အမျိုးအစား  |  odb

အရှုပ်ထုပ်ထဲမှကောင်းချီးမင်္ဂလာ

‘‘ဒီအရှုပ်ထုပ်ထဲရောက်အောင် ငါပဲလုပ်တာ၊ ဒါကြောင့် ဒီကနေရုန်းထွက်ဖို့ ငါဘာသာငါပဲ ကြိုးစားဖို့ကောင်းတယ်’’ဟု ကျွန်ုပ်တွေးတတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိသည်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်သော်လည်း မိမိနှင့်ထိုက်တန်မှ ကိုယ်တော်ကူညီပေးမည့်အလား ယခုထိတိုင် ကျွန်ုပ် ပြုမူနေဆဲဖြစ်သည်။

ဤသို့ ပြုမူခံစားရခြင်းက မမှန်ကန်ကြောင်း ယာကုပ်ကို ဘုရားသခင် ပထမဆုံးတွေ့ဆုံသည့် အဖြစ်အပျက်က လှလှပပ သရုပ်ဖော်ပြသည်။

ယာကုပ်သည် သူ့ဘဝတစ်လျှောက် သူ၏ကံကြမ္မာကို ပြောင်းလဲရန် ကြိုးစားရင်း အချိန်ကုန်နေခဲ့သည်။ သားဦးသာ ဖခင်ထံမှ ကောင်းချီးကို ရရှိခံစားရသည်၊ သားဦးသာလျှင် အနာဂတ်၌ ကြွယ်ဝမှုကို အာမခံနိုင်သည်ဟု ယုံကြည်ခံယူ သည့် ခေတ်ကာလ၌ ဒုတိယသားအဖြစ် သူမွေးဖွားခဲ့သည်။

ထို့ကြောင့်ဖခင်ထံမှ ကောင်းချီးကိုရရန် မည်သည့် နည်းနှင့်မဆို၊ ဘာပဲ လုပ်ရလုပ်ရလုပ်မည်ဟု ဆုံးဖြတ်ထား သည်။ နောက်ဆုံး၌ သူ့အစ်ကိုအတွက် ရည်စူးထားသည့် ကောင်းချီးကို လှည့်ဖျားရယူလိုက်ပြီး သူ့အကြံအောင်မြင်ခဲ့သည် (က…

ကျွန်ုပ်တို့၏ လုံခြုံခိုလှုံရာ

ကျွန်မပထမဦးဆုံးလုပ်ကိုင်ရသည့်အလုပ်မှာ ဟမ်ဘာဂါနှင့် အားလူးချောင်းကြော်တို့ ရောင်းသော စားသောက်ဆိုင်၌ ဖြစ်သည်။ စနေနေ့ညနေခင်းတစ်ခုတွင် အမျိုးသား တစ်ဦး မယောင်မလည်နှင့် ကျွန်မဘယ်တော့အလုပ်ဆင်းမလဲဟု မေးခဲ့သည်။ ထိုအဖြစ်က ကျွန်မကို မသက်မသာဖြစ်စေသည်။ အချိန်တစ်ရွေ့ရွေ့ ကုန်လွန်သွားပြီး ထိုသူက အာလူးကြော်မှာစားလိုက်၊ အအေးမှာသောက်လိုက်နှင့် မန်နေဂျာက သူ့ကို မောင်းထုတ်၍လည်း မရဖြစ်နေသည်။ ဆိုင်နှင့်မဝေးလှသည့်နေရာ၌ ကျွန်မနေထိုင်သော်လည်း မဲမှောင်နေသည့် ကားပါကင်နေရာနှစ်ခုနှင့် သဲကွင်းပြင်ကို ဖြတ်ပြီးလမ်းပြန် လျှောက်ရမည်ကို ကျွန်မကြောက်နေမိသည်။ နောက်ဆုံး၌ သန်းခေါင်းချိန်ရောက်သော် ရုံးခန်းထဲသို့ ၀င်ပြီး ကျွန်မဖုန်းခေါ်လိုက်သည်။

ဖုန်းပြန်ဖြေသည့် ကျွန်မအဖေက တစ်စက္ကန့်မဆိုင်းဘဲ နွေးထွေးသည့် အိပ်ယာထက်မှ ထလာကာ ငါးမိနစ်အကြာတွင်
ဆိုင်သို့ရောက်လာကာ ကျွန်မကို အိမ်ပြန်ခေါ်သွားသည်။

ထိုည၌ ဖေဖေ ကျွန်မထံလာပြီး ကူညီပေးမည်ဆိုသည့် စိတ်ချသေချာမှုမျိုးက ဆာလံ ၉၁ တွင် ဖတ်ရသည့် အာမခံချက်ကို ပြန်လည်အမှတ်ရစေသည်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော…

