ကျွန်ုပ် သင့်ကို မြင်သည်
ကျွန်မတို့ တစ်ယောက်နှင့်တစ်ယောက် တိုက်တွန်းခွန်အားပေးကြသည့် အွန်လိုင်း စာရေးဆရာများအဖွဲ့မှ သူငယ်ချင်းတစ်ယောက်က “ငါ နင့်ကို မြင်နေရတယ်” ဟု ပြောသည်။ စိတ်ဖိစီးနွမ်းလျပြီး ပူပင်သောကများ ခံစားနေရသည့်အချိန်တွင် သူ့စကားလုံး များသည် ငြိမ်သက်ခြင်းနှင့်သက်သာခြင်းကို ဖြစ်စေပါသည်။ သူသည် ကျွန်မ၏ မျှော်လင့်ခြင်း၊ ကြောက်ရွံ့ခြင်းများ၊ ရုန်းကန်နေရခြင်းများနှင့် အိပ်မက်များကို မြင်ပြီး ကျွန်မကိုလည်း ချစ်ပါသည်။
ရိုးစင်းလှသော်လည်း ခွန်အားနှင့်ပြည့်စုံသော သူငယ်ချင်း၏အားပေးစကားကို ကြားလိုက်ရသောအခါ ဟာဂရ အမည်ရှိ အာဗြံ၏အိမ်မှ အစေခံကျွန်မအဖြစ် ခစား ရသူ၏အကြောင်း စဉ်းစားမိသည်။ မိမိတို့အမွေကို ဆက်ခံ မည့်သူကို အာဗြံနှင့်စာရဲတို့ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စား ခဲ့ပြီးနောက် စာရဲသည် ထိုခေတ်၏ဓလေ့ထုံးစံအတိုင်း ခင်ပွန်းဖြစ်သူအား ဟာဂရအားဖြင့် ပဋိသန္ဓေယူရန် သဘောတူခဲ့သည်။ ဟာဂရ ကိုယ်ဝန်ရ ရှိသောအခါတွင်မူ သခင်မ စာရဲအား မထီမဲ့မြင်ပြုလေသည်။ ဤတွင် စာရဲက တန်ပြန်…
မည်သည့် အခမ်းအနားနည်း
လေးနှစ်သားလေး အာရှာ ၏ ပျော်ရွှင်မြူးတူးနေသော မျက်နှာသည် သူအနှစ်သက်ဆုံး ခေါင်းစွပ်အင်္ကျီအောက်မှ ပေါ်ထွက်လာသည်။ မိချောင်းခေါင်းပုံ ခေါင်းစွပ်အင်္ကျီမှ ပျော့အိအိ မေးရိုး များသည် သူ့ဦးခေါင်းကို မြိုချထားသလို ထင်နေရသည်။ သူ့အမေစိတ်ညစ်သွားသည်။ မတွေ့ရတာ ကြာပြီဖြစ်သည့် ဆွေမျိုးများထံ အလည်အပတ်သွားမည်ဖြစ်၍ သူတို့မိသားစု အပေါ် အကောင်းမြင်ရန်ကိုသာ ဖြစ်စေချင်သည်။
“အို... သားရေ ... အခုသွားမဲ့ ပွဲအတွက် မသင့်လျော်ဘူး ထင်တယ်နော်”ဟုပြောလိုက်သောအခါ အာရှာ က တက်ကြွစွာ
ဖြင့် “သိပ်သင့်လျော်တာပေါ့ မေမေ” ဟု ဖြေလိုက်သည်။
“ ငါ့နှယ်... ဘယ်လိုပွဲမျိုးကို ပြောတာလဲ သားရယ်” ဟုမေးသောအခါ အာရှာ က “မေမေသိပါတယ်။ ဘဝပွဲလေ” ဟုဖြေသည်။ သူ ထိုအင်္ကျီကို ဝတ်ရမှဖြစ်မည်။
ဒေသနာ ၃း၁၂ မှ “ ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်…
ဘုရားသခင်၏ ဂရုပြုမှု၌ အစဉ်ရှိနေခြင်း
