ငါ မဟုတ်ဘူး
ပြီးခဲ့သော အားလပ်ရက်ခရီးထွက်စဉ်က ကျွန်တော် မုတ်ဆိတ်မွှေး အရှည်ထားခဲ့သည်။ သူငယ်ချင်းများနှင့်လုပ်ဖော်ဆောင်ဖက်များထံမှ တုံ့ပြန်မှုအမျိုးမျိုးရရှိခဲ့ပြီး အများစုမှာ အကောင်းဘက်မှ ဖြစ်သည်။ သို့သော် တစ်ရက်တွင် မုတ်ဆိတ်မွှေးကို ကြည့်ပြီး `ဒီလူက ငါမဟုတ်ဘူးဘဲ´ ဟုဆုံးဖြတ်ပြီး မုတ်ဆိတ်ရိတ်ဓားထုတ်ကာ ရိတ်ပစ်လိုက်သည်။
မိမိသည် မည်သို့သောသူဖြစ်သည်ကို စဉ်းစားရင်း အကြောင်းအရာ တစ်ခုမဟုတ်တစ်ခုက မိမိ၏စရိုက် လက္ခဏာနှင့် အဘယ်ကြောင့် အံဝင်ခွင်ကျ ဖြစ်မနေသနည်း ဟု တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် အခြေခံအားဖြင့်၊ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီကို မတူညီမှုများနှင့် အားသာချက်များ ပေးထားခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၀ါသနာများ မတူညီ၊ စားသည့်အစာ မတူညီ၊ ၀တ်ပြုသည့် အသင်းတော်မတူ၊ သို့သော် ကိစ္စမရှိပါ။ ကျွန်ုပ်တို့
တစ်ယောက်စီတိုင်းသည် အတုမရှိ အံ့ဖွယ်ထူးခြားစွာ ဖန်ဆင်းခံထားရသူများဖြစ်သည် (ဆာ ၁၃၉း၁၄)။ ကျွန်ုပ်တို့သည် အချင်းချင်းကို အစေခံရန်အလိုငှာ မတူညီသော ဆုကျေးဇူးများ…
မေဒေး
အပြည်ပြည်ဆိုင်ရာ ပရိဒေ၀လက္ခဏာအချက်ပြဖြစ်သော “မေဒေး” ဟူသည့် စကားလုံးကို တစ်ခါခေါ်လျှင် သုံးကြိမ်ဆက်တိုက် “မေဒေး-မေဒေး-မေဒေး” ဟု ထပ်ခါထပ်ခါ ရေရွတ်ရသည်။ သို့မှသာ အသက်အန္တရာယ်အတွက် အရေးပေါ် အခြေအနေ ဖြစ်သည်ဟု ရှင်းလင်းပြတ်သားစွာ နားလည်နိုင်မည်ဖြစ်သည်။ ထိုစကားလုံးကို လန်ဒန်မြို့Croydon လေဆိပ်မှ အကြီးတန်း ရေဒီယို အရာရှိ Frederick Stanley Mockford က တီထွင် ခဲ့သည်။ ယခုအခါ အသုံးမပြုတော့သော ထိုလေဆိပ်ကြီး သည် တစ်ချိန်က ပဲရစ်မြို့ရှိ Le Bourget လေဆိပ်နှင့် လေယာဉ်ခရီးစဉ်ပေါင်းများစွာကို ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲ ခဲ့သည်။ National Maritime ပြတိုက်၏အဆိုအရ Mockford သည် “ကူညီပါ” ဟု အဓိပ္ပာယ်ရသည့် ပြင်သစ်စကား “m’aidez” ကို သုံးပြုပြီး “Mayday”ဆိုသော ဝေါဟာရကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဒါဝိဒ်မင်းကြီး၏အသက်တာတစ်လျှောက်တွင်…
အိမ်
