အမျိုးအစား  |  odb

တည်မြဲသော ဘုရားရှင်၏စကားတော်

ဒုတိယ ကမ္ဘာစစ်ကြီးအစတွင် လေကြောင်းဗုံးကြဲတိုကိခိုက်မှုဒဏ်ကြောင့် ပိုလန်နိုင်ငံရှိ ၀ါဆောမြို့ ပြားပြားဝပ်သွားသည်။ မြို့တော်တစ်ဝန်းတွင် အင်္ဂတေအဆောက်အအုံများ၊ အကျိုးအပဲ့များ၊ မှန်ကွဲစများက ပြန့်ကြဲနေသည်။ သို့သော် မြို့လယ်ခေါင်တွင် အဆောက်အအုံပျက်ကြီးတစ်ခုက ထီးထီးတည်ရှိနေသည်။ ၎င်းမှာ ဗြိတိသျှတို့၏ပိုလန် ဌာနချုပ်နှင့် နိုင်ငံခြားအခြေစိုက် ကျမ်းစာအသင်းတိုက်ပင် ဖြစ်သည်။ အဆောက်အအုံပျက်၏နံရံထက်၌ အောက်ပါစာသား များကို တွေ့ရဆဲဖြစ်သည်။ “ကောင်းကင်နှင့်မြေကြီး မတည် သော်လည်း ငါ့စကားတည်လိမ့်မည်” (မ ၂၄း၃၅)။
တပည့်တော်များက `ကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်´ (း၃)နှင့် စပ်လျဉ်း၍ မေးမြန်းသောအခါ အထက်ပါကျမ်းပိုဒ်ကို သခင်ယေရှုမိန့်ကြားလျက် တပည့်တော်များကို အားပေးခဲ့သည်။ သခင်၏စကားက မျက်မှောက်ခေတ် ရုန်းရင်းခတ်မှုများကြား ရှင်သန်နေရသော ကျွန်ုပ်တို့ အတွက်လည်း အားပေးစကားဖြစ်သည်။ ပြိုပျက် ပျက်စီးသည့် အိမ်မက်များကြားရပ်လျက် မပျက်စီးနိုင်သော ဘုရားသခင်၏ သဘောတော်၊ အချုပ်အခြာအာဏာတော်နှင့် ကတိတော် အပေါ်စိတ်ချမှုကို ကျွန်ုပ်တို့တွေ့ရှိနိုင်သည်။
ဆာလံဆရာက “အိုထာဝရဘုရား၊…

သယ်ယူပို့ဆောင်ပေးသည့် ၀ိညာဉ်တော်

အိုင်ယာလန်နိုင်ငံရှိ မြို့များစွာတွင် အိမ်နံပါတ်များ၊ စာပို့သင်္ကေတအမှတ်များကို အသုံးပြုလေ့ မရှိပါ။ ထို့ကြောင့် မြို့ထဲ၌ `ပက်ထရစ် မာဖီစ်´ ဆိုသူ သုံးဦးရှိနေလျှင် အရင်ရှိနှင့်နေထိုင်သူ နှစ်ဦးထံ စာအရင်ရောက်မည်။ ပြီးမှ နောက်ဆုံးမှ လာရောက်အခြေချသူထံ ရောက်ရှိမည်။ စာကို၎င်းတို့ သေချာစွာစစ်ဆေးကြည့်ပြီးမှ “ကျုပ်စာမဟုတ်ဘူးထင်တယ်” ဤသို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရောက်လာသည်ဟု တတိယ ပက်ထရစ် မာဖီ က ဆိုသည်။ ဤစာပို့စနစ်ကို အဆုံးသတ်ရန် အိုင်းရစ်အစိုးရ အနေဖြင့် မှန်ကန် ကောင်းမွန်သည့် စာဖြန့်ဝေခြင်းစနစ်  ဖြစ်လာ အောင် မကြာမီက စာပို့သင်္ကေတအမှတ် ဖော်ပြသည့်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။
တစ်ခါတစ်ရံဆုတောင်းရာ၌လည်း ကျွန်ုပ်တို့စိတ်နှလုံးရှိ အရာကို ဘုရားသခင်ထံ ရောက်အောင် မစပေးမှု လိုအပ်သည်ဟု ခံစားကောင်းခံစားရမည်။ ဘယ်စကားလုံးရွေးချယ်ပြောရမှန်း၊ မိမိ စိတ်အလိုများကို မည်သို့ဖော်ပြရမှန်းမသိ ဖြစ်ကောင်းဖြစ်မည်။ ရောမသြ၀ါဒစာ အခန်းကြီး ၈ တွင်…