ကျွန်တော့်သမီး အငယ်ဆုံးလေး မြူးနစ် မှ ဘာစီလိုးနား သို့ ပြန်သွားသောနေ့တွင် ကျွန်တော်သဘောကျသည့် လေယာဉ်လမ်းကြောင်း လိုက်စစ်ကြည့်နိုင်သည့် ၀က်ဘ်ဆိုက် သို့ ဝင်ကာ သူ၏ခရီးစဉ်ကို စောင့်ကြည့်လိုက်သည်။ လေယာဉ်အမှတ်စဉ် ရိုက်နှိပ်လိုက်သောအခါ ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် သူစီးနင်းလိုက်ပါသော လေယာဉ်သည် သြစတြီးယား ကို ဖြတ်သွားပြီး အီတလီ နိုင်ငံ မြောက်ပိုင်းသို့ ဦးတည် ပျံသန်းနေကြောင်း ပြနေသည်။ ထိုမှတစ်ဆင့် လေယာဉ်သည် မြေထဲပင်လယ်ကို ဖြတ်၍ ပြင်သစ် ရီဗာရာ တောင်ပိုင်းမှ စပိန်နိုင်ငံသို့ ဦးတည်ပျံသန်း သွားမည်ဖြစ်သည်။ အချိန်မှန် ရောက်ရှိအောင် စီစဉ်ထား သော ခရီးစဉ်ပင်။ လေယာဉ်မောင်/မယ်တို့ နေ့လယ်စာ ဘာကျွေးမည်ကိုသာ ကျွန်တော် မသိနိုင်သောအရာ ဖြစ်လိမ့်မည်။
သမီးလေး ရှိရာအရပ်နှင့် အခြေအနေကို ကျွန်တော် အဘယ်ကြောင့် ဂရုစိုက် မိပါသနည်း။ အဘယ်ကြောင့်ဆိုသော် သူ့ကို ကျွန်တော်…
စကားပြောသောသစ်ပင်
အင်္ဂလိပ်စာပေတွင် ရှေးအကျဆုံးသော ခရစ်ယာန်ကဗျာတစ်ပုဒ်မှာ “The Dream of the Rood” ဖြစ်သည်။ Rood ဆိုသော ဝေါဟာရသည် ရှေးအင်္ဂလိပ်စကားလုံး “rod” တိုင် (သို့) “pole” တုတ် ဟု အဓိပ္ပာယ်ရပြီး သခင်ယေရှု အသေခံခဲ့သော ကားတိုင်ကို ကိုယ်စားပြုသည်။ ဤရှေးကဗျာထဲတွင် ကားတိုင်ကို အသားပေးကာ အသေခံခြင်းအကြောင်းကို ပြန်လည်စပ်ဆိုထားသည်။ ဘုရားသခင်၏ သားတော်ကို ကားစင်တင်သတ်ရန် ကားတိုင်အဖြစ် ၎င်းကို သုံးမည့်အကြောင်း ထိုသစ်ပင် သိသွားသောအခါ ထိုသို့ မသုံးရန် သူငြင်းဆန်ခဲ့သည်။ သို့သော် ခရစ်တော်သည် သူ့ကို ယုံကြည်သူတိုင်းအား အပြစ်လွှတ်ရန်အတွက် ထိုသစ်ပင်၏အကူအညီကို ရယူ ခဲ့သည်။
ဧဒင်ဥယျာဉ်ရှိ မစားရန် တားမြစ်ထားသည့်အပင်မှအသီးကို ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ မိဦးဘဦးတို့ စားပြီး ၎င်းသည် လူ့လောကသို့ အပြစ် ဝင်ရောက်စေခဲ့သော အဓိကအရင်းအမြစ်ဖြစ်သည်။…
ပြန်လည်တည်ဆောက်ခြင်း
