ပြုလုပ်ခွင့်၊ ဖြတ်ကျော်ခွင့် မရှိခြင်း
သာမန်မြစ်ဖြတ်ကူးသည့်ကိစ္စ မဟုတ်ပါ။ ဥပဒေအရ ရောမစစ်ဗိုလ်ချုပ်တစ်ဦးသည် လက်နက်ခဲယမ်းအစုံအလင်နှင့်တပ်ကို ရောမမြို့တော်သို့ ဦးဆောင်ခေါ်လာခွင့် မရှိပါ။ ထို့ကြောင့် ဘီစီ ၄၉ တွင် ဂျူးလီယက်ဆီဇာသည် ရူဘီကွန်မြစ်ကို ဖြတ်ပြီး အီတလီနိုင်ငံသို့ ၁၃ ခုမြောက် ထောင်စုတပ်ကို ဦးဆောင်ဝင်လာခြင်းက ပုန်ကန်မှု မြောက်သည်။ ဆီဇာ၏ဆုံးဖြတ်ချက်နှင့် လုပ်ရပ်က ပြန်ပြင်၍မရနိုင်တော့ဘဲ ရောမ မဟာဗိုလ်ချုပ်ကြီး ဧကရာဇ် ဖြစ်မလာမချင်း နှစ်ပေါင်း ရှည်ကြာသည့် ပြည်တွင်းစစ် စတင်ဖြစ်ပွားစေခဲ့သည်။ ယနေ့ထိတိုင် ‘‘ပြုလုပ်ခွင့်၊ ဖြတ်ကျော်ခွင့်မရှိခြင်း’’ ကို ‘‘ရူဘီကွန်မြစ် ဖြတ်ကူးခြင်း’’ ဟုတင်စား သုံးနှုန်းကြသည်။
တစ်ခါတစ်ရံ စကားလုံးများအားဖြင့် ကျွန်ုပ်တို့ ရူဘီကွန်မြစ်ကို ဖြတ်ကူးတတ်သည်။ ပြောပြီးသားစကားက နှုတ်ကျွံလျှင် ပြန်နုတ်၍ မရပါ။ ရောမသို့ ချီတက်သွားသည့် ဆီဇာ၏လုပ်ရပ်က ပြန်ပြင်၍ မရသကဲ့သို့ပင် နှုတ်မှထွက်သွား သည့်စကားက အမအစ၊ နှစ်သိမ့်မှု (သို့)…
ဘုရားသခင်ပို့ဆောင်ရာသို့ လိုက်ပါနာခံခြင်း
၂၀၁၅ ခုနှစ် သြဂုတ်လတွင် အိမ်မှ ၂ နာရီကြာမျှ သွားရသည့် တက္ကသိုလ်၌ တက်ရောက်ရန် ကျွန်မပြင်ဆင်ရင်း ကျောင်းပြီးလျှင် အိမ်သို့ ပြန်လာဖြစ်တော့မည် မဟုတ်ကြောင်း ကျွန်မသဘောပေါက်လာခဲ့သည်။ ‘‘မိသားစု၊ အသင်းတော်နှင့် အိမ်ကို ဘယ်လို ထားခဲ့လို့ ရမှာလဲ။ ဘုရားသခင် ကျွန်မကို အခြားပြည်နယ်ဒေသတစ်ခုကို စေလွှတ်ရင် ဘယ်လိုလုပ်ရမလဲ’’ စသည်ဖြင့် အတွေးများ လွန်ဆွဲနေခဲ့သည်။
‘‘ယခု သွားလော့။ သင်သည် ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည့်အကြောင်း သင့်ကို ဖာရောဘုရင်ထံသို့ ငါစေလွတ်မည်’’ (ထွက် ၃း၁၀)ဟုမောရှေကို ဘုရားသခင်မိန့်ကြားသည်တွင် မောရှေနည်းတူကျွန်မလည်း စိုးကြောက်နေခဲ့သည်။ မိမိအဆင်ပြေနေသည့် အရပ်ဝန်းကျင်မှ ကျွန်မ မခွာချင်ပါ။ သို့သော် မောရှေက နာခံလျက် ဘုရားသခင်နောက်တော်လိုက်ခဲ့သည်။ သို့သော်ဆင်ခြေတက်ခဲ့သေးသည်။ သူ့အစား အခြားသူတစ်ဦးဦးကို စေလွှတ်ရန်တောင်းပန်ခဲ့သေးသည် (း၁၁-၁၃၊ ၄း၁၃)။
