ဘုရားသခင်ကို မြင်ခြင်း
စာရေးဆရာနှင့် သင်းအုပ်ဆရာဖြစ်သူ Erwin Lutzer သည် အစီအစဉ်တင်ဆက်သူ Art Linkletter နှင့် ဘုရားသခင်ပုံ ရေးဆွဲသူ သူငယ်လေးတို့၏ ရုပ်သံအစီအစဉ် တစ်ခုကို ပြန်ပြောင်းပြောခဲ့သည်။ သဘောတွေ့နေသည့် Linkletter က ‘‘ဘုရားသခင်ပုံကို ဘယ်သူမှ မမြင်ဖူးလို့ ဆွဲလို့မရဘူး’’ ဟု ပြောရာ၊ သူငယ်လေးက ‘‘ကျွန်တော်ဆွဲလို့ အောင်မြင်သွားပြီဆိုရင်တော့ လူတွေဆွဲနိုင်လိမ့်မယ်’’ ဟု ကြွေးကြော်ခဲ့သည်။
ကျွန်ုပ်တို့၏ ဘုရားရှင်သည် မည်သို့သော ဘုရားဖြစ်သနည်း၊ ကောင်းမြတ်သလား၊ ကြင်နာသလား၊ ဂရုပြုသလား စသည်ဖြင့် တွေးတတ်ကြသည်။ ထိုမေးခွန်းများ
အတွက် ရိုးရှင်းသောအဖြေမှာ ဖိလိပ္ပု၏တောင်းဆိုချက်ကို ဖြေပေးသည့် သခင်ယေရှု၏အဖြေနှင့် အတူတူပင် ဖြစ်သည်။ ‘‘သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြုတော် မူပါ’’။ ယေရှုက ‘‘ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော၊…
ပို့ဆောင်ပေးမည်
မကြာသေးမီက ကောလိပ်တက်စဉ်က ရေးခဲ့သည့်စာမူများကို ပြန်တွေ့ရာ၊ ပြန်မဖတ်ဘဲ မနေနိုင်ခဲ့ပါ။ အချိန်ပေးပြီး စာမူအားလုံးကို ဖတ်ပြီးသွားသောအခါ ယနေ့ ခံစားနေရသကဲ့သို့ ထိုအချိန်က ခံစားချက်တို့ မတူညီကြောင်း မိမိကိုယ်မိမိ သိလိုက် သည်။ အထီးကျန်မှုများ၊ ယုံကြည်ခြင်းနှင့် စပ်လျဉ်း၍ သံသယများနှင့် ရုန်းကန်ခဲ့သည့် ထိုကာလများတွင် နားမလည်နိုင်ခဲ့သော်လည်း၊ ယခု နောက်ပြန်လှည့်ကြည့်မှ ဘုရားရှင်သည် သာ၍ ကောင်းသော အရပ်သို့ မည်သို့ပို့ဆောင်ခဲ့သည်ကို ရှင်းလင်းစွာ မြင်ရသည်။ ထိုခက်ခဲသောနေ့ရက်များကို ကျော်ဖြတ်၍ ညင်သာစွာ ပို့ဆောင်ခဲ့သော ဘုရားရှင်၏လက်တော်ကို မြင်ရခြင်းဖြင့် ယနေ့ကြုံတွေ့ရသော နားမလည်နိုင်မှုများသည် အနာ သက်သာငြိမ်းစေသော ကိုယ်တော်၏မေတ္တာတော်ကို ဖော်ကျူးမည့် သက်သေ ဖြစ်မည် ဟုသတိပေးလာသည်။
ဆာလံ ၃၀ သည်လည်း အနာငြိမ်း၍ချမ်းသာရခြင်း၊ သေဘေးမှလွတ်မြောက်စေခြင်း၊ ဘုရားသခင်စီရင်၍ ကိုယ်တော်၏မျက်နှာသာပေးမှုကို ခံစားရခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေခြင်း စသည်ဖြင့်…
အတူတကွ ပူဆွေးခြင်းအမှုတော်
