အမျိုးအစား  |  odb

အထောက်အကူဖြစ်သော ဝိညာဉ်တော်၏သတိပေးမှု

တစ်နှစ်တွင် ကျွန်မသည် သား၏အားကစားပွဲမစတင်မီ သီချင်းတစ်ပုဒ်ဆိုပေးရန် သဘောတူခဲ့သည်။ ရက်သတ္တပတ်ကြာအောင် လေ့ကျင့်ခဲ့ရသော်လည်း ဤသီချင်းကို ကျွန်မလုံးဝအလွတ်ဆိုနိုင်ပြီဖြစ်သည်။ နောက်ဆုံး ကျွန်မ၏ဘေးတစ်ဘက်တစ်ချက်တွင် တန်းစီနေသော အသင်းများနှင့်အတူ ကွင်းထဲသို့ ဝင်သွားချိန်၌ မျက်လုံးမှိတ်ပြီး ဆုတောင်းခဲ့သည်။ ထို့နောက် သီချင်းစာသားအနည်းငယ် စတင်သီဆိုခဲ့ပြီးနောက် စာသားကို မမှတ်မိတော့သဖြင့် ကျွန်မတုန်လှုပ်သွားသည်။ နောက်မှာရှိသော အမျိုးသားတစ်ဦးက ကျွန်မမေ့နေသော စာသားများကို တိုးတိုးလေး ပြောပြပေးခဲ့သည်။ အထောက်အကူဖြစ်သော သတိပေးမှုကို ကြားသည်နှင့်တစ်ပြိုင်နက် ကျန်သောစာသားများကို ယုံကြည်မှုရှိရှိ ကျယ်လောင်စွာ ကျွန်မသီဆိုခဲ့သည်။

တစ်ခါတစ်ရံတွင် အကူအညီအနည်းငယ်ကို ကျွန်မတို့အားလုံးလိုအပ်သည်။ ယော ၁၄ တွင်၊ သခင်ယေရှုက သူ့ပညတ်တို့ကို စောင့်ရှောက်ခြင်းသည် သူ့ကို ချစ်ခြင်းဖြစ်ကြောင်း ရှင်းပြပြီး(:၁၅)၊ ကျွန်မတို့အား ကူညီသူအဖြစ် “သန့်ရှင်းသောဝိညာဉ်တော်” (:၁၇)ကို ပေးရန် ခမည်းတော်ထံ တောင်းလျှောက်ပေးမည်ဟု ကတိပြုခဲ့သည်။ “ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။…

ကောင်းမြတ်သော ဝမ်းနည်းပူဆွေးမှု

၁၉၂၀ ခုနှစ်များတွင် Hidesaburō Ueno (ဟိဒေဆာဘူရို ဥအီနို) အမည်ရှိသူသည် တိုကျိုမြို့တော် တက္ကသိုလ်တွင် စာသင်ကြားပို့ချသူဖြစ်သည်။ သူသည် နေ့လည် ၃:၀၀ နာရီရထားဖြင့် ပြန်လာပြီး၊ သူ့ကို စောင့်နေသော သူ၏ခွေး Hachiko (ဟာချီကို) နှင့် နေ့စဉ်တွေ့ဆုံခဲ့သည်။ တစ်နေ့တွင် ပါမောက္ခ ဥအီနိုသည် စာသင်ခန်းအတွင်း လေဖြတ်ပြီး သေဆုံးသွားခဲ့သည်။ နေ့လည်ရထားပေါ်မှ သူ့သခင်ဆင်းမလာသောအခါ၊ ဟာချီကိုသည် အတန်ကြာမျှခေတ္တနေပြီးမှ အိမ်ပြန်သွားခဲ့သည်။ နောက်နေ့ ၃:၀၀ နာရီတွင် ပြန်လာခဲ့ပြီး၊ နောက်နေ့ပြီး နောက်တစ်နေ့၊ ၁၀ နှစ် တိုင်အောင် ပြန်လာခဲ့သည်။ ဟာချီကို၏ သစ္စာစောင့်သိမှုက သူနှင့်အတူလာထိုင်စောင့်သော ဂျပန်လူမျိုးများ၏ နှလုံးသားကို တို့ထိစေခဲ့သည်။

