သင့်အဘသိတော်မူသည်
ကျွန်တော် ၄ နှစ် အရွယ်က ဖြစ်သည်။ ပူပြင်းသောနွေညတစ်ညတွင် အဖေနှင့်အတူ ကြမ်းပြင်၌ ဖျာခင်းအိပ်စက်ခဲ့သည်။ (အမေက ကလေးမီးဖွားထားသဖြင့် အခန်းထဲတွင် အိပ်သည်)။ ဤအချိန်၌ ဂါနာနိုင်ငံမြောက်ပိုင်းဒေသ၏ရာသီဥတုမှာ အများအားဖြင့် ခြောက်သွေ့သောရာသီဖြစ်သည်။ ကျွန်တော့်တစ်ကိုယ်လုံး ချွေးရွဲလျက် အာခေါင် ခြောက်လာသည်။ ရေအလွန်ငတ်သောကြောင့် အဖေ့ကို ခေါ်နှိုးလိုက်သည်။ ခြောက်သွေ့သော ညဥ့်သန်းခေါင်ယံ၌ အဖေက ခရားကိုယူပြီး ရေတိုက်သဖြင့် ရေငတ်ပြေသွား သည်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး၌ ထိုညက အဖေ ပြုစုခဲ့ပုံသည် ဂရုစိုက်သောဖခင်တစ်ဦး၏ ပုံရိပ်အဖြစ် စံနမူနာဖြစ်ခဲ့သည်။ ကျွန်တော့်လိုအပ်မှုကို အဖေ ဖြည့်ဆည်း ပေးခဲ့သည်။
အချို့သူများအတွက် ၎င်းတို့ အသက်တာ၌ ဖခင်ကောင်း၏ ပုံရိပ်ကို မခံစားရပါ။ သို့သော် ကျွန်တော်တို့ တစ်ယောက်စီတိုင်း၌ ခိုင်ခံ့သော၊ အစဉ်အမြဲအတူရှိတော်မူသော၊ ကျွန်တော်တို့ကို စိတ်မပျက်စေသော အဘ - ဖခင်တစ်ဦး ရှိသည်။ “ကောင်းကင်ဘုံ၌…
နားမလည်သောအခါ
အလုပ်ပြီးအောင် နည်းပညာသုံးပစ္စည်းများကို နေ့စဉ်သုံးစွဲနေရသော်လည်း ထိုပစ္စည်းများ မည်သို့ အလုပ်လုပ်သည်ကို ကျွန်ုပ် နားမလည်ပါ။ ကွန်ပြူတာဖွင့်ပြီး ကျွန်တော် စာစီစာရိုက်လုပ်သည်။ သို့သော် မိုက်ခရိုချစ်ဖ်၊ ဟာ့ဒရိုက်၊ ၀ိုင်ဖိုင် စသည် တို့က ကျွန်တော့်အတွက် မည်သို့ အကျိုးကျေးဇူးဖြစ်စေသည်ကို ဆက်စပ် တွေးကြည့် ၍ မရပါ။
တစ်နည်းဆိုရလျှင် ထိုသဘောတရားက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ထင်ဟပ်ဖော်ပြ နေသည်။ ဟေရှာယ ၅၅း၈-၉ တွင် ဘုရားသခင်သည် ကျွန်ုပ်တို့ထက် သာလွန်ကြီးမြတ်ပြီး ကိုယ်တော့်ကို နားမလည်နိုင်ကြောင်း သတိပေးဖော်ပြသည်။ “ထာဝရ ဘုရား မိန့်တော်မူသည်ကား ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ၊ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီး ထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏ အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏”။
ဘုရားသခင်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ အရာခပ်သိမ်းကို…
