အမျိုးအစား  |  odb

ပြောင်းလဲရန် ရွေးချယ်ခြင်း

ကျွန်မသားလေးသည် စက်ရုပ်လေးတစ်ရုပ်ကို ပိုင်ဆိုင်ရသောအခါ စက်ရုပ်လေးကို သူခိုင်း၍ရသော ပရိုဂရမ် ထည့်ပေးထား၍ သူပျော်ရွှင်ခဲ့သည်။ စက်ရုပ်လေး ရှေ့တိုးအောင်၊
ရပ်အောင်၊ သူ့နေရာသူ ပြန်သွားအောင် စေခိုင်း၍ ရသည်။ စက်ရုပ် အသံမြည်အောင်၊ ဆူညံသံထွက်ပေါ်လာအောင် စေခိုင်း၍ ရသည်။ သားလေးစေခိုင်းသမျှ စက်ရုပ်လေးက တစ်သွေမတိမ်းလုပ်ဆောင်ပေးသည်။ အစီအစဉ်မရှိဘဲ သူ့အလိုလိုရယ်မောခြင်း၊ လမ်းကြောင်း ပြောင်းခြင်းများ မရှိပါ။ ၎င်းတို့၌ ရွေးချယ်စရာလမ်း မရှိပါ။
လူသားများကို ဘုရားသခင် ဖန်ဆင်းရာ၌ စက်ရုပ်များ ကဲ့သို့ ဖန်ဆင်းခဲ့ခြင်းမဟုတ်ပါ။ သူ၏ပုံသဏ္ဌာန်တော်နှင့် အညီ ကျွန်မတို့ကို ဘုရားဖန်ဆင်းခဲ့သည်။ အဓိပ္ပာယ်မှာ ကျွန်မတို့ တွေးခေါ်ဆင်ခြင်သုံးသပ်နိုင်သည်။ ဆုံးဖြတ်ချက်ချနိုင်သည်။ အမှားနှင့်အမှန်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ ဘုရားသခင်ကို နာခံမှုမရှိသည့်အကျင့်ကို ရွေးချယ်လုပ်ဆောင်ခဲ့သည်တိုင် အသက်တာကို ပြန်လည်ဦးလှည့်ရန် ရွေးချယ်ဆုံးဖြတ် နိုင်ခွင့်ရှိသည်။
ဣသရေလလူတို့သည် ၎င်းတို့ ဘုရားသခင်နှင့်ပြဿနာတက်နေကြောင်း သိမြင်လာသောအခါ ဘုရားက ၎င်းတို့အား…

ငါသည် သင်နှင့်အတူရှိသည်

ခရစ်ယာန်မဂ္ဂဇင်းတစ်ခု၌ အလုပ်သင်အဖြစ် ကျွန်တော် အစေခံပါဝင်ခဲ့စဉ်က ခရစ်ယာန်
တစ်ဦးအကြောင်း ကျွန်တော်ရေးသားခဲ့သည်။ ထိုသူသည် အံ့ဩစရာကောင်းလောက်
အောင် အသက်တာပြောင်းလဲလျက် အသက်တာဟောင်းကိုစွန့်ပြီး သူ့သခင်အသစ် ဖြစ် သည့် သခင်ယေရှုကို ဖက်တွယ်ခဲ့သည်။ မဂ္ဂဇင်းထွက်ပြီး ရက်အနည်းငယ်အတွင်းတွင်
မည်သူမည်ဝါမှန်းမသိသည့် လူတစ်ဦးက ဖုန်းဆက်လာ သည်။ ‘‘မင်းသတိထား ဒါမနီ၊ မင်းကို တို့စောင့်ကြည့် နေတယ်၊ ဒီနိုင်ငံမှာ ဒီလိုဇာတ်လမ်းမျိုး မင်းရေးတယ်ဆို မင်းအသက်
အန္တရာယ်ရှိတယ်ကွ’’ ဟု ခြိမ်းခြောက်ခြင်း ခံရပါသည်။
လူတို့အား ခရစ်တော်ထံ ပြညွှန်ခြင်းအတွက် ခြိမ်းခြောက်
ခံရသည်မှာ ဤတစ်ကြိမ်တည်းမကပါ။ တစ်ခါကလည်း ‘‘မင်းပေးတဲ့ ဝေစာတွေကို ယူပြီး ထွက်သွားစမ်းကွာ၊ မဟုတ်ရင်တော့...’’ ဟု လူတစ်ဦးက ခြိမ်းခြောက်သည်။ အဖြစ်အပျက်နှစ်ခုစလုံးတွင် ကျွန်တော် ကြောက်ရွံ့ပြီး စိတ်ကျဉ်းကြပ် ခဲ့သည်။ သို့သော် ၎င်းသည် နှုတ်ဖြင့် ခြိမ်းခြောက်မှုသာ…

