ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ပါ
မနုဿ ပညာရှင်တစ်ဦးသည် ကျေးရွာငယ်လေးတစ်ရွာ၌ လအတန်ကြာ သုတေသန ပြုစရာများ လုပ်ကိုင်ပြီးစီး၍ အိမ်ပြန်တော့မည်။ လေဆိပ်သို့ လိုက်ပို့ပေးမည့်ကားကို စောင့်ဆိုင်းနေရင်း ကလေးများအတွက် ကစားပွဲတစ်ခုလုပ်ပေးပြီး အချိန်ဖြုန်းရန် သူဆုံးဖြတ်လိုက်သည်။ သူက သစ်သီးနှင့်သကြားလုံးများထည့်ထားသည့်ခြင်းကို သစ်ပင်
ပေါ်ချိတ်ပြီး ကလေးများကို အပြေးပြိုင်စေသည်။ သို့သော် တာလွတ်ပြီး ပြေးရန်အချက်ပြလိုက်သောအခါ ကလေး တစ်ယောက်မျှ ပန်းတိုင်ဆီသို့ ပြေးမလာဘဲ အတူ လက်တွဲကာ သစ်ပင်ဆီသို့ ပြေးသွားကြသည်။
‘‘ဆုလက်ဆောင်ရရန် တစ်ယောက်ချင်း ပြေးခြင်းထက် အဘယ်ကြောင့် အဖွဲ့လိုက်ပြေးရသနည်း’’ ဟု မေးရာ ကလေးမလေးတစ်ဦးက ‘‘တစ်ယောက်တည်းက ဆုရလို့ ပျော်နေပြီး ကျန်တစ်ဖွဲ့လုံးက စိတ်မကောင်းဖြစ်နေလို့ ဘယ်ဖြစ်မလဲ’’ ဟု ဖြေလိုက်သည်။ ဤကလေးများသည် တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ကြခြင်းကြောင့် သစ်သီးခြင်းကို အတူတကွ ဝေမျှစားသုံးလိုခြင်းဖြစ်သည်။
မောရှေ၏ပညတ္တိကျမ်းကို နှစ်ပေါင်းများစွာ လေ့လာ ပြီးနောက် ပညတ္တိကျမ်း၏အချုပ်မှာ အချက်တစ်ချက်တည်းသာရှိကြောင်း…
ထာဝရအကောင်းဆုံး မိတ်ဆွေ
‘‘ဂျိုးရေ၊ မိတ်ဆွေကောင်းဆိုတာ ဘ၀ရဲ့အကောင်းဆုံးသော ရတနာတစ်ပါးဖြစ်တယ်’’ ဟု ထပ်တလဲလဲ မကြာခဏ ပြောလေ့ရှိသည့် အဖေ့စကားမှ ပညာအမြော်အမြင်ကို ကျွန်တော် နှစ်သက်မြတ်နိုးသည်။ မှန်လိုက်လေခြင်း။ မိတ်ဆွေကောင်းများ ရှိနေလျှင် ဘယ်တော့မှ အထီးကျန်မဖြစ်ပါ။ မိမိ၏လိုအပ်မှုများကို မိတ်ဆွေကောင်းများက ဂရုပြု
စောင်မလျက် ဘ၀၏၀မ်းမြောက်စရာ၊ ဘ၀၏ ၀န်ထုပ်ဝန်ပိုး များကို အေးအတူပူအမျှ မျှဝေခံစားကြသည်။
သခင်ယေရှု ကမ္ဘာလောကသို့ မကြွဆင်းလာမီက လူနှစ်ဦးသာ ဘုရားသခင်၏မိတ်ဆွေဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရသည်။ ‘‘ထာဝရဘုရားသည် အဆွေခင်ပွန်းကို နှုတ်ဆက် တတ်သည်နည်းတူ မောရှေနှင့်မျက်နှာဆိုင်၍ နှုတ်ဆက် တော်မူ၏’’ (ထွက် ၃၃း၁၁)။ ထို့နောက် ‘‘အာဗြဟံသည်လည်း ... ဘုရားသခင်၏အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရ၏’’
(ယာ ၂း၂၃)။
