အမျိုးအစား  |  odb

တီကောင်မှအစ စစ်ပွဲများအထိ

၁၀ နှစ်သား Cleo လေး ပထမဆုံးအကြိမ် ငါးမျှားထွက်သည်။ ငါးစာ ထည့်ထားသည့်ခွက်ကို ကြည့်ပြီး သူတွန့်သွားပုံရသည်။ နောက်ဆုံး ‘‘ကူညီပါအုံး။ တ-က-ကြ-တ’’ ဟု ကျွန်မ အမျိုးသားကို ပြောလိုက်သည်။ ကျွန်မအမျိုးသားက ‘‘ဘာလဲကွ၊ တ-က-ကြ-တ ဆိုတာ’’ ဟု ပြန်မေးရာ၊ Cleo က ‘‘သား တီကောင်ကြောက်တယ်’’ ဟု ဖြေသည်။ သူ့ကြောက်စိတ်က သူရှေ့ဆက်ဘာမှမလုပ်နိုင်အောင် ရပ်တန့်တုံ့ဆိုင်းစေသည်။
ကြောက်ရွံ့ခြင်းက အရွယ်ရောက်ပြီးသား လူကြီး၊ ယောက်ျားများကိုလည်း တုံ့ဆိုင်းရပ်တန့်စေသည်။ ဂိဒေါင် သည် သူ့ရန်သူ မိဒျန်လူတို့ မတွေ့အောင် လျှို့ဝှက်ပြီး စပါးနယ်နေစဉ် ဘုရားသခင်၏ကောင်းကင်တမန် သူ့ထံ ရောက်လာရာ၊ ဂိဒေါင်လည်း ကြောက်ရွံ့သွားမည်ပင် (သူကြီး ၆း၁၁)။ တိုက်ပွဲတွင် ဘုရားသခင်၏လူမျိုးကို ဦးဆောင်ရန် ရွေးကောက်ခံရကြောင်း ကောင်းကင်တမန်က ဂိဒေါင်အား ပြောကြားခဲ့သည်(း၁၂-၁၄)။
ဂိဒေါင်က ‘‘အိုသခင်၊…

လုံလောက်သော

ကျွန်မတို့အိမ်တွင် အဖွဲ့ငယ်လေးတစ်ဖွဲ့ကို ဧည့်ဝတ်ပြု လက်ခံရန် ကျွန်မတို့ဇနီးမောင်နှံကို တောင်းဆိုသောအခါ ကျွန်မချက်ခြင်းပြန်ပေးလိုသောအဖြေက ငြင်းဆန်လိုက်ရန်ပင် ဖြစ်သည်။ ကျွန်မ၌ လုံလောက်သောအရာများ မရှိသည့်အတွက် ဖြစ်သည်။ လူတိုင်း အတွက် လုံလောက်သော ထိုင်ခုံမရှိ၊ အိမ်ကကျဉ်းပြီး လူများများမဆံ့။ ဆွေးနွေးမှုများကို အဆင်ပြေအောင် ဦးဆောင်လုပ်ပေးနိုင်စွမ်းရှိမရှိ မသေချာ၊ စားရေးသောက်ရေးအတွက် ပြင်ဆင်ရန် ကျွန်မဆန္ဒမရှိ၊ ငွေကြေး အဆင်မပြေမှာကို စိတ်ပူသည်။ ကျွန်မတို့အတွက် ၄င်းကိစ္စကို ကောင်းစွာစီမံရန် လုံလောက်ဖူလုံမှု ရှိသည်ဟု မခံစားခဲ့ရပါ။ လက်မခံချင်သည့်စိတ်က ထိုကိစ္စကို ငြင်းလိုက်ရန် လုံလောက်သည့် အကြောင်းပြချက်ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် ရပ်ကွက်အကျိုးအတွက် လုပ်ပေး ချင်သည့်စိတ်ဖြင့် စိုးရိမ်မှုများရှိသော်လည်း ကျွန်မတို့ လက်ခံရန် သဘောတူခဲ့သည်။ နောက် ၅ နှစ်ကျော်တိုင် ကျွန်မတို့၏ဧည့်ခန်းတွင် ထိုအဖွဲ့လေးကို လက်ခံနိုင်ခဲ့ပြီး အမှန်တကယ် ၀မ်းမြောက်မှုကို ရရှိခဲ့သည်။
ဘုရားသခင်၏လူ ဧလိရှဲထံ…

ဘယ်လောက်ကြာမှ...

