ပီညာတာ(Piñata) ထက်ပိုကောင်းတယ်
သကြားလုံးများနှင့် စားစရာမုန့်ထုပ်လေးများ ထည့်သွင်းထားသည့် ပီညာတာ
(Piñata) ဘူး (သို့်) မြေအိုး မပါဝင်ပါက မက္ကစီကို ပါတီပွဲမမည်။ သကြားလုံးနှင့် မုန့်များကို ပျော်ရွှင်စွာ စားသောက်ရန် ကလေးများက ထိုဘူး/အိုးကို တုတ်ဖြင့် ရိုက်ခွဲယူရသည်။
၁၆ ရာစု ခုနှစ်အတွင်းက ဘုန်းတော်ကြီးများသည် ပီညာတာကို အသုံးပြု၍ မက္ကစီကို နိုင်ငံသားများအား သင်ခန်းစာများ သင်ကြားပေးခဲ့သည်။ ပီညာတာသည် အတက် ၇ ခုပါသော ကြယ်ရုပ်များ ဖြစ်ပြီး ထိုအတက်များသည် အလွန်မှပင် ကြောက်မက်ဖွယ်ကောင်းသော အပြစ် ၇ မျိုးကို ကိုယ်စားပြုသည်။ ပီညာတာကို တုတ်ချောင်းဖြင့် ရိုက်ခွဲခြင်း သည် မကောင်းဆိုးဝါးလက်မှ လွတ်မြောက်ရန် ရုန်းကန်ခြင်းဟု အဓိပ္ပာယ်ဆောင်ယူ၍ အထဲမှမုန့်များ ကျလာသည်နှင့် တစ်ပြိုင်နက် လူအများက ကောက်ယူပြီး အိမ်သို့ ယူဆောင်သွားကာ ယုံကြည်ခြင်း အမှတ်သညာ အဖြစ်…
မီးပြတိုက်
ရဝမ်ဒါနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော `မီးပြတိုက်´ အမည်ရှိ သာသနာလုပ်ငန်းကြီး သည် ရွေးနုတ်ကယ်တင်ခြင်း သင်္ကေတဖြစ်သည်။ ထိုရုံးသည် ၁၉၉၄ ခုနှစ် လူမျိုးတုံး သတ်ဖြတ်သည့်ကာလ နိုင်ငံတော်သမ္မတကြီး ပိုင်ဆိုင်သည့် အိမ်တော်ဝင်းအတွင်း၌ တည်ရှိသည်။ လက်ရှိအဆောက်အအုံသစ်ကို အချက်ပြ အလင်းရောင်နှင့် မျှော်လင့်ခြင်း အမှတ်သညာအဖြစ် ခရစ်ယာန်များ ကမကထပြု၍ ပြန် ဆောက်ခဲ့သည်။ ထိုအဆောက်အအုံတွင် နောင်မျိုးဆက်သစ် ခရစ်ယာန်ခေါင်းဆောင်များကို မြေတောင်မြှောက်ပေးရန် ဓမ္မတက္ကသိုလ်အပြင်၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အဖွဲ့အစည်းများကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများလည်း ပါရှိသည်။ ပြာပုံကြားမှ အသစ်သောဘဝ ထွက်ပေါ်လာသည်။ ဤ`မီးပြတိုက်´အမှုတော်ကို တည်ထောင်သူများသည် မိမိတို့၏မျှော်လင့်ခြင်းနှင့် ကယ်တင်ခြင်းအဖြစ် ခရစ်တော်ကို စေ့စေ့ကြည့်လျက် မျက်မှောက်ပြုခဲ့သည်။
သခင်ခရစ်တော်သည် နာဇရက်မြို့သို ရောက်ပြန်လျှင် ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ ဝင်၍ ပရောဖက်ဟေရှာယ၏ အနာဂ္ဂတ္တိကျမ်းကို ဖွင့်ဖတ်ပြီး လျှင် သူသည် ဘုရားသခင်၏…
နက်ဖြန်နေ့သို့လှမ်းမြင်ခြင်း
တိမ်ကင်းစင်သော ကောင်းကင်ပြာကြီးကို မော်ကြည့်ရခြင်းကို ကျွန်ုပ်အလွန်နှစ်သက်၏။ ကျွနု်ပ်တို့၏ မဟာဖန်ဆင်းရှင်၏ ကြီးမြတ်သောလက်ရာတော်များအနက် မိုးကောင်းကင်
