ဘဝအသက်ကို ဆက်ကပ်ထိုက်သောချစ်မေတ္တာ
၁၉ ရာစုနှစ် အင်္ဂလိပ်လူမျိုးဘုန်းတော်ကြီး ဝီလီယန် ထဲမ်ပဲလ် (William Temple)သည် တစ်ချိန်က အောက်စဖို့တက္ကသိုလ် ကျောင်းသားများအား ဒေသနာဝေငှရာတွင် (လက်ဝါးကပ်တိုင်တော်ကြည့်၍ အံ့သြဖွယ်ရာကျူး”) ဓမ္မတေးမှ စာသားများဖြင့် အဆုံးသတ်ခဲ့သည်။ ထိုသီချင်းကို ပေါ့ပေါ့တန်တန်သဘောမထားရန် သတိပေးလျက် “စာသားများကို စိတ်ထိတွေ့ပြီး စာသားအတိုင်း ဆက်ကပ်လျှင် အသံကျယ်နိုင်သလောက် ကျယ်ကျယ်ဆိုပါ။ စာသားများကို စိတ်မထိတွေ့လျှင် အသံမထွက်ဘဲ ငြိမ်ငြိမ်လေးနေပါ။ စာသားအချို့ကိုသာ စိတ်တို့ထိပြီး ပိုတိုး၍ ဆက်ကပ်လိုလျှင် ဖွဖွလေးသာ သီဆိုပါ”ဟု ဆရာထဲမ်ပဲလ်က ပြောပါသည်။ ပရိတ်သတ်များ ငြိမ်သက်သွားပြီး မျက်လုံးများက စာသားများသို့ရောက်သွားသည်။ ထောင်နှင့်ချီသောအသံများက စတင်၍ ဖြေးညင်းစွာသီဆိုကာ “မေတ္တာတော်မြတ် အောက်မေ့သောခါ အသက်ဝိညာဉ်ဆက်ကပ်မှပေ”ဟူသော နောက်ဆုံးအပိုဒ် စာသားကို အလေးအနက်ပြု၍ သီဆိုကြတော့သည်။
ရှင်ယေရှုကို ယုံကြည်၍ သူ၏နောက်တော်သို့လိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့ထံမှ ရှိသမျှတောင်းဆိုမှုကို ပေးမည်ဟု လက်တွေ့ကျသည့် ချစ်ခြင်းကို ပြရန် သဘော…
သူစိမ်းဧည့်သည်ကို ချစ်ခြင်း
ကျွန်မသူငယ်ချင်း၏ဇနီး၊ အချုပ်အလုပ်တွင် ဆရာတစ်ဆူဖြစ်သူ ဖျားနာပြီး မကွယ်လွန်မီ အလွန်မွန်မြတ်သောအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့သည်။ ကျွန်မတို့ မြို့ တွင်ရှိသော စက်ချုပ်အသင်းသို့ သူမ၏အထည်ချုပ်ပစ္စည်းများဖြစ်သည့် အပ်ချုပ် စက်ခေါင်း၊ အဝတ်ညှပ်စားပွဲနှင့် အခြားလိုအပ်သောအရာများကို အခြားနိုင်ငံများမှ လာရောက်ခိုလှုံသူများအား အချုပ်အလုပ်သင်ကြားပေးသည့် သင်တန်းကျောင်းများသို့ ပေးလှူခဲ့သည်။ “ကျွန်တော်ရေတွက်ကြည့်တာ ပိတ်စချည်းပဲ သေတ္တာ ၂၈ လုံးရှိတယ်။ အမျိုးသမီး ၆ ယောက်လာပြီး ပစ္စည်းအားလုံး သယ်သွားတယ်။ သူတို့ရဲ့တပည့်တွေက အလုပ်ကြိုးစားပြီး ကျွမ်းကျင်မှုရှိအောင် စိတ်အားထက်သန်စွာလေ့လာသူတွေ ဖြစ်တယ်”ဟု သူမ၏ခင်ပွန်းက ပြောသည်။
အချို့က ရွှေ့ပြောင်းလာသူလူသစ်များကို နှိမ့်ချပြောဆိုသဖြင့် အတိဒုက္ခရောက်နေသော ခိုလှုံသူများအပေါ် သဘောထားကွဲလွဲသည့် ပြဿနာဖြစ်လာသည်။
သို့ရာတွင် မောရှေက “တစ်ကျွန်းတစ်နိုင်ငံသားဖြစ်သောဧည့်သည်ကို မညှဥ်းဆဲရ။ သင်တို့သည် (အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ဖူး၍) ဧည့်သည်၏ စိတ်သဘောကို သိကြ၏”(ထွ ၂၃:၉)ဟူ၍ဘုရားသခင်၏အမြင်နှင့်၊ သူစိမ်းတစ်ရံစာတို့နှင့် ပတ်သက်၍ “...…
