အရေး အဖတ်နှင့် သခင်ယေရှု
မောရှေပန်းပုရုပ်တွင် ဦးချိုပါနေသည်လား။ ၁၅၁၅ ခုနှစ်တွင် အပြီးသတ်ခဲ့သည့် မိုက်ကယ်အန်ဂျလို၏ အကျော်ကြားဆုံး ပန်းပုရုပ်ထုတွင် မောရှေအား ဤကဲ့သို့ ပုံဖော်ထားသည်။ မောရှေ၏ နဖူးအထက်ရှိ ဆံပင်များထဲမှ ဦးချို ၂ ခု ထွက်နေသည်။
မိုက်ကယ်အန်ဂျလို တစ်ယောက်တည်း မဟုတ်ပါ။ ရီနေးဆန့်ခေတ် (Renais- sance)နှင့် အလယ်ခေတ်(medieval)အနုပညာရှင်အများအပြားက မောရှေအား ထိုကဲ့သို့ ပုံဖော်ခဲ့သည်။ အဘယ့်ကြောင့်နည်း။ ဟေဗြဲကျမ်းစာကို ထိုစဉ်က လက်တင် ဘာသာပြန်ထားသောကျမ်းစာနှင့်ဆိုင်ပါသည်။မောရှေသည်ဘုရားသခင်အထံတော် ၌ ရှိခဲ့သောကြောင့် မျက်နှာအရေထွန်းပနေသည်ကို ထိုကျမ်းစာက ဖော်ပြထားသည် (ထွ ၃၄:၂၉ကိုရှု)။ မူရင်းဘာသာစကားတွင် မောရှေ၏မျက်နှာအရေထွန်းပ (အလင်းထွန်းလင်း)သည်ကို ဖော်ပြရာ၌ “ဦးချို”နှင့်ဆိုင်သောစကားလုံးကို သုံးထား ပြီး လက်တင်ကျမ်းစာက တိုက်ရိုက်ဘာသာပြန်ခဲ့သည်။ နားလည်မှု လွဲလေပြီ။
သင်တစ်ယောက်ယောက်ကို နားလည်မှုလွဲဖူးပါသလား။ မွေးကတည်းက လမ်းမလျှောက်နိုင်သူတစ်ဦးကို ရှင်ပေတရုက သခင်ယေရှု၏နာမတော်ဖြင့် အနာငြိမ်းစေသောအခါ(တ ၃:၁-၁၀) တမန်တော်ကြီးက…
ဘုရား၏ချစ်မေတ္တာကို စပ်ဆိုင်သူထံသို့ မျှဝေခြင်း
မီရှီဂန်ပြည်နယ်၏ ဆောင်းရာသီတစ်ရက်တွင် သက်ကြွယ်အမျိုးသမီးတစ်ဦးသည် ကားဂိုထောင်ရှေ့လမ်းပိုင်းပေါ်မှ နှင်းများကို ကော်ထုတ်နေသည်ကို ပစ္စည်းပို့သမားတစ်ဦးက သတိပြုမိသည်။ သူသည် ကားရပ်လိုက်ပြီး အသက် ၈၁ နှစ် အရွယ် အမျိုးသမီးအား သူပြီးအောင် လုပ်ပါရစေဟု နားချခဲ့သည်။ အခြားအိမ်များသို့ သူပစ္စည်းပို့ရန် နောက်ကျနေမည်ကို စိုးရိမ်၍ သူမသည် အခြားဂေါ်ပြားတစ်ခုကိုထုတ်ကာ သူတို့ ၂ ဦးသည် ၁၅ မိနစ်နီးပါးမျှ အတူတူ အလုပ် လုပ်ခဲ့ကြသည်။ သူမ၏အိမ်နီးချင်းများက အဝေးမှကြည့်နေခဲ့ကြသည်။ သူမက “မင်း ငါ့ကို ကူညီပေးတာ ငါကျေးဇူးတင်ပါတယ်။ မင်းက ဘုရားသခင်လွှတ်လိုက်တဲ့ သူပဲ” ဟု ဆိုသည်။
ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဉီးနှင့် စကားပြောရာတွင် သခင်ယေရှုက မိမိနှင့် စပ်ဆိုင်သူကို ချစ်ခြင်းသဘောတရားကို ပြန်လည်အဓိပ္ပာယ် သတ်မှတ်ပေးခဲ့သည် (လု ၁၀:၂၅-၃၇)။ သခင်က ကျမ်းတတ်ပုဂ္ဂိုလ်အား သူအလွန်ကျွမ်းသောကျမ်းကို မည်ကဲ့သို့အနက်ဖွင့်ကြောင်းမေးရာ၊ ကျမ်းတတ်ပုဂ္ဂိုလ်က “သင်၏ဘုရားသခင်…
ကျွန်ုပ်တို့၏ချမ်းသာနားခိုရာဖြစ်သော သခင်ယေရှု
၁၉၄၃ ခုနှစ်တွင် မေရီလန်းပြည်နယ် တောဘက်မှ ရှန်ဂရီလာဟုခေါ်သော ခြံဝင်းတစ်ခုကို အမေရိကန်သမ္မတဖရန်ကလင်ဒီရုစဗဲ့ က အပန်းဖြေရန် ဝယ်ယူခဲ့သည်။ ကျေးလက်ဆန်သော၊ တိတ်ဆိတ်သော လူသူမနီးသော ထိုခြံဝင်းသည် “သီးသန့်ဖြစ်ရန်နှင့် ဆိတ်ငြိမ်မှုရရန် အခွင့်အရေး” ဖြစ်ပြီး၊ “အလုပ်လုပ်ရန်နှင့် တိုင်းတစ်ပါးခေါင်းဆောင်များကို ဧည့်ခံရန် အကောင်းဆုံးနေရာ” ဖြစ်သည်ဟု အိမ်ဖြူတော် ဝက်ဘ်ဆိုက်တွင် ရေးထားသည်။ ဒွိုက်အိုက်ဆင်ဟောင်ဝါ သမ္မတဖြစ်လာသော အခါ သူ့အဖေနှင့် သူ့မြေးကို ဂုဏ်ပြုသောအားဖြင့် “ဒေးဗစ် ခြံဝင်း” ဟု နာမည် ပြောင်းခဲ့ပြီး ထိုအမည်တွင်ခဲ့သည်။ လုံခြုံရေးတိုးချဲ့သည်ကလွဲလျှင် ထိုခြံဝင်းကို ခေတ်နှင့်အညီပြောင်းလဲမှု အနည်းငယ်သာရှိခဲ့သည်။ သမ္မတဖြစ်သူနှင့် သူ့မိသားစုအတွက် လွတ်လပ်စွာ နားခိုရန် အကောင်းဆုံးနေရာ ဖြစ်နေဆဲဖြစ်ပါသည်။
ခရစ်တော်ကို ယုံကြည်သူများသည်လည်း ခက်ခဲကြမ်းတမ်းမှုများကြားတွင် အပန်းဖြေစရာကို ရှာနိုင်ပါသည်။ ဆာ ၃၂:၇ တွင် ဒါဝိဒ်မင်းက“ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးလွတ်စေခြင်းငှာ…
သမ္မာကျမ်းစာအား နားလည်ခြင်း
သမ္မာကျမ်းစာသည် မည်မျှအရေးကြီးပါသနည်း။ ကျမ်းစာသည် အရေးပါလွန်းသောကြောင့် နိုင်ငံအများအပြားမှလူများတို့သည် သူတို့၏ အသက်များကိုရင်း၍ ကျမ်းစာကို သူတို့၏မိခင်ဘာသာသို့ ပြန်ဆိုကြသည်။ သခင်ယေရှုကို ယုံကြည်ကြသည့် ဤသာမန်လူများသည် နှုတ်ကပတ်ကျမ်းစာကို အခြားသူများနားလည်နိုင်သည့် မိခင်ဘာသာစကားသို့ ပြန်ဆိုခြင်းအတွက်နှင့် မကြာခဏ ဆိုသလို ထောင်ဒဏ်ကျခံရလေ့ရှိသည်။
