ကျွန်ုပ်တို့ကဲ့သို့သောအပြစ်သားများ
အီးဒစ်သည် ဘာသာရေးကို အလေးအနက်မထားသူဖြစ်သည်။ သို့သော် တနင်္ဂနွေနေ့ တစ်မနက်တွင် သူ၏ကျေနပ်ရောင့်ရဲမှုမရှိသော စိတ်နှလုံးအတွက် နှစ်သိမ့်မှုရရှိရန် သူ၏ အိမ်အနီးရှိ အသင်းတော်တစ်ပါးသို့ လမ်းထွက်လျှောက်ရင်း ဝင်ကြည့်သည်။ ထိုနေ့၏ ရွေးချယ်ထားသော နှုတ်ကပတ်တော်သည် ရှင်လုကာ ၁၅း၁-၂ ဖြစ်ပြီး သင်းအုပ်ဆရာက the King James Version: မှ ကောက်နုတ်၍ ဖတ်သည်။ “အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊ ဖာရိရှဲနှင့် ကျမ်းပြုဆရာ တို့က ဤသူသည် ဆိုးသောသူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကားဟု ကဲ့ရဲ့ အပြစ်တင်ကြ၏။”
ကျမ်းစာက ထိုကဲ့သို့ ဆိုသည်။ သို့သော် အီးဒစ်၏နား၌ကြားလိုက်သည်မှာ “ထိုပုဂ္ဂိုလ်သည် အပြစ်သားများနှင့်အတူရှိပြီး အီးဒစ်သည်လည်း ထိုအပြစ်သားများနှင့်အတူ ရှိနေသည်” ဟူ၍ဖြစ်သည်။ သူသည် ခုံတန်းရှည်ပေါ်တွင် မတ်မတ်ထိုင်ရင်း သူ့အမှားကို ဖြည်းဖြည်းချင်းသဘောပေါက်လာ သည်။…
စိန်ခေါ်မှုများကို အောင်မြင်အနိုင်ယူခြင်း
မိမိထားရှိသောရည်ရွယ်ချက်များ ပြီးမြောက်စေရေး ကျွန်မတို့ လစဉ်တွေ့ဆုံလျက် အချင်းချင်းကို သတိပေးကြသည်၊ အားပေးကြသည်။ ကျွန်မ၏သူငယ်ချင်း မေရီက သူ၏ ထမင်းစားစားပွဲထိုင်ခုံများ၏ အခင်းများကို နှစ်မကုန်မီ ပြန်လည်ပြုပြင်လိုသည်။ နိုဝင်ဘာလ တွေ့ဆုံပွဲတွင် အောက်တိုဘာလတိုးတက်မှုကို သူအစီရင်ခံသည်။ “ကျွန်မရဲ့ထိုင်ခုံတွေ ပြုပြင်ပြီးစီးဖို့ အချိန် ၁၀ လ နဲ့ ၂ နာရီ
ကြန့်ကြာခဲ့တယ်။ လိုအပ်တဲ့ပစ္စည်းတွေ ရှာမရလို့ စောင့်ရ တာရယ်၊ ကျွန်မရဲ့အလုပ်တွေ လုပ်ဖို့ ဆိတ်ငြိမ်တဲ့အချိန် လိုအပ်လို့ အချိန်ရွှေ့ရတာရယ်၊ ကလေးငယ်ကို ကြည့်ရှုပြုစု နေရလို့ မအားတာရယ်ကြောင့် အဲလောက်ကြာသွားတယ်။ တကယ်တော့ တစ်ထိုင်တည်း အချိန်ယူလိုက်လျှင် ၂နာရီ လောက်ပဲ ကြာမှာကို” ဟု ရယ်မောလျက် သူဆိုသည်။
နှစ်ပေါင်း ၁၅၀ ကြာ ပြိုကျပျက်စီးနေသော ယေရုရှလင်မြို့ရိုးကို ပြန်လည်ပြုပြင်ရန် နေဟမိအား ဘုရားသခင် ခေါ်ယူပြီး အလွန်…
ပူဆွေးသောကကြားမှ မျှော်လင့်ခြင်း
ကျွန်မ အသက် ၁၉ နှစ်အရွယ်က အလွန်ရင်းနှီးသောသူငယ်ချင်းများအနက် တစ်ဦးသည် ယာဉ်မတော်ဆမှုဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ထိုသို့ဖြစ်ပြီးနောက် ကျွန်မသည် ရက်လအတန်ကြာမျှ ဝမ်းနည်းမှုအပြည့်ဖြင့် ဖြတ်ကျော်ခဲ့ရသည်။ ငယ်ရွယ်ပြီး ဝမ်းမြောက်
