အမျိုးအစား  |  odb

မြေခွေးလေးများကို ဖမ်းကြလော့

“ဒါက စပျစ်နွယ်ပင်ကို ဖျက်ဆီးတဲ့မြေခွေးလေးတွေလေ” ဟု အဖွားပြောလေ့ရှိသည်။ ကျွန်တော့်အမေလည်း ထိုနည်းနှင်နှင် ပြောခဲ့သည်။ ယခုတွင် ထိုစကားကို သားသမီးများအား ကျွန်တော်ပြောပြသည်။ သို့သော် “မြေခွေးလေးများ”ကို သတိပြုဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။

စပျစ်ပင်များကို စိုက်ပျိုးပြီးပါက အသီးသီးရန် နှစ်များစွာကြာနိုင်သည်။ စပျစ်နွယ်ပင်များကို စိတ်ရှည်ရှည်နှင့် ပြုစု၊ ရေလောင်း၊ ဖြတ်တောက်ပေးရပြီး၊ ၎င်းတို့အတွက် အကာအကွယ်များစွာ လိုအပ်သည်။ မြေခွေးများသည် သေးငယ်သော်လည်း အမြစ်များကို ဖျက်ဆီး၊ စပျစ်သီးများစားပစ်၊ သို့မဟုတ် အညှာကို ဝါးစားခြင်းဖြင့် ကြီးမားသောပျက်စီးမှုကို ဖြစ်စေနိုင်သည်။

ရှောလမုန်သီချင်းမှ ကဗျာဆန်သောအချစ်ဇာတ်လမ်းတွင် ရှောလမုန်က “စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများနှင့် မြေခွေးကလေးများကို ငါတို့ဖို့ ဖမ်းကြလော့”(၂:၁၅)ဟု သတိပေးသည်။ အချို့သောဓမ္မပညာရှင်များက ဤအရာသည် မစစ်ကြောမိပါက လူငယ်အမျိုးသားနှင့် အမျိုးသမီးတို့၏ ဆက်ဆံရေးကို ခြိမ်းခြောက်နိုင်သည့် သေးငယ်သည်ဟု ထင်ရသောပြဿနာများ (သို့) အပြုအမူများကို…

ကျွန်ုပ်တို့၏ ဦးစားပေးရာ ခရစ်တော်

“ကျွန်တော်တို့၏နိုင်ငံလုံးဆိုင်ရာ အသင်းတော်ခေါင်းဆောင်မှုညီလာခံ၌ ဆရာ့အား အဓိကဟောပြောသူအဖြစ် ဖိတ်ခေါ်၍ ရပါမည်လား” ဟု နာမည်ကြီးအဖွဲ့အစည်းမှ ဖိတ်ခေါ်ချက်ကို ဟိုစေး(Jose) ဖတ်ပြီးနောက်၊ “ကျေးဇူးပြုပြီး အဲဒီကိစ္စအတွက် ကျွန်တော်အရင်ဆုတောင်းပါရစေ”ဟု ပြန်ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ ထိုကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက်၊ “ဘုရားသခင်က ကျွန်တော့်ကို သာသနာလုပ်ငန်းတစ်ခုမှာ စာတည်းအလုပ်လုပ်ဖို့ ခေါ်နေတယ်ဆိုတာ ကျွန်တော်သိတယ်။ ပြီးတော့ ဟောပြောတဲ့အလုပ်က အချိန်ယူပြင်ဆင်ရမယ်၊ အစွမ်းစိုက်ထုတ်ရမယ်လေ၊ ဘုရားသခင်လုပ်စေချင်တဲ့အရာကို လုပ်နိုင်ဖို့ ကျွန်တော်ငြင်းလိုက်တာ” ဟု မိတ်ဆွေတစ်ဦးကို ပြောပြခဲ့သည်။

