အပြစ်လွတ်သွားခြင်း
၂၀၀၄ ခုနှစ် ဇွန်လတွင် ဗန်ကူးဗား အနုပညာခန်းမ၌ ကနေဒါလူမျိုး နှင်းလျောစီး အားကစား သမား ဘက်ကီစကော့အား အိုလံပစ်ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သည်။ ဆောင်းရာသီ အိုလံပစ် ပွဲတော်ကို ၂၀၀၂ ခုနှစ်က အူတာပြည်နယ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်၍ ၄င်းသည် စိတ်ဝင်စားစရာ ထူးဆန်းနေသည်။ ထိုစဉ်က စကော့မှာ တတိယကြေးတံဆိပ်ရရှိခဲ့ပြီး ပထမနှင့် ဒုတိယရသူ အားကစားသမားနှစ်ဦးမှာ တားမြစ် ဆေးဝါးများ သုံးစွဲခဲ့ကြောင်း လပေါင်းများစွာကြာပြီးမှ ဖော်ထုတ် သိရှိခဲ့သည်။
စကော့အနေနှင့် နောက်ဆုံးတွင် ရွှေတံဆိပ် ရရှိခဲ့ သော်လည်း စင်မြင့်ပေါ်ရပ်ပြီး သူ၏နိုင်ငံတော်သီချင်း ထုတ်လွှင့်ခြင်းကို နားဆင်ခွင့် ပြန်မရပါ။ ထိုမတရားမှုကို ပြန်ကုစားစရာ ဆေးမရှိပြီ။
မည်သည့် မတရားမှုကိုမဆို ကျွန်ုပ်တို့ စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ကြိုးစားဆွတ်ခူးရယူသည့် ရွှေတံဆိပ်ကို မရခြင်းထက် ဆိုးဝါးသည့် အမှားအယွင်းများလည်း ရှိမည်မလွဲပါ။ ကာဣနနှင့် အာဗေလတို့၏…
ဝမ်းမြောက်သောစိတ်နှလုံး
ကျွန်မမြေးမလေး အနှစ်သက်ဆုံးတီးလုံးမှာ ဂီတပညာရှင် John Philip Sousa ၏ စစ်ချီတေးသွားထဲမှ တစ်ပုဒ်ဖြစ်သည်။ Sousa သည် ၁၉ ရာစုနှောင်းပိုင်း အမေရိကန် တေးရေးဆရာတစ်ဦးဖြစ်သည်။ မြေးမလေး မိုရီယာက စစ်ချီတီးဝိုင်းတွင် မပါဝင်သေးပါ။ သူက ၁ နှစ်ခွဲကျော်ကျော်သာ ရှိသေးသည်။ ထိုသံစဉ်ကို သူနှစ်သက်ပြီး တစ်ကြောင်းစ၊ နှစ်ကြောင်းစ လိုက်ဆိုညည်းပြီး သူပျော်ရွှင်နေချိန်၌ ဆိုညည်းတတ်သည်။ ကျွန်မတို့ မိသားစုဝင်အားလုံး ဆုံကြချိန်တွင် ထိုတေးသွားကို လက်ခုပ်တီးလျက် ဆူညံစွာ အော်ဟစ်လျက် ဆိုကြပြီး၊ ကလေးများက သံစဉ်အတိုင်း ကသူက၊ ၀ိုင်းကြီးပတ်ပတ် စစ်ချီသူချီနှင့် အဆုံးတွင် ကလေးများက ခေါင်းမူးလဲကုန်ပြီး အားရပါးရ ရယ်မောလျက် အဆုံးသတ်သည်။
ဝမ်းမြောက်ပျော်ရွှင်လျက် ဆူညံနေခြင်းက “ထာဝရဘုရားအား ရွှင်လန်း ဝမ်းမြောက်စွာ ကိုးကွယ်ကြလော့” (ဆာ ၁၀၀း၂ ၊ ခေတ်သုံး) ဟူသည့်…
အနားယူရမည့်နေ့