ကျွန်မ အိမ်ထောင်ပြုသည့်အခါ ကလေး ချက်ခြင်းယူမည်ဟု စဉ်းစားခဲ့သည်။ သို့သော် ထိုသို့ ဖြစ်မလာခဲ့ပါ။ ကလေးမရနိုင်ဟူသည့် နာကျင်မှုက ကျွန်မကို ဒူးထောက်စေ ခဲ့သည်။ တစ်ခါတစ်ရံ ဘုရားသခင်ကို ‘‘ဘယ်လောက်ကြာမှ ရမှာလဲ’’ဟု အော်ဟစ် ခဲ့သည်။ ကျွန်မ၏အခြေအနေကို ဘုရားသခင် ပြောင်းလဲပေးနိုင်သည်ကို ကျွန်မ သိသည်။ သို့သော် အဘယ်ကြောင့် မလုပ်ပေးသေးသနည်း။
ဘုရားသခင်ကို သင်စောင့်စားနေသလား။ ‘လောကကြီးမှာ ဘယ်တော့မှ တရားမျှတမှု စိုးမိုးမှာလဲ’ ... ‘ဘယ်တော့မှ ကင်ဆာရောဂါပျောက်မှာလဲ ’... ‘ဘယ်တော့မှ အကြွေးကျေမှာလဲ’... စသည်ဖြင့် သင်မေးနေသလား။
ထိုခံစားမှုကို ပရောဖက်ဟဗက္ကုတ် ကောင်းကောင်း သိသည်။ ဘီစီ ၇ ရာစုတွင် ‘‘အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ၊ အကျွန်ုပ် သည် အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌…

ကျွန်ုပ်သိနှင့်ခဲ့မည်ဆိုပါက...

အလုပ်သွားရင်း ‘‘Dear Younger Me’’ သီချင်းကို ကျွန်မနားထောင်ခဲ့သည်။ သီချင်းလေးက ‘‘ယခုသိရှိနေသော အသိပညာများကြောင့် အတိတ်ကို ပြန်သွားခွင့်ရမည်ဆိုလျှင် သင့်ငယ်ဘ၀ကို သင်ဘာပြန်ပြောမည်နည်း’’ ဟု အဓိပ္ပာယ်ရှိရှိ မေးထားသည်။ သီချင်းနားဆင်ရင်း အသိမကြွယ်သေးသည့် နှမငယ်ထွေးဘ၀ကို အသိပေးရမည့် အရာများ၊ သတိပေးရမည့်အရာများ စသည်ဖြင့် ကျွန်မတွေးမိ သည်။ အသက်တာ၏ အချိုးအကွေ့မှတ်တိုင်များတွင် လူ အများစုသည် နောက်တစ်ဖန် အခွင့်အရေးရခဲ့လျှင် မည်သို့ မည်ပုံထူးခြားကောင်းမွန်စွာပြုမည်ဟု တွေးတတ်ကြသည်။
သို့သော် သီချင်းလေးက ‘‘အတိတ်သည် နောင်တ ရစရာများဖြင့် မည်မျှပြည့်နှက်နေလင့်ကစား ထိုအတွေ့ အကြုံများက ယနေ့ကျွန်ုပ်တို့၏ဖြစ်တည်မှုကို ဖန်တီးပေး ခဲ့လေပြီ။ မိမိ၏ရွေးချယ်မှု (သို့) အပြစ်၏အဖိုးအခအတွက် ပြန်လည်နောက်ဆုတ်၍ မရနိုင်ပြီ။ သို့သော် အတိတ်၏ လေးသောဝန်နှင့် အမှားများကို မိမိနှင့်အတူ ဆက်လက် ယူဆောင် မသွားရခြင်းအတွက် ကျေးဇူးတော်ပါ။ ဘုရားရှင်ကိုလည်း…