ရွှင်လန်းစွာနေတတ်သူကို ဆုံးရှုံးရသည့်အတွက် နာကျင်ခံစားရမှုက ကျွန်မ၏အမြင် များကို မှုံဝါးစေသည့်အပြင် မိမိ၏ဝန်းကျင်တွင် မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို မသိ။ ဝမ်းနည်းခံစားရမှု ပြင်းထန်သောကြောင့် ဘုရားသခင်ကိုပင် မမြင်နိုင်လောက် အောင်ပင် ကျွန်မအမြင်များ ကွယ်ခဲ့သည်။
ရှင်လုကာ ၂၄ တွင် တပည့်တော်နှစ်ပါးသည် သခင်ယေရှု အသေခံခြင်းအတွက် ခံစားရသည့်ကြေကွဲ ဝမ်းနည်းမှုကြောင့် ရှင်ပြန်ထမြောက်သော သူတို့၏ဆရာ သခင်က သူတို့နှင့်အတူသွားနေသော်လည်း သူတို့၏ သခင်ကို သူတို့မမှတ်မိပေ။ သခင်က ကယ်တင်ရှင်သည် အသေခံပြီး ပြန်လည်ရှင်ပြန်လိမ့်မည်ဟု ကျမ်းစာ၏ဖော်ပြ ချက်ကို ရှင်းပြသော်လည်း သူတို့မသိပါ။ သူတို့ထံမှ မုန့်ကိုယူ၍ ဖဲ့သည့်အခါကျမှသာ ထိုပုဂ္ဂိုလ်သည်…
ပျားနှင့်မြွေများ
ပြဿနာအချို့အတွက် ဖခင်က ဒဏ်ခံယူရန် သတ်မှတ်ထားပြီးသားဖြစ်သည်။ ဥပမာ - ကျွန်တော့်ကလေးများသည် မကြာမီက ပျားများကို တွေ့ပြီး ယူလာကာ အိမ်ရှေ့ဆင်ဝင် အောက်ရှိ နံရံအက်ကွဲကြောင်း ကြားတွင် ထည့်ထားကြသည်။ ထို့ကြောင့် ကျွန်တော် ပိုးသတ်ဆေးဘူးယူ၍ ပျားသတ်ပွဲဆင်နွှဲရပါတော့သည်။
ကျွန်တော် ငါးချက်မျှ ပျားတုတ် ခံရသည်။
ကျွန်တော် ပျားတုတ်မခံလိုပါ။ သို့သော် ဇနီးနှင့် သားသမီးများအစား ကျွန်တော်ပျားတုတ်ခံရခြင်းက ပိုကောင်း
ပါသည်။ ထို့ကြောင့် မိသားစုကို ဂရုစိုက်စောင့်ရှောက်ခြင်းက ကျွန်တော်၏အရေးပါးဆုံးအလုပ် ဖြစ်သည်ဟု မှတ်ထားလိုက်
တော့သည်။ ထိုအချက်သည် အမှန်တကယ် လိုအပ်ကြောင်း သားသမီးများကလည်း အသိအမှတ်ပြုကြသည်။ သူတို့ ကြောက်ရွံ့သည့်အရာနှင့် ကြုံတွေ့ပါက သူတို့ကို အဖေက အကွယ်အကာပေးမည်ဟု ယုံကြည် စိတ်ချကြသည်။
မဿဲ ၇ တွင်သခင်ယေရှုက ကျွန်ုပ်တို့၏ လိုအပ်ချက် များကို ဘုရားသခင်ထံ တင်ပြတောင်းဆိုရန်…
ချစ်ခြင်းမေတ္တာကိုအလျှံပယ်စွာဖော်ပြခြင်း
