ရေခဲပန်း
အသက်(၁၅)နှစ်အရွယ် ၀ီဆန်ဘန့်လေးသည် အံ့မခန်းလှပသော နှင်းပွင့်လွှာ၏ ဖမ်းစားမှုကို ခံစားလျက် သူ့အမေပေးသည့် မိုက်ခရိုစကုပ် မှန်ဘီလူးဟောင်းဖြင့်
နှင်းပွင့်လွှာများ၏ဒီဇိုင်းအမျိုးမျိုးကို ရာနှင့်ချီ၍ ပုံကြမ်းရေးဆွဲခဲ့သည်။ သို့ငြားလည်း နှင်းပွင့်လွှာများမှာ ၎င်းတို့၏အလှအသေးစိတ်ကို မြင်ရုံမြင်ရပြီး လျင်မြန်စွာ အရည်ပျော်
သွားသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ၁၈၈၅ ခုနှစ် တွင် ဘန့်လေးသည် အကြံတစ်ခုရခဲ့ပြီး မှန်ဘီလူး၌ ကင်မရာ
တပ်ဆင်ပြီး အကြိမ်ကြိမ်စမ်းသပ်၊ အကြိမ်ကြိမ် အမှားအယွင်း
ဖြစ်ခဲ့ပြီးနောက်တွင် ပထမဆုံး နှင်းပွင့်လွှာ ပုံရိပ်အစစ်အမှန်ကို ရရှိခဲ့တော့သည်။ သူ့ဘ၀ တစ်လျှောက်လုံး၌ ဘန့်လေးသည် နှင်းပွင့်လွှာ ဓာတ်ပုံပေါင်း ၅၀၀၀ ကျော် ရိုက်ယူနိုင်ခဲ့ပြီး ပုံတစ်ခုချင်းစီ၏ဒီဇိုင်းမှာ အတုမရှိ ထူးခြားလှပသည်။ သူက ၎င်းတို့ကို ‘‘သေးငယ်သော အလှတရား၏အံ့ဖွယ်ရာ’’၊ ‘‘ရေခဲပန်း’’ စသည်ဖြင့် ဖော်ကျူးဖော်ပြသည်။
နှင်းပွင့်လွှာနှစ်ခုမှာ မည်သည့်အခါမျှ တစ်ထပ်တည်း မဖြစ်သော်ငြားလည်း ၎င်းတို့သည်…
ကြေခဲသည့် အသိပညာ
ဗြိတိသျှ သံတမန် Lancelot Oliphant (1881-1965) ရေးသားသည့် ဘာသာဗေဒ ဆိုင်ရာစာအုပ်၌ ကျောင်းသားများစွာတို့သည် စာမေးပွဲ၌ မှန်သောအဖြေကို ဖြေဆိုနိုင်ကြ သော်လည်း ထိုသင်ခန်းစာများကို လက်တွေ့မကျင့်သုံးကြောင်း သူလေ့လာဖော်ပြ ထားသည်။ ‘‘ထိုသို့ မကြေညက်သည့် အသိပညာသည် ဘာမှအသုံးမ၀င်’’ဟု Oliphant က ဆိုခဲ့သည်။
တစ်ဖန် စာရေးဆရာ Barnabas Piper ကလည်း သူ့ဘ၀၌ အထက်ပါကဲ့သို့ သတိပြုတွေ့ရှိခဲ့သည်မှာ ‘‘ကျွန်တော်က အဖြေအားလုံးသိနေတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားနဲ့နီးတယ်လို့ ထင်ခဲ့တယ်။ ဒါဟာ သခင်ယေရှုနဲ့ မိတ်သဟာယဖွဲ့ ဆက်ဆံခြင်းနဲ့ အတူတူဘဲလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားခဲ့တယ်’’ ဟုဆိုသည်။
တစ်နေ့တွင် ဗိမာန်တော်၌ သခင်ယေရှုသည် မိမိ၌ အဖြေအလုံးစုံရှိသည်ဟု မှတ်ထင်နေကြသည့်လူတစ်စုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ၎င်းတို့က ဂုဏ်ယူဝင့်ကြွားလျက် ကိုယ်ကိုယ်ကိုယ် အာဗြံဟံ၏သားဟု ကြွေးကြော်ကြ သော်လည်း ဘုရားသားတော်ကို…