စတီဗင် အမည်ရှိ အာဖရိကန်လူမျိုး ဒုက္ခသည်တစ်ဦးမှာ တိုင်းပြည်မဲ့သူတစ်ဦးဖြစ်သည်။သူသည် သူ့ကိုယ်သူ မိုဇမ်ဘစ် (သို့) ဇင်ဘာဘွေတွင် မွေးဖွားခဲ့သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း သူ၏ဖခင်မှာ မည်သူမှန်းမသိ၊ မိခင်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ သူ့မိခင်မှာ ပြည်တွင်းစစ်ကို ရှောင်တိမ်းရင်း တစ်နိုင်ငံမှတစ်နိုင်ငံသို့ လမ်းဘေး ဈေးသည်အဖြစ် လှည့်လည်သွားလာနေခဲ့သည်။ မှတ်ပုံတင်မရှိ၊ မွေးရပ်ဇာတိ နိုင်ငံကို သက်သေမပြနိုင်သည့်အတွက် စတီဗင် တစ်ယောက်
ဗြိတိန် ရဲစခန်းတစ်ခုတွင် သွားရောက် အဖမ်းခံခဲ့သည်။ နိုင်ငံသားတစ်ဦး၏လုပ်ပိုင်ခွင့်နှင့် အခွင့်အရေး မရှိသူအဖြစ် လမ်းပေါ်တွင် လျှောက်သွားနေခြင်းထက် ထောင်ထဲတွင် နေခြင်းက စတီဗင် အတွက် ပိုကောင်းနေသယောင် ဖြစ်သည်။
ဧဖက်မြို့သားများထံသို့ စာရေးချိန်တွင် တိုင်းပြည် မရှိဘဲ ဆိုးရွားစွာ နေထိုင်ရသည့် အခြေအနေကို ရှင်ပေါလု စဉ်းစားမိသည်။ တစ်ကျွန်းတစ်နိုင်ငံသား၊ အပြင်လူတစ်ဦးအဖြစ် နေထိုင်ရသည့် အခြေအနေကို ယုဒလူမျိုးမဟုတ်သည့် ဧဖက်မြို့သားများက သိနားလည်သည်…
အမှားလုပ်မိတယ်
အမှုဆောင်အရာရှိတစ်ဦးမှ တရားမ၀င်လှုပ်ရှားမှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သည့် သူ၏ကုမ္ပဏီအကြောင်းကို ဆွေးနွေးနေစဉ် “အမှားလုပ်မိတယ်” ဟု ပြောကြားခဲ့သည်။ သူ၏ပုံစံမှာ နောင်တရပုံပေါ်သော်လည်း သူ၏နောက်လိုက်များအား အပြစ်တင်နေဆဲ၊ သူကိုယ်တိုင် အမှားတစ်စုံတစ်ရာကိုကျူးလွန်ခဲ့ကြောင်းကို သူ ၀န်မခံနိုင်ပေ။
လမ်းပြောင်းပြန်ကားမောင်းမိခြင်း၊ အချက်ပြ ခလုတ်ဖွင့်ရန် မေ့သွားသည့်အတွက် ဟင်းတူးသွားခြင်း၊ ဘဏ်လက်ကျန်ငွေကို မှားယွင်းစွာပေါင်းမိခြင်း စသဖြင့် တစ်ချို့အမှားများသည် “အမှား” သက်သက်သာဖြစ်သည်။ ဖြစ်သည်။ သို့သော် တာသွားသည့် အမှားများရှိသည်။ ဘုရားသခင်က ၎င်းကို “အပြစ်” ဟုခေါ်သည်။ ဘုရား သခင်က အာဒံနှင့်ဧ၀အား အဘယ်ကြောင့် သူ၏ စကားကို နားမထောင်သနည်းဟု မေးသောအခါ သူတို့သည် လျင်မြန်စွာပင် တစ်ဦးကိုတစ်ဦး အပြစ်တင်ရန် ကြိုးစားကြ သည် (ကမ္ဘာ ၃း၈-၁၃)။ သဲကန္တရအတွင်း လူအများ ရှိခိုးရန် နွားသူငယ်ပုံကို သွန်းလုပ်သည့်ကိစ္စတွင် အာရုန်အနေဖြင့် တာဝန်ယူခဲ့ခြင်း မရှိပါ။ မောရှေအား…
ပုံတူ ရေးဆွဲခြင်း