ယေရှုသည် မျက်ရည်ကျတော်မူ၏

ကျွန်မက စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်ရှုနေ၍ ကျွန်မသူငယ်ချင်းက `ဘာဖတ်နေတာလဲ´ဟု ခါးကိုင်းကာ စူးစမ်းသည်။ ပြီးနောက် ချက်ချင်းဆိုသလို ကျွန်မကို အထိတ်တလန့်ကြည့်ကာ “အမလေး စိတ်ပျက်စရာကြီး” ဟု ဆိုသည်။
ကျွန်မက “ဂရင်းနတ်သမီးပုံပြင်” စာအုပ်မှ “မှန်ခေါင်းတလား” ဟူသည့် ဇာတ်လမ်း ကို ဖတ်နေခြင်းဖြစ်ပြီး သူက `ခေါင်းတလား´ ဟူသည့် စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွား သည်။
လူသား၏မတည်မြဲခြင်းသဘောကို သတိပေးလာမှုကို ကျွန်မတို့ သဘောမကျပါ။ သို့သော် လူတစ်ထောင်တွင် တစ်ထောင်လုံး သေဆုံးရမည်ဟူသည်ကား အမှန်တရားပါ။        သေခြင်းတရားသည် နက်နဲသောတုံ့ပြန်မှုကို ဖြစ်ပေါ် စေသည်။ သခင်ယေရှုသည် သူနှင့်အလွန်းရင်းနှီးသည့် မိတ်ဆွေတစ်ဦး၏ဈာပနတွင် ပြင်းထန်သော ခံစားချက်ကို ဖော်ပြခဲ့သည်။ မကြာမီကမှ မာရိ၏မောင်သေဆုံးသွားရာ၊ မာရိကိုတွေ့သော် သခင်ယေရှုသည် `အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ´ကြောင်း (ယော ၁၁း၃၃)၊ အခြားသော ဘာသာ…

ဘုရားသခင်၏ နည်းလမ်း

ကျွန်မတို့အားလုံး ဘုရားသခင်၏အသံတော်ကို ကြားရန်လိုသည်။ လွန်ခဲ့သော ၃ လ ခန့်က ကလေး ၂ ဦးကို စောင့်ရှောက်ပေးရန် အရေးပေါ် တောင်းဆိုလာခြင်းကြောင့် ၎င်းတို့၏အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရန် စဉ်းစားရတော့သည်။ ကျွန်မတို့၌ ကလေး ၃ ယောက် ရှိပြီးသားဖြစ်ပြီး၊ နောက်ထပ် မူကြိုအရွယ် ကလေး ၂ ဦးကို မွေးစားရန်မှာ ကျွန်မတို့၏ မူလအစီအစဉ်နှင့်မကိုက်၊  လူဦးရေ
တိုးလာမည့်ကိစ္စဖြစ်၍ မလွယ်ပါ။ သို့နှင့် ကျွန်မတို့ နေ့စဉ် ဖတ်ရှုသည့် သာသနာပြုသူရဲကောင်း အေမီ ကာမိုက်ကယ် ရေးသားသည့် စာအုပ်တွင် ကျွန်မတို့ အကျွမ်းတ၀င် မရှိသည့် တောလည်ရာကျမ်း အခန်းကြီး ၇ မှ ကျမ်းပိုဒ်အချို့ကို တွေ့ရှိခဲ့သည်။
“ကောဟပ်သားတို့ မည်သို့ခံစားရမည်နည်း။ အခြား
ယဇ်ပုရောဟိတ်အားလုံးက တဲတော်နှင့် တဲတော်တန်ဆာ များကို သယ်ဆောင်ရန် ရထားနှင့်နွားလှည်းများ ရရှိကြသည်။…

