အမျိုးအစား  |  odb

ကောင်းသောအမှု တိုး၍ပြု

ကျွန်မ၏သားသည် စာဖတ်ခြင်းကို နှစ်သက်သည်။ ကျောင်းမှ ဖတ်ရန်သတ်မှတ်ပေး ထားသော စာအုပ်အရေအတွက်ထက် သူပိုဖတ်နိုင်လျှင် ဂုဏ်ပြုဆုလက်မှတ်ရရှိမည် ဖြစ်သည်။ ထိုအားပေးမှုလေးက ကောင်းသောအကျင့်ကို ဆက်ပြီးပျိုးထောင်ရန် သူအတွက် လှုံ့ဆော်မှုဖြစ်ခဲ့သည်။
သက်သာလောနိတ်မြို့သားများထံ ရှင်ပေါလု စာရေး သောအခါ ဆုလက်ဆောင်အားဖြင့်မဟုတ်ဘဲ အားပေး
တိုက်တွန်းသောစကားများဖြင့် သူတို့ကို လှုံ့ဆော်ခဲ့သည်။ ‘‘ညီအစ်ကိုတို့ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရား သခင်ကို အဘယ်သို့ နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံ
ကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ယေရှုကို အမှီပြုလျက် ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏’’ (၁ သက် ၄း၁) ဟုမိန့်ကြားသည်။ ဤခရစ်ယာန်များသည် သူတို့၏အသက်တာများအားဖြင့် ဘုရားသခင်ကို နှစ်သက်ကျေနပ်စေကြပြီး ကိုယ်တော့် အတွက် ဆက်လက်ပြီး တိုး၍ ပို၍ အသက်ရှင်ကြရန် ရှင်ပေါလုအားပေး တိုက်တွန်းခဲ့သည်။
ယနေ့တွင်   အဘဘုရားသခင်နှင့်…

တစ်သက်တာအမာခံပရိသတ်

အိုကလာဟိုးမားမှ ၁၂ နှစ်အရွယ် သူငယ်လေး ကိတ်ပုတ် သည် အမေရိက အမျိုးသား ဘောလုံးအဖွဲ့ချုပ် (NFL) ရှိ အသင်းများ၏ အမှုဆောင်တစ်ဦးချင်းစီထံသို့ သူ့လက်ရေးနှင့်ရေးသော စာပေါင်း ၃၂ စောင်ကို စာတိုက်မှပေးပို့ခဲ့သည်။ `ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက ဘောလုံးအားကစားကို ကြိုက်နှစ်သက်ကြတယ်။   အပျော်တမ်းဘောလုံးကစားကြပြီး စနေတနင်္ဂနွေနေ့တိုင်း   ဘောလုံးပွဲကြည့်ကြတယ်။ ... ကျွန်တော်တို့ တစ်သက်လုံး အားပေးမဲ့ NFL အသင်းတစ်သင်းကို ရွေးချယ်ဖို့ အသင့် ရှိနေတယ်´´ ဟု စာထဲတွင် ကိတ် က ရေးသားထားသည်။
ကယ်ရိုလိုင်းနား ကျားသစ်နက် ဘောလုံးအသင်း
ပိုင်ရှင် ဂျယ်ရီရစ်ချက်ဆန်  က သူကိုယ်တိုင် လက်နှင့် ရေးပြီး စာပြန်ခဲ့သည်။ ပထမဆုံးစာကြောင်း၌ `ကျွန်တော်တို့ရဲ့ အသင်းက မင်းတို့ရဲ့အသင်းဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ဂုဏ်ယူမိမှာပါ။ မင်းတို့ကိုလည်း ဂုဏ်တက်စေဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်´ ဟူ၍ပါရှိသည်။…

