ဘုရားသခင်က နိုးဟု ပြောသောအခါ
စင်္ကာပူလူငယ်များအားလုံးနည်းတူ အသက် ၁၈ နှစ်တွင် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်မှုထမ်းရသောအခါ စာရေး (သို့) ယာဉ်မောင်းကဲ့သို့သော သက်တောင့်သက်သာ ရာထူးမျိုးရရန် ကျွန်တော်ပြင်းပြင်းထန်ထန် ဆုတောင်းခဲ့သည်။ ကျွန်တော်က ခန္ဓာပိုင်း ကြံ့ခိုင်မှုမရှိသဖြင့် တိုက်ခိုက်ရေးသင်တန်း၏ပင်ပန်းဆင်းရဲမှုဒဏ်မှလွတ်ရန် ကျွန်ုပ် မျှော်လင့်ခဲ့သည်။ သို့သော် တစ်ညနေတွင် ကျမ်းစာဖတ်စဉ် ကျမ်းပိုဒ်တစ်ပိုဒ် ပေါ်လာသည်။ ‘‘ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏...’’ (၂ ကော ၁၂း၉)။
ကျွန်တော် စိတ်သက်သာရာရခဲ့သည်။ ကျွန်တော့် ဆုတောင်းကို ဘုရားရှင်အဖြေပေးပြီ။ ကြီးလေးသောတာဝန် ပေးအပ်ခံရလျှင်ပင် ကိုယ်တော်ကျွန်ုပ်နှင့်အတူရှိသည်။
သို့နှင့် သံချပ်ကာတပ်ရင်းတွင် ခြေလျင်တပ်သား အဖြစ် စိတ်မပါသော တာဝန်များကို ထမ်းဆောင်ရင်း လုပ်ငန်း တာဝန် ပြီးဆုံးခဲ့သည်။ ယခုပြန်လည်ဆင်ခြင်မှ ကျွန်တော်လိုချင်သော အရာကို ဘုရားသခင် မပေးခဲ့ခြင်းအတွက် ကျေးဇူးတင်မိသည်။ သင်တန်းမှ လေ့ကျင့် သင်ကြားမှုနှင့် အတွေ့အကြုံများက ကျွန်တော့်အား…
ကောင်းသော ဖယ်ရှားရာနေ့
၂၀၀၆ ခုနှစ်မှစ၍ လူတစ်စုသည် နှစ်သစ်ကူးချိန်၌ လုပ်ရိုးလုပ်စဉ်မဟုတ်သောပွဲကို ကျင်းပကြသည်။ ၎င်းကို ‘‘ကောင်းသောဖယ်ရှားရာနေ့’’ ဟု ခေါ်သည်။ လက်တင် အမေရိက ယဉ်ကျေးမှုကို အခြေခံလျက် လူတစ်ဦးချင်းသည် မကောင်းသော၊ စိတ်ကသိကအောင့် ဖြစ်သော ဆိုးရွားသည့်နှစ်ဟောင်းမှ အဖြစ်အပျက်များကို စာရွက်ပေါ်တွင် ချရေးပြီး စက္ကူဖျက်စက်ဖြင့် ပျက်စီးကြသည်။ အချို့က ဆယ်ပေါင် တူကြီးဖြင့် ရေးသားထားသော အကြောင်းအရာများကို ထုနှက်ပစ်ကြသည်။
ဆာလံ ၁၀၃ ကို ရေးသားသူက မနှစ်သက်ဖွယ် အမှတ်ရစရာများကို ဖယ်ရှားလိုက်ခြင်းထက်မကသော အချက်ကို အဆိုပြုထားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အပြစ်များကို ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သူသတိပေး ထားသည်။ သူ၏လူများအတွက် ဘုရားသခင်၏ ကြီးမားသောမေတ္တာကို ဖော်ပြရန် ကြိုးစားရာတွင် ရုပ်လုံးပေါ်စေမည့် စကားလုံးများကို ဆာလံဆရာက အသုံးပြုထားသည်။ ဘုရားသခင်၏မေတ္တာကြီးမားမှုကို ကောင်းကင်နှင့် မြေကြီး၏အကွာအဝေးဖြင့် နှိုင်းယှဉ်ထားသည်(း၁၁)။ ကိုယ်တော်၏ ခွင့်လွှတ်ခြင်းကို…
