အမျိုးအစား  |  odb

မကောင်းသော အကြံဉာဏ်များဖယ်ရှား

မကြာမီ နယူးယောက်မြို့တော်သို့ ခရီးထွက်ခဲ့ရာ ကျွန်ုပ်တို့ ဇနီးမောင်နှံသည် ညဦးပိုင်း နှင်းအလှကို ခံစားကြည့်ရှုလိုသဖြင့် တည်းခိုသည့်ဟိုတယ်မှ သုံးမိုင်ခန့်ကွာဝေးသည့် ကျူးဘား စားသောက်ဆိုင်တစ်ခုသို့ သွားမည်ဖြစ်၍ တက္ကစီငှားရန် ဖုန်းဖြင့် ချိတ်ဆက်ပြီး လိုအပ်သော အချက်အလက်များ ရိုက်ထည့်ပို့လိုက်ရာ ကျသင့်ငွေမှာ ဒေါ်လာ ၁၅၄၃.၂၆ ဖြစ်နေ၍ ကျွန်တော် မျက်လုံးပြူးသွားသည်။ ထိတ်လန့်လျက် ပြန်စစ်ဆေးကြည့်ရာမှ ကျွန်ုပ်က မိုင်ပေါင်းများစွာဝေးသည့် ကျွန်ုပ်အိမ်သို့ဟု အချက်အလက်မှားထည့်မိခြင်းကြောင်း ဖြစ်ကြောင်း သိလိုက်ရသည်။

အချက်အလက်သတင်းအမှားနှင့် အလုပ်လုပ်ရပါက ဆိုးဆိုးဝါးဝါးရလဒ်နှင့်သာ အဆုံးသတ်ရလိမ့်မည်။ ထို့ကြောင့် လည်း သုတ္တံကျမ်းမှ ‘‘ဆုံးမသြဝါဒ၌ စိတ်နှလုံးစွဲလမ်း၍ ပညာအတတ် (ဘုရားသခင်၏ပညာတော်) စကားကို နားခံလော့’’ (သု ၂၃း၁၂) ဟု အားပေး
တိုက်တွန်းထားသည်။ မိုက်မဲသူ၊ တတ်ယောင်ကားလုပ်သူ၊ ဘုရားသခင်ကို ကျောခိုင်း သူတို့ထံမှ အကြံဉာဏ်တောင်းခံမိပါက ကျွန်ုပ်တို့ ဒုက္ခတွေ့မည်ပင်။ ထိုသူတို့သည်…

ဖီကာ စိတ်သဘော

ကျွန်မ၏အိမ်အနီးဝန်းကျင်ရှိ ကော်ဖီဆိုင်၏အမည်မှာ ဖီကာ ဖြစ်သည်။ ၎င်းသည် ဆွီဒင်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်မှာ မိသားစုများ၊ လုပ်ဖော်ဆောင်ဖက်များ၊ မိတ်ဆွေ များနှင့်အတူ ကော်ဖီနှင့်မုန့် လာသုံးဆောင်ရင်း ခေတ္တအနားယူပါဟူ၍ ဖြစ်သည်။ ကျွန်မက ဆွီဒင်လူမျိုး မဟုတ်ပါ။ သို့သော် ထိုအဓိပ္ပာယ်က ကိုယ်တော်သည်လည်း မုန်တစ်ဖဲ့ကိုယူ၍ အခြားမိတ်ဆွေများနှင့် အနားယူသည် ဟူသော ကျွန်မအနှစ်သက်ဆုံး သခင်ယေရှုအကြောင်း တစ်ချက်ကို ဖော်ပြနေသည်။

ကျွမ်းကျင်ပညာရှင်များက သခင်ယေရှု စားသော အစာသည် ကြုံရာကျပန်းစားခြင်း မဟုတ်ဟု ဆိုသည်။ ဓမ္မပညာရှင် မာ့ဂလဲန်ဗေးက ထိုအစာသည် ဓမ္မဟောင်း ကျမ်းမှ ဣသရေလလူတို့ စားသောက်ပွဲနှင့် ပွဲတော်ကျင်းပ ချိန်၌ စားသည့် ဝမ်းမြောက်စိတ်နှင့် စားသည့်အစာဟု ဆိုသည်။

ဣသရေလလူတို့အနေဖြင့် ဘုရားသခင်ကို ဗဟိုပြု အာရုံပြုလျက် ဝမ်းမြောက်ရန်၊ ပွဲတော်ဆင်နွဲရန်၊ တစ်လောကလုံးအပေါ် တရားမျှတစွာ စီရင်ရန် ကိုယ်တော် အလိုရှိသည်။…