မောရှေ၏ဥပမာအားဖြင့် မိမိကို…
ဘုရားသခင်၏ လက်ဗွေတံဆိပ်
လိုင်ဂွန် စတီဗင်သည် သူ့မောင်လေး နစ်နှင့်အတူ ခြေလျင်တောင်တက်ခရီးသွားရခြင်း ကို နှစ်သက်သည်။ သူတို့မောင်နှမသည် အတွေ့အကြုံရှိ တောင်တက်သမားများဖြစ်ပြီး မြောက်အမေရိကရှိ အမြင့်ဆုံးတောင်ဖြစ်သည့် မက်ကင်းလေ (ဒန္နလီ)တောင်ထိပ်ကို အတူတက်ရောက်အောင်မြင်ခဲ့ကြသည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလတွင် ကော်လိုရာဒိုတောင်ထိပ်သို့ တက်စဉ် နှင်းတောင်ပြိုကျခြင်း ကြောင့် နစ်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက် ၂၀ အရွယ် လိုင်ဂွန်မှာ အသက်ဆုံးပါးခဲ့သည်။ နောက်ပိုင်းတွင် အစ်မ ဖြစ်သူ၏ပစ္စည်းများတွင် နေ့စဉ်မှတ်တမ်းစာအုပ်ကို ပြန်တွေ့ ခဲ့ပြီး အထဲ၌ ရေးသားထားသည့် အကြောင်းအရာများ ဖြင့် နစ်သည် နှစ်သိမ့်သက်သာမှုကို ရခဲ့သည်။ ထိုမှတ်တမ်း၌ဆင်ခြင်စရာများ၊ ဆုတောင်းချက်များ၊ ဘုရားသခင်ကို ချီးမွမ်းခြင်းများဖြင့် ပြည့်နှက်နေသည်။ မှတ်တမ်းစာအုပ်၏ အစတွင် ဤသို့ ရေးသားထားသည်။ ‘‘ကျွန်မက ဘုရားသခင် လက်မှတ်ရေးထိုးထားတဲ့ အနုပညာ လက်ရာတစ်ခုမျှသာ။ သို့သော် ကိုယ်တော်၏ဖန်တီးမှု မပြီးဆုံးသေးပါ။ ယခုမှ အစပင်ရှိသေးသည်။ ကျွန်မ၌ ဘုရားသခင်၏…
ကတိတော်၌ တည်ရှိနေခြင်း
ကျွန်တော့်သူငယ်ချင်း၏အစ်ကိုသည် (သူတို့ငယ်စဉ်ကလေးဘ၀က) သူ့ညီမလေးအား ‘‘နင်ယုံတယ်ဆိုရင် ဒီထီးက နင့်ကိုယ်အလေးချိန်ကို ထိန်းနိုင်တယ်’’ ဟု အာမခံ လိုက်သည်။ သို့နှင့် ညီမလေးက ‘‘ယုံကြည်ခြင်းဖြင့်’’ စပါးကျီခေါင်မိုးပေါ်မှ ထီးဖွင့်ခုန်ချ လိုက်ရာ ထိခိုက်ဒဏ်ရာရခဲ့တော့သည်။
ဘုရားသခင်သည် သူကတိတော်ရှိထားသည့် အတိုင်း သူပြုမည်ဖြစ်သည်။ ကတိတော်ကို ကိုင်စွဲသည်တွင် ဘုရားသခင်၏ ကတိတော်စကားအတိုင်း ကျွန်တော်တို့ ကိုင်စွဲကြောင်း သေချာမှုရှိရမည်။ သို့မှ ဘုရားသခင်သည် သူကတိထားသည့်အတိုင်း ပြုမည်၊ ကျွန်တော်တို့ကို အဖြေ ပေးမည်ကို ကျွန်ုပ်တို့စိတ်ချရလိမ့်မည်။ ယုံကြည်ခြင်း၌ တန်ခိုး မရှိပါ။ ရှင်းလင်းသော၊ေ၀၀ါးမှုမရှိသော ဘုရား သခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းကို အခြေတည်သောအခါ စိတ်ချစရာ ဖြစ်လာသည်။ သို့မဟုတ် ပါက ယုံကြည်ခြင်းသည် တစ်စုံတစ်ရာကို လိုချင်တောင့်တသည့် ဆန္ဒစိတ်သာဖြစ်လိမ့်မည်။
အောက်ပါအချက်ကို လေ့လာကြည့်ပါ။ ‘‘သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။ သင်တို့သည်…
ပိတ်ထားပါ
ကျွန်မ၏သမီးကို ကျောင်းသို့ပို့ပြီး တစ်မိုင်ခန့်ရှိ အိမ်အပြန်ခရီးလမ်းတွင် အမှန်တကယ် ဆန္ဒရှိပါက ကျမ်းပိုဒ်များကို အာဂုံဆောင်ကျက်မှတ်နိုင်သည်။ ထိုအချိန်တိုလေးတွင် ကျမ်းပိုဒ်များကို ရွတ်ဆိုကျက်မှတ်သောအခါ ညနေနေညိုချိန်တွင် ထိုကျမ်းပိုဒ်များကို ပြန်သတိရပြီး ကျွန်မ၏စိတ်နှလုံးအတွက် နှစ်သိမ့်မှုနှင့် ဉာဏ်ပညာပေးသည်ကို တွေ့ရသည်။
ကတိတော်ပြည်သို့ ဝင်ရောက်တော့မည်အချိန်တွင် မောရှေက ဣသရေလလူမျိုးတို့အား ဘုရားသခင်၏ ပညတ် ချက်များ၊ ညွှန်ကြားချက်များကို မြဲမြံစွာစွဲကိုင်စောင့်ထိန်းရန် တိုက်တွန်းနှိုးဆော်ခဲ့သည် (တရား ၆း၁-၂)။ ဘုရားသခင် မှာထားသောစကားတို့ကို နှလုံးသွင်းပြီး ထိုစကားတို့ကို နောင်လာနောက်သား သားသမီးများအား သွန်သင်ပေး ရမည် (း၆-၇)။ ထိုစကားများကို လက်တွင် ချည်ထားပြီး နဖူးတွင် ကပ်ထားရန် မှာကြားသည် (း၈)။ ဣသရေလလူမျိုးတို့သည် ကိုယ်တော်၏မိန့်ကြားချက်များကို မမေ့လျော့ဘဲ ဘုရား သခင်ကို ရိုကျိုးသူ၊ ကျေးဇူးတော်၌ မွေ့လျော်ကာ ကောင်းချီး ခံစားရသူများဖြစ်ရန် မောရှေလိုလားခဲ့သည်။
သင်ကော၊ ယနေ့ ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်…
အစဦး မတိုင်ခင်က