သခင်ယေရှုကို ယုံကြည်သူများအပေါ် ရန်လိုသည့်နိုင်ငံတစ်ခုမှ ဘာသာပြန်သူအမျိုးသမီးက “ကျွန်မ ဒီအလုပ်ကို ပြီးအောင်လုပ်ရမယ်။ ကျွန်မချစ်တဲ့သူတွေ ခရစ်တော်ကတစ်ဆင့် ကယ်တင်ခြင်းခံရတာကို ကျွန်မ တွေ့ချင်တယ်” ဟုဆိုသည်။ သမ္မာကျမ်းစာကို သာမန်ပြည်သူများ လျှို့ဝှက်စွာ ဘာသာပြန်နိုင်ရန် စီမံပေးသော အမျိုးသားတစ်ဦးကလည်း နယ်ခံအသင်းတော်များတွင် ယုံကြည်ခြင်းရင့်သန်သူများ ပွားများလာရန်အတွက် ကျမ်းစာသည် မရှိမဖြစ်အရေးပါကြောင်းကို “အသင်းတော်တစ်ခု တည်ထောင်လို့ရပါတယ်။ ဒါပေမယ့် မိခင်ဘာသာစကားနဲ့ သမ္မာကျမ်းစာ မရှိဘူးဆိုရင်၊ အသင်းတော်က မျိုးဆက်တစ်ခုပဲ ခံတတ်တယ်” ဟု ပြောပြသည်။
သူတို့ အဘယ့်ကြောင့် ဤကဲ့သို့ပြန်ဆိုနေပါသနည်း။ သမ္မာကျမ်းစာကဲ့သို့သော စာအုပ်မရှိသောကြောင့်…
ခရစ်တော်၏ငြိမ်သက်ခြင်း
ငြင်းခုံခြင်းဖြင့် အနိုင်ရနိုင်မည်လား။ ဘယ်တော့မှမရနိုင်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းသူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များအကြား ပြင်းထန်လာသည့် အငြင်းပွားမှုကြောင့် “Adirondack Wars” (အဒါရွန်ဒါ့စစ်ပွဲများ)ကို စတင်စေခဲ့သည့် Adirondack Park (အဒါရွန်ဒါ့ဥယျာဥ်)ဒေသတွင် နေထိုင်သူများကို မြို့လေး ၏ခေါင်းဆောင်တစ်ဦးက သတိပေးခဲ့သည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ပြည်နယ် မြောက်ဖျားပိုင်းရှိ ထိုဒေသ၏တောတောင်ကို သဘာဝအတိုင်း ဆက်လက် ထိန်းသိမ်း မည်လား (သို့) ဖွံ့ဖြိုးအောင် တည်ဆောက်ပြုပြင်မည်လား ဟု ငြင်းခုံခဲ့ခြင်းဖြစ်သည်။
“မင်းတို့လာတဲ့နေရာကို ပြန်သွားကြ” ဟု ဒေသခံ ခေါင်းဆောင်တစ်ဦးက ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦးကို အော်ဟစ်ခဲ့သည်။ သို့သော် “တစ်ဦးနဲ့တစ်ဦး အော်ဟစ်မနေဘဲ အပြန်အလှန်စကားပြောကြည့်ပါ” ဟု စကားသစ်တစ်ခု မကြာမီ ထွက်ပေါ်လာပြီး ရန်လိုနေသည့် အဖွဲ့နှစ်ဖွဲ့အကြား ပြန်လည်သင့်မြတ်ရေးအတွက် နားလည်မှုရှိသော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ လူထုဆွေးနွေးပွဲက တိုးတက်မှုဖြစ်ပေါ်ခဲ့ကာ တောရိုင်းမြေ ဧက ၁ သန်း…
