အမှုမဲ့ အမှတ်မဲ့ ပြောသောစကား
မကြာသေးမီက ကျွန်မသမီးသည် ဆက်တိုက်အအေးမိပြီးဖျားရာ၊ သူ့ခင်ပွန်းက သူ့ကို အံ့မခန်းဂရုစိုက်ပြုစုသည်ကို တွေ့ရ၍ “တကယ့်အဖိုးတန်လေးကို သမီး ရထားတာပဲ” ဟု ကျွန်မပြောလိုက်သည်။
“ကျွန်မ ရည်စားစထားတော့ အမေ အဲဒီလိုမထင်ဘူးမှတ်လား” ဟု သမီးက ပြုံးစိစိနှင့် ပြောသည်။ အမှန်ပင်။ အိုင်စဲဒါနှင့် ဖိလစ်တို့ စေ့စပ်သောအခါ ကျွန်မစိတ်ပူမိသည်။ သူတို့နှစ်ဦး၏ စရိုက်
သဘောထား၊ အသွင်အပြင်က အတော်လေး ကွာခြားသည်။ ကျွန်မတို့က မိသားစုကြီးပြီး စည်ကားဆူညံသည်။ ဖိလစ်က အေးဆေးတည်ငြိမ်သူဖြစ်သည်။ ကျွန်မ၏စိုးရိမ်စိတ်ကို သမီးဖြစ်သူနှင့် ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးသည်။
လွန်ခဲ့သော ၁၅ နှစ်ခန့်က ကျွန်မ သာမန်ကာလျံကာ ပြောခဲ့သော ဝေဖန်စကားက သမီး၏စိတ်ထဲ ကိန်းအောင်း
နေကြောင်း၊ ယခုလက်ရှိတွင် မှန်ကန်ကောင်းမွန်ပြီး ပျော်ရွှင်ရသည့် ဆက်ဆံရေးကိုပျက်စီးပြိုကွဲသွားစေနိုင်ကြောင်း ကျွန်မအလန့်တကြား သိလိုက်ရသည်။ အခြားသူ များအား ကျွန်မတို့ ပြောသည့်…
ဘုရားသခင်ကို ချီးမြှောက်ဂုဏ်ပြုခြင်း
အသင်းတော်၏၀တ်ပြုခြင်းအစီအစဉ် တစ်ခုပြီးတစ်ခု လုပ်ဆောင်နေသည်။ ၀တ်ပြု စည်းဝေးသို့ လာရောက်သော ဧည့်သည်အချို့လည်းရှိသည်။ ဧည့်သည်တစ်ဦးက ဒေသနာဝေငှသည့် ဆရာ၏တရားဟောချက် တစ်ဝက်တစ်ပျက်၌ ထထွက်သွား၍ ကျွန်တော်က စပ်စုလိုစိတ်၊ ဘာများဖြစ်လို့လဲဟု ပူပန်စိတ်ဖြင့် သူ့ကို သွားစကားပြော လိုက်သည်။
“ထွက်တာစောလှချည်လား၊ ဘာဖြစ်လို့လဲ၊ ကျွန်တော် ဘာကူညီရမလဲဟုမေးလိုက်ရာ သူမကလည်း ဘွင်းဘွင်းကြီးနှင့် တဲ့တိုးပြောချလိုက်သည်။ “ဟုတ်တယ်။ တရားဟောချက်က ပြဿနာလေ။ အခု ဆရာဟောပြော နေတာတွေကို ကျွန်မ လက်မခံဘူး” ဟုဖြေသည်။ ဆရာက
ဘ၀၌ မည်မျှပင် အောင်မြင်ပေါက်ရောက်စေကာမူ ဂုဏ် အသရေနှင့် ချီးမွမ်းခြင်းကို ဘုရားသခင်သာ ခံထိုက်သည်ဟု ဝေငှနေခြင်းဖြစ်သည်။ “အနည်းဆုံးတော့ရှင်၊ ကျွန်မရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်အသရေ အချို့တော့ ခံထိုက်ပါတယ်” ဟု ညည်းသည်။
ဆရာ၏ဆိုလိုရင်းကို ကျွန်တော် သူ့အား ရှင်းပြလိုက်သည်။ လူတို့ပြုသမျှ အမှုအရာအတွက် အသိအမှတ်ပြုခြင်း၊…
သူငယ်များအတွက် သင်ခန်းစာများ