‘ဘုရားသခင် ကျွန်တော့်ကို လုပ်စေချင်သည့်အရာ’ သည် ဟိုစေး၏ဦးစားပေးဖြစ်ပြီး၊ သူ၏ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်။ သခင်ယေရှုလည်း ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ဦးစားပေးအဖြစ် ထားရှိခဲ့သည်။ ကပေရနောင်မြို့၌ မကျန်းမာသူနှင့် နတ်ဆိုးစွဲနေသူရှိသမျှတို့ကို သက်သာစေတော်မူပြီးနောက် “နံနက်အချိန်၊ မိုးမလင်းမီ ယေရှုသည် တောအရပ်သို့ ထွက်ကြွ၍ ဆုတောင်းတော်မူ၏” (မာ ၁:၃၂-၃၅)။ တပည့်တော်များက ရောက်လာပြီး…

ချီးကျူးထိုက်သူအား ချီးကျူးပါ

အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု၏ ‌ရွှေရတုပွဲနှင့် ထိုသို့ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့သူများ၊ အထူးသဖြင့် ထိုအဖွဲ့၌ ဆယ်စုနှစ်များစွာပါဝင်ခဲ့သူ များကို ဂုဏ်ပြုရန် ရွှေရောင်ခန်းမကြီး၌ ဧည့်သည်များနှင့် ပြည့်နေသည်။ လုပ်အားပေးပါဝင်သူများ၏ အချိန်မြောက်များစွာ နှင့်ထောက်ပံ့ငွေဒေါ်လာသန်းပေါင်းများစွာကို သုံးခဲ့သော်လည်း ဘုရားရှင် မပါလျှင် သူတို့အောင်မြင်မှုရမည်မဟုတ်ဟု တည်ထောင်သူတစ်ဦးက ကျေးဇူးတင်စိတ်ဖြင့် ဝေမျှခဲ့သည်။ လူများစွာ၏ အားစိုက်ထုတ်မှုမှန်သော်လည်း လူ၏ကြိုးပမ်းမှုထက်၊ ဘုရား၏မစမှုဖြင့်သာ တိုးတက်လာသည်ဟု သူက ထပ်ခါထပ်ခါ ပြောကြားခဲ့သည်။

ကောင်းမြတ်သောဆုကျေးဇူးများသည် ဘုရားသခင်နှင့်ဆိုင်ကြောင်းကို သိမှတ်ရန် အရေးကြီးကြောင်း ဒံယေလနားလည်သည်။ နေဗုခဒ်နေဇာမင်းသည် အနာဂတ်နှင့်ဆိုင်သည့်အိပ်မက်ကို မြင်မက်ပြီး၊ အိပ်မက်နှင့် အိပ်မက် အနက်ကို ပြောပြဖွင့်ပြရန် ဗာဗုလုန်တစ်ပြည်လုံးရှိ ပညာရှိများကို ဆင့်ခေါ်ခဲ့သည်။ ပညာရှိများသည် စိတ်ပျက်လျက် မင်းကြီး၏အမှုအရာကို ဖြေနိုင်မည့်သူ မြေကြီးပေါ်မှာ တစ်ယောက်မျှ မရှိ။ သဘာဝလွန်တန်ခိုးရှိမှသာ ဖြေနိုင်မည်ဟု ဆန္ဒဖော်ထုတ်ကြသည်(ဒံ ၂:၁၀-၁၁)။ ဒံယေလကလည်း သူတို့နှင့် သဘောတူလျက် မင်းကြီးမေးမြန်းသောအရာကို…

