ပြန်လည်တည်ဆောက်ခြင်း
နှစ်ပေါင်းများစွာ ကွဲကွာပြီးနောက် ဘာလင် မြို့သို့ အက်ဒွက်ကလီး ပြန်ရောက် လာသောအခါ သူမှတ်မိထားသည့် သူချစ်ခဲ့သည့်မြို့လေး မရှိတော့ပါ။ မြို့တော်ကြီးက အံ့မခန်း ပြောင်းလဲခဲ့သလို သူလည်း ပြောင်းလဲခဲ့ပြီ။ ဟမ်စ္စဖီးယား မဂ္ဂဇင်းတွင် ကလီး က “သင်တစ်ချိန်က ချစ်မြတ်နိုးခဲ့တဲ့ မြို့ဆီ ပြန်ရောက်ရှိသွားခြင်းဟာ ကောင်းရင်လည်း ကောင်းနိုင်တယ်။ ဆိုးရင်လည်း ဆိုးနိုင်တယ်။ အခြေအနေ အရပဲ။ ... စိတ်ပျက်စရာဖြစ်ကောင်းဖြစ်နိုင်တယ်” ဟူ၍ ရေးသားထားပါသည်။
ပရောဖက်နေဟမိသည် ဣသရေနိုင်ငံမှ တိုင်းတစ်ပါးသို့ နှစ်ပေါင်းများစွာ ဖမ်းသွားခေါ်ဆောင်ခံရစဉ် အကျဉ်းအကျပ်ထဲ၌ အတိဒုက္ခရောက်နေသော သူ့လူမျိုး များနှင့် ပျက်စီးနေသော ယေရုရှလင်မြို့အကြောင်းကို ကြားသိ ခဲ့ရသည်။ ထို့နောက် ရှုရိရှင်ဘုရင် အာတဇေရဇ်မင်းကြီး အခွင့်နှင့် ယေရုရှလင်သို့ပြန်ကာ မြို့ရိုးကြီးကို ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက် ရခဲ့သည်။ ညအချိန်တွင် အခြေအနေများကို ထွက်လေ့လာပြီးနောက် (၂း၁၃-၁၅)၊ နေဟမိသည်…
ထာဝရဖြစ်တော်မူသော ကယ်တင်ရှင်
ကမ္ဘာ့အသက်အကြီးဆုံးသူ Jerelean Talley သည် အသက် ၁၁၆ အရွယ် ၂၀၁၅ ခုနှစ် ဇွန်လတွင် သေဆုံးခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဂျေရုဆလင်မြို့သည် ၎င်း၏ မြို့တည်နှစ် အနှစ် ၃၀၀၀ မြောက်နေ့ကို ဆင်နွှဲခဲ့သည်။ ၁၁၆ နှစ် ဆိုသော အရာသည် လူတစ်ယောက်အတွက် အိုမင်းရင့်ရော်လှသည်။ မြို့တစ်မြို့အတွက် အနှစ် ၃၀၀၀ သက်တမ်းသည်လည်း မနည်းပါ။ သို့သော် ၎င်းတို့ထက်
သက်တမ်းရင့်သောသစ်ပင်များရှိသည်။ ကယ်လီဖိုးနီးယား ပြည်နယ် White Mountains ရှိ ဘရစ်စတယ်ခုံး ထင်းရှုးပင် ကို သက်တမ်းနှစ်ပေါင်း ၄၈၀၀ ကျော်ပြီဟု သတ်မှတ်ထားကြ သည်။ ထိုရှေးကျသော သစ်ပင်သည် ယုံကြည်ခြင်းဖခင် အာဗြဟံထက်ပင် နှစ်ပေါင်း ၈၀၀ လောက်စောပါသည်။
သခင်ယေရှု၏ဖြစ်တည်မှုနှင့် ပတ်သက်၍ ဂျုးဘာသာရေး ခေါင်းဆောင်များက စိန်ခေါ်လာသောအခါ သခင်သည်…
အမြဲချစ်၊ အမြဲတန်ဖိုးထားသော
ကျွန်ုပ်တို့ လုပ်ဆောင်သည်ထက်ပို၍ ကျွန်ုပ်တို့ကို ချစ်သော ဘုရားသခင်ကို ကျွန်ုပ်တို့ ဆက်ကပ် အစေခံနေကြသည်။