ငါ့ညီအစ်ကို မောင်နှမများ

လွန်ခဲ့သောနှစ်များစွာက ကယ်လီဖိုးနီးယား တောင်ပိုင်းဒေသတွင် စီးပွားရေးကျဆင်း သည့် အခြေအနေနှင့်ကြုံခဲ့ရစဉ် သင်းအုပ် ဘော့ဂျွန်စင်သည် အခက်အခဲကိုသာ မမြင်ဘဲ အခွင့်အရေးကိုလည်း မြင်တွေ့ခဲ့သည်။ သူသည် မြို့တော်ဝန်နှင့်တွေ့ဆုံပြီး ‘‘ကျွန်တော်တို့ အသင်းတော်များက သင့်ကို ဘယ်လိုကူညီနိုင်မလဲ’’ ဟု မေးရာ မြို့တော်ဝန်က အံ့အားသင့်ခဲ့ရသည်။ အများအားဖြင့် အကူအညီရယူရန် လူတို့ သူ့ထံရောက်လာတတ်ပြီး ယခုတွင် ဓမ္မအမှုတော်ဆောင်တစ်ဦးက အသင်းသားတစ်ရပ်လုံး၏ အင်အား၊ အစေခံမှုကို ကမ်းလှမ်းပေးနေသည်။
သို့နှင့် မြို့တော်ဝန်နှင့် သင်းအုပ်တို့သည် အရေးပေါ် လိုအပ်မှုများအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်များကို အတူတကွ ချမှတ်ရေးဆွဲကြသည်။ ယမန် နှစ်က ၎င်းတို့၏ဒေသတစ်ခုတည်းမှာပင် အငြိမ်းစား ၀န်ထမ်း သက်ကြီးရွယ်အို အယောက် ၂၀၀၀၀ ထံ သွားရောက်ကြည့်ရှု သူ မည်သူမျှ မရှိခဲ့ပါ။ ရာနှင့်ချီသော မိဘမဲ့ကလေးများအတွက် မိသားစုဘ၀ လိုအပ်နေ သည်။…

မကုန်ခမ်းသော မေတ္တာ

မကြာမီက လေယာဉ်ဖြင့် ခရီးသွားခဲ့ရာ လေယာဉ်အဆင်းတွင် အနည်းငယ်ကြမ်းသွား သဖြင့် ကျွန်တော်တို့ ဘယ်ညာယိမ်းသွားသည်။ ခရီးသည်အချို့မှာ သိသိသာသာ ကြောက်သွားဟန်ပေါ်နေသည်။ သို့သော် ကျွန်တော့်နောက်မှ ကလေးမလေးနှစ်ဦး၏
‘‘ရေး...နောက်တစ်ခါထပ်ယိမ်းလိုက်ရအောင်’’ ဟူသည့် အသံကြောင့် စိုးရိမ်သောကများ
ပြယ်သွားတော့သည်။
အတွေ့အကြုံသစ်ကို ကလေးငယ်များ နှစ်သက်ပြီး
ဘ၀ကို နှိမ့်ချစိတ်၊ အံ့ဩစိတ်ဖြင့် ၎င်းတို့ ရှုမြင်ကြသည်။ ‘‘ဘုရားသခင်၏နိုင်ငံကို သူငယ်ကဲ့သို့ ခံယူရန်’’ (မာ ၁၀း၁၅) သခင်ယေရှုမိန့်ကြားစဉ်က အထက်ပါ သဘောတရားက သခင့်စိတ်ထဲရှိနှင့်ထားပုံပေါ်ပါသည်။
ဘ၀အသက်တာဟူသည် စိန်ခေါ်မှု၊ ခေါင်းခဲစရာ များနှင့် အပြည့်ဖြစ်သည်။ ‘‘ငိုကြွေးမြည်တမ်းသော ပရောဖက်’’ ဟု အခေါ်ခံရသည့် ပရောဖက်ယေရမိက ထိုအချက်ကို အသိဆုံးဖြစ်ပြီး သူကဲ့သို့သိသူ မရှိသလောက် ပါ။ သို့သော် ယေရမိ ခံစားရသည့် ဆင်းရဲဒုက္ခသောကများကြားတွင် ဘုရားသခင်က သူ့ကို အံ့ဖွယ်သမ္မာတရားနှင့် နှစ်သိမ့်ခဲ့သည်။ ‘‘ထာဝရဘုရားသည်…