အမြင့်မြတ်ဆုံးသောနေရာ
ကျွန်မ၏ခင်ပွန်းသည် မိတ်ဆွေတစ်ဦးကို ဘုရားကျောင်းသို့ ဖိတ်ခေါ်ခဲ့သည်။ ဝတ်ပြုခြင်းအပြီးတွင် ထိုမိတ်ဆွေက “သီချင်းတွေနှင့် ပတ်ဝန်းကျင်အငွေ့အသက်ကို ကျွန်တော် ကြိုက်ပါတယ်။ ဒါပေမဲ့ နားမလည်ဘူး။ ဘာကြောင့် ယေရှုကို ဒီလောက် ချီးမြှောက် ကိုးကွယ်နေရကြတာလဲ’’ ဟု မေးသည်။ ကျွန်မ၏ ခင်ပွန်းက ခရစ်ယာန် ဘာသာသည် ခရစ်တော်နှင့် (မိတ်သဟာယဖွဲ့သည့်) ဆက်ဆံရေးဖြစ်ကြောင်း၊ ခရစ်တော်မရှိပါက ခရစ်ယာန် ဘာသာသည် အဓိပ္ပာယ်မဲ့ဖြစ်ပြီး၊ ကျွန်ုပ်တို့ အသက်တာ များတွင် ယေရှု ပြုပေးခဲ့သော အမှုများကြောင့် ကျွန်ုပ်တို့ အတူတကွ စုဝေ၍ ချီးမွမ်းခြင်းဖြစ်ကြောင်း ရှင်းပြသည်။
သခင်ယေရှုသည် မည်သူဖြစ်သည်၊ မည်သည့် အရာများ ပြုပေးသနည်း။ ရှင်ပေါလုက ကောလောသဲ အခန်းကြီး ၁ ၌ အဖြေပေးခဲ့သည်။ မည်သူမျှ ဘုရားသခင်ကို မမြင်ဘူးသော်လည်း၊ ဘုရားသခင်အား ဖော်ပြ ထင်ရှားပြရန် သခင်ယေရှု ကြွလာခဲ့သည်…
နေ့တစ်နေ့ မျှသာလော
စာရေးဆရာ ဝီလျံဒီးန် ဟိုဝဲလ်စ်၏ ‘‘နေ့တိုင်းခရစ်စမတ်’’ အမည်ရှိ စာအုပ်သည် နေ့တိုင်း ခရစ်စမတ်ဖြစ်လိုသည့် မိန်းကလေးတစ်ဦး၏ ဆန္ဒပြည့်စုံသွားခြင်း အကြောင်း ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်း၌ ရှည်လျားသော တစ်နှစ်လုံးတွင် လူတိုင်း သကြားလုံးကို မုန်းလာကြသည်။ ကြက်ဆင်များ ရှားပါးလာပြီး အဆမတန် ဈေးနှုန်းဖြင့် ရောင်းချလာကြသည်။ လက်ဆောင်များ တောင်ပုံယာပုံ ဖြစ်လာပြီး လက်ဆောင်ရရှိသည်ကို မည်သူမျှ ကျေးဇူးမတင် ကြတော့ပါ။ လူများတစ်ဦးအပေါ်တစ်ဦး စိတ်သဘောထား ဆိုးလာကြသည်။
ဟိုဝဲလ်စ်၏ ဇာတ်လမ်းမှာ သရော်ထားသောပုံပြင် တစ်ခုသာ ဖြစ်သောကြောင့် ကျေးဇူးတင်စရာပါ။ သခင်ဘုရား၏အကြောင်းကို သမ္မာကျမ်းစာ၌သာ ကျွန်ုပ်တို့ မြင်ရသော်လည်း ခရစ်စမတ်ပွဲတော်ကျင်းပရခြင်း၏ အဓိကအကြောင်းအရင်းသည် ကျွန်ုပ်တို့ကို မငြီးငွေ့စေခြင်း က မယုံနိုင်လောက်သော ကောင်းချီးမင်္ဂလာဖြစ်သည်။
သခင်ယေရှုသည် ခမည်းတော်ထံ တက်ကြွသွားပြီးနောက် ယေရုရှလင်မြို့ရှိ ဗိမာန်တော်၌ သခင်ယေရှုသည် မောရှေကြိုတင်ပြောကြားထားသောသူဖြစ်ကြောင်းကို ပရိတ်သတ်အပေါင်းတို့အား တမန်တော်ပေတရု ကြွေးကြော်ခဲ့သည်။…