တစ်ပါးသူများအတွက် အသေခံပေးခြင်း

ငှက်များကို ကျွန်တော်သဘောကျသောကြောင့် ငှက် ၆ ကောင်ကို လှောင်အိမ်နှင့် တစ်ပါတည်းဝယ်ယူခဲ့ပြီး သမီးဖြစ်သူ အဲလစ်က ငှက်များကို နေ့တိုင်းကြည့်ရှု စောင့်ရှောက် ပေးသည်။ မကြာပါ။ ငှက်လေးတစ်ကောင်မှာ ဖျားနာပြီး သေသွားသည်။ ငှက်များကို လှောင်မထားဘဲ လွှတ်ပေးလိုက်လျှင် ၎င်းတို့ ပိုပြီးကျန်းမာစွာ ရှင်သန်နိုင် မှာဘဲဟု ကျွန်ုပ်တွေးမိသည်။ သို့နှင့် အသက်ရှင်ကျန်ရစ် သည့် ငှက်ကလေး ၅ ကောင်ကို လွှတ်ပေးလိုက်ပြီး ၎င်းတို့ ၀မ်းသာအားရ ပျံသန်းသွားကြသည်ကို စောင့်ကြည့်ပြီး ကြည်နူးခဲ့ရသည်။
အဲလစ် က ‘‘ငှက်ကလေးတစ်ကောင် သေသွားတဲ့ အတွက် ကျန်တဲ့အကောင်တွေကို လွှတ်ပေးလိုက်ဖို့ အကြောင်း ဖြစ်လာတာကို ဖေဖေသိလား’’ဟု ထောက်ပြ သည်။
၎င်းသည် ကျွန်ုပ်တို့အတွက် သခင်ယေရှု လုပ်ဆောင်ပေးခဲ့သည့် အမှုမဟုတ်ပါလား။ တစ်ယောက် သောသူ(အာဒံ)၏အပြစ်က လောကထဲသို့ ဒဏ်စီရင်ခြင်း ဆောင်ယူလာခဲ့သည်။ တစ်ယောက်သောသူ…

အားလုံးကို ကြိုဆိုပါသည်

အသင်းတော်၏လူငယ်ကလပ်၌ ရုပ်ရှင်ပြသရန် ဆက်ကပ်ဆုတောင်းထားသည့်အတိုင်း နောက်ဆုံးတွင် ရုပ်ရှင်ပြမည့် ညလေးရောက်ရှိလာပါပြီ။ ကြော်ငြာပိုစတာများကို ရွာအနှံ့ကပ်ထားပြီး ပီဇာမုန့်များလည်း နွေးထားပြီးပြီဖြစ်သည်။ သင်းအုပ်ဆရာလေး တစ်ပါးအားဖြင့် သခင်ယေရှုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့် နယူးယောက်မြို့မှ လူဆိုး ဂိုဏ်းသားများအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်လေးဖြင့် ကလပ်အသင်းသားအသစ်များ အဖွဲ့ဝင်လာမည်ဟု လူငယ် သင်းအုပ်ဆရာ စတိ(ဗ်) မျှော်လင့်ထားသည်။
သို့သော် ထိုနေ့ညတွင် ရုပ်မြင်သံကြားမှ ဘောလုံး ပွဲကြီးပွဲကောင်းတစ်ပွဲ ပြသမည်ကို သူမသိလိုက်ပါ။ သို့နှင့်
သူမျှော်လင့်သည့်အတိုင်းဖြစ်မလာဘဲ လူအနည်းငယ်သာ လာကြည့်သည်။ သက်ပြင်းဖွဖွချရင်း ရုပ်ရှင်စတင်ပြသရန်   မီးအမှောင်ချမည်အလုပ်တွင် နယ်ခံမော်တော်ဆိုင်ကယ် ကလပ်မှ သားရေအင်္ကျီဝတ်ထားသော အသင်းသား ငါးဦး ၀င်လာသည်။ စတိ(ဗ်) ခမျာ သွေးဆုတ်သွားသည်။
tDog ဟုလူအများကသိသော အဖွဲ့ခေါင်းဆောင်က စတိ(ဗ်) ကို ကြည့်ကာ ခေါင်းဆတ်ပြလိုက်ပြီး‘‘ဘယ်သူမဆို လူတိုင်းအတွက် အခမဲ့မဟုတ်လား’’ ဟု ပြောလိုက် သည်။…

