လူသစ်တစ်ဦး
ဆယ်ကျော်သက်လူငယ်တစ်စုသည် ဂျမေးကားနိုင်ငံ မွန်တေဂူပင်လယ်အော်ရှိ ဘိုးဘွား ရိပ်သာသို့ သွားရောက်ခဲ့ကြရာ၊ အခန်းထောင့်ဆုံးနေရာတွင် အထီးကျန်ပုံပေါ်နေသည့် လူတစ်ယောက်ကို အမျိုးသမီးငယ်တစ်ဦးက သတိပြုမိသည်။ မသန်မစွမ်းသူဖြစ်၍ သူ့ပုံစံက ကမ္ဘာကြီး၌ သူ့အိပ်ယာ ခုတင်လေးမှ လွဲ၍ နေစရာမရှိသည့် ပုံပေါ်နေသည်။
ဆယ်ကျော်သက် မိန်းကလေးက ချက်ခြင်းဆိုသလို ဘုရားသခင်၏ မေတ္တာတော်အကြောင်းကို ဝေငှပြောပြပြီး ကျမ်းစာမှ ကျမ်းပိုဒ်အချို့ကို ဖတ်ပြသည်။ ‘‘သူနဲ့ဝေငှ စကား ပြောရင်းနဲ့မှ သူ့မှာ ပိုပြီး သိချင်တဲ့စိတ် ဖြစ်ပေါ်နေတယ်ဆိုတာ ကျွန်မခံစားမိတယ်။ ဒါနဲ့ဘဲ သူစိတ်ဝင်စားတဲ့အတိုင်း သခင်ယေရှု၏ စွန့်လွှတ်အသေခံခြင်းအကြောင်းကို ထပ်ပြီးရှင်းပြခဲ့တယ်။ ‘‘မိသားစုဝင်တွေလည်းမရှိ၊ မျှော်လင့်ချက် လည်း မရှိတဲ့ ဒီလူအတွက် သူတစ်ခါမှ မသိတဲ့သူတစ်ဦးက သူ့ကို ချစ်ပြီး သူ့အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပေးတယ်ဆိုတာကို နားလည်ဖို့က မလွယ်တဲ့ ကိစ္စပဲ’’ ဟု သူက ပြန်ပြောင်း ပြောပြခဲ့သည်။…
မျိုးဆက်တိုင်းတွင်
ကျွန်တော့်မိဘများသည် ကမ္ဘာစီးပွားရေး ကပ်ဆိုက်သည့် ၁၉၃၃ ခုနှစ်တွင် အိမ်ထောင်ကျ သည်။ ကျွန်တော်တို့ဇနီးမောင်နှံက ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း လူဦးရေ အဆမတန်တိုးပွားသည့်ခေတ်ကာလ၌ မွေးဖွားလာသူများဖြစ်သည်။ ကျွန်တော်တို့ သမီး ၄ ယောက်
မှာ ၁၉၇၀-၁၉၈၀ ခုနှစ်များတွင် မွေးဖွားခဲ့သည်။
မတူညီသည့် ခေတ်ကာလများ၌ မွေးဖွားခဲ့ခြင်း ကြောင့် ကျွန်တော်တို့၏ အတွေးအခေါ်အမြင် စသည်တို့ ကွဲပြားကြခြင်းက အဆန်းမဟုတ်ပါ။မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်တို့၏ အတွေ့အကြုံ နှင့် တန်ဖိုးထားမှုတို့က သိသာစွာ ကွဲပြားခြားနားကြသည်။ သခင်ယေရှု၏ နောက်တော်လိုက်များ ကြားတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ကျွန်တော်တို့ မည်ကဲ့သို့ ၀တ်စားပြီး၊ မည်သည့် တေးဂီတမျိုးကို နားဆင်သည် ဖြစ်စေ၊ ၀ိညာဉ်ရေးရာ၌ ဆက်စပ် ချိတ်ဆက်မှုသည် ကွဲပြားခြားနားမှုများထက် ပိုခိုင်မာပါသည်။