ကြော်ငြာထားသကဲ့သို့

အားလပ်ရက်အတွင်း ဂျော်ဂျီယာပြည်နယ် ချတ်တဟူးချီ မြစ်ကြောင်းတစ်လျှောက် ဖောင်ဖြင့် အေးအေးဆေးဆေး စုန်ဆင်းသွားမည့်ခရီးစဉ်အတွက် ကျွန်မတို့ဇနီးမောင်နှံ စာရင်းပေးခဲ့သည်။ ကြိုးသိုင်းဖိနပ်၊ နေကာမျက်မှန်နှင့် အနားသားကျယ်သောဦးထုပ် တို့ကို ဆောင်းကာ ခရီးစတင်ခဲ့သည်။ သို့သော် ကြော်ငြာထားသကဲ့သို့မဟုတ်ဘဲ ခရီးလမ်းမှာ
အနည်းငယ် ရေစီးကြမ်းသည့်နေရာများ ပါဝင်နေကြောင်း သိရသော် ကျွန်မညည်းတွားမိသည်။ ကျောက်ဆောင်များနှင့် ရေစီးကြမ်းသည့်မြစ်၌ ဖောင်စီးဖူးသည့်အတွေ့အကြုံ ရှိသည့် စုံတွဲတစ်တွဲလည်းပါသဖြင့် တော်တော့သည်။ သူတို့က ကျွန်မခင်ပွန်းကို အခြေခံလှော်ခတ်နည်းများ သင်ပေးပြီး ကျွန်မတို့၏ခရီးဆုံးအထိ ဘေးကင်းစွာသွားနိုင်အောင် ကူညီ ပေးမည်ဟု ကတိပေးသည်။ အသက်ကယ်အင်္ကျီရှိသဖြင့် ကျေးဇူးတင်မိသည်။ ခရီးစဉ်တစ်လျှောက် ဖောင်ပေါ်ရှိ ပလတ်စတစ် လက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း၊ အော်ဟစ်ရင်း ကျွန်မပါသွားသည်မှာ မြစ်အောက်ပိုင်းရှိ ရွံ့ထူသောကမ်းပါးသို့ ရောက်ရှိ သည့်တိုင် ဖြစ်သည်။ ကြော်ငြာထားသကဲ့သို့ ခရီးကဖြစ်မလာသော်လည်း ကျွန်မတို့ ပျော်ရွင်ရယ်မောကြည်နူးခဲ့ရသည်။

ခရီးစဉ်အကြောင်းအဓိကချက်ကို တမင်ချန်ရစ်ထားသော ခရီးသွားလက်ကမ်း…

ချစ်ဖို့ကောင်းလိုက်တာ

‘‘ချစ်ဖို့ကောင်းလိုက်တာ’’ဟူသည့်စကားကို မနက်ခင်းတစ်ခု၌ ကျောင်းသွားရန် အသင့် ဖြစ်နေသည့် သမီးက ဆိုလိုက်ခြင်းဖြစ်သည်။ သူဘာကိုဆိုလိုသည်ကို ကျွန်တော် နားမလည်ပါ။ ထို့နောက် သူ့ဝမ်းကွဲအစ်မထံမှရသော ရှပ်အင်္ကျီလေးကို ပုတ်ပြရာ အင်္ကျီ၏
အရှေ့ဘက်တွင် ထိုစာတန်းကို ရိုက်နှိပ်ထားသည်။ ကျွန်တော် သူ့ကို ပွေ့ဖက်လိုက်ပြီး သူကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ပြုံးနေသည်။ ‘‘သမီးလေးလည်း ချစ်ဖို့ကောင်းတာဘဲ’’ ဟု ကျွန်တော် သံယောင်လိုက် သည်။ သူ့အပြုံးက ပိုတောက်ပလာပြီး ထိုစကားကို ထပ်ခါ ထပ်ခါ ရေရွတ်လျက် ခုန်ပေါက် ပြေးလွှားနေတော့သည်။

ကျွန်တော်သည် စံထားလောက်သော ဖခင်တစ်ဦး မဟုတ်ပါ။ သို့သော် ထိုအခိုက်အတန့်လေးက အလှဆုံးအချိန်
ဖြစ်သည်။ အဖေ့မေတ္တာအားလုံးကို ရရှိလိုက်သည့်အလား သမီး၏မျက်နှာလေး၌ ဝမ်းမြောက်ကြည်နူးခြင်းပုံရိပ်ကို ဖျတ်ခနဲ တွေ့လိုက်ရသည်။ သူ့အပေါ် ဖခင်ဖြစ်သူ၏သဘောထားက သူ့ရှပ်အင်္ကျီပေါ်ရှိ စကားနှင့် တစ်ထပ်တည်း ကျကြောင်းကို သူသိနေသည်။