သည် အလွန်လှပသောအရာဖြစ်ပြီး ကျွန်ုပ်တို့ကို ပီတိဖြစ်စေသည်။ လေယာဉ်မှူးများသည် ဤမြင်ကွင်းကို မည်မျှနှစ်သက်မည်ကို ကျွန်ုပ်တို့ မှန်းဆနိုင်သည်။ ပျံသန်းရန် အကောင်းဆုံး
အခြေအနေရှိသည့် ကောင်းကင်ကြီးကို လေကြောင်းဆိုင်ရာ ပညာရပ်၏ ဝေါဟာရအမျိုးမျိုးဖြင့် ဖွင့်ဆိုထားသည်။ ၎င်းတို့ အနက် `နက်ဖြန်နေ့သို့ လှမ်းမြင်ခြင်း´ ဟူသော ဝေါဟာရကို ကျွန်ုပ် အနှစ်သက်ဆုံးဖြစ်၏။
`နက်ဖြန်နေ့သို့ လှမ်းမြင်ခြင်း´သည် ကျွန်ုပ်တို့ မြင်နိုင်စွမ်းထက် ကျော်လွန်သောနေရာဖြစ်သည်။ ယနေ့တွင်
ကျွန်ုပ်တို့အပေါ် ဖိစီးသက်ရောက်သော ဘဝအကြောင်း များကို ကျွန်ုပ်တို့သိရှိနားလည်ရအောင် ကြိုးစား၍ ရှာကြံကြ သည်။ ကျမ်းစာက “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက် တတ်သော အခိုးအငွေ့ဖြစ်၏” (ယာ ၄း၁၄)…
တိုလီမိုလီအမှိုက် ပါရမီရှင်
နိုးအာ ဖျူရီဖွိုင်းသည် ၁၉၆၅ ခုနှစ်က လော့စ်အိန်ဂျလိစ် မြို့ ဝါ့တ်စ် ဝန်းကျင်၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းမှ ရရှိသော ၃ တန် အလေးချိန်ရှိသည့် အမှိုက်သရိုက်များကို ပြန်လည်စုစည်း
တပ်ဆင်ပုံဖော်သည့် အနုပညာရှင်တစ်ဦးအဖြစ် မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို စတင်ခဲ့ရသည်။ အသုံးပြု၍မရတော့သည့် စက်ဘီး၏ဘီးအကျိုးအပဲ့များ၊ ဘိုးလင်း ဘောလုံးမှအစ ကားတာယာအစုတ်၊ တီဗီအပျက်များကို သူ့မိတ်ဆွေတစ်ဦးနှင့်အတူ အနုပညာလက်ရာမြောက်စွာ ပြန်လည်တပ်ဆင်အသက်သွင်းသည်။ ထိုလက်ရာများက မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတွင် စွန့်ပယ်ခံရသော လူသားများဘ၀နှင့် စပ်လျဉ်း၍ အလွန်ထိရောက်သော သတင်းစကားအဖြစ် ဖော်ဆောင်ခဲ့သည်။ ထိုပုဂ္ဂိုလ် ဖျူရီဖွိုင်းအား သတင်းစာဆရာတစ်ဦးက `တိုလီမိုလီအမှိုက် ပါရမီရှင်´ ဟုပင် ဖော်ညွှန်းခဲ့သည်။
သခင်ခရစ်တော် သက်တော်ထင်ရှားစဉ်က အနာ ရောဂါရှိသူများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းချို့ယွင်းသူများအား ဘုရား၏အပြစ်ပေး ဒဏ်ခတ် ခံရသော အပြစ်သားများဟု အများက ထင်မြင်ယူဆကြသည်။ ထိုသူများသည် အများ၏ရှောင်ဖယ်ခြင်း၊ ဂရုမစိုက်လျစ်လျူရှုခြင်းကို…
မုသာငယ်လေးနှင့် ကြောက်ပေါက်လေး
ကြောင်ပေါက်လေးများအပါးမှ ၄နှစ်သားလေး အဲလိယက်စ် လစ်ပြေးသွားသည်ကို မိခင်ဖြစ်သူက သတိပြုမိသည်။ ကြောင်ပေါက်လေးကို မကိုင်ရန် သူ့ကိုသတိပေးပြီးသား။ အမေက “ အဲလိယက်စ် ... ကြောင်လေးတွေကို သွားကိုင် သေးလား” ဟု မေးရာ၊ သူက “မကိုင်ပါဘူး” ဟု အတည်ပေါက် ပြန်ပြောသည်။ သို့နှင့်မိခင်က “ကြောင်လေးတွေက ပျော့အိအိလေးလား” ဟုထပ်မေးလိုက်ရာ “ပျော့အိနေ တာပဲ အမေရယ်၊ အမဲကောင်လေးဆို ညောင်လို့တောင် အော်နေတယ်” ဟု အလိုလိုပြောထွက်လာသည်။