ကျွန်ုပ်တို့အပေါ်မှာ လက်တော်ဖြင့် လွှမ်းခြုံလျက်

ဘက်တီ၏သမီးသည် နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်လာပြီး နေမကောင်းဖြစ်နေသည်။ သူ မခံမရပ်နိုင်ဖြစ်သည့်အဆုံး ဘက်တီ တို့ဇနီးမောင်နှံတို့ သူ့ကို ဆေးရုံအရေးပေါ်ခန်းသို့ ခေါ်သွားသည်။ ဆရာဝန်နှင့်သူနာပြုများက လုပ်ဆောင်စရာများကိုလုပ်ပြီး အချိန် အတန်ကြာပြီးနောက် သူနာပြုတစ်ယောက်က ‘‘သမီးလေး ပြန်ကောင်းလာပါလိမ့်မယ်။ သူနေကောင်းပြီး ပြန်လည်ကျန်းမာလာအောင် ကျွန်မတို့ သူ့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ထားပါတယ်’’ ဟု ပြောလာချိန်တွင် ဘက်တီ သည် ငြိမ်သက်ခြင်းရရှိပြီး သူ့အပေါ်မေတ္တာများ လွှမ်းခြုံသွားသည့်နှယ် ခံစားလိုက် ရသည်။ သမီးလေးအတွက် သူစိုးရိမ်တကြီး ဖြစ်နေစဉ်မှာ ဘုရားရှင်သည် ခက်ခဲချိန်တိုင်းတွင် သူ၏သားသမီးများ အပေါ် အကောင်းဆုံးသောမိဘအဖြစ် ကျွန်ုပ်တို့ကို ကွယ်ကာစောင်မနေကြောင်း သူသိလိုက်ရသည်။
တရားဟောရာကျမ်းတွင် လူမျိုးတော်တို့ ကန္တာရထဲ လှည့်လည်ခဲ့ရစဉ် ဘုရားသခင်သည် ချစ်နှစ်သက်ဖွယ် မိဘကဲ့သို့ သူ့သားသမီးများအပေါ် မည်သို့လွှမ်းမိုးကာကွယ်စောင်မခဲ့ကြောင်း ဖော်ပြ ထားသည်။ ၎င်းတို့ကို ဘယ်သောအခါမှ မစွန့်မပစ်၊ ‘‘ရွှေလင်းတသည် အတောင်တို့ကို…

ကောင်းမြတ်သော အဟန့်အတား

ကျွမ်းကျင်ပညာရှင်များက တစ်နေ့တာအတွင်း ၀င်ရောက်လာသည့် အနှောင့်အယှက် များဖြင့် ကုန်ဆုံးသောအချိန်အများစုသည် အံ့သြစရာ မနည်းမနောဖြစ်ကြောင်း လက်ခံကြသည်။ အလုပ် (သို့) အိမ်တွင်ဖြစ်စေ၊ ဖုန်းခေါ်ဆိုမှု (သို့) ရုတ်တရက် ရောက်လာသော ဧည့်သည်များအားဖြင့် ကျွန်ုပ်တို့ကို မိမိအဓိကလုပ်ဆောင်မည့်အရာ များမှ သွေဖယ်သွားစေပါသည်။
ကျွန်ုပ်တို့အများစုသည် နေ့စဉ်အသက်တာတွင် အထူးသဖြင့် ကသိကအောင့်ဖြစ်စေသော (သို့) အစီအစဉ်ကို ပြောင်းစေသော အဖျက်အမှောင့်များကို မကြိုက်ကြပါ။ သို့သော် ယေရှုရှင်သည် အနှောင့်အယှက်ကဲ့သို့ ဖြစ်သည့် အရာများကို တစ်မူထူးစွာ တုံ့ပြန်လုပ်ဆောင်သည်။ ခရစ်ဝင်ကျမ်းများတွင် သခင်သည် လိုအပ်နေသူများကို ကူညီမစရန် သူ၏လုပ်လက်စအရာများကို ရပ်လိုက်ကြောင်း တွေ့ရသည်။
ကားတင်သတ်ခံရမည့် ယေရုရှလင်မြို့သို့ သခင်ယေရှု ပြန်လာသည့်လမ်းခုလတ်တွင် မျက်မမြင် သူဖုန်းစား တစ်ယောက်သည် လမ်းဘေးမှနေ၍ ‘‘ဒါဝိဒ်၏ သားတော် ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ’’ ဟု ဟစ်ကြော်လေ၏ (လု…