အလှများခြယ်မှုန်းသောဘုရား

Nezahualcoyotl (1402-1472) ဟူသည့်အမည်က အသံထွက်ရန်ခက်လှပါဘိ။ သို့သော် ၎င်းအမည်က ထူးခြားသည်။ ၎င်း၏အဓိပ္ပာယ်မှာ “ဆာလောင်နေသော ၀ံပုလွေ” ဖြစ်ပြီး ထိုပုဂ္ဂိုလ်ရေးသားခဲ့သောစာများက ၀ိညာဉ်ရေးရာဆာငတ်မှုကို ဖော်ပြနေသည်။ သူသည် မက္ကဆီကိုနိုင်ငံသို့ ဥရောပတိုက်သားများမရောက်ရှိမီက ကဗျာဆရာနှင့် အုပ်ချုပ်သူ မင်းတစ်ပါးဖြစ်သည်။ “ကျွန်ုပ်ကိုးကွယ်သည့် ဘုရားများမှာ စကားမပြော မခံစားတတ်သည့် ကျောက်ရုပ်တု များပေ၊ ... တန်ခိုးကြီးသော၊ ၀ှက်ထားလျက်ရှိသော၊ မသိ သေးသောဘုရားမူကား ဤစကြ၀ဠာ ကမ္ဘာတစ်ခွင်လုံး၏ ဖန်ဆင်းရှင်တည်း။ ထိုဘုရားသခင်တစ်ပါးတည်းသာလျှင် ဆင်းရဲခံရစဉ် အကျွန်ုပ်ကို နှစ်သိမ့်ပေးနိုင်၏။ ခံစားရသည့် သောကဗျာပါဒများတွင် မစမူ၏။ ကျွန်ုပ်ကိုမစမည့်သူ၊ ကွယ်ကာမည့်သူအဖြစ် ကိုယ်တော်အား လိုပါ၏”ဟု ရေးသား
ခဲ့သည်။
အသက်ကို ပေးပိုင်ရှင် ထာဝရဘုရားနှင့် Nezahualcoyotl တွေ့သွားလား၊ မတွေ့လား၊ ကျွန်မတို့ မသိပါ။ သို့သော် သူအုပ်ချုပ်စိုးစံသည့် ကာလအတွင်း “အလှတရားများ ခြယ်မှုန်းပေးသည့်ဘုရား”…

သမားရိုးကျအစဉ်အလာ မဟုတ်သော နည်းဗျူဟာ

၁၉၈၀ ခုနှစ် ဘော့စတွန် မာရသွန်ပြိုင်ပွဲကျင်းပနေစဉ် အမျိုးသမီးတစ်ဦးသည် ပြေးလမ်းပေါ်သို့ လမ်းခုလတ်မှ ၀င်ပြေးခဲ့သည်။ အကြောင်းပြချက် အထွေအထူးမရှိပါ။ မာရသွန်ပြေးပွဲ ၀င်ပြေးချင်သောကြောင့်ဖြစ်သည်။ မျက်မြင်သက်သေများ၏အဆိုအရ ထိုအမျိုးသမီးသည် ပန်းတိုင်မရောက်မီ တစ်မိုင်ခန့်အလိုတွင် ၀င်ပြေးခဲ့ခြင်းဖြစ်ပြီး အခြားပြိုင်ပွဲဝင် အမျိုးသမီးများ၏ ရှေ့ဆုံးမှ ပန်းဝင်ခဲ့သည်။ သူမအနေနှင့် ဘာမှမပင်ပန်း၊ ချွေးပင် မစို့ခဲ့ပါ။ တစ်ခဏတော့ သူမအား အနိုင်ရသူပမာ  ထင်ရသည်။
ရှေးပဝေသဏီက တိုက်ပွဲတစ်ခု၌ ရှုံးနိမ့်နေသူ များသည် ဂုဏ်အသရေနှင့် အောင်ပွဲခံနိုင်မည့် နည်းလမ်းကို တွေ့ရှိခဲ့သည်။ “ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း
စစ်ချီလာကြောင်း” ဆက်သားက သတင်းပို့လာသောအခါ
ယောရှဖတ်မင်း ကြောက်သွားသည် (၆ရာ ၂၀း၂-၃)။ သို့သော်
သူသည် စစ်ရေးစစ်ရာ နည်းဗျူဟာများကို ဦးစားမပေးဘဲ ဘုရားသခင်ထံတော်သို့ တိုးဝင်ခဲ့သည်။ ဘုရားသခင်၏ အစိုးပိုင်သောအာဏာတော်ကို ၀န်ခံသိမှတ်လျက် သူကြောက်ကြောင်း၊ စိတ်ရှုတ်ထွေးရကြောင်း ၀န်ခံခဲ့သည်။…