အို! ဘုရားသခင်သည် မိမိမိသားစုကို ကျွေးမွေးပြုစုနိုင်အောင် ကျွန်ုပ်တို့ အလုပ်လုပ်ရန်၊ သူဖန်ဆင်းခဲ့သော ဤကမ္ဘာမြေကြီးကို တာဝန်သိသိ စောင့်ရှောက်ရန် အလိုတော်ရှိသည်မှာ မှန်သည်။ ထို့ပြင် အားနည်းသူ၊ ဆာလောင်သူ၊ အဝတ်မရှိသူ၊ မွတ်သိပ်နေသူနှင့် ဝန်းကျင်ရှိ
ကြေကွဲနေသူများကို အစေခံရင်း တစ်ဘက်တွင် အသက်တာ၌ ဝိညာဉ်တော်ဘုရား၏အုပ်စိုးမှုကို ဝန်မခံ ရသေးသူများကို နှိုးဆော်ရန် ဘုရားသခင်အလိုရှိသည်။
ကျွန်ုပ်တို့ လုပ်ဆောင်နေသောအရာများထက် ကျွန်ုပ်တို့ကို ပိုချစ်သော ဘုရားရှင်ကို ကျွန်ုပ်တို့ ဆက်ကပ် အစေခံနေကြသည်။
၎င်းကို ကျွန်ုပ်တို့ ဘယ်သောအခါမှ မမေ့လျော့အပ်၊ အဘယ်ကြောင့်ဆိုသော် ကျန်းမာရေး (သို့) မျက်မြင်မရသော အကြောင်းတရားများကြောင့် ဘုရားရှင်အတွက် လုပ်ဆောင် နိုင်စွမ်းများ ဆုံးရှုံးရသောအချိန် ရောက်လာကောင်း ရောက်လာ နိုင်သည်။ ထိုသို့…
မပေါ်လွင်သော သူရဲကောင်းများ
ကျမ်းစာထဲမှ ဇာတ်လမ်းများသည် ကျွန်ုပ်တို့ရပ်ပြီးမဆင်ခြင်ဘဲ မနေနိုင်အောင် အံဩစရာကောင်းလှသည်။ ဥပမာ - မောရှေသည် ဘုရားသခင်၏လူမျိုးတော်ကို ကတိထားတော်မူသောပြည်သို့ ဦးဆောင်ပို့ဆောင်စဉ် အာမလက်လူတို့နှင့် တိုက်ခိုက် ခဲ့စဉ်က တောင်ထိပ်ပေါ်တက်ပြီး ဘုရားသခင်၏လှံတံကို မြှောက်ကိုင်ရမည်ကို သူမည်သို့ သိသနည်း (ထွက် ၁၇း၈-၁၅)။ ကျွန်ုပ်တို့လည်း မပြောတတ်ပါ။ မောရှေလက်မြှောက်လိုက်လျှင် ဣသရေလ လူတို့ အောင်နိုင်ပြီး၊ လက်ချလိုက်လျှင် အာမလက်တို့ နိုင်သည်ကိုသာ သိရသည်။ မောရှေပင်ပန်းလာသောအခါ အာရုန်နှင့် ဟုရတို့က ဣသရေလလူတို့ အောင်နိုင်ရေး အတွက် မောရှေလက်ကို ကူညီမြှောက်ပင့်ပေးခဲ့သည်။
ဟုရ အကြောင်းကို အနည်းငယ်သာ ရေးသားထား သော်လည်း ဣသရေလသမိုင်းတွင် သူသည် အရေးပါသော
အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဤအချက်က နောက်ကွယ်မှ မထင်ရှားသော သူရဲကောင်းများသည် အရေးပါကြောင်း၊ ခေါင်းဆောင်ကို ကူမထောက်ပံ့ပြီး အားပေးတိုက်တွန်းသူများ သည် အဓိကအရေးကြီးဆုံးအခန်းကဏ္ဍ (သို့)…
လူသားပေမို့
