အမျိုးအစား  |  odb

ဘုရားရှင်၏ ကြီးမားသောတန်ခိုးတော်

ကြီးမားသော ရေခဲမုန်တိုင်းကြောင့် ဓာတ်အားလိုင်းများ မိုင်ပေါင်းများစွာ ပြတ်တောက်ခဲ့၍ ကျွန်မတို့ မြို့လေးမှာ အမှောင်ထုဖုံးလွှမ်းသွားခဲ့သည်။ လျှပ်စစ်မီးပြတ်တောက်သဖြင့် ကျွန်မတို့၏ မိတ်ဆွေအတော်များများမှာ သေလုမတတ် အေးခဲလှသည့်ဆောင်းရာသီ၌ အပူပေးစက် ဖွင့်၍မရတော့ပါ။ မိသားစုများက ရပ်ကွက်အတွင်း ဓာတ်အားပြန်လည်ရရှိအောင် လုပ်ဆောင်နေသည့် ထရပ်ကားများကို မြင်တွေ့လိုသည်။ နောက်မှ လိုအပ်နေသူများကို ကူညီပေးရန် မော်တော်ယာဉ်များ စေလွှတ်မှု ကွပ်ကဲရေးဌာနအဖြစ် ဘုရားကျောင်းတစ်ခု၏ကားရပ်နားရန်နေရာကို ယာယီအသုံးပြုခွင့်ပေးကြောင်း ကျွန်မကြားသိခဲ့ရသည်။

ပြုပြင်ရေးကားများအကြောင်း ကြားရသည့်အခါ တမန်တော်ဝတ္ထုမှ သခင်ယေရှု တပည့်တော်များကို မိန့်ကြားခဲ့သည့်အရာက ကျွန်မအတွေးထဲဝင်လာသည်။ သခင်သည် ရှင်ပြန်ထမြောက်ပြီး ရက် ၄၀ အတွင်း တပည့်တော်တို့အား ကိုယ်ထင်ရှားပြလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်း သွန်သင်ခဲ့သည် (တ ၁:၃)။ ကောင်းကင်နိုင်ငံသို့ ပြန်လည်မတက်ကြွမီ “သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရမည်” ဟု နောက်ဆုံးကတိပေးခဲ့သည်။
ဘုရားသခင်၏တုနှိုင်းမရသောဘုန်းတန်ခိုးတော်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တပည့်တော်တို့ ရရှိခံစားရမည်ဟု…

သွား၍ပြောကြားလော့

အဲလိယက်(Elliot)သည် တစ်ပါးသူများအား သခင်ယေရှုအကြောင်းကို ဝေမျှသက်သေခံရန် အလွန်စိတ်ထက်သန်သူ ဖြစ်သည်။ သူသည် တောင်အာရှနိုင်ငံမှ အသင်းတော် ခေါင်းဆောင်များအား တိမောသေဩဝါဒစာဒုတိယစောင်ကို တစ်ပတ်တာသင်ကြားပေးစဉ်အတောအတွင်း ရှင်ပေါလုမှ တိမောသေအား နှုတ်ဆက်မှာကြားခဲ့ပုံကို ဝေမျှခဲ့သည်။ ခေါင်းဆောင်များအား ဧဝံဂေလိသတင်းကောင်းကို ဝေမျှရာတွင် ရှက်ကြောက်ရန် မလိုဘဲ၊ ရှင်ပေါလုကဲ့သို့ ဧဝံဂေလိတရားအတွက် ဆင်းရဲဒုက္ခခံလျက် လုပ်ဆောင်ရန် သူတိုက်တွန်းခဲ့သည်။ ရက်အတန်ကြာတွင် ထိုနိုင်ငံ၌ ဧဝံဂေလိ လုပ်ဆောင်ခြင်း၊ ဘာသာကူးပြောင်းခြင်းကို တားမြစ်ထားသည့်အကြောင်းကို သူသိခဲ့ရ၍၊ ထိုခေါင်းဆောင်တို့သည် ဧဝံဂေလိတရားကို ဇွဲရှိရှိ၊ သတ္တိရှိရှိ ဆက်လက်ကြွေးကြော်ရန် သူတို့အတွက် အလွန်ပူပန်သောစိတ်နှင့် အဲလိယက် ဆုတောင်းပေးခဲ့သည်။