ဧလိရှဲသည် သူ၏သခင်ဧလိယအပေါ် အလားတူ စိတ်စွဲမြဲခဲ့သည်။ ဧလိယကို ဆုံးရှုံးရမည်ကို သိသောနေ့၌၊ ဧလိရှဲသည် သူ့ကို မျက်စိအောက်မှ အပျောက်မခံခဲ့ပါ။…

ရိုက်ညီနောင်တို့၏ ညီမလေး

၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် လေယာဉ်ပျံကို တီထွင်၊ တည်ဆောက်ကာ ပထမဆုံးအောင်မြင်စွာပျံသန်းခဲ့သော ရိုက်ညီနောင် အောဗေး(Orville)နှင့် ဝေလ်ဘယ် (Wilbur)တို့အကြောင်း လူအများစုက သိကြသည်။ ကက်သရင်းရိုက်(Katherine Wright)ဆိုသည့် အမည်ကိုတော့ လူနည်းစုသာ သိကြပါသည်။ အကိုများ၏ ပျံသန်းနိုင်သည့်စက်ကို ဖန်တီးရာတွင် ၎င်းတို့၏ အောင်မြင်မှုအတွက် ကက်သရင်းသည် အခရာဖြစ် သည်။ သူမ အစ်ကိုများသည် ၎င်းတို့၏ တီထွင်မှုအတွက် များပြားလှသော အသေးစိတ်အချက်များနှင့် လက်တွေ့ စမ်းသပ်မှုများကို အာရုံစိုက်နေချိန်တွင် ကက်သရင်းသည် ၎င်းတို့အား တိတ်တဆိတ် မေတ္တာပြလျက် ကူညီခဲ့သည်။ ၎င်းတို့၏ ဝင်ငွေအရင်းအမြစ်ဖြစ်သောစက်ဘီးဆိုင်ကို ကက်သရင်း ကြီးကြပ်ပေးခဲ့သည်။ လေယာဉ်ပျက်ကျပြီးနောက် ဒဏ်ရာရသွားသည့် အောဗေးအားပြုစုရန်အတွက် သူမ၏စာသင်သည့်အလုပ်မှ ထွက်ပြီး အောဗေး နေပြန်ကောင်းသည်အထိစောင့်ရှောက်ခဲ့သည်။ သူ့အစ်ကိုတို့၏ ကျော်ကြားမှုအတွက် မရေမတွက်နိုင်သော အသေးစိတ်အချက်အလက်များကို စီမံခန့်ခွဲခဲ့ရသည်။

အခြားသူများအား ပံ့ပိုးကူညီမှု၏တန်ဖိုးကို သမ္မာကျမ်းစာ၌လည်း တွေ့ရသည်။ ဥပမာတစ်ခုမှာ…

ကျွန်ုပ်တို့၏အပြစ်များကို မေ့ပစ်လိုက်ခြင်း

ဂျူလီနှင့် ခင်ပွန်းဖြစ်သူတို့မှာ သမီးဖြစ်သူက ဆိုင်မှပစ္စည်းခိုးကြောင်း သိလိုက်ရသောအခါ ဝမ်းနည်းပူဆွေးမှုတို့ကို ခံစားခဲ့ရသည်။ သို့သော် ဘုရားသခင်၏မစခြင်းကြောင့်၊ သမီးလေးသည် ဝမ်းနည်းပူဆွေးမှု၏‌လေးလံသောဖိစီးမှုဖြင့် သူတို့ထံ ပြန်လာသောအခါ သူမအား ခွင့်လွှတ်ခဲ့ပြီး ခိုးယူသောပစ္စည်းအတွက် ပြန်လျော်ပေးရန်နှင့် အကြံပေးဆွေးနွေးမှု ရယူနိုင်အောင် ကူညီပေးခဲ့ကြသည်။ ထိုသို့ ဝန်ခံခဲ့ပြီးနောက် လအတန်ကြာတွင်၊ သမီးက မိဘများသည် သူမကို မည်သို့မျှ ပြန်လည်ယုံကြည်တော့မည်မဟုတ်ကြောင်း ပေါ့တန်စွာ တုံ့ပြန်ခဲ့သည်။ သူမ ဘာကို ဆိုလိုချင်သနည်းဟု ဂျူလီ တွေးမိသည်။ ဘုရားသခင်သည် သူမ၏စိတ်ထဲမှ ဒဏ်ရာကို ဖယ်ရှားပေးခဲ့ပြီဖြစ်၍၊ သမီး၏စော်ကားပုတ်ခတ်မှုကို ဂျူလီ မတွေးတော့ပါ။ သူမသည် ဖြစ်ခဲ့သမျှအပေါ် မတွေးတော့ဘဲ၊ ဘုရားသခင် သူမကို ခွင့်လွှတ်ဖို့ ဆုတောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။

ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် သူ့လူမျိုးတော်အပေါ်ပြသခဲ့သည်သူ၏ကောင်းမြတ်ခြင်းနှင့် ကျေးဇူးတော်တို့ကို ဂျူလီယာအား မြည်းစမ်းစေခဲ့သည်။ ဘုရားသခင်သည် “အမှုသစ်”ကို ပြုနေသောကြောင့် သူ၏လူမျိုးတော်တို့အား “အတိတ်တွင်…

တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်း

လွန်ခဲ့သောတစ်ရက်က မီးပွိုင့်နီသွား၍ ကားတစ်စီးအနောက်တွင် ရပ်လိုက်ပြီး နောက်မှန်တွင် ကပ်ထားသော တောက်ပသည့် စတေကာကို သတိထားမိလိုက်သည်။ စာတန်းလေးက “ကားမောင်းတတ်စ ယာဥ်မောင်းဖြစ်သောကြောင့် ကျေးဇူးပြု၍ စိတ်ရှည်ပါ”ဟု ထင်းနေအောင် ရေးထားသည်။ ကျွန်ုပ်တို့ကြားရသည့် (သို့) ကြုံရ သည့် လမ်းပေါ်မှ ဒေါသဖြစ်စရာများကြောင့် အခြားယာဉ်မောင်းများကို စိတ်ရှည်ရန် ပြောထားသည်မှာ အင်မတန်မှ ထိရောက်သော သတိပေးချက် တစ်ခုဖြစ်သည်။

စတေကာကိုကြည့်ရင်း “မိဘအသစ်” (သို့) “ခရစ်ယာန်အသစ်” ဖြစ်ကြောင်း သတိပေးဆိုင်းဘုတ်များကို လူတို့ကိုင်ဆောင်ထားပါက မည့်သို့တုံ့ပြန်ကြမည်နည်း ဟု ဆင်ခြင်မိသည်။ ကျွန်ုပ်တို့၏အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ (သို့) တစ်နေ့တာလုံးတွင် ကျွန်ုပ်တို့နှင့်ဆက်ဆံနေရသူများ၏ ဖြတ်သန်းရုန်းကန်ရသည့်အရာများကို သိထားပါက ကျွန်ုပ်တို့သည် သူတို့အပေါ်ပို၍စိတ်ရှည်ပေးပြီး ၎င်းတို့၏ရုန်းကန်မှုများကိုပင် ကူညီဖြေရှင်းပေးပါမည်လား။

ကျွန်ုပ်တို့သည် အခြားသူများ၏နှောင့်ယှက်မှုကိုမခံရအောင် ရှောင်ရှားရင်း မိမိ၏နေ့ရက်များကို အလျင်အမြန်ဖြတ်သန်းနေနိုင်သော်လည်း လူတို့ကို သခင်ယေရှု မည်သို့ပြုမူဆက်ဆံခဲ့သည်ကို သုံးသပ်ကြည့်ကြပါစို့။ သခင်ယေရှုသည်…