ကျွန်မတို့၏မင်္ဂလာနှစ်ပတ်လည်နေ့တွင် ကျွန်မခင်ပွန်းအယ်လန်က ကျွန်မကို အလွန် လန်းဆန်းသော ပန်းစည်းတစ်စည်းပေးသည်။ သူ၏ကုမ္ပဏီမှ ဝန်ထမ်းဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်ချိန်တွင် သူအလုပ်ပြုတ်ခဲ့ခြင်းကြောင့် ဤနှစ်တွင် ဤကဲ့သို့ ခမ်းခမ်းနားနား ကြီးကျယ်စွာ ပွဲလုပ်ပေးနိုင်လိမ့်မည်ဟု ကျွန်မ မမျှော်လင့်ခဲ့ပါ။ သို့သော် ယခု ၁၉ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့တွင် ထမင်းစားပွဲပေါ်မှ ရောင်စုံပန်း များက ကျွန်မကို ကြိုဆိုလျက်ရှိသည်။ နှစ်စဉ်ကျင်းပသည့် ထိုဓလေ့ကို တန်ဖိုးထားသည့်အတွက် အယ်လန်သည် လစဉ် သူ၏လစာငွေအချို့ကို စုဆောင်းပြီး ဤပွဲကို ဆက်လက်ကျင်းပနိုင်ရန် ကြိုတင်စီစဉ်ထားခဲ့သည်။
ကျွန်မခင်ပွန်း၏လုပ်ရပ်သည် ဂရုစိုက်မှုနှင့် စေတနာ စိတ်ကို ဖော်ပြသည်။ ၎င်းသည် ကောရိနသုအသင်းသားများကို ရှင်ပေါလု အားပေးသည့်အချက်နှင့် တူသည်။ ကောရိနသု အသင်းတော်၏ စေတနာစိတ်အား ထက်သန်စွာ ပေးကမ်း စွန့်ကြဲခြင်းကို တမန်တော်ကြီးက ချီးမွမ်းပြောဆိုလျက် (၂ ကော ၉း၂၊ ၅)၊ စေတနာစိတ်နှင့် ရက်ရောဝမ်းမြောက်စွာ…
ကိုယ်ကျိုးစွန့်ဝန်ထမ်းခြင်း
မြက်ခင်းပေါ်တွင်လဲကျနေသည့် သစ်ပင်ကြီးနှင့်စာလျှင် အလွန်သေးငယ်သော လူတစ်စုသည် ထိုသစ်ပင်ကြီးအနီးတွင် ရပ်လျက်နေကြသည်။ ထိုလူစုထဲမှ အသက် ကြီးကြီး အမျိုးသမီးကြီးက ကြိမ်တုတ်ထောက်ကို မှီလျက် ယမန်နေ့က အဖြစ်အပျက်ကို ရှင်းပြသည်။ ပြင်းပြင်းထန်ထန် တိုက်သွားသည့်မုန်တိုင်းကြောင့် “ကျွန်မတို့ရဲ့ အံ့မခန်းသစ်ပင်ကြီး လဲသွားတယ်။ တော်တော် ဆိုးတယ်ရှင်။ ဒါတင်မကသေးဘူး၊ သိပ်လှပတဲ့ ကျွန်မတို့ရဲ့ ကျောက်စီခြံစည်းရိုးနံရံလည်း ပြိုလဲခဲ့တယ်။ အဲဒီ ကျောက်စီ နံရံကို ကျွန်မတို့မင်္ဂလာဆောင်တုန်းက ကျွန်မခင်ပွန်းက ဆောက်ခဲ့တာ။ အဲဒီနံရံကို သူတကယ် သဘောကျခဲ့တာ။ ကျွန်မလည်း နှစ်သက်တယ်။ အခုတော့ သူမရှိတော့သလို ကျောက်နံရံကြီးလည်း မရှိတော့ဘူး” ဟု ရှင်းပြသည်။
နောက်တစ်နေ့နံနက်တွင် သစ်ပင်ဖယ်ရှင်းရေး ကုမ္ပဏီမှ ဝန်ထမ်းများလာရောက်ပြီး ထိုအပင်ကြီးကို ဖယ်ရှင်းပေးသည်ကို လှမ်းကြည့်ရင်း သူမ၏မျက်နှာပြုံးရွှင် သွားသည်။ လူကြီးနှစ်ဦးနှင့် မြက်ခင်းပြင်ကိုညှိပေးသည့် လူငယ်လေးတစ်ဦးတို့သည် သူအလွန်နှစ်သက်မြတ်နိုးသော ကျောက်စီနံရံကို ပြန်လည် ပြုပြင်ရန်…
အကောင်းဆုံးသော မစုံလင်ခြင်း