ဧဝံဂေလိသတင်းကောင်းကို ဝေမျှပြောကြားရာတွင် များစွာအန္တရာယ်ရှိ‌ကြောင်း ရှင်ပေါလုသိသည်။ သူ့အနေနှင့် အကျဉ်းကျခံခဲ့ရပြီး(:၈၊ ၁၆)၊ သူ၏ဟောပြောသွန်သင်မှုများကြောင့်(:၁၁-၁၂) ရိုက်နှက်ညှဥ်းပန်းမှုများ၊ ခဲနှင့်အပစ်ခံရမှုများ စသည်ဖြင့် အခြားအခြားသော ဒုက္ခအခက်အခဲများစွာကိုလည်း ကြုံခဲ့ရသည် (၂ ကော ၁၁:၂၃-၂၉ ကို…

ဝါး!

အမှုတော်မြတ်လုပ်ငန်းတွင် လုပ်ကိုင်နေသူများ ပြန်လည်အားပြည့်လန်းဆန်းစေရန်နှင့် ခွန်အားယူရန်အတွက် ပုဂ္ဂိုလ်တစ်ဦးမှ တန်ဖိုးကြီးစွာပေးဝယ်ထားသော အားသစ်လောင်းစင်တာသို့ ရောက်ရှိသွားသော ကျွန်တော်တို့ အဖွဲ့သားများထံမှ “ဝါး”ဆိုသော တုန့်ပြန်မှုကို ကြားခဲ့ရပါသည်။ နှစ်ထပ်ကုတင်များ၊ ကုတင်ကျယ်ကြီး များပါသည့် အိပ်ခန်းအစုံများကို မြင်တွေ့ရသောကြောင့် အားလုံးအံ့အားသင့်ခဲ့ရသည်။ သပ်ရပ်စွာ တပ်ဆင်ထားသော မီးဖိုချောင်နှင့် ထမင်းစားခန်းသည် မျက်စိအပြူးသားနှင့် ကြည်နူးမှုကို ဖြစ်ပေါ်စေသည်။ အားလုံးကိုမြင်ခဲ့ပြီဟု တွေးလိုက်ချိန်မှာပင်၊ မိုးလုံလေလုံဘက်စကက်ဘောကွင်းအပါအဝင် နောက်ထပ်အံ့ဩစရာများလည်း ရှိနေပါသေးသည်။ အံ့ဩစရာတိုင်းက အံ့ဩလောက်ပေသည်။

ရှေးက ယေရုရှလင်မြို့တွင် ရှောလမုန်မင်းကြီး နန်းစံစဉ် ရှေဘမိဘုရား သွားရောက်လည်ပတ်သောအခါ၌ ထိုကဲ့သို့ပင် တုံ့ပြန်ခဲ့သည်။ ရှောလမုန်မင်းကြီး၏ ပညာအလုံးစုံနှင့် သူတည်ဆောက်သောနန်းတော်ကို မြင်တွေ့ ရသည့်အခါ သူမအံ့ဩမိန်းမောခဲ့ရသည် (၃ရာ ၁၀:၄၅)။ ရာစုနှစ်များ ကုန်လွန်ခဲ့ပြီးနောက် ဒါဝိဒ်မင်းကြီး၏ တော်ဝင်မျိုးနွယ် သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး အခြားတစ်နည်းတစ်လမ်းအားဖြင့် လူအပေါင်းတို့ကို အံ့အားသင့်စေပြန်သည်။ သူသွားလေရာရာ၌ သူ၏အံ့ဩဖွယ်ဉာဏ်ပညာနှင့်…