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ National Portrait Gallery တွင် ၀င်စတန်ချာချီ၏ ပုံတူ ၁၆၆ ပုံ၊ ၀ီလျံရှိတ်စပီးယား၏ ပုံတူ ၉၄ ပုံ၊ ဂျော့ဝါရှင်တန်၏ ပုံတူ အပုံ ၂၀တို့ အပါအ၀င် ရာစုနှစ်များအတွင်း ရေးဆွဲခဲ့သော အဖိုးတန်ပုံတူများစွာကို ထိန်းသိမ်းထားသည်။ ဤရုပ်ပုံဟောင်းများကို ကြည့်ပြီး “ရှေးက ရှိခဲ့သူများနှင့် ဤရုပ်ပုံများသည် အမှန်တကယ် တူပါရဲ့လား” ဟု သင်တွေးကောင်းတွေးမိမည်။
ဥပမာ- စကော့လူမျိုး မျိုးချစ်ပုဂ္ဂိုလ် ၀ီလျံဝေါလစ်၏ ရုပ်ပုံကို ၈ ပုံမျှ တွေ့ရသော်လည်း ၎င်းတို့ကို ဟုတ်မဟုတ် နှိုင်းယှဉ် ကြည့်ရန် သူ၏ဓာတ်ပုံ တစ်ပုံမျှမရှိပါ။ ပုံရေးဆွဲသူ အနုပညာရှင်သည် ဝေါလစ်၏ပုံကို အတိအကျရေးဆွဲနိုင်ခြင်း ဟုတ်မဟုတ် ကျွန်ုပ်တို့ မည်သို့သိနိုင်ပါမည်နည်း။
ခရစ်တော်ကို ပုံဖော်ရာတွင်လည်း ထိုကဲ့သို့ပင် ဖြစ်နိုင်သည်။ ခရစ်တော်ကို ယုံကြည်သူများသည် မိမိ…
လှိုင်းတံပိုးများကို အစိုးရသူ
ကင်ညွတ်ဘုရင်သည် ၁၁ ရာစုအတွင်းက အာဏာအကြီးဆုံးသော ရှင်ဘုရင်တစ်ပါး ဖြစ်သည်။ ကျော်ကြားလှသော ပုံပြင်တစ်ပုဒ်တွင် ဖော်ပြထားသည်မှာ ဒီရေတက် နေချိန်တွင် သူ၏ထိုင်ခုံကို ကမ်းခြေတွင်ချထားရန် သူ့လူများအား အမိန့်ပေးခဲ့သည်။ ထို့နောက် “အသင်ပင်လယ်၊ သင်သည် ကျွန်ုပ်၏အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ကျွန်ုပ် သင့်ကို အမိန့်ပေးသည်။ ကျွန်ုပ်၏ကုန်းမြေပေါ်သို့ တက်မလာနှင့်။ ကျွန်ုပ်၏အ၀တ်နှင့် မည်သည့်ကိုယ်ခန္ဓာ အစိတ်အပိုင်းကိုမျှ မစိုစေနှင့်” ဟုဆိုလိုက်သည်။ သို့သော်လည်း ဒီရေမှာ ဆက်တိုက်တက်လာပြီး ဘုရင်၏ ခြေထောက်မှာ ရေစိုရွှဲသွားသည်။
ကင်ညွတ်ဘုရင်၏ မာန်မာနအကြောင်းကို သတိပြု သင်ခန်းစာယူရန် ဤပုံပြင်လေးကို ပြောပြလေ့ရှိသည်။ အမှန်စင်စစ် ဤပုံပြင်မှာ နှိမ့်ချခြင်းအကြောင်း သင်ခန်းစာ ပေးနေသည်။ ကင်ညွတ်ဘုရင်က ဆက်ပြီး “ဘုရင်မင်းများ၏ အစိုးရသောအာဏာသည် ဘာမှမဟုတ်၊ အနတ္တဖြစ်ကြောင်း လောကကြီးအား သိစေပါ။ … ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်တို့ နာခံသော…
ပြီးပြည့်စုံစွာ ချစ်ခြင်း
သမီးဖြစ်သူနှင့် ဖြစ်ပျက်ခဲ့သောပြဿနာကို ပြောပြနေစဉ်ပင် သူမ၏အသံမှာ တုန်ရင်