ဆိတ်ငြိမ်မှု၏အံ့ဖွယ်ရာ

ကျွန်မ၏ဘဝရှင်သန်မှုက မွှန်ထူပြာယာခတ်နေသကဲ့သို့ ကျွန်မခံစားရသည်။ ချိန်းဆို ထားသည့် ကိစ္စအတွက် တစ်နေရာမှအခြားတစ်နေရာသို့ အပြေးအလွှား သွားရသည်။ သွားနေသည့်ခရီးလမ်းတွင် ဖုန်းပြောသည်။ လုပ်ရမည့်အရာ မည်မျှကျန်သည်ကို စစ်သည်။ ဤသို့ဖြင့် အလွန်ပင်ပန်းသည့် တနင်္ဂနွေတစ်နေ့တွင် အိမ်နောက်ဘက်၌ ဆင်ထားသည့် အဝတ်ပုခက်ထဲ ကျွန်မ ပစ်လှဲလိုက်သည်။ ဖုန်းရော၊ ကလေးနှင့် ခင်ပွန်းသည်ရော အိမ်ထဲမှာ ရှိနေသည်။ အစ၌ ခဏမျှသာထိုင်မည်ဟု တွေးထားသော်လည်း အနှောင့်အယှက်ကင်းပြီး ဆိတ်ငြိမ်မှုကြောင့် ကျွန်မကြာကြာ ဆက်ထိုင်ဖြစ်အောင် ဆွဲဆောင်သည့်အရာများကို သတိပြု မိသည်။ သက်သောင့်သက်သာ ငြိမ့်ငြိမ့်လေး လှုပ်ရှားနေသည့် ပုခက်မြည်သံ၊ လာဗင်ဒါပန်း အနီး ပျံဝဲနေသည့် ပျားအသံ၊ ငှက်ကလေးတစ်ကောင်၏ တဖြတ်ဖြတ်တောင်ပံခတ်သံ စသည်တို့ကို ကြားနေရသည်။ ကောင်းကင်ကြီးက တောက်ပသော အပြာရောင်လွင်လွင်နှင့် တိမ်စိုင်များက လေနှင့် အလိုက်သင့် မျှောပါရွေ့လျားနေကြသည်။

ဘုရားသခင် ဖန်ဆင်းထားသမျှကို ကြည့်ရင်း ကျွန်မ…

ဘုရားသခင်၏ဇာတ်လမ်း၌ ရှင်သန်ခြင်း

စာရေးဆရာကြီး အဲန်းနက်စ် ဟဲမင်းဝေးအား စကားလုံး ၆ လုံးဖြင့် ထိမိသော ဇာတ်လမ်းတစ်ပုဒ်ရေးနိုင်မည်လား ဟု တောင်းဆိုရာ ဆရာကြီးက ‘‘ဘယ်သောအခါမှ မဟောင်းနွမ်းသော ကလေးရှူးဖိနပ် ရောင်းမည် - For sale: Baby shoes. Never worn.” ဟူ၍ ရေးလိုက်သည်။ ၎င်းဇာတ်လမ်းတွင် အကြောင်းအရာအသေးစိတ်ကို ဖြည့်ရေးရန် ကျွန်ုပ်တို့အတွက် လှုံ့ဆော်မှုဖြစ်ခြင်းက ထိုဇာတ်လမ်း၏ သက်ရောက်မှုအားပင်ဖြစ်သည်။ ကျန်းမာသည့်ကလေးအတွက် ရှူးဖိနပ် မလိုအပ်ခြင်း ကြောင့်လား။ ဘုရားသခင်၏ နက်နဲသောမေတ္တာနှင့်နှစ်သိမ့်မှုကို လိုအပ်ခြင်းလား။ ဝမ်းနည်းဖွယ် ဆုံးရှုံးမှုအဖြစ်အပျက် ကြောင့်လား။

အကောင်းဆုံးဇာတ်လမ်းဖြစ်လည်း ကျွနု်ပ်တို့၏ စိတ်ကူးနှင့် မတူနိုင်ပါ။ အမြင့်မြတ်ဆုံးသော ဇာတ်လမ်း တစ်ပုဒ်က ကျွန်ုပ်တို့၏ တီထွင်ဆန်းသစ်မှု မီးစကို ထွန်းညှိပေးသည်။ ဘုရားသခင်၏ ဇာတ်လမ်း၌ အဓိက ဇာတ်အိမ်တည်ဆောက်မှုက ဤသို့ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး၊…

