ဘုရားသခင်မြင်ပါသည်
ကျွန်မ ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးက ကျွန်မ၏အမြင်အာရုံကို တောက်ပ လင်းလက်သွားစေသည်။ ကျွန်မက အနီးမှုန်သဖြင့် မျက်မှန်ဖြင့် ကြည့်လိုက်စဉ် အရာရာ ကြည်လင်ပြတ်သားစွာ မြင်ရသည်။ မျက်မှန်မပါပါက အခန်းတွင်းရှိ ပစ္စည်း (သို့) အဝေးတစ်နေရာရာကို ကြည့်လျှင် အမြင်က မှုန်ဝါးနေသည်။ အသက် ၁၂ နှစ် အရွယ်က ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးဖြင့် ကျောက်သင်ပုန်းပေါ်မှ စာလုံး ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် ကျွန်မအမှန်ပင် အံ့သြတုန်လှုပ်သွားသည်။
ကျွန်မနှုတ်ဆက်စဉ် သူငယ်ချင်းများက ပြန်ပြုံး ပြသည်ကို မြင်ရ၍ သူများကိုမြင်ရခြင်းနှင့် အခြားသူများ မိမိကိုမြင်ခြင်းသည် ထူးမြတ်သောဆုဖြစ်ကြောင်း ကျွန်မ နားလည်ခဲ့သည်။
သခင်မစာရဲ၏မကြင်နာမှုကြောင့် ထွက်ပြေးခဲ့ရ သည့် ကျွန်မဟာဂရသည် အထက်ပါအချက်ကို သိနားလည် ခဲ့သည်။ သူ၏ယဉ်ကျေးမှုအသိုင်းအဝန်း၌ သူသည် ‘‘အလကားလူ’’၊ ကိုယ်လေးလက်ဝန်နှင့် အထီးကျန်နေသူ၊ ကူညီရာမဲ့ မျှော်လင့်ရာမဲ့စွာ ကန္တာရတောထဲ ထွက်ပြေးနေရသူဖြစ်သည်။…
အသိမှတ်ပြုဂုဏ်ပြုခြင်း
၁၉၆၀ ခုနှစ် အစောပိုင်းအချိန်က သာမန်နှင့် တစ်မူကွဲပြားသည့် လူ သို့မဟုတ် တိရိစ္ဆာန်ပုံကို ကြီးမား၍ ဝမ်းနည်းနေသည့် မျက်လုံးပုံဖြင့် ရေးဆွဲသည့် ပန်းချီကားများ ခေတ်စားခဲ့သည်။ အချို့က ထိုပန်းချီကို အပေါစားပန်းချီဟု မှတ်ယူကြသော်လည်း ကြိုက်နှစ်သက်သူများလည်း ရှိပြန်သည်။ ပန်းချီဆရာမ၏ ခင်ပွန်းက သူ့ဇနီး၏ပန်းချီကား ဖန်တီးမှုကို အားပေးမြှင့်တင်ကာ ဈေးကွက်တင်ခဲ့သဖြင့် သူတို့ဇနီးမောင်နှံမှာ ဝင်ငွေ ကောင်းခဲ့သည်။ သို့သော် ပန်းချီကားပေါ်၌ အနုပညာရှင် မာဂရက် ကီအဲန်၏ လက်မှတ်မပါရှိခဲ့ပါ။ မာဂရက်၏ခင်ပွန်းက သူ့ဇနီး၏ လက်ရာကို သူ့လက်ရာအဖြစ် တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ စိုးကြောက်စိတ်ဖြင့် မာဂရက်သည် ထိုလိမ်လည်မှုကို ရေငုံနှုတ်ပိတ်ခဲ့သည်။ နှစ်ပေါင်း ၂၀ ကြာပြီးနောက် သူတို့၏အိမ်ထောင်ရေးပြိုကွဲသွားပြီးမှ ပညာရှင်အစစ်အမှန်ကို သက်သေပြရန် အတည်ပြုရန် တရားဆိုင်ခဲ့ကြသည်။
ထိုအမျိုးသား၏လှည့်စားမှုက မှားသောလုပ်ရပ်ဖြစ်ကြောင်း ထင်ရှားပါသည်။
သို့သော် ကျွန်ုပ်တို့လည်း မိမိ၏အရည်အချင်း ဆုကျေးဇူး၊…
အလင်းကိုဖွင့်လျက် အသက်ရှင်နေထိုင်ခြင်း