ကမ္ဘာအဆက်ဆက် ကျွန်ုပ်တို့နှင့်အတူရှိသောဘုရား

ဒိန်းမတ်နိုင်ငံမှ လေ့လာမှုတစ်ခုတွင် ကျွန်ုပ်တို့အများစုကြုံရလေ့ရှိသည့် မိမိကိုယ်ကို လက်ရှိအသက်ထက်ပိုငယ်သည်ဟု ထင်မြင်တတ်ခြင်းကို တွေ့ရှိခဲ့သည်။ လေ့လာချက်များအရ မိမိ၏လက်ရှိအသက်အရွယ် မည်သို့ပင်ရှိရှိ ကျွန်ုပ်တို့အားလုံးသည် မိမိကိုယ်ကို ၂၀% လောက်ငယ်သည်ဟု မြင်ကြသည်။ အသက် ၅၀ အရွယ်အမျိုးသမီးက သူ့ကိုယ်သူ အသက် ၄၀ အရွယ်ဟု စိတ်ကူးယဉ်တတ်သည်။ (“ဝါး၊ ငါ့အသက်က ၅ နှစ်၊ ဒါပေမဲ့ ငါ့မှာ ၄ နှစ်သားတစ်ယောက်ရဲ့ သွက်လက်မှုနဲ့ နုပျိုမှုတို့ရှိတာပဲ”ဟု ကလေးအတွေး ဟာသဇာတ်လမ်းပမာ ယုတ္တိမဆန်ဖြစ်နေသည်။)

ကျွန်ုပ်တို့အားလုံး အသက်ကြီးလာခြင်းကို အထူးတလည် သိပ္ပံနည်းကျလေ့လာပြီး သိသာထင်ရှားစွာ ဖော်ပြရန် မလိုအပ်ပါ။ ဤအကြောင်းကိုလည်း နှုတ်ကပတ်တော်၌ များစွာပြောထားပါသည်။ ဟေရှာယအနာဂတ္တိကျမ်းတွင် အိုမင်းရင့်ရော်ကာ နွမ်းနယ်လာသည့် ဣသရေလလူမျိုးတို့အားရည်ညွှန်းခြင်းဖြစ်သော်လည်း ကျမ်းအနက်ဖွင့်သည့် ဓမ္မပညာရှင်တစ်ယောက်က “ဣသရေလ အမျိုးအား ပေးထားသော ဤကတိတော်သည် အိုမင်းအားယုတ်လာသည့်လူမျိုး နည်းတူ ရှေးကပြုခဲ့သော ကတိတော်ဟောင်း…

သခင်ယေရှုကိုထောက်ပြီး ဧည့်ဝတ်ပြုခြင်း

အမေရိကန် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုအတွင်း နာမည်ကြီး နယူးအော်လန်ထမင်းချက်လီယာချိတ်စ်သည် သူတတ်နိုင်သလောက် ပါဝင်ခဲ့သည်။ သူမသည် လူသား အားလုံး တန်းတူအခွင့်အရေး အတွက် ချီတက်လာသူများကို အစားအစာပြင်ဆင်ကျွေးမွေးခဲ့သည်။ သူမက “ကျွန်မက လူတွေကိုကျွေးမွေးရုံပါ။ သူတို့ကတော့ တစ်စုံ တစ်ရာအတွက် တိုက်ပွဲဝင်ဖို့ထွက်လာကြပြီး သူတို့ ဘာကိုကြုံရမလဲဆိုတာကိုလည်း မသိကြဘူး။ လမ်းပေါ်မှာ ဘာဖြစ်မလဲဆိုတာလည်း မသိကြဘူး။ ဒါပေမဲ့ သူတို့ဒီမှာရှိတဲ့အချိန်မှာ ကျွန်မသူတို့ကို ကျွေးမွေးမယ်ဆိုတာ သူတို့သိတယ်။ သူတို့ အတွက် ဒါပဲ ကျွန်မလုပ်ပေးနိုင်တယ်” ဟု ပြောပါသည်။