အပြစ်ပြောစရာမရှိအောင် အကောင်းဆုံးလုပ်ဆောင်လိုစိတ်ကြောင့် လုပ်ငန်း နှောင့်နှေး ရခြင်းအပေါ် ကျွန်မ၏တက္ကသိုလ်မှပါမောက္ခကြီးက ကျွန်မကို အကြံပြုချက်အချို့ပေးပါ သည်။ “အပြစ်အနာဆာကင်းတဲ့ပြည့်စုံခြင်းက ကောင်းမွန်ခြင်းကို မထိခိုက်စေနှင့်” ဟု ဆိုပါသည်။ အပြစ်ပြောစရာမရှိအောင် ကြိုးစားလွန်းလျှင် အလုပ်တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်ဟု သူက ရှင်းပြသည်။ ကျွန်မ၏ အလုပ်က အားနည်းချက်ရှိနေမှာဟု လက်ခံလိုက်ခြင်းဖြင့် ကျွန်မကို လွတ်လပ်စေပြီး တိုးတက်မှုကိုလည်း ဖြစ်စေသည်။
မိမိဘာသာ အကောင်းဆုံး ကြိုးစားလုပ်ဆောင် နေလျှင် သခင်ခရစ်တော်၏မစမှုကို လိုအပ်ကြောင်း မမြင်နိုင်ဘဲ ဖြစ်တတ်သည်ဟု တမန်တော်ကြီး ရှင်ပေါလုက မိမိဘာသာ အကောင်းဆုံးအားထုတ်မှု၏ နောက်ဆက်တွဲ အကျိုးဆက်ကို ရှင်းပြသည်။
ရှင်ပေါလုသည် ထိုအချက်ကို ခက်ခဲစွာ လေ့လာသင်ယူခဲ့ရသည်။ နှစ်ပေါင်း များစွာ ဘုရားသခင်၏ပညတ်တရားများကို တိကျစွာ လိုက်နာကျင့်သုံးလာပြီးကာမှ သခင် ယေရှုနှင့်ထိပ်တိုက်တွေ့ဆုံပြီးနောက်ပိုင်း အရာအားလုံးတို့သည် ပြောင်းလဲကုန်သည် (ဂလာ ၁း၁၁-၁၆)။ သူ၏ကြိုးစားလုပ်ဆောင်မှုများသည်…
အကြောင်းရင်းကို ယေရှုသိသည်
ကျွန်ုပ်၏သူငယ်ချင်းအချို့သည် သူတို့၏အနာရောဂါ တစ်စိတ်တစ်ပိုင်းကို ကုသ ပျောက်ကင်းပြီးနောက် နာကျင်မှုကို ဆက်လက်ခံစားနေရသည်။ အချို့သူငယ်ချင်း များက ဆေးစွဲမှုများကို ကုသခံယူပြီးသော်လည်း မိမိကိုယ်ကို စိတ်မချခြင်း၊ မိမိကိုယ်ကို ရွံရှာနေခြင်းတို့ကို ခံစားရုန်းကန်နေရသည်။ ‘‘သူတို့ကို လုံးဝဥဿုံ အပြီးအပိုင် ပျောက်ကင်းအောင် ဘုရားသခင်က ဘာ့ကြောင့် ကုသမပေး တာလဲ’’ ဟု ကျွန်ုပ်တွေးရင်း အဖြေသိချင်လှသည်။
ရှင်မာကု ၈း၂၂-၂၆ တွင် သခင်ယေရှုက မျက်မမြင် တစ်ဦးကို ကုသပေးသည်။ ဦးစွာ သခင်က ထိုသူကို ရွာပြင်သို့ ခေါ်ထုတ်သွားသည်။ ထိုနောက် သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကို တင်လိုက် သည်။ ထိုသူသည် ကြည့်မျှော်လျှင် လူတို့သည် သစ်ပင်ကဲ့သို့ ဖြစ်၍ လျှောက်လှမ်းသွားသည်ကို အကျွန်ုပ်မြင်ပါသည်ဟု လျှောက်၏။ နောက်တစ်ဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကို တင်၍ ကြည့်မျှော်စေတော်မူလျှင် သူသည်…
ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ခြင်း