သေခြင်းတရား၏ဓားသွားအောက်၌

Sabin Howard (ဆာဘင်းဟားဝဒ်)၏ A Soldier’s Journey “စစ်သားတစ်ဦး၏ခရီးစဉ်” ဆိုသော ထူးခြားပန်းပုလက်ရာမှာ ကြည့်ရှုသူများကို တက်ကြွမှုနှင့် နာကျင်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားရစေသည်။ ၎င်းသည် ပထမကမ္ဘာစစ်မှ စစ်သားတစ်ဦး၏ဘဝကောက်ကြောင်းကို ကြေးရုပ် ၃၈ ရုပ်ဖြင့် သရုပ်ဖော်လျက် ၅၈ ပေ အကျယ်ရှိနံရံတွင် ထုလုပ်ထားပြီး၊ ၂၀၂၄ ခုနှစ်တွင် ထုလုပ်ပြီးစီးခဲ့သည်။ ထိုရုပ်တုများမှာ စစ်ထွက်ခါနီး မိသားစုကို နှုတ်ဆက်နေသည့်ပုံ၊ ထို့နောက် စစ်၏ အနိဌာရုံကို ဖော်ကျူးသည့် ရုပ်တုများနှင့်၊ နောက်ဆုံး သမီးက စစ်ပြန်ဖခင်၏ ပက်လက်လှန်ထားသည့် စစ်ခမောက်ထဲ ကြည့်နေပုံတို့ဖြစ်သည်။ သူမ၏အမြင်၌ ဒုတိယကမ္ဘာစစ် စစ်ကြိုအရိပ်ကိုသာ တွေ့ခဲ့ရသည်။

ဟားဝဒ်က “လူသားများသည် အမြင့်ဆုံးသို့ရောက်နိုင်သကဲ့သို့ တိရိစ္ဆာန်အဆင့်သို့ နှစ်မြှုပ်သွားနိုင်ကြောင်း” - လူ့သမိုင်းတစ်လျှောက် ဖြစ်ပေါ်သည့် အဖြစ်အပျက် ဆက်စပ်မှုကို ရှာဖွေတင်ဆက်ခြင်းဖြစ်သည်။ စစ်ပွဲက ထိုအဖြစ်မှန်ကိုဖွင့်ပြခဲ့ပေသည်။…

အသစ်ပြုပြင်သောမျှော်လင့်ခြင်း

ထိုင်း (Thai) တစ်ယောက် ခေါင်းစားနေသည်။ သူ၏ ၁၈ နှစ်အရွယ်သားသည် အခုတလော စာကြည့်တိုက်၌ အဘယ့်ကြောင့် အချိန်အတော်များများကို ကုန်လွန် စေသည်ကို သူသိချင်နေသည်။ သူ၏သားသည် အထီးကျန်စိတ် (autistic) ဝေဒနာသည်ဖြစ်ပြီး၊ အခြားသူများနှင့်စကားပြောခဲသည်။အတန်းပြီးလျှင် အိမ်သို့တန်းပြန်လာသူဖြစ်သည်။ မည်သည့်က သူအား ပြောင်းလဲသွားစေသနည်း။ သူအား အတင်းအကြပ် မေးမှ နောက်ဆုံးတွင် “နာဗင် (Navin) နဲ့အတူ စာလေ့လာနေတာပါ”ဟုဖြေသည်။

နာဗင် သည် သူ၏အတန်းဖော်ဖြစ်ပြီး ထိုင်း၏သားမှာ အတန်းထဲတွင် စာမလိုက်နိုင်၍ ရုန်းကန်နေရသည်ကို သူသတိထားမိပြီး၊ သူနှင့် အတူ စာလုပ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ၁၈ နှစ်အတွင်း ပထမဦးဆုံး ရင်းနှီးသောမိတ်ဆွေ တစ်ဦးကို ရလိုက်ခြင်းက သူ၏သားသည် သူငယ်ချင်းမရနိုင်တော့ဟု မျှော်လင့်ချက်မဲ့စွာ လက်လျော့ခဲ့သော ဖခင်အတွက် ကြီးမား‌သောခွန်အားကို ဖြစ်စေသည်။

