တုံးအသောသိုးနှင့် ကောင်းသောသိုးထိန်း
ကျွန်ုပ်၏မိတ်ဆွေ ချက်ဒ်သည် ယိုးမင်းဒေသ၌ သိုးထိန်းအဖြစ် ၁ နှစ်လုပ်ကိုင်ခဲ့သည်။ ‘‘သိုးတွေကလေ သိပ်တုံးတာပဲ။ သူတို့မျက်စိရှေ့တင်ရှိတဲ့အရာတွေကိုပဲ စားတယ်။ သူတို့ရှေ့က သူတို့စားနေတဲ့ မြက်ကုန်သွားရင် အခြားဘယ်မှာ မြက်ရှိမလဲ ဘေးဘီတောင် လှည့်မရှာကြဘူး။ သူတို့ရှေ့က အမှိုက်သရိုက်တွေပဲ စားနေရော’’ ဟု ပြောပြသည်။
ကျွန်ုပ်တို့ရယ်မောခဲ့ကြပြီး ကျမ်းစာမှလည်း လူကို သိုးနှင့် ခိုင်းနှိုင်းထားကြောင်း ကျွန်ုပ် မတွေးဘဲ မနေနိုင် ခဲ့ပါ။ ကျွန်ုပ်တို့ သိုးထိန်းကို လိုအပ်ခြင်းက မဆန်းပါ။ သိုးများက တုံးအသည် ဆိုကတည်းက ၎င်းတို့ကို ဂရုပြု စောင့်ရှောက်မည့် သိုးထိန်းကို လိုအပ်သည်။ တိုင်းတစ်ပါး ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဘုရားလူတို့အတွက် ပရောဖက်ယေဇကျေလ စာရေးခဲ့စဉ် ၎င်းတို့အား မကောင်းသော သိုးထိန်း၏လက်၌ရှိသည့် သိုးများနှင့် ခိုင်းနှိုင်းခဲ့သည်။ သိုးများကို ကြည့်ရှုပြုစု ရမည့်အစား ဣသရေလလူမျိုးခေါင်းဆောင်များသည် သိုးများအပေါ် ခေါင်းပုံဖြတ်…
မည်သူမောင်းနှင်နေသနည်း
မောရစ် စန်ဒက် ရေးသားသည့် Where the Wild Things Are ကလေးစာအုပ်တွင် ‘‘အရိုင်း’’ (wild thing) ဆိုသော ဇာတ်ကောင်လေးပါရှိသည်။ ကျွန်တော့် အိမ်နီးချင်း တင်းမ် က ‘‘အရိုင်း’’ အရုပ်လေးကို သူ့ကားထဲမှာ ထားထားသည်။ မကြာသေးမီက တင်းမ်သည် ကျွန်တော့်ကား နောက်မှ သူ့ကားကို လိုက်ပါမောင်းနှင်ရင်း ကျွန်တော့်ကားကို မှီအောင် သူရုတ်တရက် အရှိန်တင်မောင်းခဲ့သည်။ လိုရာခရီး ရောက်သော် ကျွန်တော်က သူ့အား “အရိုင်း ကားမောင်း နေတာလား’’ဟု နောက်လိုက်သည်။
ထို့နောက် တနင်္ဂနွေနေ့တွင် ကျွန်တော်၏ တရားဟောမှတ်စုအိမ်၌ ကျန်ခဲ့သဖြင့် အသည်းအသန် ကားမောင်း အိမ်ပြန်ယူခဲ့ရပြီး လမ်း၌ တင်းမ်၏ကားကိုလည်း တွေ့ခဲ့သေးသည်။ နောက်ပိုင်း ကျွန်တော်တို့ ပြန်တွေ့ ကြချိန်တွင် တင်းမ်က ‘‘ အရိုင်း ကားမောင်းတာလား’’ ဟု…
စိတ်ချသေချာသော မျှော်လင့်ခြင်း
တရုတ်ပြည်ကို ဂျပန်တို့ဝင်ရောက်တိုက်ခိုက်စဉ် ဒေါက်တာဝီလျံ ဝေါလစ်သည် သာသနာပြုခွဲစိတ်ဆရာဝန်အဖြစ် တရုတ်ပြည် ဝူဇောင်းဒေသ၌ တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။ သူသည် Stout အောက်မေ့ဖွယ်ဆေးရုံ၏တာဝန်ခံတစ်ဦးအနေဖြင့်