သတိပေးချက်

ကုန်ပစ္စည်းများပေါ်တွင် အောက်ပါသတိပေးချက်များကိုတွေ့ရသည်။
ကလေးလက်တွန်းလှည်းတွင် ‘‘လှည်းပြန်မခေါက်သိမ်းမီ ကလေးကို ဖယ်ရှားလိုက်ပါ’’၊
ဖုန်ကာမျက်နှာဖုံးတွင် ‘‘အောက်စီဂျင်ကို ထောက်ပံ့ပေးခြင်းမရှိ’’၊
ကားမောင်းစဉ် သုံးသော ဆဲလ်ဖုန်းတွင် ‘‘ကားမောင်းနေစဉ် ဖုန်းစပီကာသံအတိုးအကျယ် မချိန်ပါနှင့်’’၊ ဘီးသေးတပ် စကူတာတွင် ‘‘ဤပစ္စည်းသည် အသုံးပြုစဉ် ရွှေ့လျားသည်။’’
‘‘မိုက်မဲသူထံမှ မိုက်မဲမှုကို မျှော်လင့်ထားပါ’’ ဟူသော သတိပေးချက်က နာဗလနှင့် ကိုက်ညီသည် (၁ ရာ ၂၅ ကို ကြည့်ပါ)။   ဒါဝိဒ်နှင့် ပတ်သက်ပြီး သူပြောသည့်စကားမှာ ယုတ္တိမရှိ၊ ဆီလျော်မှုမရှိပါ။ ရှောလုမင်း၏ရန်မှ ဒါဝိဒ်ပြေးရှောင်ရစဉ် နာဗလအမည်ရှိ လူချမ်းသာတစ်ဦး၏သိုးများကို ဒါဝိဒ် ကူညီစောင့်ရှောက်ပေးခဲ့သည်။ နာဗလသည် သိုးမွေးရိတ်ကာပွဲခံကြောင်း ဒါဝိဒ်ကြားသိသော် သူ့လူများကိုလွှတ်ပြီး သူတို့ ဆောင်ရွက် ပေးခဲ့သော တာဝန်အတွက် အဖိုးအခအနေဖြင့် အစားအစာများကျွေးရန် ယဉ်ယဉ် ကျေးကျေး တောင်းစေခဲ့သည် (း၎-၈)။
ဒါဝိဒ်၏တောင်းဆိုချက်အပေါ် နာဗလ၏တုံ့ပြန်မှုက ရိုင်းစိုင်းစော်ကားလွန်း…

ပြောင်းလဲသောစိတ်နှလုံး

အမေရိကန်ပြည်တွင်းစစ်၏နောက်ဆုံးနေ့၊ ယူနီယံတပ်ပေါင်းစုကို စစ်ဘက်အရာရှိကြီး ဂျောရှုဝါ ချိန်းဘာလိန်း က ကွပ်ကဲအုပ်ချုပ်သည်။ တောင်ပိုင်းခွဲထွက်ရေးတပ်မှ လက်နက်ချ ချီတက်လာမည့်လမ်း၏ တစ်ဘက်တစ်ချက်၌ သူ၏တပ်သားများ စီတန်း စောင့်နေကြသည်။ စကားအမှားတစ်ခွန်း၊ ရန်လိုသောအပြုအမူတစ်ချက်လေးကြောင့် မျှော်လင့်စောင့်စားနေသော ငြိမ်းချမ်းရေးသည် လူသတ်ပွဲသို့ ပြောင်းသွားနိုင်သည်။ ချိန်းဘာလိန်း သည်  ထိကပါး ရိကပါး ရန်လိုစကား လုံးဝမပြောဘဲ ချီတက်လာသူများကို ပြောင်မြောက် သောအပြုအမူဖြင့် သေနတ်ထမ်း အလေးပြု ရန်၊ ဓားရှည်မြှောက်ပြီးဂုဏ်ပြုရန် အမိန့်ပေးလိုက်သည်။
ရှင်လုကာခရစ်ဝင်ကျမ်း ၆ ၌ ခွင့်လွှတ်ခြင်း အကြောင်း
သခင်ယေရှုမိန့်ကြားရာ၊ ကျေးဇူးတော်ခံစားရသူနှင့် မခံစားရ
သူ၏ကွဲပြားခြားနားမှုကို ကိုယ်တော် ကျွန်ုပ်တို့ကို နားလည်စေ ခဲ့သည်။ ကိုယ်တော်၏ခွင့်လွှတ်ခြင်းကို ခံစား သိရှိသူများသည် အခြားသူများနှင့်မတူ၊ သိသာစွာ ကွဲပြားခြားနားသည်။ ရန်သူကိုခွင့်လွှတ်ပြီးချစ်ရန် ဟူသည့် အခြားသူများအတွက် မဖြစ်နိုင်သည့်အရာကို ကျွန်ုပ်တို့လုပ်ဆောင်ရမည်။ သခင် ယေရှုက…