သင့်အတွေးကို ပုံသွင်းခြင်း
မာရှယ် မက်လူဟန် သည် ၁၉၆၄ ခုနှစ်က “နည်းပညာသည် သတင်းဖြစ်သည်”ဟူသည့် စကားလုံးကို စတင်တီထွင်ခဲ့စဉ်က ကွန်ပြူတာကို မသိ၊ မိုဘိုင်းဖုန်းများဆိုလျှင် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်မှ ပစ္စည်းတစ်ခုဖြစ်သည်။ အင်တာနက်ဆိုလျှင် ပေါ်ပင် မပေါ်သေးပါ။ သူကြိုတင်ပြောခဲ့ မြင်ခဲ့သည့်အရာက မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ကျွန်ုပ်တို့
အပေါ် မည်မျှလွှမ်းမိုးနေသည်ကို ယခု ကျွန်ုပ်တို့ နားလည်နိုင် ပါပြီ။ နီကိုလပ်စ် ကားရ် ရေးသားသည့် The Shallows: What the Internet Is Doing to Our Brains, စာအုပ်တွင် “နည်းပညာများသည် တွေးစရာများ၊ အတွေး များကို ပေးသည်။ အတွေးရေအလျင်ကိုလည်း ပုံသွင်း လမ်းကြောင်းပေးသည်။ ထို့ပြင် ဤကွန်ယက်သည် ကျွန်ုပ်၏ အာရုံစူးစိုက်နိုင်စွမ်း၊ ဆင်ခြင်တွေးတောနိုင်စွမ်းကို တစ်စစီ ဖဲ့ထုတ်သကဲ့သို့ ထင်ရသည်။ အွန်လိုင်းပေါ်…
ခြစ်ခြစ်တောက်အပူဒဏ်မှသက်သာရာရခြင်း
ဗြိတိန်နိုင်ငံ၌နေထိုင်စဉ် နေလောင်မှာကို ကျွန်မ စိုးရိမ်လေ့မရှိ။ ပြောရမည်ဆိုလျှင် ထူထပ်သောတိမ်တိုက်က နေကိုကွယ်ထားခြင်းကြောင့်ဖြစ်သည်။ သို့သော် မကြာမီက စပိန်သို့ ခဏသွားခဲ့စဉ် ကျွန်မ၏ဖြူဖွေးသောအသားအရေမှာ နေရောင်အောက်တွင် ၁၀ မိနစ် ခန့်သာ နေနိုင်ပြီး၊ ထီးအောက်သို့ အမြန်ပြေးဝင်ခဲ့ရသည်။
မြေထဲပင်လယ်ဒေသ၌ နေခြစ်ခြစ်တောက် ပူပြင်း သည့် သဘာဝကို စဉ်းစားရင်း ထာဝရဘုရားသခင်သည် သူ့လူ များ၏လက်ယာဘက်၌ရှိသော သူတို့၏ခိုလှုံရာအရိပ်အဖြစ် ပုံဆောင်ခြင်း၏အဓိပ္ပာယ်ကို ကျွန်မပို၍ နက်နက်နဲနဲနားလည် ခဲ့သည်။ အရှေ့အလယ်ပိုင်း ဒေသခံများသည် ခံစားရသည့် အပူဒဏ်ကိုသိပြီး ပူပြင်းသည့်နေရောင်မှလွတ်မြောက်ရန် ခိုလှုံရာနေရာကို ရှာဖွေရန် လိုအပ်သည်။
၁၂၁ ခု မြောက်သော ဆာလံတွင် ထာဝရဘုရား၏ ပုံရိပ်ကို ခိုလှုံရာအရိပ်အဖြစ် ဆာလံဆရာက ဖော်ကျုးထားသည်။ ၎င်းသည် ထာဝရဘုရား၏ ကောင်းမြတ်ခြင်းနှင့် သစ္စာတရားအကြောင်းကို စိတ်နှလုံး၌ မိမိဘာသာ
တစ်ဦးတည်း အချီအချ အပြန်အလှန်ပြောနေခြင်းဖြစ်ကြောင်း နားလည်နိုင်ပါသည်။ …