တနင်္ဂနွေနေ့တစ်နေ့တွင် လန်ဒန်မြို့မြောက်ပိုင်း ရပ်ကွက်များဆီကို ကွေ့ဝိုက် ဖြတ်သန်း စီးဆင်းသည့် ချောင်းနံဘေး၌ရပ်ရင်း ကျွန်မတို့မြို့လေး၏အလှကို ခံစားမိသည်။ တသွင်သွင်စီးဆင်းသည့် ချောင်းရေကို ကြည့်ရင်း ငှက်ကလေးများတေးသီသံကို နားဆင်ရသည်မှာ ကျွန်မအတွက် အပန်းဖြေကျေနပ်စေသည်။ သို့နှင့် ခေတ္တမျှအချိန် ယူကာ စိတ်ဝိညာဉ်အနားယူ အပန်းဖြေနိုင်အောင် မစခြင်း အတွက် ဘုရားရှင်ကို ချီးမွမ်းကျေးဇူးတင်မိသည်။
ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင် သူ၏ လူမျိုးတော်တို့ အင်အားကြီး အောင်မြင်စေရေးကို ဘုရားရှင် အလိုရှိခဲ့သည်။ ထို့ကြောင့် အနားယူပြီး အားသစ်လောင်း နိုင်ရေး ဥပုသ်နေ့အချိန်ကို ဘုရားသခင် ပြင်ဆင်ခဲ့သည်။ ထွက်မြောက်ရာကျမ်း၌ တွေ့ရသည့်အတိုင်း ဣသရေလလူ တို့သည် ၆ နှစ်တာ လယ်လုပ်ပြီး ၇ နှစ် မြောက်သောနှစ်တွင် မြေကို အလွတ်ထားရမည်။ ထိုနည်းတူ ၆ ရက်အလုပ်လုပ်ပြီး ၇ ရက်မြောက်သောနေ့တွင် အနားယူရမည်။ ဤဘဝရှင်သန်မှုက ဣသရေလလူတို့ကို…
အတုမရှိ ကောင်းမြတ်ခြင်း
ဂျမေးကားနိုင်ငံ၌ ကျွန်မတို့ ကြီးပြင်းခဲ့သည်တွင် ကျွန်မတို့ ညီအစ်မနှစ်ဦးကို “လူကောင်းသူကောင်း” ဖြစ်အောင် မိဘတို့ ပြုစုပျိုးထောင်ခဲ့သည်။ လူကောင်း ဆိုသည်မှာ မိဘစကားနာခံခြင်း၊ အမှန်ကို ပြောခြင်း၊ ကျောင်းနှင့်အလုပ်တွင် ထူးချွန် ထက်မြက်ခြင်း၊ အနည်းဆုံး ရှင်ပြန်ထမြောက်ခြင်း တနင်္ဂနွေနှင့် ခရစ်စမတ်နေ့များတွင် ဘုရားကျောင်းသွားခြင်းဖြစ်သည်။ မည်သည့်ယဉ်ကျေးမှု၌ မဆို လူကောင်းဖြစ်ခြင်းဆိုသည့် အနက်အဓိပ္ပာယ်က လူများစွာနှင့် ရင်းနှီးအကျွမ်းဝင်ပြီးသား ဖြစ်သည်။ ထို့ပြင် ဖိလိပ္ပိ အခန်းကြီး ၃ တွင် ရှင်ပေါလုက လူကောင်း ဖြစ်ခြင်းနှင့် ပတ်သက်၍ သူ့ခေတ်ယဉ်ကျေးမှုမှ အနက်ဖွင့်ဆိုပုံကို သုံးပြီး သာ၍ အရေးပါသည့်အချက်ကို ထောက်ပြသည်။
ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူဖြစ်သည့် ရှင်ပေါလုသည် သူ့ယဉ်ကျေးမှုအရ အကျင့်စာရိတ္တနှင့် ဆိုင်သည့် ပညတ်တော်များကို လိုက်လျှောက်နာခံသူ ဖြစ်သည်။ သူ့မျိုးရိုးကောင်းသည်၊ သူ့ပညာရေးကောင်းသည်၊ မှန်ကန်ကောင်းမွန်သည့်ဘာသာရေးကို သူလိုက်လျှောက် ခဲ့သည်။ ဂျူးဓလေ့ထုံးစံအရ သူသည်…