ဗြိတိသျှ စာရေးဆရာ Evelyn Waugh သည် သူ၏စရိုက်လက္ခဏာသည် အပြစ်မဲ့ကြောင်း
ကလောင်လက်နက်ဖြင့် ထင်ရှားစွာ အခိုင်အမာဖော်ပြသည်။ နောက်ဆုံးတွင် သူ
ခရစ်ယာန်ဖြစ်လာသော်ငြားလည်း ရုန်းကန်နေရဆဲ ဖြစ်သည်။ တစ်နေ့တွင် အမျိုးသမီး
တစ်ယောက်က “Mr. Waugh သင့်ကိုယ်သင် ခရစ်ယာန်လို့ပြောပြီး ဘယ်လိုဘ၀ ရှင်သန်နေတာလဲ” ဟုမေးရာ၊ သူက “မဒမ် မင်းပြောသလို
ကျုပ်က ဆိုးသွမ်းကောင်း ဆိုးသွမ်းမယ်။ ဒါပေမဲ့ ကျုပ် ပြောတာ ယုံလိုက်။ ဒီဘာသာတရားကြောင့်သာမဟုတ်ခဲ့ရင် ကျုပ်လူပီသမှာတောင်မဟုတ်ဘူး” ဟု ပြန်ဖြေခဲ့သည်။
Waugh သည် “ငါသည် ကျင့်ချင်သောစိတ် ရှိသော်လည်း ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍ မတွေ့နိုင်” (ရောမ ၇း၁၈)ဟု ရှင်ပေါလု ဖော်ပြသကဲ့သို့ အတွင်းစစ်ပွဲကို ဆင်နွှဲနေ ရသည်။ ရှင်ပေါလုက “ပညတ်တရားက ပြဿနာမဟုတ်ဘူး။ ငါကပြဿနာ ဖြစ်နေတာ၊ ငါကလူဖြစ်တယ်လေ” …
မိုးကြိုးနှင့် လျှပ်စီး
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်တော်နှင့် သူငယ်ချင်းတို့သည် မိုးလေးဖွဲဖွဲရွာချိန်တွင် ဖျံများရှိသည့် ရေကန်၌ သွားရောက်ငါးမျှားခဲ့သည်။ လေလာရွက်လှုပ်ပင်များ ယိမ်းထိုး နေသော တောအုပ်အနီးတွင် မိုးခိုစဉ် မိုးက အဆက်မပြတ် ရွာသွန်းနေဆဲပင်။ ထို့ကြောင့် ပြန်ရန် ဆုံးဖြတ်ရင်း ကားဆီသို့အပြေးသွားခဲ့သည်။ ကားတံခါးဖွင့်စဉ် လျှပ်စီးလက်၍ ကျွန်တော်တို့မိုးခိုခဲ့သည့်အပင်ကို မိုးကြိုးပစ်ချ လိုက်သည်။ သစ်ရွက်များ အစိတ်စိတ်အမွှာအမွှာ ကွဲပြဲပြီး သစ်ပင်အခေါက်မီးလောင်ကာ မီးခိုးငွေ့လေးများ ထွက်လာ သည်။ ထို့နောက်တွင်အရာရာ တိတ်ဆိတ်ငြိမ်သွားသည်။
ကျွန်တော်တို့ တုန်လှုပ်၍ အံ့သြမှင်သက်စွာ ခံစားခဲ့ရသည်။
အိုင်ဒါဟို တောင်ကြားတစ်လျှောက်တွင် လျှပ်စီးများနှင့် မိုးကြိုးများက ခြိမ့်ခြိမ့်ညံ နေပါသည်။ အန္တရာယ်ရှိသော်လည်း ထိုအရာကို ကျွန်တော်နှစ်သက်သည်။ ဗို့အား ပြင်းသည်၊ သက်ရောက်မှုပြင်းထန်သည်။ တုန်လှုပ်အံ့ဩစရာကောင်းသည်။ ကမ္ဘာကြီးနှင့်တကွ အရာအားလုံး တုန်လှုပ်သွားရသည်။ ပြီးမှ အားလုံးငြိမ်သက်သွားသည်။
အဓိကအားဖြင့် မိုးကြိုးနှင့်လျှပ်စီးကို ကျွန်တော်နှစ်သက်ရခြင်းမှာ ၎င်းတို့သည် …