နှစ်ပေါင်းများစွာ ကွဲကွာပြီးနောက် ဘာလင် မြို့သို့ အက်ဒွက်ကလီး ပြန်ရောက် လာသောအခါ သူမှတ်မိထားသည့် သူချစ်ခဲ့သည့်မြို့လေး မရှိတော့ပါ။ မြို့တော်ကြီးက အံ့မခန်း ပြောင်းလဲခဲ့သလို သူလည်း ပြောင်းလဲခဲ့ပြီ။ ဟမ်စ္စဖီးယား မဂ္ဂဇင်းတွင် ကလီး က “သင်တစ်ချိန်က ချစ်မြတ်နိုးခဲ့တဲ့ မြို့ဆီ ပြန်ရောက်ရှိသွားခြင်းဟာ ကောင်းရင်လည်း ကောင်းနိုင်တယ်။ ဆိုးရင်လည်း ဆိုးနိုင်တယ်။ အခြေအနေ အရပဲ။ ... စိတ်ပျက်စရာဖြစ်ကောင်းဖြစ်နိုင်တယ်” ဟူ၍ ရေးသားထားပါသည်။
ပရောဖက်နေဟမိသည် ဣသရေနိုင်ငံမှ တိုင်းတစ်ပါးသို့ နှစ်ပေါင်းများစွာ ဖမ်းသွားခေါ်ဆောင်ခံရစဉ် အကျဉ်းအကျပ်ထဲ၌ အတိဒုက္ခရောက်နေသော သူ့လူမျိုး များနှင့် ပျက်စီးနေသော ယေရုရှလင်မြို့အကြောင်းကို ကြားသိ ခဲ့ရသည်။ ထို့နောက် ရှုရိရှင်ဘုရင် အာတဇေရဇ်မင်းကြီး အခွင့်နှင့် ယေရုရှလင်သို့ပြန်ကာ မြို့ရိုးကြီးကို ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက် ရခဲ့သည်။ ညအချိန်တွင် အခြေအနေများကို ထွက်လေ့လာပြီးနောက် (၂း၁၃-၁၅)၊ နေဟမိသည်…
ထာဝရဖြစ်တော်မူသော ကယ်တင်ရှင်
ကမ္ဘာ့အသက်အကြီးဆုံးသူ Jerelean Talley သည် အသက် ၁၁၆ အရွယ် ၂၀၁၅ ခုနှစ် ဇွန်လတွင် သေဆုံးခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဂျေရုဆလင်မြို့သည် ၎င်း၏ မြို့တည်နှစ် အနှစ် ၃၀၀၀ မြောက်နေ့ကို ဆင်နွှဲခဲ့သည်။ ၁၁၆ နှစ် ဆိုသော အရာသည် လူတစ်ယောက်အတွက် အိုမင်းရင့်ရော်လှသည်။ မြို့တစ်မြို့အတွက် အနှစ် ၃၀၀၀ သက်တမ်းသည်လည်း မနည်းပါ။ သို့သော် ၎င်းတို့ထက်
သက်တမ်းရင့်သောသစ်ပင်များရှိသည်။ ကယ်လီဖိုးနီးယား ပြည်နယ် White Mountains ရှိ ဘရစ်စတယ်ခုံး ထင်းရှုးပင် ကို သက်တမ်းနှစ်ပေါင်း ၄၈၀၀ ကျော်ပြီဟု သတ်မှတ်ထားကြ သည်။ ထိုရှေးကျသော သစ်ပင်သည် ယုံကြည်ခြင်းဖခင် အာဗြဟံထက်ပင် နှစ်ပေါင်း ၈၀၀ လောက်စောပါသည်။
သခင်ယေရှု၏ဖြစ်တည်မှုနှင့် ပတ်သက်၍ ဂျုးဘာသာရေး ခေါင်းဆောင်များက စိန်ခေါ်လာသောအခါ သခင်သည်…
အမြဲချစ်၊ အမြဲတန်ဖိုးထားသော
ကျွန်ုပ်တို့ လုပ်ဆောင်သည်ထက်ပို၍ ကျွန်ုပ်တို့ကို ချစ်သော ဘုရားသခင်ကို ကျွန်ုပ်တို့ ဆက်ကပ် အစေခံနေကြသည်။