သင်သွားရသော ခရီး

၁၉၆၀ ပြည့်နှစ်များ၌ ကျွန်တော်သည် ကလန်ကဆန်နှင့် ပြောစကားနားမထောင်သည့် ဘ၀ဖြင့် ကြီးပြင်းလာပြီး ဘာသာရေးကို ကျောခိုင်းခဲ့သည်။ ကျွန်တော့်တစ်ဘ၀လုံး ဘုရားကျောင်းတက်ခဲ့သော်လည်း ယုံကြည်ခြင်းသည် ဘာမှန်းမသိ၊ ဆိုးရွားသော မတော်တဆထိခိုက်မှုကြီး ကြုံခဲ့ပြီး အသက် ၂၀ ကျော်အရွယ်တွင်မှ ယုံကြည်ခြင်းသို့ ပြန်လှည့်လာသည်။ ထိုမှစ၍ ကျွန်တော်ကြီးပြင်းခဲ့သည့်နှစ် များတွင် ကျွန်တော့်အပေါ်ထားသော ဘုရား၏မေတ္တာတော် အကြောင်း တစ်ပါးသူများကို ပြောကြားခြင်းဖြင့် ကုန်ဆုံးစေ ခဲ့သည်။ ၎င်းသည် ခရီးတစ်ခုဖြစ်သည်။
‘‘ခရီးတစ်ခု’’သည် ပျက်စီးနေသော ဤလောကရှိ   အသက်တာကို   အမှန်ပင် သရုပ်ဖော်ပြသည်။ သွားရသည့် လမ်းတွင် တောတောင် ချိုင့်ဝှမ်း မြစ်ချောင်းများ၊ လွင်ပြင်များ၊ လူစည်သော လမ်းမကြီးနှင့် လူသူကင်းမဲ့သောလမ်း ၊ အမြင့် အနိမ့်၊ ၀မ်းမြောက်စရာ၊ ၀မ်းနည်းစရာ၊ ရန်ပွဲပဋိပက္ခနှင့်ဆုံးရှုံးမှု၊ နှလုံးကြေကွဲပြီး အထီးကျန်ခံစားမှုစသည်တို့ကို တွေ့ကြုံရင်ဆိုင်ကြရသည်။ ရှေ့ဆက်ရမည့်လမ်းကို ကျွန်တော်တို့မမြင်နိုင်၍ မျှော်လင့်သကဲ့သို့မဟုတ်ဘဲ…

သဲကန္တာရမှ ရတနာ

Desert Solitaire ဆိုသည်မှာ ယခု အူတာပြည်နယ် Arches အမျိုးသားသဘာဝ ဘေးမဲ့တောဟု ခေါ်တွင်သောနေရာတွင် နွေကာလတစ်လျှောက် သစ်တောဝန်ထမ်း အဖြစ် အမှုထမ်းခဲ့သူ အက်ဒွက်အက်ဘီ အကြောင်း ရေးထားသောစာအုပ်ဖြစ်သည်။ အက်ဘီ၏ပြောင်မြောက်သော စကားလုံးအသုံးများ၊ အမေရိက အနောက်တောင်ပိုင်း ဒေသ၏ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ချက်များကို သိလို ပါက ဤစာအုပ်ကို ဖတ်သင့်သည်။
သို့သော် အက်ဘီ သည် အနုပညာမြောက်စွာ သူ စိတ်ကြည်နူးခံစားသော အပေါ်ယံ သဘာဝအလှတရားထက် ကျော်လွန်ပြီး ဘာကိုမှမတွေ့မြင်ခဲ့သည့် ဘုရားမဲ့ဝါဒီတစ်ဦး ဖြစ်သည်။ သဘာဝအလှတရားကို သူ့ဘ၀တစ်လျှောက်လုံး ချီးမွမ်းနေပြီး အဓိကအချက်ကိုဖြင့် လွတ်သွားခြင်းက ၀မ်းနည်းဖွယ်ကောင်းလှသည်။
ရှေးခေတ်ယခင်က လူသားတို့၏ရိုးရာပုံပြင်၊ ဒဏ္ဍာရီနှင့်သီချင်းများတွင် ကနဦး အစ အကြောင်းအရာ အယူအဆများ လွှမ်းမိုးနေတတ်သည်။ သို့သော် ဣသရေလလူ တို့၏ဖန်ဆင်းခြင်းအကြောင်းက အများနှင့်မတူ၊ တစ်မူကွဲပြားသည်။ ကျွန်ုပ်တို့ ရွှင်မြူး…