ပူဆွေးနေသော ဘုရားသခင်
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တူရကီနိုင်ငံ၏ ပြင်းထန်ငလျင်လှုပ်ခတ်မှုအပြီးတွင် အပျက်အစီးများကြားတွင် ထိုင်လျက် အုတ်ကျိုးအုတ်ပဲ့ကြားမှ ထွက်နေသည့်သမီး၏လက်ကို ဆုပ်ကိုင်ထားသည့် ဖခင်တစ်ဦး၏ ဓာတ်ပုံက သတင်းမီဒီယာများတွင် လူတို့၏အာရုံကို ဖမ်းစားခဲ့သည်။ သူ့သမီးအိပ်နေသော မွေ့ရာအစွန်းကို မြင်နေရပြီး ယခုကိုင်ထားသည့် သက်မဲ့လက်ချောင်းများကိုလည်း တွေ့ရသည်။ ဖခင်၏မျက်နှာမှာ ညှိုးငယ်လျက်၊ အလွန်ဝမ်းနည်းနေသည်။
အံကြိတ်ထားသော ဤဖခင်၏မျက်နှာတွင် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင် အဘ၏ အလားတူပုံကို မှန်းမြင်မိသည်။ ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းတွင် အပြစ်၏ဖျက်ဆီးမှုကြောင့် ဝမ်းနည်းကြေကွဲခဲ့ကြောင်း ကမ္ဘာဦးကျမ်းတွင် “နှလုံးတော်ပူပန်လျက် ရှိတော်မူ၏” (၆:၆)ဟု ဖော်ပြထားသည် ။ အနာဂတ်၌ ပေါ်ထွန်းမည့်မေရှိယနှင့်စပ်လျဥ်း၍ ဟေရှာယက သူသည် “ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် အကျွမ်းဝင်သောသူဖြစ်၏”(၅၃:၃)ဟု ဆိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့နှင့်အတူ ဝမ်းနည်းပူဆွေးပြီး၊ ကျိုးပဲ့သော အသက်တာ၏အစွန်းအဖျားတွင် ထိုင်ကာ “ငါသည် သင်၏လက်ျာလက်ကို ကိုင်ပြီးမစမည့် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်”…
နှစ်ယောက်သာ၍ ကောင်း၏
၁၀ နှစ်ကြာ မူးယစ်ဆေးသုံးစွဲမှုကြောင့် မဂ္ဂီ(Meggie)တစ်ယောက် ထောင်သို့ ဝင်လိုက်ထွက်လိုက်နှင့်၊ ဘဝအပြောင်းအလဲ မရှိပါက မကြာခင် ထောင်ထဲပြန်ဝင်ရမည်ပင်။ ထို့နောက် မူးယစ်ဆေးကို လိုသည်ထက်ပို၍ သွေးကြောထဲထိုးသွင်းခဲ့၍ သွေးကြော ပေါက်ပြီး လက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည့် ဆေးသမားတစ်ဖြစ်လဲ ဟန်စ်(Hans)နှင့် သူမ တွေ့ဆုံခဲ့သည်။ “အဲဒီတုံးက ဘုရားသခင်ကို ပထမဆုံး အော်ခေါ်လိုက်တာပဲ”ဟု ဟန်စ်က ဆိုသည်။ သူ့ဆုတောင်းအတွက် ဘုရားသခင်၏အဖြေက အကျဉ်းကျနေသော မူးယစ်ဆေးစွဲ နေသူများအတွက် ပြန်လည်ထူထောင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည့်အဖွဲ့အစည်းတွင် အတွေ့ကြုံရှိ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာရန် ဟန်စ် ကို ပြင်ဆင်ပေးခဲ့သည်။
Stone Soup ဟုခေါ်သော အဆိုပါ အစီအစဉ်သည် ယခင်က အကျဉ်းကျဖူး သူများအား ၎င်းတို့၏ လူမှုအသိုက်အဝန်းများသို့ ပြန်လည်ဝင်ရောက်နိုင်စေရန် ကူညီပံ့ပိုးပေးနေသည့် အစီအစဉ်ဖြစ်သည်။ ထိုအစီအစဥ်အားဖြင့် မဂ္ဂီသည် အရက်ဖြတ်သူများ နေထိုင်သည့်အိမ်သို့ ပြောင်းရွှေ့ကာ အရက်ဖြတ်ခဲ့သည်။ ယခုအခါ ဟန်စ်သည် သူမနှင့်…
ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်
အသက် (၅၁) နှစ်အရွယ်တွင် အီနက်စ်မဟီးယာ (Ynes Mexia)(၁၈၇၀-၁၉၃၈) သည် ရုက္ခဗေဒဘာသာရပ်ကို လေ့လာရန် ဆုံးဖြတ်ခဲ့ပြီး၊ ကောလိပ်ကျောင်းသူအဖြစ် စာရင်းပေးသွင်းခဲ့သည်။ ထို့နောက် သူမ၏ ၁၃ နှစ်ကျော်လုပ်သက်အတွင်း အမေရိကအလယ်ပိုင်းနှင့် တောင်ပိုင်းတစ်ခွင်သို့ လှည့်လည်ကာ အပင်မျိုးစိတ်သစ် ၅၀၀ ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမတစ်ယောက်တည်း မဟုတ်ပါ။ သိပ္ပံပညာရှင်များသည် နှစ်စဥ် အပင်မျိုးစိတ်အသစ် ၂၀၀၀ နီးပါးကို ရှာဖွေတွေ့ရှိကြသည်။
ကမ္ဘာဦးကျမ်း ၁ တွင် ဘုရားသခင်သည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်သည့် မှောင်မိုက်သောကမ္ဘာမြေကို (၂) ပြည့်စုံ ကြွယ်ဝသောနေရာအဖြစ် ဖန်ဆင်းခဲ့သည်။ သုံးရက်မြောက်သောနေ့၌၊ ဘုရားသခင်သည် ခြောက်သွေ့သောမြေကို ဖန်တီးရန် ရေကိုခွဲထုတ်ပြီး “မြေသည် မြက်ပင်ကိုလည်းကောင်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း” ထားရှိခြင်းဖြင့် လူသားများအတွက် သာတောင့်သာယာရှိစေသည် (:၁၁)။ ၎င်းသည် မျိုးစေ့မှပေါက်သော…
ဘုရားသခင်နောက် လိုက်လျှောက်ခြင်း
လွန်ခဲ့သောနှစ်အနည်းငယ်က ပါရီမြို့သို့ အလည်အပတ်သွားရင်း အားလပ်ရက်တွင် သူငယ်ချင်းတစ်ဦးနှင့် အီဖယ်မျှော်စင် အနီးဝန်းကျင်၌ ညစာစားရန်ချိန်းထားပြီး၊ ထိုအချိန်မတိုင်မီတွင် ကျော်ကြားသောမြို့တစ်ဝိုက်တွင် တစ်ဦးတည်း လည်ပတ်ရန် ကျွန်မအချိန်အနည်းငယ်ရခဲ့သည်။ ဖုန်းဘက်ထရီ မကုန်မီအထိ အားလုံးအဆင်ပြေသည်။ ကျွန်မ၌ မြေပုံမရှိခြင်းကြောင့် မည်သည့်နေရာသို့သွားနေသည်ကို မသိသော်လည်း မြို့ကြီးသူဖြစ်၍ ကျွန်မထိတ်လန့်မှု မရှိပေ။ ထိုးထွက်နေသော အီဖယ်မျှော်စင်ကို လှမ်းကြည့်ပြီး Seine(စိန်း) မြစ်ကမ်းတစ်လျှောက်ဆက်လျှောက်ခဲ့သည်။ အထင်ကရမျှော်စင်နှင့် နီးကပ်လာသည်အထိ အဆင်ပြေခဲ့သော်လည်း နောက်ဆုံးတွင် မျှော်စင်မှာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနောက်တွင် တနည်းနည်းဖြင့် ပျောက်ကွယ်သွားသည်။
ဤမျှကြီးမားသော မျှော်စင်က မြင်ကွင်းမှကွယ်ပျောက်သွားနိုင်ခြင်းကို ကျွန်မအံ့ဩမိသည်။ နောက်ဆုံးတွင် အကူအညီလိုပြီဟု သိလိုက်ရ၍ လမ်း မေးမြန်းလိုက်မှ သူငယ်ချင်းကို ရှာတွေ့ခဲ့သည်။
ဘဝအသက်တာကို ခန့်မှန်း၍မရပေ။ ဘဝတွင် အတားအဆီးများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်ထံ အကူအညီနှင့် လမ်းညွှန်မှု ကို တောင်းခံနိုင်သည်။ ကိုယ်တော်ထံ အကူညီတောင်းခြင်းက…