ရှေ့ဆက်ရမည့်လမ်း
“ငါတို့ဘာလုပ်ကြမလဲ”။ သမ္မာတရားလမ်းမှ လွှဲဖယ်အသက်ရှင်ရန် ရွေးချယ်ခဲ့ကြသော မိတ်ဆွေများနှင့် မိသားစုဝင်များအား မည်ကဲ့သို့ဆက်ဆံပတ်သက်ရမည့် အရေးနှင့်စပ်လျဥ်း၍ စကော့(Scott) နှင့် ဘရီး(Bree)တို့ စိတ်သောက ရောက်ခဲ့ကြသည်။ သမ္မာကျမ်းစာဖတ်ရှုလေ့လာ ဆုတောင်းပြီးနောက် ရှေ့ဆက်ရမည့် လမ်းတစ်ခု ပေါ်လာခဲ့သည်။ ပထမဦးစွာ မိတ်ဆွေများနှင့် ချစ်ခင်ရသူများအပေါ်ထားရှိသည့် သူတို့၏မေတ္တာကို ပိုမိုခိုင်မာစေပြီး၊ ဒုတိယအနေဖြင့် ဘုရား ၏ ကောင်းမြတ်သောအကြံအစည်အပေါ် အခြေခံပြီး မှန်ကန် ကောင်းမွန်သည့်သူတို့၏ဖြစ်တည်မှုကို ဖော်ပြသည်။ တတိယအချက်မှာ နှုတ်ကပတ်တော်၏ ဉာဏ်ပညာနှင့်အညီ သူတို့အပေါ်မည်ကဲ့သို့ မေတ္တာဖြင့် ဆက်ဆံမည် ဆိုသည်ကို ဝေမျှခဲ့ကြသည်။ စကော့နှင့်ဘရီးတို့သည် ခရစ်တော်၏မေတ္တာကို ဖြန့်ဝေခဲ့ခြင်းဖြင့် အချိန်ကာလတစ်ခု၌ ပိုမိုကြီးမားသော ဆက်ဆံရေးနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်။
ဘုရားဘုန်းတော်ကို ထိခိုက်စေသည့်အသက်တာလမ်းအား ရွေးချယ်ခဲ့သော သူ၏ဇနီးသည်အား မည်ကဲ့သို့ ဆက်ဆံပတ်သက်ရမည်ဆိုသည့်အပေါ် ဟောရှေအတွေးများခဲ့နိုင်သည်။ “မျောက်မထားသော မိန်းမကို သွား၍ ချစ်ဦးလော့” (ဟောရှေ ၃:၁)ဟု…
ပေးကမ်းခြင်း၏ဝမ်းမြောက်မှု
၅ နာရီကြာစီးရမည့် လေယာဥ်ခရီးစဥ်တစ်ခု၌ အမျိုးသမီးတစ်ဦးသည် ဆွယ်တာတစ်ထည်ကို အားစိုက်ခွန်စိုက် လက်ထိုးဇာ ထိုးနေသည်။ အပ်ကို သွင်းလိုက်ထုတ်လိုက်နှင့် ချည်ထိုးနေစဥ် သူမ၏လှုပ်ရှားမှုများကို ၅လအရွယ် ကလေးလေး တစ်ဦးက အံ့သြမှင်သက်ဖြစ်နေသည်ကို သူမ သတိထားခဲ့မိသည်။ ထို့နောက် သူမထိုးနေသည့် ဆွယ်တာကို ပြီးအောင် ဆက်မထိုးဘဲ သူမကို နှစ်သက်စွာ ကြည့်နေသည့်ကလေးငယ်လေးအတွက် ဦးထုပ်တစ်လုံးထိုးပေးရန် အကြံရခဲ့သည်။ ကျန်ရှိသည့် လေယာဥ်စီးချိန် ၁ နာရီအတွင်း ဦးထုပ်ကို သူမအပြီးသတ်ရ မည်ဖြစ်သည်။ ကလေးငယ်၏မိခင်အား ဦးထုပ်ငယ်ကို ပေးအပ်လိုက်သည့်အခါ မိသားစုတစ်ခုလုံးက ဝမ်းမြောက်စိတ်ဖြင့် လက်ခံကြကာ အခြားခရီးသည်များကလည်း ပြုံးရီလျက် လက်ခုပ်တီး အားပေးခဲ့ကြသည်။