သခင်ယေရှုသည်လည်း သူနှင့်သက်ဆိုင်သော ကျွန်တော်တို့အား မိတ်ဆွေ/အဆွေဟု ခေါ်သဖြင့် ကျွန်တော်အံ့ဩမိသည်။ ‘‘... သင်တို့ကို
အဆွေဟူ၍…
မြင်သာသည့် အားနည်းချက်
ပခုံးခွဲစိတ်ကုသမှုခံယူပြီး ရက်သတ္တပတ် အတန်ကြာသည်နောက် ကျွန်မ စိုးကြောက်စိတ် ၀င်လာသည်။ ပခုံးသိုင်းကြိုးနှင့် အဆင်ပြေနေခဲ့ပြီးကာမှ ယခုတွင် ခွဲစိတ်ဆရာဝန်နှင့် ခန္ဓာပိုင်းကုထုံး အထူးပြုဆရာက ပခုံးသိုင်းကြိုးကို ဖြုတ်ရန် ပြောလာသည်။ ‘‘ဤ အဆင့်တွင် ထိန်းချုပ်လို့မရတဲ့ဝန်းကျင်မှာ ခံနိုင်ရည် မရှိခြင်း၊ အားနည်းချက်လက္ခဏာ အဖြစ် မြင်သာပေါ်လွင်နေတာကလွဲလို့ ပုခုံးသိုင်းကြိုး လွယ်ထားရတာ စိတ်ပျက်စရာပဲ’’ ဟူသည့် အချက်ကို မြင်မိသည်။
စိတ်လှုပ်ရှားတက်`u`n`mMကြကကကကြွသူ တစ်ဦးဦးက အားရပါးရ ကျွန်မကို ပွေ့ဖက်ညှစ်ပစ်မှာ၊ သူငယ်ချင်း တစ်ဦးဦးက အမှတ်တမဲ့ မတော်တဆ လာပုတ်မိမှာကို ကျွန်မ စိုးရိမ် မိသည်။ နာကျင်မှာ စိုးကြောက်သဖြင့် ပခုံးသိုင်းကြိုးနှင့် ကျွန်မ အကာအကွယ်ယူခဲ့သည်။
ခံနိုင်ရည်မရှိ၊ ခံနိုင်ရည်မဲ့သည့်အဖြစ်၌ မိမိကိုယ်ကို ဖွင့်ထားရန်မှာ အင်မတန် ကြောက်စရာကောင်းပါသည်။ ကျွန်မတို့က အချစ်ခံလိုသည်။ မိမိအရှိအတိုင်းကို လူတို့လက်ခံစေလိုသည်။ ကိုယ့်အကြောင်းကို သိသွားပြီး ကိုယ့်ကို…
ဘုရားသခင်၏ ကော်ဖတ်
ကျွန်မသူငယ်ချင်း၏စကားကြောင့် မခံချိမခံသာဖြစ်ရသည်။ အိပ်ပျော်အောင် ကြိုးစားရင်း ကျွန်မ၏အမြင်နှင့် စပ်လျဉ်း၍ တဲ့တိုးပြောချလိုက်သည့် သူမ၏ဝေဖန်ချက်ကို နက်နက်နဲနဲ မတွေးမိအောင် လုံးပမ်းနေမိသည်။ အိပ်ယာထက်မှနေ၍ ဘုရားသခင်ထံမှ ဉာဏ်ပညာနှင့်ငြိမ်သက်ခြင်းကို တောင်းခံလိုက်သည်။ ရက်သတ္တပတ် အတန်ကြာ ပြီးနောက် ထိုကိစ္စက စိတ်အနှောင့်အယှက်ဖြစ်နေဆဲပါ။ သို့နှင့် ‘‘ ဘုရားသခင် ကျွန်မ နာကျင်ရပါတယ်။ ကျွန်မ ဘယ်အပိုင်းမှာ ပြောင်းလဲပြုပြင်ဖို့ လိုအပ်သလဲ၊ သူငယ်ချင်းရဲ့
စကားက ဘယ်အတိုင်းအတာ အထိမှန်နေလဲ ဆိုတာ ပြပါ’’ ဟု ဆုတောင်းခဲ့သည်။
ကျွန်မ၏သူငယ်ချင်းမှာ ကျွန်မအသက်တာ၌ ဘုရား သခင်၏ ကော်ဖတ်(Sandpaper)အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ခံစားချက်က ကော်ဖတ်စားခံလိုက်ရ သကဲ့သို့ဖြစ်သော်လည်း ကျွန်မ၏တုံ့ပြန်မှုပေါ်မူတည်၍ ကျွန်မ၏အကျင့်အလေ့ကို တည်ဆောက်ခြင်း၊ မတည်ဆောက်ခြင်းကို ဖြစ်စေလိမ့်မည်ဟု သိနေသည်။ ကျွန်မကို အချောသတ်ပေးမည့်ဖြစ်စဉ်ကို လက်ခံရန် ရွေးချယ်လျက် ကျွန်မ၏မာန်မာနနှင့် ခေါင်းမာမှု