သင်ပုန်းချေလိုက်ပါ
ကျွန်တော့်မိတ်ဆွေဘော့သည် သူ့သားမင်္ဂလာဆောင်၌ အသစ်စက်စက်ဇနီးမောင်နှံအား မင်္ဂလာသြ၀ါဒစကားနှင့် အားပေးစကားပြောကြားသည်။ သူပြောသောစကားတွင် အနီးဝန်းကျင်ရှိ မြို့တစ်မြို့မှ ဘောလုံးနည်းပြတစ်ဦးအကြောင်း ပါဝင်သည်။ ထိုနည်းပြ သည် သူတို့အသင်းရှုံးသောအခါ အသွင်းခံရသည့် ဂိုးအရေအတွက်ကို သင်ပုန်းပေါ်၌ တစ်ပတ်တာလုံး ရေးထားကာ အဖွဲ့၏ရှုံးပွဲကို သတိပေးသည်။ ဘောလုံးအားကစား၌ ထိုသို့ပြုခြင်းသည် နည်းဗျူဟာကောင်း
ဖြစ်ချင်ဖြစ်မည်။ သို့သော် အိမ်ထောင်၌မူ အလွန်ဆိုးဝါးကြောင်း ပါးနပ်စွာ အကြံပြုသည်။ မိမိ၏ အိမ်ထောင်ဘက်က တစ်နည်းနည်းဖြင့် မိမိကို ၀မ်းနည်းစေခြင်း၊ မိမိအပေါ် ၀တ္တရား ပျက်ခြင်းအတွက် ၎င်းအပေါ် အာရုံမထားဘဲ သင်ပုန်းချေ လိုက်ရမည်။
ကောင်းလိုက်သည့်အကြံပင်။ ကျမ်းစာ၌ အချင်းချင်း
ချစ်ကြရန်၊ အပြစ် အမှားများကို လျစ်လျူရှုရန် မိန့်ကြားထား သည့် အမိန့်တော်များစွာ ပါရှိသည်။ မေတ္တာသည် ‘‘အပြစ် ရှိသည်ဟု မမြင်တတ်’’(၁ကော ၁၃း၅)။ အပြစ်ကို မမှတ်ထား သင့်ကြောင်း၊…
အရာခပ်သိမ်း၏အထက်ရှိ ယေရှု
ကျွန်မမိတ်ဆွေ၏သားက တစ်နေ့တွင် ကျောင်းဝတ်စုံပေါ်မှ အားကစားဂျာစီအင်္ကျီ ထပ်ဝတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုညတွင် ကစားမည့် သူအားပေးသည့်အသင်းကို ထောက်ခံအားပေးကြောင်း သူပြသလိုသည်။ အိမ်မှမထွက်မီ အားကစားဂျာစီပေါ်၌ ထပ်ဝတ်ဆင်လိုက်သောအရာကား ‘‘ယေရှု’’ ဟု ရေထိုးထားသည့် ဆွဲပြားဖြစ်သည်။ သူ၏သာမန်အပြုအမူလေးမှ ဖော်ပြသည့် သာ၍နက်နဲသော သမ္မာတရားကား ကျွန်ုပ်တို့၏အသက်တာကဏ္ဍတိုင်း၊ ဘ၀ စာမျက်နှာတိုင်းတွင် သခင်ယေရှုသည် ပထမဦးစားပေး ဖြစ်ရမည်တည်း။
သခင်ယေရှုသည် အရာခပ်သိမ်း၏အထက်၌ရှိသည်။ ‘‘သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မီ ဖြစ်တော် မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏’’ (း၁၇)။ ‘‘ဝေနေယျသတ္တ၀ါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏’’ (း၁၅-၁၆)။ ‘‘အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်းဖြစ်တော်မူ၏’’(း၂၀)။ ဤအချက်များကြောင့် အရာခပ်သိမ်းတွင် သခင်သည် ပထမဦးစားပေး ဖြစ်ရပါမည်။