ကျောင်းသို့ပြေးထွက်မသွားမီ ‘သွားတိုက်ပြီးပြီလား’ဟု သားကို မေးလိုက်သည်။ သူ့ကို ထပ်၍မေးရင်း အမှန်အတိုင်းပြောရန် အရေးကြီးကြောင်း သတိပေးလိုက်သည်။ သားက ကျွန်မ ဆုံးမနေခြင်းကို အရေးမလုပ်ဘဲ ရေချိုးခန်းထဲတွင် လုံခြုံရေးကင်မရာ တပ်ဆင်ထားရန်၊ သို့မှသာ သူလိမ်မပြောအောင်၊ သူသွားတိုက်သည် မတိုက်သည်ကို ကျွန်မကိုယ်တိုင် လုံခြုံရေးကင်မရာတွင် စစ်ဆေးနိုင်ကြောင်းကျွန်မကို နောက်ပြောင်၍ ပြန်ပြောသည်။
လုံခြုံရေးကင်မရာသည် စည်းကမ်းလိုက်နာရန် သတိပေးနေစဉ်ပင် အချို့နေရာများသို့ သတိမမူဘဲ ကျွန်မတို့ သွားလာမိသည်၊ သူများမမြင်အောင် ရှောင်တိမ်းလျက် သွားလာဆဲ ဖြစ်သည်။ လုံခြုံရေးကင်မရာကို ရှောင်တိမ်း လှည့်ဖြားနိုင်သကဲ့သို့ ဘုရားသခင်၏စောင့်ကြည့်မှုမှ လွတ်မြောက်နိုင်သည်ဟု ထင်ပါလျှင် ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားပြီ။
ဘုရားသခင်က “ငါမမြင်နိုင်သောနေရာ၌ မည်သူတစ်ဦးတစ်ယောက်သည် လုံခြုံစွာ ပုန်းအောင်းနိုင်သနည်း” (ယေ၂၃း၂၄) ဟုမေးသည်။ ကိုယ်တော်၏ မေးခွန်းသည် တိုက်တွန်းအားပေးခြင်းဖြစ်သလို သတိပေးခြင်းလည်းဖြစ်သည်။
‘‘သတိပေးခြင်း’’မှာ ကျွန်မတို့သည် ဘုရားသခင်မမြင်အောင်ပုန်းအောင်းနေ၍မရနိုင်ပါ။ ကိုယ်တော့်ကို လိမ်လည်လှည့်ဖြား၍…
မည်သို့ပင်ဖြစ်စေ၊ မျှော်လင့်လျက်နေပါ
၁၉၈၈ ခုနှစ် မှစတင်၍ နေ့စဉ်ခွန်အား ၌ ကျွန်ုပ်ရေးသားခဲ့သော ရာနှင့်ချီရှိသည့် စာမူများအနက် အချို့သည် ကျွန်ုပ်၏နှလုံးသားတွင် စွဲညှိနေဆဲဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်းတွင် ရေးသားခဲ့သောစာမူတစ်ပုဒ်၌ သမီးသုံးယောက်သည် စခန်းချသင်တန်းသွားစဉ် ကျွန်ုပ်နှင့် ၆နှစ် အရွယ် သားလေး စတိဗ် တို့ သားအဖနှစ်ဦး ယောက်ျားသားချင်း သီးသန့် အတူအချိန်ဖြုန်းခဲ့သည်။
ကျွန်ုပ်တို့ လေဆိပ်သို့ သွားရောက်လေ့လာကြပြီး အလွန်ပျော်ရွှင်နေစဉ် စတိဗ်က “မယ်လီစာ ပါမလာလို့ ပျင်းစရာကြီးနော်” ဟု သူ၏ရှစ်နှစ်အရွယ် အစ်မလည်းဖြစ် အဖော်လည်းဖြစ်သူ ပါမလာ၍ သိပ်မပျော်ကြောင်း ပြောပါသည်။ ဤကဲ့သို့ စိတ်မကောင်းစရာစကားများကို ပြောထွက်မည်ဟု မည်သူမျှ မထင်မိခဲ့ပါ။ ဆယ်ကျော်သက် အရွယ်တွင် ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် မယ်လေး ဆုံးပါးသွားချိန်မှစ၍ ဘဝသည် ပျော်ရွှင်မှုသိပ်မရှိတော့ပါ။ အချိန်ကြာသွားသည်နှင့်အမျှ ခံစားရသောဝေဒနာ အနည်းငယ် သက်သာသွားသော်လည်း ရှင်းရှင်းကြီးပျောက်မသွားပါ။…