အလုပ်တာဝန်ဖြင့် ကျွန်တော်နှင့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တို့ မိုင် ၂၅၀ ဝေးသောခရီးကို သွားခဲ့ရပြီး အလုပ်ပြီးချိန်တွင် အိမ်အပြန်နောက်ကျခဲ့သည်။ အသက်ကြီးလာ၍ မျက်စိမှုန်လာခြင်းတို့ကြောင့် ညဘက် ကားမောင်းရသည်မှာ ကျွန်တော်အတွက် အနည်းငယ်ခက်ခဲသည်။ သို့သော် အရင် စမ်းမောင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကားစတီယာရင်ကို လက်ဖြင့် သေချာစွာ ဆုပ်ကိုင်ထားပြီး မျက်စေ့ကလည်း မှုံဝါးဝါးလမ်းမ ကို သေချာစွာ စူးစိုက်ကြည့်နေရသည်။ နောက်မှကားက ရှေ့မီးကြီးကို ထွန်း၍ မောင်းသည့်အခါတွင် ကျွန်တော် ပို၍ ရှင်းလင်းစွာမြင်ရသည်ဟု ခံစားရသည်။ နောက်ဆုံး ကျွန်တော်သူငယ်ချင်းက ကားကို လွှဲပြောင်းမောင်းနှင် သောအခါ ကျွန်တော်စိတ်သက်သာသွားသည်။ သူမောင်းမှ ကျွန်တော်သည် ရှေ့မီးကြီးကို ဖွင့်မောင်းရမည့်အစား နှင်းခွဲမီးကိုသာ ဖွင့်၍မောင်းခဲ့သည်ကို သူတွေ့ရှိခဲ့သည်။
၁၁၉ ခု မြောက်သောဆာလံသည် ကျွန်တော်တို့၏နေ့စဉ်အသက်ရှင်ခြင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော် အလင်းပေးနေခြင်းကို သိရှိခံစားရသူတစ်ဦးက ပြောင်မြောက်စွာ ရေးဖွဲ့သီကုံးထားသည့်ဆာလံဖြစ်သည်(း၁၀၅)။ သို့သော် ညအမှောင်…
မိမိမည်သူမည်ဝါဖြစ်သည်ကို ရှာဖွေတွေ့ရှိခြင်း
မစ် အင့်ခ်ပဲန် ရေးသားသော “Nothing” ဟူသည့် ကလေးများအတွက်စာအုပ်၌ ခပ်မှိန်မှိန် အရုပ်ဟောင်းလေးက “ငါဘယ်သူလဲ” ဟု မေးသည်။ အိမ်ပြောင်းလာသူများက ထိုအရုပ်လေးကို “Nothing-ဘာမှမဟုတ်တဲ့အရုပ်” ဟုပြောပြီး ဖုံထူသော မျက်နှာကျက်ထောင့်တွင် ချောင်ထိုးခဲ့သည်။ အခြားတိရစ္ဆာန်အရုပ်များက ကြားပြီး ၎င်းကို သူ၏နာမည် ထင်သွားသည်။
အခြားတိရစ္ဆာန်များနှင့် ပြန်တွေ့သောအခါ သူမည်သူဖြစ်မှန်း Nothing ပြန်သတိရလာသည်။ သူ၌ အမြီးရှိသည်၊ နှုတ်ခမ်းမွှေးရှိသည်၊ ကိုယ်တွင် အစင်းကြောင်းများ ရှိသည်။ ထိုနောက် အညိုရောင်ပေါ်တွင် အနက်စင်းရှိသော ကြောင်တစ်ကောင်နှင့် တွေ့ဆုံပြီး သူ့သခင်အိမ်သို့ပြန်ရောက်အောင် ကူညီပေးခဲ့သည်။ သည့် နောက်တွင်မှ သူသည် ကြောင်ရုပ်ကလေး တိုဘီ ဖြစ်မှန်း သူ့ကိုယ်သူပြန်သိခဲ့သည်။ စုတ်ပြဲနေသော သူ၏ နားရွက်၊ အမြီး၊ နှုတ်ခမ်းမွှေးနှင့် ကိုယ်ပေါ်ရှိ အစင်းကြောင်းများကို သူ့သခင်က မေတ္တာပြလျက် ပြန်ချုပ်ပေးသည်။
ဤစာအုပ်ကို ကျွန်မဖတ်တိုင်း…
ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်း
