အရှေ့နှင့် အနောက် တွေ့ဆုံကြရာဝယ်
အရှေ့တောင်အာရှမှ ကျောင်းသားများနှင့် မြောက်အမေရိကမှ ဆရာတို့တွေ့ဆုံကြရာ ဧည့်သည်နည်းပြဆရာမှာ သင်ခန်းစာတစ်ခုရရှိခဲ့သည်။ သူ့အတန်း၌ ပထမဦးဆုံး မှား/မှန်ရောထွေး အမှန်ရွေး မေးခွန်းဖြေခိုင်းရာ၊ မဖြေဘဲ ချန်ထားသည့် မေးခွန်းများစွာကို တွေ့ရ၍ ဆရာမှာ အံ့အားသင့်သွားသည်။ အဖြေစာရွက်များကို အမှတ်ခြစ်ပြီး ပြန်ပေးသောအခါ ဆရာက နောက်တစ်ခါ စာဖြေကြလျှင် ကွက်လပ်များ ချန်မထားဘဲ ခန့်မှန်းတွေးဆဖြေကြရန် အကြံ ပြုလိုက်သည်။ ကျောင်းသားတစ်ဦးက လက်ထောင်လျက် “မတော်တဆ အဖြေမှန်သွားရင် ဘယ်နဲ့လုပ်မလဲ။ အဖြေ မသိဘဲနဲ့ အဖြေသိနေတယ်လို့ အထင်ခံရတော့မှာပေါ့” ဟု ပြောလိုက်ရာ အံ့သြသွားရပြန်သည်။ ကျောင်းသားနှင့်ဆရာ ကြား၌ မတူညီသော အမြင်နှင့် အလေ့အထများ ရှိနေသည်။
ဓမ္မသစ်ခေတ်ကာလ၌ သခင်ခရစ်တော်ထံ ပြောင်းလဲရောက်ရှိလာကြသော ဂျူးလူမျိုးများနှင့် တစ်ပါးအမျိုးသားတို့၏အမြင်သဘောထား များမှာ အရှေ့နှင့်အနောက်ပမာ ကွာခြားလှသည်။ ၀တ်ပြုကိုးကွယ်ရမည့်နေ့ရက်များ၊ ခရစ်တော်၏ နောက်တော်လိုက် တစ်ဦးအနေဖြင့် လွတ်လပ်စွာ စားသောက်နိုင်မည့်အစာ…
သင်သည် မဆောက်ရ
ဒါဝိဒ်သည် အစီအစဉ်များ ရေးဆွဲကာ ပရိဘောဂဒီဇိုင်းပုံကို ဆွဲသည်။ တန်ဆာပလာ ပစ္စည်းများကို စုဆောင်းသည်။ စီစဉ်စရာများအားလုံးကို အကျအန စီစဉ်သည် (၅ ရာ ၂၈း၁၁-၁၉ ကို ကြည့်ပါ)။ သို့သော် ယေရုရှလင်မြို့၌ ပထမဦးဆုံး တည်သော ဗိမာန်တော် သည် ဒါဝိဒ်၏ဗိမာန်တော် မဟုတ်ဘဲ၊ ရှောလမုန်၏ ဗိမာန်တော်ဟု ထင်ရှားခဲ့သည်။
ဘုရားသခင်က “သင်သည် ငါနေစရာဘို့ အိမ်ကို မဆောက်ရ” (၅ ရာ ၁၇း၎)ဟု မိန့်ကြားထားသည်။ ဤသို့ ဘုရားသခင်က သူ့ကို မဆောက်ခိုင်းသော်လည်း ဒါဝိဒ်၏ တုံ့ပြန်ပုံမှာ အတုယူစရာကောင်းလှသည်။ သူသည် သူကိုယ်တိုင် မလုပ်ဆောင်နိုင်သည့်အရာ၌ အာရုံမစိုက်ဘဲ ဘုရားသခင် လုပ်ဆောင်မည့်အရာအပေါ် အာရုံစိုက်သည် (၅ ရာ ၁၇း၁၆-၂၅)။ ကျေးဇူးတင်သော စိတ်သဘောကို စောင့်ထိန်းသည်။ သူလုပ်နိုင်သမျှကို လုပ်ဆောင်သည်။ ဗိမာန်တော် တည်ဆောက်ရာ၌…
သခင်၏နှစ်လိုဖွယ်မျက်နှာတော်