အကူအညီလိုအပ်သူတစ်ဦးအတွက် ဂရုတစိုက်ဖြင့် အတူရှိပေးသူ ရှိပါက…

ယုံကြည်ခြင်းဖြင့် ခုန်လွှားခြင်း

အနောက်အန္တာတိကဒေသရှိ ၆ လသားအရွယ် ပင်ဂွင်းငှက် ၇၀၀ ခန့်သည် မာကျော သောရေပြင်အထက် ပေ ၅၀ မြင့်သည့် ရေခဲတောင်ထိပ်တွင် တိုးဝှေ့သွားလာနေကြသည်။ ထိုအထဲမှ ပင်ဂွင်းငှက်တစ်ကောင်သည် ရှေ့သို့ ဦးစိုက်ကာ အောက်ရှိ အေးခဲသောရေထဲသို့ ယုံကြည်ခြင်းဖြင့် ခုန်ချလိုက်ပြီး အဝေးသို့ ရေကူးသွားသည်။ မကြာမီ အခြားပင်ဂွင်းငှက်များလည်း ထိုနည်းအတိုင်း လိုက်၍ခုန်ချကြတော့သည်။

ငယ်ရွယ်သောပင်ဂွင်းငှက်များသည် ပေအနည်းငယ်အမြင့်မှ ရေပြင်ပေါ်သို့ခုန်ချ ပြီး ပထမဦးဆုံးရေကူးခြင်း အတွေ့အကြုံကိုရယူလေ့ရှိသည်။ ပင်ဂွင်းအုပ်စု၏သေခြင်း ဖီဆန်ကာ ခုန်လွှားလိုက်ပုံကို ကင်မရာ၌ ပထမဆုံး ဓာတ်ပုံ ရိုက်ယူမိခြင်းဖြစ်သည်။

ပထမဦးဆုံးရေကူးခြင်း အတွေ့အကြုံရယူရန် ဘာဖြစ်မည်မသိသောနေရာသို့ မျက်ကန်းကဲ့သို့ခုန်ချသော ထိုပင်ဂွင်းငှက်တို့၏လုပ်ရပ်သည် ကယ်တင်ခြင်းရရှိရန် လူတစ်ဦးတစ်ယောက်က သခင်ယေရှုကို ယုံကြည်ကိုးစားခြင်းနှင့် ဆင်တူသည်ဟု အချို့က ပြောကြသည်။ သို့သော်လည်း ကိုယ်တော့်ကိုယုံကြည်ခြင်းသည် ထိုအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဟေဗြဲသြဝါဒစာကို ရေးသားသူက “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို…

သမ္မာတရား၌ မွေ့လျော်ပါ

ဂျက် (Jack) သည်ကျောင်းကိုမုန်းသည်။ အက္ခရာသချ်ာ၊ သဒ္ဒါနှင့် အက်တမ်ဒြပ်စင်ဇယားတို့က သူ့အတွက် ငြီးငွေ့စရာပါ။ သို့သော် အိမ်ဆောက်ခြင်းကို သူနှစ်သက်သည်။ သူ့ဖခင်က နွေရာသီတွင် သူ့ကို လုပ်ငန်းခွင်သို့ ခေါ်ဆောင်သွား သည်။ သို့သော် ဂျက် အားမရနိုင်ပါ။ သူ့အသက် ၁၆ နှစ်သာရှိသေးသော်လည်း ဘိလပ်မြေ၊ ကျောက်စရစ်များနှင့် နံရံ မည်သို့ ဆောက်ရမည်ကို ကောင်းစွာ သိရှိနားလည်သည်။ ကျောင်းနှင့် ဆောက်လုပ်ရေး မည်ကဲ့သို့ ကွာခြားသနည်း။ မွေ့လျော်ခြင်းကြောင့်ဖြစ်သည်။ သူ၏မွေ့လျော်ခြင်းက သူ၏အသိဉာဏ်ကို တွန်းအားပေးသည်။

သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် “သမ္မာတရား” ၌ မွေ့လျော်ရမည်(၂ သက် ၂:၁၀)။ စာတန်၏သရုပ်သကန်သည် “ပျက်စီးခြင်းသို့ရောက်သောသူတို့တွင်”(:၁၀) “မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့် လာလိမ့်မည်”(:၉)ဟုရှင်ပေါလုက ဆိုသည်။ အဘယ်ကြောင့်နည်း။ “ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော်သောစိတ်ကို မခံမယူခြင်းကြောင့်ဖြစ်သည်(:၁၀)။ သမ္မာတရား၌မမွေ့ လျော် ခြင်းက သမ္မာတရားကို မသိအောင်…

ဘဝအသက်ကို ဆက်ကပ်ထိုက်သောချစ်မေတ္တာ

၁၉ ရာစုနှစ် အင်္ဂလိပ်လူမျိုးဘုန်းတော်ကြီး ဝီလီယန် ထဲမ်ပဲလ် (William Temple)သည် တစ်ချိန်က အောက်စဖို့တက္ကသိုလ် ကျောင်းသားများအား ဒေသနာဝေငှရာတွင် (လက်ဝါးကပ်တိုင်တော်ကြည့်၍ အံ့သြဖွယ်ရာကျူး”) ဓမ္မတေးမှ စာသားများဖြင့် အဆုံးသတ်ခဲ့သည်။ ထိုသီချင်းကို ပေါ့ပေါ့တန်တန်သဘောမထားရန် သတိပေးလျက် “စာသားများကို စိတ်ထိတွေ့ပြီး စာသားအတိုင်း ဆက်ကပ်လျှင် အသံကျယ်နိုင်သလောက် ကျယ်ကျယ်ဆိုပါ။ စာသားများကို စိတ်မထိတွေ့လျှင် အသံမထွက်ဘဲ ငြိမ်ငြိမ်လေးနေပါ။ စာသားအချို့ကိုသာ စိတ်တို့ထိပြီး ပိုတိုး၍ ဆက်ကပ်လိုလျှင် ဖွဖွလေးသာ သီဆိုပါ”ဟု ဆရာထဲမ်ပဲလ်က ပြောပါသည်။ ပရိတ်သတ်များ ငြိမ်သက်သွားပြီး မျက်လုံးများက စာသားများသို့ရောက်သွားသည်။ ထောင်နှင့်ချီသောအသံများက စတင်၍ ဖြေးညင်းစွာသီဆိုကာ “မေတ္တာတော်မြတ် အောက်မေ့သောခါ အသက်ဝိညာဉ်ဆက်ကပ်မှပေ”ဟူသော နောက်ဆုံးအပိုဒ် စာသားကို အလေးအနက်ပြု၍ သီဆိုကြတော့သည်။

ရှင်ယေရှုကို ယုံကြည်၍ သူ၏နောက်တော်သို့လိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့ထံမှ ရှိသမျှတောင်းဆိုမှုကို ပေးမည်ဟု လက်တွေ့ကျသည့် ချစ်ခြင်းကို ပြရန် သဘော…

