အမျိုးအစား  |  odb

တစ်ညီတစ်ညွတ်တည်း ပါဝင်ခြင်း

ကျွန်တော်တို့မြေးလေး၏ ကျောင်းဂီတပွဲတော်တွင် အသက် ၁၁-၁၂ နှစ် အရွယ် ကလေး များ၏ ဖျော်ဖြေရေးအစီအစဉ်ကို ကျွန်တော်အလွန်သဘောကျသည်။ အကယ်၍ မိမိ၏ တစ်ဦးချင်းစွမ်းရည်ကိုသာ ပေါ်လွင်စေလိုပါက အဖွဲ့၏စုပေါင်းညီညွတ်မှုကို ရမည် မဟုတ်ပါ။ သစ်သားတူရိယာကဏ္ဍ၊ ကြေးတူရိယာကဏ္ဍနှင့် တီးခတ်မှုကဏ္ဍတို့သည် သူ့အပိုင်းနှင့်သူ ညီညွတ်စွာ ပါဝင်တီးမှုတ်ခြင်းကြောင့်
သာယာနာပျော်ဖွယ်သီချင်း ထွက်ပေါ်လာရခြင်း ဖြစ်သည်။
သခင်ယေရှု၏ တပည့်တော်များသည် ရောမမြို့၌ ရှိစဉ်၊ ရှင်ပေါလုက “ငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်း ဖြစ်၍ အသီးသီး အင်္ဂါချင်းဖြစ်ကြ၏။ ထိုသို့ ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါသည် အသီးသီး အပြားပြားသော ဆုများကို ခံရသည်” (ရော ၁၂း၅-၆) ဟု ရေးသားခဲ့သည်။ ထိုကျေးဇူးတော်အသီးသီးအနက် ရှင်ပေါလု ဖော်ပြသော ဆုကျေးဇူးများမှာ ဓမ္မဆရာအရာ၊ ဆုံးမသြ၀ါဒပေးသောသူ၊ နှိုးဆော်သွေးဆောင်သောသူ၊ စွန့်ကြဲဝေငှသောသူ၊ အုပ်ချုပ်သောသူနှင့် မစသနားခြင်းအမှုကို ပြုသောသူတို့…

ဆိတ်ဆိတ်နေခြင်း

ကယ်ဆယ်ရေး ထရပ်ကားများ ရွာထဲရှိ တဲများအနီးမှ ဖြတ်သွားစဉ် ကြက်ကလေးများ ကစဥ့်ကလျား ပြေးလွှားလျက်၊ ဖိနပ်မစီးထားသောကလေးများက ငေးကြည့်နေသည်။ မိုးဒဏ်ကြောင့် ပျက်စီးနေသောလမ်းများပေါ်တွင် ကားအသွားအလာ မရှိသလောက်ပင်။
ထိုကားတန်းရှည်မြင်ကွင်း၌ တံတိုင်းခတ်ကာရံထားသော အိမ်တစ်လုံး မှုန်ဝါးဝါးပေါ်လာသည်။ ၎င်းသည် မြို့တော်ဝန်၏အိမ်ဖြစ်သည်။ ထိုအိမ်ကြီး၌ သူမနေပါ။ ပြည်သူလူထု၏ အခြေခံစားဝတ် နေရေး မပြေလည်ဘဲ ငတ်ပြတ်နေလည်း သူက အခြား မြို့ကြီးတစ်မြို့တွင် စည်းစိမ်ခံစားနေသည်။
ထိုသို့သော မတရားမှုများက ဒေါသထွက်စရာကောင်း လှသည်။ ပရောဖက်ဟာဗက္ကုတ်သည် အထိန်းအကွပ်မဲ့သည့် ဖိနှိပ်မှုများကို တွေ့ရသဖြင့် ဒေါသထွက်လျက် “ကိုယ်တော် သည် ကြားတော်မမူဘဲ အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း”ဟု (ဟဗ ၁း၂) သူမေးခွန်းထုတ် ခဲ့သည်။ သို့သော် ဘုရားသခင်က သူသိကြောင်း၊ “ကိုယ် မပိုင်သောဥစ္စာကို သိမ်းဆည်း သောသူ၊ မကောင်းသော အဓမ္မစီးပွားကို…

