အရေးကြီးသည့် ချစ်ခြင်းမေတ္တာ
စီစဉ်ထားသည့် မင်္ဂလာပွဲ မကျင်းပမီ တစ်ပတ်အလိုတွင် စာရာ၏ စေ့စပ်ကြောင်းလမ်းမှု အဆုံးသတ်သွားသည်။ ဝမ်းနည်းပူဆွေးနေမည့်အစား သူမ၏မင်္ဂလာဧည့်ခံပွဲအတွက် မှာထားသည့် အစားအစာများ အလဟသမဖြစ်အောင် သူမ၏မင်္ဂလာပွဲအစား အခြား အစီအစဉ်ပြောင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။ ဖိတ်ကြားမည့်ဧည့်သည်စာရင်းကို အသစ်ပြင်လျက် သူ့မြို့ရှိ အိမ်ယာမဲ့သူများကို ခေါ်ဖိတ် ကျွေးမွေးခဲ့သည်။
သခင်ယေရှုသည် ဤသို့ချည်နှောင်မှုမဲ့သည့် ကြင်နာမှုနှင့် ပတ်သက်ပြီး ဖာရိရှဲတစ်ဦးအား ‘‘သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဖိတ် လော့’’ (လု ၁၄း၁၃)ဟု မိန့်ကြားခဲ့သည်။ ဤသို့ပြုခြင်း အားဖြင့် ဘုရားသခင်ထံမှ ကောင်းချီမင်္ဂလာများ ရနိုင် ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ကျေးဇူးပြန်မဆပ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အလှူအတန်းမလုပ်နိုင်သူ၊ လူတောမတိုးသူ၊ လူများနှင့်အဆက်အသွယ်ပြတ်နေသူ စသည်တို့ကို ကူညီသင့်ကြောင်း ထောက်ပြခဲ့သည်။
ဖာရိရှဲတစ်ဦး၏အိမ်၌ ညစာစားနေချိန်တွင် ပြောလိုက်သည့် သခင်ယေရှု၏ စကားကို…
သို့ ချစ်သောသူငယ်ချင်း
ရှင်ယောဟန်သည် သူ့မိတ်ဆွေဂါယုအတွက် လုပ်ဆောင်ပေးသည့်အရာသည် နှစ်ဆယ့်တစ်ရာစုတွင် ပျောက်ဆုံးလုနီးဖြစ်နေသည့် အနုပညာတစ်ခုဖြစ်သည်။ သူ့မိတ်ဆွေထံ စာရေးလိုက်ခြင်း ဖြစ်ပါသည်။
New York Times သတင်းစာ၏ ဆောင်းပါးရေးသူတစ်ဦးဖြစ်သည့် Catherine Field က စာရေးသားခြင်းသည် ရှေးအကျဆုံး အနုပညာ တစ်ခုဖြစ်သည်။ စာဟုဆိုလျှင် တာရှုမြို့သား ပေါလုကို ပြေးမြင်မိသည်ဟု ပြောခဲ့သည်။ ယခု တမန်တော် ယောဟန် ကိုလည်း ထပ်ပေါင်းထည့်ရမည်ဖြစ်သည်။
ဂါယုထံ ရေးသားသောစာတွင် တမန်တော် ရှင်ယောဟန်က ဂါယုကို ကိုယ်စိတ်နှစ်ပါး ကျန်းမာမည်ဟု မျှော်လင့်ကြောင်း၊ သူ၏သစ္စာရှိမှုအတွက် အားပေးခဲ့ပြီး၊ အသင်းတော်ကို သူချစ်မြတ်နိုးခြင်းအကြောင်းကိုပါ ထည့်ရေး ခဲ့သည်။ ထို့ပြင် အသင်းတော်တွင်း ဖြစ်နေသည့် ပြဿနာကို ပြောပြီး သူရောက်လာမှ တစ်ယောက်ချင်းစီနှင့်ရှင်းမည်ဟု ကတိပေးသည်။ ကောင်းမှုများ
ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းကိုလည်း ထည့်သွင်းရေးသားခဲ့သည်။ အချုပ်အားဖြင့် ဤစာသည်…