ကျွန်မတို့၏ဘ၀စာမျက်နှာတိုင်း၌ သခင်ယေရှုကို အမြင့်ဆုံး ဦးစားပေးချီးမြှောက် သောအခါ ဤအမှန်တရားကို ကျွန်မတို့ပတ်ဝန်းကျင်ရှိ လူတို့ မြင်တွေ့လာမည်။ အလုပ်ခွင်၌ ဘုရားကို…
လျှို့ဝှက် စားစရာ
Meat Mocentain ဆိုသည်မှာ အလွှာ ၆ မျိုးပါရှိသည့် အထူးအသားညှပ်ပေါင်မုန့် ဖြစ်သည်။ ကြက်သားတစ်လွှာ၊ ၀က်ပေါင်ခြောက် ၃ လွှာ၊ ဒိန်ခဲ ၂ လွှာအပြင် အခြား
အမယ်များလည်းပါသည်။ ၎င်းသည် စားသောက်ဆိုင်ကြီးမှ ရောင်းချသည့် အစားအစာ
ဖြစ်မည်ဟုထင်ရသည်။ မဟုတ်ပါ။ ထိုလျှို့ဝှက်စားစရာ၏သတင်းကို လူမှုမီဒီယာနှင့်
တစ်ဆင့်စကား တစ်ဆင့်ကြားခြင်းဖြင့်သာ သိနိုင်သည်။ အသင့်စား အစာများ ရောင်းချသည့်လုပ်ငန်း၏ဈေးကွက် ယှဉ်ပြိုင်မှုကြောင့် စားနေကျ ဖောက်သည်များအတွက် လျှို့ဝှက် အထူးစားစရာဟူ၍ ဖိတ်ခေါ်ကမ်းလှမ်းခြင်းဟု ထင်ပါသည်။
သခင်ယေရှုက သူ့တပည့်တော်များအား ‘‘သင်တို့
မသိသောစားစရာသည် ငါ၌ရှိသည်’’ ဟု မိန့်ကြားစဉ် လျှို့ဝှက်အစားအစာလားဟု ၎င်းတို့ ထင်မြင်ခဲ့သည် (ယော ၄း၃၂)။ တပည့်တော်များ နားမလည်ကြောင်းကို ယေရှုသိသဖြင့် ‘‘ငါ့ကို စေလွှတ် တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏’’(း၃၄)…
ပြန်ပြင်၍ မရပါ
အမှားပြန်ပြင်၍ မရတော့ပါ။ ဆီထည့်ရန် ဓာတ်ဆီဆိုင်သို့ ကားခေါင်းတည်ထားပြီးကာမှ အမျိုးသမီးတစ်ဦးက ကျွန်မကားရှေ့မှ ထိုးရပ်ကာ လမ်းပိတ်ထားသည်။ ထို့နောက် ကားပေါ်မှဆင်းလာပြီး အမှိုက်ပစ်သည်။ ကျွန်မ မစောင့်နိုင်၍ စိတ်မရှည်စွာ ဟွန်းတီး လိုက်ပြီး စိတ်ကသိကအောင့်ဖြစ်လျက် ကားပြန်ကွေ့ကာ အခြားလမ်းသို့ မောင်းချလိုက် သည်။ စိတ်မရှည်နိုင်ဖြစ်မိသည့် မိမိအပြစ်ကြောင့် ရုတ်ခြည်းပင် ကျွန်မ စိတ်လေးပြီး မရွှင်မပျဖြစ်သွားသည်။ စောင့်ရလည်း အလွန်ဆုံး စက္ကန့် (၃၀)ပေါ့။ ဘုရားရှင်ထံ ကျွန်မ
အပြစ်ကို ၀န်ချတောင်းပန်မိသည်။ သူမအနေဖြင့် သတ်မှတ် ထားသည့် နေရာ၌ ကားရပ်သင့်သည်မှာ မှန်ပါသည်။ သို့သော် ကျွန်မအနေနှင့်လည်း ပြင်းထန်စွာ တုံ့ပြန်ခြင်းထက် ကြင်နာမှု၊ သည်းခံမှုကို ပြသင့်သည်။ မည်သို့ပင်ဖြစ်စေ သူမကို တောင်းပန်ရန် နောက်ကျလေပြီ။ သူမ ထွက်ခွာသွား လေပြီ။