ပြဿနာအတွင်း သန္ဓေတည်သော

ကလေးဘ၀က မိသားစုဝင်အားလုံးကို အဖေခေါ်ပြီး စုဝေးခဲ့သည့်အချိန်ကို Marc ပြန်ပြောင်းသတိရနေမိသည်။ မိသားစုသုံး အိမ်စီးကားကလည်းပျက်၊ လကုန်ကာနီး ပိုက်ဆံပြတ်တော့မည့်အချိန်ဖြစ်၍ ဖခင်က မတ်တပ်ရပ်ဆုတောင်းပြီးနောက် မိသားစုဝင် များကို ဘုရားသခင်ထံမှ အဖြေမျှော်လင့်ရန် ပြောသည်။
ဘုရားသခင်သည် အံ့သြဖွယ်ရာ နည်းလမ်းများဖြင့် မည်သို့ထောက်ပံ့ခဲ့သည်ကို Marc အမှတ်ရသည်။ မိတ်ဆွေ တစ်ဦးက ကားလာပြင်ပေးပြီး၊ မထင်မှတ်ထားသော ချက် လက်မှတ်တစ်စောင် ရောက်လာသည်။ လူတစ်ဦးက တံခါးရှေ့တွင် အစားအသောက်များ လာထားသွားသည်။ ဘုရားသခင်ကို အလွယ်တကူပင် ကျေးဇူးတော်ချီးမွမ်းနိုင်ခဲ့သည်။ အခက်အခဲပြဿနာကြုံမှ မိသားစု၏ကျေးဇူးတင် ကျေးဇူးသိတတ်မှုက ထွက်ပေါ်လာသည်။
ဆာလံ ၅၇ သည် ချီးမွမ်းခြင်းသီချင်းဆိုရန် အနှစ်သာရနှင့် ပြည့်စုံသော စိတ်ဓာတ်ခွန်အားများ ပေးသည်။ ဒါဝိဒ်မင်းကြီးက ‘‘အိုဘုရားသခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူကြောင်း’’ (း၁၁) ကြွေးကြော်စဉ် သူသည် ညကောင်းကင်၏အံ့မခမ်းလှပမှုကို ငေးမောနေချိန် (သို့)…

အကောင်းဆုံး ဆုတောင်းဖော်

သင့်ကို ချစ်ခင်သူတစ်ဦးက သင့်အတွက် ဆုတောင်းသံကို ကြားရခြင်းထက် နားဝင်ချိုသည့် အခြားအရာမရှိပါ။ သင့်မိတ်ဆွေက စိတ်နှလုံး ပြင်းပြစွာ၊ ဘုရားသခင်ဖော်ပြသည့်အတိုင်းထိုးထွင်းဉာဏ်ဖြင့် သင့်အတွက် ဆုတောင်းပတ္ထနာပြုပေးသည်ကို သင်ကြားရသောအခါ ကောင်းကင်ဘုံ၏ကြည်နူးဖွယ်အရသာကို ကမ္ဘာမြေပေါ်တွင် ခံစားရဘိသကဲ့သို့ဖြစ်သည်။
ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ် ကောင်းမြတ် ကြင်နာ တော်မူခြင်းကြောင့် ကျွန်ုပ်တို့၏ ဆုတောင်းသံများ ကောင်းကင် သို့တိုင် ရောက်ရှိကြောင်း သိရခြင်းကား ကောင်းလိုက်လေခြင်း။ တစ်ခါတစ်ရံ မပြည့်စုံသော စကားလုံးများနှင့် စိတ်ခံစားမှုဖြင့် ဆုတောင်းလျက် ရုန်းကန်ရတတ်သော်လည်း သခင်ယေရှုက တပည့်တော်များအား ‘‘လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်ဟု’’ (လု ၁၈း၁)သွန်သင်ခဲ့သည်။ နှုတ်ကပတ်တော်၏ ဖော်ပြချက်အရ ကျွန်ုပ်တို့ဤသို့ ဆုတောင်းနိုင်သည့် အကြောင်းအရင်းတစ်ရပ်မှာ သခင်ယေရှု ကိုယ်တော်တိုင် ‘‘ဘုရားသခင်၏လက်ျာတော်ဘက်၌နေလျက် ငါတို့အဖို့ ဆုတောင်းပေး နေခြင်းကြောင့် ဖြစ်သည်’’ (ရော ၈း၃၄)။
သခင်ယေရှု ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းနေခြင်းကြောင့်…