ဧည့်ဝတ်ပြုခြင်းဆုကျေးဇူးကို တစ်ခါတစ်ရံ လျစ်လျူရှုမိကြသော်လည်း ၎င်းသည် ခရစ်တော်၌ တစ်ဦးအပေါ်တစ်ဦး အစေခံခြင်းကဲ့သို့ပင် အရေးကြီးပါသည်။ “နီမောင်းသော အထည်အလိပ်ကိုရောင်းသူ”(တ၁၆:၁၄) လုဒိအမည်ရှိ စီးပွားရေးလုပ်ငန်းရှင်သည် မက်ဆီဒိုးနီးယားမှ လူတို့ကို ယေရှုအကြောင်း သတင်းကောင်းဟောပြောရန်လာသော ရှင်ပေါလုနှင့် အခြားသောအမှုတော်ဆောင်များအား ဧည့်ဝတ်ပြုခဲ့သည် (:၁၁-၁၅)။ ထိုနယ်လှည့်တရားဟောသူတို့အဖွဲ့အား သူမ၌ ရှိသော…

ဝိညာဉ်ရေးရာ ရွေးချယ်မှုတစ်ခု

ပျမ်းမျှလူတစ်ယောက်သည် တစ်နေ့လျှင် အကြိမ် ၁၅၀ထိ ဖုန်းကို စစ်ဆေးသည်။ တစ်မိနစ်အတွင်း တစ်စုံတစ်ခုကို ကျွန်ုပ်တို့အာရုံစိုက်နေသော်လည်း ၎င်းသည် ကျွန်ုပ်တို့အတွက်အကျိုးရှိချင်မှရှိမည်။ ထိုအချက်ကို ထရစ်စတန် ဟဲရစ် လက်ခံသည်။ သူသည် ကျွန်ုပ်တို့ကို “ဆိုရှယ်မီဒီယာ”နှင့် မိတ်ဆက်ပေးခဲ့သော နည်းပညာတွင် ထိပ်တန်းရောက်နေသူများ၏အသံ မှတ်တမ်းရုပ်ရှင်တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ပြောပုံဆိုပုံများသည် ချီးမွမ်းသည်ထက် ကျွန်ုပ်တို့၏အဖြစ်မှန်ကို Social Dilemma ဟုခေါ်ဆိုလျက် သတိပေးနေသကဲ့သို့ဖြစ်သည်။ “ကျွန်တော်တို့ဟာ ထုတ်ကုန်တွေပါ။ ကျွန်တော်တို့ရဲ့ စိတ်အာရုံဝင်စားမှုဟာ ကြော်ငြာရှင်တွေဆီ ရောင်းချလိုက်တဲ့ထုတ်ကုန်ပါပဲ”။ အဖိုးတန်သည် (သို့) ထိုက်တန်သည်ဟု မိမိယုံကြည်သောအရာအပေါ် ကျွန်ုပ်တို့ အာရုံစိုက်တတ်ကြပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ ကိုးကွယ်နေသောအရာအပေါ် ကျွန်ုပ်တို့ အာရုံစိုက်အလေးထားသည်ပင်။

ထို“အကျပ်ရိုက်မှု”ဆိုသော စကားလုံးသည် ရွေးချယ်မှုတစ်ခုပြုလုပ်ရမည့် အခြေအနေတစ်ခုကို ညွှန်ပြနေပါသည်။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျွန်ုပ်တို့၏ဝိညာဉ်ရေးအသက်တာတွင် ထိုသို့သော အကျပ်ရိုက်မှုကို ကြုံတွေ့နေရသည်။ ကျွန်ုပ်တို့…