နှလုံးသားမှ

ကျယ်လောင်စွာ အော်ငိုခြင်း၊ မြည်တမ်းငိုကြွေးခြင်း၊ အ၀တ်များကို ဖြဲဆုတ်ခြင်း တို့သည် လူတို့၏ ပူဆွေးဝမ်းနည်းကြေကွဲမှု (သို့) နိုင်ငံနှင့်အ၀န်း ကပ်ဘေးခံစားရချိန်၌ ၀မ်းနည်းပူဆွေးမှုကို ဖော်ပြသော နည်းလမ်းဖြစ်သည်ဟု လူအသိုင်းအ၀ိုင်း ယဉ်ကျေးမှု အများစုက လက်ခံထားကြသည်။ ဓမ္မဟောင်းခေတ် ဣသရေလလူတို့သည်လည်း ဘုရားသခင်ကို ကျောခိုင်းသွားခြင်းကြောင့် နှလုံးသားမှ နက်နဲစွာ ကြေကွဲရကြောင်း၊ နောင်တရကြောင်း အလားတူ အပြင်ပန်း သရုပ်ပြခြင်းဖြင့် ဖော်ပြကြသည်။
နောင်တတရားအတွက် အပြင်ပန်းဖော်ပြမှုက နှလုံးသားမှ ထွက်ပေါ်လာပါမှ တန်ခိုးပါသောဖြစ်စဉ် ဖြစ်မည်။ သို့သော် စိတ်ရင်းမှန်နှင့် ဘုရားသခင်ထံပြန်လာခြင်း မဟုတ်ပါက ယုံကြည်သူအသိုင်းအ၀ိုင်း၌ပင်လျှင် စိတ် ခံစားချက်အတိုင်း လျှောက်လုပ်လိုက်ခြင်းပင် ဖြစ်သည်။
ယုဒပြည်၌ ကျိုင်းကောင်ကျပြီး ကပ်ဆိုက်ပြီးနောက်   ရောက်လာတော့မည့် စီရင်ခြင်းကို ရှောင်ရှားနိုင်ရန်  စစ်မှန်သောနောင်တနှင့် ပြန်လာ ရန် ဘုရားသခင်က သူ့လူမျိုးတော်ကို ပရောဖက် ယောလမှတစ်ဆင့် ဆင့်ခေါ်ခဲ့သည်။ `သို့ဖြစ်၍…

ကျွန်ုပ်တို့လည်း လုပ်ရမည်လား

ဆရာမ ဂျိုးဝီ သည် ကလေးအစီအစဉ်ကို ဆုတောင်းခြင်းဖြင့် အစပြုပြီးနောက် ကလေးများနှင့် အတူတကွ သီချင်းဆိုကြသည်။ ထို့နောက် ဆရာမက ဆရာ အာရုန် နှင့် မိတ်ဆက်ပေးပြီး နောက်တစ်ကြိမ် ဆုတောင်းပြန်သောအခါ ခြောက်နှစ်သားလေး ဧမာနွေလ မှာ သူ့နေရာ၌ လှုပ်ရွခွေလိမ်နေပါပြီ။ ဆရာ အာရုန် က သူစကားမပြောမီနှင့် ပြောပြီးနောက် နှစ်ကြိမ် ဆုတောင်းသည်။ `ဆုတောင်းတာ လေးခါတောင်ရှိပြီ။ အဲဒီလောက်ကြာကြာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘူး´ ဟု ဧမာနွေလ က ညည်းတွားစောဒကတက်သည်။
Emmanuel အတွက် ထိုစိန်ခေါ်မှုမျိုးက ခက်ခဲသည်ဟု သင်ထင်ပါက ၁ သက် ၅း၁၇ ကို ဖတ်ကြည့်ပါ။ `မခြားမလပ် ဆုတောင်း ပတ္ထနာပြုကြလော့´ (သို့) ဆုတောင်းရန် အစဉ်အမြဲ စိတ်နှစ်ထားပါဟု ဆိုထားသည်။   လူကြီးအချို့ပင် ဆုတောင်းခြင်းကို ပျင်းစရာဟု ခံစားတတ်ကြသည်။ ထိုသို့…