“အကယ်၍ ဘုရားသခင်သည် အစမရှိ၊ အဆုံးမရှိ ထာဝရတည်ရှိတော်မူသည်ဆိုလျှင် ကျွန်ုပ်တို့ကို မဖန်ဆင်းမီ ကိုယ်တော်ဘာလုပ်နေသနည်း။ ကိုယ်တော်သည် အချိန်ကိုမည်ကဲ့သို့ အသုံးချခဲ့သနည်း။” ဘုရားသခင်၏ထာဝရဖြစ်ခြင်းအကြောင်းကို ပြောဆို ဆွေးနွေးတိုင်း လူငယ်ဥပုသ်စာဖြေကျောင်းမှ စူးစမ်းလိုသောကျောင်းသူကျောင်းသားများက ထိုမေးခွန်းများကို အမြဲမေးလေ့ရှိသည်။ ၎င်းသည် နက်နဲ အံ့သြဖွယ်ကောင်းသည့်အချက်ဖြစ်သည်ဟု ကျွန်မ ပြန်ဖြေလေ့ရှိသည်။ သို့ရာတွင် မကြာမီကမှ ကျမ်းစာမှ ထိုအဖြေကို ပေးသဖြင့် ကျွန်မသိခွင့်ရခဲ့သည်။
ရှင်ယောဟန်ခရစ်ဝင် ၁၇ တွင် သခင်ယေရှုသည် သူ၏အဘခမည်းတော်ထံ ဆုတောင်းရာ၌ “အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကို ချစ်သည်” ဟု ဆိုသည် (၂၄)။ ၎င်းသည် ကျွန်ုပ်တို့ကို သခင်ယေရှုဖော်ပြသည့် ဘုရားသခင်၏ အကြောင်းဖြစ်သည်။ အဘဘုရားသခင်သည် ကမ္ဘာကြီးကို မဖန်ဆင်းမီ ကပင် ဖခင်တစ်ဦးအနေဖြင့် သူ၏သားတော်ကို ဝိညာဉ်တော်အားဖြင့် ချစ်တော်မူသည်။ သခင်ယေရှု ဗတ္တိဇံခံစဉ် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့…
အမြင်ပြောင်းလဲခြင်း
ကျွန်မ၏ကျွန်မနေထိုင်ရာမြို့လေးသည် နှစ်ပေါင်းသုံးဆယ်အတွင်း အဆိုးရွားဆုံးသော ဆောင်းရာသီ အအေးဒဏ်ကို ခံရသည်။ အဆက်မပြတ်ကျနေသောနှင်းထုကြီးကို ကော်ထုတ်ရသောကြောင့် ကျွန်မ၏ကြွက်သားများ နာကျင်လာသည်။ ကြိုးစား၍ ကော်ထုတ်သော်လည်း အကျိုးမရှိသောကြောင့် ဖိနပ်ကိုချွတ်ပြီး အိမ်ထဲသို့ဝင်လိုက်ရာ ပူနွေးသောမီးဖိုနှင့် ပတ်ပတ်လည်တွင် မီးလှုံနေသော ကျွန်မ၏ကလေးများက ကြိုဆိုလျက်ရှိသည်။ အိမ်တွင်းမှအပြင်သို့ လှမ်းကြည့်သောအခါ ကျွန်မ၏အမြင်များ လုံးဝပြောင်းလဲ သွားသည်။ နှင်းများကို ဖယ်ရှင်းရန် စိတ်မကူးတော့ဘဲ နှင်းဖြူဖြူများ ဖုံးအုပ်နေသော သစ်ကိုင်းများနှင့် မြေပြင်၏အလှကိုသာ တွေ့ရှိခံစားလိုတော့သည်။