၂၀၀၂ ခုနှစ်က ကျွန်တော့်ညီမ မားသာ နှင့် သူ့အမျိုးသား ဂျင်း တို့ မတော်တဆမှုကြောင့် ကွယ်လွန်ပြီး လအနည်းငယ်အကြာတွင် မိတ်ဆွေတစ်ဦးက အသင်းတော်မှ ကြီးမှူး သည့် ‘‘၀မ်းနည်းကြေကွဲမှုများကြား ကြီးထွားခြင်း’’ အစီအစဉ်သို့ ပါဝင်ရန် ဖိတ်ခေါ် ခဲ့သည်။ မသွားချင်သွားချင်ဖြင့် ပထမဆုံးတစ်ကြိမ် သွားရောက်ရန် သဘောတူလိုက်ပြီး နောက်ထပ်သွားရန် အစီအစဉ်မရှိပါ။ သို့သော် ကျွန်တော် အံ့သြ မှင်သက်စွာ တွေ့ရှိခဲ့သောအရာမှာ ကရုဏာပြ စောင်မ သော အသင်းသားများသည် သူတို့ အသက်တာရှိ ကြီးမား သော ဆုံးရှုံးမှုများကို ထိန်းရင်း ဘုရားရှင်နှင့် အခြားသူများ ထံမှ ရိုင်းပင်းမစမှုကိုရယူရန် ရောက်ရှိလာသည်။ ကြေကွဲစရာများကို အချင်းချင်းဝေငှရင်း တစ်ပတ်ပြီး တစ်ပတ် အချိန်ကုန်ဆုံးကာ ငြိမ်သက်ခြင်းရှိလာပြီး ထိုအခြေ အနေကို လက်ခံနိုင်လာသည်။
ချစ်ခင်ရသူ မိတ်ဆွေတစ်ဦးကို ရုတ်တရက် ဆုံးရှုံး…
ဘုရားသခင်ထံ အပ်နှံလိုက်ပါ
ကျွန်မ ဆယ်ကျော်သက်အရွယ်က ကြီးမားသော စိန်ခေါ်မှုများနှင့် အန္တရာယ်များသော ဆုံးဖြတ်ချက်များချရ၍ စိတ်သောကဝေခဲ့စဉ် စိတ်ကူးအသစ်များပေါ်လာအောင် ဘောပင်ဖြင့် စက္ကူပေါ်တွင် ရေးချသည့်အလေ့အကျင့်ကို အမေ သင်ပေးခဲ့သည်။ မည်သည့် အတန်းတက်ရမည်၊ မည်သည့်အလုပ် လုပ်ရမည်ကို မသိခြင်း (သို့) သက်လတ်ပိုင်း အရွယ်တွင် တွေ့ရမည့် ခြိမ်းခြောက်နေသည့် အမှုအရာများအား မည်သို့ကိုင်တွယ်ရမည်ကို အမေ့ထံမှ သင်ယူခဲ့သည့်အတိုင်း အခြေခံအကြောင်းရင်းများ ချရေးပြီး မည်သို့လုပ်လျှင် ဖြစ်နိုင်ချေရှိသည့် ရလဒ်ကိုပါ ရေးချသည်။ ထိုသို့ စာရွက်ပေါ်တွင် စိတ်ထဲရှိသမျှ ဖွင့်ချလိုက်သောအခါ ပြဿနာကို ပို၍ရှင်းလင်းစွာမြင်ရပြီး စိတ်ခံစားမှုထက် ပို၍ ဓမ္မဓိဌာန်ကျစွာ အရှိအတိုင်း ရှုမြင်သုံးသပ်နိုင်ခဲ့သည်။
မိမိ၏အတွေးများကို စာရွက်ပေါ်တွင် ချရေး၍ သစ်လွင်သောအမြင်များ ရရှိခဲ့သကဲ့သို့ ဘုရားသခင်ထံ ကျွန်မတို့၏စိတ်နှလုံးကို ဆုတောင်းခြင်းဖြင့် ဖွင့်ပြသော အခါ ကိုယ်တော်၏အမြင်ကို ရရှိစေပြီး ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ပြန်သတိရစေသည်။ ဟေဇကိမင်းကြီးသည်လည်း…
ပရဒိသုဘုံ၏အရသာအနည်းငယ်
ကျွန်မ၏စာကြည့်ခန်းပြတင်းပေါက်မှ ငေးကြည့်နေရင်း ငှက်ကလေးများ တွန်ကျူးနေသံ၊ လေတိုက်ခတ်ရာမှ ထွက်ပေါ်လာသော လေညှင်းတိုးဝှေ့သံများကို ကြားနေရသည်။ အိမ်နီးချင်းအိမ်မှ စပါးကျီနှင့်ရိတ်သိမ်းပြီးခါစစိုက်ခင်းများ၊ အံ့သြဖွယ်ရာ အပြာရောင် ကောင်းကင်နှင့်ဆန့်ကျင်ဘက် ကြီးမားသော အဖြူရောင်တိမ်စိုင်တိမ်ခဲများကို မြင်နေ ရသည်။