အလွန်မှအစွမ်းတန်ခိုးနှင့်ပြည့်ဝပြီး “ကြံ၍မမီနိုင်သောငြိမ်သက်ခြင်း’’ (ဖိ ၄း၇) ကို တွေးမိတိုင်း ကျွန်မ အလွန်အံ့သြမိသည်။ စိတ်ထိခိုက်နာကျင်မှုကို ခံစားရသည့်အခါ တစ်ဦးတစ်ယောက်က ထိုငြိမ်သက်ခြင်း နှစ်သိမ့်မှုကို ပေးနိုင်ပါမည်လား။ မကြာမီက ဖခင်ကြီး၏သတိရအောက်မေ့ခြင်း ဝတ်ပြုသည့်အချိန်တွင် ထိုငြိမ်သက်ခြင်းကို ကျွန်မ ခံစားခဲ့ရသည်။ ရင်းနှီးသောမိတ်ဆွေများက တန်းစီလျက် သူတို့၏ဝမ်းနည်းခြင်းကို ဖော်ပြလျက် ကျွန်မကိုနှုတ်ဆက် ကြစဉ် ကျွန်မ၏ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ကိုလည်း တွေ့လိုက်ရသဖြင့် ကျွန်မစိတ်သက်သာရာ ရခဲ့သည်။ သူက စကားတစ်ခွန်းမျှမပြောဘဲ ကျွန်မကို ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဖက်ထားသည်။ စာနာ နားလည်မှု အပြည့်ဖြင့် သူ၏အပြုအမူသည် စိတ်မကောင်း ဖြစ်လျက်နာကျင်နေချိန်၌ ငြိမ်သက်မှုကို ပထမဆုံး ခံစားရ စေပြီး၊ မိမိထင်သလို တစ်ယောက်တည်း အထီးကျန်နေခြင်း မဟုတ်ကြောင်းကို သတိပေးနေသည်။
ဆာလံ ၁၆ တွင် ဒါဝိဒ်မင်းကြီးဖော်ပြသကဲ့သို့ ကျွန်မတို့၏ဘဝထဲသို့ ဘုရားသခင်ယူဆောင်လာသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည်…
ကောင်းသောအကျင့်အတွက် ပြင်ဆင်ပေးထားသည်
နိုင်ငံခြားတိုင်းတစ်ပါးသို့ သွားရောက်လည်ပတ်စဉ် လမ်းမတစ်နေရာတွင် ကျွန်တော်၏ ဇနီးသည်အနီးသို့ သန်မာတုတ်ခိုင်သော လူစိမ်းတစ်ယောက် ချဉ်းကပ်လာရာ ကျွန်တော်တို့ နောက်တွန့်ဆုတ်မိသည်။ ကျွန်တော်တို့၏ အနားယူ အပန်းဖြေရက်သည် အခြေအနေမဟန်ပါ။ အော်ငေါက်ခံရသည်၊ အလိမ်ခံရသည်၊ ခြိမ်းခြောက်ငွေညှစ်မှုကို အကြိမ်ကြိမ် ခံခဲ့ရသည်။ နောက်ထပ် အနှောက်အယှက်ခံ၊ စိတ်ဆင်းရဲခံရအုံးမည်လား။ မမျှော်လင့်ဘဲ ထိုသူက မြို့၏ အလှပဆုံးရှုခင်းကိုကြည့်နိုင်အောင် စေတနာဖြင့် ကူညီခဲ့ သည်။ အပြုံးဖြင့် ကျွန်တော်တို့ကို ချောကလက်ချောင်းများ ပေးပြီးထွက်သွားသည်။ အဆင်မပြေခဲ့လေသမျှ သူ၏ အပြုအမူသည် ကျွန်တော်တို့၏ခရီးစဉ်တစ်လျှောက်လုံး အတွက် တန်သွားသည်။ ထိုသူကိုရော၊ ကျွန်တော်တို့ကို စိတ်ရွှင်လန်းစေသော ဘုရားသခင်ကို ကျေးဇူးတင်မိသည်။
ကျွန်ုပ်တို့ကဲ့သို့သော တစ်စိမ်းလူနှစ်ယောက်အား အကူအညီပေးလိုသောစိတ်ဖြစ်ပေါ်လာစေရန် မည်သည့် အရာက ထိုသူ့ကိုနှိုးဆော်သနည်း။ ထိုနေရာတွင် ချောကလက်ချောင်းများကိုင်ကာ တစ်နေကုန် လှည့်လည်သွားလာပြီး တွေ့သောသူ တစ်ဦးဦးကို ကောင်းချီးပေးရန် လိုက်လံရှာဖွေ နေခြင်းလား။