ဆောင်းနှင်း
ဆောင်းရာသီ၌ ဆိတ်ငြိမ်စွာ နှင်းများကျဆင်းပြီး ကမ္ဘာကြီးကို လွှမ်းခြုံထားသော အံ့ဖွယ် လှပသည့် နှင်းများကို ကြည့်ရန် ကျွန်မ မကြာခဏ နံနက်စောစော နိုးထလေ့ရှိသည်။ နွေဦးချိန်ခါ ကျယ်လောင်စွာအချက်ပေးသည့် မိုးကြိုးမုန်တိုင်းများကဲ့သို့ မဟုတ်ဘဲ နှင်းများက ညင်သာစွာ ကျဆင်းလာသည်။
Audrey Assad သီဆိုသည့် “ဆောင်းနှင်းသီချင်း’’ တွင် သခင်ယေရှုသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ဘုန်းတန်ခိုးနှင့် ကမ္ဘာမြေသို့ ကြွလာနိုင်သော်လည်း ထိုအစား ညအချိန် ပြတင်းပေါက်အပြင်ဘက်တွင် ညင်သာစွာ ကျဆင်းသည့် ဆောင်းနှင်းကဲ့သို့ တိတ်ဆိတ်စွာနှင့် ဖြည်းညင်းစွာ ကိုယ်တော် ကြွဆင်းခဲ့သည်။
သခင်ယေရှုကြွရောက်လာခြင်းက လူအများကို အံ့သြမှင်သက်စေသည်။ နန်းတော်တွင် မွေးဖွားရမည့်အစား ဖြစ်နိုင်ဖွယ်မရှိသော နေရာဖြစ်သည့် ဗက်လင်မြို့ပြင်ရှိ နိမ့်ကျသောနေရာ၌ မွေးဖွားခဲ့သည်။ အဆင်ပြေဆုံး တစ်ခုတည်းသော အိပ်ယာဖြစ်သည့် နွားစာခွက်ထဲ၌ ကိုယ်တော် အိပ်စက်ခဲ့သည် (လုကာ ၂း၇)။ တော်ဝင်မင်းမျိုးမင်းနွယ်များနှင့် အုပ်ချုပ်သူ…
စဉ်းစားဆင်ခြင်ပါ
လန်ဒန်မြို့ရှိ ကျမ်းစာကျောင်း၌ ဆရာကြီး အော့ဝဲချိန်းဘားစ် စာသင်ကြားစဉ်အခါက (၁၉၁၁-၁၉၁၅) စာသင်ခန်း၌ သူဟောပြောပို့ချသည့်အရာ (သင်ခန်းစာ)က ကျောင်းသားများကို ဇဝေဇ၀ါ ဖြစ်စေသည်။ ထမင်းစားချိန်ပြီးလျှင် ဆွေးနွေးခြင်းကို သီးသန့်ပြုလုပ်ကြရာ၊ မေးခွန်းများ၊ အယူအဆ မတူညီမှုများနှင့် ကန့်ကွက်မှု များကို ဆရာကြီး မကြာခဏ ရင်ဆိုင်ရကြောင်း၊ ‘‘အခုထားလိုက်ပါ။ နောက်ပိုင်း နားလည်လာလိမ့်မယ်’’ ဟု ဆရာကြီးအော့ဝဲက အပြုံးဖြင့် ပြန်ပြောလေ့ရှိကြောင်း အမျိုးသမီးငယ်တစ်ဦးက ပြောပြသည်။ ပြဿနာအကြောင်းအရာကို စဉ်းစား ဆင်ခြင်ရန်နှင့် သမ္မာတရားကို ဘုရားသခင်အား ဖော်ပြခွင့် ပေးရန် ဆရာကြီးက သူတို့ကို အားပေးလေ့ရှိသည်။
တစ်စုံတစ်ရာကို စဉ်းစားဆင်ခြင်ခြင်းဆိုသည်မှာ ထိုအရာကို အာရုံစိုက်၍ သေသေချာချာ တွေးတော ဆင်ခြင်ခြင်းဖြစ်သည်။ ဗက်လင်မြို့၌ သခင်ယေရှုမွေးဖွားပြီးနောက် တစ်ဆက်တည်း မှာပင် ကောင်းကင်တမန်များ ထင်ရှားခြင်း၊ မေရှိယအား ဖူးမြော်ရန် သိုးထိန်းများ ရောက်လာခြင်း စသည့်…