ကျွန်ုပ်တို့လက်ကို ကိုယ်တော်ကိုင်စွဲမူ၏

တနင်္ဂနွေနေ့က ဘုရားကျောင်း၌ ကလေးမလေးတစ်ဦးသည် ဘုရားကျောင်းလှေကားကို စူးစမ်းသည်။ သူက ချစ်စရာကောင်းပြီး ရဲတင်းသည်။ လွတ်လပ်စွာ ပြုမူသည်။ အသက်က ၂ နှစ်မျှသာရှိမည်။ သူက လှေကားထစ် တစ်ထစ်ပြီးတစ်ထစ် ဆင်းလာသည်။ လှေကားတစ်လျှောက် ဆင်းလာရန်က သူ့အလုပ်၊ အောက်သို့ သူအောင်မြင်စွာ ရောက်လာသည်။ သတ္တိရှိပြီး လွတ်လပ်စွာဖြင့် သူလုပ်ချင်ရာ လုပ်ရဲသည့် ကလေးမလေးကို ကျွန်တော်ကြည့်ပြီး ပြုံးမိသည်။ စောင့်ကြည့်နေသည့် သူမိခင်၏အကြည့်က သူ့ထံမှ မလွဲ၊ ထို့ပြင် သူ့ကို ကူညီစောင်မမည့် မိခင်လက်ကလည်း အဆင်သင့်ရှိနေခြင်းကြောင့် သူမကြောက်ပါ။ ဤမြင်ကွင်းက မသေချာမရေရာသော လောကဘဝအလယ်၌ ကျင်လည် နေရသည့် သူ၏သားသမီးများကို ကူညီမစရန် ဘုရားသခင် အဆင်သင့်ရှိနေခြင်းကို ထင်ဟပ်ပြနေပါသည်။

ယနေ့ဖတ်ရန် ကျမ်းပိုဒ်တွင် လက်နှစ်မျိုးကို ရည်ညွှန်းထားသည်။ သူ့လူတို့ကို မကြောက်ရန်၊ အားမလျော့စိတ်မပျက်ရန် သတိပေးလျက် ‘‘ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်’’…

အသက်ရှင်သောယဇ်

ကျွန်မ၏ဒေါ်လေးသည် စိတ်လှုပ်ရှားဖွယ် ကြော်ငြာလုပ်ငန်း၌ လုပ်ကိုင်သူဖြစ်ပြီး ချီကာဂိုနှင့် နယူးယောက်မြို့တော်သို့ ကူးချည်သန်းချည် သွားလာရသည်။ သို့သော် မိဘကို ချစ်ပြီးပြုစုစောင့်ရှောက်ရန်အတွက် အလုပ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ မိဘများက မင်နီဆိုးတားပြည်နယ်၌ နေထိုင်ပြီး အသက်အရွယ်အရ ပြုစုစောင့်ရှောက်ရန် လိုနေပြီဖြစ်သည်။ အစ်ကိုနှစ်ဦးက ငယ်ငယ်ရွယ်ရွယ်နှင့် အဖြစ်ဆိုးကြုံပြီး ဆုံးပါးသွားသဖြင့် ဒေါ်လေးမှာ ကျန်ကြွင်း သော တစ်ဦးသောသမီးဖြစ်သည်။ မိဘကို အစေခံပြုစုခြင်းက သူ၏ယုံကြည်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။

ရောမရှိ ခရစ်ယာန်များအား တိုက်တွန်းအားပေးသော စာ၌ ရှင်ပေါလုက ယုံကြည်သူများအား ‘‘အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင် နှစ်သက်တော်မူသောယဇ်ကို ပူဇော်ရန်’’ (ရော ၁၂း၁) ရေးသားခဲ့သည်။ ခရစ်တော်၏ ကိုယ်ကျိုးစွန့်ပူဇော်သည့်မေတ္တာကို ၎င်းတို့ အချင်းချင်းသို့ ဖြန့်ကျက်ရန် သူမျှော်လင့်သည်။ မိမိကိုယ်ကို ထင်သင့် သည်ထက် မထင်ရန်လည်း (း၃) ပြောကြားသည်။ အချင်းချင်းကြား စိတ်သဘောမတိုက်ဆိုင်မှုနှင့် ကွဲပြားမှုတို့…