အို! ဘုရားသခင်သည် မိမိမိသားစုကို ကျွေးမွေးပြုစုနိုင်အောင် ကျွန်ုပ်တို့ အလုပ်လုပ်ရန်၊ သူဖန်ဆင်းခဲ့သော ဤကမ္ဘာမြေကြီးကို တာဝန်သိသိ စောင့်ရှောက်ရန် အလိုတော်ရှိသည်မှာ မှန်သည်။ ထို့ပြင် အားနည်းသူ၊ ဆာလောင်သူ၊ အဝတ်မရှိသူ၊ မွတ်သိပ်နေသူနှင့် ဝန်းကျင်ရှိ
ကြေကွဲနေသူများကို အစေခံရင်း တစ်ဘက်တွင် အသက်တာ၌ ဝိညာဉ်တော်ဘုရား၏အုပ်စိုးမှုကို ဝန်မခံ ရသေးသူများကို နှိုးဆော်ရန် ဘုရားသခင်အလိုရှိသည်။
ကျွန်ုပ်တို့ လုပ်ဆောင်နေသောအရာများထက် ကျွန်ုပ်တို့ကို ပိုချစ်သော ဘုရားရှင်ကို ကျွန်ုပ်တို့ ဆက်ကပ် အစေခံနေကြသည်။
၎င်းကို ကျွန်ုပ်တို့ ဘယ်သောအခါမှ မမေ့လျော့အပ်၊ အဘယ်ကြောင့်ဆိုသော် ကျန်းမာရေး (သို့) မျက်မြင်မရသော အကြောင်းတရားများကြောင့် ဘုရားရှင်အတွက် လုပ်ဆောင် နိုင်စွမ်းများ ဆုံးရှုံးရသောအချိန် ရောက်လာကောင်း ရောက်လာ နိုင်သည်။ ထိုသို့…
မပေါ်လွင်သော သူရဲကောင်းများ
ကျမ်းစာထဲမှ ဇာတ်လမ်းများသည် ကျွန်ုပ်တို့ရပ်ပြီးမဆင်ခြင်ဘဲ မနေနိုင်အောင် အံဩစရာကောင်းလှသည်။ ဥပမာ - မောရှေသည် ဘုရားသခင်၏လူမျိုးတော်ကို ကတိထားတော်မူသောပြည်သို့ ဦးဆောင်ပို့ဆောင်စဉ် အာမလက်လူတို့နှင့် တိုက်ခိုက် ခဲ့စဉ်က တောင်ထိပ်ပေါ်တက်ပြီး ဘုရားသခင်၏လှံတံကို မြှောက်ကိုင်ရမည်ကို သူမည်သို့ သိသနည်း (ထွက် ၁၇း၈-၁၅)။ ကျွန်ုပ်တို့လည်း မပြောတတ်ပါ။ မောရှေလက်မြှောက်လိုက်လျှင် ဣသရေလ လူတို့ အောင်နိုင်ပြီး၊ လက်ချလိုက်လျှင် အာမလက်တို့ နိုင်သည်ကိုသာ သိရသည်။ မောရှေပင်ပန်းလာသောအခါ အာရုန်နှင့် ဟုရတို့က ဣသရေလလူတို့ အောင်နိုင်ရေး အတွက် မောရှေလက်ကို ကူညီမြှောက်ပင့်ပေးခဲ့သည်။
ဟုရ အကြောင်းကို အနည်းငယ်သာ ရေးသားထား သော်လည်း ဣသရေလသမိုင်းတွင် သူသည် အရေးပါသော
အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဤအချက်က နောက်ကွယ်မှ မထင်ရှားသော သူရဲကောင်းများသည် အရေးပါကြောင်း၊ ခေါင်းဆောင်ကို ကူမထောက်ပံ့ပြီး အားပေးတိုက်တွန်းသူများ သည် အဓိကအရေးကြီးဆုံးအခန်းကဏ္ဍ (သို့)…
လူသားပေမို့
ဗြိတိသျှ စာရေးဆရာ Evelyn Waugh သည် သူ၏စရိုက်လက္ခဏာသည် အပြစ်မဲ့ကြောင်း