ဘုရားသခင်၏သားတော်
မကြာသေးမီက၊ ဒုတိယကမ္ဘာစစ်မှ ကျွန်ုပ်တို့ဖခင်၏ စစ်မှုထမ်းမှတ်တမ်းများကို ကျွန်တော့်အစ်ကို စကော့ဒ် (Scott)လက်ခံရရှိခဲ့သည်။ ၎င်းတို့ကို ဖတ်ကြည့်သောအခါ အံ့သြစရာ၊ ထိတ်လန့်စရာများ ဘာမျှမရှိပါ။ အဖေ့အကြောင်းကို ဘာမျှမပြောထားဘဲ၊ အဖြစ်မှန် အချက်အလက်များသာ ဖြစ်သည်။ ဖတ်ရသည်မှာ စိတ်ဝင်စားစရာကောင်းသော်လည်း အဖေ့အကြောင်း အသစ်အဆန်းများ မသိရသလို ခံစားမိလာရ၍ အဆုံးမှာတော့ စိတ်မကျေနပ်ခဲ့ပါ။
ကျေးဇူးတော်ကြောင့်၊ ကျွန်ုပ်တို့ကိုပေးထားသော ယေရှု၏အသက်တာနှင့် အမှုတော်မှတ်တမ်းပါရှိသည့် ခရစ်ဝင်ကျမ်း လေးကျမ်းသည် အချက်အလက်များထက် များစွာပိုပါသည်။ ၎င်းတို့သည် ဤလောက၌ သခင်ယေရှုအသက်ရှင်ကျင်လည်စဥ် သူမည်သူ ဖြစ်ကြောင်း ဖော်ပြချက်များနှင့် သူပြုခဲ့၊ ပြောခဲ့သောအရာများဖြစ်သည်။ ရှင်မာကုခရစ်ဝင်ကျမ်းသည်“ဘုရားသခင်သားတော် ယေရှုခရစ်၏ ဧဝံဂေလိတရား၏အစကို ဆိုပေအံ့” (၁:၁) ဟူသော ရှင်မာကု၏စကားကို သက်သေပြရန် ရည်ရွယ်ပါသည်။ တစ်ဆက်တည်းမှာပင် “ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှာ ငါမထိုက်” (:၇)ဟု ပြောကြားသည့် ဗတ္တိဇံဆရာယောဟန်၏…
ဤမျှကောင်းမြတ်သောအသိပညာ
အလယ်ခေတ် ဘာသာရေးကို စူးစမ်းလေ့လာသူ Thomas Aquinas(သောမတ်စ် အခွိုင်နက်စ်)သည် ဘုရားသခင်ကို ရှာဖွေသည့် အသက်တာသို့ မိမိကိုယ်ကို ဆက်ကပ်အပ်နှံရန် များစွာဒုက္ခခံစားခဲ့ရသည်။ ရိုးရှင်းသောဘဝ၊ လေ့လာမှုနှင့် ဟောပြောခြင်းတို့ကို သီးသန့်ဦးစားပေးသော ဘုန်းတော်ကြီးကျောင်းဖြစ်သည့် ဘာသာရေးဂိုဏ်းသို့ သူမ၀င်ရောက်စေရေး၊ သူစိတ်ပျက်သွားအောင် သူ၏မိသားစုက သူ့ကို တစ်နှစ်ကြာ ချုပ်နှောင်အကျဥ်းချခဲ့သည်။ သူသည် သူ့တစ်သက်တာလုံး သမ္မာကျမ်းစာနှင့် ဖန်ဆင်းခြင်းတို့ကို လေ့လာခဲ့ပြီး၊ စာအုပ်အတွဲတစ်ရာနီးပါး ရေးသားပြီးနောက်၊ အခွိုင်နက်စ်သည် ဘုရားသခင်နှင့်ပတ်သက်၍ ကြီးလေးသည့် အတွေ့အကြုံတစ်ခုကို ခံစားခဲ့ရပြီး၊ “ဤမျှလောက် အံ့မခမ်းကောင်းမြတ်သည့်အသိပညာကို ပေးခဲ့၍ ကျွန်တော်ဆက်ရေး၍မရတော့ပါ။ ကျွန်တော်၏လက်ရာများမှာ ကောက်ရိုးပမာဖြစ်လေပြီ”ဟု သူရေးသားခဲ့သည်။ သုံးလအကြာတွင် သူကွယ်လွန်သွားခဲ့သည်။
တမန်တော်ပေါလုက ဘုရားသခင်ထံမှ အလွန်ကြီးမားလွန်းသော အတွေ့အကြုံ- “ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည်အကြောင်း” (၂ ကော ၁၂:၄)၊ ၎င်းတို့ကို စကားလုံးများဖြင့်…
ဘုရားသခင်ထံသို့ ယူဆောင်လာခြင်း