ထိုအဖြစ်အပျက်နှင့်ဆင်တူသော်လည်း ပို၍ပင် စိတ်ထိခိုက်ဖွယ် ဆာလံဆရာအာသပ်၏ စိတ်ပြောင်းလဲမှုကို ဆာလံ ၇၃ တွင် ဖတ်ရှုရသည်။ ကမ္ဘာကြီးတွင် မဖြစ်သင့်သောအမှုကိစ္စများ ဖြစ်ပျက်နေသည်ကို သူဝမ်းနည်း စွာဖြင့် ကြုံတွေ့ခံစားခဲ့ရသည်။ ကောင်းမွန်စွာနေထိုင် အသက်ရှင်သူများက ချီးမြှောက် ဂုဏ်ပြုခြင်းမခံရဘဲ မကောင်းမှုဖြင့် အသက်ရှင်နေသူများက ကောင်းစားနေသည်ကို သူတွေ့ရသည် (း၁၃)။ ဘုရားသခင်၏သန့်ရှင်းရာဌာနထဲသို့ ဝင်ရသောအခါမှသာလျှင် သူ၏အမြင်ပြောင်းလဲ သွားပြီး…
ဘုရားသခင်ကိုမျှော်လင့်ခြင်း
တစ်နေ့သောအခါ ကျွန်ုပ်တို့၏သမီးသည် တစ်နှစ်သားအရွယ်မြေးလေးနှင့်အတူ ကျွန်ုပ်တို့ထံ လာလည်သည်။ ကျွန်ုပ်မှာ အရေးကြီးကိစ္စတစ်ခုနှင့်အပြင်သို့ ထွက်မည့် ဆဲဆဲဖြစ်သည်။ ကျွန်ုပ်အခန်းအပြင်သို့ထွက်သည်နှင့်တစ်ပြိုင်နက် မြေးလေးသည် ငိုပါတော့သည်။ ထိုသို့ နှစ်ကြိမ်ဖြစ်ခဲ့ပြီး ထိုသို့ဖြစ်တိုင်း အိမ်ထဲသို့ ကျွန်တော်ပြန်ဝင်ပြီး သူနှင့်အတူ အချိန်ဖြုန်းခဲ့သည်။ တတိယအကြိမ်အပြင် ထွက်မည်အပြုတွင် မြေးလေး၏မျက်နှာ မဲ့စပြုလာသည်။ ထို့ကြောင့် သမီးက “အဖေ သူ့ကိုခေါ်သွားပါလား” ဟု ပြော လာသည်။
ဘာဆက်ဖြစ်လာသည်ကို အဘိုးအဘွားများ သိပြီး သူတို့ပြောပြပါလိမ့်မည်။ ကျွန်ုပ်တို့မြေးအဘိုး စက်ဘီးစီးလျက် အတူအပြင်သွားကြသည်။ သူ့ကို ချစ်သောကြောင့်ပါ။
ကျွန်ုပ်တို့၏စိတ်နှလုံးသားမှ ဘုရားသခင်ကို မျှော်လင့် တောင့်တခြင်းကို ချစ်ခြင်းမေတ္တာဖြင့် ဖြည့်ဆည်းပေးကြောင်း သိရသည်မှာ အဘယ်မျှ ကောင်းလိုက်သနည်း။ “ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည် သိ၍ ယုံကြည်” နိုင်ကြောင်း (၁ ယော ၄း၁၆) ကျမ်းစာတော်မြတ်က…
ကြိုတင်မျှော်လင့် စောင့်ဆိုင်းခြင်း
မေဒေး (မေလ ၁ ရက်) ရောက်တိုင်း အင်္ဂလန်နိုင်ငံ အောက်စ်ဖို့မြို့၌ လူအုပ်ကြီးသည်မေဒေး (မေလ ၁ ရက်) ရောက်တိုင်း အင်္ဂလန်နိုင်ငံ အောက်စ်ဖို့မြို့၌ လူအုပ်ကြီးသည်မနက်စောစောစုဝေး၍ နွေဦးကို ကြိုဆိုလေ့ရှိသည်။ မနက် ၆ နာရီတွင် မက်ဒါလန် ကောလိပ်မှ သံစုံအဖွဲ့သည် မက်ဒါလန်မျှော်စင်ထိပ်မှသံစုံသီချင်းများကို သီဆို ကြသည်။ သီချင်းသံနှင့်ခေါင်းလောင်းသံများက ညအမှောင်ထုကို ဖြိုခွင်းလိုက်ခြင်းကို ထောင်သောင်းချီသောလူထုကြီးက မျှော်လင့်လျက် စောင့်ဆိုင်းကြသည်။
