ကောင်းသောရာသီ
ယနေ့သည် ကမ္ဘာ့မြောက်ဘက်ခြမ်း၌ နွေဦး၏ပထမနေ့ဖြစ်သည်။ သြစတြေးလျ နိုင်ငံတွင် သင်နေထိုင်ပါမူ ယနေ့သည် ဆောင်းဦး၏ပထမနေ့ဖြစ်သည်။ အကြောင်းမှာ မြောက်ဘက်မိုးကုတ်စက်ဝိုင်းတွင် နေထွက်ပြီး တောင်ဘက်မိုးကုတ်စက်ဝိုင်းတွင် နေ၀င်သောကြောင့်ဖြစ်သည်။ ယနေ့ နေသည် အီကွေတာပေါ်တွင် တည့်တည့် ထွန်းလင်းနေသောကြောင့် နေ့အချိန်နှင့် ညအချိန်သည် ကမ္ဘာတစ်ဝန်း တွင် တူညီသလောက်ရှိနေပါသည်။
လူများစွာတို့အတွက် ရာသီအသစ်ဝင်ရောက်ခြင်း သည် အရေးကြီးသည်။ အချို့က နေ့ရက်များကို လက်ချိုး ရေတွက်လျက် ရာသီအသစ်က ဆောင်ယူလာမည့်အရာ များကို မျှော်လင့်နေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်နိုင်ငံ ၀င်ကွန်စင်းပြည်နယ်၌ဆိုလျှင် ပြက္ခဒိန်ပေါ်တွင် နွေဦး စမည့် နေ့ကို မှတ်သားခြင်းက နောက်ဆောင်းရာသီ ကုန်ဆုံးမည့် အချိန်ကို အချက်ပြနေသည်။ မဲလ်ဘုန်းမြို့၌ဆိုပါက သြစတြေးလျ၏ နေအပူဒဏ်မှသက်သာစေမည့် ဆောင်းဦး ရာသီကို စိတ်မရှည်စွာဖြင့် စောင့်နေမည် ဖြစ်သည်။
ကျွန်ုပ်တို့သည်လည်း ထိုသို့ ရာသီဥတုနှင့်မသက်ဆိုင်သော အသက်တာ၏ ရာသီစက်ဝန်းကို…
ကျေးဇူးတင်တတ်သောနှလုံးသား
မင်္ဂလာဆောင်သောနေ့၌ မားတီနှင့် ကျွန်တော်သည် ၀မ်းမြောက်စွာဖြင့် ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ နာသည်ဖြစ်စေ၊ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိမည်အကြောင်း ၀န်ခံကတိပြုခဲ့သည်။ ပျော်ရွှင်စရာမင်္ဂလာပွဲ၌ ဆိုးဝါးသော အချိန်၊ ဖျားနာချိန်နှင့် ဆင်းရဲမှုနှင့် ပတ်သက်၍ ၀န်ခံကတိပြုရခြင်းက တစ်မျိုးဖြစ်နေပြီး ထူးဆန်းလှသည်။ သို့သော် ၎င်းသည် ဘ၀တွင် တစ်ခါတစ်ရံ အဖြစ်ဆိုးများလည်းရှိနေကြောင်း သိမြင်နားလည်စေသည်။