ကောင်းသောအမှု တိုး၍ပြု

ကျွန်မ၏သားသည် စာဖတ်ခြင်းကို နှစ်သက်သည်။ ကျောင်းမှ ဖတ်ရန်သတ်မှတ်ပေး ထားသော စာအုပ်အရေအတွက်ထက် သူပိုဖတ်နိုင်လျှင် ဂုဏ်ပြုဆုလက်မှတ်ရရှိမည် ဖြစ်သည်။ ထိုအားပေးမှုလေးက ကောင်းသောအကျင့်ကို ဆက်ပြီးပျိုးထောင်ရန် သူအတွက် လှုံ့ဆော်မှုဖြစ်ခဲ့သည်။
သက်သာလောနိတ်မြို့သားများထံ ရှင်ပေါလု စာရေး သောအခါ ဆုလက်ဆောင်အားဖြင့်မဟုတ်ဘဲ အားပေး
တိုက်တွန်းသောစကားများဖြင့် သူတို့ကို လှုံ့ဆော်ခဲ့သည်။ ‘‘ညီအစ်ကိုတို့ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရား သခင်ကို အဘယ်သို့ နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံ
ကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ယေရှုကို အမှီပြုလျက် ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏’’ (၁ သက် ၄း၁) ဟုမိန့်ကြားသည်။ ဤခရစ်ယာန်များသည် သူတို့၏အသက်တာများအားဖြင့် ဘုရားသခင်ကို နှစ်သက်ကျေနပ်စေကြပြီး ကိုယ်တော့် အတွက် ဆက်လက်ပြီး တိုး၍ ပို၍ အသက်ရှင်ကြရန် ရှင်ပေါလုအားပေး တိုက်တွန်းခဲ့သည်။
ယနေ့တွင်   အဘဘုရားသခင်နှင့်…

တစ်သက်တာအမာခံပရိသတ်

အိုကလာဟိုးမားမှ ၁၂ နှစ်အရွယ် သူငယ်လေး ကိတ်ပုတ် သည် အမေရိက အမျိုးသား ဘောလုံးအဖွဲ့ချုပ် (NFL) ရှိ အသင်းများ၏ အမှုဆောင်တစ်ဦးချင်းစီထံသို့ သူ့လက်ရေးနှင့်ရေးသော စာပေါင်း ၃၂ စောင်ကို စာတိုက်မှပေးပို့ခဲ့သည်။ `ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက ဘောလုံးအားကစားကို ကြိုက်နှစ်သက်ကြတယ်။   အပျော်တမ်းဘောလုံးကစားကြပြီး စနေတနင်္ဂနွေနေ့တိုင်း   ဘောလုံးပွဲကြည့်ကြတယ်။ ... ကျွန်တော်တို့ တစ်သက်လုံး အားပေးမဲ့ NFL အသင်းတစ်သင်းကို ရွေးချယ်ဖို့ အသင့် ရှိနေတယ်´´ ဟု စာထဲတွင် ကိတ် က ရေးသားထားသည်။
ကယ်ရိုလိုင်းနား ကျားသစ်နက် ဘောလုံးအသင်း
ပိုင်ရှင် ဂျယ်ရီရစ်ချက်ဆန်  က သူကိုယ်တိုင် လက်နှင့် ရေးပြီး စာပြန်ခဲ့သည်။ ပထမဆုံးစာကြောင်း၌ `ကျွန်တော်တို့ရဲ့ အသင်းက မင်းတို့ရဲ့အသင်းဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ဂုဏ်ယူမိမှာပါ။ မင်းတို့ကိုလည်း ဂုဏ်တက်စေဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်´ ဟူ၍ပါရှိသည်။…