အံ့ဖွယ်လက်ဆောင်များကို လူတို့ ဝမ်းမြောက်ခြင်းနှင့် လက်ခံရယူတတ်သည်။ ထိုလက်ဆောင်များသည် ကျွန်ုပ်တို့လိုအပ်၍ဖြစ်စေ၊ သက်သက် လိုချင်၍ဖြစ်စေ လက်ဆောင်ပေးသူသည် ထိုလက်ဆောင်များမှတဆင့် ခရစ်တော်၏ကရုဏာတော်ကို ဖော်ပြခြင်းလည်း ဖြစ်နိုင်သည်။ ကနဦးအသင်းတော်၌ တဗိသသည်…
ပေးကမ်းရက်ရောမှုကို တုံ့ပြန်ခြင်း
လစ်ဒီယာသည် အမည်မဖော်လိုသည့် အလှူရှင်များထံမှ အလှူငွေဒေါ်လာ ၁၀,၀၀၀ ကို လက်ဆောင်အဖြစ် လက်ခံရရှိသောအခါ ထိုငွေထဲမှ အနည်းငယ်ကိုသာ သူမအတွက် အသုံးပြုခဲ့ပြီး၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစု၊ ရေဘေးကြုံတွေသူနှင့် ချို့တဲ့သူကို အကူအညီပေးသည့်အဖွဲ့အစည်းများသို့ ရက်ရောစွာ ပြန်လည်ပေးကမ်းလှူဒါန်းခဲ့သည်။ ဘဏ်ငွေလွှဲမှတစ်ဆင့် လက်ဆောင်အဖြစ် သူတို့ရရှိခဲ့သည့် မည်သည့် ချည်နှောင်မှုမှ မရှိသော ဒေါ်လာ ၁၀,၀၀၀ ရရှိမှုအပေါ် လူအယောက် ၂၀၀ ၏ တုံ့ပြန်မှုကို လေ့လာသည့် စစ်တမ်း၌ လစ်ဒီယာသည် ဘာမှမသိရှိဘဲ သူမပါဝင်ခဲ့ခြင်း ဖြစ်သည်။ သူမရရှိခဲ့ကြသည့်လက်ဆောင်ငွေ၏ သုံးပုံနှစ်ပုံကျော်ကို ပြန်လည်ပေးလှူခဲ့ကြောင်း ထိုစစ်တမ်းက တွေ့ရှိခဲ့သည်။ အကျိုးအမြတ်မယူသောမီဒီယာ အဖွဲ့အစည်း TED ၏အကြီးအကဲ ခရစ်အန်ဒါဆင်က “ကျွန်တော်တို့ လူသားတွေဟာ ပေးကမ်းရက်ရောမှုကို ပေးကမ်းရက်ရောမှုနဲ့ပဲ ပြန်တုံ့ပြန်ဖို့ ချိတ်ဆက်နှောင်ဖွဲ့ထားခြင်းခံခဲ့ရတယ်ဆိုတာ တွေ့ရတယ်”ဟု ထိုဇာတ်လမ်းအား ဝေမျှပြောကြားခဲ့သည်။
လူတို့သည် ပေးကမ်းရက်ရောစွာ နေထိုင်ကြသည့်အခါ…
သက်တံများနှင့် ဘုရားသခင်၏ကတိတော်များ
နိုင်အာဂရာရေတံခွန်ကြီး(Niagara)၏ အံ့ဖွယ်စွမ်းပကားကို ကျွန်ုပ်ရပ်လျက် ကြည့်ရှုနေစဥ် အခြားကမ္ဘာလှည့် ခရီးသည်များ ရုတ်တရက် ဓာတ်ပုံ စရိုက်ကြသည် ကို သတိထားမိခဲ့သည်။ သူတို့ကြည့်နေသည့်ဘက်သို့ ကြည့်လိုက်ရာ မြစ်တစ်လျှောက် ပေါင်းမိုးသဏ္ဌာန် အုပ်မိုးပေါ်လာသည့် သက်တံတစ်ခုကို တွေ့ခဲ့ရသည်။ ထိုသက်တံသည် မြင်းခွာပုံရေတံခွန်(Horseshoe)၏ အောက်ခြေမှအစပြုကာ အမေရိကန်ရေတံခွန်(American)၏ အောက်ခြေ၌ အဆုံးသတ်ပုံရသည်။