ကျွန်မ၏လေးနှစ်အရွယ် သားလေး၌ မေးခွန်းများအပြည့်ရှိနေပြီး အဆက်မပြတ် တတွတ်တွတ်နှင့် စကားပြောတတ်သည်။ သူနှင့်စကားပြောရသည်ကို ကျွန်မ နှစ်သက် ပါ၏။ သို့သော် ကျောပေးထားသည့်အချိန်၌လည်း ကျွန်မကို စကားလှမ်းပြောသည့် အကျင့်ဆိုးလေးတစ်ခုတတ်လာသည်။ “အမေ မကြားရဘူး၊ စကားပြောတဲ့အခါ အမေ့ကို ကြည့်ပြီးပြော” ဟု ရံဖန်ရံခါ ကျွန်မ ပြန်ပြောမိသည်။
တစ်ခါတစ်ရံ ဘုရားသခင်သည်လည်း ကျွန်မတို့အား အထက်ပါအတိုင်း ပြောလိုမည်ဟု ကျွန်မတွေးမိသည်။ ကိုယ်တော်သည် ကျွန်မတို့၏ပြောစကားများကို မကြားခြင်း ကြောင့် မဟုတ်ပါ။ ကိုယ်တော့်ကို တကယ် “မကြည့်” မျက်မှောက်မပြုဘဲ ကျွန်မတို့ သူ့အား စကားပြောမည့် အရိပ် အခြေရှိခြင်းကြောင့်ဖြစ်သည်။ ကျွန်မတို့ ဆုတောင်းနေ သော်လည်း မိမိ၏မေးခွန်းများနှင့်မိမိဘာသာ ပိတ်မိနေသည်။ မိမိကိုယ်ကိုသာ အာရုံပြုမိသည်။ မိမိဆုတောင်းလျှောက် နေသူ ဘုရားသခင်၏သဘောတော်ကို မေ့လျော့တတ်သည်။ ကျွန်မသားလေးကဲ့သို့ မိမိ စကားပြောနေသူထံ အာရုံမပြုဘဲ မေးခွန်းများမေးနေတတ်သည်။…
နှစ်သိမ့်ပွေ့ပိုက်ချော့မြူခြင်း
ကျွန်မ၏မိတ်ဆွေသည် ၄ ရက်သားလေးသာ ရှိသေးသည့် သမီးလေးအား ထွေးပိုက်ခွင့်ကို ကျွန်မအား စိတ်ချလက်ချပေးခဲ့သည်။ ကလေးကို ပွေ့ချီလိုက်ပြီး မကြာမီမှာပင် သူလေးက စပြီး အလိုမကျဖြစ်လာသည်။ သူ့ကို ပိုပြီး နီးနီးကပ်ကပ်ဖြင့်ကျွန်မ၏ပါးနှင့် သူ့ခေါင်းလေးကိုဖိကာ လက်ပေါ်၌ လွဲပေးပြီး သူ့ကို ချော့မြူရန် ညင်သာစွာ သီချင်းညည်းဆိုပေးသည်။ ၁၅ နှစ်မျှ ကလေးထိန်းခဲ့သည့် အတွေ့အကြုံနှင့် စိတ်အားထက်သန်စွာ ကြိုးစားပါသော်လည်း သူ့ကို မချော့သိပ်နိုင်ခဲ့ပါ။ နောက်ဆုံး သူ့မိခင်၏လက်ထဲသို့ ပြန်မထားမချင်း သူ့ခမျာပို၍ပို၍ သောကများလာသည်။ သည့်နောက် သူ့မိခင် ထံသို့ ပြန်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ငြိမ်သက်ခြင်း လွှမ်းမိုးသွားသည့်အလား ငိုသံတိတ်သွားပြီး မွေးကင်းစ ကလေးငယ်မှာ သူစိတ်ချယုံကြည်သူ၏လက်၌ စိတ်သက်သာရာ ရသွားတော့သည်။ ကျွန်မ၏မိတ်ဆွေမှာ သူ့သမီးလေးကို မည်သို့ပွေ့ဖက်ရမည်၊ သူ့စိုးထိတ်မှုတို့ လျော့သွား အောင် မည်ကဲ့သို့ ဖွဖွလေး ပုတ်ပေးရမည်ကို တိတိကျကျ သိပေသည်။…
မည်သည့်အရာဖြင့် သင့်ကို လူတို့သိကြမည်နည်း