အချည်းနှီး မဟုတ်ပါ
ကျွန်တော်နှင့်သိကျွမ်းသော ငွေကြေးဆိုင်ရာ အကြံပေးသူက ငွေကြေးရင်းနှီးမြှုပ်နှံခြင်း နှင့်စပ်လျဉ်း၍ ‘‘အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ပါ’’ ဟု ဖော်ပြခဲ့သည်။ ဘ၀အသက်တာ၌ မိမိချမှတ်ခဲ့သော ဆုံးဖြတ်ချက်တိုင်းလိုလို၏ ရလဒ်များမှာ သေချာရေရာမှုမရှိပါ။ ဘာပဲဖြစ်လာဖြစ်လာ အဆုံးသတ်တွင် အချည်းနှီးသက်သက် မဟုတ်ကြောင်း သိနိုင်သည့် လမ်းတစ်လမ်းရှိသည်။ ထိုလမ်းကို ကျွန်တော်တို့
ရွေးချယ်လျှောက်လှမ်းနိုင်သည်။ စာရိတ္တပျက်ပြားနေသောမြို့အဖြစ် နာမည်ကြီးသည့် ကောရိနသုမြို့တွင် ယုံကြည်သူများနှင့် တမန်တော်ကြီး ရှင်ပေါလု တစ်နှစ်နီးပါး နေခဲ့သည်။ ထိုမြို့မှ သူထွက်ခွာ ပြီးနောက် စာရေးကာ ခွန်အားပေးခဲ့သည်။ စာ၌ ခရစ်တော် အတွက် ၎င်းတို့၏သက်သေသည် အချည်းနှီးဖြစ်သည်ဟု မတွေးရန်၊ စိတ်မပျက် အားမလျော့ရန် တိုက်တွန်းခွန်အား ပေးခဲ့သည်။ သခင်ပြန်လာမည့်နေရက် ရောက်လာမည့် အကြောင်းနှင့် သေခြင်းသည် အောင်ခြင်း၌ နှစ်မြှုပ်မည့် အကြောင်း အခိုင်အမာ ဖော်ပြသည်…
ဘာမှ မလို
ခရီးဆောင်အိတ်မပါဘဲ ခရီးသွားရန် တွေးကြည့်လိုက်ပါ။ အခြေခံလိုအပ်ချက်များ၊ လဲစရာ အ၀တ်အစားများ၊ ပိုက်ဆံ (သို့) အကြွေးနှင့်ဈေးဝယ်နိုင်သည့် ခရက်ဒစ်ကတ်များ မပါ၊ မိုက်မဲပြီး ထိတ်လန့်စရာ မဟုတ်ပေဘူးလား။
သို့သော် တပည့်တော် ၁၂ ပါးအား ပထမဦးဆုံးအကြိမ် ဟောပြောရန်နှင့် အနာငြိမ်းစေရန် သခင်ယေရှု စေလွှတ်ခဲ့စဉ်က အထက်ပါ အတိုင်း မိန့်ကြားခဲ့သည်။ သခင်ယေရှုက “သင်တို့သည် တောင်ဝေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။ ခြေနင်းကို စီးကြလော့။ အင်္ကျီ နှစ်ထပ် မဝတ် ကြနှင့်” ဟု မှာထားတော်မူ၏ (မာကု ၆း၈-၉)။
သို့သော်ငြားလည်း သူပြန်တက်ကြွပြီးနောက်တွင် တပည့်တော်များ လုပ်ဆောင်ရမည့်အမှုအရာများအတွက် သခင်ပြင်ဆင်ရာ၌ ၎င်းတို့အား
“ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ဓားမရှိသောသူသည် အ၀တ်ကို…
အကြွင်းမဲ့ အပ်နှံလိုက်
ကောလိပ်တွင် ကျွန်တော် ဘတ်(စ်)စကက်ဘော ကစားခဲ့စဉ်က ကစားပွဲရာသီတိုင်းတွင် အားကစားရုံထဲဝင်တိုင်း နည်းပြဘာခိုင်းခိုင်းလုပ်မည်ဆိုသည့်စိတ်ကို နှစ်၍ ဆုံးဖြတ်ချက်