သမီးက သူ့ကျောင်းထမင်းစားဆောင်၌ အခက်တွေ့နေသည့် ပြဿနာတစ်ခုကို ပြောပြသောအခါ ထိုပြဿနာကို မည်သို့ဖြေရှင်းပေးရမည်နည်းဟု ချက်ခြင်းတွေးမိ သည်။ သို့သော် အခြားအတွေး တစ်စ၀င်လာသည်။ ဘုရားသခင်က ထိုပြဿနာအားဖြင့် သူလှုပ်ရှားနေကြောင်း သိစေရန်၊ သူကိုပို၍ အကျွမ်းဝင်သိလာရန် အခွင့်ပေးခြင်း ဖြစ်သည်။ ချက်ခြင်းဖြေရှင်းပေးခြင်းထက် သူနှင့်အတူ ဆုတောင်းရန် ကျွန်မဆုံးဖြတ်ခဲ့သည်။ သို့နှင့် ကျွန်မ ၀င်ရောက် မပတ်သက်ဘဲနှင့် ပြဿနာပြေလည်သွားသည်။
ထိုအခြေအနေ အဖြစ်အပျက်က သမီးလေးအပေါ် ဘုရားသခင်သည် ဂရုစိုက်ကြောင်း သူဆုတောင်းသောအခါ နားညောင်းကြောင်း၊ ဆုတောင်းချက်ကို အဖြေပေးကြောင်း ပြသသည်။ ဤသင်ခန်းစာများကို ဘ၀၏အစ ငယ်ရွယ်စဉ်မှာ ပင်သင်ယူရန် သမ္မာ ကျမ်းစာမှ အထူးပြုဖော်ပြချက်ရှိသည်။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်” (သု ၂၂း၆)။ သခင်ယေရှုနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ကလေးသူငယ်များ သိကျွမ်းအောင် ကျွန်မတို့…
အကျဉ်းကျခံရသူ မဟုတ်တော့ပါ
အလုပ်ခွင်တစ်ခု၌ ဆွေးနွေးပွဲတစ်ခုကို ဦးဆောင်ကျင်းပခဲ့ပြီးနောက် သက်လတ်ပိုင်း အရွယ် လူတစ်ဦးက ကျွန်တော့်ထံလာပြီး အောက်ပါမေးခွန်းကိုမေးသည်။ “ကျွန်တော့် တစ်ဘ၀လုံး ကျွန်တော် ခရစ်ယာန်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အမြဲပဲ စိတ်ပျက်မိတယ်။ ကိုယ်မလုပ်ချင်တဲ့အရာတွေကို ဘာလို့အမြဲလုပ်မိတာလဲ။ လုပ်သင့်တဲ့ အရာကိုကျတော့ ဘာလို့မလုပ်မိတာလဲ။ ဘုရားသခင် ကျွန်တော့်ကို စိတ်မပျက်ဘူးလား။” အနီးရှိ လူနှစ်ဦးကလည်း အဖြေကိုသိချင်စိတ်ဖြင့် နားထောင်နေပုံရသည်။
၎င်းသည် ရှင်ပေါလုပင်လျှင် ခံစားရသည့် သာမန် ရုန်းကန်ရမှုသာ ဖြစ်သည်။ “ငါသည် ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သောအကျင့်ကို မကျင့်၊
ရွံရှာသော အကျင့်ကိုကျင့်၏” (ရော ၇း၁၅) ဟု ရှင်ပေါလု
ဆိုသည်။ သို့သော် သတင်းကောင်း ရှိပါသည်။ စိတ်ပျက် အားလျော့ခြင်း ထောင်ချောက်၌ ကျွန်ုပ်တို့ပိတ်မိနေစရာ အကြောင်း မရှိပါ။ ရောမ ၈ ၌ ရှင်ပေါလု…
အိမ်အပြန် ကြိုဆိုပါသည်
ကျွန်တော်တို့သားနှင့် ပတ်သက်၍ ခက်ခဲသောအချိန်ကာလကို ဖြတ်ကျော်နေရစဉ်