ဘ၀၏ရှောင်လွဲမရသော အခက်အခဲများနှင့် ရင်ဆိုင် ရသောအခါ ကျွန်တော်တို့ ဘာလုပ်မည်နည်း။ ရှင်ပေါလုက ခရစ်တော်၏ကိုယ်စား ‘‘အခြေအနေတိုင်း၌ ကျေးဇူးတော် ချီးမွမ်းရန်’’ (၁ သက် ၅း၁၈) တိုက်တွန်းခဲ့သည်။ မည်မျှပင် ခက်ခဲကြမ်းတမ်းစေကာမူ ထိုချီးမွမ်းတတ်သောဝိညာဉ်ကို လက်ကိုင်ထားရန် ခွန်အားပေးထားခြင်းမှာ ဘုရားသခင်၌ ကောင်းသောရည်ရွယ်ချက် ရှိနေပါသည်။ စင်စစ် ကျေးဇူး သိတတ်ချီးမွမ်းခြင်းစိတ်သည် ဘုရားရှင်၏ကောင်းမြတ်ခြင်းနှင့် သူ၏မပြောင်းလဲဘဲ ထာဝရတည်မြဲသော ချစ်ခြင်းမေတ္တာတွင် အရင်းခံအခြေတည်သည် (ဆာ ၁၁၈း၁)။…
အိမ်သို့ပေးစာ
ဒုတိယကမ္ဘာစစ်အတွင်း အိမ်နှင့်ဝေးလျက် စစ်ရေးလေ့ကျင့်နေရသည့် အမေရိကန် တပ်သားသစ်များကို ၎င်းတို့ရင်ဆိုင်ရသောစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် အခြေစိုက်လေ့ကျင့်ရေးသင်တန်းမှ ရယ်မောဖွယ်ရာ အိမ်သို့ရေးစာ ရေးခွင့်ပေးခဲ့သည်။ လူငယ်လေးတစ်ယောက် ရေးသောစာတွင် ‘‘ဆေးတပ်သားနှစ်ယောက်က ကျွန်တော့်ကို မှိန်းနဲ့လိုက်ဖမ်းနေကြတယ်။ ကျွန်တော်တို့ကို ဖမ်းချုပ်ပြီး လက်တစ်ဘက်တစ်ချက်စီမှာ ဆေးထိုးပေးတယ်’’ ဟု ကာကွယ်ဆေးထိုးသည့်အကြောင်းကို အံ့မခန်း ပုံကြီးချဲ့ ရေးထားသည်။
စစ်သားတစ်ဦးမှာ ပျော်ရွှင်ရယ်မောစရာဟာသ များသည် သူ့အတွက်များစွာ အကျိုးဖြစ်စေကြောင်း သိလာသည်။ ထို့နောက် သူ ကျမ်းစာအုပ်တစ်အုပ်ကို လက်ခံရရှိခဲ့သည်။ ‘‘ဒီစာအုပ်ကို ကျွန်တော် အလွန်နှစ်သက် တယ်။ ညတိုင်းလည်း ဖတ်တယ်။ ကျမ်းစာအုပ်ထဲက အများကြီး သင်ယူရရှိလိမ့်မယ်ဆိုတာ ကျွန်တော် မထင်မှတ် ထားဘူး’’ ဟူ၍ ရေးသားခဲ့သည်။
ရှေးလွန်လေပြီးသောအခါက ဂျူးလူမျိုးများသည် ဗာဗုလုန်နိုင်ငံ၌ နှစ်ပေါင်းများစွာကျွန်ခံပြီးနောက် မိမိနိုင်ငံသို့ ပြန်လာရာတွင် ပြဿနာများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ယေရုရှလင်မြို့ရိုးကြီးကို ပြန်ဆောက်ရန်အတွက် ရုန်းကန်ရင်း…
တီးတိုးစကားများ
လူငယ်လေးတစ်ယောက်သည် လေယာဉ်ပေါ်၌ ထိုင်၍ ခါးပတ်ပတ်လိုက်သည်။ သူ့မျက်လုံးများက လေယာဉ်ပြတင်းပေါက်များသို့ရောက်သွားလိုက်၊ ဟိုကြည့်ဒီကြည့်နှင့် ဖြစ်နေသည်။ ထို့နောက် သက်ပြင်းအရှည်ကြီးချ၍ မျက်လုံးပိတ်ကာ စိတ်ငြိမ်အောင် ကြိုးစားသော်လည်း မရပါ။ လေယာဉ်တက်သွားစဉ် သူသည် ရှေ့တိုးနောက်ဆုတ် လှုပ်ခါ နေသည်။ သူ့မျက်စောင်းထိုး၌ ထိုင်နေသူ အမျိုးသမီးကြီးက သူ့လက်မောင်းပေါ်လက်အသာတင်ပြီး သူကြောက်ရွံ့နေမှု သက်သာအောင် အာရုံပြောင်းပြီး စကားပြောပေးသည်။ ‘‘နာမည် ဘယ်လိုခေါ်သလဲ၊ ဘယ်ကလာသလဲ၊ အဆင်ပြေ သွားမှာပါ၊ မင်းအဆင်ပြေနေတာဘဲ၊ အစရှိသဖြင့် တိုးညင်းစွာပြောပေးသည်။ သူ့ကိုကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်နိုင်သလို သူ့ကို လှစ်လျူရှုထားလိုက်နိုင်ပါသည်။ သို့သော် သူ့ကို ထိတွေ့ပြီး စကားပြောရန် ရွေးချယ်ခဲ့သည်။ သေးငယ်သော အမှုအရာလေးပါ။ နောက်သုံးနာရီအကြာတွင် လေယာဉ်ဆင်းသက် ပြီးနောက် ထိုလူငယ်က ‘‘ကျွန်တော့်ကို ကူညီပေးခဲ့လို့် ကျေးဇူးပါ’’ ဟုပြောခဲ့သည်။
ယခုကဲ့သို့ ကြင်နာသနားသောအပြုအမူမျိုးကိုပြသည့် အင်မတန်မှလှပသော မြင်ကွင်းမျိုးကို မြင်တွေ့ရရန် မလွယ်ကူပေ။…
အသေအချာကြည့်မှ မြင်နိုင်သော အံ့ဖွယ်ရာများ
လူအချို့သည် ကမ္ဘာကြီးကိုကြည့်ပြီး မှားယွင်းပျက်စီးနေသောအရာများကိုသာ မြင်သည်။ သဘာဝပထ၀ီမြေကြီး၏အလှများရိုက်ကူးသည့် National Geographic မှ ဓာတ်ပုံဆရာသည် သူ၏အနုပညာဖြင့် ကမ္ဘာမြေကြီး၏ စစ်မှန်သောပုံရိပ်ကို ခံစားတင်ပြ သည်။ သူသည် အလင်းတန်းများ ဖြတ်သန်းပြောင်းလဲသွားချိန်၌ ပေါ်ထွက်လာသည့် ရှိနှင့်ပြီးသား အံ့သြဖွယ်အလှများ လှစ်ဟဖွင့်ပြသည့် အချိန်ကိုစိတ်ရှည်စွာဖြင့် စောင့်သည်။ သူ့ကင်မရာကို အသုံးပြု၍ သာမန်လူသားများ၏မျက်နှာနှင့် သဘာဝတရားမှ အလှ တရားကို ရှာဖွေသည်။
ကမ္ဘာကြီး၏ချို့ယွင်းချက်များကို ကြည့်စတမ်း ဆိုလျှင် ယောဘကြီးလည်း အပါအ၀င်ဖြစ်သည်။ သူ့ကို ခံစား ကြည်နူးမှုဖြစ်စေသည့် အရာအားလုံးကို ဆုံးရှုံးရပြီးနောက် သူ၏မိတ်ဆွေများပင် အပြစ်တင်ဝေဖန်သူများ ဖြစ်လာသည်။ သူတို့၏စကားများက ယောဘသည် ကွယ်ဝှက်ထားသော အပြစ်ကြောင့် ဤအရာများ ခံစားနေရပါသည်ဟု ၀န်ခံရန် ခြောက်လှန့်နေသည်။ ယောဘကြီးသည် အော်ဟစ်လျက် မစမှုကို တောင်းလျှောက်သော်လည်း ဘုရားသခင်က တိတ်ဆိတ်နေမြဲပင်။