နေသည်။ ဆယ်ကျော်သက်သမီး၏အပေါင်းအသင်းများက ဘာမှန်းမသိ၊ စိုးရိမ်စိတ်နှင့် ပူပန်နေသည့်မိခင်မှာ သမီး၏ဖုန်းကို ပြန်သိမ်းကာ သမီးနောက် တစ်ကောက်ကောက် လိုက်ခဲ့သည်။ သားအမိနှစ်ဦး၏ဆက်ဆံရေးမှာ ဆိုးဝါးနေရာမှ အဆိုးဆုံးအခြေအနေသို့ ရောက်တော့မည့်ပုံပေါ်နေသည်။
သမီးဖြစ်သူနှင့် ကျွန်မစကားပြောကြည့်ရာ၊ သမီးကမိခင်ကို လွန်စွာချစ်သော်လည်း မိခင်၏တင်းကြပ်သည့် ချစ်ခြင်းအောက်တွင် မွန်းကြပ်နေပြီး လွတ်လပ်မှုကို တောင့်တနေကြောင်း သိခဲ့ရသည်။
မပြည့်စုံသည့်လူသားများဖြစ်သည့် ကျွန်မတို့သည် လူမှုဆက်ဆံရေးများ၌ ရုန်းကန်နေကြရသည်။ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ၊ အပျိုလူပျိုဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ချစ်မေတ္တာကို မှန်ကန်စွာ ထုတ်ဖော်နိုင်ရန်၊ မှန်ကန်သည့် အချိန်တွင် မှန်ကန်စွာ ပြောနိုင်လုပ်နိုင်ရန် အားထုတ်ကြရ သည်။ ဘ၀တစ်လျှောက်တွင် ချစ်ခြင်းဖြင့် ရှင်သန်ကြရသည်။
၁ ကော ၁၃ တွင် ရှင်ပေါလုက ပြီးပြည့်စုံသော ချစ်မေတ္တာသည် မည်သည်နှင့်တူသည်ကို ဖော်ပြထားသည်။သူ၏ဖော်ပြချက်စံနှုန်းက အလွန်ကောင်းသော်လည်း ထိုမေတ္တာကို…
ဧည့်ခံကြိုဆိုခြင်း ဆုကျေးဇူး
နိုင်ငံ ၅ နိုင်ငံမှ မိသားစုများအတွက် ကျွန်မတို့ ညစာစားပွဲ ဧည့်ခံကျွေးမွေးရသည်မှာ အံ့သြဖွယ်ရာ အမှတ်တရဖြစ်ခဲ့သည်။ ဆွေးနွေးပွဲတွင်လည်း သူကတစ်မျိုး ကိုယ်က တစ်မျိုးနှင့် နှစ်ဖွဲ့ကွဲသွားခြင်း မရှိဘဲ၊ လန်ဒန်မြို့တွင် ရှင်သန်နေထိုင်ရသောဘ၀ အကြောင်းကို အခြားနိုင်ငံမှလူတို့၏အမြင်ဖြင့် အသီးသီးဆွေးနွေးကြသည်။ တစ်နေ့တာ ကုန်ဆုံးချိန်တွင် မတူညီသော ယဉ်ကျေးမှု များကို လေ့လာခွင့်၊ အတွေ့အကြုံများကို နွေးထွေးစွာ
ဆွေးနွေးခွင့်များ ရခဲ့သည်။ ခိုင်မာသော မိတ်ဆွေဖွဲ့ခွင့် ရခြင်းအတွက် အကုန်အကျခံ စီစဉ်ရကျိုးနပ်ခဲ့သည်ဟု ကျွန်မတို့ဇနီးမောင်နှံမှ သုံးသပ်မိသည်။
ဟေဗြဲသြ၀ါဒစာကို ရေးသားသူက လူ့ဘောင် အဖွဲ့အစည်း လူမှုဘ၀နှင့်ပတ်သက်၍ တိုက်တွန်းနှိုးဆော်လျက် ဤစာကို ဖတ်ရှုသူများ အား မိမိမသိကျွမ်းသော တစ်စိမ်းတစ်ရံကို ဆက်လက် လက်ခံကြိုဆိုရန် တိုက်တွန်း အားပေးလျက် ကျမ်းစာကို အဆုံးသတ်ထားသည်။ “ထိုသို့ ဧည့်သည်ဝတ်ကို ပြုသည်တွင် အချို့သောသူတို့သည် ကောင်းကင်တမန်တို့ကို အမှတ်တမဲ့…