ကလောင်လက်နက်ဖြင့် ထင်ရှားစွာ အခိုင်အမာဖော်ပြသည်။ နောက်ဆုံးတွင် သူ
ခရစ်ယာန်ဖြစ်လာသော်ငြားလည်း ရုန်းကန်နေရဆဲ ဖြစ်သည်။ တစ်နေ့တွင် အမျိုးသမီး
တစ်ယောက်က “Mr. Waugh သင့်ကိုယ်သင် ခရစ်ယာန်လို့ပြောပြီး ဘယ်လိုဘ၀ ရှင်သန်နေတာလဲ” ဟုမေးရာ၊ သူက “မဒမ် မင်းပြောသလို
ကျုပ်က ဆိုးသွမ်းကောင်း ဆိုးသွမ်းမယ်။ ဒါပေမဲ့ ကျုပ် ပြောတာ ယုံလိုက်။ ဒီဘာသာတရားကြောင့်သာမဟုတ်ခဲ့ရင် ကျုပ်လူပီသမှာတောင်မဟုတ်ဘူး” ဟု ပြန်ဖြေခဲ့သည်။
Waugh သည် “ငါသည် ကျင့်ချင်သောစိတ် ရှိသော်လည်း ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍ မတွေ့နိုင်” (ရောမ ၇း၁၈)ဟု ရှင်ပေါလု ဖော်ပြသကဲ့သို့ အတွင်းစစ်ပွဲကို ဆင်နွှဲနေ ရသည်။ ရှင်ပေါလုက “ပညတ်တရားက ပြဿနာမဟုတ်ဘူး။ ငါကပြဿနာ ဖြစ်နေတာ၊ ငါကလူဖြစ်တယ်လေ” …
မိုးကြိုးနှင့် လျှပ်စီး
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်တော်နှင့် သူငယ်ချင်းတို့သည် မိုးလေးဖွဲဖွဲရွာချိန်တွင် ဖျံများရှိသည့် ရေကန်၌ သွားရောက်ငါးမျှားခဲ့သည်။ လေလာရွက်လှုပ်ပင်များ ယိမ်းထိုး နေသော တောအုပ်အနီးတွင် မိုးခိုစဉ် မိုးက အဆက်မပြတ် ရွာသွန်းနေဆဲပင်။ ထို့ကြောင့် ပြန်ရန် ဆုံးဖြတ်ရင်း ကားဆီသို့အပြေးသွားခဲ့သည်။ ကားတံခါးဖွင့်စဉ် လျှပ်စီးလက်၍ ကျွန်တော်တို့မိုးခိုခဲ့သည့်အပင်ကို မိုးကြိုးပစ်ချ လိုက်သည်။ သစ်ရွက်များ အစိတ်စိတ်အမွှာအမွှာ ကွဲပြဲပြီး သစ်ပင်အခေါက်မီးလောင်ကာ မီးခိုးငွေ့လေးများ ထွက်လာ သည်။ ထို့နောက်တွင်အရာရာ တိတ်ဆိတ်ငြိမ်သွားသည်။
ကျွန်တော်တို့ တုန်လှုပ်၍ အံ့သြမှင်သက်စွာ ခံစားခဲ့ရသည်။
အိုင်ဒါဟို တောင်ကြားတစ်လျှောက်တွင် လျှပ်စီးများနှင့် မိုးကြိုးများက ခြိမ့်ခြိမ့်ညံ နေပါသည်။ အန္တရာယ်ရှိသော်လည်း ထိုအရာကို ကျွန်တော်နှစ်သက်သည်။ ဗို့အား ပြင်းသည်၊ သက်ရောက်မှုပြင်းထန်သည်။ တုန်လှုပ်အံ့ဩစရာကောင်းသည်။ ကမ္ဘာကြီးနှင့်တကွ အရာအားလုံး တုန်လှုပ်သွားရသည်။ ပြီးမှ အားလုံးငြိမ်သက်သွားသည်။
အဓိကအားဖြင့် မိုးကြိုးနှင့်လျှပ်စီးကို ကျွန်တော်နှစ်သက်ရခြင်းမှာ ၎င်းတို့သည် …