ချခဲ့သည်။
‘‘နည်းပြကြီးရေ၊ … ကျွန်တော် ဒီမှာ၊ ကျွန်တော်ဂိုးသွင်းချင်နေပြီ၊ ဘောလုံး ပုတ်ချင်နေပြီ၊ ဒါပေမဲ့ ကျွန်တော့်ကို ကွင်းပတ်မပြေးခိုင်းပါနဲ့၊ ခံစစ်နှင့်ချွေးထွက်မည့် အလုပ်မလုပ်ခိုင်းပါနဲ့’’ ဟု ပြောမိ ခဲ့လျှင် ကျွန်တော့်အသင်းအတွက် အကျိုးမဖြစ်စေနိုင်ပါ။
အောင်မြင်သည့် ကစားသမားတိုင်းသည် အသင်း အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသော နည်းပြကြီး ပြောသမျှကို လိုက်နာ၍ သူ့ကိုယုံကြည်ရမည် ဖြစ်သည်။
ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏
အသက်ရှင်သောယဇ်ကောင်များဖြစ်သည် (ရော ၁၂း၁)။
ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် သခင်ဘုရားအား ‘‘ကိုယ်တော့်ကို ယုံတယ်။ ကိုယ်တော် လုပ်စေလိုတဲ့ ဘယ်အရာကိုမဆို လိုလိုချင်ချင် လုပ်ဆောင်ပါမယ်’’ ဟု ပြောလျှင်၊ ကိုယ်တော် ကျေနပ်နှစ်သက်သောအရာများ၌သာ အာရုံစိုက်အောင် ကျွန်ုပ်တို့၏စိတ်နှလုံးကို…
ဇီဝအသက်
နှင်းများကျပြီးအေးချမ်းလှသည် မနက်ခင်းလေးတစ်နေ့၌ ကျွန်မနှင့် ကျွန်မသမီးလေး ကျောင်းသို့သွားရင်း ကျွန်မတို့ မှုတ်ထုတ်လိုက်သည့်လေက အခိုးငွေ့လေးများ ဖြစ်သွားသည်ကို ကြည့်ကာ ပျော်ရွှင်ခဲ့ကြသည်။ ကျွန်မတို့ မှုတ်ထုတ်လိုက်သည့် ရေငွေ့ပုံစံအမျိုးမျိုးကိုကြည့်ပြီး သဘောကျစွာ ရယ်မောခဲ့ကြသည်။ သမီးလေးနှင့် အတူရှိရသည့်အချိန်၊ အသက်ရှင်ခွင့်ရသည့် အချိန်လေးက ကျွန်မအတွက် ဆုလာဘ်ဖြစ်သည်။
လေရှူထုတ်ခြင်းကို များသောအားဖြင့် မမြင်နိုင် သော်လည်း လေအေးထဲ၌ မြင်ရခြင်းက ရှူသွင်းရှူထုတ် သောလေနှင့် အသက်၏အရင်းအမြစ်ဖြစ်တော်မူသော ဖန်ဆင်းရှင် ဘုရားသခင်ကို အောက်မေ့ဆင်ခြင်မိစေသည်။ “ ထာဝရဘုရားသည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ ဖြစ်လေ၏”(က ၂း၇)။ အလုံးစုံသော အရာခပ်သိမ်းတို့သည် အထံတော်မှလာသည်။ အမှတ်မထင် ဘာမှမစဉ်းစားဘဲ ကျွန်မတို့ ရှူသွင်းလိုက်သည့် လေများပင်လျှင် အထံတော်မှ ဖြစ်ပါ၏။
မျက်မှောက်ခေတ်၏ ဘ၀ကိုအဆင်ပြေချောမွေ့စေသည့် နည်းပညာများ၏ ကျေးဇူးဖြင့်…