စာထဲမှာထည့်ပို့လိုက်

၎ နှစ်အရွယ် ကလေးအများစုကဲ့သို့ပင် ရူဘီလေးသည် ပြေးလွှားကစားကခုန်ကာ၊ သီချင်းဆိုခြင်းကို နှစ်သက်လှသည်။ သို့သော် ရူဘီက သူ့ဒူးနာကြောင်း စပြီးပြော လာသည်။ မိဘများက သူ့ကိုကျန်းမာရေးစစ်ဆေးရန် ခေါ်သွားရာ ကင်ဆာအကြိတ် အဆင့် ၄ ဆိုသည့်ရလဒ်မှာ ထိတ်လန့်စရာကောင်းလှသည်။ ရူဘီလေးမှာ အခက်ကြုံရပြီ။ သူ့ကို အမြန်ပင် ဆေးရုံတင်လိုက်ရသည်။

ရူဘီလေး ဆေးရုံတက်ရသည့်အချိန်မှာ ခရစ်စမတ် နီးလာချိန်အထိတိုင် ကြာသွားသည်။ အိမ်နှင့်ဝေးကွာချိန် များက သူ့အတွက် အလွန်ပင်ခက်ခဲလှသည်။ ရူဘီလေး၏ သူနာပြုဆရာမက ရူဘီ၏အခန်းအပြင်ဘက်၌ စာတိုက်ပုံး ထားရှိရန် အကြံကောင်းရပြီး မိသားစုများက ဆုတောင်း မေတ္တာပို့စာများကို ပေးပို့ပြီး သူ့ကို အားပေးနှစ်သိမ့်နိုင်မည် ဖြစ်သည်။ ထိုတောင်းခံချက်က ဖေ့စ်ဘွတ်ပေါ် ပျံ့သွားပြီး မိတ်ဆွေသူငယ်ချင်းများသာမက သူစိမ်းများထံမှပင် စာအမြောက်အမြား ရရှိခဲ့သည့်အတွက် လူအားလုံးအပါအ၀င် ရူဘီလေးမှာ အထူးပင် အံ့သြခဲ့သည်။ စာပေါင်း တစ်သိန်းကျော်မျှရှိရရှိပြီး…

ချောင်ထိုးပြီး ရှေ့ဆက်ပါ

ရေဒီယိုအသံလွှင့်တင်ဆက်သူမိတ်ဆွေတစ်ဦး၏ ဉာဏ်အမြော်အမြင်ပြည့်သော အကြံပြုချက် တစ်ချို့ကို ကျွန်ုပ်အမှတ်ရသည်။ သူအလုပ်ဝင်စက ပြစ်တင်ဝေဖန်မှုနှင့် ချီးမွမ်းမှုများကို မည်သို့ကိုင်တွယ်ရမည်ကိုသိရှိရန် သူအတော်ရုန်းကန်ခဲ့ရသည်။ ထိုအရာ နှစ်ခုစလုံးကို ချောင်ထိုးထားရန် ဘုရားသခင် တိုက်တွန်းကြောင်း သူခံစားခဲ့ရ သည်။ သို့နှင့် ‘‘ပြစ်တင်ဝေဖန်မှုမှ မည်သည့်သင်ခန်းစာ ရမည်ကို သင်ယူပြီး ချီးမွမ်းခြင်းကို လက်ခံပါ။ ထို့နောက် နှစ်မျိုးလုံးကို ချောင်ထိုးပြီး နှိမ့်ချစွာဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် တန်ခိုးတော်၌ ရှေ့ဆက်ပါ’’ ဟု သူခံယူ နှလုံးသွင်းခဲ့သည်။

ပြစ်တင်ဝေဖန်မှုနှင့် ချီးမွမ်းမှုတို့ကို မဆန်းစစ်ဘဲ ထားလိုက်ပါက ကြီးမားသောစိတ်ခံစားမှုကို ဖြစ်စေပြီး မိမိ ကိုယ်ကိုမုန်းတီးခြင်း သို့မဟုတ် အတ္တမာနထောင်လွှားခြင်း တစ်ခုခု ဖြစ်သွားနိုင်သည်။ သုတ္တံကျမ်း၌ ခွန်အားပေး တိုက်တွန်းမှုနှင့် ဉာဏ်အမြော်အမြင်ပြည့်သော အကြံဉာဏ်တို့၏ အကျိုးကျေးဇူးများကို ဖတ်ရှုရသည်။ ‘‘ကောင်းသောသတင်းစကားသည်လည်း အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝ စေတတ်၏။ အသက်နှင့်ယှဉ်သော ဆုံးမခြင်းစကားကို…