အခြားသော ပျော်ရွှင်မြူးတူးသူများနည်းတူ ကျွန်ုပ် လည်း မျှော်လင့်ရင်း စောင့်ဆိုင်းသူဖြစ်သည်။ ဘုရားသခင် ထံမှ ဆုတောင်းချက်အဖြေရရန်၊ ကိုယ်တော်၏ လမ်းညွှန် ပို့ဆောင်မှုကို ကျွန်ုပ်စောင့်မျှော်သည်။ မည်မျှကြာကြာ စောင့်ရမည်ကို မသိသော်လည်း မျှော်လင့်တစ်ကြီး ဆက်လက် စောင့်ရန် သွန်သင်ခံရသည်။ ဆာလံ ၁၃၀ တွင်အလွန်မှောင်မိုက်သောညကဲ့သို့ စိတ်ညစ်ညူးစရာများ ကြုံတွေ့ခံစားရကြောင်း ဆာလံဆရာက ဖော်ပြထားသည်။ ဒုက္ခရောက်သည့်ကာလ၌ပင်…
ချည်နှောင်မှုများ ချိုးဖျက်ခြင်း
ကျွန်ုပ်တို့သည် ဇမ်ဇီဘာကျွန်း၊ စတုံးမြို့ရှိ ခရစ်တော်အသင်းတော်ကသီဒြယ်သို့ စိတ်လှုပ်ရှားမှုများစွာဖြင့် ရောက်ရှိခဲ့သည်။ ရှေးယခင်က အရှေ့အာဖရိကဒေသ၏ အကြီးမားဆုံးသော ကျွန်ဈေးနေရာ၌ ထိုဘုရားကျောင်းကြီးတည်ရှိသည်။ ထိုကျောင်း၏ဒီဇိုင်းကို ရေးဆွဲခဲ့သည့်ပညာရှင်များက ကျေးကျွန်ဘဝ၏ချည်နှောင်မှုများကို ဧဝံဂေလိ သတင်းစကားက မည်ကဲ့သို့ချိုးဖျက်ခဲ့ကြောင်း မြင်သာအောင် ထင်ရှားစွာ ဖော်ပြလိုသည်။ ထိုနေရာသည် ဆိုးညစ်သော၊ ရက်စက်ကြမ်းကြုတ်သောနေရာ မဟုတ်တော့ဘဲ
ဘုရားသခင်၏ကျေးဇူးတော် ဝန်းရံလွှမ်းခြုံသည့်နေရာ ဖြစ်လာခဲ့သည်။
ဘုရားကျောင်း ဆောက်လုပ်သူများက သခင်ယေရှု၏ ကားတိုင်ပေါ် အသေခံခြင်းသည် အပြစ်မှလွတ်မြောက်စေ ကြောင်း ဖော်ပြလိုသည်။ ရှင်ပေါလုကလည်း ထိုအချက်ကို
ဧဖက်အသင်းတော်သို့ ရေးပေးသော စာ၌ မိန့်ကြားထားသည်။ ‘‘ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွတ်တော်မူခြင်း တည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏’’ (၁း၇)။ ရွေးနုတ်ခြင်း ဟူသည့်စကားက ဓမ္မဟောင်းခေတ်တွင် လူ (သို့) ပစ္စည်းတစ်စုံတစ်ခုကို ပြန်ရွေးဝယ်သည့်ဈေးနေရာကို ရည်ညွှန်းသည်။ အမှားများပြုလျက် အပြစ်ဒုစရိုက်၏ကျွန်ဖြစ်နေသူကို သခင်ယေရှု ပြန်ရွေးဝယ်ခဲ့သည်။
ဧဖက်သြဝါဒစာ၏အစတွင်လည်း…