ဘုရားသခင်ကို ချီးမွမ်းမြွက်ဆိုသည့် ဆာလံ ၁၄၅ တွင် ယုံကြည်ခြင်းအရာ၌ ကျွန်တော်တို့၏ ချည်နှောင်ပတ်သက်မှုကို…
ဝင်ရောက်ခွင့် အခွင့်ထူး
ယေရုရှလင်မြို့တောင်ပိုင်းတွင် တည်ထားသည့် ဘုရားသခင်၏တဲတော်မှာ သဏ္ဌာန်တူပြုလုပ်ထားခြင်းသာ ဖြစ်သော်လည်း ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သည်။ ထွက်မြောက်ရာ ကျမ်း ၂၅-၂၇ တွင်ဖော်ပြထားသည့်အတိုင်း (ရွှေသားအစစ်နှင့် နန်းလုံးကြိုင်သစ်သားနှင့် မဟုတ်သည့်တိုင်) အရွယ်အစားတူ၊ အနီးစပ်ဆုံး ၀ိသေသများ တူညီစွာ ဆောက်လုပ် ထားသည့် တဲတော်မှာ နီဂျပ်(ဖ်)ကန္တာရတွင် ထီးထီး မားမားကြီး တည်ရှိနေသည်။
သန့်ရှင်းရာအရပ် ပထမတဲတော်နှင့် ဒုတိယ တဲတော်သို့ဝင်၍ ပဋိညာဉ်သေတ္တာတော်ကို ကြည့်ရှုရန် ကျွန်ုပ်တို့ခရီးသွားအဖွဲ့ကို ခေါ်ဆောင်သွားစဉ် အချို့က တွန့်ဆုတ်နေကြသည်။ ဤနေရာသည် အမြင့်ဆုံးသော ပရောဖက်များကိုသာ ၀င်ရောက်ခွင့် ပြုထားသည့် အသန့်ရှင်းဆုံးသောနေရာ မဟုတ်ပေဘူးလား။ ကျွန်ုပ်တို့ ဤသို့ ၀င်ရောက်၍ ရပါ့မလား။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ရှေ့တော်မှောက်သို့ ၀င်ရောက်နေခြင်း ဖြစ်ကြောင်း သိမှတ်လျက် ဣသရေလလူများသည် ပူဇော်သက္ကာ များဖြင့် တဲတော်သို့ ချဉ်းကပ်လာတိုင်း မည်မျှကြောက်ရွံ့နေမည်ကို ကျွန်ုပ် မှန်းဆ၍ ရသည်။…
အပြစ်လွှတ်ခြင်း ခံရပြီ
ကျွန်တော့်သူငယ်ချင်း နောမ်ခွတ်(Norm Cook) သည် တစ်ခါတစ်ရံ၌ သူ၏မိသားစု ကို အံ့အားသင့်အောင် လုပ်တတ်သည်။ အလုပ်မှပြန်လာပြီး အိမ်ရှေ့တံခါးမှ ၀င်လာရင်း “သင်အပြစ်ကို ခွင့်လွှတ်ပြီ” ဟု အော်တတ်သည်။ ထိုသို့လုပ်ခြင်းမှာ သူ့မိသားစုက သူ့အပေါ် အမှားလုပ်ထား၍ ခွင့်လွှတ်မှုကို လိုအပ်ခြင်းကြောင့် မဟုတ်ပါ။ မိသားစုဝင် များသည် တစ်နေ့တာအတွင်း အမှားနှင့်မကင်းနိုင်သဖြင့် ခရစ်တော်၏ကျေးဇူးတော်ကြောင့် အကြွင်းမဲ့ ခွင့်လွှတ်ခြင်း လုံးဝခံရပြီ ဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။