ကယ်တင်တော်မူသောဘုရား

စကော့တလန်နိုင်ငံ၊ ဘရိုရာ(Brora)ရွာလေးရှိ ကြမ်းတမ်းသောချောက်ကမ်းပါး များအောက်၌ သိုးလေးတစ်ကောင်မှာ ကယ်သူမဲ့နေသည်။ မတ်စောက်သောကျောက်ဆောင်က တစ်ဘက်၊ အခြားတစ်ဘက်တွင် ကြီးမားသော သမုဒ္ဒရာတို့ ဝန်းရံထားသည့် ချောက်ကမ်းပါး၌ ထိုသိုးလေး ပိတ်မိနေခဲ့သည်မှာ ၂ နှစ်ရှိခဲ့ပြီ။ ၎င်းကို ကယ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ခိုင်မာသော လယ်သမားကြီး ကမ်မီဝီလ်ဆင် နှင့်သူငယ်ချင်းလေးဦးတို့သည် အန္တရာယ်များသည့်ကယ်ဆယ်ရေးမစ်ရှင်ကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။ သိုးလေးကိုကယ်ရန် ကယ်ဆယ်ရေး အဖွဲ့ဝင်သုံးဦးသည် သတ္တိများစွာမွေးပြီး၊ ချောက်ကမ်းပါးအောက်ဘက် ပေ ၈၂၀ နီးပါးအထိ ဝန်ချီစက်ကို သုံးကာ သတိကြီးစွာဖြင့် ဆင်းခဲ့ရသည်။

စိတ်ဓာတ်ခိုင်မာပြီး သနားတတ်သော လယ်သမားနှင့် သူ၏အဖွဲ့တို့သည် ယေရမိ ၂၃:၁-၃ မှ ကျွန်ုပ်တို့၏ချစ်သော အဘဘုရား၏သနားခြင်း ကရုဏာတော်ကို ထင်ဟပ်ပုံဖော်နေသည်။ ယုဒပြည်ရှိ ဆိုးညစ်သောခေါင်းဆောင်များအား “(ဘုရားသခင်၏)သိုးခြံထဲမှသိုးများကို ဖျက်ဆီးလျက် ကွဲလွင့်စေခဲ့သည့်” သိုးထိန်းများဟု ယေရမိ ပြစ်တင်ရှုတ်ချခဲ့သည်(:၁)။ ကယ်ရာမဲ့နေသည့်…

ရစ်ပတ်နှောင့်ယှက်လျက်ရှိသော

ကျွန်မ၏ခြံ၌ ဖရဲသီးနွယ်ပင်များ ဖုံးလွှမ်းနေသည်။ ကျောက်ခင်းလမ်းတစ်လျှောက် မြွေလိမ်မြွေကောက်ပေါက်ကာ ခြံစည်းရိုးပေါ်တွယ်တက်ပြီး ကျွန်မအနှစ်သက်ဆုံး ဟင်းသီးဟင်းရွက်ပင်များကို ရစ်ပတ်လွှမ်းမိုးရန်ကြိုးစားခြင်းက အဆိုးဆုံးဖြစ်သည်။ ခြံမရှင်းပါက စိုက်ပျိုးပင်များ ရှင်သန်ကြီးထွားနိုင်မည်မဟုတ်ဟု ကျွန်မသိသည်။ ထို့ကြောင့် တစ်ညနေခင်းတွင် သီးပင်စားပင်များ၌ ရစ်ပတ်ခွေနေသည့်နွယ်နှာမောင်းများကို ဖယ်ရှားပေးခဲ့သည်။ နွယ်ခွေများ ပြန်ခေါင်းထောင်လာတိုင်း သီးပင်စားပင်များ ကြီးရင့်ကာ ဖွံ့ထွားသည့်ခရမ်းချဥ်သီးနှင့် ဝင်းပြောင်သည့် ပန်းငရုတ်များသီးပွင့်လာချိန်အထိ ထိုနွယ်ခွေများကို ဖယ်ရှားရှင်းလင်းခဲ့သည်။