ပုတ်သင်ညို

ပုတ်သင်ညိုဟုပြောလိုက်လျှင် ၎င်း၏ပတ်ဝန်းကျင်ကိုလိုက်၍ အရောင်ပြောင်း နိုင်စွမ်းရှိခြင်းကိုပါ တွေးမိမည်။ ထို့ပြင် ဤသတ္တ၀ါလေး၌ အခြားစိတ်ဝင်စားစရာ လက္ခဏာ ရှိသေးသည်။ ပုတ်သင်တစ်ကောင် လမ်းလျှောက်ပုံကို ကျွန်တော် မကြာမကြာ စောင့်ကြည့်ဖူးပြီး၊ ၎င်းသွားလိုရာသို့ ဘယ်တော့မှ ရောက်မလဲဟု တွေးမိ သည်။ ပုတ်သင်သည် ခြေတစ်ဖက် လှမ်းမည်ပြုပြီးမှ စိတ်ပြောင်းသွားသည့်ပမာ တန့်သွားသည်။ ပြီးမှ တစ်ဖန်
ခြေကြွပြီး မြေပြိုမှာစိုးသည့်အလား သေချာစွာ ဖြည်းဖြည်းချင်း
ခြေချသည်။
`အင်း ... ဒီနေ့ ဘုရားကျောင်းသွားမယ်။ သြော် ... နေဦး၊ ... နောက်တစ်ပတ်မှသွားမယ်။  အဲ ... မဟုတ်သေးဘူး
ခဏစောင့်ဦး၊ “နောက်မှ” ... ဘုရားကျောင်းသွားဖို့အရေး အဲဒီလို ဆင်ခြေပေးတတ်တဲ့ ပုတ်သင်ညိုလို လူစားမျိုး မဖြစ်ပါစေနဲ့ကွယ်´ ဟု ပြောသံကြားရသောအခါ ကျွန်တော် မရယ်ဘဲမနေနိုင်ပါ။
ယေရုရှလင်ရှိ ဘုရားသခင်၏အိမ်တော်သည် ဒါဝိဒ်မင်းကြီးဝတ်ပြုကိုးကွယ်ရာ…

ကိုယ်တော်၏ မျက်ဆန်တော်

ကျွန်မသူငယ်ချင်း၏သမီးလေးမှာ လေသင်တုန်းဖြတ်သွားသဖြင့် အရေးပေါ် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ အပြေးသွားခဲ့ကြသည်။ သူ့သမီးအတွက်ဆုတောင်းရင်း ရင်တမမဖြစ်ရသည်။ ထိုအခိုက်အတန့်တွင် သမီးလေး၏လက်ချောင်းသေးသေးလေးကို ဆုပ်ကိုင်ရင်း သမီးကို အလွန်ချစ်သည့်စိတ်မှတစ်ဆင့် ဘုရားသခင် ကျွန်မတို့ကို အဘယ်မျှလောက်ချစ်တော်မူကြောင်း၊ ကျွန်မတို့သည် ကိုယ်တော်၏ `မျက်ဆန်တော်´ ဖြစ်ကြောင်းကို ထိုသူငယ်ချင်း   အသစ်တစ်ဖန် ခံစားလိုက်ရသည်။
ဗာဗုလုန်၌ ကျွန်ခံရပြီးနောက် ယေရုရှလင်သို့ ပြန်ရောက်လာသည့် ဘုရားလူများအား မိန့်ကြားရာ၌ ပရောဖက် ဇာခရိက အထက်ပါစကားလုံးကို သုံးခဲ့သည်။ ၎င်းတို့အား နောင်တရရန်၊ ဗိမာန်တော်ကို ပြန်တည်ရန်၊ ဘုရားအပေါ် ၎င်းတို့၏ချစ်ခြင်းစိတ်ကို အသစ်တစ်ဖန် အားသစ်လောင်းရန် နှိုးဆော်သည်။ ဘုရားသခင်သည် သူ့လူမျိုးတော်ကို အလွန် ချစ်သည်။ လူမျိုးတော်သည် ကိုယ်တော်၏မျက်ဆန်တော် အသည်းကြော် ဖြစ်သည်။
ဟေဗြဲကျမ်းပညာရှင်ပုဂ္ဂိုလ်များက ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၂ မှ ဤအချက်သည် အခြားသူ၏မျက်ဝန်းသူငယ်အိမ် ၀ိုင်းဝိုင်း၌ ထင်နေသည့် လူတစ်ဦးဦး၏ပုံရိပ်ကို…