အနာငြိမ်းခြင်းရေ
မိုးကြိုးမုန်တိုင်းကို ကျွန်မ အမြဲတမ်းသဘောကျသည်။ ကလေးဘဝက မယုံနိုင် လောက်အောင် ဝုန်းခနဲဒိုင်းကနဲ မိုးကြိုးပစ်ပြီး၊ မိုးစက်မိုးပေါက်ကြီးများ ရွာချလျှင် ကျွန်မတို့ မောင်နှမများ မိုးရေထဲ ပြေးလွှားဆော့ကစားကြသည်။ အိမ်ဘေး၌ ဗွက်အိုင် လုပ်ပြီး ခြေချော်လိုက်၊ လျှောဆင်းလိုက်နှင့်ကစားကြသည်။ အိမ်ထဲပြန်ဝင်ရန် အချိန် ရောက်သောအခါ ကျွန်မတို့သည် ရေစိုရွှဲနေသည့် ကြွက်စုတ် ပမာ ဖြစ်တော့သည်။
မိနစ်အနည်းငယ်မျှသာဖြစ်သော်လည်း ကျွန်မတို့ အလွန်ပျော်ရွှင်လျက် စိတ်လှုပ်ရှားခံစားခဲ့ရသည်။ အားကြီး ပြင်းထန်သည့်လေနှင့်မိုး၏ လွှမ်းမိုးမှု၌ နစ်မြှုပ်နေ၍ ကျွန်မတို့ ပျော်နေခြင်းလား၊ ကြောက်နေခြင်းလား ဆိုသည်ကို မသိ တော့ပါ။
ဆာလံ ၁၀၇ တွင် ဘုရားသခင်၏ ပြန်လည် ငြိမ်ဝပ် စေလျက် တည်ဆောက်ပေးသည့်အမှုကို သွေ့ခြောက်သော ကန္တာရအား အိုအေစစ်အဖြစ် ပြောင်းလဲစေသည့် အမှုနှင့် နှိုင်းခိုင်းထားသည်ကို (း၃၅) ဖတ်ရင်း အထက်ပါမြင်ကွင်းကို ကျွန်မစိတ်ထဲ ပြန်မြင်ယောင်မိသည်။…
အဆုံးမရှိသည့်မေတ္တာ
ပညာရှိသည့်ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အထူးသဖြင့် မိသားစုဝင်များနှင့် စကားများ ကတောက်ကဆဖြစ်ချိန်များတွင် ‘‘မင်းအမြဲတမ်းပဲ...၊ မင်းဘယ်တော့မှ...’’ ဆိုသည့်စကားကို မသုံးမိစေရန် ကျွန်တော့်ကို အကြံပေးသည်။ မိမိအနီးအပါးရှိ လူများကို ထိုစကားလုံးများဖြင့် ကျွန်တော်တို့ အပြစ်ရှာတတ်ကြပြီး ကျွန်တော်တို့ ချစ်ရသူများစိတ်၌ သူတို့ကို မချစ်သကဲ့သို့ ခံစားရအောင် လုပ်မိရန် အင်မတန်မှ လွယ်ကူသည်။ သို့သော် ကျွန်တော်တို့ အားလုံးအပေါ်မှာ ထားရှိသည့် သခင့်မေတ္တာမူကား ပြောင်းလဲခြင်းလုံးဝမရှိပါ။
၁၄၅ ခု မြောက်သောဆာလံတွင် ‘‘ခပ်သိမ်းသော’’၊ ‘‘ပြုသမျှ၊’’ ‘‘လူအပေါင်း’’၊ ‘‘ရှိသမျှ’’စသည့် စကားလုံးများ အပြည့်ပါရှိသည်။ ‘‘ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ အား ကျေးဇူးပြုချင်သောသဘောရှိ၍ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ၏’’ (း၉)။ ‘‘... လဲသောသူရှိသမျှ တို့ကို ထောက်မတော်မူ၏။ နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏’’(း၁၃-၁၄)။ ‘‘ကြည်ညိုသောသူအပေါင်းတို့ကို စောင့်မတော်မူ၏’’(း၂၀)။