တရုတ်နိုင်ငံတွင် ယခင်က ဂျပန်စစ်အကျဉ်းစခန်း ဖြစ်ခဲ့ဖူးသောဒေသ၌ ၁၉၄၅ ခုနှစ်က ကွယ်လွန်ခဲ့သူတစ်ဦး၏ အမှတ်တရကျောက်တိုင်ကို စိုက်ထူထားသည်။ “အဲရစ် လစ်ဒယ် အား စကော့လူမျိုး မိဘနှစ်ပါးမှ ၁၉၀၂ ခုနှစ်၌ တီယန်ကျင်းမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၂၄ အိုလံပစ်အားကစားပွဲတော်တွင် မီတာ ၄၀၀ အပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး အားကစားသမားဘ၀၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ တီယန်ကျင်း၌ ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် သူသည် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။ ... လူသားဘ၀ ကြီးပွားတိုးတက်အောင် အကောင်းဆုံးပေးဆပ်ကြရန် လူငယ်များကို တိုက်တွန်း ခွန်အားပေးရင်း သူ့ဘ၀ တစ်ခုလုံးကို အသုံးပြုခဲ့သည်” ဟု ကျောက်တိုင်ပေါ်တွင် ရေးထွင်းထားသည်။
အဲရစ်၏ အကြီးမားဆုံး အောင်မြင်မှုမှာ အားကစား နယ်ပယ်၌ ဖြစ်သည်ဟု အများက ရှုမြင်ကြမည်။ သို့သော် သူမွေးဖွားသန့်စင်ရာဌာနီ သူချစ်သော တရုတ်နိုင်ငံမှ…
လန်းဆန်းစေသော နွေဦးမိုး
ခေတ္တခဏ အနားယူလိုသဖြင့် အနီးရှိ ပန်းခြံထဲ ကျွန်မလမ်းလျှောက်ထွက်ခဲ့သည်။ လမ်းလေးအတိုင်း ရှေ့ရှုလျှောက်သွားရာ စိမ်းစိမ်းစိုစိုနှင့် အပင်ပေါက်လေးက ကျွန်မ၏ အာရုံကို ဖမ်းစားသည်။ ရွှံ့တောထဲမှ အပင်အစို့အညှောင့်လေးများ ရှင်သန် ထွက်ပေါ်လာသည်။ နွေးထွေးသောရာသီ ရောက်လာတော့မည့်အကြောင်း နွေဦး၏ ရှေ့တော်ပြေး အ၀ါရောင်ပန်းလေးများက ရက်သတ္တပတ် အနည်းငယ်အတွင်း ဖူးပွင့်လာတော့မည်။ ဆောင်းတစ်ရာသီ ကို ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ။
ဟောရှေအနာဂတ္တိကျမ်းကို ဖတ်ရှုရသည့်အခါ မဆုံးနိုင်တော့သည့် အေးစက်သည့် ဆောင်းရာသီအလား ခံစားမိစေသည်။ ဖန်ဆင်းရှင်က သူ့လူမျိုးတော် ဣသရေလ လူတို့ကို ချစ်ကြောင်း ပုံနမူနာပြသည့်အနေနှင့် (၁း၂-၃) ဘုရားသခင်သည် ပရောဖက်ဟောရှေအား အားကျစရာ မကောင်းသည့် သစ္စာမဲ့အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်စေခိုင်းခဲ့သည်။ ဟောရှေ၏ဇနီးဂေါမာသည် သူတို့၏ထိမ်းမြားခြင်းဝန်ခံကတိကို ချိုးဖောက်ခဲ့သည်။ သို့သော်လည်း သူ့အပေါ် အကြွင်းမဲ့ချစ်တုံ့ပြန်လာမည်ဟူသည့် မျှော်လင့်ချက်ဖြင့် ဟောရှေက သူ့အား ပြန်လာရန် ကမ်းလင့်ကြိုဆိုခဲ့သည် (၃း၁-၃)။ ထိုနည်းတူ ဘုရားသခင်သည်လည်း…