နောက်ဆုံးတွင် ဘုရားသခင်သည် ယောဘကြီးအား…
အပြစ်ကို ဖော်ပြကုစားပေးခြင်း
ကလေးတစ်ယောက်အနေနှင့် တစ်ခါမှမထွန်ယက်ရသေးသောမြေကို အဖေထွန်ယက် နေသည်ကို ကြည့်နေမိသည်။ ပထမတစ်ထယ်ထိုးပြီးသောအခါ သူမြေဆွခဲ့သောနေရာ၌ ကျောက်တုံးကျောက်ခဲကြီးများ ပေါ်လာပြီး ဖယ်ရှားပစ်ရသည်။ ထို့နောက်တစ်ခေါက်ပြီး တစ်ခေါက် မြေစိုင်များနှံ့ပြီးကြေမွသွားသည်အထိ ထွန်ယက်ခဲ့သည်။ တစ်ခါပြီးတိုင်း သူဖယ်လိုက်သော ဘေးမှမြေစာပုံက ကျောက်တုံးအပုံ ဖြစ်သွားသည်။ လယ်ထွန်ခြင်းသည် အခေါက်ပေါင်းများစွာ ထွန်ယက်ရသောအလုပ် ဖြစ်သည်။
ကျေးဇူးတော်ထဲ၌ ကြီးထွားခြင်းသည်လည်း အထက်ပါနည်းလမ်းအတိုင်းဖြစ်သည်။ ယုံကြည်သူဖြစ်ခါစ၌ ကြီးမားသောအပြစ်များ ပေါ်လာပါလိမ့်မည်။ ထိုအပြစ်များ အတွက် ၀န်ချတောင်းပန်ကာ ဘုရားရှင်ထံမှခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့တောင်းခံသည်။ သို့သော် နှစ်များကြာလာသည် နှင့်အမျှ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏အတွင်းနှလုံးသား၌ စိမ့်ဝင်စီးဆင်းလျက် သန့်ရှင်းသောဝိညာဉ်တော်က အခြားသောအပြစ်များကိုပါ ဖော်ပြသည်။ သေးငယ်သော ဒုစရိုက်၊ အရေးမကြီးဟု ထင်မှတ်ခဲ့သည့်အပြစ်များသည် အကျည်းတန်သော၊ ယိုယွင်းသော အတွေးသဘောနှင့် အပြုအမူများ ဖြစ်ကြောင်း ဖော်ပြလာသည်။ မာန်မာန ထောင်လွှားခြင်း၊ မိမိကိုယ်ကို သိမ်ငယ်ခြင်း၊ ညည်းတွားမြည်တမ်းခြင်း၊ ဘက်လိုက်ခြင်း၊ မုန်းတီးခြင်း၊ မိမိကိုယ်ကို အလိုလိုက်ခြင်းများသည်…
ဆုတောင်းခြင်းဆုကျေးဇူးကိုပေးခြင်း
လော်ရာ၏မောင်လေး ကင်ဆာဝေဒနာ ကုသမှုခံယူစဉ် ကျွန်တော်တို့ဘုရားကျောင်းမှ လူများ သူ့အတွက် ဆုတောင်းပေးသည့်အတွက် ကျွန်တော်တို့ကို ကျေးဇူးတင်စကား ပြောပါသည်။ ‘‘ဆုတောင်းခြင်းဆုကျေးဇူးဟာ ဘယ်လောက်လေးနက်ကြောင်း ကျွန်မ မောင်လေး နေမကောင်းဖြစ်ပြီး ရှင်တို့အားလုံး ၀ိုင်းပြီး ဆုတောင်းပေးတဲ့အချိန်အထိ နားမလည်ခဲ့ဘူး။ ရှင်တို့ဆုတောင်းချက်တွေဟာ ဘယ်လောက် ထိ သက်သာနှစ်သိမ့်စေသလဲဆိုတာ ပြောမပြနိုင်လောက် အောင်ပါပဲ။ ရှင်တို့ရဲ့ဆုတောင်းပေးမှုဟာ မောင်လေးရဲ့ အခက်ခဲဆုံးအချိန်မှာ သူ့အတွက် အားဖြစ်စေသလို၊ ကျွန်မတို့ မိသားစုတစ်ခုလုံးအတွက်ပါ ခွန်အားပေးမှု ဖြစ်စေပါတယ်’’ ဟု မျက်ရည်ကျရင်း လော်ရာက ပြောပြခဲ့သည်။
သူတစ်ပါးကို အကောင်းဆုံး မေတ္တာပြနိုင်သောနည်းမှာ ဆုတောင်းပေးခြင်း ဖြစ်သည်။ ဆုတောင်းခြင်းနှင့်ပတ်သက်၍ သခင်ယေရှုသည် အကောင်းဆုံးပုံသက်သေ ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ကိစ္စတော်တော်များများ၌ သခင်သည် အခြားသူများအတွက် ဆုတောင်းပေးခြင်းအကြောင်း ဖော်ပြထားပြီး ခမည်းတော်ထံတွင် ကျွန်ုပ်တို့ကိုယ်စား ဆုတောင်းပေးနေကြောင်း ဖော်ပြထားပါသည်။ ရောမ ၈း၃၄ ၌ ခရစ်တော်သည် ‘‘ဘုရားသခင်၏လက်ျာတော်ဘက်၌နေလျက်…
အတူတကွ ရှေ့ဆက်ခြင်း
တစ်နှစ်အတွင်း လူပေါင်း ၅ သန်းကျော်သည် အခက်အခဲအတားအဆီးများရှိသော လမ်းခရီးကို ပြေးခြင်း၊ မတ်စောက်သောနံရံများ တွယ်တက်ခြင်း၊ ရွှံ့နွံထဲတွင် ရုန်းကန်ကာ ရေစိမ့်နေသည့်ပိုက်အတွင်း တွယ်တက်ခြင်းစသည့် အရာများအတွက် ပိုက်ဆံပေးကာ အဘယ်ကြောင့် အကုန်အကျခံကြသနည်း။ အချို့က သူတို့၏ခံနိုင်ရည် တက်လာရန်နှင့်ကြောက်ရွံ့မှုကို အနိုင်ယူရန်အတွက် မိမိကိုယ်ကိုစိန်ခေါ်မှု တစ်ရပ်အဖြစ် လုပ်ဆောင်ကြသည်။ အချို့မှာ ပြိုင်ပွဲဝင် အချင်းချင်း ကူညီထောက်ပံ့ခြင်းဖြင့် အသင်းအဖွဲ့ဖြင့် လုပ်ဆောင်မှုစွမ်းရည် မြင့်တက်လာစေရန် ဖြစ်သည်။ လူတစ်ဦးကမူ ‘‘ဝေဖန်မှုကင်းမဲ့ဇုန်’’ - သူစိမ်းများ တစ်ဦးနှင့် တစ်ဦး ကူညီဖေးမကာ ပန်းတိုင်ဆီသို့ရောက်အောင် ပြေးသောနေရာဟုဆိုသည်။ (Stephanie Kanowitz, The Washington Post)
နှုတ်ကပတ်တော်မှ သခင်ယေရှု၌ ယုံကြည်ခြင်းကို ထင်ဟပ်လျက် အသက်ရှင်ရာတွင် အဖွဲ့လိုက် စုပေါင်း လုပ်ဆောင်မှုကို စံနမူနာပြရန် တိုက်တွန်းထားသည်။ ‘‘ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်း…
သို့သော်လည်း...