ကလေးငယ်များ ထိုသို့ မရိုးမသားပြောဆိုခြင်းကို ကျွန်ုပ်တို့ ပြုံးရယ်မိတတ်ကြသည်။ ထိုသို့ အဲလိယက်စ် ၏ မနာခံမှုက လူသားများ၏ အခြေအနေကို မီးမောင်းထိုးပြ နေပါသည်။ ၄ နှစ်သားလေးကို လိမ်လည်တတ်အောင် မည်သူမျှ သင်ပြပေးစရာမလိုပါ။ ဒါဝိဒ်မင်းကြီး၏ အပြစ်ဝန်ချ
တောင်းပန်သည့် ဆာလံကျမ်းတွင် “အကျွန်ုပ်သည် မွေးစ ကပင်…
ချစ်မေတ္တာကို ဖွင့်လှစ်ပြခြင်း
အွန်တာရီယို ပြည်နယ်ရှိ ၀ဲလဲန်မြို့တွင် ပန်းရောင် “I Love You” ဟူသော စာတန်းများကို ထူးဆန်းစွာတွေ့ရှိရသောကြောင့် ဒေသခံသတင်းထောက်မလေး မေရီယန်ဖာ့သ် သည် စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။ သူ့စုံစမ်းမှု မအောင်မြင်ခဲ့ပါ။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် ပြည်သူ့ ပန်းခြံတစ်ခု၏ နာမည်နှင့်တကွ အချိန်နှင့် ရက်စွဲပါသော ဆိုင်းဘုတ် အသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပါသည်။
စူးစမ်းသိလိုလှသော မြို့သားများနှင့်အတူ ဖာ့သ် သည် ချိန်းချက်ထားသောအချိန်တွင် ပန်းခြံသို့ သွားရောက် ခဲ့သည်။ ပန်းခြံတွင် သပ်သပ်ရပ်ရပ် ဝတ်စားပြီး မျက်နှာကို သေသပ်စွာ ဖုံးကွယ်ထားသော အမျိုးသားတစ်ဦးကို တွေ့ ရသည်။ ထိုသူက ဖာ့သ် ကို ပန်းစည်းပေးရင်း လက်ထပ်ခွင့် တောင်းသောအခါ သူမမည်မျှ အံ့အားသင့်သွားမည်ကို မြင်ယောင်ကြည့်ပါ။ ထိုလျှို့ဝှက်သော လူထူးဆန်းကြီးမှာ ဖာ့သ် ၏ချစ်သူ ရိုင်းစိန့်ဒဲနစ် ပင်ဖြစ်သည်။…
သံသယ၏နိဂုံး
သူ့ကို “သံသယသမား သောမ” အဖြစ် သိကြသော်လည်း ထိုနာမည်က သူနှင့် မသင့်လျော်
လှပေ (ယော ၁၀း၂၄-၂၉)။ ကျွန်ုပ်တို့ဆိုလျှင်လည်း ကားတင်သတ်ခြင်းခံရသည့် ခေါင်းဆောင်ကြီး ပြန်လည်ရှင်ပြန်ထမြောက်ကြောင်း ကျွန်ုပ်တို့ မည်သို့ယုံမည်နည်း။
သခင်အသေခံရမည့် ရည်ရွယ်ချက်အတိုင်း ဖြစ်ပျက်လာစဉ် လာဇရုသေဆုံး သွားချိန်၌ ယေရှုက “ယုဒပြည်သို့ တစ်ဖန် သွားကြကုန်အံ့ဟု မိန့်တော်မူလျှင် တပည့်တော်တို့က အရှင်ဘုရား၊ ယုဒလူ တို့သည် ယခုပင် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ရှာကြံ လျက်ပင် ထိုအရပ်သို့ တစ်ဖန် ကြွတော်မူဦးမည်လော ဟု လျှောက်ကြ၏” (း၈)။ သောမ တစ်ဦးတည်း ကသာ “အကျွန်ုပ်တို့လည်း လိုက်၍ သခင်နှင့်အတူ အသေခံကြ ကုန်အံ့” ဟု တပည့်တော်ချင်းတို့အား ပြောဆို၏ (း၁၆)။ ရဲရဲတောက်သတ္တိကို သောမ ပြခဲ့ပါသည်။ သို့ဆိုလျှင် သောမကို “ရဲရင့်သော…
သခင်ယေရှု ပြုခဲ့သောအမှုကို ကြည့်ပါ