စင်စစ် သက်တံတစ်ခုသည် အဆုံးမရှိပါ။ သက်တံသည် စက်ဝိုင်းအပြည့်သဏ္ဌာန်ဖြစ်ပြီး ထိုသက်တံကို ကျွန်ုပ် တစ်ကြိမ်တစ်ခါသာ တွေ့ဖူးသည်။ ကျွန်ုပ် သည် လေယာဥ်ပြတင်းပေါက်မှ အပြင်ဘက်သို့ ငေးနေစဥ် မှန်သောလားရာဘက်၌ ထွန်းလင်းနေသည့် နေလုံးကြီးကြောင့် တိမ်များ၏အပေါ်ဘက် အကွာအဝေးနေရာ၌ စက်ဝိုင်းအပြည့်သဏ္ဌာန် သက်တံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လေယာဥ်သည် လားရာပြောင်းပြီး ထိုစက်ဝိုင်းပုံသက်တံ ပျောက်ကွယ်မသွားခင် အချိန်ထိ မြင်ရသည့်မြင်ကွင်းကြောင့် ကျွန်ုပ် ကြည်နူးစိတ်ဘဝင် ခိုက်မိခဲ့သည်။
ဘုရားသခင်၌ အစ (သို့) အဆုံး မရှိကြောင်းနှင့်…
မြစ်နားမှာစိုက်သော
ဘီလ်(Bill)သည် အလုပ်မှအနားယူခဲ့ပြီး တစ်ဦးတည်းနေထိုင်သည့် နှစ်လိုဖွယ် သက်ကြွယ်ပုဂ္ဂိုလ်ဖြစ်ကာ မကြာမီကမှ ကားမောင်းခြင်းကို စွန့်လွှတ်ခဲ့ရသူဖြစ်၍ စားသောက်ကုန်ပစ္စည်းများ သယ်ယူရန်၊ ဆရာဝန်ညွှန်ကြားသည့်ဆေးများ သွားထုတ် ယူရန်နှင့် တနင်္ဂနွေနေ့ဘုရားကျောင်းသွားရန်အတွက် တစ်စုံတစ်ဦး၏ အကူအညီ ကို သူလိုအပ်သည်။ သို့သော် “အိမ်မှာပဲ နေရတဲ့နေ့တွေကို ကျွန်တော်နှစ်သက်ပါတယ်။ အခမဲ့ ဝတ်ပြုကိုးကွယ်ခြင်း၊ အွန်လိုင်းကနေ သီချင်းတွေနားထောင်၊ တီဗီကနေ သမ္မာကျမ်းစာ သင်ယူ၊ စတာတွေကို တစ်နေ့လုံး ပါဝင်နိုင်လို့ ကျွန်တော်နှစ်သက်ပါတယ်”ဟု ဘီလ်က ဆိုသည်။ ဘီလ်၏နေ့ရက်များသည် သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဆုတောင်းနှင့် ချီးမွမ်းခြင်းတို့ဖြင့် ဝန်းရံလျက်ရှိသည်။
ကျွန်မတို့၏နှလုံးသားများ စိုက်ပျိုးရာနေရာ၌ မိမိအပေါ်လွှမ်းမိုးနိုင်သည့် အမူအကျင့်များရှိပါသည်။ ဆာလံ ၁ တွင် ဘုရားသခင့်ထံတော်၌ မျက်နှာသာ ရသူတစ်ဦး၏ အမူအကျင့်များကို ဖော်ပြထားသည်။ သူတို့သည် ဘုရားသခင်၏ တရားတော်၌ မွေ့လျော်၍ ထိုတရားတော်ကို မကြာခဏ ဆင်ခြင်ခြင်းဖြင့် ပုန်ကန်တတ်သည့်…