များကို…
စစ်ဆေးသည့်ပြိုင်ပွဲ
ခရစ်ကက် အားကစား ၌ ‘‘စစ်ဆေးသည့် ပြိုင်ပွဲ’’ က ပြင်းထန်သည်။ ပြိုင်ပွဲဝင်များသည် နေ့လယ်စာနှင့် အဆာပြေစားချိန်အပါအ၀င် နံနက် ၁၁ နာရီမှ ည ၆ နာရီအထိကစားရပြီး ပြိုင်ပွဲက ၅ ရက်တာမျှ ကြာမြင့်တတ်သည်။ ၎င်းသည် သည်းခံနိုင်စွမ်း၊ ဇွဲလုံ့လနှင့် အရည်အချင်း ကျွမ်းကျင်မှုကို စစ်သော ပြိုင်ပွဲဖြစ်သည်။
ဘ၀၌ ရင်ဆိုင်ရသည့် စစ်ကြောမှုများကလည်း မပြီးဆုံးနိုင်ဟု ခံစားရလျက် ပြင်းထန်ကြာမြင့်တတ်သည်။ အလုပ်လည်း ရှာမရနိုင်သေး၊ အထီးကျန်ခံစားရမှုများက အဆက်မပြတ်၊ ကင်ဆာရောဂါနှင့်နာတာရှည် လုံးပန်း ရလျက်၊
ဘယ်တော့များမှ ပြီးဆုံးမှာလဲဟု ခံစားရသည်အထိ ပို၍ ပြင်းထန်ခက်ခဲသော အခြေအနေများကြုံရသည်။
ထို့ကြောင့်ဖြစ်မည်။ ဆာလံဆရာက ‘‘ အိုထာဝရဘုရား၊
အဘယ်မျှကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ လည်းကောင်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှလည်းကောင်း ကယ်လွှတ်…
မှားသော မြင်းခွာ
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်က ရုရှားနိုင်ငံတွင် ဗိုလ်ချုပ်ကြီးနပိုလီယံ စစ်ရှုံးသွားရာ ပြင်းထန်ကြမ်းတမ်းသော ဆောင်းရာသီအအေးဒဏ်ကြောင့်ဟု ပြောစမှတ်တွင်သည်။ တိကျသေချာသောအကြောင်းအရင်းတစ်ခုမှာ မြင်းများ၌ နွေရာသီသုံး မြင်းခွာများ တပ်ဆင်ထားခြင်းကြောင့်ဖြစ်သည်။ ဆောင်းဝင်လာသောအခါ ရေခဲဖုံးသောလမ်း၌ လက်နက်ခဲယမ်းများ သယ်ဆောင်လာသောလှည်းများကို ဆွဲသည့် မြင်းများမှာ ခြေချော်ကျပြီး ဒဏ်ရာရသေဆုံးကုန် ကြသည်။ ထိုသို့ လက်နက်ရိက္ခာများ ပြတ်လပ်မှုကြောင့် နပိုလီယံ၏ စစ်သည်အင်အား ၄ သိန်း ရှိသော တပ်မကြီးမှာ အကျအဆုံးများလျက် အင်အား ၁ သောင်း မျှသာ ကျန်ရှိ တော့သည်။ ခြေတစ်ချက်ချော်ရုံ ဖြစ်သော်ငြားလည်း ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။
လျှာတစ်ချက် ချော်(အာချောင်)ရုံလေးက ကြီးမားသော
ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်ကြောင်း ရှင်ယာကုပ်က ဖော်ပြသည်။ စကားအမှားတစ်ချက်က လူပေါင်းများစွာတို့၏ အလုပ်အကိုင်၊ ကြမ္မာလမ်းဆုံးကို ပြောင်းပစ်နိုင်သည်။ ‘‘လျှာကိုကား အဘယ်သူမျှ မအောင်နိုင်၊…