ဤဆာလံကျမ်းတွင် ဘုရားသခင်၏မေတ္တာတော်သည် အဆုံးမရှိ၊ မျက်နှာလိုက် မျက်နှာသာပေးမှုမရှိ’…
ကျွန်ုပ်တို့ကဲ့သို့သောအပြစ်သားများ
အီးဒစ်သည် ဘာသာရေးကို အလေးအနက်မထားသူဖြစ်သည်။ သို့သော် တနင်္ဂနွေနေ့ တစ်မနက်တွင် သူ၏ကျေနပ်ရောင့်ရဲမှုမရှိသော စိတ်နှလုံးအတွက် နှစ်သိမ့်မှုရရှိရန် သူ၏ အိမ်အနီးရှိ အသင်းတော်တစ်ပါးသို့ လမ်းထွက်လျှောက်ရင်း ဝင်ကြည့်သည်။ ထိုနေ့၏ ရွေးချယ်ထားသော နှုတ်ကပတ်တော်သည် ရှင်လုကာ ၁၅း၁-၂ ဖြစ်ပြီး သင်းအုပ်ဆရာက the King James Version: မှ ကောက်နုတ်၍ ဖတ်သည်။ “အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊ ဖာရိရှဲနှင့် ကျမ်းပြုဆရာ တို့က ဤသူသည် ဆိုးသောသူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကားဟု ကဲ့ရဲ့ အပြစ်တင်ကြ၏။”
ကျမ်းစာက ထိုကဲ့သို့ ဆိုသည်။ သို့သော် အီးဒစ်၏နား၌ကြားလိုက်သည်မှာ “ထိုပုဂ္ဂိုလ်သည် အပြစ်သားများနှင့်အတူရှိပြီး အီးဒစ်သည်လည်း ထိုအပြစ်သားများနှင့်အတူ ရှိနေသည်” ဟူ၍ဖြစ်သည်။ သူသည် ခုံတန်းရှည်ပေါ်တွင် မတ်မတ်ထိုင်ရင်း သူ့အမှားကို ဖြည်းဖြည်းချင်းသဘောပေါက်လာ သည်။…
စိန်ခေါ်မှုများကို အောင်မြင်အနိုင်ယူခြင်း
မိမိထားရှိသောရည်ရွယ်ချက်များ ပြီးမြောက်စေရေး ကျွန်မတို့ လစဉ်တွေ့ဆုံလျက် အချင်းချင်းကို သတိပေးကြသည်၊ အားပေးကြသည်။ ကျွန်မ၏သူငယ်ချင်း မေရီက သူ၏ ထမင်းစားစားပွဲထိုင်ခုံများ၏ အခင်းများကို နှစ်မကုန်မီ ပြန်လည်ပြုပြင်လိုသည်။ နိုဝင်ဘာလ တွေ့ဆုံပွဲတွင် အောက်တိုဘာလတိုးတက်မှုကို သူအစီရင်ခံသည်။ “ကျွန်မရဲ့ထိုင်ခုံတွေ ပြုပြင်ပြီးစီးဖို့ အချိန် ၁၀ လ နဲ့ ၂ နာရီ
ကြန့်ကြာခဲ့တယ်။ လိုအပ်တဲ့ပစ္စည်းတွေ ရှာမရလို့ စောင့်ရ တာရယ်၊ ကျွန်မရဲ့အလုပ်တွေ လုပ်ဖို့ ဆိတ်ငြိမ်တဲ့အချိန် လိုအပ်လို့ အချိန်ရွှေ့ရတာရယ်၊ ကလေးငယ်ကို ကြည့်ရှုပြုစု နေရလို့ မအားတာရယ်ကြောင့် အဲလောက်ကြာသွားတယ်။ တကယ်တော့ တစ်ထိုင်တည်း အချိန်ယူလိုက်လျှင် ၂နာရီ လောက်ပဲ ကြာမှာကို” ဟု ရယ်မောလျက် သူဆိုသည်။
နှစ်ပေါင်း ၁၅၀ ကြာ ပြိုကျပျက်စီးနေသော ယေရုရှလင်မြို့ရိုးကို ပြန်လည်ပြုပြင်ရန် နေဟမိအား ဘုရားသခင် ခေါ်ယူပြီး အလွန်…
ပူဆွေးသောကကြားမှ မျှော်လင့်ခြင်း