အသင်းတော်၏ ၀တ်ပြုစည်းဝေးကြီးအပြီး၌ ကျွန်တော့်မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို
အပြင်သို့ခေါ်ထုတ်ပြီး စကားပြောသည်။ “မင်းနဲ့ မင်းရဲ့သားအတွက် ငါနေ့တိုင်း ဆုတောင်း
ပေးနေတယ်ဆိုတာ သိစေချင်တယ်” ဟု ပြောပြီး “ဒါပေမယ့် ငါအပြစ်ရှိသလို ခံစား ရတယ်” ဟုဆက်ပြောသဖြင့် “ဘာဖြစ်လို့လဲ” ဟု မေးရာ၊ “အဲဒီလို သားသမီးတွေ မလိမ္မာတာမျိုး ငါမကြုံဖူးဘူး။ ငါ့ ကလေးတွေက စည်းကမ်းနာခံတယ်။ ဒါဟာ ငါက ဒီလိုလုပ်၊ ဟိုလို မလုပ်နဲ့လို့ ကြပ်မတ်တာနဲ့ မဆိုင်ဘူး။ ကလေးတွေက သူတို့ဘာသာ ရွေးချယ်ကြတာလေ” ဟု ပြောပြသည်။
သူ့ကို ပွေ့ဖက်နှစ်သိမ့်လိုက်ချင်သည်။ သူ့ကရုဏာ
စာနာစိတ်က ဘုရားပေးသည့်ကျေးဇူးဖြစ်ပြီး ကျွန်တော့် သားနှင့်ပတ်သက်၍ ရုန်းကန်ရသမျှ အဘဘုရားက နားလည်ကြောင်း ဆက်သွယ်ပြောကြားကာ သတိပေးသည်။
နာခံမှုမရှိသည့် ပျောက်သောသားများနှင့် ပတ်သက်၍…
အမှန်အကန်ပုဂ္ဂိုလ်၊ အမှန်အကန်ဘုရား
လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်ုပ်၏မိသားစုကြုံတွေ့ရသော ၀မ်းနည်းဖွယ်ဖြစ်ရပ်ကို
နေ့စဉ်ခွန်အားစာစောင်တွင် ရေးသားပြီးနောက်တွင် နေ့စဉ်ခွန်အား စာဖတ်ပရိသတ် တစ်ဦးထံမှ စာတစ်စောင်လက်ခံရရှိခဲ့သည်။ “ခင်ဗျားရဲ့ ၀မ်းနည်းစရာအဖြစ်ကို ပြောပြ တော့မှ စာရေးဆရာတွေဟာ ပြဿနာစစ်စစ်ကို တကယ်ကြုံရတဲ့ လူတွေဖြစ်တယ် ဆိုတာ ကျွန်တော် သိလိုက်ရတယ်” ဟူ၍ ရေးသားထားသည်။ မှန်လိုက်လေခြင်း၊ နေ့စဉ်ခွန်အားအတွက် စာမူရေးသား ပေးသူ အမျိုးသား၊ အမျိုးသမီးများကိုကြည့်လျှင် ကင်ဆာ ဝေဒနာ ခံစားရသူ၊ သားသမီးများက ပြောမရဆိုမရ၊ မပြည့်ဝခဲ့သောအိမ်မက်နှင့် အခြားအခြားသော ဆုံးရှုံးမှုတို့ ကြုံရသူများဖြစ်ကြောင်း ကျွန်ုပ်တွေ့ရသည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပြဿနာစစ်ကို သိနားလည်သော၊ တကယ့်ဘုရားစစ်စစ် အကြောင်း ရေးသားသည့် သာမန်လူသားစစ်စစ် ဖြစ်ကြပါသည်။
တကယ့် လူအစစ်အဖြစ် နာမည်ကျော်သူများစာရင်းတွင် တမန်တော် ရှင်ပေါလု လည်း ပါဝင်သည်။ သူ၌ ရုပ်ပိုင်းအားနည်းချို့ယွင်းချက်ရှိသည်။ တရားရေး အမှုအခင်း နှင့်လည်း…
မင်းအရင်