ရှင်ယောဟန်က ထိုကျေးဇူးတော်အကြောင်းကို ဤသို့ ရေးသားခဲ့သည်။ “ဘုရားသခင်သည် အလင်း၌ ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုယ်ကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။ ကိုယ်အပြစ်တို့ကို ဖော်ပြ တောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍…
နှစ်သက်မြတ်နိုးဖွယ် အဖော်မွန်
သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွင် အဘွားအိုတစ်ဦးမှာ မည်သူတစ်ဦး တစ်ယောက်ကိုမျှ စကားပြောခြင်း၊ တစ်စုံတစ်ရာ တောင်းဆိုခြင်းများ မလုပ်ပါ။ တကျွိကျွိ မြည်နေသော ထိုင်ခုံဟောင်း၌ လှုပ်ခတ်ထိုင်ရင်းသာ သူ၏တည်ရှိနေမှုကို ပြနေသယောင်။ သူ့ထံလာသည့်ဧည့်သည် များများစားစားလည်း မရှိခဲ့ပါ။ ထို့ကြောင့် သူနာပြုလေး တစ်ဦးသည် သူ့အားလပ်ချိန်တွင် ထိုအဘွား၏ အခန်းသို့ သွားပြီး အဘွားစကားပြောအောင် တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုဘဲ ခုံနောက်တစ်လုံးတွင် ထိုအဘွားကဲ့သို့ လှုပ်ခတ်ထိုင်နေခဲ့သည်။ လအနည်းငယ်အကြာတွင် အဘွားအိုက “ဘွားနဲ့အတူ လှုပ်ခတ်ထိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု သူနာပြုလေးကို ပြောခဲ့သည်။ သူနာပြုလေး၏ အဖော်ပြုပေးမှုအတွက် အဘွားအိုခမျာ ၀မ်းမြောက်ခဲ့သည်။
ခရစ်တော် ကောင်းကင်သို့ချီဆောင်ခြင်းကို မခံယူမီ သူ၏တပည့်တော်များအား အမြဲတမ်း အဖော်မွန်တစ်ဦးကို ပို့ပေးမည်ဟု ကတိပြုခဲ့သည်။ ခရစ်တော်က တပည့်တော် များအား မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်၊ တပည့်တော်များနှင့်အတူ တည်ရှိ နေရန်…
နက်နဲရာထဲမှ
ရေကူးကန်အတွင်း အန္တရာယ်ဖြစ်စေနိုင်သည့်အရိပ်အယောင် ရှိ၊ မရှိ ကျွန်ုပ် သေချာစွာ စောင့်ကြည့်ရသည်။ အသက်ကယ် စောင့်ကြည့်သူအဖြစ် တာဝန်ချိန် ၆ နာရီအတွင်း ရေကူးသူများ၏ အသက်အန္တရာယ်ကင်းရေးအတွက် ရေကန်၏ထောင့်တစ်နေရာမှ ကျွန်ုပ် စောင့်ကြည့်ခဲ့ရသည်။ စောင့်ကြည့်နေရာမှ ထွက်ခွာမိချိန် (သို့) အလုပ်အပေါ် အာရုံစိုက်မှု လျော့ပါးချိန် အခိုက်အတန့်တွင်ပင် အကျိုးဆက် အနေဖြင့် ကန်အတွင်း ရေကူးနေသူများ၏ အသက်အန္တရာယ် ဖြစ်သွားနိုင်သည်။ ရေကူးသူတစ်ဦးသည် ထိခိုက်မှုကြောင့် ဖြစ်စေ၊ မကျွမ်းကျင်မှုကြောင့်ဖြစ်စေ ရေနစ်ပါက ကျွန်ုပ်၏ တာဝန်မှာ ထိုသူကိုရေထဲမှ ကယ်ထုတ်ပြီး ရေကန် ကုန်းပတ် ပေါ်သို့ အန္တရာယ်ကင်းစွာ ခေါ်ဆောင်လာရန် ဖြစ်သည်။