ကြီးမြတ်သော စွန့်လွှတ်ခြင်း

၂၀ ရာစုခေတ်ဦးပိုင်း၌ အင်္ဂလိပ်လူမျိုး ဂျာနယ်လစ် ဒဗလျူ တီ စတက်ဒ် သည် ဆန်းသစ်သော အတွေးအမြင်ဖြင့် လူမှုရေး ပြဿနာများကို ဖော်ထုတ် ရေးသားသူ အဖြစ် ထင်ရှားခဲ့သည်။ သူထုတ်ဝေဖြန့်ချိခဲ့သည့် ဆောင်းပါးနှစ်ပုဒ်တွင် ခရီးသည်များအတွက် အသက်ကယ်လှေ လုံလောက်စွာမရှိဘဲ သင်္ဘောများ ခုတ်မောင်းသွားလာနေခြင်း၏အန္တရာယ်ကို မီးမောင်းထိုးရေးသားခဲ့သည်။ ဖြစ်ချင်တော့ သူသည် ၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက်က ရေခဲတုံးနှင့် တိုက်မိပြီး မြောက်အတ္တလန်တိတ်သမုဒ္ဒရာ၌ နစ်မြုပ်သွား
သည့် တိုင်တဲန်းနစ်သင်္ဘောနှင့် ပါသွားသည်။ အစီရင်ခံစာ
တစ်စောင်အရ စတက်ဒ်သည် အမျိုးသမီးနှင့်ကလေးများအား အသက်ကယ်လှေပေါ်ရောက်အောင် ကူညီပေးပြီး နောက်ဆုံး
သူ၏အသက်ကယ်အင်္ကျီနှင့် အသက်ကယ်လှေပေါ်မှ သူ့နေရာကို ပေးလိုက်ကာ အခြားသူအတွက် သူ့အသက်ကို စတေးခဲ့သည်။
ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း သဘောက စိတ်ကို လှုပ်ရှား စေသည်။ ထိုအချက်ကို ခရစ်တော်၏စံနမူနာထက် အခြားမည်သည့်…

ဤနေ့ရက်သည်

၁၉၄၀ ခုနှစ်တွင် ဒေါက်တာ ဗာဂျီးနီးယား ကော်နယ်လီသည် ဆန့်ကျင်မှုနှင့် ဝေဖန်မှု များကို ရင်ဆိုင်လျက် တက္ကဆက် ပြည်နယ် အဘီလင်မြို့၌ ပထမဆုံး အမျိုးသမီး ဆရာဝန် ဖြစ်လာသည်။ ၂၀၁၂ ခုနှစ်က သူမ၏နှစ် ၁၀၀ ပြည့်မွေးနေ့မတိုင်မီ လပိုင်း အလိုတွင် တက္ကဆက်ဆေးပညာအသင်းမှ သူ့အား တက္ကဆက်၏ အမြင့်ဆုံးသော ဆေးပညာဆိုင်ရာ စွမ်းဆောင်ရှင် ဆရာဝန်ဆုကို ချီးမြှင့်ခဲ့ သည်။ ထိုမှတ်တိုင်နှစ်ခု ကြားကာလတွင် ဒေါက်တာ ကော်နယ်လီသည် နယ်လှည့်ဆေးကုသည့် သာသနာခရီးစဉ် များစွာမှတစ်ဆင့် ဧ၀ံဂေလိသတင်းကောင်းကို ဝေမျှရန် စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်း မှာပင် သူသည် ဘုရားသခင်နှင့် လူကို အစေခံသည့် အသက်တာဖြင့် တစ်ရက်တာ တစ်ရက်စာ ဘ၀ရှင်သန် ခဲ့သည်။
သူ၏သင်းအုပ်ဆရာ ဖီလ်ခရစ္စတိုဖာက “ကော်နယ်လီ အတွက် နေ့ရက်တိုင်းဟာ ဆုလာဘ်ပါပဲ။”…