မိမိကို…

ဝေဖန်မှုကို ဆိတ်သုဉ်းစေခြင်း

နှစ်ပတ်လည် လူထုလှုပ်ရှားမှုအစီအစဉ် ဖြစ်မြောက်ရေးအတွက် အဖွဲ့လေးတစ်ဖွဲ့ နှင့်အတူ ကျွန်ုပ်လုပ်ဆောင်သည်။ ထိုအစီအစဉ်အောင်မြင်ရန်အတွက် ကျွန်ုပ်တို့ ၁၁ လမျှ အချိန်ယူ အသေးစိတ် စီစဉ်ပူးပေါင်းလုပ်ဆောင်ရသည်။ နေ့ရက်နှင့်နေရာကို ရွေးချယ် ရသည်။ လက်မှတ်ဈေးနှုန်းများ သတ်မှတ်ရသည်။ အစားအသောက် လှည့်လည် ရောင်းချမည့် ကိစ္စမှအစ အသံပိုင်းဆိုင်ရာ စက်မှုကျွမ်းကျင် ပညာရှင်အထိ ကိစ္စအားလုံးကို ရွေးချယ်လုပ်ဆောင်ရသည်။ လှုပ်ရှားမှုအစီအစဉ် နီးကပ်လာသည့်နှင့်အမျှ ပြည်သူတို့၏ စုံစမ်းမေးမြန်းမှုများကို ဖြေပေးရသည်၊ ညွှန်ကြားချက် လမ်းညွှန်ချက်များကို ပြင်ဆင်ပေးရသည်။ ထို့နောက်တွင် တုံ့ပြန်ဝေဖန်မှုများကို စစ်တမ်းကောက်ရာ တုံ့ပြန်မှုအချို့က ကောင်းသည်။ အချို့မှာမူ မကြားဝံ့စရာပင်။ အစည်းအဝေး တက်ရောက်သူများထံမှ စိတ်ဝင်စားမှုရှိသည့်အကြောင်း ကြားရသလို ရပ်ရွာလူထု၏ဝေဖန်မှုများကိုလည်း ကျွန်ုပ်တို့ အဖွဲ့ ကြားရသည်။ တုံ့ပြန်မှုအဆိုးများက စိတ်ဓာတ်ကျစေပြီး ရံဖန်ရံခါ အရှုံးပေးလိုက်အောင် သွေးဆောင်သည်။

နေဟမိဦးဆောင်သည့် ယေရုရှလင်မြို့ရိုး ပြန်လည် တည်ဆောက်ရေးအဖွဲ့ ကိုလည်း…

နှိမ့်ချသော ချစ်မေတ္တာ

ဘင်ဂျမင် ဖရန်ကလင်သည် လူငယ်အရွယ်က သူ့ဘ၀၌ ကျင့်သုံးကြီးပွားလိုသည့် သူတော်ကောင်းတရား (၁၂) ချက်ကို စာရင်းပြုစုခဲ့သည်။ သူက ထိုစာရင်းကို မိတ်ဆွေတစ်ဦးအား ပြခဲ့ရာ ထိုမိတ်ဆွေက ‘‘နှိမ့်ချခြင်း’’ကို ထပ်ပေါင်းထည့်ရန် သူ့ကို အကြံပြုခဲ့သည်။ ဖရန်ကလင်က ထိုအကြံကို နှစ်သက်သည်။ ထို့နောက်တွင် သူ့စာရင်းထဲရှိအချက်များကို ကျင့်သုံးရာ၌ အထောက်အကူ ဖြစ်စေမည့် လမ်းညွှန်အချို့ကို ထပ်ပေါင်းထည့်သည်။ နှိမ့်ချခြင်းနှင့်စပ်လျဉ်းပြီး ဖရန်ကလင်၏အတွေးများအနက် သူသည် ရှင်ယေရှုကို စံပြအဖြစ် စံထားအတုယူခဲ့သည်။

အဆုံးစွန်ဆုံးသော နှိမ့်ချခြင်း စံနမူနာကို ရှင်ယေရှုက ကျွန်ုပ်တို့ကို ပြသခဲ့သည်။ ‘‘ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။ ထိုသခင် သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်။ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင် မိမိအသရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကို ယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌…