မည်သူ သူတို့ကို ပြောပြမည်နည်း
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ပြီး ငြိမ်းချမ်းရေးကို ကြေညာခဲ့သည်။ ဖိလစ်ပိုင်ကျွန်းပေါ်တွင် အခြေစိုက်ထားသည့် ဂျပန်စစ်တပ်မှ လူငယ်တပ်ကြပ် ဟီရူအိုနိုဒါသည် စစ်ကြီး ပြီးဆုံးခဲ့သည်ကို မသိခဲ့ပါ။ သူ့ကို ကြိုးစား၍ ခြေရာခံလိုက်ပြီး စစ်ပွဲပြီးဆုံးကြောင်း အကြောင်းကြားသည့် စာရွက်များကို သူရှိသည့်ကျွန်းပေါ်သို့ လေကြောင်းမှ ကြဲခဲ့သည်။ သို့သော် ၁၉၄၅ ခုနှစ်က ထိုနေရာတွင် ဆက်၍တိုက်ပွဲဝင်ရန် သူလက်ခံရရှိခဲ့သည့် နောက်ဆုံးအမိန့်ကို အိုနိုဒါ သည် နာခံခဲ့ပြီး၊ စစ်ပြီးကြောင်း အကြောင်းကြားစာများသည် ရန်သူ၏လှည့်စားမှုဟု ထင်မြင်ခဲ့သည်။ စစ်ကြီးပြီး၍
နှစ်ပေါင်း ၃၀ နီးပါးမျှအကြာ ၁၉၇၄ ခုနှစ်၊ မတ်လတိုင် သူလက်နက် မချခဲ့ပါ။ သူ၏ယခင် အရာရှိဟောင်းသည် ဂျပန်မှ ဖိလစ်ပိုင်သို့ ရောက်လာပြီး၊ သူ၏ မူလအမိန့်သည် တရားမ၀င်တော့ကြောင်း၊ အိုနိုဒါကို တာဝန်မှ တရားဝင် ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည်။ နောက်ဆုံးတွင်မှ အိုနိုဒါ သည် စစ်ပွဲပြီးဆုံးကြောင်း…
အဖေ့ကို သားချစ်လို့
ကျွန်မခင်ပွန်း အလုပ်ကိစ္စနှင့် ခရီးထွက်ရာမှ အိမ်ပြန်မရောက်မီ တစ်ရက်တွင် သားက “အမေ၊ သားအဖေ့ကို အိမ်ပြန်လာစေချင်ပြီ” ဟုပြောသည်။ အကြောင်းရင်းကို ကျွန်မမေးလိုက်ပြီး၊ ဖခင်ခရီးထွက်ရာမှပြန်လာတိုင်း သူ့အတွက် လက်ဆောင်ယူလာ နေကျဖြစ်၍ လက်ဆောင်အကြောင်းပြောမည်၊ သို့မဟုတ် သူ့ဖခင်နှင့်အတူ ဘောလုံး ကစားချင်၍၊ သတိရနေခြင်းဖြစ်မည်ဟု ကျွန်မ မျှော်လင့် ခဲ့သည်။ သို့သော် သူက “သားအဖေ့ကို ပြန်လာစေချင်တာက အဖေ့ကို သားချစ်လို့လေ!” ဟု လေးနက်စွာ ပြန်ဖြေခဲ့သည်။
သား၏အဖြေက ကျွန်မတို့၏ထာဝရဘုရားသခင်နှင့် သူ၏ပြန်လာမည့် ကတိတော်အကြောင်းကို တွေးမိစေသည်။ (ဗျာ၊ ၂၂း၂၀)၌ “ငါသည် အလျင်အမြန်လာမည်” ဟု ယေရှု မိန့်ကြားခဲ့သည်။ ကိုယ်တော် ပြန်လည်ကြွလာမည့်အချိန်ကို ကျွန်မ တောင့်တမိပါသည်။ သို့သော် အဘယ်ကြောင့် ကိုယ်တော်ကို ကျွန်မ ပြန်လာစေချင်ပါသနည်း။ ကိုယ်တော့်မျက်မှောက်တော်၌ ရောဂါဘယနှင့်သေခြင်းကင်းသောဘ၀ကို ကျွန်မအလိုရှိခြင်းကြောင့်လား။ ခက်ခဲသော လောကကြီးတွင်…