ဆုတောင်းခြင်းနှင့် ကြီးထွားခြင်း

ကျွန်တော့်မိတ်ဆွေဒေးဗစ်၏ဇနီးသည်သည် မှတ်ဉာဏ်ချွတ်ယွင်းသည့်ရောဂါ ခံစားရ သည့်အချိန်မှစ၍ သူဘ၀၌ ဖြစ်လာသည့် အပြောင်းအလဲက သူ့ကို ခါးခါးသီးသီး ခံစားရစေသည်။ ဇနီးသည်ကို ကြည့်ရှုစောင့်ရှောက်ရန် သူစောစောစီးစီး အလုပ်မှ အနားယူ ခဲ့ရသည်။ ရောဂါအခြေအနေ ပြင်းထန်လာသည်နှင့်အမျှ ဇနီးသည်အား ပို၍ ဂရုပြု စောင့်ရှောက်ရန် လိုအပ်လာသည်။

‘‘ကျွန်တော် ဘုရားသခင်ကို အရမ်းစိတ်ဆိုးတယ်။ ဒါပေမယ့် ကျွန်တော်ဆုတောင်းလေလေ၊ ဘုရားက ကျွန်တော့်ရဲ့စိတ်နှလုံးကို ထောက်ပြပြီး အိမ်ထောင်သက်တမ်း အများစုမှာ ကျွန်တော် ဘယ်လောက်တစ်ကိုယ်ကောင်းဆန် ခဲ့လဲဆိုတာ ပြလေလေပဲ။ ကျွန်တော့်ဇနီးက ဆယ်နှစ်ကြာ ရောဂါခံစားရတယ်။ ဒါပေမယ့် ဘုရားက ကျွန်တော့်ရဲ့ အမြင်ကို ပြောင်းလဲပစ်ဖို့ ကူညီခဲ့တယ်။ အခု သူ့အတွက် လုပ်ပေးသမျှ မေတ္တာစိတ်နဲ့လုပ်ပေးတယ်၊ ရှင်ယေရှုအတွက် လည်းပဲ မေတ္တာနဲ့လုပ်ပေးတယ်။ သူ့ကို ဂရုစိုက် စောင့်ရှောက် ရတာက ကျွန်တော့်ဘ၀ရဲ့အကြီးမားဆုံး အခွင့်အရေးဖြစ်လာ တယ်’’…

ခွန်အားပေးခြင်း အ၀န်းအ၀ိုင်း

ကျွန်ုပ်၏အိမ်အနီးရှိ ကျန်းမာရေးလေ့ကျင့်သည့်စင်တာသို့သွားတိုင်း အမြဲပင်ခွန်အား ရသည်။ ပျားပန်းခပ်နေသည့်ထိုနေရာ၌ မိမိတို့၏ခန္ဓာကိုယ် ကျန်းမာရေးနှင့် အားအင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားနေကြသည့်သူများက ကျွန်ုပ်ကို ၀န်းရံနေသည်။ ဆင်ထားသည့် ကြော်ငြာပိုစတာများက အချင်းချင်းကို မဝေဖန်ရန် သတိပေးနေပြီး အခြားသူ၏အားထုတ်ကြိုးစားမှုကို အထောက်အမပြုသော အပြုအမူ၊ ပြောစကားများကိုဖြင့် အမြဲပင် ကြိုဆိုသည်။

၎င်းသည် ၀ိညာဉ်ရေးရာအသက်တာ၌လည်း ဖြစ်သင့်သည့် မြင်ကွင်းသရုပ်ပင် မဟုတ်ပါလား။ ၀ိညာဉ်ရေး၌ ‘‘ပုံကျပန်းကျ’’ဖြစ်ရန်၊ ယုံကြည်ခြင်း၌ ကြီးထွားလာရန် ကြိုးစားရင်း၊ တစ်ခါတစ်ရံတွင် ရှင်ယေရှုနှင့်အတူ လျှောက် လှမ်းရာတွင် ရင့်ကျက်သူတစ်ဦးဦးကဲ့သို့ ဖြစ်မနေဘဲ ၀ိညာဉ်ရေး ပုံမကျဖြစ်နေခြင်းကြောင့် ၄င်းနှင့်မသက်ဆိုင် သည့် ဘေးထွက်နေသူအလား ခံစားမိတတ်သည်။

ရှင်ပေါလုက ကျွန်ုပ်တို့အတွက် ဤသို့ တိုတိုတုတ်တုတ်နှင့် တိုက်ရိုက် အကြံ ပြုထားပါသည်။ ‘‘အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့’’ (၁ သက် ၅း၁၁)။ ရောမမြို့ရှိ…