နာမည်နှင့်တကွ ခေါ်တော်မူ၏

ကြည့်ရှုသူများ၏တုံ့ပြန်မှုအာရုံကို အဖမ်းစားနိုင်ဆုံးသော စကားလုံးမှာ သူတို့၏နာမည် ဖြစ်သည်ဟု ကြော်ငြာရှင်များက ကောက်ချက်ချခဲ့သည်။ ထို့ကြောင့် ယူကေရှိ ရုပ်သံလိုင်းတစ်ခုသည် သူတို့၏အွန်လိုင်းအခြေပြုဝန်ဆောင်မှုဖြင့် လူတစ်ဦးချင်းစီကို ကြော်ငြာပေးသည့် အစီအစဉ်ကို မိတ်ဆက်ပေးခဲ့သည်။

ရုပ်မြင်သံကြား၌ မိမိ၏နာမည်ကို ကြားရခြင်းမှာ ပျော်စရာကောင်းမည်။ သို့သော် မိမိကိုချစ်သူ တစ်ဦးဦးက ကျွန်ုပ်တို့၏နာမည်ကို ခေါ်လိုက်သည့်အခါ ရလိုက်သည့် နွေးထွေးရင်းနှီးမှုမျိုးလောက် လေးနက်မှုရှိမည် မဟုတ်ပေ။

သခင်ယေရှုအား ကားစင်တင်ပြီး သူ့ခန္ဓာကိုယ် လဲလျောင်းရာ ဂူသင်္ချိုင်း၌ ကိုယ်တော် သူ့နာမည်ကို ခေါ်လိုက်သည့်အသံက မာဂဒလမာရိ၏အာရုံကို ဖမ်းဆုပ် နိုင်ခဲ့သည် (ယော ၂၀း၁၆)။ ထိုစကား ရိုးရိုးလေးအားဖြင့် မာရိသည် သူချစ်ပြီး နောက်တော်လိုက်သောဆရာကို မှတ်မိပြီး လှည့်ကြည့်လိုက်သည်။ မယုံကြည်နိုင် လောက်အောင် ရုပ်ခြည်းဝမ်းမြောက်သွားမည်ကို ကျွန်မမြင်ယောင်ကြည့်မိသည်။ အကျွမ်းတဝင် တစ်ရင်းတစ်နှီးနှင့် ကိုယ်တော်က သူ့နာမည်ကို ခေါ်လိုက်ခြင်းက သူ့ကို အလုံးစုံသိကျွမ်းသူ သခင်ဘုရားသည်…

အဖေ့ထံမှ အကြံဉာဏ်

စာတည်းအလုပ်ကို ရပ်ဆိုင်းခဲ့ပြီးနောက် အလုပ်သစ်တစ်ခုရအောင် ဘုရားသခင်ထံ ကျွန်မဆုတောင်းခဲ့သည်။ သို့သော် ရက်သတ္တပတ်များသာ လွန်သွားပြီး အလုပ် လျှောက်လွှာများကို ဖြည့်စွက်လျှောက်ခဲ့သော ကျွန်မ၏ကြိုးစားမှုက အရာမထင် ဖြစ်လာ၍ ကျွန်မစပြီး နှုတ်ခမ်းစူလာတော့သည်။ အဖြေမရတော့ဟု ထင်ရသည့် ကျွန်မ၏
တောင်းဆုအတွက် ဆန္ဒပြသည့်သဘောနှင့် လက်ပိုက်ကာ ‘‘ကျွန်မအတွက် အလုပ်တစ်ခု ရှိဖို့က သိပ်ပြီး အရေးကြီးတယ် ဆိုတာကို ကိုယ်တော်မသိဘူးလား’’ ဟု ဘုရားသခင်အား မေးလျှောက်ခဲ့သည်။

ဘုရားသခင်၏ကတိတော်များအား ယုံကြည် ကိုးစားခြင်းအကြောင်း မကြာခဏ ကျွန်မကို သတိပေး တတ်သည့် အဖေ့ကို အလုပ်အခြေအနေနှင့် ပတ်သက်ပြီး ပြောပြသောအခါ သူက ‘‘ဘုရားသခင်ရဲ့ကတိစကား ဘယ်တစ်ခုကို သမီးယုံကြည်တာလဲဆိုတာ အဖေ့ကို တည့်တည့်ပြောပြစေချင်တယ်’’ ဟု ပြောခဲ့သည်။

အဖေ၏အကြံဉာဏ်က မိဘက ချစ်သားသမီးကို ပေးသော အမြော်အမြင်နှင့် ပြည့်စုံသည့် အကြံဉာဏ်တို့ ပါဝင်သည့် သုတ္တံ…