ကြွယ်ဝခြင်းဖြစ်စေ၊ ဒုက္ခဆင်းရဲခံရခြင်းဖြစ်စေ
Ann Voskamp ၏ One Thousand Gifts အမည်ရှိ စာအုပ်၌ စာဖတ်သူတို့အား မိမိတို့၏ နေ့စဉ်အသက်တာ၌ ဘုရားသခင် သူတို့အတွက် ပြုသောအမှုများကို ရှာဖွေရန် အားပေးထားသည်။ ၎င်းစာအုပ်၌ ပန်းကန်ဆေးစဉ် တွေ့ရသည့် သက်တန့်ရောင် ပြေးနေသည့် ပူဖောင်းလေး၏ အလှမှစ၍ အပြစ်သားများဖြစ်သည့် သူမအပါအဝင် ကျွန်ုပ်တို့အားလုံးအတွက် နှိုင်းယှဉ်၍မရနိုင်သော ကယ်တင်ခြင်းအထိ ဘုရားသခင်၏ ကြွယ်ဝသောရက်ရောမှု ကောင်းချီးလက်ဆောင် အကြီးအငယ်ကို နေ့စဉ်မှတ်စု ရေးခဲ့ သည်။ ကျေးဇူးသိတတ်ခြင်းသည် ဘဝအသက်တာ၏ ဒုက္ခ အရောက်ဆုံး အချိန်၌ပင် ဘုရားသခင်ကို တွေ့မြင်စေသော အဓိကသော့ချက် ဖြစ်သည်ဟု Ann က ဖော်ပြထားသည်။
ဒုက္ခနှင့် ရင်ဆိုင်သည့် ဘဝအသက်တာဟုဆိုလျှင် ယောဘ၏ဘ၀ကထင်ရှားလှသည်။ စင်စစ် သူ၏ဆုံးရှုံးမှုက ကြီးမားများပြားလှသည်။ သူ၏သိုးနွားများအားလုံး ဆုံးရှုံးပြီး မကြာမီမှာပင် သားသမီး ဆယ်ယောက်စလုံး ရှေ့ဆင့်…
မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏ဗျူဟာ
ကျွန်ုပ် အနှစ်သက်ဆုံး ဘောလုံးအသင်းသည် ကစားပွဲရှစ်ပွဲကို ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ဤကစားပွဲရာသီအတွင်း သူတို့အနိုင်ရရေး မျှော်လင့်ရန်ခက်လှသည်။ နည်းပြက အပြောင်းအလဲများကို အပတ်စဉ်ပြုလုပ်သော်လည်း ရလဒ်က အောင်မြင်မှု မရရှိခဲ့ပေ။ ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်နှင့် စကားပြောရင်း ခြားနားသောရလဒ် အနိုင်လိုချင်ယုံနှင့် အနိုင်ရရန် အာမမခံနိုင်ကြောင်း၊ ‘‘မျှော်လင့်တာက ဗျူဟာ မဟုတ်ဘူး’’ ဟု ကျွန်ုပ်ဟာသနှော၍ ပြက်လုံးထုတ်ခဲ့သည်။
ဘောလုံးလောကအတွက် ဤအချက်က မှန်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာအသက်တာ၌ ၎င်းသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားသခင်၌ မျှော်လင့်ခြင်းသည် ဗျူဟာတစ်ခု ဖြစ်ရုံမျှမက ကိုယ်တော်ကို ယုံကြည်၍ ကိုးစားခြင်းက တစ်ခုတည်းသောဗျူဟာ ဖြစ်သည်။ ဤလောကက ကျွန်ုပ်တို့ကို စိတ်ပျက်စေသော်လည်း မျှော်လင့်ခြင်းက ခက်ခဲချိန်များတွင် ဘုရားသခင်၏ သမ္မာတရားနှင့် တန်ခိုးကို စိတ်ချစေသည်။
ဤအမှန်တရားကို မိက္ခာ သဘောပေါက်နားလည်သည်။ ဣသရေလလူတို့ ဘုရားသခင်ကို စွန့်ခွာသဖြင့် သူဝမ်းနည်းရသည်။…