“သခင်ယေရှုကို သားချစ်တယ်။ တစ်နေ့ကျရင် သူ့အတွက် တိုင်းတစ်ပါးမှာ သွားရောက် အစေခံချင်တယ်” ဟု သူ့မိဘ၏မိတ်ဆွေဖြစ်သူ ဦးဦး ဝေါလေ အား
ပြောခဲ့သည့် ထိုသူငယ်လေးသည် ထိုစဉ်က ၈ နှစ်သားမျှသာ ရှိသေးသည်။ ထိုသူငယ်လေးကြီးပြင်းလာသည်ကို ကြည့်ရင်း နောက် ၁၀ နှစ်ကျော်ထိ သူ့အတွက် ဦးဦး ဝေါလေ ဆုတောင်းပေးခဲ့သည်။ သို့နှင့် ထိုလူငယ်လေးသည် ဧဝံဂေလိအဖွဲ့တစ်ခုနှင့် အာဖရိကတိုက်ရှိ မာလီ နိုင်ငံသို့ သွားရန် လျှောက်လွှာတင်ခဲ့စဉ်၊ ဦးဦး ဝေါလေ က “ကဲ ... အခုတော့ အချိန်ကျပြီ။ ဦးလေးက ငါ့တူ ဘာဖြစ်ချင်သလဲ ဆိုတာ သိရကတည်းက ငွေနည်းနည်းစီ စုထားခဲ့ပြီး ဒီစိတ်လှုပ်ရှားစရာသတင်းကို စောင့်မျှော်နေခဲ့တာ” ဟု ပြောကာ အလှူငွေပါဝင်ခဲ့သည်။ ဦးဦး ဝေါလေ သည် သူတစ်ပါးအပေါ် စေတနာစိတ်ရှိပြီး ဘုရားသခင်၏…
သားအကုန်သိတယ်
ကျွန်တော်တို့၏ သားနှင့်ချွေးမတွင် အရေးပေါ်ကိစ္စ ပေါ်လာသည်။ ကျွန်တော်တို့ မြေးလေး ကင်မရွန် သည် အဆုတ်ရောင်ရောဂါနှင့် ပန်းနာရင်ကျပ်ဝေဒနာ ခံစားနေရ သည့်အတွက် ဆေးရုံတက်ရမည်။ သူတို့က “၅ နှစ် သားလေး နာသန် ကို ကျောင်း
ကြိုပြီး အိမ်သို့ခေါ်သွားနိုင်မလား” ဟု အကူအညီတောင်းသည်။ မာလင်းနှင့် ကျွန်တော်တို့ ဝမ်းမြောက်စွာနှင့် လုပ်ပေးရန် အဆင်သင့်ပါ။
နာသန် ကားပေါ်ရောက်သော် မာလင်း က “အဖွားတို့ သားကို ဒီနေ့ ကျောင်းလာကြိုတော့ အံ့ဩသွား လား” ဟု မေးရာ သူက “မအံ့ဩပါဘူး” ဟုဖြေသည်။ “ဘာလို့ မအံ့ဩတာလဲ” ဟုထပ်မေးရာ သူက “ကျွန်တော် အားလုံးကို သိနေတယ်လေ” ဟုပြန်ဖြေသည်။
၅ နှစ်သား အရွယ်လေးသည် အရာအားလုံးကို သိသည်ဟုကြွေးကြော်သည်။ သူ့ထက် အသက်ပိုကြီးသော ကျွန်တော်တို့က…
ကိုယ်တော့်ထံ အမှီပြုခြင်း
ညဘက်ခေါင်းအုံးပေါ် ခေါင်းချပြီး ဆုတောင်းသောအခါ သခင်ယေရှု၏ ရင်ခွင်တော်ထဲ၌ လျောင်းနေသကဲ့သို့ ကျွန်တော်မြင်ယောင်စိတ်ကူးမိသည်။ ထိုသို့ဆုတောင်းတိုင်း တမန်တော် ရှင်ယောဟန်အကြောင်း ပြောထားသည့် နှုတ်ကပတ်တော်ကို ဆင်ခြင်မိ သည်။ ယောဟန်က “ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့် ...” (ယော ၁၃း၂၃) ဟူ၍ နောက်ဆုံးညစာ စားပွဲတွင် သခင်ယေရှု အနီးထိုင်နေသည့် သူ့အကြောင်းကို ရေးထား သည်။
သူ၏နာမည်ကို မရေးဘဲ “ယေရှုချစ်တော်မူသော တပည့်တော်” ဟု ယောဟန် သုံးသည်။ ထို့ပြင် ပထမရာစုနှစ် ဣသရေလလူတို့၏ ညစာစားပွဲသည် ယခုခေတ်ကဲ့သို့ မမြင့်ဘဲ ဒူးလောက်သာရှိကြောင်း ဖော်ပြထားသည်။ ကုလားထိုင် မရှိဘဲ ဖျာ (သို့) ကူရှင် အဖုံးပေါ်တွင် ထိုင်၍ လဲလျောင်းခြင်းသည် စားပွဲတွင် ထိုင်နေကျပုံစံ ဖြစ်သည်။ သခင်ယေရှုသည် သူနှင့် နီးကပ်စွာ နေသောကြောင့်…