အရင်စပြီးချစ်
ကျွန်မတို့ မိသားစုနှင့် ဘဝအသစ်ကို စတင်ခဲ့သည့် သားလေး အဆင်ပြေအောင်၊ သူ၏စိတ်ဒဏ်ရာများ ပျောက်အောင် ကျွန်မတို့ စိတ်ရှည်ရှည်နှင့် သူ့ကို စောင်မသည်။ မိဘမဲ့ဂေဟာ၌ နေထိုင်ခဲ့စဉ်က ရခဲ့သည့် စိတ်ဒဏ်ရာကြောင့် သူ့အပြုအမူအချို့က အကျည်းတန်နေသည်။ သူ၏အစောပိုင်းဘ၀အပေါ် ကျွန်မများစွာ သနားမိသည်။ တစ်ဘက်တွင် သူ၏အပြုအမူကြောင့် သူ့အပေါ် ကျွန်မ၏ ခံစားချက်များ လျော့လာသည်။ ၀မ်းနည်းခံစားရလျက် ကျွန်မ၏ ရုန်းကန်နေရမှုကို သူ့ဆရာဝန်နှင့် ဆွေးနွေးမိသည်။
“သူ့ဘက်က ပြန်ပြီး မေတ္တာမပြခင် သူဟာ အချစ်ခံ ထိုက်တယ် ဆိုတာ ရှင်က အရင်စပြီးပြတာကို သူလိုချင်တာ”
ဟု ရှင်းပြသည်။ သူ့အဖြေက ဆိုလိုရင်းကို တိုက်ရိုက်ထိသည်။
ရှင်ယောဟန်သည် အလွန်နက်နဲသော မေတ္တာ အဆင့်သို့ တက်လှမ်းရန် စာဖတ်သူများကို တိုက်တွန်းရာ၊ ဘုရားသခင်၏မေတ္တာသည် ချစ်ခြင်း၏ အရင်းအမြစ်ဖြစ်ပြီး၊ အချင်းချင်းကို ချစ်စေသည့် အကြောင်းအရင်းဖြစ်သည်ဟု…
ကျွန်ုပ်လည်း ထိုသို့ပြောမည်လား
‘‘မောင်နှမချင်း ပြိုင်ဆိုင်မှု၏ အကြီးမားဆုံး အကြောင်းရင်းတစ်ခုမှာ အလိုလိုက် မျက်နှာသာပေး ခံရခြင်းကြောင့်ဖြစ်ကြောင်း’’ အမူအကျင့် ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ကလေး အထူးကု ဒေါက်တာ ဘာဘရာ ဟောင်းဝဒ်က ပြောခဲ့သည်။ (“When Parents Have a Favorite Child” nytimes.com)။ ဥပမာအားဖြင့် ဓမ္မဟောင်းကျမ်းမှ ဇာတ်လိုက်တစ်ဦး ဖြစ်သည့် အဖေ့အချစ်ဆုံးသား(ယောသပ်)ကြောင့် အစ်ကိုတို့
ဒေါသထွက်ခဲ့သည် (က ၃၇း၃-၄)။ သို့ဖြစ်၍ ယောသပ်အား အဲဂုတ္တုပြည်သို့သွားမည့် ကုန်သည်များထံ ရောင်းစားလိုက်ပြီး
တောကောင် တစ်ကောင်က ကိုက်သတ်လိုက်သည့်ဟန် ဖြစ်အောင် လုပ်ခဲ့ကြသည် (က ၃၇း၁၂-၃၆)။ ယောသပ်၏ အိပ်မက်မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပြီး အနာဂတ် မှာလည်း မျှော်လင့်ချက်မဲ့သယောင် ထင်ရသည်။
သို့သော် ယောသပ်၏ ဘ၀လမ်းခရီးတစ်လျှောက် ဘုရားသခင်အပေါ် မှန်ကန်သစ္စာရှိစွာ အသက်ရှင်ရန် ရွေးချယ်ခဲ့ပြီး သူ၏အခြေအနေ ပိုမိုဆိုးဝါးလာသည်ဟု…