အိမ်အနီးမှဖြတ်သွားသည့် အဆက်မပြတ် ဆူညံ နေသော ကားသံနှင့် ကျွန်မ ခါးအနည်းငယ် နာနေသည်မှ လွဲ၍ ပရဒိသုဘုံပမာ ထိုကြည်နူးဖွယ်မြင်ကွင်းလေးကို ကျွန်မ နှစ်သက်လှသည်။ ပရဒိသုဘုံ ဟု ပေါ့ပေါ့ပါးပါး သုံးနှုန်းလိုက်သော်လည်း တစ်ချိန်က လုံးဝသာယာခဲ့သော ဤကမ္ဘာမြေသည် မသာယာတော့ပါ။ လောကသို့ အပြစ်တရား ၀င်ရောက်လာသောအခါ ဧဒင်ဥယျာဉ်ထဲမှ ကျွန်မတို့ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာမြေသည် ကျိန်ခြင်း အပြစ်ဒဏ်ကို ခံခဲ့ရသည် (ကမ္ဘာ ၃)။ ထိုအချိန်မှစ၍ ကမ္ဘာကြီးနှင့် ၎င်းအထဲ၌ ရှိသမျှသည် ပျက်စီး ဆွေးမြေ့ခြင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ နာကျင်မှုဝေဒနာ၊ ရောဂါဘယနှင့် သေခြင်း…
ခွန်အားဖြင့် လှမ်းခြင်း
ကျွန်ုပ်တို့အိမ်အနီးရှိ မြစ်ကမ်းပါးတွင် လမ်းလျှောက်ထွက်စဉ် အိမ်နီးချင်းကလေးငယ် အယ်လင် က ‘‘မြွေရှိလား’’ ဟု မေးသည်။ ‘‘တစ်ခါမှတော့ မတွေ့ဘူး။ ဒါပေမဲ့ တွေ့ကောင်း တွေ့နိုင်တယ်။ ဒါကြောင့် ဘုရားရှင်ထံ ဘေးကင်းလုံခြုံမှုရှိအောင် ဆုတောင်းရအောင်’’ ဟုပြောပြီး ခေတ္တရပ်ကာ ဆုတောင်းလိုက်ပြီးမှ လမ်းဆက်လျှောက်ကြသည်။
မိနစ်အနည်းငယ်အကြာတွင် ကျွန်တော့်ဇနီး ကာရီ သည် ရုတ်တရက် ခြေလှမ်းကို အမြန်နောက်ဆုတ်ရှောင် လိုက်၍ တစ်ဝက်တစ်ပျက် ရစ်ခွေနေသော ကြေးနီရောင် ဦးခေါင်းနှင့် အဆိပ်ပြင်းမြွေ၏အန္တရာယ်မှ လက်မတင်လေး ရှောင်တိမ်းနိုင်ခဲ့သည်။ မြွေသည် အောက်ဘက်သို့လျောဆင်း ပျောက်ကွယ်သွားသည်။
ထိုနောက် ခေတ္တရပ်ကာ မည်သည့်အန္တရာယ်မှ မကျရောက်ခဲ့ခြင်းကြောင့် ကျေးဇူးတော်ချီးမွမ်းကြသည်။ အယ်လင် ၏မေးခွန်းအားဖြင့် ဘုရားရှင်သည် ထိုဖြစ်လာမည့် အဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်မှုရှိစေခဲ့ပြီး ကျွန်တော်တို့၏ဆုတောင်းချက်သည် ကိုယ်တော်၏ကွယ်ကာမှု တစ်စိတ်တစ်ဒေသပင်ဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။
ထိုညနေခင်းအဖြစ်အပျက်မှ ‘‘ထာဝရဘုရား၏တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို…
တန်ဖိုးမဖြတ်နိုင်သော ကိုးကွယ်မှု