သက်သာခြင်းခွက်ကို မျှဝေခြင်း

ကျွန်မသူငယ်ချင်းက သူ၏အိမ်လုပ်မြေထည်အချို့ကို စာတိုက်မှတစ်ဆင့် ပို့လာသည်။ စက္ကူပုံးကို ဖွင့်ကြည့်သောအခါ အဖိုးတန်မြေထည်အချို့မှာ လမ်းခရီးတွင် သယ်ယူ လာစဉ် ပျက်စီးသွားသည်ကို တွေ့ရသည်။ မြေခွက်တစ်လုံးသည် ပဲ့ပြီး အပိုင်းပိုင်း ဖြစ်သွားကာ အက်ကွဲစများ၊ မြေမှုန့် ရွှံ့တုံးအခဲကိုလည်း တွေ့ရသည်။
ကျွန်မ၏ခင်ပွန်းက ခွက်အပဲ့အခြမ်းများကို ကော်ဖြင့် ပြန်ဆက်ပြီးနောက် အနာအဆာများရှိသော်လည်း လှပသည့်
မြေခွက်ကို စင်ပေါ်၌ ကျွန်မ ခင်းကျင်းပြထားသည်။ အပိုင်းအစများကို ပြန်၍ဆက်ထားသော မြေခွက်ကဲ့သို့ ဘုရားသခင်က ခက်ခဲသောဘ၀ကို ပို့ဆောင်ကျော်ဖြတ်စေ ပြီးနောက် ကျွန်မကို ခိုင်ခံ့စွာ ရပ်တည်စေခဲ့ကြောင်း ကျွန်မ၌ ရှိသော အမာရွတ်များက သက်သေဖြစ်သည်။ ကျွန်မ အသက်တာနှင့် ဘ၀တစ်လျှောက်တွင် ကိုယ်တော်မည်သို့ အလုပ်လုပ်နေကြောင်း ဝေမျှခြင်းဖြင့် ဒုက္ခသောက ခံစားရ
သော အခြားသူများအတွက် အကူအညီ ဖြစ်စေကြောင်း ထိုသက်သာခြင်းခွက်က ကျွန်မအား သတိပေးနေသည်။
ဘုရားသခင်သည်…

ပြုံးရသည့်အကြောင်းရင်း

လုပ်ငန်းခွင်၌ အားပေးစကားသည် အလွန်အရေးပါသည်။ ၀န်ထမ်းအချင်းချင်း တစ်ဦးကို တစ်ဦး ပြုမူဆက်ဆံပုံသည် ဈေးဝယ်သူ၏ ကျေနပ်အားရမှု၊ ကုမ္ပဏီ၏ အကျိုးအမြတ်နှင့် လုပ်ဖော်ဆောင်ဖက်ချင်း၏ ကျေးဇူးပြုမှုတို့အပေါ် သက်ရောက်မှု ရှိသည်။ လေ့လာမှုများ အရ အကျိုးသက်ရောက်မှု အားအကောင်းဆုံး ၀န်ထမ်းအစုအဖွဲ့များသည် တစ်ဦးကို တစ်ဦး သဘောထားချင်း မတိုက်ဆိုင်မှု၊ သဘောထား ကွဲလွဲမှုနှင့် အခြေအတင်စကားများမှုထက် သဘောထား တူညီမှု၊ အပြုသဘော အကောင်းမြင်မှုကို ၆ ဆ ဖော်ပြ ကြကြောင်း၊ အလုပ်မဖြစ်သောအဖွဲ့ကမူ အားပေးမစသော စကားတစ်ခွန်းတိုင်းအတွက် အနုတ်သဘောဆောင်သည့် စကား ၃ ကြိမ်မျှ သုံးလေ့ ရှိကြောင်း တွေ့ရသည်။
ရှင်ပေါလုသည်လည်း အတွေ့အကြုံများအရ တန်ဖိုးရှိသောစကားများသည် လူမှုဆက်ဆံရေးကို ချောမွေ့စေပြီး ရလဒ်ကောင်းများကို ပြုစုပေးကြောင်း သိမြင်နားလည် ခဲ့သည်။ ဒမာသက်မြို့သို့သွားသောလမ်း၌ သခင်ယေရှုနှင့် မတွေ့မီ ရှောလုသည် ယေရှု နောက်တော်လိုက်များကို…