တိဘက်ဖွား Sherpa Nawang Gombu နှင့် အမေရိကန်နိုင်ငံသား ဂျင်းမ် ၀တ်တိတ်ခါ တို့သည် ၁၉၆၃ ခု မေ ၁ရက်နေ့တွင် ဧ၀ရတ်တောင်ထိပ်သို့ ရောက်ရှိ ခဲ့သည်။ တောင်ထိပ်နှင့်နီးလာစဉ် နှစ်ဦးလုံးက ဧ၀ရတ်တောင်ထွတ်သို့ ပထမဦးဆုံး ခြေချနိုင်သူအဖြစ် ဂုဏ်ပြုခံရန် တွေးမိကြသည်။ ၀တ်တိတ်ခါက ဂွမ်ဘူကို ရှေ့ဆက် သွားရန် မျက်ရိပ်ပြလိုက်သော်လည်း ဂွမ်ဘူက အပြုံးနှင့် ငြင်းလိုက်ပြီး “မင်းအရင်တက်လိုက် ဂျင်းမ်ကြီးရာ” ဟု ပြောသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသား တောင်ထိပ်သို့ တပြိုင်နက် လှမ်းတက်လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤသို့သောနှိမ့်ချမှုမျိုးကို ဖော်ပြကြရန် ရှင်ပေါလုက ဖိလိပ္ပိရှိ ယုံကြည်သူများအား တိုက်တွန်းအားပေးခဲ့သည်။ “ကိုယ်အမှုအရာကို သာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့” ဟု ပြောကြားခဲ့သည် (ဖိ ၂း၎)။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဘ၀င်မြင့်ခြင်းက လူများကို ကွဲပြားစေ၏။…
ပြန်လည်သင့်မြတ်စေသူ
၁၉၅၇ ခုနှစ် တနင်္ဂနွေနေ့ တစ်မနက်၌ ဒေါက်တာမာတင်လူသာကင်းဂျူနီယာသည် တရားဒေသနာဝေငှရင်း လူမျိုးခွဲခြားရေးဝါဒ အရိုးစွဲနေသည့် လူ့အဖွဲ့အစည်းကို လက်တုံ့ပြန် ကလဲ့စားချေရန် သွေးဆောင်ခံရမှုကို တွန်းလှန်ခဲ့သည်။
“ရန်သူကို ဘယ်လိုချစ်ကြမလဲ၊ ကိုယ်ကိုယ်တိုင်က စရမယ်...ကိုယ့်ရန်သူကို အနိုင်ယူလိုက်ဖို့ အခွင့်ရလာတဲ့အချိန်မှာ အနိုင်မယူလိုက် ဖို့က ကျုပ်တို့လုပ်ရမယ့်အရာပဲဖြစ်တယ်” ဟု အယ်လ်ဘားမား
ပြည်နယ်၊ မွန်ဂိုမာရီ ရှိ ဒက်စကာ ရိပ်သာ နှစ်ခြင်းအသင်းတော် ၌ ၀တ်ပြုစည်းဝေး ပရိတ်သတ်များကို ပြောကြားခဲ့သည်။
သခင်ယေရှု၏စကားကို ကိုးကားပြီး သူက “သင်တို့ သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သား ဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို
ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက် ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့” (မ ၅း၄၄-၄၅) ဟုဟောကြားခဲ့သည်။
မိမိကို…
ကောင်းကင်နိုင်ငံ၏ အရိပ်အမြွက်
ကျွန်ုပ်တို့ဘုရားကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ကမ္ဘာ့အဆင့်မီ ရုက္ခဗေဒပန်းဥယျာဉ်မှာ အသင်းသူ၊ အသင်းသားများ စုဝေးရာနေရာဖြစ်သည်။ ဥယျာဉ်အတွင်း လမ်းပတ် လျှောက်ရင်း
နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သည့် အသိအကျွမ်းများကို နှုတ်ဆက်ရ၊ ဤအတောအတွင်း မမြင်ရသူများကိုလည်း ပြန်တွေ့ရ၊ သစ်ပင်အကြောင်းသိကျွမ်းပြီး သစ်ပင်ချစ်သူများက ပြုစုစောင့်ရှောက်ထားသော သာယာလှပသော ပတ်ဝန်းကျင်ကို
ကြည်နူးခံစားရသည်။ ထိုညနေခင်းသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံ၏ အရိပ်အမြွက်လေးအဖြစ် အသင်းတော် သည် မည်ကဲ့သို့ သက်ဝင်လှုပ်ရှားရမည်ကို ပြညွှန်နေသည့် လက္ခဏာများနှင့် ပြည့်နှက်နေကြောင်း ကျွန်ုပ်သိလိုက်ရသည်။ ဥယျာဉ်ဆိုသည်မှာ သစ်ပင်တစ်ပင်ချင်းစီ ကြီးထွားရှင်သန် နိုင်မည့် ပတ်ဝန်းကျင်၌ သစ်ပင်များကို ထားရှိသည့်နေရာပင် ဖြစ်သည်။ ဥယျာဉ်မှူးများက မြေလွှာကို ပြုပြင်ခြင်း၊ အပင်များ ပိုးမကျအောင် ကာကွယ်ခြင်း၊ အပင်တိုင်း လိုအပ်သော အစာ၊ ရေနှင့် နေရောင်ခြည်တို့ သေသေချာချာရရှိနိုင်အောင် လုပ်ဆောင် ပေးရသည်။ ရလဒ်ကား လူကို စိတ်ကြည်နူး…
လိုလားသော ကြီးထွားတိုးတက်မှု
Axolott (အက်စပ်လားထါဟု အသံထွက်သည်) ဆိုသည့်သတ္တ၀ါလေးမှာ သက်ရှိ ဇီဝဗေဒ နှင့်ဆိုင်သော အဖြေမရှိသည့် ပုစ္ဆာတစ်ပုဒ်ဖြစ်သည်။ ဤမျိုးတုံးလုနီးပါးဖြစ်သော မက္ကဆီကန် ကုန်းနေရေနေ သတ္တ၀ါလေးသည် ကြီးထွားအရွယ်ရောက်လာရမည့်အစား ဖားလောင်း အရွယ်လောက်နှင့်သာ ဘ၀တစ်လျှောက်လုံးရှိနေသည်။ စာရေးဆရာများ၊ တွေးခေါ်ပညာရှင်များက ကြီးထွားရန် စိုးကြောက်နေသူများ အား ဖော်ပြရာ၌ ထိုသတ္တ၀ါကို ညွှန်းဆိုအသုံးပြုကြသည်။
ဟေဗြဲ ၅ ၌ ကျန်းကျန်းမာမာ မကြီးထွားလိုသော ယုံကြည်သူအသစ်များအတွက် ရည်ရွယ်ထားသော “နို့”
နှင့်သာ တင်းတိမ်ကျေနပ်နေသူ ခရစ်ယာန်များအကြောင်း လေ့လာရသည်။ ညှင်းပန်းနှိပ်စက်ခံရမည်ကို စိုးကြောက်ခြင်း ကြောင့် ဖြစ်ကောင်းဖြစ်မည်။ ခရစ်တော်အပေါ် သစ္စာရှိခြင်း အမှု၌ သူတို့ ရင့်ကျက်လာခြင်း မရှိပါ (း၇-၁၀)။ ထိုသို့ ရင့်ကျက်လာလျှင် တစ်ပါးသူအတွက် ခရစ်တော်နှင့်အတူ ဒုက္ခခံနိုင်အောင် ကြံ့ခိုင်လာလိမ့်မည်။ မကြီးထွားသည့်အပြင် သူတို့ယခင်ကပြသခဲ့သော ခရစ်တော်နှင့် တူသောစိတ်ထားများပင် လျော့ပါးပျောက်ကွယ်မည့် အန္တရာယ်ရှိနေသည်…