ချစ်မေတ္တာနှင့် ရှူးဖိနပ်ဟောင်းဖြင့်
တစ်ခါတစ်ရံတွင် ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် စကားပြောရာ၌ တစ်ဦး၏စကားကို တစ်ဦးက ပံ့ပိုးဖြည့်ဆည်းပေးရသည်။ အိမ်ထောင်သက် အနှစ် ၃၀
ကျော်လာပြီဖြစ်၍ တစ်ဦး၏အတွေးနှင့် ပြောပုံဆိုပုံကို တိုး၍အထာသိလာသည်။ ကျွမ်းလာသည်။ တစ်ဦးနှင့်တစ်ဦး စကားဆုံးအောင် ပြောစရာမလိုဘဲ စကားတစ်ခွန်း၊ အကြည့်တစ်ချက်ဖြင့် ဘာကိုဆိုလိုသည်ကို သိရှိရန် လုံလောက်ပေသည်။
ရှူးဖိနပ်ဟောင်းက မိမိနှင့်အသားကျပြီး သက်သောင့် သက်သာရှိသဖြင့် ဆက်စီးဖြစ်သကဲ့သို့၊ တစ်ခါတစ်ရံ ကျွန်တော်တို့ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ယုယစွာဖြင့် “ငါ့ရဲ့ ရှူးဖိနပ်အဟောင်းလေး” ဟုတင်စား၍ နှုတ်ခွန်းဆက် သည်ကို အကြောင်းမသိသူများအဖို့ နားလည်နိုင်ရန် ခက်ပြီ။ နှစ်ပေါင်းများစွာ ဖြတ်သန်းလာသည့် နှစ်ဦးနှစ်ဘက်ကြား ဆက်ဆံရေးတွင် ကိုယ်ပိုင်အထာနှင့်ပြောသည့် စကားများ ဖြစ်တည်လာပြီး ၎င်းသည် နှစ်ချို့မေတ္တာနှင့် ယုံကြည်မှု စိတ်ချမှု၏ရလဒ်များ ဖြစ်သည်။
ဘုရားသခင်သည် ကျွန်တော်တို့ကို လေးနက်စွာ ချစ်ကြောင်းကို သိရသည့် အတွက် စိတ်ချမ်းသာကျေနပ်ရသည်။ ဒါဝိဒ်က…
ဓာတ်ပုံနှစ်ပုံ
အဖွားအိုတစ်ယောက်သည် ဘုရားကျောင်းအ၀င်ခန်းမ၌ နှစ်ပုံတွဲဓာတ်ပုံဘောင်မှ ဓာတ်ပုံ များကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏သူငယ်ချင်းများအား ပြသသည်။ ပထမပုံသည် သူ့ဇာတိမြေ ဘာဂွန်ဒီမှ သူ့သမီး၏ပုံဖြစ်ပြီး၊ ဒုတိယပုံသည် ထိုသမီးမှမကြာသေးမီက မွေးဖွားခဲ့သော မြေးကလေး၏ပုံဖြစ်သည်။ သို့သော် မိခင်က မွေးကင်းစ ကလေးငယ်ကို ထွေးပိုက်ထားခြင်း မရှိပါ။ ထိုကလေးကို မွေးဖွားပြီး မိခင်သည် အသက်ဆုံးပါးသွားသည်။
မိတ်ဆွေတစ်ဦးက အနားကပ်လာပြီး ဓာတ်ပုံများကို ကြည့်ကာ အဖွားအို၏မျက်နှာကို လက်ဖြင့်ကိုင်တွယ်ပွတ်သပ် သည်။ သူကိုယ်၌က မျက်ရည်စက်လက်ဖြင့် အဖွားအိုအား “ကျွန်မသိတယ်၊ နားလည်တယ်” ဟု ပြောသည်။ သူ အမှန် သိသည်။ လွန်ခဲ့သော နှစ်လခန့်က သူ့သား ဆုံးပါးသွားခဲ့သည်။
မိမိ၏ခံစားချက်ကို စာနာနားလည်သူများ၏ ဖေးမ နှစ်သိမ့်မှုကိုရခြင်းမှာ အထူးအခွင့်အရေး တစ်ရပ်ဖြစ်သည်။ ၎င်းတို့ သိသည်၊ နားလည်ပေးသည်။ သခင်ယေရှု အဖမ်း မခံရမီလေးတွင် “သင်တို့သည်…