ကြီးထွားရန် အချိန်ယူရသည်

ပထမဆုံးမူကြိုတက်သည့်နေ့တွင် ဆရာမက ရှားလော့ လေးအား သူ့ပုံကို ပြန်ဆွဲခိုင်းသည်။ ပုံထဲတွင် ခန္ဓာကိုယ်လုံးလုံးလေးပေါ်၌ ခေါင်းရှည်ရှည်နှင့် စက်ဝိုင်းပုံ မျက်လုံးနှစ်လုံး ပါဝင်ပါသည်။ မူကြိုနောက်ဆုံးရက်တွင်လည်း သူ့ရုပ်ကို ထပ်ဆွဲခိုင်းပြန်သည်။ ဤပုံတွင်မူ အရောင်စုံဂါဝန်နှင့်၊ မျက်နှာပြုံးပြုံးနှင့်၊ ကောက်ကွေး
တွဲကျနေသော အနီရောင်ဆံပင်နှင့် ကောင်မလေးပုံ ဖြစ်သည်။ ဤမူကြိုကျောင်းသည် အချိန်အတိုင်းအတာ တစ်ခုတွင် ဖြစ်ပေါ်သည့် ရင့်ကျက်မှုအဆင့်ကို ရိုးရှင်းသော လုပ်ဆောင်ချက်ဖြင့် ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ကလေးများ ရင့်ကျက်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း ကျွန်ုပ်တို့လက်ခံသော်ငြား ကျွန်ုပ်တို့ ကိုယ်တိုင်၊ (သို့) အခြားသောယုံကြည်သူ ခရစ်ယာန်တို့၏ ၀ိညာဉ်ရေးရာ ရင့်ကျက်မှုအခြေအနေ နှေးကွေးမှုကို မြင်ရသောအခါ စိတ်မရှည်ဖြစ်တတ်ကြသည်။ ၀ိညာဉ်အသီးများ သီးသောအခါ(ဂလာ ၅း၂၂-၂၃) ၀မ်းမြောက်သော်လည်းအပြစ်ကို ရွေးချယ်လုပ်မိသောအခါ စိတ်ဓာတ်ကျမိတတ် ကြသည်။ ဟေဗြဲသြ၀ါဒစာ ရေးသူက ဟေဗြဲ ၅း၁၂ တွင် ‘‘သင်တို့သည်…

အတွင်းရော အပြင်ပါ အသစ်ဖြစ်စေခြင်း

လွန်ခဲ့သောနှစ်အနည်းငယ်က စာပုံနှိပ်ထုတ်ဝေသူတစ်ဦးသည် အမှားတစ်ခုကို လုပ်ခဲ့မိ သည်။ စာအုပ်တစ်အုပ်သည် ဈေးကွက်၌ နှစ်ပေါင်းကြာမြင့်စွာ ရှိသောကြောင့် အသစ် ပြန်လည်ထုတ်ဝေရန်စီစဉ်လျက် စာရေးသူကလည်း ထိုစာအုပ်ကို ပြန်လည်ဖြည့်စွက် မွမ်းမံရေးသားခဲ့သည်။ ထိုစာအုပ်ရိုက်နှိပ်ပြီးသော် ပြဿနာတက်လေတော့သည်။ စာအုပ်ထုတ်ဝေသူသည် စာအုပ်မျက်နှာဖုံးကို အသစ်၊ အကောင်းဆုံးပြုလုပ်ခဲ့သော်လည်း အတွင်းစာသားများကို စာအုပ်အဟောင်းအတိုင်းသာ ပြန်ရိုက်မိသည်။
အပြင်မျက်နှာဖုံးသာ အသစ်ဖြစ်ပြီး အတွင်းစာသားမှာခေတ်မမီတော့သည့် အဟောင်းအတိုင်းသာ ရှိနေခဲ့သည်။
ထို့ကြောင့် အသစ်ပြန်ထုတ်ခြင်းကို အသစ်ဟုမဆိုနိုင်ပါ။
လူသားတို့တွင်လည်း ထိုနည်းအတိုင်း တစ်ခါတစ်ရံ ကြုံတွေ့ရတတ်သည်။ ဘ၀ကို အသစ်တစ်ဖန် ပြန်လည် ပြောင်းလဲတည်ဆောက်ချင်သော်လည်း ဦးတည်ရာက မှားနေသည်။ ထို့ကြောင့် အတွင်းစိတ်နှလုံး မပြောင်းလဲဘဲ အပြင်ပန်းကိုသာ ပြောင်းလဲတတ်ကြသည်။ အပြင်ပန်း အပြုအမူများကို ပြောင်းလဲသော်လည်း အတွင်းမှနေ၍ ကျွန်ုပ်တို့ကို ပြောင်းလဲပေး နိုင်သူမှာ ဘုရားသခင်သာ ဖြစ်ကြောင်းကို သဘောမပေါက်ကြပေ။
ယောဟန် အခန်းကြီး ၃…