သင့်ကို ဘယ်သူကာကွယ်ပေးနေလဲ
သဒ္ဒါသင်ကြားသည့် အတန်းတွင် ဆရာက သူမကို ရှေ့ခေါ်ပြီး စာကြောင်းတစ်ကြောင်းကို ခွဲခြမ်းစိတ်ဖြာခိုင်းသောအခါ ကက်သလင်း ထိတ်လန့်သွားရသည်။ မကြာမီကမှ ကျောင်းပြောင်းလာသည့် ကျောင်းသူအနေနှင့် ထိုသင်ခန်းစာကို မသင်ခဲ့ဖူးပါ။ တစ်တန်းလုံးက သူမကို ရယ်မောခဲ့ကြသည်။
ချက်ခြင်းပင် ဆရာက “တစ်ပတ်အတွင်းမှာ သူက မင်းတို့အားလုံးထက် အများကြီးသာအောင် ရေးနိုင်မှာ” ဟု သူမဘက်မှ ကာကွယ် ပြောဆိုလိုက်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကက်သလင်းက ကျေးဇူးတင်စိတ်ဖြင့် ထိုအချိန်ကို ပြန်ပြောပြသည်။ “ဆရာပြောသလိုပဲ၊ အကောင်းဆုံး ရေးသားနိုင်ဖို့ အဲ့ဒီနေ့မှာပဲ ကျွန်မအစပြု ခဲ့တာပါ”။ နောက်ဆုံးတွင် ကက်သလင်း ပါကာသည် ပူလဇ်ဇာ စာပေဆုကို ဆွတ်ခူးရရှိခဲ့တော့သည်။
ကက်သလင်း၏ဆရာကဲ့သို့ ခရစ်တော်သည်လည်း အကာအကွယ်မဲ့သူနှင့် အားနည်းသူများကို ကိုယ်စားပြုသူ အဖြစ် သတ်မှတ်ခံရသည်။ တပည့်တော်များက ကလေးများကို သူ့ထံမလာရအောင် တားမြစ်သောအခါ သခင်စိတ်ဆိုးသွားပြီး “သူငယ်တို့ကို ငါ့ထံသို့…
အားတင်းထားပါ
အီမေ ဆိုသူသည် အိမ်ခြေယာမဲ့တစ်ဦးဖြစ်ပြီး တစ်နှစ်ပတ်လုံး တစ်ရက်ပြီးတစ်ရက် မြို့ကို ပတ်၍ ပလက်ဖောင်းပေါ်သို့ ငုံ့ကြည့်သွားလာရင်း ဘ၀ရှင်သန်ခဲ့သည်။ ယခင်က ထိုသို့ အခြေအနေမဲ့ လမ်းပေါ်နေထိုင်သူ မဟုတ်၍၊ သူကိုသိသူများနှင့် အကြည့်ခြင်းဆုံပြီး သူ့ကို မှတ်မိသွားမှာ သူရှက်သည်။ ထို့ပြင် သူ့အာရုံက လမ်းပေါ်ကျခဲ့သော အကြွေစေ့၊ ဆေးလိပ်တိုတို့ကိုသာ ရှာတွေ့ရန် သူတောင့်တသည်။ တစ်ချိန်လုံး အောက်ဘက်သို့ အာရုံစိုက်သည့် အနေအထား က အကျင့်ဖြစ်သွားပြီး၊ သူ့ကျောရိုးများ အံသေကာ ခေါင်းပြန်မတ်ရန် အလွန်အခက်တွေ့ခဲ့ရသည်။
ပရောဖက်ဧလိရှဲ၏ကျွန်သည် မှားသော လားရာဘက် သို့သာ ကြည့်ရှုခဲ့သည်။ သူသည် သူ့သခင်ကို ဖမ်းဆီးရန် ရှုရိရှင်ဘုရင်က စေလွှတ်ခဲ့သော ဧရာမစစ်တပ်ကြီးကြောင့် ကြောက်ရွံ့တုန်လှုပ်ခဲ့သည် (၄ရာ ၆း၁၅)။ သို့သော် သူသည် ရန်သူ၏အန္တရာယ်နှင့်အင်အားကိုသာ မြင်သည်။ ဣသရေလလူတို့ကို ချေမှုန်းရန် ရှုရိဘုရင်စေလွှတ်ခဲ့သည့် အင်အားအလုံးအရင်းထက် သာလွန်အားကြီးသည့်…