နွေးထွေးသောကြိုဆိုခြင်း

‘‘လူတိုင်းကို မည်သူပွေ့ဖက်မည်နည်း’’။

ဤမေးခွန်းသည် ကင်ဆာရောဂါရရှိနေပြီဆိုသည့် သတင်းကို ကြားသိပြီး
ဘုရားကျောင်းသို့ အခိုက်အတန့်အားဖြင့် မရောက်ဖြစ်တော့ဟု သဘောပေါက်လိုက် သည့်နောက် ကျွန်တော့်သူငယ်ချင်း စတိဗ် ၏ရင်ထဲ၌ ထွက်ပေါ်လာသည့် မေးခွန်းများစွာ အနက်တစ်ခုဖြစ်သည်။ စတိဗ် သည် ဘုရားကျောင်းလာသူတိုင်းကို သူတို့အား ကြိုဆိုသည်ဟု ခံစားရအောင် ဖော်ရွေနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်တတ်သူ၊ လက်ဆွဲ နှုတ်ဆက်တတ်သူ ဖြစ်သည်။ ရောမ ၁၆း၁၆ တွင် ‘‘အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့’’ ဟု ကျမ်းစာလာသည့်အတိုင်း စတိဗ် သည် လူအချို့ကိုဖြင့် သန့်ရှင်းသောပွေ့ဖက်ခြင်းဖြင့် ပွေ့ဖက် ကြိုဆိုသည်။

ဘုရားရှင်သူ့ကို အနာငြိမ်းစေမည့်အကြောင်း ကျွန်တော်တို့ ဆုတောင်းပေး ချိန်၊ သူကလည်း ခွဲစိတ်မှုနှင့်ဆေးကုသမှုကိုခံယူစဉ်တွင် ဘုရားကျောင်းသို့ သူမရောက် နိုင်သည့်အတောအတွင်း ဘုရားကျောင်းသို့လာသူများအား ကြိုဆိုနှုတ်ဆက်မှု ပျက်ကွက် သွားမည်ကိုလည်း သူစိတ်ပူခဲ့သည်။

ကျွန်တော်တို့အားလုံးသည် စတိဗ်…

ပြည့်ဝစုံလင်တော်မူသောအဘဘုရား

စတိုးဆိုင်၏လျှောက်လမ်း ကြပ်နေသည့်လူများကြားတွင် ကျွန်မလည်း ဖခင်များနေ့ အတွက် ကတ်လှလှလေးတစ်ခုကို အသည်းအသန်ကြိုးစားရှာဖွေနေသည်။ စင်စစ် နှစ်ပေါင်းများစွာ တင်းမာနေသည့်အနေအထားမှ အဖေနှင့်ပြန်လည်ပြေလည်ခဲ့ သော်လည်း အဖေနှင့် ရင်းနှီးကျွမ်းဝင်မှုကို ကျွန်မ တစ်ခါမှ မခံစားခဲ့ရဖူးပါ။

ကျွန်မဘေးနားမှ အမျိုးသမီးက ကတ်မှစာသား များကို ဖတ်ကြည့်ပြီး ကတ်များကို သူ့နေရာသို့ ပြန်ထိုးထည့် ကာ ‘‘ဖခင်တွေနဲ့ဆက်ဆံရေး အဆင်မပြေတဲ့သူတွေ အတွက် ကတ်မလုပ်ဘဲ၊ မှန်တဲ့အရာတွေကိုပဲ ကြိုးစား လုပ်နေ ကြတာပဲ’’ ဟု ညည်းညူလိုက်ပါသည်။

ကျွန်မဘာမျှပြန်မပြောလိုက်မီမှာပင် ဒေါသ ပေါက်ကွဲပြီး သူထွက်သွားသည်။ သို့နှင့် ကျွန်မ သူ့အတွက် ဆုသာတောင်းပေးလိုက်သည်။ သူသာလျှင် စုံလင်ပြည့်ဝ တော်မူသောအဘဖြစ်ကြောင်း ဘုရားသခင်က အခိုင်အမာ အတည်ပြုခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းရင်း ကျွန်မနှင့်ကျွန်မ၏အဖေကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတော်မူပါဟု ဆုတောင်းမိသည်။

ကောင်းကင်ဘုံရှင်အဘဘုရားနှင့်လည်း နက်နဲသော ရင်းနှီးမှုရှိရန်ကိုလည်း ကျွန်မတောင့်တမိပါသည်။ ကိုယ်တော်၏ထာဝရတည်မြဲခြင်း၊…