ကျွန်မ၏ဥယျာဥ်ကို လွှမ်းမိုးရန်ကြိုးစားခဲ့ကြသည့် နွယ်ပင်များကဲ့သို့ပင် လောဘကြီးခြင်း၊ တပ်မက်စွဲလမ်းခြင်းနှင့် အမုန်းပွားခြင်းကဲ့သို့သော အပြစ်များသည် ကျွန်မတို့၏ဘဝများကို လွှမ်းမိုးထိန်းချုပ်နိုင်ပါသည်။ ဂရုမစိုက်ဘဲ ဤအတိုင်းပစ်ထားပါက မှားယွင်းသည့်အတွေးမျိုးစေ့သည် “အလွယ်တကူ နှောင့်ယှက်တတ်သော ဒုစရိုက်”ကဲ့သို့ (ဟေဗြဲ ၁၂:၁)၊ ကျွန်မတို့၏စိတ်ဆန္ဒများနှင့် အပြုအမူများကို ထိန်းချုပ်လွှမ်းမိုးကာ ကျွန်မတို့၏ဝိညာဥ်ရေးရာကြီးထွားမှုကို တားဆီးသည်အထိ ကြီးထွားလာနိုင်ပါသည်။

“မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးနိုင်ရန်”အတွက် “ခပ်သိမ်းသောဝန်တို့ကို ပယ်ရှားရန်” ဟေဗြဲသြဝါဒစာ ရေးသူက ကျွန်မတို့ကို…

ဘုရားသခင်ထံ အပ်နှံလိုက်ပါ

စာရာသည် တွယ်တက်နံရံပေါ်၌ တွဲလဲခိုရင်း လက်ကိုင်ဘုများကို ကိုင်ထားသည့် သူမ၏လက်ချောင်းများ အားလျော့လာသည့်အတွက် ကြောက်ရွံ့ထိတ်လန့်စိတ် တိုးလာသည်ကို ခံစားမိသည်။ “မြေကြီးပေါ်ကို ငါ ဘယ်လောက်များ ပြင်းပြင်း ထန်ထန် ကျသွားမှာလဲ”ဟု သူမ တွေးမိခဲ့သည်။
သို့ရာတွင် နည်းပြက အောက်မှနေ၍ စိတ်ချမှုရှိရန် သူ့ကို ဆက်တိုက်ပြောနေခဲ့သည်။ လုံခြုံရေးကြိုးကို ထိန်းချုပ်သူက စာရာ၏သိုင်းကြိုးကို စက်သီးမှတစ်ဆင့် ကြိုး၏အခြားထိပ်တစ်ဘက်၌ သူ့ကိုယ်ကိုချည်ထားသည့်အတွက် စာရာပြုတ်ကျခဲ့လျှင် သူ့ကိုယ်အလေးချိန်က သူမကို ထိန်းထားနိုင်မည်ဖြစ်သည်။ “ငါက မင်းထက် အလေးချိန်ပိုများတယ်။ လက်သာလွှတ်လိုက်”ဟု သူအော်ပြောလိုက်သည်။

သူ့ကိုပြောသည့်အတိုင်း စာရာလက်လွှတ်လိုက်ရာ နံရံမှကွာပြီး လေထဲ၌ ဘေးကင်းစွာ တွဲလဲဆွဲနေတော့သည်။ ထိုအဖြစ်အပျက်ကြောင့် ဆာလံ ၁၈:၂ မှ “ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သော သခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကို ကယ်တင်သောဦးချို၊…

ဘုရားသခင်၏အလိုတော်၌ တည်ကြည်ခိုင်မြဲခြင်း

၁၉၅၇ ခုနှစ်စစ်ပွဲအကြောင်း ရိုက်ကူးထားသည့် ခွိုင်မြစ်ပေါ်မှတံတား (The Bridge on the River Kwai) ရုပ်ရှင်သည် အလွန်နာမည်ကျော်ကြားသဖြင့် ရုပ်ရှင်ပရိတ်သတ်များသည် တကယ့်သံတံတားကို ရှာဖွေရန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့သို့ အဖွဲ့လိုက်လာရောက်ခဲ့ကြသည်။ တံတားကို တွေ့ရှိခဲ့သော်လည်း ထိုတံတားမှာ ခွိုင်မြစ်တွင် ရှိမနေဘဲ မြစ်နာမည်မှားပြီး ဇာတ်ကားနာမည် မှားပေးမိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် များမကြာမီ လူတို့မျှော်လင့်ထားသည်နှင့် ကိုက်ညီစေရန် မဲခလောင်မြစ်၏ ထိုအပိုင်းကို ခွေရိုင်(ခွိုင်)ဟုပြန်လည် မှည့်ခေါ်ခဲ့သည်။