သူစိမ်းဧည့်သည်ကို ချစ်ခြင်း

ကျွန်မသူငယ်ချင်း၏ဇနီး၊ အချုပ်အလုပ်တွင် ဆရာတစ်ဆူဖြစ်သူ ဖျားနာပြီး မကွယ်လွန်မီ အလွန်မွန်မြတ်သောအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့သည်။ ကျွန်မတို့ မြို့ တွင်ရှိသော စက်ချုပ်အသင်းသို့ သူမ၏အထည်ချုပ်ပစ္စည်းများဖြစ်သည့် အပ်ချုပ် စက်ခေါင်း၊ အဝတ်ညှပ်စားပွဲနှင့် အခြားလိုအပ်သောအရာများကို အခြားနိုင်ငံများမှ လာရောက်ခိုလှုံသူများအား အချုပ်အလုပ်သင်ကြားပေးသည့် သင်တန်းကျောင်းများသို့ ပေးလှူခဲ့သည်။ “ကျွန်တော်ရေတွက်ကြည့်တာ ပိတ်စချည်းပဲ သေတ္တာ ၂၈ လုံးရှိတယ်။ အမျိုးသမီး ၆ ယောက်လာပြီး ပစ္စည်းအားလုံး သယ်သွားတယ်။ သူတို့ရဲ့တပည့်တွေက အလုပ်ကြိုးစားပြီး ကျွမ်းကျင်မှုရှိအောင် စိတ်အားထက်သန်စွာလေ့လာသူတွေ ဖြစ်တယ်”ဟု သူမ၏ခင်ပွန်းက ပြောသည်။

အချို့က ရွှေ့ပြောင်းလာသူလူသစ်များကို နှိမ့်ချပြောဆိုသဖြင့် အတိဒုက္ခရောက်နေသော ခိုလှုံသူများအပေါ် သဘောထားကွဲလွဲသည့် ပြဿနာဖြစ်လာသည်။

သို့ရာတွင် မောရှေက “တစ်ကျွန်းတစ်နိုင်ငံသားဖြစ်သောဧည့်သည်ကို မညှဥ်းဆဲရ။ သင်တို့သည် (အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ဖူး၍) ဧည့်သည်၏ စိတ်သဘောကို သိကြ၏”(ထွ ၂၃:၉)ဟူ၍ဘုရားသခင်၏အမြင်နှင့်၊ သူစိမ်းတစ်ရံစာတို့နှင့် ပတ်သက်၍ “...…

ပူဆွေးနေသော ဘုရားသခင်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တူရကီနိုင်ငံ၏ ပြင်းထန်ငလျင်လှုပ်ခတ်မှုအပြီးတွင် အပျက်အစီးများကြားတွင် ထိုင်လျက် အုတ်ကျိုးအုတ်ပဲ့ကြားမှ ထွက်နေသည့်သမီး၏လက်ကို ဆုပ်ကိုင်ထားသည့် ဖခင်တစ်ဦး၏ ဓာတ်ပုံက သတင်းမီဒီယာများတွင် လူတို့၏အာရုံကို ဖမ်းစားခဲ့သည်။ သူ့သမီးအိပ်နေသော မွေ့ရာအစွန်းကို မြင်နေရပြီး ယခုကိုင်ထားသည့် သက်မဲ့လက်ချောင်းများကိုလည်း တွေ့ရသည်။ ဖခင်၏မျက်နှာမှာ ညှိုးငယ်လျက်၊ အလွန်ဝမ်းနည်းနေသည်။

အံကြိတ်ထားသော ဤဖခင်၏မျက်နှာတွင် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင် အဘ၏ အလားတူပုံကို မှန်းမြင်မိသည်။ ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းတွင် အပြစ်၏ဖျက်ဆီးမှုကြောင့် ဝမ်းနည်းကြေကွဲခဲ့ကြောင်း ကမ္ဘာဦးကျမ်းတွင် “နှလုံးတော်ပူပန်လျက် ရှိတော်မူ၏” (၆:၆)ဟု ‌ဖော်ပြထားသည် ။ အနာဂတ်၌ ပေါ်ထွန်းမည့်မေရှိယနှင့်စပ်လျဥ်း၍ ဟေရှာယက သူသည် “ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် အကျွမ်းဝင်သောသူဖြစ်၏”(၅၃:၃)ဟု ဆိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့နှင့်အတူ ဝမ်းနည်းပူဆွေးပြီး၊ ကျိုးပဲ့သော အသက်တာ၏အစွန်းအဖျားတွင် ထိုင်ကာ “ငါသည် သင်၏လက်ျာလက်ကို ကိုင်ပြီးမစမည့် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်”…