ဘရိုင်ယန်(Brian) သည် နှလုံးအထူးကုဆရာဝန်နှင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံချိန်၌ သူ၏သူငယ်ချင်းမှာ စောင့်ဆိုင်းခန်းထဲတွင် စောင့်နေခဲ့ပြီး ဖျားနာသောသူငယ်ချင်းအတွက် ဉာဏ်ပညာနှင့် ကုသခြင်းအတွက် ဆုတောင်းနေခဲ့သည်။ ထို့နောက် ဘရိုင်ယန်သည် ပြန်လာပြီး စာရွက်စာတမ်းများကို သူ့သူငယ်ချင်းအား ပြကာ အသက်အန္တရာယ်ရှိသော အခြေအနေကို ကုသရန် နည်းလမ်းအမျိုးမျိုးကို တိုင်ပင်ခဲ့ကြသည်။ နောက်ထပ်လုပ်ဆောင်မှုများအတွက် ဘုရားသခင်ထံမှ ဉာဏ်ပညာကို တောင်းခံရန် သူတို့နှစ်ဦး ဆွေးနွေးခဲ့ပြီးနောက် ဘရိုင်ယန်က “ရှေ့ဆက် ဘာပဲဖြစ်ဖြစ်၊ ငါက ဘုရားသခင်လက်ထဲမှာပဲ ရှိတယ်”ဟု ပြောခဲ့သည်။
ဟေဇကိမင်းသည်“...စာကို ထာဝရဘုရားရှေ့တော်၌ဖြန့်ထားလေ၏”(၂ရာ ၁၉: ၁၄)။ စာ၌ပါသော စကားလုံးများက ဆေးကုသမှုနှင့်ဆိုင်သော အန္တရာယ်မဟုတ်ဘဲ၊ ယုဒ၏ခိုင်ခံ့သောမြို့အားလုံးကို သိမ်းပိုက်ပြီး ၎င်း၏မြို့တော်ဖြစ်သည့် ယေရုရှလင်မြို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသော အင်အားကြီးရန်သူ အာရှုရိရှင်ဘုရင်၏ ခြိမ်းခြောက်သောစာ ဖြစ်သည်။ ဟေဇကိမင်းက “ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးပေါ်မှာ ရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏...…
ကူညီသော လက်တစ်စုံ
၁၉၀၀ ပြည့်နှစ်အစောပိုင်းတွင်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ကိုရိုနာဒိုမြို့၌ အမေရိကန်ရှိ လူမည်းများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ခြံမြေများငှားရမ်းခြင်း (သို့) ဝယ်ယူခြင်းကို ဥပဒေများဖြင့် တားမြစ်ကန့်သတ်ထားသည်။ ခွဲခြားဆက်ဆံသော ဥပဒေများမပြဌာန်းမီ အစောပိုင်းတွင် ကျွန်ဘဝမှမွေးဖွားလာသူ ဂတ်စ်သွန်ဆင် (Gus Thompson) အမည်ရှိသော လူမည်းအမျိုးသားတစ်ဦးသည် မြေယာကိုဝယ်ယူခဲ့ပြီး၊ ကိုရိုနာဒိုမြို့ ၌ အဆောင်တစ်ခုကို ဆောက်လုပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဂတ်စ်သည် မြေယာကို အာရှမိသားစုတစ်ခုထံသို့ ငှားရမ်းခဲ့ပြီး နောက်ဆုံးတွင် သူတို့အား ရောင်းချခဲ့သည်။ ရှစ်ဆယ့်ငါးနှစ်နီးပါးကြာပြီးနောက် အာရှမိသားစုဝင်အချို့မှ အဆိုပါမြေယာကို ရောင်းချပြီး၊ ရရှိသောငွေများကို လူမည်းကောလိပ်ကျောင်းသားများအား ကူညီရန် လှူဒါန်းကြသည်။ ထို့ပြင် ဆန်ဒီဂို ပြည်နယ်(San Diego)တက္ကသိုလ်ရှိ အဆောင်တစ်ခုကို ဂတ်စ် နှင့် သူ၏ဇနီး အမ်မာ (Emma) တို့အမည်ဖြင့် ဂုဏ်ပြုမှည့်ခေါ်ရန်လည်း လုပ်ဆောင်နေကြသည်။
သူတစ်ပါးကို ကောင်းမွန်စွာဆက်ဆံခြင်း၏ အဓိပ္ပာယ်ကို ဝတ်ပြုရာကျမ်းတွင်…