အခြားသူတို့၏မျှော်လင့်ချက်များကြောင့် မိမိ၏မြင့်မြတ်သောဘုရားပေး တာဝန်မှ လမ်းလွဲသွားရန် သခင်ယေရှု ဘယ်တော့မှ ခွင့်မပြုခဲ့ပေ။ သူပြုသည့် အံ့ဖွယ်နိမိတ်များကို ကြားရသည့် လူအုပ်ကြီးသည် ကိုယ်တော့်ကို တွေ့ရန် ရောက်ရှိလာသည်(ယော ၆:၂)။ ကိုယ်တော့်ကို တွေ့ပြီး၊ ကိုယ်တော်သည် ကတိထားတော်မူသော မေရှိယဖြစ်ကြောင်းကို ယုံကြည်သည့်အတွက် သူတို့အား ရောမအုပ်ချုပ်မှုမှ ကယ်တင်ရန် ကိုယ်တော်အား စစ်ခေါင်းဆောင်တစ်ဦးအဖြစ်…

ပိုးဖလံများကို ဘုရားသခင် စေလွှတ်ပါသလား

“ဖေဖေ ဒီကိုလာ!”ဟု သမီး၏အော်ငိုသံမှာ ပိုးဖလံကြောင့်ဟု ကျွန်တော်သိလိုက်သည်။ နွေဦးရာသီရောက်တိုင်း အင်းဆက်ပိုးမွှားအုပ်သည် အမေရိကန်နိုင်ငံ နာဘရာစကား (Nebraska) လွင်ပြင်မှ ကော်လိုရာဒို(Colorado) တောင်တန်းများဆီသို့ ဖုန်များနှင့်အတူ ပြောင်းရွှေ့လာသည်။ နှစ်စဉ်ဖြစ်နေကျဖြစ်၍ ကျွန်တော်တို့ သတိနှင့်သာ နေနေရသည်။ ဤနှစ်က အထူးသဖြင့် ပိုဆိုးသည်။

ပိုးဖလံများသည် တစ်ခါတစ်ရံ မျက်နှာသို့တိုးဝင်လေ့ရှိသည့် လူတို့မလိုလားသော ပိုးမွှားများ ဖြစ်သည်။ သို့သော် ငှက်များအဖို့ ပွဲတော်ပင်။ အနည်းငယ်လေ့လာကြည့်ရာ၊ ပိုးဖလံများသည် ဒေသရှိငှက်များအတွက် မယုံနိုင်လောက်စရာ အာဟာရများပေးကြောင်း သိလိုက်ရသည်။ ဤပိုးဖလံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသလို ၎င်းတို့သည် ငှက်များအတွက် အမှန်ပင် “မန္န” ပိုးဖလံများဖြစ်သည်။

သခင်ယေရှုခေတ်က ဣသရေလပြည်တွင် ပိုးဖလံများ ပြောင်းရွှေ့ခြင်းရှိမရှိ ကျွန်တော်မသိပါ။ သို့သော် ထိုနေရာရှိ ငှက်များအတွက် ဘုရားသခင်၏ ဖြည့်ဆည်းထောက်ပံ့ပေးမှုကို ခရစ်တော် သတိပြုမှတ်သားပြီး၊ တောင်ပေါ် ဒေသနာ၌ “မိုးကောင်းကင်၌ ကျင်လည်သောငှက်များကို…

ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်သည်

ပထမဆုံးထုတ်ဝေသော အာဖရိကန်အမေရိကန်ကဗျာဆရာမ ဖစ်လစ် ဝိဒ်လေ (Phillis Wheatley)သည် သခင်ယေရှုကို ယုံကြည်သူများအား ကျွန်စနစ်ဖျက်သိမ်းရေးအတွက် ဆွဲဆောင်ရန် သမ္မာကျမ်းစာမှ အကြောင်းအရာများကို အသုံးပြုခဲ့သည်။ ၁၇၅၃ ခုနှစ်ဝန်းကျင်တွင် အာဖရိကအနောက်ပိုင်းတွင် မွေးဖွားခဲ့သူ ဝိဒ်လေသည် ၇ နှစ်သမီးအရွယ်တွင် ကျွန်ကုန်သည်ထံ ရောင်းစားခံခဲ့ရသည်။ သူမသည် ပညာအရာ၌ တစ်မူထူးစွာ ထူးချွန်ထက်မြက်သော ကျောင်းသူအဖြစ် ဂုဏ်ဆောင်ထင်ရှားခဲ့ပြီ၊ နောက်ဆုံး ၁၇၇၃ ခုနှစ်တွင် ကျွန်ဘဝမှ လွတ်မြောက်လာခဲ့သည်။ သူမ၏ကဗျာများနှင့် ပေးစာပြန်စာများတွင်၊ ဝိဒ်လေသည် လူအားလုံး ၏ တန်းတူညီမျှရေးဆိုင်ရာ ကျမ်းစာမှဖော်ပြချက်များကို လက်ခံယုံကြည်ရန် စာဖတ်သူများကို တွန်းအားပေးခဲ့သည်။ သူမက “လူသားတိုင်း၏ရင်၌ ဖိနှိပ်မှုကို သည်းမခံခြင်း၊ လွတ်မြောက်ခြင်းကို တောင့်တခြင်းဆိုသည့် လွတ်လပ်ခြင်းမေတ္တာဟုခေါ်သည့် နိယာမတစ်ခုကို ဘုရားသခင်စိုက်ထူထားသည်။... ထိုနိယာမသည် ကျွန်ုပ်တို့ အတွင်း၌ ရှင်သန်တည်နေသည်”ဟု ရေးသားခဲ့သည်။

ဘုရားသခင်ရှေ့၌ သာတူညီမျှဖြစ်ခြင်းကို အလေးပေးလျက်…

သာမန်လူမရှိ

ဘဏ်နံရံပေါ်၌ ၎င်းအဖွဲ့အစည်း၏မူကို စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုပ် ဖော်ပြလျှင် - “လောကဝတ်” ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ထိုနေရာတွင် ကျွန်မ၏ ဘဏ်စာရင်းလုပ်ဆောင်မှုအား ကူညီပေးသူ၌ ယဉ်ကျေးပျူငှာမှုကို တွေ့ရှိရသည်မှာ ကြည်နူးစရာကောင်းလှပါဘိ။

ကြမ်းတမ်းပြီး ကြင်နာမှုကင်းသော ကမ္ဘာကြီးတွင် ယဉ်ကျေးပျူငှာစွာ ပြုမူခြင်း၏လှုံ့ဆော်တွန်းပို့မှုက အကျိုးရှိလှသည့် အကြံဉာဏ်ဖြစ်သည်။ တမန်တော်ပေါလု၏ သူ့မိတ်ဆွေတိတုထံ ပေးစာတွင် ဤအယူအဆကို တွေ့ရသည်။ တိတုကို သူ၏အသင်းသားတို့အား “အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသော သဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာ” သတိပေးရန် ရှင်ပေါလုညွှန်ကြားခဲ့သည် (တိတု ၃:၂)။ ယဉ်ကျေးပျူငှာသော ဤအယူအဆကို “ငြိမ်ဝပ်စွာ ထောက်ထား စာနာမှု” (NIV) သို့မဟုတ် “အရာရာ၌ စာနာထောက်ထားမှုကို ပြသခြင်း”ဟုလည်း ပြန်ဆိုထားသည်။

အခြားသူများအား ကျွန်ုပ်တို့ဆက်ဆံပုံက ၎င်းတို့အား ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို ဆောင်သူအဖြစ် ကျွန်ုပ်တို့မြင်သည်၊ မမြင်သည်ကို…