘုရားဝတ်ပြုကျောင်းတော်၌ တစ်မူထူးခြားသောအရာကို ရှာဖွေတွေ့ချိန်၌ သူသည် အငြိမ်းစားယူရန် ပြင်ဆင်နေချိန်ဖြစ်သည်။ ဖြစ်စဉ်တစ်ခုကို ခြေရာကောက်ရန် သက်တမ်း နှစ်ပေါင်း ၁၂၀၀ ခန့် ရှိသည်ဟု ယူဆရသည့် ကောင်းကင်တမန်မင်းဂါဗြေလ၏ ရုပ်တုကို တွေ့ရှိခဲ့ရာ၊ ထိုတွေ့ရှိမှုက သူ့အတွက် စိတ်လှုပ်ရှားဝင်စားစရာ၊ အလုပ်များစေသည့် အခန်းကဏ္ဍကို ဖွင့်လှစ်ပေးခဲ့၍ ဒေါက်တာ ရော့ဒ်ဝဲလ် ၏ အငြိမ်းစားယူမည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်သည်။

မောရှေသည် အသက် ၈၀ အရွယ်တွင် မီးလောင်ပြီး ချုံမကျွမ်းသည့်အဖြစ်ကို တွေ့ကြုံခဲ့ရပြီး သူ့အသက်တာ ထာဝရပြောင်းလဲစေခဲ့သည်။ အီဂျစ်မင်းသမီး၏ မွေးစားသား ဖြစ်ခဲ့ရသော်လည်း သူ၏ဟေဗြဲမျိုးနွယ်ဖြစ်ခြင်းကို မမေ့၊ သူ့အမျိုးသားချင်းအပေါ် မတရားပြုမူခြင်းကို မြင်ရသောအခါ အမျက်ထွက်ခဲ့သည် (ထွက် ၂း၁၁-၁၂)။ ဟေဗြဲလူတစ်ဦးကို ရိုက်သည့် အီဂျစ်လူကို မောရှေ သတ်ခဲ့ကြောင်း…

အလှတရားကို ခံစားခြင်း

ပန်းချီကားက မီးပြတိုက်ပမာ ကျွန်မအမြင်ကို ဆွဲဆောင်ညှို့ထားသည်။ မြို့ကြီးတစ်ခု၏ ဆေးရုံခန်းမတစ်လျှောက် ခင်းကျင်းပြသထားသည့် ညှို့မှိုင်းဖျော့တော့သော ပန်းချီကား တွင် အမေရိကန်ဒေသခံ နာဗဂျို လူရိုင်းပုံလည်း ပါသည်။ ကျွန်မမှာ စိတ်ဝင်စားလွန်း၍ တအံ့တသြ ရပ်ကြည့်ရုံမက ကျွန်မခင်ပွန်း ဒဲန်ကိုလည်း “ကြည့်ပါဦးရှင်” ဟုပင် ပြောမိ သည်။

ဒဲန်က ပန်းချီကားကြည့်ရင်း ဆက်လျှောက်သွား သော်လည်း ကျွန်မက နေရာမရွှေ့နိုင်သေး၊ အခြားပန်းချီကား များကို ဒီအတိုင်း ကြည့်ခဲ့သော်လည်း ဤပန်းချီကားကျမှ “လှလိုက်တာ” ဟုပင် တီးတိုးဆိုမိသည်။

အမှန်ပင်၊ ဘဝ၌ လှပသော အရာများစွာ ရှိပါသည်။ မူရင်းပန်းချီကားများ၊ ရှုခင်းပုံများ၊ လှုံဆော်မှုခံစားချက် ပေးသော ပန်းချီကားများ စသည်ဖြင့် ရှိသည်။ ကလေးငယ်တစ်ဦး၏အပြုံး၊ မိတ်ဆွေတစ်ဦး၏ နှုတ်ခွန်းဆက်မှု၊ ရော်ဘင်ငှက်ဥပြာပြာ၊ ပင်လယ်ခရု၏အခွံမာ စသည်တို့၌လည်း အလှတရားရှိသည်။ ဘဝလောကဓံ၏ ဝန်ထုပ်ဝန်ပိုးများဒဏ်မှ သက်သာစေရေး…