လှေကြီးတစ်စီးပေါ်သို့ ဆေးပစ္စည်းကရိယာများ တင်ဆောင်ရန် အမိန့်ပေးလိုက်သည်။ ကြည်းတပ်၏ထိုးစစ်ဆင်မှုများကို ရှောင်ရန် မြစ်ကြောင်း တစ်လျှောက် စုန်ချည်ဆန်ချည် ကူးသန်းသွားလာလျက် ဆေးကုသခြင်းလုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
ဖိ ၁း၂၁ သည် ဒေါက်တာဝေါလစ်အကြိုက်ဆုံး ကျမ်းပိုဒ်များအနက်တစ်ခုဖြစ်ပြီး အန္တရာယ်ကြုံရသည့် အချိန်ကာလများတွင် ‘‘သူအသက်ရှင်လျှင် ကယ်တင်ရှင် အတွက် အမှုဆောင်မည်။ သူသေလျှင်လည်း ခရစ်တော်နှင့် ထာဝရနေရမည်’’ ဟူသည့် ကတိတော်ကို ခံရမည်ဟု ထိုကျမ်းပိုဒ်က သူ့ကို သတိပေး သည်။ ၁၉၅၁ ခုနှစ်တွင် မှားယွင်းအကျဉ်းကျခံရပြီး ထောင်၌ သူသေဆုံးသွားချိန်တွင် ထိုကျမ်းပိုဒ်သည် အထူးအဓိပ္ပာယ် လေးနက်ပေါ်လွင်ခဲ့သည်။
ရှင်ပေါလု၏ရေးသားချက်က လေးနက်သော ဆည်းကပ်မှုကို ဖော်ကျူးနေပြီး၊ ခရစ်တော်နောက်တော်လိုက်များအနေဖြင့် ထိုစိတ်ထားမျိုးရှိရန်…
ဘုရားသခင်၏တည်ရှိခြင်း
စိတ်ပူပန်နေသည့် သားအဖနှစ်ဦးသည် စိတ်တန်ခိုးရှင်ဆရာ၏ ရှေ့၌ ရောက်ရှိနေသည်။ ဆရာက ‘‘ခင်ဗျားသားက ဘယ်လောက်ဝေးတဲ့ ခရီးကို သွားမှာလဲ’’ ဟု မေးရာ၊ ဖခင်က မြို့တော်ကြီးဆီကိုပါ ဆရာ။ ပြီးတော့ သူက မြို့မှာ အတော်ကြာဦးမှာ’’ ဟု ဖြေသည်။ ဆရာက ဖခင်ထံသို့ လက်ဖွဲ့တစ်ခုကို ကမ်းပေးလိုက်ပြီး ‘‘ဒီအဆောင်က ခင်ဗျားသား သွားလေရာရာမှာ သူ့ကို ကွယ်ကာပေးလိမ့်မည်’’ ဟု ဆိုသည်။
ထိုဆယ်ကျော်သက်သားငယ်မှာ ကျွန်ုပ်ပင် ဖြစ်သည်။ သို့သော် ထိုဆရာနှင့်သူ၏လက်ဖွဲ့က ကျွန်ုပ်အတွက် ဘာမှ အထောက်အကူ မပြုပါ။ မြို့ကြီးသို့ ရောက်ရှိပြီးနောက် ကျွန်ုပ်သည် သခင်ယေရှုကို လက်ခံယုံကြည်ခဲ့ပြီး၊ ထိုလက်ဖွဲ့ကို လွှင့်ပစ်ကာ ခရစ်တော်၌ အမှီပြု တည်နေခဲ့သည်။ အသက်တာ၌ သခင်ယေရှုကို ရရှိခြင်းက ဘုရားသခင်၏ တည်ရှိခြင်းကို အာမခံသည်။
အနှစ် ၃၀ ကျော်လွန်ခဲ့ပြီးနောက်…
ကျွန်ုပ်တို့လုပ်နိုင်သောအရာ