ကျွန်မသည် စာရေးခြင်းအားဖြင့် ဘုရားသခင်ကို ၀တ်ပြုသည်။ ဆက်ကပ်အစေခံသည်။ ယခုတွင် ကျန်းမာရေးပြဿနာကြောင့် ကျွန်မ၏လုပ်ကိုင်နိုင်စွမ်းအပေါ် အတားအဆီး ဖြစ်လာသည်။ ထို့ကြောင့် အသိမိတ်ဆွေတစ်ဦးက ကျွန်မရေးသားသည့်အရာများသည် ဘာမှခွန်အားမရဟု ပြောသောအခါ ကျွန်မစိတ်ဓာတ်ကျမိသည်။ ဘုရားရှင်အတွက် ကျွန်မ၏ ပေးဆပ်မှုလေး၏အရေးပါမှုကို သံသယ၀င်လာသည် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော် လေ့လာခြင်း၊ ကျွန်မခင်ပွန်း၊ မိသားစုနှင့် သူငယ်ချင်းများ၏ခွန်အားပေးခြင်း အားဖြင့် ဘုရားသခင်ထံ ကျွန်မတို့ဆက်ကပ်အစေခံခြင်း သည် မည်မျှတန်ဖိုးရှိပြီး ထိုက်တန်သည်၊ မိမိဝတ်ပြု ကိုးကွယ်သည့် အဓိကအကြောင်းရင်း မည်သို့ရှိသည်ကို အခြားသူများ၏အမြင်အထင်ဖြင့် မဟုတ်ဘဲ သူသာ ဆုံးဖြတ် ပေးကြောင်း၊ ဘုရားသခင်က အခိုင်အမာ ဖော်ပြခဲ့သည်။ သို့နှင့် ကျွန်မကို ပေးသည့်ဆုကျေးဇူးကို ဝေမျှရန် အခွင့်အရေး နှင့် ကျွန်မ၏ကျွမ်းကျင်မှု တိုးတက်အောင် ဆက်လက်မစရန် ဆုကျေးဇူးများ ပေးပိုင်သူ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။
ပေးလှူခြင်းနှင့်ပတ်သက်၍ ချီးမွမ်းထိုက်သည်ဟု လူတို့သတ်မှတ်သည့်…
တစ်ယောက်တည်း မပြေးပါနှင့်
ကျွန်မအမျိုးသား ဂျက် သည် ၂၆ မိုင် ပြေးလမ်းထက်၌ ၂၅ မိုင် ခရီးအရောက်တွင် ခွန်အားပြတ်သွားသည်။ ၎င်းသည် သူပထမဆုံးပြေးသောမာရသွန်ပြိုင်ပွဲဖြစ်ပြီး သူတစ်ယောက်တည်း ပြေးခဲ့ရသည်။ အကူအညီရယူနိုင်သောမဏ္ဍပ်တွင် ရေသောက်ရန် ရပ်လိုက်ပြီးနောက် ပြေးလမ်းဘေးရှိ မြက်ခင်းပေါ်တွင် မောဟိုက်စွာ ထိုင်ချလိုက်သည်။ မိနစ်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း သူပြန်မထနိုင်ခဲ့ပါ။ ကင်တာကီ ပြည်နယ်မှ သက်လတ်ပိုင်းအရွယ် ကျောင်းဆရာမနှစ်ဦး ရောက်လာချိန်တွင် သူပြိုင်ပွဲမှ နုတ်ထွက်ရန် တွေးလိုက် သည်။ တစ်စိမ်းတစ်ရံများပင် ဖြစ်လင့်ကစား၊ ဂျက် ကို သူတို့က သတိထားမိပြီး သူတို့နှင့် အတူ ပြေးရန် ခေါ်သည်။ ရုတ်ချည်းပင် သူခွန်အားများ ပြန်ပြည့်လာသလို ဂျက် ခံစားလိုက်ရသည်။ ဂျက် သည် ထ၍ ထိုအမျိုးသမီးနှစ်ဦးနှင့်အတူ ပြိုင်ပွဲကို အဆုံးထိပြေးနိုင်ခဲ့သည်။
ဂျက် ကို ခွန်အားပေးခဲ့သော ထိုအမျိုးသမီးများသည် ဣသရေလလူမျိုးတို့၏ခေါင်းဆောင် မောရှေအား…
ဘုရားရှင် အမှုသစ်ကို ပြုနေသည်