ဘုရားရှင်အတွက် စိတ်ဇောထက်သန်သည်

လွန်ခဲ့သော လအနည်းငယ်က ‘‘စိတ်အားထက်သန်စွာ သန္နိဌာန်ချထားသူများ’’ အဖွဲ့သို့ ၀င်ရန် ကမ်းလှမ်းသော အီးမေးကို ကျွန်ုပ်ရရှိခဲ့သည်။ သို့နှင့် ‘‘driven’’ ဆိုသော ဝေါဟာရ၏အဓိပ္ပာယ်ကို ရှာကြည့်ရာ၊ စိတ်အားထက်သန်စွာ သန္နိဌာန်ချထားသူသည် ‘‘သူ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အလွန်ပင် စိတ်ထက်သန်တက်ကြွသူ၊ အောင်မြင်မှုရရှိရန် အပတ်တကုပ် ကြိုးစားသူ’’ ဟူ၍သိ နားလည်ခဲ့ရသည်။
‘‘စိတ်အားထက်သန်စွာ သန္နိဌာန်ချထားသူဖြစ်ခြင်းသည် ကောင်းပါသလား။’’ ဘယ်သောအခါမျှ မပြောင်းလဲ သော စမ်းသပ်နည်းတစ်ခုရှိသည်။ ‘‘မည်သည့်အမှုကိုပြုသော် လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့’’ (၁ ကော ၁၀း၃၁)။
မိမိဂုဏ်အသရေအတွက် ကျွန်ုပ်တို့ အကြိမ်ကြိမ် လုပ်ဆောင် တတ်ကြသည်။ နောဧခေတ် ရေလွှမ်းမိုးပြီးနောက်၊ လူတစ်စုသည် ကျော်စောကိတ္တိရှိစေခြင်းအလိုငှာ ရဲတိုက်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ ကြသည်။ နာမည်ကျော်ကြားလိုပြီး အရပ်ရပ်သို့ ကွဲပြားမည်ကို စိုးကြောက်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့…

ပြည့်စုံသောဖခင်တစ်ဦး

‘‘သမီးငယ်ငယ်က အဖေခရီးထွက်တာ များတယ်’’ ဟု အဖေ ကျွန်မကို ၀န်ခံခဲ့ဖူးသည်။ ကျွန်မ မမှတ်မိပါ။ တစ်နေ့လုံး ရုံးတက်ပြီးလျှင် ညနေပိုင်းအချိန်တွင် အသင်းတော် ကွာယာ သံစုံကို သွားလေ့ကျင့်ပေးတတ်သလို တစ်လတွင် တစ်ပတ် (သို့) နှစ်ပတ်မျှ မကြာခဏ
အမျိုးသား လေးယောက်သံစုံအဖွဲ့ဖြင့် ခရီးထွက်တတ်သည်။ သို့သော် ကျွန်မ ဘ၀၏ အရေးကြီးသော အချိန်တိုင်းတွင် အဖေသည် ကျွန်မအနား ရှိနေခဲ့သည်။
ဥပမာ- ကျွန်မ ၈ နှစ် သမီးအရွယ်က နေ့လယ်ချိန် ကပြသည့် ကျောင်းပြဇာတ်၏ဇာတ်ဝင်ခန်း တစ်ခန်း၌ ကျွန်မ ပါဝင်ကပြခဲ့ရသည်။ ပွဲသို့ တက်ရောက်လာသည့် မိခင်များ ကြားတွင် ဖခင်တစ်ဦးတည်းသာပါပြီး ထိုသူမှာ ကျွန်မ၏ အဖေဖြစ်သည်။ ကျွန်မတို့ ညီအစ်မသည် သူ့အတွက် အရေးကြီးကြောင်းနှင့် ကျွန်မတို့ကို ချစ်ကြောင်း အသေးအမွှား နည်းလမ်းများစွာဖြင့် ပြသခဲ့သည်။…