ဘုရားသခင်မြင်သောအရာ

နံနက်စောစောအချိန်တွင် ခြေဖွနင်းလျက် မိသားစုအခန်း၏ ပြတင်းပေါက်မှ အိမ်အနောက်ဘက်ရှိ တောလွင်ပြင်သို့ ကျွန်မ ငြိမ်သက်စွာ ကြည့်မိသည်။ ရံဖန်ရံခါ လင်းယုန် (သို့) ဇီးကွက်က သစ်ပင်ပေါ်နားရင်း လွင်ပြင်ထဲသို့ ကြည့်နေသည်ကို တွေ့ရသည်။ တစ်မနက်တွင်မူ လင်းယုန်ခေါင်းပြောင်တစ်ကောင်က သစ်ကိုင်း မြင့်မြင့်တွင် နားရင်း မြေတစ်ပြင်လုံးကို သူ့အပိုင်နယ်ပမာ စူးစမ်းနေသည်ကို တအံ့တသြဖြစ်လျက် တွေ့ခဲ့ရသည်။ သူ၏ “မနက်စာ” အစာကို ရှာဖွေနေခြင်းဖြစ်မည်။ အားလုံးကို ခြုံငုံကြည့်နေသည့် သူ့အကြည့်က ရှင်ဘုရင်အကြည့်ပမာ ခန့်ငြားလွှမ်းမိုးနေသည်။

၆ ရာ ၁၆ တွင် မြင်သောသူ (ဘုရားသခင်၏ ပရောဖက်) ဟာနန်က အာသမင်းအား အစိုးပိုင်သူသည် သူ၏လုပ်ရပ်များကို စောင့်ကြည့်နေကြောင်း သတင်းပို့ သည်။ ယုဒရှင်ဘုရင် အာသမင်းအား “မင်းကြီးသည် မိမိဘုရားသခင်ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံ”သည် (း၇)။ “ထာဝရဘုရားသည် စုံလင်သော…

မနေ့ကနှင့်မတူ

ကျွန်တော်တို့၏မြေးလေး ဂျေး ငယ်စဉ်က သူ့မွေးနေ့တွင် မိဘများက သူ့ကို တီရှပ် တစ်ထည် လက်ဆောင်ပေးရာ သူက ချက်ခြင်းပင် ဂုဏ်ယူပျော်ရွှင်စွာ လဲဝတ်ပြီး တစ်နေ့လုံး ဝတ်ထားခဲ့သည်။

နောက်တစ်နေ့တွင် ထိုတီရှပ်ကို ဝတ်ထားဆဲဖြစ်ရာ သူ့ဖခင်က “ဂျေး ဒီအင်္ကျီက သားကို တကယ်ပဲ ပျော်ရွှင်စေသလား” ဟုမေးလိုက်သည်။

“မနေ့ကလိုတော့ မပျော်တော့ဘူး” ဂျေးက ဖြေသည်။

၎င်းသည် ပစ္စည်းဥစ္စာရှာဖွေ စုဆောင်းခြင်း၏ ပြဿနာဖြစ်သည်။ ဘဝ၏ကောင်းသောအရာ စည်းစိမ်များ ပင်လျှင် ကျွနု်ပ်တို့ အလွန်အမင်းတောင့်တသည့် နက်နဲ တည်မြဲသော ပျော်ရွှင်မှုကို မပေးနိုင်ပါ။ မိမိ၌ ပိုင်ဆိုင်မှု စည်းစိမ်များစွာ ရှိလင့်ကစား မပျော်မရွှင်ဖြစ်နေဦးမည်ပင်။

အဝတ်သစ်၊ ကားအသစ်၊ ဖုန်းအသစ်၊ နာရီအသစ် စသည့် ပစ္စည်းများ စုဆောင်းပိုင်ဆိုင်လျှင် ပျော်ရွှင်မည်ဟု လောကကြီးက သွေးတိုးစမ်းသည်။ သို့သော် မည်သည့် စည်းစိမ်ကမှ…