ဆန့်ကျင်ဘက်အရာများကို လုပ်ဆောင်ခြင်း

တောနက်ထဲခရီးထွက်ခြင်းသည် ခြောက်ခြားစရာကောင်းသော်လည်း ပြင်ပလက်တွေ့ ဘ၀ကို စိတ်အားထက်သန်သူအတွက် စိတ်ဝင်စားစရာဖြစ်သည်။ တောင်တက်သမားများ
ဆိုလျှင်  ရေကို သူတို့သယ်ဆောင်နိုင်သည့်ပမာဏထက် ပို၍လိုအပ်သည်။ ထို့ကြောင့် သူတို့သည် ရေစစ်ပါသော ရေဘူးများဝယ်၍ လမ်းရှိ ရေဘုံဘိုင်ခေါင်းများမှ ရေကို စစ်ယူ သောက်သုံးရန်ဖြစ်သည်။ သို့သော်  မျှော်လင့်သလို ဖြစ်မလာ။   ရေငတ်နေသည့် တောင်တက်သမားသည် ရေဘူးထဲ လေမှုတ်
သွင်းမှ ရေက ရေစစ်ကို အရှိန်နှင့်ဖြတ်ပြီး စီးထွက်လာမည်။ လက်တွေ့ ဘ၀သည် သဘာဝတရားနှင့် ဆန့်ကျင်နေသည်။
သခင်ယေရှုနောက်တော်လိုက်ရင်းမှ မျှော်လင့်သလို ဖြစ်မလာသည့်ကိစ္စများကို ကျွန်ုပ်တို့တွေ့ရသည်။ ရှင်ပေါလုက
ဥပမာတစ်ခု ထောက်ပြသည်။ ပညတ်နည်းဥပဒေသများကို စောင့်ထိန်းခြင်းသည် ကျွန်ုပ်တို့ကို ဘုရားနှင့်ပို၍နီးကပ် လာအောင် မပို့ဆောင်နိုင်။ ‘‘သင်တို့သည် ခရစ်တော်နှင့်အတူ သေ၍ လောကီတရားနုမှစုတေ့ကြသည်မှန်လျှင် (လောကီအသက်ရှင်သေး သကဲ့သို့)
မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို ...…

ခရစ်တော်၌စည်းလုံးညီညွတ်ခြင်း

သမ္မာကျမ်းစာ၌ နာမည်စာရင်းဖော်ပြသည့် ကျမ်းပိုဒ်များကို ကျော်ဖတ်သွားရန် ကျွန်ုပ်တို့
သွေးဆောင်ခြင်း ခံရတတ်သည်။ သို့ငြားလည်း ထိုစာရင်းများထဲ၌ အဖိုးတန်ရတနာများ ရှာတွေ့နိုင်ပါသည်။ ဥပမာအနေဖြင့် သူ၏နာမ၌ အစေခံရန် သခင်ယေရှု ခေါ်ထား သည့် တမန်တော်ဆယ့်နှစ်ပါး အမည်စာရင်းတွင် ‘ကျောက်’ဟု အဓိပ္ပာယ်ရသည့် ပေတရု အမည်သစ်ကိုပေးသော ရှိမုန်၊ တံငါသည်များ ဖြစ်သည့် ယာကုပ်၊ ယောဟန် ညီအစ်ကိုနှင့် ကိုယ်တော်ကို အပ်နှံသူ ယုဒရှကာရုတ် စသည်တို့ကို လူအများစုက ရင်းနှီးပြီးသားဖြစ်သည်။ သို့သော် အခွန်ခံမဿဲနှင့် ရှိမုန် ဇေလုတ်တို့သည် ရန်သူဖြစ်ခဲ့ဖူးကြောင်းကိုဖြင့် ကျွန်ုပ်တို့ သတိမထားမိတတ်ပါ။
ရောမအစိုးရအတွက် အခွန်ကောက်ပေးခြင်းကြောင့် ဂျူးအမျိုးသားချင်းတို့၏အမြင်၌   မဿဲသည် ရန်သူများနှင့် ပူးပေါင်းဆောင်ရွက်သူဟု အထင်ခံရသည်။ အခွန်ခံများ၏ အကျင့်ပျက်ခြစားမှုများကြောင့်လည်းကောင်း၊ ဘုရားထက် အာဏာပိုင်များကို အခွန်ဆက်သရန် ဂျူးလူမျိုးများအား တောင်းခံခြင်းကြောင့်လည်းကောင်း အထင်အမြင်သေး ရှုတ်ချခံရသည်။ အခြားတစ်ဘက်တွင် သခင်ယေရှု…