အတူတကွ ရှိနေသောအချိန်

အမျိုးတစ်ဦး၏ မင်္ဂလာဆောင်မှ အပြန် ၂ နာရီ ကြာ မောင်းရသော အိမ်အပြန်ခရီးတွင် အမေက ကျွန်မအလုပ်ခွင်၌ ဘာအသစ်အဆန်းရှိသနည်းဟု တတိယအကြိမ်မြောက် မေးပါသည်။ ကျွန်မလည်း သူ့ကို ပထမဆုံးအကြိမ် ပြောပြသကဲ့သို့ နောက်တစ်ကြိမ် အသေးစိတ် ထပ်ပြောပြနေရင်း ကျွန်မပြောသည့်စကားများကို မှတ်မိအောင် မည်သို့လုပ်ပေးရမည်နည်းဟု တွေးမိသည်။ အမေသည် မှတ်ဉာဏ်များ တစ်စတစ်စ ပျက်စီးယိုယွင်းသော သူငယ်ပြန် ရောဂါ (အယ်ဇိုင်းမား) ဝေဒနာ ခံစားနေရပြီး အပြုအမူများပါ ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်သည်။ တဖြည်းဖြည်း စကားပါ မပြောတတ်တော့ဘဲ ထိုထက်ဆိုးသောအရာများလည်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။
အမေ့ရောဂါအတွက် ကျွန်မ ၀မ်းနည်းကြေကွဲရ ပါသော်လည်း အမေ ကျွန်မတို့နှင့် အတူရှိနေခြင်း၊ အတူတကွ အချိန်ယူနိုင်၊ စကားပြောနိုင်ခြင်းများအတွက် ကျေးဇူးတင်မိသည်။ ကျွန်မ သူ့ထံ သွားရောက်လည်ပတ်တိုင်း ၀မ်းသာအားရဖြင့် ‘‘ဟယ် အယ်ဆင် ရောက်လာတယ်! ပျော်သွားပြီ၊…

အသက်ရှင်စေသည်

ကျွန်တော့်အဖေသည် လူငယ်ဘ၀က မြို့ပြင်၌ ကျင်းပသော အားကစားပြိုင်ပွဲသို့ သူငယ်ချင်းများနှင့်အတူ သွားကြစဉ် မိုးရေအိုင်ထွန်းနေသော အဝေးပြေးလမ်းမပေါ်တွင် ကားဘီးချော်ကာ မတော်မဆ ဖြစ်ခဲ့သည်။ အလွန်ပင် ဆိုးဝါးသော မတော်တဆမှု ဖြစ်သည်။ သူငယ်ချင်း တစ်ယောက်က ခြေလက်သေသွားပြီး အခြားတစ်ယောက်က ဆုံးပါးသွားသည်။ အဖေ့ကိုလည်း သေဆုံးပြီဟုဆိုကာ ရေခဲတိုက်သို့ ပို့လိုက်သည်။ ကြောက်ရွံ့ထိတ်လန့်ပြီး သောက ဝေနေသော မိဘများက မိမိသား ဟုတ်မဟုတ် လာကြည့် ရာ အဖေသည် နက်နက်ရှိုင်းရှိုင်း သတိမေ့မြောနေရာမှ (a deep coma) ဖြစ်နေရာမှ ပြန်လည် သတိရလာသည်။ သူတို့၏ညည်းတွားခြင်းသည် ၀မ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲ သွားသည်။
ဧဖက်အခန်းကြီး ၂ တွင် တမန်တော်ရှင်ပေါလုက ခရစ်တော်နှင့်ကွာလျှင် ကျွန်ုပ်တို့သည် ‘‘ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေ’’သူဖြစ်ကြောင်း သတိပေးသည် (း၁)။ သို့သော် ကျွန်ုပ်တို့အပေါ်တွင်…