ဤအပြုအမူလေးသည်…
ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့ကိုပြောင်းလဲစေသည်
သခင်ယေရှုနှင့် ကျွန်မမတွေ့မီက စိတ်ဒဏ်ရာပြင်းထန်စွာခံစားရခြင်းကြောင့် နောက်ထပ် ဒဏ်ရာမရလိုသဖြင့် လူများနှင့်ရင်းနှီးစွာ မနေဘဲ ခပ်ကင်းကင်းနေခဲ့သည်။ အယ်လင်နှင့် လက်မထပ်ခင်အထိ ကျွန်မ၏အမေသည် ကျွန်မ၏အရင်းနှီးဆုံးမိတ်ဆွေသာ ဖြစ်သည်။ တစ်ဖန် ၇ နှစ် အကြာ လင်မယားကွာရှင်းခါနီးတွင် သူငယ်တန်းအရွယ် သားငယ် ဇေဗီယာ ကို ကျောပိုးပြီး ဘုရားကျောင်းတစ်ခုသို့ သွားခဲ့သည်။ အကူအညီ အလွန်လိုအပ်နေသော်လည်း မည်သူ့ကိုမျှ မယုံရဲဘဲ ထွက်ပေါက်တံခါးဝတွင်သာ ကျွန်မထိုင်ခဲ့သည်။
သို့သော် ယုံကြည်သူများက လှိုက်လှဲစွာလက်ကမ်း ကြိုဆိုသည်၊ မိသားစုအတွက် ဆုတောင်းပေးသည်၊ ဘုရား သခင်နှင့် မိတ်သဟာယဖွဲ့ခြင်းအရာ၌ ရင့်ကျက်လာစေရေး ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းဖြင့် တည်ဆောက်ရန် သင်ကြားပေးခြင်းအတွက် သူတို့ကို အလွန်ကျေးဇူးတင် သည်။ အချိန်များ ကျော်လွန်ဖြတ်သန်းလာသည်နှင့်အမျှ သခင်ခရစ်တော်နှင့် ယုံကြည်သူများ၏ မေတ္တာပြမှုကြောင့် ကျွန်မ ပြောင်းလဲလာတော့သည်။
ပထမဆုံး အသင်းတော်ဝတ်ပြုစည်းဝေးသို့ တက်ရောက်ပြီး ၂ နှစ်…
နှလုံးသားနေရာပြောင်းရွှေ့ခြင်း
US သန်းခေါင်စာရင်းဗျူရို၏ အစီရင်ခံစာအရ အမေရိကန်လူမျိုးတို့သည် သူတို့၏ ဘ၀တစ်လျှောက်တွင် ပျမ်းမျှ ၁၁ ကြိမ်မှ ၁၂ ကြိမ်ထိ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ မကြာမီနှစ်များအတွင်း ၂၈ သန်းသော နိုင်ငံသားတို့သည် ထုပ်ပိုးရွှေ့ပြောင်းကြပြီး အမိုးအကာအသစ်အောက်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။
ဣသရေလလူတို့သည် နယ်မြေသစ်ကို စောင့်စား မျှော်လင့်လျက် တော၌ နှစ်ပေါင်း ၄၀ လှည့်လည်သွားလာနေသည့် ကာလအတွင်း လူမျိုးတော်တို့ အရွှေ့အပြောင်းကို ဘုရားသခင်၏တည်ရှိခြင်းတိမ်တိုက်များက လမ်းညွှန် ခဲ့သည်။ ထိုအကြောင်းကို အဖန်တစ်လဲလဲ အကြိမ်ကြိမ် ဖော်ပြခြင်းက ရယ်စရာဖြစ်သည်။ မိသားစုအသီးသီးသည် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများသာမက တဲတော်နှင့် သက်ဆိုင်သည့် တန်ဆာပလာများကို ဖြုတ်လိုက် တပ်လိုက် နှင့်၊ မောရှေနှင့်ဘုရားသခင်၏မိုးတိမ်တိုင်တို့ တွေ့ဆုံတိုင်း (ထွ ၂၅း၂၂) သူတို့ နေရာရွေ့ရသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သခင်ယေရှုက ဣသရေလလူမျိုးများ၏ လှည့်လည်ရွှေ့ပြောင်းရသည့် အကြောင်းရင်းကို…