သောက်သုံးနိုင်သော စာအုပ်

ကမ္ဘာကြီး၏နေရာဒေသအချို့တွင်  ရေသန့်ရရှိရန် ခက်ခဲသောကြောင့် ‘ရေသည် အသက်’ ဟူသည့်အဖွဲ့အစည်းမှ ‘‘သောက်သုံးနိုင်သောစာအုပ်’’ အမည်ရှိသည့် ထူးခြားသော ရေသောက်မြစ်တစ်ခုကို ဖန်တီးခဲ့သည်။ ထိုစာအုပ်တွင် အလွန်သေးငယ်သော ငွေမှုန်စလေးများဖြင့် ဖုံးအုပ်ထားသည့် စာရွက်များပါရှိပြီး အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားပိုးများကို ၉၉.၉ % အထိ ဖယ်ရှား စစ်ထုတ် ပေးသည်။ ဤစာရွက်တစ်ရွက်ခြင်းစီသည် တစ်ကြိမ်သုံးပြီး နောက်ထပ် ရေလီတာ ၁၀၀ ကို ရေစစ်ရန် ပြန်လည် အသုံးပြုနိုင်သည်။ စားရိတ် ၄ ပဲနိ သာ ကုန်ကျသည်။        နှုတ်ကပတ်တော်သည်လည်း ‘‘သောက်သုံးနိုင်သော စာအုပ်’’ တစ်မျိုးဖြစ်သည်။ ယောဟန်အခန်းကြီး ၄ တွင်
တစ်မူထူးသည့် ဆာငတ်ခြင်းနှင့် ထူးခြားသောရေတစ်မျိုး အကြောင်းကို ဖတ်ရှုရသည်။ ရေတွင်းရှိရှမာရိအမျိုးသမီးသည်   ရေငတ်ပြေစေသည့် သန့်ရှင်းသောရေထက်မကသော အရာကို လိုအပ်နေသည်။ သက်စမ်းရေ၏အရင်းအမြစ်ကို သူသိလိုစိတ် အလွန်ပြင်းပြနေသည်။ ဘုရားရှင်တစ်ပါးတည်းထံမှလာသော…

ကားတိုင်ကို စွဲကိုင်ခြင်း

၁၈၅၆ ခုနှစ်တွင် လန်ဒန်မြို့၏နာမည်ကြီးတရားဟောဆရာ ချားလ်စ် စပါဂျင် သည်
ခရစ်ယာန်သာသနာအတွက် အမျိုးသားများကို လေ့ကျင့်ပေးရန် Pastors’ ကောလိပ်ကို တည်ထောင်ခဲ့သည်။ ၁၉၂၃တွင် စပါဂျင် ကောလိပ် ဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့သည်။ ယနေ့ ကောလိပ်၏တံဆိပ်မှာ ကားတိုင်ကို ဆုပ်ကိုင်ထားသောလက်နှင့် လက်တင် စကား
‘‘Et Teneo, Et Teneor -တို့ပါရှိပြီး အဓိပ္ပာယ်မှာ ကျွန်ုပ် ကိုင်စွဲသည်၊ ကျွန်ုပ်ကိုလည်း စွဲကိုင်သည်’  ဟူ၍ ဖြစ်သည်။
သူ့ရဲ့ကိုယ်ရေးအတ္တုပ္ပတ္တိတွင် ဆရာကြီး စပါဂျင် က ‘‘၎င်းသည် ကောလိပ်၏ဆောင်ပုဒ်ဖြစ်သည်။ ကျွန်ုပ် တို့သည် ရဲရင့်သောလက်နှင့် ကားတိုင်ကို စွဲကိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကားတိုင်တော်၏ တန်ခိုးတော် သည် ကျွန်ုပ်တို့အား ခိုင်မြဲစွာဆွဲကိုင်ထားခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ဆန္ဒမှာ အထူးသဖြင့် ခရစ်တော် ကားတိုင်ပေါ်  အသေခံခဲ့သည့် သမ္မာတရားကို လူသားတိုင်း…