ကျွန်မ အသက် ၁၉ နှစ်အရွယ်က အလွန်ရင်းနှီးသောသူငယ်ချင်းများအနက် တစ်ဦးသည် ယာဉ်မတော်ဆမှုဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ထိုသို့ဖြစ်ပြီးနောက် ကျွန်မသည် ရက်လအတန်ကြာမျှ ဝမ်းနည်းမှုအပြည့်ဖြင့် ဖြတ်ကျော်ခဲ့ရသည်။ ငယ်ရွယ်ပြီး ဝမ်းမြောက်
ရွှင်လန်းစွာနေတတ်သူကို ဆုံးရှုံးရသည့်အတွက် နာကျင်ခံစားရမှုက ကျွန်မ၏အမြင် များကို မှုံဝါးစေသည့်အပြင် မိမိ၏ဝန်းကျင်တွင် မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို မသိ။ ဝမ်းနည်းခံစားရမှု ပြင်းထန်သောကြောင့် ဘုရားသခင်ကိုပင် မမြင်နိုင်လောက် အောင်ပင် ကျွန်မအမြင်များ ကွယ်ခဲ့သည်။
ရှင်လုကာ ၂၄ တွင် တပည့်တော်နှစ်ပါးသည် သခင်ယေရှု အသေခံခြင်းအတွက် ခံစားရသည့်ကြေကွဲ ဝမ်းနည်းမှုကြောင့် ရှင်ပြန်ထမြောက်သော သူတို့၏ဆရာ သခင်က သူတို့နှင့်အတူသွားနေသော်လည်း သူတို့၏ သခင်ကို သူတို့မမှတ်မိပေ။ သခင်က ကယ်တင်ရှင်သည် အသေခံပြီး ပြန်လည်ရှင်ပြန်လိမ့်မည်ဟု ကျမ်းစာ၏ဖော်ပြ ချက်ကို ရှင်းပြသော်လည်း သူတို့မသိပါ။ သူတို့ထံမှ မုန့်ကိုယူ၍ ဖဲ့သည့်အခါကျမှသာ ထိုပုဂ္ဂိုလ်သည်…
ပျားနှင့်မြွေများ
ပြဿနာအချို့အတွက် ဖခင်က ဒဏ်ခံယူရန် သတ်မှတ်ထားပြီးသားဖြစ်သည်။ ဥပမာ - ကျွန်တော့်ကလေးများသည် မကြာမီက ပျားများကို တွေ့ပြီး ယူလာကာ အိမ်ရှေ့ဆင်ဝင် အောက်ရှိ နံရံအက်ကွဲကြောင်း ကြားတွင် ထည့်ထားကြသည်။ ထို့ကြောင့် ကျွန်တော် ပိုးသတ်ဆေးဘူးယူ၍ ပျားသတ်ပွဲဆင်နွှဲရပါတော့သည်။
ကျွန်တော် ငါးချက်မျှ ပျားတုတ် ခံရသည်။
ကျွန်တော် ပျားတုတ်မခံလိုပါ။ သို့သော် ဇနီးနှင့် သားသမီးများအစား ကျွန်တော်ပျားတုတ်ခံရခြင်းက ပိုကောင်း
ပါသည်။ ထို့ကြောင့် မိသားစုကို ဂရုစိုက်စောင့်ရှောက်ခြင်းက ကျွန်တော်၏အရေးပါးဆုံးအလုပ် ဖြစ်သည်ဟု မှတ်ထားလိုက်
တော့သည်။ ထိုအချက်သည် အမှန်တကယ် လိုအပ်ကြောင်း သားသမီးများကလည်း အသိအမှတ်ပြုကြသည်။ သူတို့ ကြောက်ရွံ့သည့်အရာနှင့် ကြုံတွေ့ပါက သူတို့ကို အဖေက အကွယ်အကာပေးမည်ဟု ယုံကြည် စိတ်ချကြသည်။
မဿဲ ၇ တွင်သခင်ယေရှုက ကျွန်ုပ်တို့၏ လိုအပ်ချက် များကို ဘုရားသခင်ထံ တင်ပြတောင်းဆိုရန်…
ချစ်ခြင်းမေတ္တာကိုအလျှံပယ်စွာဖော်ပြခြင်း