မိမိမြင်နိုင်သမျှ
ရေခဲလောက်အောင် အေးချမ်းသည့်ဆောင်းရာသီတစ်နေ့တွင် ခရစ်တာသည် ရေကန်စပ်ရှိ နှင်းများဖုံးအုပ်လျက်ရှိသော လှပသည့် မီးပြတိုက်တစ်ခုကို လှမ်းမျှော် ကြည့်ရှုနေသည်။ ဓာတ်ပုံရိုက်ရန် သူ၏ဖုန်းကို ထုတ်ယူလိုက်ချိန်တွင် သူ၏မျက်မှန် ပေါ်တွင် မြူမှုန်များကပ်နေသည်။ ရှင်းလင်းစွာ မမြင်ရသည့်အတွက် သူ၏ ကင်မရာကို မီးပြတိုက်ရှိရာသို့ ခန့်မှန်း၍ ရှုထောင့် အမျိုးမျိုး ချိန်ရွယ်ပြီး ဓာတ်ပုံသုံးပုံ ရိုက်လိုက်သည်။ နောက်မှ ထိုပုံများကို ပြန်လည် စစ်ဆေးကြည့်ရာ ကင်မရာက ဆယ်ဖီ ခလုပ် ချိန်ထားခြင်းကြောင့် သူ့ကိုယ်သူ ပြန်ရိုက်မိလျက်သား ဖြစ်နေ သည်ကို တွေ့လိုက်သည်။ “ငါ့ကိုယ်ငါ ချိန်ရွယ်ပြီး ရိုက်ထားတဲ့ ပုံတွေချည်းပဲ” ဟု သူက ရီမောလျက် ပြောပြသည်။ ခရစ်တာ၏အဖြစ်ကြောင့် ထိုကဲ့သို့ဆင်တူသော အမှားမျိုးကို ကျွန်မတွေးမိသည်။ ကျွန်မတို့သည် မိမိကိုယ်ကိုသာ အာရုံစိုက်လွန်းပြီး သာ၍ ကြီးမားသော ဘုရားသခင်၏ အကြံအစည်တော်ကို မမြင်နိုင်ဘဲ လွှတ်သွားသည့်…
နားထောင်ရန်အတွက် နားများကို ပေးထားသည်
မင်းသမီး ဒိုင်အဲန်း ခရုဂါ သည် အိမ်သူတစ်ဦး၏အခန်းကဏ္ဍတွင် သရုပ်ဆောင်ရန် ငှားရမ်းခံရသည်။ သူမသည် ခင်ပွန်းနှင့်သားကို ဆုံးရှုံးရသော ငယ်ရွယ်သည့် ဇနီး/မိခင်တစ်ဦးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင် သူမ၌ ထိုအတွေ့အကြုံမျိုး မရှိခဲ့ဘူးပါ။ သူ့ကိုယ်သူလည်း သရုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်ပါ။ သို့သော် ထိုအလုပ်တာဝန်ကို လက်ခံလိုက်သည်။ ကြိုတင် ပြင်ဆင်မှုအနေဖြင့် ကြီးကြီးမားမား ဝမ်းနည်းပူဆွေးမှု ခံစား နေရသူများအတွက် မစအားပေးသည့် တွေ့ဆုံပွဲများသို့ သူတက်ရောက် လေ့လာခဲ့သည်။
အစပိုင်းတွင် အဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး ခံစားချက်များကို မျှဝေဆွေးနွေးကြစဉ် သူကဝင်၍ အကြံဉာဏ်များ ထင်မြင်ချက်များပေးသည်။ ကျွန်ုပ်တို့ကဲ့သို့ပင် သူမသည်လည်း အခြားသူများကို အကူအညီရစေချင်သည်။ သို့သော် တစ်စတစ်စ သူမသည် အကြံပြု ပြောဆိုခြင်းများကို ရပ်ဆိုင်းလိုက်ပြီး နားထောင်ခြင်းအမှုကိုသာ အစပြုတော့သည်။ ထိုအချိန်မှစ၍ သူမသည် အခြားသူများ၏ခံစားမှုများကို အမှန်တစ်ကယ် လေ့လာ သင်ယူ…