အဆိုးမြင်တတ်သောသဘောသို့ယိမ်းပါလျက် ဘ၀အသက်တာ၏ အခြေအနေများ မည်သို့ ဖြစ်ပျက်တွေ့ကြုံရမည်ကို အနုတ်လက္ခဏာဖြင့် လျှင်မြန်စွာ ကျွန်မသုံးသပ် ကောက်ချက်ချတတ်သည်။ အလုပ်တစ်ခုကို ဆက်မလုပ်ဘဲ အားစိုက်ထုတ်မှုကို ရပ်လိုက်ပါက အခြားအလုပ်များလည်း ဖြစ်မြောက်အောင် လုပ်နိုင်မည် မဟုတ်ကြောင်း လွယ်လင့်တကူ လက်ခံယုံကြည်မိသည်။ မဆီမဆိုင် ကျွန်မ ခြေချောင်းလေးများကိုပင် ကုန်းထိရန် တတ်နိုင်တော့မည် မဟုတ်ဟု တွေးမိသည်။ ကျွန်မသည် မည်သည့် အလုပ်ကိုမျှ မှန်ကန်စွာ မလုပ်နိုင်သော စိတ်ပျက်စရာ မိခင်တစ်ဦးပါလား။ ကဏ္ဍတစ်ခု၌ ရှုံးနိမ့်ခြင်းက ကျွန်မ၏အခြားသောခံစားမှု များစွာကိုပါ မလိုလားအပ်ဘဲ ထိခိုက်လာသည်။
ဘုရားသခင် ပရောဖက်ဟဗက္ကုတ်အား ဖော်ပြခဲ့သော အရာအပေါ် သူမည်သို့ တုံ့ပြန်ခဲ့မည်ကို ကျွန်မအနေဖြင့် အလွယ်တကူ မြင်ယောင်ကြည့်နိုင်သည်။ အနာဂတ်၌ ကြာရှည်၍ ခက်ခဲကြမ်းတမ်းသောနှစ်များကို ဘုရားသခင်၏ လူမျိုးတော်တို့ ရင်ဆိုင်ရမည်ကို သိရှိခဲ့ပြီးနောက် သူအလွန်ကြီးစွာ စိတ်ပင်ပန်းအားလျော့ ခဲ့ရသည်။ အသီးအနှံမရှိ၊ အသားငါးမရှိ၊ နှစ်သိမ့်သက်သာစေမည့်သူမရှိ၊…
ရှက်ကြောက်စရာမရှိသော သစ္စာတရား
အားကစားပရိတ်သတ်များသည် သူတို့အားပေးသောအသင်းကို ချီးမွမ်းခန်းဖွင့်ရန် နှစ်သက်ကြသည်။ အသင်းတံဆိပ်ပါသော ဂျာစီအင်္ကျီကို ၀တ်မည်။ ဖေ့စ်ဘွတ် တွင် သူတို့နှစ်သက်သည့် အသင်းအကြောင်း စာရေးတင်မည် (သို့) သူငယ်ချင်းများနှင့် ဆွေးနွေးပြီး သူတို့အသင်းအပေါ်ထားရှိသော သစ္စာတရားကို ချွင်းချက်မရှိ ပြမည်။ ကျွန်တော်၏ Detroit Tigers ဦးထုပ်၊ အင်္ကျီနှင့် စကားဝိုင်း များသည် ထိုအသင်းကို အားပေးသူများနှင့်အတူရှိနေ ကြောင်း ဖော်ပြနေပါသည်။
ကျွန်တော်တို့၏အစစ်မှန်ဆုံးနှင့် အကြီးမြတ်ဆုံး သောသစ္စာရှိမှုသည် ဘုရားရှင်အတွက်သာဖြစ်စေရမည် အကြောင်း အားကစားအသင်းအပေါ် ထားရှိသော သစ္စာတရားက သတိပေးနေသည်။ ဆာလံ ၃၄ တွင် ဒါဝိဒ်မင်းက ဤကမ္ဘာပေါ်ရှိ အခြားသောအရာထက် အရေးကြီးသူတစ်ဦးထံ ကျွန်တော်တို့၏စိတ်အာရုံကို ဆွဲဆောင်ထားလေရာ ထိုရှက်ကြောက်စရာမရှိသော သစ္စာတရားအကြောင်း ကျွန်တော်စဉ်းစားမိသည်။
ဒါဝိဒ်က ‘‘ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရဘုရားကို ကောင်းချီး ပေးမည်’’ (း၁) ဟု ဆိုထားရာ၊…