ပြေးခြင်းနှင့် အနားယူခြင်း
‘‘နားရမည့်နေ့ရက်များသည် အပြေးသမားများအတွက် အရေးကြီးသည်’’ ဆိုသော စာတန်းလေးကို ကျွန်မစိတ်ဝင်စားမိသည်။ U.S တောင်ပတ်ပြေးသောအဖွဲ့(Mountain Running Team)၏ အဖွဲ့ဝင်ဟောင်း Tommy Manning ၏ ဆောင်းပါးတွင် စိတ်နှစ်ပြီး ကစားသော အားကစားသမားများသည် တစ်ခါတစ်ရံတွင် လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ကို အားဖြည့်ရန်အတွက် နားရန်လိုသော်လည်း ထိုအချက်ကို လျစ်လျူရှုထားတတ်ကြကြောင်း ဖော်ပြထားသည်။ ဇီဝကမ္မဗေဒအရ လေ့ကျင့်မှုကြောင့် ဖြစ်ပေါ်သော ဇီဝသပ္ပာယ (ခန္ဓာနရီ၏ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်ခြင်း)သည် နားနေသည့်အချိန်တွင်သာ ဖြစ်ပေါ်သည်။ ၎င်းသည် နားနေချိန်သည် လေ့ကျင့်မှုထက် အရေးကြီး သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း Manning က ရေးသား ခဲ့သည်။
ယုံကြည်ခြင်းခရီးနှင့် အစေခံခြင်းလမ်းကို လျှောက်လှမ်းရာ၌လည်း ထို့အတူပင်ဖြစ်သည်။ ပင်ပန်းအားကုန်လျက် စိတ်ဓာတ်ကျ သည့် အဖြစ်မျိုးကို ရှောင်ရှားရန် ပုံမှန်အနားယူခြင်းသည် မရှိမဖြစ် လိုအပ်သည်။ သခင်ယေရှု လောက၌ ကျင်လည်ခဲ့စဉ်…
သေးငယ်သော မီး
၁၆၆၆ ခုနှစ် စက်တင်ဘာလ တနင်္ဂနွေနေ့တစ်ညတွင် Pudding လမ်းရှိ Thomas Farriner ၏ မုန့်ဖုတ်ရုံမှစ၍ မီးလောင်ချိန်တွင် လူအများစုမှာ အိပ်မောကျနေကြသည်။ မကြာမီ တစ်အိမ်ပြီးတစ်အိမ် မီးကူးကား ကြီးမားလှသည့် မီးတောက်များအကြားတွင် လန်ဒန်မြို့ကြီး ၀ါးမြိုခံခဲ့ရသည်။ မြို့၏ ၅ ပုံ ၄ ပုံ ပျက်စီးပြီး လူဦးရေ ၇၀၀၀၀ ကျော် အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရသည်။ ဤသေးငယ်သောမီးက ကြီးမားသော ပျက်စီးမှုကို ဖြစ်စေခဲ့သည်။
သမ္မာကျမ်းစာထဲတွင် သေးငယ်သော်လည်း ပျက်စီးစေတတ်သော အခြားမီးတစ်မျိုးအကြောင်း သတိပေး ထားသည်။ ‘‘ထိုနည်းတူ လျှာသည် ငယ်သောအင်္ဂါ ဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင် သည်ကို ကြည့်ပါလော့’’ ဟု ရေးသားခဲ့စဉ်က (ယာ ၃း၅) ရှင်ယာကုပ်သည် အဆောက်အအုံထက် အသက်တာနှင့် ပေါင်းသင်းဆက်ဆံရေးများအပေါ်…