ကျွန်ုပ်တို့အဘဘုရား၏ဘဏ္ဍာများ

၎င်းသည် အိတ်ဆောင်ဓား အဟောင်းတစ်ခုမျှသာဖြစ်ပြီး အချိန်ကြာသည်နှင့်အမျှ အရောင်မှိန်နေပါပြီ။ ဓားသွားက ပဲ့နေပြီး လက်ကိုင်၌ အထစ်များ ရှိသည်။ ၎င်းသည် ကျွန်တော့်ဖခင်၏ ရတနာများထဲမှ တစ်ခုဖြစ်သည်။ ကျွန်တော့်အား မပေးခင်အထိ သူ့ဘီရိုပေါ်ရှိ သေတ္တာထဲတွင် သိမ်းဆည်းထားပြီး၊ “အဲ့ဓားက သားရဲ့အဘိုးဆီက ရခဲ့တဲ့ အရာတွေထဲက တစ်ခုပဲ”ဟု ကျွန်တော့်ကို ပြောပြသည်။ အဘိုးက အဖေလူမမယ်အရွယ်ကပင် ဆုံးပါးသွား၍ အဖေက သူ့အဖေကို တန်ဖိုးထားသည့်အတွက် ဓားကိုလည်း တန်ဖိုးထားခဲ့သည်။

ဘုရားသခင်ထံ၌လည်း ကျွန်ုပ်တို့ မျှော်လင့်မထားသော ရတနာတစ်ခုရှိကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ ဗျာဒိတ်ကျမ်းတွင် ကောင်းကင်ဘုံ၌“သတ္တဝါလေးပါး” နှင့် “အသက်ကြီးသူ နှစ်ဆယ့်လေးပါး”တို့ ဝန်းရံထားသော ပလ္လင်တော်တစ်ခုကို ကျွန်ုပ် တို့ မြင်ရပြီး သခင်ယေရှုရှေ့တွင် ဦးညွတ်ကာ ကိုးကွယ်နေကြသည် (အခန်းကြီး ၄-၅)။ ၎င်းတို့တစ်ဦးစီသည် “သန့်ရှင်းသူတို့၏ပတ္ထနာတည်းဟူသော မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သောရွှေဖလား” (၅:၈)ကို ကိုင်ဆောင်ထားကြသည်။…

ဘုရားသခင်ကို ပုန်ကန်ညည်းတွားခြင်း မပြုနှင့်

သူ၏သွားနှင့် ပတ်သက်သောဆေးကုသမှုအတွက် အဲလက်စ်(Alex)၏အာမခံ ကုမ္ပဏီမှ မမျှော်လင့်ထားသောငွေများဖြင့် ပေးချေလိုက်ခြင်းဖြင့် ဆုတောင်းခြင်းအဖြေ ရရှိခဲ့သည်။ ယခု နောက်ထပ် ကုသမှုတစ်ခု လိုအပ်လာပြန်သည်။ “အဲဒါအတွက် ကုန်ကျစရိတ် ဘယ်ကနေသွားရမှာလဲ?”ဟု အဲလက်စ်က ညည်းတွားမိသည်။ များပြားလှသော အသုံးစရိတ်များကြောင့် စိတ်ပျက်စရာအတွေးများက သူ့စိတ်ထဲတွင် ပြည့်နှက်နေသည်။

သို့သော် သွားဆရာဝန်ထံ ငွေသွင်းရမည့်အချိန်ရောက်လာသောအခါ ဆွေမျိုးတစ်ဦးထံမှ ငွေသားလက်ဆောင် ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာသည်။ အဲလက်စ် က “ကျွန်တော်ရှက်မိပါတယ်။ အာမခံကုမ္ပဏီရဲ့ ငွေပေးချေမှုအားဖြင့် ဘုရားသခင်ဘယ်လို ထောက်ပံ့ပေးတယ်ဆိုတာ ကျွန်တော် သက်သေရပြီးပါပြီ။ ကျွန်တော် မညည်းတွားဘဲ သူ့ထံမှ အကူအညီကိုတောင်းခဲ့ရမှာ” ဟုပြောသည်။

ဣသရေလလူမျိုးတို့သည် ရှုရသဲကန္တာရထဲသို့ ဝင်လာသောအခါ ပင်လယ်နီတွင် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့ကြုံခံစားခဲ့ပြီးကာစဖြစ်သည် (ထွ ၁၄)။ သို့သော် ယခုသဲကန္တာရထဲတွင် သောက်စရာရေ မရှိသောအခါ ညည်းတွားနေသည်မှာ ဘုရားသခင် အံ့သြဖွယ်ကောင်းစွာ မစခဲ့ပုံကို သူတို့မေ့လျော့သွားပုံရသည်…