လွတ်မြောက်မှုကို ခံစားဆင်နွှဲခြင်း
ပြန်ပေးဆွဲခံခဲ့ရပြီး ၁၃ ရက် ကြာ ဓားစာခံအဖြစ် အဖမ်းခံရပြီးနောက် လွတ်မြောက်လာသူ နယူးဇီလန်နိုင်ငံသား သတင်းဓာတ်ပုံဆရာ Olaf Wiig ၏မျက်နှာတွင် အပြုံးပန်းများ ဝေေ၀ဆာဆာနှင့် ‘‘တစ်ဘ၀လုံး အသက်ရှင်လာခဲ့တဲ့ အချိန်တွေထက် အခုအချိန်က ပိုပြီး ရှင်သန်သက်ဝင်နေတယ်လို့ ခံစားရတယ်’’ ဟု ပြောကြားခဲ့သည်။
ပြန်လည်လွတ်မြောက်လာခြင်းက လွတ်လပ်နေခြင်း ထက် ပို၍စိတ်လှုပ်ရှား ၀မ်းမြောက်စရာကောင်းသည်။ နားလည်ရန် ခက်သည် မဟုတ်ပါလား။
နေ့ရက်တိုင်း လွတ်လွတ်လပ်လပ် နေရခြင်းကို နှစ်သက်သူများအတွက် Olaf ၏၀မ်းမြောက်မှုက ကျွန်ုပ် တို့သည် အလွန်ကောင်းချီးခံစားရသူများ ဖြစ်ကြောင်းကို အလွယ်တကူ မေ့လျော့တတ်ကြောင်း အထင်အရှား သတိပေးနေသည်။ ၀ိညာဉ်ရေး၌လည်း ဤအရာက မှန်ကန် ပါသည်။ ခရစ်ယာန်ဖြစ်ခဲ့သည့်အချိန် ကြာညောင်း လာသော် အပြစ်၏ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် အဖြစ်က မည်သို့ ဖြစ်သည်ကို ကျွန်ုပ်တို့ ခဏခဏ မေ့သည်။ ထိုအခါ…
သဘောထားကွဲပြားမှုကို ဖျက်ဆီးလိုက်ခြင်း
နံနက်အစောပိုင်းက ကျွန်မနှင့် ခင်ပွန်းသည်တို့ စကားများခဲ့ကြသည့်ကိစ္စက ကျွန်မ စိတ်ထဲ တ၀ဲလည်လည် ရှိနေစဉ်တွင် စာမူအပ်ရမည့် နောက်ဆုံးရက်ကလည်း စိတ်အာရုံကို စိုးမိုးနေခဲ့သည်။ စာရိုက်ရန် ကွန်ပြူတာ ဖန်သားပြင်ပေါ်မှ အညွှန်းမြားလေးက မှိတ်တုတ် မှိတ်တုတ် ဖြစ်နေသည်ကို ငေးကြည့်ရင်း လက်ချောင်းများမှာလည်း ကီးဘုတ်ခလုတ် ပေါ်၌ ငြိမ်သက်နေသည်။ သခင် သူလည်း မှားတာပဲလေ။
ကွန်ပြူတာဖန်သားပြင် မည်းသွားသည့်အခါ စိတ်ရှုပ် နေသည့် မိမိပုံရိပ်ကို မြင်ရသည်။ ၀န်မခံချင် လက်မခံချင်သော အမှားများက ရှေ့ဆက် အလုပ်မလုပ်နိုင်အောင် နှောင့်နှေး စေခြင်းထက် ပိုဆိုးသည်။ ထိုအမှားများက ခင်ပွန်းနှင့်ကျွန်မ၊ ဘုရားသခင်နှင့်ကျွန်မ၏ဆက်ဆံရေးကို ထိခိုက်စေသည်။
ဆဲလ်ဖုန်းကို ကောက်ကိုင်ကာ မာနကို မြိုချပြီး ခွင့်လွှတ်ရန် ခင်ပွန်းအား တောင်းပန်ရာ၊ ခင်ပွန်းကလည်း တောင်းပန်စကားဆိုသဖြင့် ရန်ပြေငြိမ်းခြင်းကြောင့် ငြိမ်သက်ခြင်းအရသာကို ၀မ်းမြောက်ခံစားရသည်။ သို့နှင့် ဘုရားသခင်ကို ကျေးဇူးတော်…