တစ်ခုခု မှားနေတယ်
ကျွန်မသားလေး အယ်လင် မွေးပြီးသည့် မနက်တွင် ဆရာဝန်က ခုတင်ခြေရင်းနားရှိ ထိုင်ခုံတွင် ထိုင်ရင်း ‘‘ကလေးက တစ်ခုခု မှားနေတယ်’’ ဟုပြောပါသည်။ အပြင်ပန်း ကြည့်လျှင် သားလေးသည် ပြီးပြည့်စုံပါသော်လည်း အသက်အန္တရာယ်ရှိသည့် မွေးရာပါ ရောဂါ ပါလာ၍ ချက်ခြင်းခွဲစိတ်မှုခံယူရန်အတွက် မိုင် ၇၀၀ ခန့်ဝေးသော ဆေးရုံသို့ လေယာဉ်ဖြင့် ထွက်ခွာရမည်ဖြစ်သည်။
သင့်ကလေး၌ ရောဂါတစ်စုံတစ်ရာရှိနေပြီဟု ဆရာဝန်က ပြောသောအခါ သင့်ဘ၀ကြီးပါ ပြောင်းလဲသွား သည်။ ကြိုမမြင်ရသောအရာကို စိုးရိမ်ကြောက်ရွံ့နေခြင်းက စိတ်နှလုံးကို ကြေမွစေပြီး လူကို ပြိုလဲသွားစေသည်။ ထို့ပြင် ကလေးကို ပြုစုနိုင်အောင် မိမိကို ခွန်အားပေးမည့် ဘုရားသခင်ကို အသည်းအသန် ရှာပါတော့သည်။
ချစ်ခြင်းမေတ္တာရှင်ဘုရားက ဤအဖြစ်မျိုးကို ခွင့်ပြု သည်လား၊ ကျွန်မကလေးကိုရော ဂရုစိုက်ပါရဲ့လား၊ ကိုယ်တော် ရှိပါသလား စသည်ဖြင့် ဟိုရောက်ဒီရောက် အတွေးများက ထိုမနက်တွင်…
သင့်နောက်မှ
အချို့သော ယဉ်ကျေးမှုများတွင် လူငယ်က အသက်ကြီးသူကို အခန်းထဲသို့ အရင် ၀င်ခွင့်ပေးရသည်။ အချို့ယဉ်ကျေးမှုများတွင် အရေးကြီးဆုံးနှင့် ရာထူးရာခံကြီးသူများကို အရင်ဝင်စေသည်။ ယဉ်ကျေးမှုများ မည်သို့ပင်ရှိရှိ၊ အရေးကြီးသောကိစ္စများတွင် အထူးသဖြင့် မိမိနှင့် သက်ဆိုင်သော အခွင့်အရေးကို အခြားသူ တစ်စုံတစ်ယောက်အား ဦးစားပေးလိုက်ရန် ခက်ခဲသောအချိန်များ ရှိတတ်ပါသည်။
အာဗြံ (နောက်ပိုင်း အာဗြဟံဖြစ်လာသူ)နှင့် သူ့တူ လောတတို့တွင် သိုးနွားဥစ္စာများ များလွန်းလှသောကြောင့် သူတို့အတူတကွ နေထိုင်ရန် မြေမလောက်တော့ပါ။ အငြင်းပွားမှု မဖြစ်စေရန်အတွက် အာဗြံသည် လမ်းခွဲရန် ပြောပြီး လောတကို အရင်ဦးဆုံး မြေနေရာကို ရွေးချယ်စေ သည်။ သူ့တူတော်မောင်သည် မြေသြဇာ ကောင်းသော ယော်ဒန်မြစ်ဝှမ်းကို ရွေးချယ်ပြီး အာဗြံကို လိုချင်စရာ မကောင်းသည့်မြေတွင် ထားရစ်ခဲ့သည်။
ဤအခြေအနေတွင် အာဗြံသည် သူအရင် ရွေးပိုင်ခွင့် ရှိသော်ငြားလည်း စောဒကမတက်ဘဲ သူ့အနာဂတ်ကို ဘုရားသခင်လက်ထဲ…