စိုးကြောက်ခြင်းမှ လွတ်မြောက်ခြင်း
စိုးကြောက်စိတ်က အခွင့်မရှိဘဲ ကျွန်မစိတ်ထဲတိုးဝင်လျက် ကူညီရာမဲ့ခြင်း၊ မျှော်လင့်ချက် မဲ့ခြင်းသရုပ်ကို အရောင်ဆိုးသည်။ ငြိမ်သက်ခြင်းနှင့် အာရုံစူးစိုက်မှုကို ခိုးယူသည်။ ကျွန်မဘာကို ကြောက်နေသနည်း။ ကျွန်မ၏မိသားစုဘ၀လုံခြုံမှုနှင့် ကျန်းမာရေးအတွက် စိတ်ပူသည်။ အလုပ်ပြုတ်သွားမှာ၊ ပေါင်းသင်းဆက်ဆံရေးပျက်သွားမှာ ကြောက်သည်။ စိုးကြောက်စိတ်ကြောင့် မိမိကိုယ်ကိုသာ အာရုံစိုက်မိစေပြီး တစ်ခါတစ်ရံ ကိုးစားယုံကြည်ရန် ခက်ခဲနေသည့်စိတ်ကို ဖော်ပြနေသည်။
ဤသို့ ကြောက်ရွံ့စိုးရိမ်စိတ်များ ရိုက်ခတ်လာလျှင် ဆာလံ ၃၄ မှ ဒါဝိဒ်မင်း၏ ဆုတောင်းချက်ကို ဖတ်ရှုသင့် သည်။ ‘‘ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏’’ (း၎)။ ကိုယ်တော် မည်သို့ကယ်တင်သနည်း။ ကိုယ်တော်ကို မျှော်ကြည့်လျက်
မျက်မှောက်ပြုသော် စိုးကြောက်စိတ်များ လွှင့်ပါးကုန်သည်။ ကိုယ်တော် ထိန်းချုပ်တော်မူကြောင်း ကျွန်မတို့ ယုံကြည် သည်။ တစ်ဖန် ဒါဝိဒ်မင်းက…
လူသားမျိုးနွယ်
နာရီအချက်ပေးသံ မြည်လာစဉ် စောလွန်းလှသည်ဟု ထင်ရသည်။ သို့သော် တစ်နေ့တာခရီးကို ဖြတ်သန်းရဦးမည်။ လုပ်စရာအလုပ်များ၊ အချိန်းအချက်များ၊ ဂရုပြု စောင်မရမည့် လူများ စသည်ဖြင့် ၀တ္တရားများစွာရှိသည်။ သင် တစ်ဦးတည်း မဟုတ်ပါ။ လူပေါင်းများစွာတို့သည် ကိစ္စတစ်ခုပြီးတစ်ခု နိစ္စဓူဝ လုပ်ဆောင်နေကြသည်။ ထို့ကြောင့် လူတစ်ဦးက ‘‘လူသားမျိုးနွယ်ပေမို့’’ ဟု အရွှန်းဖောက်သည်။
ပထမဦးဆုံးသော သာသနာပြုခရီးစဉ်မှ ပြန်ရောက် လာကြသည့် တပည့်တော်များ၌ အစီရင်ခံစရာများစွာ ရှိသည်။ တပည့်တော်များ၏အမှုတော်မြတ်နှင့် စပ်လျဉ်း၍ သခင်ယေရှု၏သုံးသပ်ချက်ကို ရှင်မာကု မှတ်တမ်းမတင်ဘဲ တပည့်တော်များ ခေတ္တအနားယူရန် အရေးကို သခင်ပူပန် တော်မူကြောင်း အဓိကဖော်ပြသည်။ ‘‘(ယေရှု) ကလည်း တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏’’ (မာ ၆း၃၁)။
ဘုရားသခင်၏မျက်မှောက်တော်သို့ တိုးဝင်ဝန်ခံခြင်း၊ ကိုယ်တော့်အား ကိုးစားခြင်းအားဖြင့် မှန်သောငြိမ်ဝပ်နားနေရာကို…
အာရုံအနှောင့်အယှက်များ
ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ ပထမဦးဆုံးပူးတွဲ တာဝန်ယူရသည့် စာအုပ် ပရောဂျက်တစ်ခုတွင် အလုပ်ကို ရွှေ့ဆိုင်းခြင်းက အဓိက ပြဿနာဖြစ်လာကြောင်း ထင်ရှားသိသာစွာ တွေ့လာရ၍ နာကျင်ခံစားရသည်။ ကျွန်တော့်ဇနီး၏တာဝန်က ကျွန်တော်ရေးသည့်စာကို တည်းဖြတ်ပြီး အချိန်မီ အလုပ်ပြီးအောင် ကျွန်တော့်ကို သတိပေးရန် ဖြစ်သည်။ ကျွန်တော်၏တာဝန်ကမူ သူ့ကို ဒေါသထွက်အောင် စိတ်အနှောင့်အယှက်ပေးရန်များ ဖြစ်နေမလား။ အများအားဖြင့် သတ်မှတ်ချိန်အမီ ပြီးစီး အောင် မလုပ်ဘဲ လျစ်လျူရှုလိုသော၊ ညွှန်ကြားချက် များကို ဆန့်ကျင်လိုသော ကျွန်တော့်အပေါ် သူမ၏ အစီအစဉ်ကျမှုနှင့် သည်းခံမှုက အောင်နိုင်သည်ချည်းသာ။
တစ်ရက်အတွင်း ဘယ်ရွေ့ဘယ်မျှ ပြီးအောင် ရေးမည်ဟု ကတိပြုသော်လည်း ပထမနာရီပိုင်းမျှသာ ကျွန်တော် အာရုံစိုက်လုပ်ဆောင်သည်။ ထိုနာရီပိုင်းအတွင်း ရေးပြီးသမျှနှင့်သာ ကျေနပ်လျက် ခဏနားရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် အချိန်ကုန်သွားသည်။ ဒုက္ခရောက်မှာ သေချာသည်မို့ အခြားစိတ်ထွက်ပေါက်တစ်ခု စဉ်းစားလိုက်သည်။ ကျွန်တော့်ဇနီး…
သခင် နားလည်သည်
ကလေးသူငယ်အချို့၌ ညညအိပ်မပျော်သည့် ပြဿနာရှိသည်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အချက်တစ်ချက်ကို ကျွန်မသမီးက ဖော်ပြခဲ့သည်။ သမီးကိုသိပ်ပြီး ပြန်လှည့်ထွက်မည်အလုပ်တွင် သမီးလေးက ‘‘သမီးက အမှောင်ကို ကြောက်တယ်’’ ဟုပြောသည်။ သူ၏ စိုးကြောက်မှုပြေလျော့သွားအောင် ကျွန်မကြိုးစား နှစ်သိမ့်ပြီး သူ့အခန်းထဲ၌ သရဲမရှိကြောင်း စိတ်ချလုံခြုံမှု ခံစားရအောင် ညမီးမှိန်မှိန်လေးကို ထွန်းပေးခဲ့သည်။
ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် ခင်ပွန်း ဖြစ်သူက အလုပ်ကိစ္စနှင့် ညအိပ်ခရီး ထွက်သွားချိန်အထိ သမီးလေး၏ကြောက်ရွံ့မှုအကြောင်း သိပ်မစဉ်းစားဖြစ်ခဲ့ပါ။ ထိုည အိပ်ယာထက် လဲလျောင်းလိုက်သည်နှင့် ကျွန်မ ဘေးပတ်ပတ်လည်တွင် အမှောင်ထု စိုးမိုးသွားသည့်အလား ထင်ရသည်။ ချိုးချိုးချွတ်ချွတ် အသံကြားရ၍ ဘာများလဲဟု လိုက်ကြည့်မိသည်။ နောက်တော့လည်း ဘာမျှမဟုတ်၊ သို့သော် ဤကဲ့သို့ ကိုယ်တိုင် ကြုံရသည့်အခါမှ သမီးလေး၏ကြောက်ရွံ့မှုကို နောက်ဆုံး ကျွန်မနားလည်ခဲ့သည်။
သခင်ယေရှုသည် ဤကမ္ဘာလောက၌ လူသားအဖြစ် အသက်ရှင်နေထိုင်ခဲ့ပြီး…