သုတ္တံကျမ်းအများစုက ကျွန်မတို့ရှေ့၌ လူများ ၀င်လာပိတ်နေလျှင်…
ဝမ်းနည်းခြင်းစက်ရုံ
Cleveland Browns အမေရိကန်ဘောလုံးအသင်းကို တစ်သက်လုံး အားပေးခဲ့သူ အနေဖြင့် အားလျော့စိတ်ပျက်မှုကို ကျွန်တော် မျှဝေခံစားရင်း ကြီးပြင်းခဲ့သည်။ Super Bowl ချန်ပီယံကစားပွဲ၌ အသင်း(၄)သင်းအနက် Cleveland Browns အသင်းအား နှစ်စဉ်နှစ်တိုင်း အားပေးသည့် အမာခံပရိတ်သတ်ရှိပြီး ပရိတ်သတ်များမှာ အဆုံး၌ စိတ်ပျက်လက်ပျက် ခံစားရနေကျဖြစ်သောကြောင့် Super Bowl အိမ်ကွင်းအား ‘‘၀မ်းနည်းခြင်းစက်ရုံ’’ ဟု ရည်ညွှန်း လေ့ရှိကြသည်။
ကျွန်တော်တို့နေထိုင်ရာ ပျက်စီးသော ကမ္ဘာကြီး သည်လည်း ‘‘၀မ်းနည်းခြင်းစက်ရုံ’’ ဖြစ်နိုင်သည်။ မိမိ၏ ရွေးချယ်မှုကြောင့် ဖြစ်စေ၊ အစိုးမရသော အကြောင်းတရား များကြောင့်ဖြစ်စေ နာကျင်ရမှု၊ စိတ်ပျက်အားလျော့ရမှုများက အတောမသတ်နိုင်ဟု ထင်ရသည်။
သို့သော် ခရစ်တော်၏နောက်တော်လိုက်များအတွက် နောင်ဘ၀တွင် သာမက ယနေ့တွင်ပင် မျှော်လင့်ခြင်းရှိသည်။ ‘‘သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်း ရှိစေခြင်းငှာ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည်…
ဖြစ်လာမည့်အရာ
သင်နှင့် ကျွန်ုပ်တွင် တူညီသောအချက်မှာ ရှုပ်ထွေးပွေလီလျက် ပျက်စီးနေသောလောက၌ ရှင်သန်နေရပြီး ထူးပြီးသိသောအရာ ဘာမှမရှိပါ။ သို့သော် အာဒံနှင့် ဧ၀တို့ကမူ ကျိန်ခြင်း အမင်္ဂလာမတိုင်မီက ဘ၀ကိုဖြင့် မှတ်မိနိုင်ကောင်းသည်။ ကမ္ဘာမြေသည် ဘုရားသခင် ကြိုတင် ရည်ရွယ်ထားသည့်အတိုင်း သေခြင်း၊ ခက်ခဲပင်ပန်းခြင်း၊ နာကျင်ခြင်းများ
ကင်းဝေးရာ နေရာဖြစ်ကြောင်း သူတို့ ပြန်ပြောင်းသတိရ နိုင်သည် (က ၃း၁၆-၁၉)။ အပြစ်၌ မကျဆုံး မပျက်စီးမီ ဧဒင်အရပ်၌ ဆာလောင်ငတ်မွတ်မှု၊ အလုပ်လက်မဲ့၊ ရောဂါဝေဒနာစသည့် ပြဿနာများ မရှိပါ။ ဘုရားသခင်၏
ဖန်ဆင်းခြင်းတန်ခိုးတော်၊ လူသားများနှင့် ဆက်ဆံရင်းနှီးမှု အတွက် ကိုယ်တော်၏ အကြံအစည်တော် အပေါ် မည်သူမျှ စောဒကမတက်၊ မေးခွန်း မထုတ်ပါ။
သို့သော် ယခု ကျွန်ုပ်တို့ ပိုင်ဆိုင်ရရှိသည့် ကမ္ဘာမြေကြီးမှာ ဘုရားသခင်၏ ပြည့်ဝစုံလင်သော ဥယျာဉ်တော်နှင့် မဆိုစလောက်သာ တူတော့သည်။…