အသက် ၉၂ နှစ်အရွယ် ဘိုးဘိုးကြီး မော်ရီဘူဂအာ့သည် အိပ်ယာ၌သာ ရှိနေရသော်လည်း မီချီဂန်ပြည်နယ်မှ အိမ်ယာမဲ့များအတွက် သိုးမွေးဦးထုပ်ထိုးပေးသည်။ ၁၅ နှစ်တာ အချိန်ကာလအတွင်း သူထိုးခဲ့သည့် ဦးထုပ်အလုံးပေါင်း ၈၀၀၀ ကျော်မျှရှိသည်။ သူ၏ ကျန်းမာရေးနှင့် ခန္ဓာအားနည်းချက်များအပေါ် အာရုံစိုက်ခြင်းထက် ဘိုးဘိုးကြီးသည် သူ၏ဖြစ်တည်မှုထက်ကျော်၍ ဘဝကိုရှုမြင်ပြီး မိမိ အရေးထက် အခြားသူ၏လိုအပ်မှုအရေးကို ရှေ့တန်းတင် ဦးစားပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူနေထိုင် ကောင်းသကဲ့သို့ ခံစားရပြီး၊ ၎င်းက ဘဝရှင်သန်ရသည့် ရည်ရွယ်ချက်ကို ပေးသည်။ ‘‘သခင်ဘုရားနှင့်အတူ ပြန်တွေ့ချိန်အထိ ဒီအလုပ်ကို ဆက်လုပ်နေဦးမှာ’’ ဟု သူက ပြောသည်။ သို့နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် သူဘုန်းတော် ဝင်စားခဲ့သည်။ သူထိုးပေးသည့် ဦးထုပ်ကို လက်ခံရရှိသူအများစုက သူ့အကြောင်းကို မသိ၊ ဦးထုပ်ထိုးရန် သူမည်မျှ အားထုတ် ကြိုးစားရကြောင်း…
အဖေနှင့်သားများ
ကျွန်တော့်ဖခင်သည် ဖခင်ကောင်းတစ်ဦးဖြစ်သလို ကျွန်တော်ကလည်း တာဝန်ကျေပြီး သိတတ်လိမ္မာသောသားဖြစ်သည်။ သို့သော် ကျွန်တော့်ဖခင် တောင့်တသောအရာတစ်ခုကို ကျွန်တော် မပေးခဲ့ပါ။ ၎င်းမှာ မိမိကိုယ်ကို ဖွင့်ပြခြင်းဖြစ်သည်။ အဖေက အေးဆေးသူ ဖြစ်ပြီး ကျွန်တော်ကလည်း နှုတ်နည်းသည်။ ကျွန်တော်တို့ သားအဖနှစ်ဦးသည် ဘေးချင်းယှဉ်လျက် နာရီများစွာ အလုပ်လုပ်ခဲ့ချိန်များ ရှိခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး စကားတစ်ခွန်းမျှပင် မပြောပါ။ အဖေက ဘယ်တော့မှ မမေးမြန်း မစပ်စုသလို ကျွန်တော်၏ အတွင်းစိတ်ခံစားချက်၊ စိတ်ကူးယဉ်အိမ်မက်၊ မျှော်လင့်ချက်၊ ကျွန်တော်စိုးရိမ်သည့်အရာများကို ကျွန်တော် လုံးဝမပြောခဲ့ပါ။
ထိုသို့ မပွင့်တစ်ပွင့် အုံ့ပုံးအနေအထားမှ ကျွန်တော် အချိန်မီနိုးထခဲ့ပါသည်။ ကျွန်တော့် သားကြီးမွေးလာချိန်နှင့် သားများ လောကထဲသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားချိန်များ၌ ကျွန်တော် အသိတရားဝင်ခဲ့သည်။ အဖေ့အတွက် သားတစ်ဦးထက်ပိုကောင်းရန် ကျွန်တော်ယခုမှ တောင့်တမိသည်။
အဖေ့ကို ပြောပြတိုင်ပင်နိုင်သည့်အရာများကို ကျွန်တော်တွေးရင်း ‘အဖေလည်း ငါ့ကို…
တောင်းပန်ပါတယ်