ရန်ငြိမ်းခြင်းနှောင်ကြိုး

ကျွန်မသူငယ်ချင်းနှင့်ကျွန်မတို့နှစ်ဦး သဘောထား ကွဲလွဲနေသော အကြောင်းကိစ္စတစ်ခု အပေါ် အီးမေးပို့ကာ ဖြေရှင်းခဲ့သော်လည်း သူစာမပြန်ခဲ့ပါ။ ကျွန်မ စည်းများကျော်သွား သလား။ သူ့ကို နှောင့်ယှက်သလိုဖြစ်သွားပြီး အခြေအနေကို ပို၍ ဆိုးအောင် မလုပ်ချင်
သလို၊ သူနိုင်ငံခြားမသွားမီ မပြီးပြတ်သောကိစ္စကိုလည်း မဖြေရှင်းဘဲ မနေစေချင်ပါ။
နောက်နေ့များတွင် ကျွန်မ၏အတွေးထဲ၌ သူ ပေါ်ပေါ်လာ သောကြောင့် ရှေ့လျှောက်မည်သို့ဖြစ်မည်ကို မသေချာငြား သူ့အတွက် ဆုတောင်းပေးမိသည်။ တစ်မနက်တွင် ပန်းခြံသို့ လမ်းလျှောက်ထွက်စဉ် သူ့ကို တွေ့လိုက်သည်။ သူ ကျွန်မကို လှည့်ကြည်လိုက်သည့် တစ်ခဏတွင် သူ့မျက်နှာမှ အပူမီးနှင့်နာကျင်မှုကို တွေ့ရသည်။ ၀မ်းသာအားရပြုံး၍ သူ့ထံသွားရင်း ‘‘ကျေးဇူးပါ အဘ။ သူနဲ့ စကားပြောခွင့်ရလို့
ကျေးဇူးတင်ပါတယ်’’ ဟု ရေရွတ်မိသည်။ သို့နှင့် ပွင့်လင်းစွာ စကားပြော၍ ပြဿနာကို ဖြေရှင်းခွင့် ရရှိခဲ့ကြသည်။
တစ်ခါတစ်ရံ ပေါင်းသင်းဆက်ဆံရေးများကြားတွင်…

ကျေးဇူးတော် စည်းချက်များ

အသက် ၉၀ စွန်းစွန်း ရှိပြီး အိမ်ထောင်သက်တမ်း ၆၆ နှစ် ရှိသည့် ကျွန်တော့်မိတ်ဆွေ ဇနီးမောင်နှံတို့သည် သူတို့၏မိသားစုသမိုင်းကြောင်းကို ကလေးများ၊ မြေးများနှင့် နောင်လာ မည့် မျိုးဆက်တို့ သိရှိစေရေးအတွက် ရေးသားခဲ့သည်။ နောက်ဆုံးအခန်း ဖြစ်သည့် ‘‘အမေနှင့်
အဖေတို့ထံမှပေးစာ’’ တွင် သူတို့ဘ၀၌ သင်ယူရရှိခဲ့သော အရေးကြီးသင်ခန်းစာများ ပါဝင်သည်။ ၎င်းတို့အနက် သင်ခန်းစာ တစ်ခုသည် ကျွန်တော့် အား ခေတ္တရပ်ပြီး မိမိအသက်တာကို သုံးသပ်ဆင်ခြင် စေပါသည်။ ‘‘ခရစ်ယာန် အသက်တာသည် သင့်ကို မောပန်းစေ သည်၊ သင့်စွမ်းအင်ကို ယုတ်လျော့စေသည်ဟု ထင်မြင်မိပါက သင်သည် သခင်ယေရှုခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်မှုကို နှစ်သက်သည်ထက် ဘာသာတရားကို လေ့ကျက်နေခြင်းသာ ဖြစ်သည်။ ကိုယ်တော်နှင့်လျှောက်လှမ်းမှုသည် သင့်ကို ၀န်လေး၍ပန်းပင်မှု မဖြစ်စေပါ။ သင့်ကို လန်းဆန်းစေပြီး ခွန်အားကို ပြန်လည်ဖြည့်တင်းပေးကာ အသက်တာကို…