ဖိလိတ္တိလူတို့နှင့် တိုက်ပွဲဝင်စဉ် ဘုရားသခင်၏ ကူညီ မစမှုကို ဒါဝိဒ်ခံစားခဲ့ရစဉ် (၂ ရာ ၂၁း၁၅-၂၂) တခဲနက်သော ရေထဲက ကယ်ဆယ်ခြင်းခံရသည်နှင့် တူကြောင်း ဒါဝိဒ် ခိုင်းနှိုင်းခဲ့သည်…
ကျွန်ုပ်တို့ပြန်ယူလာသောအရာ
John F. Burns သည် The New York Times အတွက် ကမ္ဘာ့အဖြစ်အပျက်များကို မျက်နှာဖုံးသတင်းအဖြစ် တင်ဆက်ပေးခဲ့သည်မှာ အနှစ် ၄၀ ရှိခဲ့ပြီ။ ၂၀၁၅ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက်မှ သူရေးသော ဆောင်းပါးတစ်ခုတွင် ကင်ဆာရောဂါဖြင့် သေခါနီး ဖြစ်နေသည့် မိတ်ဆွေရင်း၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တစ်ဦး၏စကားကို သတိရမိသည်။ “မင်းခရီးဘယ်လောက် ရောက်ခဲ့လဲဆိုတာ အဓိက မဟုတ်ဘူး။ မင်းဘာသတင်းတွေ ရယူခဲ့လဲဆိုတာက အဓိကပဲဆိုတာ ဘယ်တော့မှ မမေ့နဲ့” ဟု သူက ပြောသည်။
သိုးကျောင်းသားမှ စစ်သည်၊ စစ်သည်မှ ဘုရင် ဖြစ်ခဲ့သော ဒါဝိဒ်၏ ဘဝခရီးလမ်းတစ်လျှောက် သူ မည်သည့် အရာများ ရယူခဲ့သည်ကို ဆာလံ ၃၇ တွင် သုံးသပ်နိုင်သည်။ ဤဆာလံကျမ်းသည် ဖြောင့်မတ်သောသူနှင့် မတရားသော သူ၏ နှိုင်းယှဉ်ချက်နှင့် ထာဝရဘုရားကို…
ဂုဏ်ပြုမခံရဘူးလား
၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်အတွင်းက ဟောလိဝုဒ် တေးသရုပ်ဖော် အစီအစဉ်သည် အလွန် ရေပန်းစားခဲ့ပြီး အထူးသဖြင့် သရုပ်ဆောင်မင်းသမီး ၃ ဦး ဖြစ်သော အော်ဒရီ ဟက်ဘန်း၊ နာတာလီ ဝုဒ် နှင့် ဒီပိုးရာကား တို့သည် စွဲမက်သွားစေလောက်သော တင်ဆက်မှုများဖြင့် ကြည့်ရှုသူများကို စိတ်ချမ်းသာစေခဲ့သည်။ သို့သော် ထိုမင်းသမီး ၃ ဦး၏ သရုပ်ဆောင် ချက်ကို ပို၍သက်ဝင်အားကောင်းစေသည်မှာ အံ့မခန်း ကောင်းသောသီချင်းသီဆိုမှုအပိုင်း ဖြစ်သည်။ အမှန်စင်စစ် ဂန္ဓဝင်ရုပ်ရှင်ကား၏အောင်မြင်မှုသည် ဇာတ်ဆောင် မင်းသမီး
၃ ဦး ကို တစ်ချိန်လုံး နောက်တန်းမှ ပံ့ပိုးအားဖြည့်ပေးသူ အဆိုတော် မာနီ နစ်ဆင် ကြောင့် ဖြစ်သော်လည်း သူ၏ အရေးပါသော အခန်းကဏ္ဍအတွက် စိုးစဉ်းမျှ ဂုဏ်ပြု မခံရပါ။
ခရစ်တော်၏ခန္ဓာကိုယ်တွင် လူအများနှင့် ထိတွေ့ ဆက်ဆံရသည့်အခန်းကဏ္ဍ-…