၂၀၀၅ ခုနှစ်က ကောလင်းသည် မဟုတ်မမှန်သည့် အစီရင်ခံစာတစ်စောင်ကို တင်ပြခဲ့ရာ၊ ရလဒ်အဖြစ် မဂ္ဂီး ထောင် ၄ နှစ် ကျခဲ့သည်။ မဂ္ဂီးက သူထောင်မှ လွတ်လျှင် ကောလင်းကို ရှာပြီး လက်စားချေမည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။ ထိုအတောအတွင်း ကောလင်း၏ မဟုတ်မမှန်အစီရင်ခံစာများ ပေါ်သွား၍ သူလည်း အလုပ်ပြုတ်ကာ ထောင်နန်းစံခဲ့ရသည်။ ထိုသူနှစ်ဦးတို့သည် ထောင်ကျနေစဉ်အတွင်း ခရစ်တော်ကို ယုံကြည်လက်ခံခဲ့ကြသည်။
၂၀၁၅ ခုနှစ်တွင် ၎င်းတို့နှစ်ဦးသည် ယုံကြည်ခြင်း အခြေပြု အဖွဲ့အစည်းတစ်ခုတည်း၌ အလုပ်လုပ်နေကြောင်း သိလိုက်ကြသည်။ ‘‘တကယ်ပါ၊ ကျွန်တော့်မှာ ဘာမှ ဖြေရှင်းစရာ မရှိပါဘူး။ ကျွန်တော်ပြောနိုင်တာကတော့ ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းပါဘဲ’’ ဟု ကောလင်းက မဂ္ဂီးကို ပြောသည်။ ‘‘အဲဒီ စကားတစ်ခွန်းက ကျွန်တော်ကြားချင်တဲ့ စကားဘဲလေ’’ ဟု ပြောကာ မဂ္ဂီးက ကောလင်းကို ခွင့်လွှတ်ခဲ့သည်။…
ဘခင်မေတ္တာ
သွားဆေးခန်းသို့ သွားရောက်ခဲ့စဉ်က ဘခင်မေတ္တာနှင့်ပတ်သက်ပြီး သင်ခန်းစာ ရလိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးခဲ့ဖူးသော်လည်း၊ မထင်မှတ်ဘဲ သင်ခန်းစာ တစ်ခုရခဲ့သည်။ သားလေး၏ နှဲ့နေသည့်သွားအောက်မှ ကြီးသွားလေးပေါက်လာသဖြင့် ထိုနှဲ့နေသည့် သွားကို နုတ်ပစ်ရန် ကျွန်တော်၏ ၁၀ အရွယ် သားနှင့် သွားဆေးခန်းသို့ သွားခဲ့သည်။
သားလေးက ‘‘ဖေဖေ အခြားနည်းလမ်းမရှိဘူးလား။ ဒီသွားကို မနုတ်ချင်ဘူး’’ ဟု မျက်ရည်နှင့် သူပြောရာ ကျွန်တော် ရင်ကွဲမတတ် ခံစားရသည်။ ‘‘သားရဲ့သွားကို နုတ်မှဖြစ်မှာ၊ အခြားနည်းလမ်းမရှိဘူး သားရယ်’’ ဟုသာ ပြန်ပြောနိုင်ခဲ့သည်။ ဆရာဝန်က သူ့သွားကို နုတ်လိုက်သည့်အခါ သားလေးမှာ နာကျင်လွန်း၍ သူ့ခမျာ တုန်သွားရှာသည်။ ကျွန်တော်လည်း သူ့လက်ကလေးကို ကိုင်လျက် မျက်ရည်ဝဲခဲ့ရသည်။ သူ၏နာကျင်မှုကို ပျောက်ကင်းအောင် မလုပ်ပေးနိုင်သော်လည်း သူ့အနီး၌ အတူရှိနေခြင်းက သူ့အတွက် သက်သာရာရစေမည်ဟု ကျွန်တော် ထင်မိပါသည်။
ထိုအခိုက်အတန့်တွင်…
ဉာဏ်ပညာ၏အချုပ်အခြာ