ဖြတ်လမ်းလိုက်ခြင်း
လက်ဖက်ရည်ကို တစ်ငုံစာလေးသောက်ပြီး သူ့မိတ်ဆွေ၏ မှန်ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်ကာ နန်စီ သက်ပြင်းချလိုက်သည်။ ငွားငွားစွင့်စွင့် ဖူးပွင့်နေသော လေလီပန်း၊ သရက်ထည်ပန်း၊ အိုင်းရစ်ပန်းများ၊ ပန်းဝါ၀ါလေးများ၏ အရောင်သွေးများမှာ နွေဦးမိုးရေနှင့် နေရောင်ခြည်တို့ကြောင့် ပို၍ တောက်ပနေသည်။ ‘‘ဘာမှမလုပ်ဘဲနဲ့ အဲဒီလိုမြင်ကွင်းလေးကို ပိုင်ဆိုင် ကြည့်နေချင်တာ’’ ဟု သူက တသသနှင့် ပြောသည်။
အချို့ဖြတ်လမ်းများက လက်တွေ့တွင် အဆင်ပြေ သည်။ အချို့မှာ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးအသက်တာ လည်ပတ်မှုကို ပြတ်တောက်သွားစေသည်၊ ချိနဲ့သွားစေသည်။ မိမိနှင့်မတူ၊ တစ်ခြားစီဖြစ်သူနှင့် သက်ဆုံးတိုင် ပေါင်းဖက်ရမည် ဆိုပါက အခက်အခဲ ပြဿနာကင်းသည့် ကြည်နူးဖွယ်အချိန် ကိုသာ ကျွန်ုပ်တို့ လိုချင်သည်။ လက်တွေ့ဘ၀၌ အောင်မြင်မှု အတွက် စွန့်စားရမည်။ သို့သော် မစွန့်စားဘဲ အရှုံးမရှိဘဲ ‘‘ကြီးမြတ်မှု’’ကို လိုချင်ကြသည်။ ဘုရားသခင် ကျေနပ်နှစ်သက် စေရန်…
အိမ်သန့်ရှင်းရေးလုပ်ခြင်း
မကြာသေးမီက ငှားရမ်းထားသောအိမ်သို့ ကျွန်မ ရွှေ့ပြောင်းခဲ့သည်။ အိမ်ခန်းအသစ်သို့ (များလှသော) အရှုပ်ထုပ်များကို ပြောင်းရွှေ့လိုက်ယုံလေး မလုပ်လို၊ လုံးဝ ဆန်းသစ်ပြီး ရှင်းရှင်းလင်းလင်းဖြစ်လိုခြင်းကြောင့် ထင်ထားသည်ထက် အချိန်ပိုယူခဲ့ရသည်။ နာရီပေါင်းများစွာ သန့်ရှင်းရေးလုပ်၊ ပစ္စည်းများနေရာချ၊ လွှင့်ပစ်မည့် ပစ္စည်းထုပ် များကို ရှေ့တံခါး၌ပုံ၊ ပေးလှူမည့်ပစ္စည်း၊ ပြန်သုံးမည့်ပစ္စည်း စသည်ဖြင့် ခွဲထားလိုက်သည်။ သို့သော် ပင်ပန်းလှသော လုပ်ငန်းစဉ်အဆုံး၌ ကျွန်မ စိတ်လှုပ်ရှားကျေနပ်စွာ အသုံးပြု နိုင်မည့် လှပသောအခန်းကို ပိုင်ဆိုင်နိုင်ခဲ့သည်။
အိမ်သန့်ရှင်းရေးအလုပ်က နောက်ပိုင်း ၁ ပေ ၂း၁ ကို ဖတ်သည်တွင် ကျွန်မကို အတွေးသစ်အမြင်သစ် ပေးခဲ့ သည်။ The Message စာစောင်၌ ၁ ပေ ၂း၁ ကို ဤသို့ စကားပြေပြန်ဆိုထားသည်။ ‘‘အိမ်က သန့်ရှင်းလှပါလား။ စိတ်ပုပ်စိတ်ယုတ်၊ ဟန်ဆောင်မှု၊ မနာလိုငြူစူခြင်း၊ နာကျင်…