ကျွန်မတို့၏မင်္ဂလာနှစ်ပတ်လည်နေ့တွင် ကျွန်မခင်ပွန်းအယ်လန်က ကျွန်မကို အလွန် လန်းဆန်းသော ပန်းစည်းတစ်စည်းပေးသည်။ သူ၏ကုမ္ပဏီမှ ဝန်ထမ်းဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်ချိန်တွင် သူအလုပ်ပြုတ်ခဲ့ခြင်းကြောင့် ဤနှစ်တွင် ဤကဲ့သို့ ခမ်းခမ်းနားနား ကြီးကျယ်စွာ ပွဲလုပ်ပေးနိုင်လိမ့်မည်ဟု ကျွန်မ မမျှော်လင့်ခဲ့ပါ။ သို့သော် ယခု ၁၉ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့တွင် ထမင်းစားပွဲပေါ်မှ ရောင်စုံပန်း များက ကျွန်မကို ကြိုဆိုလျက်ရှိသည်။ နှစ်စဉ်ကျင်းပသည့် ထိုဓလေ့ကို တန်ဖိုးထားသည့်အတွက် အယ်လန်သည် လစဉ် သူ၏လစာငွေအချို့ကို စုဆောင်းပြီး ဤပွဲကို ဆက်လက်ကျင်းပနိုင်ရန် ကြိုတင်စီစဉ်ထားခဲ့သည်။
ကျွန်မခင်ပွန်း၏လုပ်ရပ်သည် ဂရုစိုက်မှုနှင့် စေတနာ စိတ်ကို ဖော်ပြသည်။ ၎င်းသည် ကောရိနသုအသင်းသားများကို ရှင်ပေါလု အားပေးသည့်အချက်နှင့် တူသည်။ ကောရိနသု အသင်းတော်၏ စေတနာစိတ်အား ထက်သန်စွာ ပေးကမ်း စွန့်ကြဲခြင်းကို တမန်တော်ကြီးက ချီးမွမ်းပြောဆိုလျက် (၂ ကော ၉း၂၊ ၅)၊ စေတနာစိတ်နှင့် ရက်ရောဝမ်းမြောက်စွာ…
ကိုယ်ကျိုးစွန့်ဝန်ထမ်းခြင်း
မြက်ခင်းပေါ်တွင်လဲကျနေသည့် သစ်ပင်ကြီးနှင့်စာလျှင် အလွန်သေးငယ်သော လူတစ်စုသည် ထိုသစ်ပင်ကြီးအနီးတွင် ရပ်လျက်နေကြသည်။ ထိုလူစုထဲမှ အသက် ကြီးကြီး အမျိုးသမီးကြီးက ကြိမ်တုတ်ထောက်ကို မှီလျက် ယမန်နေ့က အဖြစ်အပျက်ကို ရှင်းပြသည်။ ပြင်းပြင်းထန်ထန် တိုက်သွားသည့်မုန်တိုင်းကြောင့် “ကျွန်မတို့ရဲ့ အံ့မခန်းသစ်ပင်ကြီး လဲသွားတယ်။ တော်တော် ဆိုးတယ်ရှင်။ ဒါတင်မကသေးဘူး၊ သိပ်လှပတဲ့ ကျွန်မတို့ရဲ့ ကျောက်စီခြံစည်းရိုးနံရံလည်း ပြိုလဲခဲ့တယ်။ အဲဒီ ကျောက်စီ နံရံကို ကျွန်မတို့မင်္ဂလာဆောင်တုန်းက ကျွန်မခင်ပွန်းက ဆောက်ခဲ့တာ။ အဲဒီနံရံကို သူတကယ် သဘောကျခဲ့တာ။ ကျွန်မလည်း နှစ်သက်တယ်။ အခုတော့ သူမရှိတော့သလို ကျောက်နံရံကြီးလည်း မရှိတော့ဘူး” ဟု ရှင်းပြသည်။
နောက်တစ်နေ့နံနက်တွင် သစ်ပင်ဖယ်ရှင်းရေး ကုမ္ပဏီမှ ဝန်ထမ်းများလာရောက်ပြီး ထိုအပင်ကြီးကို ဖယ်ရှင်းပေးသည်ကို လှမ်းကြည့်ရင်း သူမ၏မျက်နှာပြုံးရွှင် သွားသည်။ လူကြီးနှစ်ဦးနှင့် မြက်ခင်းပြင်ကိုညှိပေးသည့် လူငယ်လေးတစ်ဦးတို့သည် သူအလွန်နှစ်သက်မြတ်နိုးသော ကျောက်စီနံရံကို ပြန်လည် ပြုပြင်ရန်…