ခေါင်းဆောင်နောက်လိုက်လျှောက်ခြင်း
ကျွန်မတို့၏အိမ်အထက်ကောင်းကင်မှ ဂျက်လေယာဉ်သုံးစင်း ဖြတ်သွားရာ တစ်စင်းနှင့် တစ်စင်း နီးကပ်လွန်းလှ၍ လေယာဉ်တစ်စင်းတည်း ရှိနေသည့်အလား မြင်ရသည်။ ကျွန်မ၏ခင်ပွန်းက ‘‘အရမ်းမိုက်တာပဲ’’ ဟုဆိုသည်။ ကျွန်မတို့သည် လေတပ်စခန်းအနီးတွင် နေထိုင်၍ ဤသို့သောမြင်ကွင်းမျိုးက မထူးဆန်းပါ။
သို့သော် ဂျက်လေယာဉ်များ ကောင်းကင်ယံထက် ပျံသွားတိုင်း ဟန်ချက်မပျက်ဘဲ နီးနီးကပ်ကပ်နှင့် ဘယ်လိုများ ပျံနိုင်တာလဲ ဟူသည့် မေးခွန်းတစ်ခုတည်း ကိုပင် ကျွန်မ မေးနေတတ်သည်။ ကျွန်မသိရသည့် အကြောင်းရင်း အဖြေတစ်ခုမှာ နှိမ့်ချခြင်းပင်ဖြစ်သည်။ ခေါင်းဆောင် လေယာဉ်မှူးက တိကျမှန်ကန်သည့် အရှိန် အဟုန်နှင့် ကွေ့ဝိုက် မောင်းနှင်နေကြောင်း ယုံကြည်လျက် ခြံရံထားသည့် လေယာဉ်မှူးများက သူတို့၏ဦးတည်ရာ ပြောင်းလိုသည့် ဆန္ဒ (သို့) ခေါင်းဆောင်ရွေးချယ် ထားသည့် လမ်းကြောင်းအပေါ် မေးခွန်းထုတ်လိုသည့် ဆန္ဒများကို ၀ကွက်အပ်နှံ ချိုးနှိမ်ထားသည်။ ရလဒ်ကား အဘယ်နည်း။ ပို၍အစွမ်းထက်သော အသင်း ဖြစ်လာခြင်းပင်…
ခရစ်စမတ်ပေးစာ
ခရစ်စမတ်ရောက်တိုင်း ကျွန်မ၏မိတ်ဆွေတစ်ဦးသည် တစ်နှစ်တာလုံး၏ အဖြစ်အပျက် များကို ပြန်ပြောင်းဆန်းစစ်ချက်နှင့် အနာဂတ်နှင့်ပတ်သက်သော စိတ်ကူးအိပ်မက် အကြောင်းပါဝင်သည့် စာရှည်ကြီးတစ်စောင်ကို သူ့ဇနီးထံ ရေးလေ့ရှိသည်။ သူက ဇနီးသည်အား မည်ရွေ့မည်မျှချစ်ကြောင်း၊ အဘယ်ကြောင့်ချစ်ရကြောင်း အမြဲ ပြောလေ့ ရှိသည်။ သူ့သမီးအယောက်စီထံသို့လည်း စာရေးပေးသည်။ သူ၏ချစ်မေတ္တာစကားများက မေ့မရနိုင်သော ခရစ်စမတ် လက်ဆောင်ဖြစ်သည်။
လူဇာတိအဖြစ်ကိုခံယူသော နှုတ်ကပတ်တော် - ယေရှုသည် ခရစ်စမတ်၏မူလမေတ္တာပေးစာဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသမ္မာတရားကို ယောဟန်မှ မီးမောင်းထိုး ပြခဲ့သည်။ ‘‘အစအဦး၌ နှုတ်ကပတ်တော် ရှိတော်မူ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏’’ (ယော ၁း၁)။ ရှေးခေတ် အတွေးအခေါ်ဒဿန၌ ဂရိစကား နှုတ်ကပတ်တော် logos ဆိုသည်မှာ အမှန်တရားများကို ပေါင်းစည်းထားသည့် ဘုရားသခင်၏စိတ်နှလုံးတော် (သို့) အစီအစဉ်ဟု အဆိုပြုသည်။ သို့သော် ရှင်ယောဟန်က နှုတ်ကပတ်တော်ကို ‘‘အစအဦး၌…