မကြာမီကမှ ကျွန်မပါဝင်ခဲ့သောအသင်း၏ အဖွဲ့ခေါင်းဆောင်က ‘‘သင့်အသက်တာတွင် ဘုရားရှင် အမှုသစ်ပြုပြီလား’’ ဟုမေးရာ၊ အခက်အခဲပြဿနာအချို့နှင့် ရင်ဆိုင် နေရသော သူငယ်ချင်း မင်းဒီ က ပြန်လည်ဖြေကြားခဲ့သည်။ သူက သက်ကြီးမိဘများအပေါ် စိတ်ရှည်ရန်လိုအပ်ခြင်း၊ ခင်ပွန်းသည်၏ကျန်းမာရေးအတွက် ခံနိုင်ရည်အား လိုအပ်ခြင်း၊ ခရစ်တော် နောက်တော်လိုက်ရန် မရွေးချယ်ရသေးသော သားသမီးများနှင့်မြေးများကို နားလည်လက်ခံပေးရခြင်း များကို ပြောပြခဲ့သည်။ ‘‘ကျွန်မ ယုံကြည်တယ်။ ကျွန်မ ဘ၀ထဲမှာ ဘုရားရှင်ပြုနေတဲ့အမှုသစ်ကတော့ ကျွန်မရဲ့ မေတ္တာစက်ဝိုင်း ကျယ်ပြန့်လာဖို့အတွက် အခွင့်အရေးတွေ ပြင်ဆင်ပေးနေတာပဲ’’ ဟုပြောရာ၊ သူ့သုံးသပ်ချက်က ကျွန်မတို့ ပုံမှန်တွေးသကဲ့သို့ တွေးခြင်းမဟုတ်ဘဲ ဆန့်ကျင်ဘက် ဖြစ်နေသည်။
၎င်းသည် သက်သာလောနိတ်မြို့ရှိ ယုံကြည်သူ လူသစ်များအတွက် တမန်တော်ကြီး ရှင်ပေါလု ရေးခဲ့သော ဆုတောင်းချက်နှင့် ကိုက်ညီနေသည်။ ‘‘ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို လည်းကောင်း၊ သူတစ်ပါးအပေါင်းတို့ကို…
ဘုရားသခင်၏ တောက်ပသောအလှ
လော့ဒ် ဟိုဝဲ ကျွန်းသည် သြစတြေးလျအရှေ့ဘက်ကမ်းရိုးတန်း၌ရှိပြီး သဲဖြူများနှင့် ကျောက်သလင်းကဲ့သို့ကြည်လင်သောရေများရှိသည့် ဘုံဗိမာန်လေးတစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်အတန်ကြာက ထိုကျွန်းသို့ ကျွန်ုပ်သွားရောက်လည်ပတ်ခဲ့ရာ ၎င်း အလှများ၏ ဖမ်းစားမှုကို ခံခဲ့ရသည်။ ထိုနေရာတွင် ပင်လယ်လိပ်များ၊ တလက်လက် တောက်ပနေသောငါးများနှင့် ရေကူးနိုင်ပြီး၊ ကြော်ငြာ ဆိုင်းဘုတ်ကဲ့သို့ နီယွန်မီးရောင်များပမာ ရောင်ပြန်ဟပ် နေသော ငါးများက အနီးမှ ဖြတ်သန်းသွားသည်။ ကျွန်းပေါ်ရှိ ရေငံအိုင်မှ သန္တာကျောက်တန်းများတွင် လိမ္မော်ရောင် တောက်တောက်နှင့် နီမိုငါးများ၊ အ၀ါရောင်အစင်းကြားနှင့် လိပ်ပြာငါးများကို တွေ့ရပြီး ကျွန်ုပ်လက်ကို ၎င်းတို့ လာနမ်းကြ သည်။ ထိုသို့ အံ့မခမ်းသောမြင်ကွင်းကို မြင်ရပြီးနောက် ဘုရားသခင်ကို မကိုးကွယ်ဘဲ မနေနိုင်ပြီ။
ကျွန်ုပ်ခံစားချက်အပေါ် တမန်တော်ရှင်ပေါလုက အကြောင်းရင်းတစ်ချက်ကို ပေးသည်။ ဖန်ဆင်းခံအရာများက ဘုရားသခင်၏သဘောသဘာဝကို ဖော်ပြနေခြင်းတည်း (ရော ၁း၂၀)။ လော့ဒ် ဟိုဝဲကျွန်း၏ အံ့သြစရာများက ကိုယ်တော်၏…