အစေခံသော ခေါင်းဆောင်
ရှေးရိုးစွဲ အာဖရိက လူမှုအသိုင်းအ၀ိုင်း၌ ခေါင်းဆောင် ဆက်ခံပွဲသည် အရေးကြီးသော ဆုံးဖြတ်ချက်၌ တည်သည်။ ဘုရင်တစ်ဦးမရှိတော့လျှင် နောက်ခေါင်းဆောင်ကို သတိနှင့် သေချာစွာ ရွေးချယ်ကြသည်။ တော်ဝင်မိသားစုဝင်ဖြစ်ခြင်းကြောင့် ဆက်ခံမည့် သူသည် ခွန်အားရှိရမည်၊ အသိဉာဏ်ရှိရမည်။ ဆက်ဆံသူအဖြစ် ၀င်ရောက် ယှဉ်ပြိုင်သူများအား ပြည်သူလူထုကို အစေခံမည်လား၊ ပြင်းထန်ရက်စက်စွာ အုပ်ချုပ်မည်လားကို ပိုင်းခြားသိနိုင်အောင် မေးခွန်းမေးကြ သည်။ ခေါင်းဆောင်အဖြစ် ဆက်ခံမည့်သူသည် ဦးဆောင် ဦးရွက်သူ ဖြစ်ရန်သာမက အစေခံသူလည်း ဖြစ်ရန် လိုသည်။
ရှောလမုန်မင်းသည် သူ့ဘ၀၌ ရွေးချယ်မှု အမှားများ ပြုခဲ့သော်လည်း သူ့နေရာကို ဆက်ခံမည့်သူနှင့် ပတ်သက်၍ သောကရောက်ခဲ့သည်။ ‘‘ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစားအားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှား
ပြလေသမျှသော အမှုတို့ကို အစိုးရလိမ့်မည်’’ (ဒေ ၂း၁၉) ဟု…
ဝှက်ထားသော ဘဏ္ဍာ
ကျွန်မခင်ပွန်းနှင့် ကျွန်မ စာဖတ်ပုံ မတူပါ။ ခင်ပွန်းသည် တွမ်အတွက် အင်္ဂလိပ်စာသည် ဒုတိယဘာသာစကားဖြစ်သောကြောင့် သူက ဖြည်းဖြည်းနှင့် တစ်လုံးချင်းဖတ်လိုသည့် သဘောရှိသည်။ ကျွန်မကမူ အမြန်ကျော်ဖတ်တတ်သည်။ သို့သော် တွမ်က ကျွန်မထက် ပိုမှတ်မိသည်။ ရက်သတ္တတစ်ပတ်အကြာက သူဖတ်ခဲ့သောအကြောင်းအရာကို ပြန်လည် ကိုးကား ပြောဆိုနိုင်သည်။ ကျွန်မကတော့ စာအုပ်ပိတ်လိုက် သည်နှင့် ဖတ်ခဲ့သမျှ အငွေ့ပမာ ပျောက်ကွယ်ကုန်သည်။
ဆွေစဉ်မျိုးဆက် စာရင်းသာမက ကျမ်းစာကို အမြန်ဖတ်ရှုခြင်းသည်လည်း ပြဿနာတစ်ရပ်ဖြစ်သည်။ ကလေးဘ၀ကစ ကြားဖူးသိဖူးပြီးသား အကြောင်းအရာနှင့် ဆာလံကျမ်းဆိုလျှင် အမြန်ကျော်ဖတ်ရန် သွေးဆောင်ခြင်း ခံရသည်။
သုတ္တံကျမ်း အခန်းကြီး ၂ တွင် စေတနာစိတ်နှင့် ဉာဏ်ပညာကို ရှာဖွေခြင်းဖြင့် ဘုရားသခင်အား တိုး၍ သိကျွမ်းအောင် အားထုတ်ရန် တိုက်တွန်းအားပေးသည်။ သမ္မာကျမ်းစာကို သေချာစွာ ဖတ်ရှုခြင်း၊ ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်မတို့ သမ္မာတရားကို…