ကျွန်မ အရမ်းကြောက်တယ်
ဆေးစစ်ချက်အဖြေကို စောင့်စားနေသူ ဆယ်ကျော်သက်လေးက ဖေ့စ်ဘွတ်မှ သူ့သူငယ်ချင်းများထံ “ကျွန်မ အရမ်းကြောက်တယ်” ဟူသည့် စာကြောင်းလေးကို ဝေမျှရင်း ရင်ဖွင့်သည်။ သူသည် အိမ်မှ ၃ နာရီ ခရီးအကွာအဝေးရှိ မြို့၌ ဆေးရုံတက် နေရပြီး သူခံစားနေရသည့် ဝေဒနာနှင့် စပ်လျဉ်းပြီး အဖြေရှာရန် စစ်ဆေးခံလျက် သောက ပူပန်မှုများနှင့် ဆရာဝန်၏ အဖြေကို စောင့်နေရသည်။
ဘဝတွင် မကြုံတွေ့လိုသော အဖြစ်အပျက်များကို ကျွန်ုပ်တို့ ရင်ဆိုင်ရသောအခါ ဤကဲ့သို့ ကြောက်စိတ်များ ခံစားရသည်မဟုတ်ပါလား။ သို့ဆိုလျှင် မည်သည့်နေရာတွင် အကူအညီတောင်းခံမည်နည်း။ ဤကဲ့သို့သော အခြေအနေ မျိုးတွင် ကျွန်ုပ်တို့ကို ခွန်အားပေးရန် မည်သည့် ကျမ်းချက်က ကျွန်ုပ်တို့ကို နှစ်သိမ့်သက်သာစေမည်နည်း။
ကျွန်ုပ်တို့ ခံစားနေရသည့် စုံစမ်းခြင်းများတွင် ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင် အမှန်တကယ်ရှိနေကြောင်း အသိက ကျွန်ုပ်တို့အတွက် မျှော်လင့်ခြင်းကို ဖြစ်စေသည်။ ဟေရှာယ…
ယူတင်ဝတ်ဆောင်ခြင်း
စာရေးသူ လောရင်း ဝင်းနား ရေးသားသည့် “Wearing God” အမည်ရှိစာအုပ်တွင် ကျွန်ုပ်တို့၏ ဝတ်စားဆင်ယင်မှုသည် မိမိမည်သူဖြစ်ကြောင်း အခြားသူများကို အသံတိတ်ဆက်သွယ်ဖော်ပြနိုင်သည်ဟု ဆိုသည်။ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုသည် မိမိ၏ အလုပ်အကိုင်၊ လူမှုအသိုင်းအ၀ိုင်း၊ စိတ်ခံစားချက် သို့မဟုတ် နေထိုင်မှုအဆင့်အတန်း ကို ညွှန်ပြနေသည်။ ခေတ်သုံး ဗန်းစကား စာသားများ ပါသည့် တီရှပ်၊ စီးပွားရေးလုပ်ငန်းသုံး ၀တ်စုံ၊ ယူနီဖောင်း သို့မဟုတ် စက်ဆီစွန်းပေနေသည့် ဂျင်းဘောင်းဘီ စသည် တို့က မည်သည့်အရာကို ဖော်ပြနေသည်ကို တွေးကြည့်ပါ။ “ခရစ်ယာန်များသည် အ၀တ်အစားဖြင့် သခင်ယေရှု အကြောင်း တစ်စုံတစ်ရာကို ပြောနေသည်ဆိုလျှင် ၎င်းသည် စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်နေသည်” ဟု သူရေးသားထားသည်။
စာသား စကားလုံးမပါဘဲ သခင်ခရစ်တော်ကို ကျွန်ုပ်တို့ ကိုယ်စားပြုနိုင်သည် ဟု ရှင်ပေါလုက ပြောထားသည်။ ရောမ ၁၃း၁၄ တွင်…