သင့်ကို မည်သူစောင့်ကြည့်နေသနည်း
၂၀၁၆ ခုနှစ် အိုလံပစ်ပွဲ ဆင်နွှဲကြမည့် အားကစားသမားများအနေဖြင့် ရီယိုဒီဂျဲနရို မြို့တော်၏ မည်သည့်နေရာသို့သွားသွား သူတို့ သခင်ယေရှုကို တွေ့နိုင်သည်။ ဘရာဇီး နိုင်ငံမြို့တော်၏အထက် အမြင့်ပေ ၂၃၁၀ ရှိသည့် ကော်ကိုဗာဒို တောင်ပေါ်တွင် အမြင့်ပေ ၁၀၀ ရှိသော Cristo Redentor (ခရစ်တော် - ရွေးနှုတ်ကယ်တင်ရှင်) ကျောက်ဆစ်ရုပ်ကြီး တည်ရှိသည်။ လက်နှစ်ဘက်ကို ဆန့်တန်းထားသည့် ဤကြီးမားသည့် ရုပ်တုကို နေ့ရော၊ ညပါ နေရာတိုင်းမှ မြင်နိုင်သည်။
ဤအထင်ကရ ထယ်ဝါတင့်တယ်သော ရုပ်တုကြီးက ကြည့်မြင်သောသူများအား နှစ်သိမ့်မှုပေးသကဲ့သို့ သခင် ယေရှုသည် ကျွန်ုပ်တို့ကို အမှန်ကြည့်နေကြောင်း သစ္စာ တရားက သာ၍ ကြီးစွာသောနှစ်သိမ့်သက်သာရာကို ဖြစ်စေသည်။ ဆာလံ ၃၄ တွင်
ဒါဝိဒ် ဤသို့ ရှင်းပြထားသည်။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏၊ သူတို့အော်ဟစ်သံကိုလည်း…
ခြောက်ပြစ်ကင်း မဟုတ်သော
Jumping Through Fires စာအုပ်၌ ဒေးဗစ်နက်စာ က သူ၏ဝိညာဉ်ရေးရာခရီးအကြောင်း
ကို ပြောပြထားသည်။ ခရစ်တော်နှင့်သူမိတ်သဟာယမဖွဲ့မီက သူသည် ဆယ်ကျော်သက် ခရစ်ယာန်တစ်စုနှင့် သူငယ်ချင်းဖြစ်ခဲ့သည်။ များသောအားဖြင့် သူ့ရောင်းရင်းများက ပေးကမ်းရက်ရောပြီး၊ ချစ်ခင်စရာကောင်းသည်။ အပြစ်မမြင်တတ်သူများဖြစ်သော်လည်း သူတို့ထဲမှတစ်ယောက်သည် သူ့ချစ်သူမိန်းကလေးအား လှည့်စားခဲ့ကြောင်း ဒေးဗစ် သိခဲ့သည်။ သည့်နောက် အပြစ် ရှိကြောင်းခံစားရလျက် ထိုလူငယ်က သူ့အပြစ်ကိုဝန်ချပြီး သူမထံမှ ခွင့်လွှတ်မှု တောင်းခံခဲ့သည်။ ထိုအကြောင်းကို ဆင်ခြင်လျှက် ထိုအဖြစ်အပျက်က သူ့အား သူတို့နှင့်ပို၍ ရင်းနှီးစေသည့်အကြောင်းရင်းဖြစ်ခဲ့သည်ဟု ဒေးဗစ် ရေးသား ခဲ့သည်။ ကျေးဇူးတော်ကို သူလိုအပ်သကဲ့သို့ သူတို့လည်း ကျေးဇူးတော် လိုအပ်ကြောင်း သူသဘောပေါက်ခဲ့သည်။
မိမိနှင့်ခင်မင်ရင်းနှီးသိသူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ ပြောစရာ အပြစ်ဆိုစရာ မရှိသကဲ့သို့ လုပ်ပြစရာ မလိုပါ။ မိမိသည် အမှားများနှင့် ရုန်းကန်နေကြသူဟု ရိုးသားစွာ ၀န်ခံရခြင်းက ပြဿနာမရှိ၊…