တစ်ခါက အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ခွေးခိုးမှုဖြင့် တရားစွဲခဲ့ဖူးသည်။ အမျိုးသမီးက ခွေးသည်သူ၏ခွေးသာဖြစ်ကြောင်း၊ ခွေးကို သူမည်သည့်နေရာမှာ ဝယ်ခဲ့ကြောင်း တရားသူကြီးကို ပြောလျက် ချေပသည်။ သို့သော်လည်း ခွေးကို လွှတ်ပေးလိုက်သည့်အခါတွင် ပိုင်ရှင်အစစ်အမှန်ပေါ်သွားသည်။ ခွေးလေးသည် အမြီးဝှေ့ယမ်းပြီး သခင်ဖြစ်သူအမျိုးသားထံသို့ ချက်ခြင်း ပြေးသွားတော့သည်။
ဣသရေလရှင်ဘုရင်ဖြစ်သည့် ရှောလမုန်မင်းကြီး သည်လည်း အလားတူပြဿနာမျိုးကို ဖြေရှင်းပေးခဲ့ဖူးသည်။ အမျိုးသမီးနှစ်ယောက် ကလေးငယ်တစ်ဦးကို လုနေသဖြင့် မည်သူက မိခင်အစစ်ဖြစ်သည်ကို စီရင်ပေးရသည့်အမှု ဖြစ်သည်။ မိခင်နှစ်ဦး၏အချေအတင် ငြင်းခုန်ပြောဆိုမှုအပြီး ရှောလမုန်မင်းကြီးက ကလေးငယ်ကို ဓားဖြင့် အလယ်မှ ထက်ဝက်ခြမ်းရန် အမိန့်ပေးလိုက်သည်။ ထိုအခါ မိခင်အရင်း ဖြစ်သူက သားငယ်၏အသက်ကို ကာကွယ်ရန် သူငယ်ကို ဓားနှင့်မပိုင်းရန် မင်းကြီးကို တောင်းပန်ခဲ့သည် (၃ ရာ ၃း၂၆)။ ထိုအခါ ရှောလမုန်မင်းကြီးက သူမလက်ထဲသို့ သားငယ်ကို ပေးအပ်လိုက်တော့သည်။
တရားမျှတမှုနှင့်…
ရှင်ဘုရင်ဖြစ်နေဆဲ
သတင်းတစ်ခုတွင် ‘‘ဆယ်စုနှစ်များအတွင်း ခရစ်ယာန်များအတွက် သုသာန်တစပြင်နှင့် တူသောနေ့တစ်နေ့’’ ဟု ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ် ဧပြီလ၏တနင်္ဂနွေနေ့ တစ်နေ့တွင် ဖြစ်ပျက်ခဲ့သည့်ဘုရားကျောင်းအတွင်း ဝတ်ပြုနေသူများကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကို ကျွန်တော်တို့ နားမလည်နိုင်ခဲ့ပါ။ ဘုရားကျောင်းထဲ၌ ဤသို့ သွေးထွက်သံယို မြင်ကွင်းမျိုးမြင်ရလိမ့်မည်ဟု ဘယ်သောအခါမှ မထင်ခဲ့ပါ။ သို့သော် ဤနာကျင်ခံစားမှုများကို သက်သာစေနိုင်သူတစ်ဦး ရှိပါသည်။
ဆာလံ ၇၄ ကို အာသပ်မင်း ရေးသားခဲ့စဉ်က ယေရုရှလင်မြို့သူမြို့သား အများစုသည် တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ကျွန်ခံနေရချိန်ဖြစ်သည်။ ဗိမာန်တော်ကြီး ဖြိုချဖျက်ဆီးခြင်း ခံလိုက်ရသည့်အဖြစ်ကို ဆာလံဆရာသည် မချိတင်ကဲ ဝေဒနာခံစားရလျက် ရေးသား ခဲ့သည်။ ‘‘ကိုယ်တော်၏လူစည်းဝေးရာအရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာသက်သေတို့ကို ထားပါပြီ’’ (ဆာ ၇၄း၎)။ ‘‘သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော် ကျိန်းဝပ်ရာတဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏’’ (ဆာလံ ၇၄း၇)။…